အခန်း (၂၅၅-၂၅၆)
Vol. 26 Ch. 255-256
အပိုင်း ၂၅၅
"မန်ယူနိုက်တက်ရဲ့ ရည်မှန်းချက်ကအသင်းကြီးတစ်သင်းအဖြစ် ပြန်လည်ရုန်းထွန်းပြီး အင်အားတောင့်တင်းတဲ့ဂုဏ်ရှိ အသင်းတစ်သင်းအဖြစ် ပြန်လည်ပုံဖော်ဖို့ဆိုတာ ဘယ်သူမှ မခန့်မှန်းနိုင်စရာ မရှိပေ။
ဒါပေမဲ့ ဒီတစ်ခါမှာတော့ အဲဒီ "အသင်းကြီး" ဆိုတာက တရုတ်အသင်းကြီးတစ်သင်း ဖြစ်လာမှာပါ။
တကယ်တော့ ဥရောပဖလားတို့၊ ကမ္ဘာ့ဖလားတို့နဲ့ ယှဉ်ရင် အာရှဖလားပြိုင်ပွဲတွေမှာတော့ အောင်မြင်ဖို့အတွက် အထူးအချက်အလက်အချို့ လိုအပ်သည်။
ကွင်းပြင်ပက အချက်အလက်တွေက သက်ရောက်မှုမရှိဘူးလို့ မထင်လိုက်ပါနဲ့။ ဆန့်ကျင်ဘက်အနေနဲ့ အဲဒါတွေက အင်မတန် အရေးပါသည်။
အရင်က ကမ္ဘာ့အဆင့် အသင်းကြီးတွေ ဘာကြောင့် ဒီလောက်တောင် အောင်မြင်ခဲ့သလဲဆိုတာ ရှင်းရှင်းလေးပင်။ အဲဒါကတော့ "ဂေါ့ဖားသား အကျိုးသက်ရောက်မှု"ကြောင့်ပါပဲ။
သူတို့က တော်တာတော့ မှန်ပေမဲ့ အနောက်ကနေ ပံ့ပိုးပေးနေတဲ့ ဂေါ့ဖားသားသာ မရှိရင် ချန်ပီယံဆုတွေကို ဒီလောက် လွယ်လွယ်ကူကူ ရနိုင်ပါ့မလား။ အထူးသဖြင့် ချန်ပီယံလိဂ်ဖလားမျိုးပေါ့။ ဒါတွေဟာ ကွင်းပြင်ပ သြဇာလွှမ်းမိုးမှုတွေပါပဲ။
တရုတ်ဘောလုံးလောကမှာလည်း မကောင်းတဲ့ သတင်းပုပ်တွေရှိခဲ့ပြီး အခုတော့ အဲဒါတွေကို အပြတ်အသတ် နှိမ်နင်းနေပါပြီ။ အာရှဘောလုံးလောကမှာရော..အာရှဘောလုံးလောကရဲ့ မကောင်းတဲ့ ခြစားမှုတွေကလည်း တစ်ကမ္ဘာလုံး သိကြတာပင်။
ဒါတွေဟာ လင်းဖန်အနေနဲ့ လောလောဆယ် မဖြေရှင်းနိုင်သေးတဲ့ ကွင်းပြင်ပ အချက်အလက်တွေပါ။
ဒါပေမဲ့ သူ့အသင်းသာ အာရှကို ထိုးဖောက်သွားပြီဆိုရင်တော့ သူက အေးအေးဆေးဆေး နေမှာမဟုတ်ဘဲ ဒီပြဿနာကို ရှင်းမှာပါ။
အာရှဘောလုံးလောကကို ထိန်းချုပ်ထားတဲ့ ရေနံချမ်းသာတဲ့နိုင်ငံက သူဌေးကြီးတွေရဲ့ သြဇာက တကယ်ပဲ မဖြိုခွင်းနိုင်တာလား.. လူအများစုကတော့ ပြဿနာတွေ အများကြီးတက်မှာ စိုးလို့ မလုပ်ရဲကြချေ။
ဒါပေမဲ့ လင်းဖန်ကတော့ မတူ။ တကယ်လို့သာ သူ မတရား ခံရပြီဆိုရင် သူက ဒေါသထွက်ပြီး ဘာမဆို လုပ်ပစ်မယ့်သူမျိုးပါ။
သူ မန်ယူနိုက်တက်အသင်းကို ဝယ်လိုက်တယ်ဆိုတဲ့ သတင်းကလည်း ကမ္ဘာ့မီဒီယာတွေမှာ ပလူပျံသွားသည်။ တရုတ်လူမျိုးတွေထဲမှာလည်း ဘောလုံးဝါသနာရှင်တွေ အများကြီးရှိတာကြောင့် အားလပ်ရက်တွေမှာ ဘောလုံးကစားတာက အဓိက ဖျော်ဖြေမှုတစ်ခု ဖြစ်နေပါပြီ။
ဒီသတင်းကို ကြားတာနဲ့ လျူယွီတုန်း နဲ့ မာဟွားထန်တို့လို သူဌေးကြီးတွေဟာ လင်းဖန်ရဲ့ ရုံးခန်းကို အပြေးအလွှား ရောက်လာကြသည်။
"လင်းညီလေး၊ ငါ့အတွက် နိုင်ငံတကာ စူပါစတား တချို့လောက် ခေါ်ပေးပါဦးလား"
ဟောင်ကောင်ရဲ့ နာမည်ကျော် လူရွှင်တော်ကြီး လီကျယ်ခိုင်က နောက်ပြောင်လာသည်။ ဒီလူကတော့ ပြောချင်ရာပြောနေတာပါပဲ။
"......"
လင်းဖန် တစ်ယောက် ဘယ်လို ပြန်ဖြေရမှန်းတောင် မသိတော့ချေ။ ဘေးက လျူယွီတုန်းနဲ့ မာဟွားထန်တို့တောင် မျက်လုံးအပြူးသား ဖြစ်သွားကြသည်။ တကယ်တော့ သူတို့လည်း စူပါစတားတွေ ခေါ်ချင်တာပင်၊ ဒါပေမဲ့ လက်တွေ့မကျ။ တရုတ်ဘောလုံးလောကရဲ့ လက်ရှိအဆင့်အတန်းနဲ့ဆိုရင် ဘယ်စူပါစတားကမှ မလာချင်ကြချေ။
အရင်က စူပါစတားတွေ လာဖူးတာတော့ ရှိသည်။ ဒါပေမဲ့ အဲဒါက ကစားသမားဘဝ နားခါနီးမှ အနားယူဖို့ လာကြတာပါ။ နောက်ဆုံးတော့ ကလပ်က ပိုက်ဆံမပေးနိုင်လို့ တရားစွဲခံရတာတွေ၊ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်သွားတာတွေနဲ့ပဲ အဆုံးသတ်ခဲ့ရသည်။
လင်းဖန်ဆီမှာတော့ အဲဒီလိုမျိုး ဖြစ်လာမှာ မဟုတ်ချေ။ ဒါပေမဲ့ အဆင့်အတန်းမြင့်တဲ့ စူပါစတားတွေကို ခေါ်ဖို့ကတော့ အခုချိန်မှာ အရမ်းကို ခက်ခဲနေသေးသည်။ တရုတ်နဲ့ အာရှဟာ ဥရောပဘောလုံးလောကကို ကျော်ဖြတ်ဖို့ဆိုတာ ကောင်းကင်ကို တက်လှမ်းရတာထက်တောင် ခက်ခဲနေသည်။
"အဟမ်း... လင်းညီလေး၊ နောက်ဆိုရင် ငါတို့ ဘောလုံးပွဲသွားကြည့်ရင် အခမဲ့ ကြည့်ခွင့်ပေးရမယ်နော်"
လျူယွီတုန်က ပြုံးစစနဲ့ ပြောလာသည်။
"အစ်ကိုလျူကလည်း... အစ်ကို့မှာ ပိုက်ဆံက မရှိလို့လား"
လင်းဖန်က စိတ်တိုတိုနဲ့ ပြန်ပြောလိုက်သည်။
"နောက်တာပါကွာ၊ နောက်တာပါ..ပွဲကြည့်ဖို့ ပိုက်ဆံကတော့ ငါ့မှာ ရှိပါတယ်။ တကယ်တော့ ငါက ပရိသတ်အဖွဲ့အစည်းတစ်ခုတောင် ဖွဲ့ပေးဖို့ စိတ်ကူးထားတာ။ အဖွဲ့ဝင်တွေကို ကွင်းထဲ အခမဲ့ ဝင်ကြည့်ခွင့်ပေးပြီး မင်းကို ကိုယ်တိုင်ကိုယ်ကျ ထောက်ပံ့ပေးဖို့ပေါ့။"
လျူယွီတုန် ပြောတာက အပိုမဟုတ်ချေ။ သူ ဘောလုံးဝါသနာပါတာ လူတိုင်းသိထားသည်။
အသက်အရွယ်အရ ကိုယ်တိုင် မပြေးနိုင်တော့ပေမဲ့ ငယ်ဘဝ ဝါသနာကိုတော့ မဖျောက်နိုင်သေး။ အရင်က တရုတ်လိဂ်ကို မကြည့်ပေမဲ့ အခုကတော့ သူ့သူငယ်ချင်းက အသင်းပိုင်ရှင် ဖြစ်နေပြီမဟုတ်လား။
"ဒါ ကောင်းတဲ့ စိတ်ကူးပဲ၊ ငါ့ကိုလည်း ထည့်ဦး။ နောက်ဆိုရင် ငါတို့က ဂုဏ်သိက္ခာရှိတဲ့ ပုဂ္ဂိုလ်ကြီးတွေ ဖြစ်လာမှာပေါ့"
မာဟွားထန်ကလည်း စိတ်ဝင်တစား ပြောလာသည်။ လီကျယ်ခိုင်ကလည်း ထို့အတူပင်။
ဒီလိုနဲ့ ပရိသတ်အဖွဲ့အစည်းတစ်ခုကို စတင်တည်ထောင်လိုက်ကြတော့သည်။ အနာဂတ်မှာတော့ ဒီအဖွဲ့က အသင်းကို အမြဲတမ်း ဝန်းရံပေးမယ့် သစ္စာရှိ ပရိသတ်တွေ ဖြစ်လာမှာပါ။
ပရိသတ်တွေရဲ့ အားပေးမှုမပါရင် အသင်းတစ်သင်းဟာ အသင်းတစ်သင်း မဟုတ်နိုင်ပေ။
ဒါပေမဲ့ လင်းဖန်ဟာ အသင်းကိစ္စတွေကို ခေတ္တဘေးဖယ်ထားရဦးမည်။ အဘယ့်ကြောင့်ဆိုသော် သူ ဟောင်ကောင်ကို သွားရတော့မှာမို့လို့ပင်။ 'ကျိဖူးပေါင်'ကုမ္ပဏီကို တည်ထောင်ပြီးပြီ ဖြစ်ပေမဲ့ စတော့အိတ်ချိန်းမှာ စာရင်းမသွင်းရသေးချေ။ ယခုတော့ လုပ်ထုံးလုပ်နည်းတွေ အားလုံး ပြီးသွားပြီဖြစ်၍ တရားဝင် စတင်ဖို့ အချိန်တန်လေပြီ။ ကုမ္ပဏီရဲ့ ဥက္ကဋ္ဌနဲ့ CEO ဖြစ်တဲ့ လင်းဖန် မရှိလို့ မဖြစ်သေး။
၂၀၁၉ ခုနှစ်၊ စက်တင်ဘာ ၂၇ ရက် မနက်စောစောမှာ လင်းဖန်ဟာ လေယာဉ်နဲ့ ဟောင်ကောင်ကို ထွက်ခွာခဲ့သည်။ လေယာဉ်ပေါ်မှာတော့ သူ့မိတ်ဆွေများဖြစ်ကြသည့် လျူယွီတုန်နဲ့ မာဟွားထန်တို့လည်း ပါလာသည်။
"လင်းညီလေး၊ မင်း ဘယ်တုန်းက ဘောလုံးကို ဒီလောက် စိတ်ဝင်စားသွားတာလဲ"
လျူယွီတုန်က လေယာဉ်ပေါ်၌ မေးလာသည်။
"ကျုပ်ဘယ်တုန်းက စိတ်ဝင်စားသွားတာလဲ ဟုတ်လား" လင်းဖန်က မျက်လုံးလေး လှန်ကြည့်ပြီး "ကျုပ်က အမြဲတမ်း စိတ်ဝင်စားနေတာပါကွာ" လို့ ပြန်ဖြေသည်။
"သူ့ကို လွှတ်ထားလိုက်ပါ၊ ဒီကောင်က မရိုးသားဘူး"
မာဟွားထန်က ပြုံးရင်း ဝင်ပြောသည်။
"လုံထန်ဥက္ကဋ္ဌကြီးက ဘာကိုမှ သိပ်စိတ်မဝင်စားသလို နေတတ်တာ ဘယ်သူမသိဘဲ နေမလဲ။ လွန်ခဲ့တဲ့ အနှစ် ၂၀ လုံးလုံးလည်း ဘောလုံးစိတ်ဝင်စားတာ မတွေ့ခဲ့ရပါဘူး။ အခုမှ ဒီလို လုပ်တာကတော့ တစ်ခုခုတော့ ထူးခြားနေပြီ။"
...................................................
အပိုင်း ၂၅၆
လင်းဖန်ကလည်း အားနာပါးနာမရှိဘဲ တုန့်ပြန်လိုက်သည်။
"အစ်ကိုတို့ကလည်း အေးအေးဆေးဆေးနေတတ်တဲ့သူတွေမှ မဟုတ်တာ။ အစ်ကိုကြီးက အစ်ကိုလတ်ကို ဘာလို့ ဒီလိုပြောနေရတာလဲ။ အစ်ကိုမာ့ရဲ့ ပထမဆုံးသော ငွေထုတ်ကြီးက ကောလိပ်တုန်းက ရခဲ့တာ မဟုတ်ဘူးလား"
"ဟုတ်တယ်၊ ဒီလူကလည်း လူကောင်းတော့မဟုတ်ဘူး"
လျူယွီတုန်က ကြားကနေ ဝင်ထောက်ခံသည်။
"အဲဒီတုန်းက ဒီလူက စတော့ရှယ်ယာသမားတွေရဲ့ အတွေ့အကြုံမရှိမှုကို အခွင့်ကောင်းယူပြီး အမြတ်ထုတ်ခဲ့တာ၊ အဲဒီကနေမှ တဖြည်းဖြည်း ကြီးပွားလာတာလေ"
မာဟွားထန်ဆိုတာလည်း သာမန်လူတော့ မဟုတ်ချေ။ လုပ်ငန်းစုကြီးတစ်ခုကို တည်ထောင်သူဖြစ်တဲ့အတွက် သူ့နောက်ကွယ်က ဇာတ်လမ်းတွေကလည်း လူသိများလှသည်။
လူငယ်လူရွယ်နဲ့ အောင်မြင်နေသူ၊ ကိုယ်တိုင်ကြိုးစားသူ၊ ပညာအရည်အချင်း ထူးချွန်သူ... ဒီသုံးခုစလုံး ပေါင်းစပ်ထားတဲ့အတွက် သူကတော့ တကယ့်ကို ထိပ်တန်းပါပဲ။
၁၉၉၂ ခုနှစ်နောက်ပိုင်း တရုတ်စီးပွားရေးမှာ စတော့ဈေးကွက်က အရမ်းခေတ်စားလာခဲ့သည်။ အထူးသဖြင့် ဟောင်ကောင်ယဉ်ကျေးမှုနဲ့ နီးစပ်တဲ့ ရှန်ကျန်းမြို့၌ ဖြစ်သည်။ အဲဒီအချိန်က စတော့ကစားတာဟာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ "အားကစား" တစ်ခုလို ဖြစ်ခဲ့တဲ့ "ရူးသွပ်ခြင်း" ခေတ်ကြီးပင်။
အဲဒီအခြေအနေမှာ မာဟွားထန်က ကွန်ပျူတာမှာ တပ်ဆင်လိုက်ရင် စတော့ဈေးကွက် အခြေအနေကို အချိန်နဲ့တစ်ပြေးညီ ကြည့်နိုင်တဲ့ ကတ်ပြားတစ်ခုကို သူငယ်ချင်းတွေနဲ့ ပေါင်းပြီး တီထွင်ခဲ့သည်။ အဲဒါကတော့ နာမည်ကျော် "Stock Bully Card" ပါပဲ။ အဲဒီကတ်နဲ့ သူဟာ စတော့ဈေးကွက်မှာ ငါးတစ်ကောင်လို ကူးခတ်ရင်း သန်းနဲ့ချီတဲ့ ရန်ပုံငွေတွေကို စုဆောင်းနိုင်ခဲ့ပြီး နောက်ပိုင်း 'ပင်ဂွင်း'ကုမ္ပဏီကို တည်ထောင်ဖို့ အခြေခံကောင်းတွေ ရခဲ့တာပါ။
အဲဒီအချိန်တုန်းက 'နက်အီး'ရဲ့ တင်စန်းရှီတောင် "ဘဝဆိုတာ လက်ပစ်ဗုံးသေတ္တာကြီးလိုပဲ" လို့ ညည်းတွဲရင်း ဂွမ်ကျိုးလမ်းမတွေပေါ်မှာ ဒုက္ခရောက်နေတုန်း ရှိပါသေးသည်။
"ဟုတ်တယ်၊ အဲဒါက တကယ့်ကို အကောင်းဆုံးအချိန်တွေဖြစ်သလို အနာကျင်ရဆုံး အချိန်တွေလည်း ဟုတ်တယ်"
မာဟွားထန်က အတိတ်ကို ပြန်စဉ်းစားရင်း သက်ပြင်းချလိုက်သည်။
"အဲဒီတုန်းက ပစ္စည်းတစ်ခု ထုတ်လုပ်ပြီးရင်တောင် လူသိအောင် လုပ်ဖို့က အရမ်းခက်တာ။ ဈေးကွက်က သေးသေးလေးရယ်။ အခုခေတ်ကတော့ အက်ပ်ကောင်းကောင်းတစ်ခု၊ ပလက်ဖောင်းကောင်းကောင်းတစ်ခု ရှိရုံနဲ့ လူသိများပြီး ချက်ချင်း သူဌေးဖြစ်သွားနိုင်တာ၊ ခေတ်ချင်းကတော့ တကယ်ကို ကွာသွားပါပြီ"
လျူယွီတုန်ကလည်း မာဟွားထန်နဲ့ ခေတ်ပြိုင်ပါပဲ။ အင်တာနက်လောကထဲကို နောက်မှဝင်လာတာဖြစ်ပေမဲ့ စွန့်ဦးတီထွင်မှု လမ်းကြောင်းမှာတော့ မာဟွားထန်ထက် မနိမ့်ချေ။
"ငါတို့ ဘေးနားမှာပဲ အဲဒီလိုလူမျိုး ရှိနေတာပဲ မဟုတ်လား"
မာဟွားထန်က လင်းဖန်ကို ကြည့်ရင်း ပြောသည်။
တကယ်တော့ 'လုံထန်ဂရုက တစ်ညတည်းနဲ့ နာမည်ကြီးလာတာပါ။ တစ်နှစ်ကျော်အတွင်းမှာပဲ လုံထန်ဖုန်း၊ လုံထန်နည်းပညာ၊ လုံထန်ဘက်ထရီ စတဲ့ ကုမ္ပဏီတွေဟာ ဘီလီယံနဲ့ချီ တန်ဖိုးရှိနေပါပြီ။ ဒါဟာ တကယ်ကို မယုံနိုင်စရာပါပဲ။
"ခဏလေး... ကျုပ်က ကံကောင်းလို့ ဖြစ်လာတာမဟုတ်ဘူးနော်၊ ကျုပ်အရည်အချင်းနဲ့ကျုပ်ဖြစ်လာတာ"
လင်းဖန်က မျက်လုံးစွေကြည့်ပြီး အလေးအနက် ပြောလိုက်သည်။
"ဟားဟားဟား"
မာဟွားထန်နဲ့ လျူယွီတုန့တို့ နှစ်ယောက်စလုံး ပြိုင်တူ ရယ်မောလိုက်ကြသည်။ သူတို့တွေ ဒီလိုနောက်ပြောင်နေကြတာဟာ စိတ်အပန်းဖြေဖို့အတွက်ပါပဲ။ သူတို့လို အဆင့်အတန်းမျိုးမှာ ဒီလိုမျိုး ပွင့်ပွင့်လင်းလင်း နောက်ပြောင်နိုင်တဲ့သူဆိုလို့ သူငယ်ချင်းဟောင်းတွေနဲ့ အဆင့်အတန်းတူတဲ့သူတွေပဲ ရှိသည်။ လင်းဖန်က သူတို့ထက် အများကြီး ငယ်ပေမဲ့ အဆင့်အတန်းကတော့ တူညီနေတာကြောင့် ဒီလို နောက်ပြောင်လို့ ရနေတာပါ။
"ကဲ... အတည်ပြောရရင်၊ မင်း အဲဒီအသင်းကို ဝယ်တာက ပျော်ရုံသက်သက် ဒါမှမဟုတ် စိတ်ဝင်စားရုံသက်သက်ပဲတော့ မဟုတ်လောက်ဘူးနော်"
လျူယွီတုန်က လေသံကို ပြောင်းပြီး အတည်မေးလာသည်။
မာဟွားထန်က ဘာမှဝင်မပြောပေမဲ့ နားစွင့်နေသည်။ သူတို့လို အောင်မြင်တဲ့ စီးပွားရေးသမားတွေဟာ တစ်ချက်ခုတ် နှစ်ချက်ပြတ် အကျိုးရှိမယ့်အရာကိုပဲ လုပ်လေ့ရှိတယ်ဆိုတာ သူသိနေလို့ပါ။
လင်းဖန်ဆီကနေ အရေးကြီးတဲ့ သတင်းအချက်အလက်တစ်ခုခု ရမလားလို့ သူတို့ မျှော်လင့်နေကြခြင်းလည်း ဖြစ်သည်။
"စိတ်ဝင်စားရုံသက်သက်ပါလို့ ပြောရင်လည်း အစ်ကိုတို့က ယုံမှာမဟုတ်ဘူးလေ" လင်းဖန်က အေးအေးဆေးဆေး ပြုံးရင်း ပြောသည်။
"ဟုတ်ပါတယ်၊ ဘောလုံးလောကမှာ ရင်းနှီးမြှုပ်နှံတာဟာ ကျုပ်ရဲ့ ကိုယ်ပိုင်အမှတ်တံဆိပ် ကို တည်ဆောက်ဖို့အတွက်လည်း ပါတာပေါ့။"
"ပေါက်ကရ"
"လိမ်နေတာ"
"ဟားဟားဟား"
သူတို့နှစ်ယောက် ပြိုင်တူ အော်လိုက်တာကို ကြည့်ပြီး လင်းဖန် ရယ်မောလိုက်မိသည်။
"အတည်ပြောရရင်တော့ ဘောလုံးဈေးကွက်ဟာ နောင်မှာ ပိုပြီးတော့ လူကြိုက်များလာဦးမှာဗျ။"
"မင်းကတော့ မြှောက်ပင့်နေပြန်ပြီ"
မာဟွားထန်က အားမနာတမ်း ဖော်ကောင်လုပ်လာသည်။
"မြှောက်ပင့်တာက မြင်းခြေထောက်သွားမိမှာ မကြောက်ဘူးလား"
လျူယွီတုန်ကလည်း ထို့အတူပင်။
သူတို့အားလုံးဟာ အခြေအနေတချို့ကို သိထားကြတာပါ။ အထူးသဖြင့် လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကတည်းက သတင်းအချို့ ရထားကြပြီးသားပါ။ ဒါပေမဲ့ လင်းဖန်က အသင်းကို ဝယ်လိုက်မှသာ သူတို့တွေ ပိုပြီး အာရုံစိုက်လာကြတာ ဖြစ်သည်။
..........................................................