← Chapters

ခင်ဗျားတို့ ကျွန်တော့်တစ်ယောက်တည်းကိုပဲ စောင့်ကြည့်နေရလိမ့်မယ်

Vol. 111 Ch. 1109

ခင်ဗျားတို့ ကျွန်တော့်တစ်ယောက်တည်းကိုပဲ စောင့်ကြည့်နေရလိမ့်မယ်

Vol. 111 Ch. 1109

"အဲဒါက မသေမျိုးခုံရုံးမှာ လှုပ်လှုပ်ရှားရှားဖြစ်နေစေပြီ။"

ဤစကားကိုကြားလိုက်ရလျှင် ရန်မင်လီက သူ့ကိုယ်သူဆက်ပြီး မထိန်းထားနိုင်တော့ပေ။ သူက အသက်ပြင်းပြင်းရှူလိုက်ပြီး လက်ကိုဝှေ့ယမ်းကာ "ထိပ်ဆုံးဆယ်ယောက်"ဟု ပြောလိုက်သည်။

သေမျိုးလောကကိုခွဲဝေယူဖို့ အချိန်ရောက်လာသည့်အခါယခင်က တစ်ခါမှမကြားဖူးသည့် ဤအမည်မသိနာမည်များက ရုတ်တရက် ထွက်ပေါ်လာခဲ့ကြသည်။

ဤလောက၏နတ်ဘုရားရတနာတစ်ခုဖြစ်သည့် ဧကရာဇ်ချီကိုထည့်သွင်းထားလျှင်ပင် အင်ပါယာခုံရုံးတည်ထောင်ထားသည့် မသေမျိုးဌာနက ဤနယ်ပယ်ကိုရေတွက်လို့မရနိုင်သည့် နှစ်ပေါင်းများစွာကြာအောင်ထိန်းချုပ်ထားခဲ့သည့် လမ်းစဉ်သုံးသွယ်နှင့် မသေမျိုးခုံရုံးတို့ရှေ့တွင် လွန်စွာအားနည်းလွန်းနေပုံရသည်။

ပုန်းကွယ်နေသည့် ကောင်းကင်ပါရမီရှင် အနည်းငယ်ကို ထုတ်ဖော်ပြသလိုက်ရုံဖြင့် နတ်ဆိုးသုတ်သင်ရေးဌာနဟာ ဘာလုပ်ရမှန်းမသိ ဖြစ်သွားခဲ့ရသည်။

ရန်မင်လီက အင်ပါယာခုံရုံး၏ကျင့်ကြံသူအုပ်စုကို နောက်ပြန်ကြည့်လိုက်၏။

အမည်ခံစစ်သူကြီးများက နတ်ဆိုးသုတ်သင်ရေးဌာနတွင် မြင့်မားသည့်တောင်ထွတ်များဖြစ်နေပြီ ဖြစ်သော်လည်း ထို ကောင်းကင်ပါရမီရှင်များနှင့် ယှဉ်လိုက်လျှင် သူတို့က အရေးမပါသလိုဖြစ်နေသည်။

သေချာသည်မှာ လူငယ်မျိုးဆက်က မယှဉ်နိုင်သလို လူကြီးမျိုးဆက်ကလည်း သာလွန်ပြီးအခြေအနေပိုကောင်းမနေပေ။

ဧကရာဇ်ချီ၏အကူအညီဖြင့်သာ ရရှိခဲ့သည့် တာ့လော်မသေမျိုးဆိုသည့် သူ့၏အဆင့်အတန်းက လမ်းစဉ်သုံးသွယ်၏လေးစားရသည့် မသေမျိုးများ၏ရှေ့တွင် ရယ်စရာကောင်းလောက်အောင် အဓိပ္ပာယ်မဲ့နေပုံရသည်။

"ဟူး" သူသက်ပြင်းရှည်ကြီးချလိုက်ပြီး ဝူရှန်နှင့် ရှန်းယီတို့၏ရှုပ်ထွေးနေသည့်ကိစ္စများကို ဂရုမစိုက်တော့ဘဲ သူ့ဝတ်ရုံလက်ကို ခါယမ်းကာခြေလှမ်းကျဲကျဲဖြင့်ထွက်သွားခဲ့၏။

ကျန်သည့် အမည်ခံစစ်သူကြီးများကလည်း သူ့နောက်ကိုလိုက်ဖို့ အမြန်ထလာခဲ့သည်။

"ခဏလောက် ဝင်ခဲ့ပါဦး။" ယန်လန်ထင်က ရှန်းယီကိုတိုးညှင်းသည့် အသံဖြင့်ခေါ်လိုက်ပြီးနောက် လှည့်ကာ အစိုးရရုံးထဲက အခန်းငယ်လေးထဲကို ပြန်ဝင်သွားခဲ့သည်။

"ဟုတ်ကဲ့။" ရှန်းယီက ရှေ့ကို ခြေလှမ်းမလို့ လုပ်လိုက်ချိန်မှာ သူ့ဘေးနားက လှပသည့်အမျိုးသမီးကြီးက သူ့ကိုတားလိုက်သည်။

"စစ်သူကြီးနန်ယန်၊ ခဏလောက် စောင့်ပါဦး။" အခြားတောင်ပိုင်းကာကွယ်ရေးစစ်သူကြီးချုပ် နှစ်ယောက်ထွက်သွားခဲ့ပေမယ့် ဖုန်းရှီကတော့ ကျန်နေခဲ့ပြီးသူတို့နှစ်ယောက်တည်းသာ ကျန်ရစ်ခဲ့၏။

အမျိုးသမီးကြီး၏ဆွဲဆောင်မှုရှိသည့် မျက်နှာက နောက်ဆုံးတော့ ထိုမျှလောက်တင်းမာမနေတော့ပေ။

"သခင်မဖုန်းမှာ ဘာအမိန့်များရှိလို့ပါလဲ။" ရှန်းယီကရပ်လိုက်ပြီးနောက်ကို လှည့်ကြည့်လိုက်၏။

"အမိန့်မဟုတ်ပါဘူး။" ဖုန်းရှီက အပြုံးလေးတစ်ခုဖြင့် ပြောလိုက်၏။

"မင်းက အောင်မြင်မှုရှိတဲ့ အရာရှိတစ်ယောက်လို့ ငါ ပြောခဲ့ပြီးပြီလေ၊အဲဒါကို ဘယ်သူမှ ပြောင်းလဲလို့ မရပါဘူး။ဒါကြောင့် ဒီလောက်ယဉ်ကျေးနေစရာ မလိုပါဘူး။"

ယန်လန်ထင် ဝင်လာကတည်းက သူမ စကားတစ်ခွန်းမှ မပြောခဲ့သလောက်ပင်။

သို့သော် ထိုအရာက ဤကိစ္စနှင့် ပတ်သက်ပြီး ဖုန်းရှီတွင် ဘာအတွေးမှမရှိဘူးဟုဆိုလိုခြင်း မဟုတ်ပေ။

သူမ၏စိတ်က အစမှအဆုံးအထိ ဝူရှန်း၏ကိစ္စပေါ်မှာသာ ဝဲလည်နေခဲ့သည်။

သေချာသည်မှာ၊ သူမက ရှန်းယီကို စစ်ဆေးမေးမြန်းဖို့ရည်ရွယ်ထားခြင်းတော့ မဟုတ်ပေ။

ဖုန်းရှီဟာ ရန်မင်လီနှင့် သူမ၏ပေါ့ပေါ့ပါးပါး စကားပြောဆိုမှုတွေကို ပြန်သတိရသွားခြင်းသာဖြစ်သည်။

သေမျိုးလောက၏ကပ်ဘေးများ၊ လောကီအတွေ့အကြုံတွေရယူဖို့နှင့် သေမျိုးများ၏ နှလုံးသားများကိုသိမ်းပိုက်ရယူဖို့ ထွက်ပေါ်လာကြသည့် လမ်းစဉ်သုံးသွယ်၏ကျင့်ကြံသူတွေအကြောင်းကိုပင်။

နတ်ဆိုးသုတ်သင်ရေးဌာနတွင် အခြေခံအုတ်မြစ် နက်ရှိုင်းမှုမရှိဘဲ၊သူတို့ကို ဆန့်ကျင်ရပ်တည်နိုင်မည့် ဘယ်သူ့ကိုမှရှေ့တန်းတင်မပေးနိုင်ခဲ့ပေ။

တောင်ပိုင်းကာကွယ်ရေးစစ်သူကြီးချုပ် သုံးယောက်သာရှိသည်။

ယန်လန်ထင်က အလွန်ကိုမဆင်မခြင်နိုင်လွန်းပြီး မဟာတောင်ပိုင်းတိုက်ကြီးကို ပျက်စီးစေနိုင်၏။ ရန်မင်လီကလည်း လွန်စွာသတိကြီးလွန်းပါသည်။

အကယ်၍သူသာ အခြေအနေတစ်ခုလုံးကို ထိန်းချုပ်ထားလျှင် မဟာတောင်ပိုင်းတိုက်ကြီးဟာ အချိန်တစ်ခုအထိဆက်ရှိနေနိုင်သော်လည်း အနိုင်ရဖို့အခွင့်အရေးတော့ သေချာပေါက်ရနိုင်မည်မဟုတ်ပေ။

"တကယ်တော့ ငါမင်းကို တစ်ခုလောက်ပဲ မေးချင်တာပါ။"

ဖုန်းရှီက ရှန်းယီထံလျှောက်သွားပြီး သူနှင့် ပခုံးချင်းယှဉ်ရပ်ကာ၊ လူငယ်လေး၏နက်ရှိုင်းသော မျက်လုံးနက်များကိုစိုက်ကြည့်ရင်း တိုးညှင်းစွာ ပြောလိုက်၏။ "မသေမျိုးသုံးပါးဂိုဏ်းမှာ ကျောက်စိမ်းရေကန်ရဲ့ထျန်းတုံး၊ ထျန်းဝူရဲ့ချင်းလွမ်၊ ထိုက်ရွှီရဲ့ဆေးဧကရာဇ်တို့ ရှိသလို တခြား ရေတွက်လို့မရနိုင်အောင်များပြားလှတဲ့ ကောင်းကင်ပါရမီရှင်တွေလည်း ရှိတယ်။"

"ဗောဓိဂိုဏ်းမှာ ရွှေဖားပြုပ်အာဟတ်ရှိပြီး၊ အခုလေးတင် ကျားနဂါးဖိနှိပ်ခြင်း မဟာအလင်းဘုရင်ရှိလာပြန်ပြီ။"

"ငါ တွေးနေတာ၊နတ်ဘုရားမင်းဆက်မှာ ဘာလို့ အဲဒီလိုမျိုး လူတစ်ယောက် မရှိနိုင်ရတာလဲ။"

လှပသည့် အမျိုးသမီးကြီး၏နှုတ်ခမ်းများက အနည်းငယ်ပွင့်ဟသွားပြီး အဓိပ္ပာယ်ပါပါအကြံပြုလိုက်၏။ "ဥပမာအနေနဲ့... နတ်ဘုရားမင်းဆက်ရဲ့ စစ်သူကြီးနန်ယန်မျိုးပေါ့။"

"..."

ရှန်းယီက တစ်ခဏမျှတိတ်ဆိတ်သွားပြီးနောက် အကြည့်ကို လွှဲလိုက်၏။

သူအပြင်ပန်းတွင် တည်ငြိမ်နေပုံရသော်လည်း၊ အတွင်းထဲမှာတော့ ဘာပြောရမှန်းမသိဖြစ်ကာ စကားဆွံ့အသွားခဲ့သည်။

ဤကဲ့သို့သာဆက်ပြီးနှိုင်းယှဉ်နေမည်ဆိုလျှင် မသေမျိုးစာရင်းဟာ နောက်ဆုံးတွင် သူ့တစ်ယောက်တည်းကိုသာစောင့်ကြည့်ဖို့ သီးသန့်ဖြစ်သွားလိမ့်မည်။

"မင်းဘာသာမင်းသေချာစဉ်းစားကြည့်ပါ။ ဒီအဆင့်ရောက်နေပြီဆိုမှတော့ နတ်ဆိုးသုတ်သင်ရေးဌာနရဲ့အရာရှိတစ်ယောက်က အရိပ်ထဲမှာ ပုန်းကွယ်နေဖို့မလိုတော့ပါဘူး။"

ဖုန်းရှီက အတင်းအကျပ်မတောင်းဆိုပေ။ သူမ၏ အပြုံးမှာနောက်ပြောင်သည့်ဟန်အနည်းငယ်ပါဝင်နေခဲ့၏။ "အခုလေးတင် ဝူရှန်းစကားတစ်ခွန်းပြောတိုင်းမင်းဆီကို သူမကြည့်ဘဲမနေနိုင်ခဲ့ဘူးဆိုတာ မင်းသိသင့်တယ်။ ငါ့ကိုတောင် သူ အဲဒီလောက် မလေးစားဘူး။"

ဗောဓိဂိုဏ်းက ဘုန်းကြီးများဟာ အတွေးနက်သည့်သူများဖြစ်သည်။ ထိုက်ယီအစစ်အမှန်မသေမျိုးတစ်ပါးကို သတ်ရန်စီစဉ်သည့်အခါ သူတို့ဟာ မဟာအာဟတ်တစ်ပါးတည်းကို ဘယ်တော့မှ စေလွှတ်မှာ မဟုတ်ပေ။

ယခု ဝူရှန်းက အပြင်းအထန်ဒဏ်ရာရပြီး သတိလစ်မေ့မြောကာပြန်ရောက်လာသော်လည်း၊ ရှန်းယီကတော့ အထိအခိုက်မရှိသည့်အပြင် သူ့ကို ကုသပေးရန်ဆေးဖော်စပ်ဖို့အချိန်ပင် ရသေးသည်။

ထို့အတူ ဝူရှန်းနိုးလာသည့်အချိန်တွင် သူ့မျက်နှာပေါ်က အံ့အားသင့်မှုနှင့် သူ့၏ပထမဆုံး စကားများထဲက မယုံကြည်နိုင်မှုများကိုပြန်သတိရကြည့်လိုက်၏။

ထိုသို့ဆိုလျှင် အမှန်အကန်ပြောဆိုနေခဲ့ခြင်း မဟုတ်တော့ပေ။

သို့သော် လူတိုင်းအထင်သေးထားခဲ့သည့် ဤစစ်သူကြီးနန်ယန်ဟာ နာမည်ကြီးလူငယ် ကောင်းကင်ပါရမီရှင်များနှင့် တန်းတူမဖြစ်သေးလျှင်ပင်များစွာနောက်ကောက်ကျနေမည်မှာတော့ မဟုတ်ပေ။

ထိုသို့ပြောပြီးနောက် သူမကိုယ်သူမတည်ငြိမ်အောင်လုပ်ပြီး လေးနက်စွာပြောလိုက်၏။ "လေပြင်းကအခိုင်မာဆုံးသစ်ပင်တွေကိုတောင် ကျိုးပဲ့စေနိုင်တယ်။တင်းမာလွန်းတာက ကျိုးပဲ့ပျက်စီးခြင်းကိုဖြစ်စေတယ်။ဓားကို အိမ်ထဲမှာ သိမ်းထားတာမှန်ပေမယ့် ဓားတစ်လက်အနေနဲ့ဆွဲထုတ်ခံရမယ့် နေ့တစ်နေ့တော့ ရှိလာမှာပဲ။"

ဤတောင်ပိုင်းကာကွယ်ရေးစစ်သူကြီးချုပ်၏ အသံတွင်သတိမပြုမိနိုင်လောက်သည့် လွမ်းဆွေးမှုများ ပါဝင်နေပါသည်။

"လက်ရှိအခြေအနေတွေအောက်မှာ၊ တကယ်လို့မင်းအခုရှေ့ကို ထွက်မလာဘူးဆိုရင်၊ အခွင့်အရေး ကျန်တော့မှာ မဟုတ်ဘူး..."

All Chapters