အခန်း (၂၅၁-၂၅၂)
Vol. 26 Ch. 251-252
အပိုင်း ၂၅၁
"ဟားဟား! နောက်ဆုံးတော့ အောင်အောင်မြင်မြင်နဲ့ ပြီးသွားပြီဟေ့။"
လင်းဖန် တစ်ယောက် အလုပ်ရှုပ်နေစဉ်မှာပဲ ဝမ်ချောင်နဲ့ ချင်လင်းတို့ဟာ ဝမ်းသာအားရအမူအရာတွေနဲ့ သူ့ရုံးခန်းထဲကို ဝုန်းခနဲ ဝင်လာကြသည်။ သူတို့က အားနာမှုအနည်းငယ်မျှရှိဘဲ ရေနွေးကြမ်းခွက်တွေကို အပိုင်စီးပြီး တစ်ကျိုက်တည်း မော့သောက်ပစ်လိုက်ကြသည်။
"......"
ဒီမြင်ကွင်းကို ကြည့်ပြီး လင်းဖန် အနည်းငယ် စိတ်ပျက်လက်ပျက် ဖြစ်သွားရသည်။ သူတို့က တိုင်းပြည်ရဲ့ ထိပ်သီးလူငယ်လုပ်ငန်းရှင်ကြီး နှစ်ယောက်ပဲ၊ ဘာလို့ ဒီလောက်တောင် စိတ်လောနေကြတာလဲလို့ တွေးမိလိုက်ခြင်းပင်။
ဒါပေမဲ့ ဝမ်ချောင်နဲ့ ချင်လင်းတို့ကို ဒီလောက်အထိ ပျော်ရွှင်စေနိုင်တဲ့ တစ်ခုတည်းသောအရာက 'မန်ယူ'နိုက်တက်ကလပ်ကို ဝယ်ယူနိုင်ခဲ့တာကြောင့်ဆိုတာ သူသိနေလေသည်။
"အဲဒီ အမေရိကန်တွေက တကယ့်လူလည်တွေပဲ။ တော်သေးတာက ငါတို့က ပိုပါးနပ်လို့ပေါ့။"
ရင်ထဲက စိတ်လှုပ်ရှားမှုတွေကို အတင်းထိန်းချုပ်ရင်း ချင်လင်းက မကျေမနပ်နဲ့ ပြောလာသည်။
"မင်းတို့ကတော့ ငါ့ကို အထင်သေးနေပြန်ပြီ" လို့ လင်းဖန်က ပြုံးပြီး ခေါင်းခါယမ်းကာ ပြောသည်။
တကယ်တော့ သူဟာ မန်ယူနိုက်တက်ကလပ်အကြောင်းကို အတော်အသင့် လေ့လာထားပြီးသားပါ။ ဒီအသင်းကို ဂလေဇာမိသားစု လက်ထဲရောက်သွားစေတဲ့ အကြောင်းရင်းက ကလပ်အသင်းရဲ့ စီမံခန့်ခွဲမှု အမှားတွေကြောင့်တင် မဟုတ်ပါဘူး။
အရင်က ရင်းနှီးမြှုပ်နှံသူ အများအပြားဟာ ဒီလိဂ်ထဲကို ဝင်ရောက်လာကြပြီး ရှယ်ယာတွေကလည်း အလွန်တရာ ပြန့်ကျဲနေခဲ့တာပါ။ အသင်းတစ်သင်းမှာ ရှယ်ယာရှင်တွေ အများကြီး ရှိနေခဲ့သည်။
အဲဒီအချက်ကြောင့်ပဲ ဂလေဇာမိသားစုရဲ့ ဝယ်ယူမှုက အင်မတန် အခက်အခဲတွေ့ခဲ့ရသည်။ အသင်းကို တန်းမဆင်းအောင်လည်း အာမခံရသလို၊ ရှယ်ယာအားလုံးကိုလည်း အပြီးအပိုင် ဝယ်ယူနိုင်ဖို့ ကြိုးစားခဲ့ရတာပါ။
ဒါပေမဲ့ လောကကြီးမှာ အဲဒီလောက် ကောင်းမွန်တဲ့အရာဆိုတာ ဘယ်ရှိပါ့မလဲ။
ဒါကြောင့် ဝယ်ယူမှုလုပ်ငန်းစဉ်မှာ အားနည်းချက်တွေ အများကြီး ကျန်ရှိနေခဲ့သည်။
အဲဒါကတော့ ဈေးနှုန်းကို မကျေနပ်တဲ့ ဇွတ်တရွတ် ရှယ်ယာရှင်တချို့ဟာ အခုထိ ရောင်းချဖို့ သဘောမတူကြသေးတာပါပဲ။ ဒါကြောင့် ဂလေဇာမိသားစုက အဲဒီရှယ်ယာရှင်တွေကို ဆက်လက် တည်ရှိခွင့်ပေးထားရသလို အသင်းရဲ့ ကိစ္စရပ်တွေမှာ ဝင်ရောက် စွက်ဖက်ခွင့်လည်း ပေးထားရသည်။
ဒါပေမဲ့ မထင်မှတ်ထားတာကတော့ အသင်းဟာ နှစ်စဉ် ရှုံးပေါ်နေပြီး အဲဒီရှယ်ယာရှင်တွေကလည်း ပိုက်ဆံတွေ ဆက်တိုက် စိုက်ထုတ်နေရတာပါပဲ။ ဒါဟာ တကယ့်ကို အကျိုးအမြတ်မရှိတဲ့ အလုပ်ဖြစ်နေစေသည်။
အရင်ကတော့ ပိုက်ဆံစိုက်လိုက်ရင် တစ်ခုခု ပြန်ရနိုင်ခြေ ရှိပေမဲ့ အခုလို အသင်းက တဖြည်းဖြည်း ကျဆင်းလာတဲ့အခါမှာတော့ ဘယ်သူကမှ အားနည်းနေတဲ့ အသင်းတစ်သင်းကို ဆက်ပြီး ထောက်ပံ့ချင်စိတ် မရှိကြတော့ချေ။
ဘောလုံးကလပ်တစ်ခု အနေနဲ့ကတော့ ရှယ်ယာရှင်တွေအတွက် "စားရမှာလည်း သဲတရှပ်ရှပ်၊ ပစ်ရမှာလည်း အဆီနဲ့သား" ဆိုသလို ဖြစ်နေစေပြီး အခု လင်းဖန်တို့က ဈေးကောင်းပေးပြီး ဝယ်မယ်ဆိုတော့ ရှယ်ယာရှင်တွေဘက်က သဘောတူကြပေမဲ့ ဂလေဇာမိသားစုကတော့ တစ်မျိုး ဖြစ်နေနိုင်သည်။
သူတို့ကတော့ အခွင့်ကောင်းယူပြီး ဈေးကို ခေါင်ခိုက်အောင် တောင်းမှာ အသေအချာပင်။
အရင်က ရှယ်ယာရှင်တွေ သူတို့ကို နှိပ်စက်ခဲ့သလိုမျိုး အခု ဂလေဇာမိသားစုက ဝမ်ချောင်နဲ့ ချင်လင်းတို့ကို ပြန်နှိပ်စက်ဖို့ ကြံစည်နေတာပါ။
"ဂလေဇာမိသားစု တောင်းတဲ့ဈေးက တော်တော်ကြီးပုံရတယ်နော်" လို့ လင်းဖန်က ပြုံးပြီး မေးလိုက်သည်။
"ဟုတ်တယ်၊ အဲဒီ အမေရိကန်တွေက ဈေးကို တမင်တင်တောင်းနေတာ။ ဒါပေမဲ့လည်း သူတို့မှာ ရှယ်ယာ ၄၀ ရာခိုင်နှုန်း ရှိနေတော့ သူတို့ သဘောမတူရင် ရောင်းလို့မရဘူးလေ" လို့ ဝမ်ချောင်နဲ့ ချင်လင်းတို့က ခါးခါးသီးသီး ပြန်ပြောကြသည်။
"အတိအကျ ဘယ်လောက်လဲ။"
"၅ ဘီလီယံ။"
ဝမ်ချောင်နဲ့ ချင်လင်းတို့ဟာ တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး မျက်ဝန်းထဲမှာ ခါးသီးတဲ့ အရိပ်အယောင်တွေကို မြင်နေရသည်။ ကျဆင်းနေတဲ့ မန်ယူအသင်းကို ၅ ဘီလီယံနဲ့ ဝယ်တာက တစ်ခုခုတော့ မှားနေပြီ မဟုတ်လား။
အသင်းက ဆက်တိုက် ရှုံးနေရတဲ့ အကြောင်းရင်းက ကစားသမားတွေက မတော်လို့တင် မဟုတ်ဘဲ အသင်းနဲ့အတူ အခက်အခဲတွေကို အတူတူ ရင်ဆိုင်ချင်တဲ့ စိတ်ဓာတ်မရှိကြတာကြောင့်လည်း ပါဝင်သည်။
အရင်က အသင်းကို ကယ်တင်ဖို့ တောင်းဆိုခဲ့တဲ့ ထူးချွန်တဲ့ ကစားသမားတွေ အားလုံးကလည်း တခြားအသင်းတွေကို ထွက်သွားကြပါပြီ။ အခုတောင်မှ ကစားသမား တော်တော်များများက အသင်းပြောင်းဖို့ လျှောက်ထားကြကုန်ပြီ ဖြစ်သည်။ တကယ်တော့ သူတို့ကို အတင်းဆွဲထားလို့ ရပေမဲ့ စိတ်မပါတဲ့သူတွေကို ဆွဲထားတာက အဓိပ္ပာယ်မရှိချေ။
သူတို့ကို လွှတ်ပေးလိုက်တာကမှ ပိုကောင်းပါဦးမည်။ ဒါ့အပြင် အဲဒီကစားသမားတွေကို လိုချင်တဲ့ အသင်းတွေကလည်း ပြောင်းရွှေ့ကြေး အများကြီး ပေးမှာ မဟုတ်တာ သေချာသည်။
အသင်းတစ်သင်းမှာ တန်ဖိုးအရှိဆုံးက ကစားသမားတွေ၊ ကွင်းနဲ့ လေ့ကျင့်ရေးကွင်းတို့ ဖြစ်သည်။ ဒါပေမဲ့ အခု အသင်းရဲ့ ကွင်းက ငှားထားတာပါ။ ကစားသမားတွေကလည်း ထွက်ဖို့ ပြင်နေကြတော့ ပြောင်းရွှေ့ကြေး သိပ်မရနိုင်လို့ တန်ဖိုးမရှိသလောက်ပါပဲ။
လေ့ကျင့်ရေးကွင်းဆိုရင်လည်း သူတို့ပိုင်တာ မဟုတ်သေးဘဲ ခေတ္တငှားသုံးနေရတာပါ။ အခုလို အခြေအနေမျိုးမှာ ဝယ်ယူတာဟာ ၅ ဘီလီယံ ပေးပြီး အသင်းရဲ့ နာမည်တစ်ခုတည်းကို ဝယ်လိုက်သလို ဖြစ်နေသည်။
"ဂလေဇာမိသားစုက ၅ ဘီလီယံနဲ့တင် ကျေနပ်မှာ မဟုတ်ဘူး မဟုတ်လား" လို့ ခဏကြာ စဉ်းစားပြီးနောက် လင်းဖန်က မေးလိုက်သည်။
အသင်းကို ဝယ်ထားတာ ဒီလောက်ကြာပြီ ဖြစ်လို့ ၅ ဘီလီယံဆိုရင် သူတို့ အရင်းတောင် ပြန်ရမှာ မဟုတ်။ အမြတ်ဆိုတာ ဝေလာဝေးပါပဲ။ ဒါကို ဂလေဇာမိသားစုက ဘယ်လိုလုပ် သဘောတူမှာလဲ။
"ဟုတ်တယ်၊ အဲဒီ အမေရိကန်တွေက သဘောမတူဘူး။ ဒါပေမဲ့ ကျန်တဲ့ ရှယ်ယာရှင်တွေ အားလုံးက သဘောတူကြတယ်။ သူက အများဆုံး ရှယ်ယာရှင် ဖြစ်နေရင်ကော ဘာဖြစ်လဲ။"
ချင်လင်းက လှောင်ပြုံးပြုံးရင်း "အခု ငါတို့ဆီမှာ ရှယ်ယာ ၆၀ ရာခိုင်နှုန်း ရှိနေပြီ။ အတင်းအကျပ် ဝယ်ယူမှုလုပ်လို့ရသလို၊ အဲဒီကောင်ကို တဖြည်းဖြည်းချင်း သတ်ပစ်လို့လည်း ရတယ်" လို့ ပြောသည်။
ရှယ်ယာ ၆၀ ရာခိုင်နှုန်းဆိုတာ အကြွင်းမဲ့ ထိန်းချုပ်ခွင့် ရှိသွားတာပါ။ မင်း မရောင်းချင်ဘူးလား၊ ရတယ်။ နောက်ရာသီကျရင် ဘီလီယံနဲ့ချီတဲ့ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းကြီးကို ချပြပြီး အတင်းအတည်ပြုပစ်မယ်။ ရှယ်ယာ ၄၀ ရာခိုင်နှုန်း ပိုင်တဲ့သူကလည်း ရှယ်ယာအချိုးအစားအလိုက် ပိုက်ဆံ ထပ်စိုက်ရမှာပဲ။
အခု ဂလေဇာမိသားစုက ကိုယ့်ကိုယ်ကိုယ်တောင် မနည်းရှင်သန်အောင် လုပ်နေရတာ၊ ဘယ်က ပိုက်ဆံနဲ့ ထပ်စိုက်နိုင်မှာလဲ။ ဒါကြောင့် ဝမ်ချုံနဲ့ ချင်လင်းတို့ဟာ ဒီအသင်းကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်သည်။
"ရတာပေါ့။"
လင်းဖန်က ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ ၅ ဘီလီယံ ပေးရတာက အပေါ်ယံကြည့်ရင် အရမ်းဈေးကြီးပြီး အသင်းကလည်း ဘာမှတန်ဖိုးမရှိသလို ထင်ရပေမဲ့ ဒါဟာ တန်တယ်လို့ သူခံစားရသည်။
ဘာလို့လဲဆိုတော့ လင်းဖန်မှာ ယုံကြည်မှု ရှိနေလို့ပါ။ နောက်တစ်နှစ်နေရင် ဒီအသင်းရဲ့ တန်ဖိုးဟာ သန်း ၅၀ မဟုတ်ဘဲ သန်း ၅၀၀၊ မဟုတ်ဘူး... ၁ ဘီလီယံအထိတောင် တန်ကြေးရှိလာနိုင်ပါတယ်။ ဒီတော့ သူ ဘာကို မကျေနပ်စရာ ရှိဦးမှာလဲ။
"လင်းဖန် အစ်ကို၊ အခု ငါတို့ ရှေ့မှာ ပိုကြီးတဲ့ ပြဿနာ ရှိနေသေးတယ်" လို့ ဝမ်ချောင်က ပိုပြီး စိုးရိမ်တကြီး ပြောလာသည်။
"ကစားသမား အများစုက အသင်းပြောင်းဖို့ တင်ထားကြပြီ။ နည်းပြအဖွဲ့ကလည်း အသင်းသစ်တွေ ရှာနေကြပြီ။ ငါတို့ အစကနေ ပြန်စရတော့မယ်။"
လောလောဆယ်မှာတော့ မန်ယူနိုက်တက်အသင်းဟာ အခွံသက်သက်ပဲ ကျန်ရှိတော့သည်။ လူမရှိရင် ဘာမှလုပ်လို့ မရနိုင်ပေ။
"အစကနေ ပြန်စရတာ ပိုကောင်းတာပေါ့" လို့ လင်းဖန်က ဘာမှ မဖြစ်သလို လက်ခါပြလိုက်သည်။
"အခု ထွက်ချင်တဲ့သူတွေကို အကုန်ထွက်ခွင့်ပေးလိုက်မယ်။ သူတို့ကို ဆက်ထားဖို့ ငါ့မှာ အစီအစဉ် မရှိဘူး။"
"သူတို့ မထွက်ဘူးဆိုရင်တောင် ငါက ရောင်းထုတ်ပစ်မှာ။ ကစားသမားတွေရော၊ နည်းပြအဖွဲ့ရော အကုန်လုံးပဲ။"
ကစားသမားတွေကသာ တကယ်တော်မယ်ဆိုရင် အခုလို ဆက်တိုက် ရှုံးနေမှာ မဟုတ်ပါဘူး။ ဒါဟာ သူတို့ရဲ့ စွမ်းဆောင်ရည် အကန့်အသတ်ရှိနေတယ်ဆိုတာကို ပြနေခြင်းဖြစ်ပြီး နည်းပြဆိုရင်လည်း အသင်းကို တန်းဆင်းသွားအောင် လုပ်ခဲ့တဲ့ နည်းပြမျိုးရဲ့ စွမ်းဆောင်ရည်က တကယ့်ကို ပြောစရာမရှိအောင် ညံ့လွန်းသည်။
ဒါတင်မကသေး၊ အခုရှိနေတဲ့ နည်းပြချုပ်ဟာ ဂလေဇာမိသားစုက ခန့်ထားတဲ့သူ ဖြစ်နိုင်တာကြောင့် သူ့ရဲ့ ရှေ့ဆက်မယ့် အစီအစဉ်တွေနဲ့ ကိုက်ညီမှာ မဟုတ်တော့ချေ။
ဒါကြောင့် အကြီးအကျယ် ပြောင်းလဲပစ်ဖို့ လိုပါတယ်။ အဆင့်မြင့် ကစားသမားသစ်တွေ ဝယ်ယူပြီး ထိပ်တန်းနည်းပြတစ်ယောက်နဲ့ တွဲပေးလိုက်မှသာ အသင်းအတွက် မျှော်လင့်ချက် ရှိလာမှာပါ။
ဒီတစ်နှစ် အကူးအပြောင်း ကာလမှာ အားလုံး စုပေါင်း ကြိုးစားကြပြီး ထိပ်သီးလိဂ်ရဲ့ အင်အားကို ပြန်လည် တည်ဆောက်ရမှာ ဖြစ်သည်။
နောက်နှစ် နွေဦးရာသီမှာတော့ အင်အားတောင့်တင်းတဲ့ လူစာရင်းတစ်ခုကို ရရှိလာမှာ အသေအချာပင်။ ဒါပေမဲ့ ဒီအရာတွေအားလုံးအတွက် အရည်အချင်းရှိတဲ့ နည်းပြချုပ် တစ်ယောက်ကတော့ ပထမဆုံး လိုအပ်ချက်ပဲ ဖြစ်ပါသည်။
......................................................
အပိုင်း ၂၅၂
လက်ရှိအခြေအနေကတော့ ရှင်းနေချေပြီ။ မန်ယူနိုက်တက်အသင်းက နည်းပြတွေဟာ သူတို့ဘာသာသူတို့ မထွက်သွားရင်တောင်မှ အကုန်လုံးကို ထုတ်ပစ်ဖို့ လိုအပ်သည်။
သူတို့အလိုအလျောက် ထွက်သွားပေးတာကတော့ အကောင်းဆုံး ရွေးချယ်မှုပင်။
ပြောရရင် နည်းပြအဖွဲ့က သူတို့ဘာသာ ထွက်ခွာသွားတာဟာ လင်းဖန်တို့အတွက် ပိုက်ဆံကုန်သက်သာစေသည်။ ကစားသမားတွေကတော့ ထွက်ချင်ရင် ထွက်သွားရုံပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ကျန်ခဲ့တဲ့သူတွေက အရည်အချင်းမပြည့်မီတာ ဒါမှမဟုတ် တခြားပြဿနာတွေ ရှိနေတာမျိုး ဖြစ်နိုင်လို့ သူတို့ကို ရှင်းထုတ်ဖို့က လိုအပ်နေဆဲ ဖြစ်သည်။
ဒီရာသီမှာ မရှင်းရင်တောင် နောက်ရာသီမှာတော့ ရှင်းရမှာပဲ ဖြစ်သည်။
လင်းဖန်ဟာ မန်ယူနိုက်တက်ကလပ်ကို လက်ခံဖို့ ဆုံးဖြတ်ခဲ့ကတည်းက ဒီလိုညံ့ဖျင်းတဲ့သူတွေကို ဆက်ထားဖို့ စိတ်ကူးမရှိခဲ့။ အသင်းမှာရှိတဲ့ ကစားသမား အကုန်လုံးကို အသစ်လဲပစ်မှာပါ။
ပထမတန်း ကစားသမားဖြစ်ဖြစ်၊ အရံခုံကလူဖြစ်ဖြစ် အကုန်လဲပစ်ပြီး ကျန်တဲ့သူတွေကိုတော့ လူငယ်အကယ်ဒမီကို ပို့ပြီး လေ့ကျင့်ပေးမှာပါ။ တကယ်လို့ ပွဲထွက်ကစားချင်တယ်ဆိုရင်တော့ ကိုယ့်အရည်အချင်းနဲ့ကိုယ် သက်သေပြရမှာ ဖြစ်သည်။
လင်းဖန်ဟာ ပရော်ဖက်ရှင်နယ် ဘောလုံးမန်နေဂျာတစ်ယောက် မဟုတ်ပေမဲ့ သူက အရမ်းကို ချမ်းသာသည်။ သူသာ အလိုရှိမယ်ဆိုရင် ငွေကို အကန့်အသတ်မရှိ သုံးပြီး ထိပ်တန်းကစားသမားတွေနဲ့ နည်းပြတွေကို ခေါ်ယူကာ ကလပ်ရဲ့ အဆင့်အတန်းကို ချက်ချင်း မြှင့်တင်နိုင်စွမ်း ရှိသည်။
【ဒင်.】
【အိမ်မက်ပန်းတိုင်တစ်ခုဖြစ်တဲ့ ကိုယ်ပိုင်ဘောလုံးအသင်း ပိုင်ဆိုင်ခြင်းကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်။ အမွေဆက်ခံမယ့် ရတနာကို ကျပန်းရွေးချယ်ပေးပါတော့မယ်......】
【ဂုဏ်ယူပါတယ်။ အပြိုင်စကြဝဠာရှိ ယန်ဟောင်အင်ပါယာမှ အဆင့်မြင့်အင်ဂျင်နီယာ လျိုချန်းကျွင်းရဲ့ အသိပညာတွေကို အောင်မြင်စွာ အမွေဆက်ခံနိုင်ခဲ့ပြီး 'ဘက်စုံသုံး လေဆာ 3D ပရင်တာ နည်းပညာ'ကို ရရှိသွားပါပြီ။】
ရုတ်တရက် ထွက်ပေါ်လာတဲ့ စနစ်ရဲ့ အသိပေးသံကြောင့် လင်းဖန်ရဲ့ တည်ငြိမ်မှုတွေ ပျက်ပြားသွားရသည်။ ဒီတစ်ခါ ဆုလာဘ်ကတော့ တကယ့်ကို မမျှော်လင့်ဘဲ ရောက်လာတာပါ။ ဘာအချက်ပေးမှုမှ မရှိဘဲနဲ့ ဘက်စုံသုံး လေဆာ 3D ပရင့်နည်းပညာကို တိုက်ရိုက် ရရှိခဲ့တာ ဖြစ်သည်။
အရေးကြီးဆုံးအချက်ကတော့ ဒီနည်းပညာဟာ လင်းဖန် နောက်ပိုင်းမှာ ထုတ်လုပ်မယ့် သုတေသန စက်ရုပ်တွေအတွက် အတိုင်းအထက်အလွန် အထောက်အကူ ဖြစ်စေမှာပါ။
စက်ရုပ်ဆိုတာ စက်မှုအတတ်ပညာရဲ့ အထွတ်အထိပ် လက်ရာတစ်ခု ဖြစ်ပြီး ခေါင်းအစ ခြေအဆုံး အစိတ်အပိုင်းပေါင်းများစွာ လိုအပ်သည်။ အရင်ကတော့ ဒီအစိတ်အပိုင်းတွေကို လုံထန်ဂရုဌာနချုပ် သုတေသနစင်တာက ကျွမ်းကျင်ပညာရှင်တွေက ထုတ်လုပ်ပေးခဲ့တာပါ။
ဒါပေမဲ့ အလွန်တရာ လျှို့ဝှက်ထားရမယ့် အစိတ်အပိုင်းအချို့ကိုတော့ လူမြင်ကွင်းမှာ ထုတ်ဖော်လို့ မရပေ။ ဒါကြောင့် အစိတ်အပိုင်းတွေကို ထုတ်လုပ်ပေးမယ့် အထောက်အကူပြု စက်ကိရိယာတွေ လိုအပ်လာပြီး အဲဒါကတော့ 3D ပရင်တာတွေပါပဲ။
၁၉ ရာစုနှောင်းပိုင်းကတည်းက ကမ္ဘာ့စက်မှုနဲ့ နည်းပညာ ဗဟိုချက်ဖြစ်တဲ့ အမေရိကန်မှာ 3D ပရင့်ထုတ်ခြင်းဆိုင်ရာ စိတ်ကူးတွေ စတင်ပေါ်ပေါက်ခဲ့ဖူးသည်။ ဒါဟာ နည်းပညာပေါင်းစုံကို အဆင့်မြင့်စွာ ပေါင်းစပ်ထားတဲ့ နောက်ဆုံးပေါ် ပုံဖော်မှုတစ်ခုပါ။ ၁၉၈၀ ပြည့်နှစ်တွေမတိုင်ခင်အထိ 3D ပရင်တာ အရေအတွက်ဟာ အင်မတန် နည်းပါးခဲ့ပြီး အီလက်ထရွန်နစ် ဝါသနာရှင်တွေနဲ့ သိပ္ပံပညာရှင်အချို့ရဲ့ လက်ထဲမှာပဲ ရှိခဲ့တာပါ။
၁၉၈၀ နှောင်းပိုင်းကျမှ အမေရိကန် သိပ္ပံပညာရှင်တွေက သုံးဖက်မြင် (3D) ပုံရိပ်တွေကို ပရင့်ထုတ်နိုင်တဲ့ စက်ကို တီထွင်ပြီး ဈေးကွက်ထဲကို အောင်မြင်စွာ မိတ်ဆက်နိုင်ခဲ့သည်။ အဲဒီအချိန်ကစပြီး 3D ပရင့်နည်းပညာဟာ ရင့်ကျက်လာပြီး ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာခဲ့တာပါ။
3D ပရင့်စနစ်ဟာ ကွန်ပျူတာထဲက ဒီဇိုင်းအချက်အလက်တွေကနေ ပုံစံခွက်တွေမလိုဘဲ မည်သည့်ပုံသဏ္ဌာန်ကိုမဆို တိုက်ရိုက် ထုတ်လုပ်နိုင်တာကြောင့် ထုတ်လုပ်မှု ကြာချိန်ကို တိုတောင်းစေပြီး စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်သည်။
အခုထိတော့ ပြည့်စုံဖို့ လိုအပ်နေသေးပေမဲ့ 3D ပရင့်နည်းပညာဟာ အနာဂတ်စက်မှုလောကရဲ့ အရေးပါတဲ့ အချိုးအကွေ့ နည်းပညာတစ်ခု ဖြစ်လာမှာ သေချာသည်။
တကယ်တော့ လင်းဖန်ရဲ့ ကိုယ်ပိုင်ဓာတ်ခွဲခန်းမှာ ကမ္ဘာ့အဆင့်မြင့်ဆုံး လေဆာ 3D ပရင်တာ တစ်လုံး ရှိသည်။ ဒါပေမဲ့ နည်းပညာ အကန့်အသတ်ကြောင့် ပလတ်စတစ်နဲ့ သတ္တုအချို့ကိုပဲ ပရင့်ထုတ်နိုင်တာပါ။ ဒါကြောင့် စက်ရုပ်အစိတ်အပိုင်းတွေ တည်ဆောက်ဖို့ လိုအပ်တဲ့ ခက်ခဲတဲ့ သတ်မှတ်ချက်တွေကို မဖြည့်ဆည်းပေးနိုင်ခဲ့။
အခုတော့ စနစ်ကနေ ဒီလိုကောင်းမွန်တဲ့အရာကို ပေးအပ်လိုက်တာဟာ စက်ရုပ်ထုတ်လုပ်မှုမှာ လင်းဖန် ကြုံတွေ့နေရတဲ့ အကြီးမားဆုံး ပြဿနာကို ဖြေရှင်းပေးလိုက်တာပါပဲ။
ဒီဘက်စုံသုံး လေဆာ 3D ပရင်တာဟာ လက်ရှိ ကမ္ဘာပေါ်မှာရှိတဲ့ ဘယ် 3D ပရင်တာထက်မဆို သာလွန်ပါတယ်။ ၎င်းဟာ 0 ကနေ 1800°C အထိ အပူပေးနိုင်သလို၊ အောက်ခြေပြားကိုလည်း 0 ကနေ 1600°C အထိ အပူပေးနိုင်သည်။
တိကျမှုပိုင်းမှာလည်း XY ဝင်ရိုးပေါ်မှာ 0.0085mm နဲ့ Z ဝင်ရိုးပေါ်မှာ 0.00085mm အထိ တိကျလေသည်။ အရည်ပျော်မှတ် 1600°C အောက်ရှိတဲ့ မည်သည့်ပစ္စည်းကိုမဆို ပရင့်ထုတ်ရာမှာ အသုံးပြုနိုင်သည်။
'ဓာတ်ခွဲခန်းထဲက 3D ပရင်တာကို နောက်မှ ပြန်ပြင်ရမယ်၊ မဟုတ်ရင် ပစ္စည်းတော်တော်များများ ပရင့်ထုတ်လို့ ရမှာမဟုတ်ချေ။ တိုက်တေနီယမ် အလွိုင်းကို နှစ်ဆလောက် ထပ်မှာပြီး ပရင်တာရဲ့ ပလက်ဖောင်းနဲ့ အောက်ခြေကို ပြန်မွမ်းမံရမယ်။' စနစ်ကနေ ရရှိတဲ့ အချက်အလက်တွေကို လေ့လာပြီးနောက် လင်းဖန်ရဲ့ စိတ်ထဲမှာ အစီအစဉ်တွေ ပေါ်လာသည်။
"လင်းညီအစ်ကို၊ မဖြေရှင်းရသေးတဲ့ အကြီးမားဆုံး ပြဿနာတစ်ခု ကျန်သေးတယ်၊ ငါတို့က ဘောလုံးလောကအကြောင်း ဘာမှမသိဘူး၊ ဒီကလပ်ကို ဘယ်လို စီမံခန့်ခွဲရမလဲ"
ချင်လင်းက အားကိုးရာမဲ့တဲ့ မျက်နှာနဲ့ ပြောလာသည်။
သူတို့က ဘယ်လောက်ပဲ ချမ်းသာပြီး တိုင်းပြည်ရဲ့ ထိပ်သီးလူငယ်တွေ ဖြစ်ပါစေ၊ တကယ်တမ်းမှာတော့ ငွေနဲ့တင် ဖြေရှင်းလို့မရတဲ့ စည်းမျဉ်းစည်းကမ်းတွေ ရှိတဲ့ လောကတွေ ရှိနေတာပါ။ အားကစားလောကထဲက ဘောလုံးနယ်ပယ်ဆိုတာ လက်ရှိမှာ ဖောက်ထွက်ဖို့ အခက်ခဲဆုံး အသိုက်အဝန်းတစ်ခု ဖြစ်သည်။
မင်းမှာ ပိုက်ဆံရှိရင်တောင် တခြားသူတွေက မင်းကို အထင်ကြီးချင်မှ ကြီးကြမှာပါ။
"ဟာ... ဒါက လွယ်ပါတယ်၊ ငါတို့က ဒီလောကအကြောင်း သိနေဖို့ မလိုဘူး၊ အဲဒါတွေက အရေးမကြီးဘူး"
လင်းဖန်က ရုတ်တရက် ရယ်မောရင်း ပြောလိုက်သည်။
ယ"ငါတို့မှာ ပိုက်ဆံရှိတာပဲ၊ ဘောလုံးအကြောင်း နားလည်တဲ့သူတွေကို ငှားပြီး စီမံခန့်ခွဲခိုင်းလိုက်ရင် ရပြီလေ။ မင်းတို့က အဝေးကနေပဲ ထိန်းချုပ်နေရုံပဲ။"
တကယ်တော့ ဘယ်လောကမှာမဆို အပြင်လူကို လက်မခံချင်တဲ့ သဘောရှိတတ်ကြသည်။
အထူးသဖြင့် ဘောလုံးလောကပင်။ ဒါပေမဲ့ အရင်းအမြစ်တွေကို ကျကျနန အသုံးချတတ်မယ်ဆိုရင် မဖြစ်နိုင်တာ ဘာမှမရှိချေ။ အရင်က ဗြိတိန်ရဲ့ ထိပ်သီးလိဂ်မှာ ဘောလုံးအကြောင်း ဘာမှမသိတဲ့ ပုဂ္ဂိုလ်တစ်ယောက် ရှိခဲ့ဖူးသည်။ သူဟာ ကမ္ဘာ့နံပါတ်တစ်လိဂ်လို့ တင်စားရတဲ့ နေရာမှာတောင် ဘောလုံးနားလည်တဲ့သူတွေကို အကုန် လိုက်လံဆွဲဆောင်ပြီး သူ့အတွက် အလုပ်လုပ်ခိုင်းခဲ့တာပါ။
"ဟုတ်သားပဲ၊ အဲဒါ အဓိပ္ပာယ်ရှိတယ်"
ချင်လင်းက သူ့နဖူးကို လက်နဲ့ပုတ်ရင်း ချက်ချင်း သဘောပေါက်သွားသည်။
"ကောင်းပြီလေ၊ ဒါဆိုရင် အဘိုးကြီးဝမ်နဲ့ ငါပဲ ဘောလုံးပါရမီရှင်တွေကို ရှာပြီး ဒီလုပ်ငန်းကို အရင်စတင်လိုက်မယ်။"
"အင်း!"
လင်းဖန်က ခေါင်းညိတ်ရင်း လေသံခပ်ပြတ်ပြတ်နဲ့ ပြောလိုက်သည်။
"လူရွေးတဲ့အခါမှာတော့ သတိထားကြ၊ ငါခန့်လိုက်တဲ့လူက တစ်ရာသီတည်းနဲ့ အထုတ်ခံရတာမျိုး ငါမလိုချင်ဘူး။ နောက်ပြီး နည်းပြကိုတော့ ကမ္ဘာကျော်ကလပ်တစ်ခုကနေ ခေါ်ဖို့ စဉ်းစားထားတယ်။ သူသာ လာမယ်ဆိုရင် လစာကို ဘယ်လောက်ပေးရပေးရ ငါဝန်မလေးဘူး။ ကစားသမားတွေအတွက်လည်း အတူတူပဲ။"
ဒါကို ကြားတော့ ဝမ်ချောင်နဲ့ ချင်လင်းတို့ဟာ ခေတ္တစဉ်းစားပြီးနောက် လင်းဖန်ကို ကြည့်ကာ နားမလည်နိုင်တဲ့ လေသံနဲ့ မေးလိုက်သည်။
"ညီအစ်ကိုက ဘယ်နိုင်ငံကနေ နည်းပြနဲ့ ကစားသမားတွေကို ခေါ်ဖို့ စိတ်ကူးထားတာလဲ။"
"ဘရာဇီး (Brazil)။"
သူတို့နှစ်ယောက်ရဲ့ နားမလည်တဲ့ အမူအရာကို ကြည့်ပြီး လင်းဖန်က စကားလုံးနှစ်လုံးတည်းကို ပြောလိုက်သည်။
ရုတ်တရက် အခန်းတစ်ခုလုံး တိတ်ဆိတ်သွားပြီး ဘယ်သူမှ စကားမပြောနိုင်ကြတော့ပေ။
တရုတ်နိုင်ငံနဲ့ မတူတာကတော့ ဘရာဇီးဟာ ကမ္ဘာပေါ်မှာ အကျော်ကြားဆုံး ဘောလုံးအင်ပါယာကြီး ဖြစ်သည်။ သူတို့ရဲ့ လက်ရွေးစင်အသင်းဟာ ကမ္ဘာ့ဖလား (World Cup) ကို အကြိမ်အများဆုံး ရရှိထားတဲ့ အသင်းလည်း ဖြစ်သည်။
ဘရာဇီးအသင်းဟာ ၁၉၅၈၊ ၁၉၆၂၊ ၁၉၇၀၊ ၁၉၉၄ နဲ့ ၂၀၀၂ ခုနှစ်တွေမှာ စုစုပေါင်း ချန်ပီယံဆု ၅ ကြိမ်တိုင်တိုင် ရရှိထားတာပါ။ ဒါတင်မကသေးဘဲ ဒုတိယဆုကိုလည်း နှစ်ကြိမ်တိုင်တိုင် ဆွတ်ခူးထားနိုင်ခဲ့သည်။
........................................................