← Chapters

အခန်း (၈၉-၉၁)

Vol. 7 Ch. 89-91

အခန်း (၈၉-၉၁)

Vol. 7 Ch. 89-91

အခန်း (၈၉) - ဆာလောင်မွတ်သိပ်ခြင်း

ရှောင်ဟေးသည် ယခုအခါ အမှန်တကယ်ပင် အသုံးဝင်လာခဲ့ပြီ ဖြစ်သည်။ ရဲ့ရှင်းချန်သည် ရှောင်ဟေး၏ နောက်မှ လိုက်ပါသွားခဲ့ကာ ခွေးလေးသည် သူ၏နှာခေါင်းအား အသုံးပြု၍ မြေပြင်ပေါ်တွင် အနံ့ခံကာ သွားလာနေသည်ကို ကြည့်ရှုနေခဲ့သည်။ အချိန်အတော်ကြာ လမ်းလျှောက်ပြီး နောက်တွင်တော့ ရှောင်ဟေးသည် ရုတ်တရက် ရပ်တန့်သွားပြီး အသံခပ်တိုးတိုးဖြင့် ဟောင်လိုက်လေသည်။

ရဲ့ရှင်းချန်သည် ရှောင်ဟေးအား အနောက်သို့ အနည်းငယ် ဆွဲထုတ်လိုက် ပြီးနောက် သူ၏ နေရာလွတ် အတွင်းမှ ဂေါ်ပြား အကြီးစား တစ်လက်အား ထုတ်ယူကာ နှင်းများကို စတင် တူးဆွလေတော့သည်။ ဆယ်မိနစ်ခန့် ကြာပြီးနောက်တွင် ရဲ့ရှင်းချန် မျက်မှောင်ကြုတ်လိုက်မိသည်။

ယခုအချိန်တွင် ကောင်းကင်ကြီးမှာ စတင်၍ လင်းလက်လာပြီ ဖြစ်သည်။ ပတ်ဝန်းကျင်မှာ မှုန်ပြာပြာ ဖြစ်နေသေးသော်ငြား မြင်ကွင်းများကိုမူ ကောင်းစွာ မြင်တွေ့နေရပြီ ဖြစ်သည်။

"မဖြစ်ဘူး ဒီလိုမျိုး လက်နဲ့ တူးနေရင်တော့ သိပ်နှေးလွန်းတယ်"

ဆယ်မိနစ်ခန့် ကြာမြင့်သွားသော်လည်း ရဲ့ရှင်းချန်သည် ကျင်း အနည်းငယ်မျှသာ တူးနိုင်သေးသည်။ အသစ် ကျထားသော နှင်းများမှာ ပွနေသဖြင့် တူးရလွယ်ကူသော်လည်း အောက်ဘက်ရှိ နှင်းများမှာမူ တင်းကျပ်စွာ ဖိသိပ်ခံထားရလေသည်။

"ဂေါ်ပြား အကြီးစားသာ ရှိရင်တော့ နေဦး ငါ မနေ့က မြေတူးစက်အချို့ သိမ်းခဲ့တယ် မဟုတ်လား"

ရဲ့ရှင်းချန်၏ မျက်လုံးများ လင်းလက်သွားခဲ့သည်။ သူသည် ပတ်ဝန်းကျင်တွင် မည်သူမျှ မရှိကြောင်း သေချာစေရန် အကဲခတ် လိုက်ပြီးနောက် နေရာလွတ်ထဲမှ မြေတူးစက်အား အလျင်အမြန် ထုတ်ယူလိုက်လေတော့သည်။

ရဲ့ရှင်းချန်သည် နေရာလွတ် အတွင်းရှိ ဖန်သားဖြင့် ကာထားသည့် အကာအား ခွဲလိုက်ပြီးနောက် မြေတူးစက်ပေါ်မှ ဖယ်ရှား လိုက်သည်။ သို့သော်လည်း သူသည် မြေတူးစက်နှင့် ပတ်သက်၍ အခက်အခဲနှင့် ရင်ဆိုင်လိုက်ရပြန်သည်။

သူသည် မြေတူးစက်အား တစ်ခါမျှ မကိုင်တွယ်ဖူးချေ။ ၎င်းအား မည်သို့ မောင်းနှင်ရမည်ကိုလည်း သူ လုံးဝ မသိရှိချေ။ ကံကောင်း ထောက်မစွာဖြင့် သူသည် ယခင်တွင် အချက်အလက် များစွာကို ဒေါင်းလုဒ် ဆွဲထားခဲ့ဖူးသည်။ တစ်နာရီခန့်ကြာ ဗီဒီယိုအား လေ့လာ ပြီးနောက်တွင်တော့ ရဲ့ရှင်းချန်သည် နောက်ဆုံးတွင် မြေတူးစက်ကို စတင်၍ အသုံးပြုနိုင်ခဲ့ပြီ ဖြစ်သည်။

ရှောင်ဟေးမှာ ရဲ့ရှင်းချန်၏ ခြေရင်းတွင် ဝပ်နေပြီးနောက် မြေတူးစက်၏ ဘီးတစ်ဝက်ခန့်မှာ နှင်းများထဲသို့ နစ်မြုပ်နေခဲ့သည်။ နှင်းများအား တစ်ဂေါ်ပြီး တစ်ဂေါ် ဘေးဘက်သို့ တူးထုတ် လိုက်လေရာ ရဲ့ရှင်းချန် အလွန် ဝမ်းသာသွားခဲ့သည်။ ၎င်းမှာ သူ ဂေါ်ပြားဖြင့် တူးသည်ထက် များစွာ ပိုမို မြန်ဆန်လှပေသည်။

နံနက်ခင်းတစ်ခုလုံး အလုပ်လုပ် ပြီးနောက်တွင် အဆောက်အအုံ တစ်ခု၏ အမိုးအား သူ မြင်လိုက်ရတော့သည်။ ရဲ့ရှင်းချန်သည် သူ၏ လက်ထဲမှ မောင်းတံအား ရပ်တန့်လိုက်ပြီး နေရာလွတ်ထဲမှ ပရိုတင်းဘား နှစ်ခုအား ထုတ်ယူကာ ကိုက်စားလိုက်တော့သည်။ ထို့နောက် အသားစိမ်း တစ်တုံးအား ထုတ်ယူကာ ရှောင်ဟေး စားရန် အတွက် ရှေ့သို့ ပစ်ပေးလိုက်လေသည်။

"မင်းရဲ့ နှာခေါင်းက တကယ်ကို စူးရှတာပဲ မဟုတ်ရင် ဒီနေ့မနက် ငါ ဓာတ်ဆီဆိုင်ကို ရှာတွေ့မှာ မဟုတ်ဘူး"

ပရိုတင်းဘား နှစ်ခုကို စားသုံး ပြီးနောက် ရဲ့ရှင်းချန်သည် အောက်သို့ ဆက်လက် တူးဆွနေခဲ့သည်။ ဓာတ်ဆီဆိုင်၏ အမိုးမှာ ပေါ်ထွက်လာပြီ ဖြစ်သည်။ ထိုအချိန်တွင် သူတို့သည် နှင်းများထဲ၌ နက်ရှိုင်းသော ကျင်းကြီးတစ်ခုအား တူးမိလျက်သား ဖြစ်နေပြီ ဖြစ်သည်။

မြေတူးစက်၏ လက်တံကြီးသည် မူလ မြေပြင်အရောင်အား မြင်တွေ့ရသည်အထိ အောက်သို့ ဆက်လက် ဆင်းသွားခဲ့သည်။ ရဲ့ရှင်းချန် မြေတူးစက်ပေါ်မှ ဆင်းလိုက်သောအခါ သူ၏ အနောက်ဘက်ရှိ သုံးထပ်တိုက်ခန့် မြင့်မားနေသော နှင်းပုံကြီးအား ကြည့်ကာ မချိတင်ကဲ တုန်ယင်သွားမိလေတော့သည်။

သူ အလျင်အမြန် လုပ်ဆောင်ရမည် ဖြစ်သည်။ သို့မဟုတ်ပါက အကယ်၍ ထိုနှင်းပုံကြီး ပြိုကျလာပါမူ သူနှင့် ရှောင်ဟေးတို့သည် ဤနေရာတွင် အရှင်လတ်လတ် မြှုပ်နှံခံရပေလိမ့်မည် ဖြစ်သည်။

ရှောင်ဟေးသည် မြေပြင်အား အနံ့ခံကာ လှည့်ပတ် သွားလာနေခဲ့သည်။ နောက်ဆုံးတွင် နေရာတစ်ခု၌ ရပ်တန့်သွားပြီးနောက် အသံခပ်တိုးတိုးဖြင့် ဟောင်လိုက်လေတော့သည်။

ရဲ့ရှင်းချန်သည် သူ၏လက်အား မြေပြင်ပေါ်သို့ တင်လိုက်သည်။ ဤမျှ ဝေးကွာသော အကွာအဝေး မှနေ၍ ဓာတ်ဆီများအား သူ၏နေရာလွတ်ထဲသို့ တိုက်ရိုက် သိုလှောင်နိုင်ခြင်း ရှိ မရှိ သူ မသိချေ။

အစပိုင်းတွင် ရဲ့ရှင်းချန်သည် မိမိ ရှုံးနိမ့်သွားပြီဟု တွေးတောမိပြီး အနောက်ဘက်ရှိ နှင်းများအား ဖယ်ရှားကာ ပိုမို၍ နက်ရှိုင်းအောင် တူးသင့်သလားဟု စဉ်းစားနေခဲ့ခြင်း ဖြစ်သည်။ သို့သော် ဆယ်မိနစ်ခန့် ကြာပြီး နောက်တွင်မူ သူ၏ နေရာလွတ်ထဲသို့ တစ်စုံတစ်ခု ရောက်ရှိလာကြောင်း သူ ခံစားလိုက်ရသည်။

"တကယ်ကြီးလား ဒီလောက် အဝေးကြီးကနေတောင် ယူလို့ရတာလား"

ဓာတ်ဆီကန်များကို မြေအောက် မီတာ အတော်နက်နက်တွင် သိုလှောင်ထားခြင်း ဖြစ်သည်။ ရဲ့ရှင်းချန် အလွန် ဝမ်းသာသွားသော်လည်း သူ မတ်တပ်ရပ်လိုက်သည့် ခဏမှာပင် မူးဝေမှုအား ခံစားလိုက်ရလေသည်။

"ထူးဆန်းလိုက်တာ ငါ ခုနတင် စားပြီးတာ မဟုတ်လား ဘာလို့ ပြန်ဆာလာရတာလဲ"

ရဲ့ရှင်းချန် ဆာလောင် နေရုံသာမက သူ၏ လက်များမှာလည်း တုန်ယင်နေခဲ့သည်။ သူသည် အခြားရွေးချယ်စရာ မရှိတော့သဖြင့် နေရာလွတ်ထဲမှ ချောကလက်ဘား နှစ်ခုအား ထပ်မံထုတ်ယူကာ အလျင်အမြန် စားသောက်လိုက်ရသည်။ ထို့နောက်တွင်လည်း နောက်ထပ် ဘားများကိုအား ထပ်စားနေခဲ့ရသည်။ စနီကာ ဆယ်ခုခန့် စားပြီးသည့် အချိန်မှသာလျှင် သူ၏မူးဝေမှုမှာ နောက်ဆုံးတွင် ရပ်တန့်သွားခဲ့သည်။

ရဲ့ရှင်းချန် ထိုနေရာတွင် ကြာကြာမနေဝံ့ပေ။ သူ အလိုရှိရာအား ရရှိပြီးနောက် ရှောင်ဟေးအား ကျောပိုးအိတ်ထဲသို့ ချက်ချင်း ပြန်ထည့်လိုက်ပြီးနောက် ၎င်းနောက် မြေတူးစက်အား ထိန်းချုပ်လျှက် စောစောပိုင်းတွင် သူ တူးယူ ထားခဲ့သော နှင်းများကို နေရာတွင် ပြန်လည် ဖုံးအုပ်လိုက်တော့သည်။ တူးရသည်မှာ ခက်ခဲသော်လည်း ပြန်ဖို့ရသည်မှာမူ မြန်ဆန်လှပေသည်။ အရာအားလုံး ပြီးစီးချိန်တွင် ညနေ ငါးနာရီပင် ရှိနေပြီဖြစ်သည်။

"သွားကြစို့ အကုန်သိမ်းပြီး အိမ်ပြန်ကြတာပေါ့"

မြေတူးစက်အား နှင်းတောမောင်း စကူတာ အဖြစ် ပြန်လည် ပြောင်းလဲပြီးနောက် ရဲ့ရှင်းချန်သည် ရှောင်ဟေးကို ကျောပိုးအိတ်ထဲသို့ ထည့်လိုက်သည်။ သူသည် အိမ်သို့ ပြန်ကာ ပူပူနွေးနွေး အစားအသောက်များကိုသာ စားချင်နေသော်လည်း ပြီးခဲ့သည့် အကြိမ်တွင် သူ၏ လျှို့ဝှက်ချက်အား သိရှိသွားသူမှာ သူ၏ နောက်ဘက်တွင် ပုန်းကွယ်နေပြီး မွန်းလွဲခင်း တစ်ချိန်လုံး သူ့အား စောင့်ကြည့်နေခဲ့ကြောင်း သူ သတိမထားမိခဲ့ချေ။

ထိုသူမှာ အနည်းငယ် အံ့အားသင့်နေခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ ရဲ့ရှင်းချန်သည် ပြီးခဲ့သည့် အကြိမ်ကကဲ့သို့ပင် အရာဝတ္ထုများအား လေဟာနယ်ထဲမှ ဖန်ဆင်း ထုတ်ယူနေခြင်းကြောင့် ဖြစ်ပေသည်။ ရဲ့ရှင်းချန်သည် အိမ်သို့ အမြန် မောင်းနှင်လာခဲ့ရာ ည ခုနစ်နာရီခန့်တွင် အိမ်သို့ ရောက်ရှိလာခဲ့တော့သည်။

နှင်းတောမောင်းစကူတာအား ရပ်နားပြီးနောက် ရှောင်ဟေးကို လင်းစစ်ကျားထံသို့ ပေးအပ်လိုက်ကာ သက်တောင့်သက်သာ ရေချိုးရန် အပေါ်ထပ်သို့ တက်သွားခဲ့လေတော့သည်။

သူ အောက်ထပ်သို့ ပြန်ဆင်း လာသောအခါ လင်းစစ်ကျားမှာ ရှောင်ဟေး၏ အမွေးများအား လေမှုတ်စက်ဖြင့် ခြောက်သွေ့အောင် လုပ်ပေးနေသည်ကို တွေ့လိုက်ရသည်။

"ဆင်းလာပြီလား အရင်စားကြရအောင်"

ယနေ့ သူ ပြန်လာသောအခါ ရဲ့ရှင်းချန်သည် ထောက်ပံ့ရေးပစ္စည်း နှစ်အိတ်အား ယူဆောင်လာခဲ့ပြီး ၎င်းတို့အား ဖြန့်ဝေရန် အတွက် ကျောက်ဟောင်ထံသို့ ပေးအပ်လိုက်တော့သည်။

ယမန်နေ့ ကကဲ့သို့ ထူးခြားသော အခြေအနေမျိုး မရှိသောကြောင့် လူတိုင်းမှာ ပျမ်းမျှ အစားအသောက် ပမာဏကိုသာ ရရှိခဲ့ကြလေသည်။ ရဲ့ရှင်းချန် အိမ်သို့ ပြန်ရောက် ပြီးနောက်တွင် အပြင်ထွက်ကာ အစားအသောက်များအား လိုက်လံ ဖြန့်ဝေရန် ပျင်းရိနေသဖြင့် ကျောက်ဟောင်ကိုသာ ပေးလိုက်ခြင်းဖြစ်သည်။

ထို့အပြင် ဤမျှများပြားသော အစားအသောက်များကို မြင်တွေ့ရချိန်တွင် ကျောက်ဟောင် အနေဖြင့် တိတ်တဆိတ် ဝှက်ထားခြင်း ရှိ မရှိ သူ၏ စိတ်ဓာတ်အားလည်း စမ်းသပ် လိုသောကြောင့် ဖြစ်ပေသည်။

အိမ်ချက်ဟင်းပွဲများသည် ထမင်းဝိုင်း ပေါ်သို့ ရောက်ရှိလာခဲ့တော့သည်။ ရဲ့ရှင်းချန်သည် ထမင်း နှစ်ပန်းကန် ဆက်တိုက် စားသော်လည်း ဆာလောင်မှုအား ခံစားနေရဆဲပင် ဖြစ်သည်။ လင်းစစ်ကျားသည် ရဲ့ရှင်းချန် တစ်လုတ်ပြီး တစ်လုတ် စားနေသည်အား ကြည့်နေရင်း သူမ၏မျက်နှာပေါ်ရှိ ပျော်ရွှင်မှုမှာ စိုးရိမ်ပူပန်မှု အဖြစ်သို့ ဖြည်းဖြည်းချင်း ပြောင်းလဲသွားခဲ့ရသည်။

"အဲ ထမင်း ထပ်စားဦးမလား ညီမ ဒီပန်းကန်ကို မထိရသေးဘူး"

ပုံမှန်အားဖြင့် လင်းစစ်ကျားသည် လူနှစ်ဦးစာ အတွက် လုံလောက်အောင် ချက်ပြုတ်လေ့ ရှိသည်။ ယနေ့တွင်မူ မနက်ဖြန် မနက်အတွက် ဆန်ပြုတ် ချက်ရန် ရည်ရွယ်ကာ ထမင်းအား ပို၍ ချက်ထားခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ထိုထမင်းများကိုမူ ရဲ့ရှင်းချန် တစ်ယောက်တည်း ကုန်အောင် စားနေခဲ့ပြီ ဖြစ်သည်။ ရဲ့ရှင်းချန် တတိယမြောက် ထမင်း ပန်းကန်အား စားပြီးချိန်တွင် ထမင်းအိုးမှာ ဟာလာဟင်းလင်း ဖြစ်သွားခဲ့တော့သည်။

"ရပါတယ် မင်းပဲ စားပါ"

ရဲ့ရှင်းချန် မျက်မှောင် ကြုတ်လိုက်မိသည်။ သူသည် အစား အလွန်အကျွံ စားတတ်သော အလေ့အထ မရှိသော်လည်း ယနေ့တွင်မူ ထူးဆန်းနေပေသည်။ ထမင်း သုံးပန်းကန် စားပြီး သည့်တိုင်အောင် သူသည် ဆာလောင်မှုကို ခံစားနေရဆဲပင် ဖြစ်သည်။

စားပွဲပေါ်ရှိ ဟင်းပွဲများမှာ ကုန်ခါနီးဖြစ်နေသည်အား မြင်သောအခါ ရဲ့ရှင်းချန်သည် နေရာလွတ်ထဲမှ ငါးချဉ် ဟင်းတစ်ပွဲ ကြက်သားစပ်စပ်ကြော်တစ်ပွဲနှင့် ဘီယာဘဲဟင်း အကြီးစားတစ်ပွဲကို တိုက်ရိုက် ထုတ်ယူလိုက်တော့သည်။

"ဟင်းတွေက မလောက်ဘူး ဒါတွေ စားကြရအောင်"

သူသည် နေရာလွတ်ထဲမှ ထမင်းကြော် နှစ်ပန်းကန်အားလည်း ထုတ်ယူလိုက်ပြန်သည်။ လင်းစစ်ကျားသည် ရဲ့ရှင်းချန်အား စိုးရိမ်တကြီး စိုက်ကြည့်နေပြီးနောက် နောက်ဆုံးတွင် သူမ၏ ပန်းကန်နှင့် တူများကို ချလိုက်တော့သည်။

"ရှင် ဘာဖြစ်နေတာလဲ မစားနဲ့တော့လေ တစ်နေရာရာက နေလို့မကောင်းလို့လား"

ရဲ့ရှင်းချန်သည် သူ၏ ပန်းကန်ထဲမှ နောက်ဆုံး အစားအစာ တစ်လုတ်အား စားပြီးနောက် လင်းစစ်ကျားကို တည်ကြည်သော မျက်နှာထားဖြင့် မော့ကြည့်လိုက်ပြန်သည်။

"ကိုလည်း သေချာမသိဘူး ဒီနေ့ မွန်းလွဲပိုင်းကလည်း ကိုယ် တကယ်ကို ဆာနေခဲ့တာ ဆာလွန်းလို့ လက်တွေတောင် တုန်နေခဲ့တယ် နောက်ဆုံးတော့ စနီကာ ဆယ်ခုလောက် ဆက်တိုက် စားလိုက်မှပဲ အဆင်ပြေသွားတော့တယ်"

လင်းစစ်ကျားမှာ ဇဝေဇဝါ ဖြစ်သွားခဲ့ရသည်။ သူမသည် ရဲ့ရှင်းချန်၏ လက်အား ဆွဲယူကာ သွေးခုန်နှုန်းကို စစ်ဆေး ကြည့်လိုက်လေရာ သူမ၏ မျက်နှာထားမှာ ပို၍ပင် ထူးဆန်းလာခဲ့သည်။

"သွေးခုန်နှုန်းအရဆိုရင်တော့ ရှင်က တကယ်ကို ကျန်းမာနေတာပဲလေ"

"အရင်စားကြတာပေါ့ မနက်ဖြန်တော့ ကိုယ် အပြင်မသွားတော့ဘူး အိမ်မှာပဲနေပြီး အခြေအနေကို သေချာ စောင့်ကြည့်ရမယ်"

ထိုညစာသည် ရဲ့ရှင်းချန် ထမင်းဖြူ သုံးပန်းကန် ထမင်းကြော် နှစ်ပန်းကန် ငါးချဉ်ဟင်း တစ်ဝက် ကိုလာကြက်တောင်ပံ ၁၂ ခု နံရိုးကြော် တစ်ပန်းကန် ခရမ်းချဉ်သီး ကြက်ဥကြော် တစ်ပန်းကန် ဘီယာဘဲဟင်း တစ်ဝက် ကြက်သားစပ်စပ်ကြော် တစ်ပန်းကန်နှင့် ပဲသီး ဝက်အူချောင်းကြော် တစ်ပန်းကန်တို့အား စားသောက်ပြီးမှသာ ပြီးဆုံးသွားခဲ့လေသည်။ လင်းစစ်ကျားမှာမူ အလွန် စိုးရိမ်နေသဖြင့် ထိုညစာမှာ သူမအတွက် အရသာ မရှိခဲ့ပေ။

ထိုညတွင် ရှောင်ဟေးအား လင်းစစ်ကျား၏ အခန်းထဲတွင် ထားရှိခဲ့သည်။ ရဲ့ရှင်းချန်မှာ မိမိ၏ ကိုယ်ခန္ဓာ တစ်ခုခု ချို့ယွင်းနေမည်ကို အလွန် ကြောက်ရွံ့နေခဲ့မိသည်။

အခန်း (၉၀) - အတွေးသစ်များ

ကိုယ်လက် သန့်စင်ပြီးနောက် ရဲ့ရှင်းချန်သည် ကုတင်ပေါ်တွင် လှဲလျောင်းကာ စဉ်းစားခန်း ဝင်နေခဲ့သည်။ ဤအရာ အားလုံးသည် သူ၏ နေရာလွတ်ထဲသို့ လောင်စာဆီများအား သိုလှောင်ပြီး နောက်မှ စတင် ဖြစ်ပေါ်လာပုံ ရသည်။ ၎င်းသည် ဓာတ်ဆီ၏ အကျိုးသက်ရောက်မှုများ ဖြစ်နေသည်လား။

ရဲ့ရှင်းချန် မျက်စိမှိတ်လိုက်ပြီးနောက် နေရာလွတ်ထဲသို့ ဝင်ရောက်လိုက်သည်။ ထိုနေရာတွင် သူ့ထက်ပင် မြင့်မားသော သတ္တုပုံးများ စနစ်တကျ စီထားသည်ကို တွေ့လိုက်ရသည်။ သူ မျက်စိမှိတ်ကာ ထိုသတ္တုပုံးများအား လက်ဖြင့် ထိတွေ့ကြည့်လိုက်သည်။

အချိန်အတော်ကြာပြီးနောက် ရဲ့ရှင်းချန် မျက်လုံးဖွင့်လိုက်သော်လည်း ထူးခြားသော ခံစားမှုမျိုး ဘာမှမရှိကြောင်း တွေ့လိုက်ရသည်။

"ထူးဆန်းလိုက်တာ ဓာတ်ဆီကြောင့် မဟုတ်ဘူးပဲ အကွာအဝေးက အရမ်းဝေးနေလို့ စွမ်းအင်တွေ အများကြီး ကုန်သွားတာများလား"

ရဲ့ရှင်းချန်သည် နေရာလွတ်ထဲမှ ထွက်လာကာ ကုတင်ပေါ်တွင် လှဲလျောင်းရင်း သူ၏ခန့်မှန်းချက်အား မည်သို့ အတည်ပြုရမည်နည်းဟု စဉ်းစားနေခဲ့သည်။ ရုတ်တရက် သူသည် ဘေစင်ပေါ်တွင် တင်ထားသော သွားပွတ်တံနှင့် ခွက်ကို လှမ်းကြည့်လိုက်မိသည်။

သူသည် လက်အား မြှောက်ကာ ထိုဘက်သို့ ညွှန်ပြလိုက်သည်။ ဆယ်မိနစ်ခန့် ကြာသော်လည်း မည်သည့် တုံ့ပြန်မှုမျှ မရှိချေ။ ဆန့်ကျင်ဘက် အနေဖြင့် လက်ကိုပင် မြှောက်ထားရသဖြင့် လက်မောင်းသာ ညောင်းလာခဲ့တော့သည်။

"ထူးဆန်းလိုက်တာ ယူလို့မရဘူးလား"

ရဲ့ရှင်းချန်သည် ခွက်အား စိုက်ကြည့်ရင်း စိတ်ထဲမှ ထပ်ခါတလဲလဲ ရေရွတ်နေခဲ့သည်။

"သိမ်းလိုက်စမ်း"

သူသည် လှည့်လိုက်ပြီး ကုတင်ပေါ်မှ ဆင်းရန် ပြင်လိုက်သော်လည်း ဖိနပ်စီးလိုက်ချိန်တွင် ထိုခွက်နှင့် သွားပွတ်တံမှာ ပျောက်ကွယ် သွားသည်ကို မြင်လိုက်ရသည်။

နေရာလွတ်ထဲတွင် ခွက်နှင့် သွားပွတ်တံတစ်ခု ရောက်နေသည်ကို သူ သတိပြုမိလိုက်သည်။ ရဲ့ရှင်းချန်သည် ၎င်းအား နေရာလွတ်ထဲမှ ပြန်ထုတ် ကြည့်လိုက်ရာ စောစောတွင် ပျောက်ကွယ်သွားသော ခွက်နှင့် သွားပွတ်တံပင် ဖြစ်နေခဲ့သည်။

"ဘာလဲဟ ဒါ တကယ်ကြီးလား ငါက အရာဝတ္ထုတွေကို သွားထိစရာမလိုဘဲ ရွှေ့လို့ရနေတာလား"

သို့သော်လည်း ဤတစ်ကြိမ်တွင် ရဲ့ရှင်းချန်မှာ ဆာလောင်မှုကို မခံစားရချေ။ ဝမ်းသာအားရ ဖြစ်သွားမှုကြောင့် ရဲ့ရှင်းချန်သည် သူ၏ ခန္ဓာကိုယ်တွင် ဖြစ်ပေါ်ခဲ့သော ထူးဆန်းသည့် တုံ့ပြန်မှုအား ခေါင်းထဲမှ ထုတ်လိုက်ပြီးနောက် အိပ်ပျော်သွားခဲ့တော့သည်။

ညတစ်ည ကုန်ဆုံးသွား ပြီးနောက် ရဲ့ရှင်းချန်သည် ယနေ့တွင် အပြင် မသွားရန် ဆုံးဖြတ်လိုက်တော့သည်။ နိုးလာ ပြီးနောက်တွင်မူ ရဲ့ရှင်းချန်သည် သူ၏ခန္ဓာကိုယ် အခြေအနေအား ထပ်မံ စိုးရိမ်လာပြန်သည်။ သူ အပြင်ထွက်သည့်အခါ မနေ့ကဲ့သို့ ဖြစ်မည်အား သူ ကြောက်ရွံ့မိသည်။ ဆာလောင်မှုကြောင့် သူ မတော်တဆ သတိလစ်သွားမည်ကိုလည်း စိုးရိမ်မိခြင်း ဖြစ်သည်။

ဤကဲ့သို့သော အချိန်မျိုးတွင် သတိလစ်သွားခြင်းမှာ အသက်အန္တရာယ်ကို ဖြစ်စေနိုင်သည်။ သူ သတိလစ်နေချိန်တွင် တစ်စုံတစ်ယောက်မှ လာရောက်ကာ သူ့အား တိတ်တဆိတ် သတ်ဖြတ်သွားမည်လား သူ မသိနိုင်ပေ။ ထို့ပြင် သတိမေ့နေစဉ် အတွင်း ပြင်းထန်သော အအေးဒဏ်ကြောင့် အေးခဲ သေဆုံးသွားနိုင်သည် မဟုတ်ပါလော။

မည်သို့ဖြစ်နေသည်အား မသိရသေးမီ ရဲ့ရှင်းချန်မှာ အပြင်သို့ မဆင်မခြင် ထွက်ရန် လုံးဝ မဝံ့ရဲချေ။ ကိုယ်လက် သန့်စင်ပြီးနောက် သူ အောက်ထပ်သို့ ဆင်းလာခဲ့သည်။ လင်းစစ်ကျားမှာ မျက်နှာသစ် ပြီးစဖြစ်ကာ ဆိုဖာပေါ်တွင် ထိုင်နေလေသည်။ ရဲ့ရှင်းချန်မှ ခွေးစာအချို့အား နွားနို့နှင့် ရောစပ်ကာ လုံးဝ မနိုးသေးသော ရှောင်ဟေးအား နှိုးကာ ကျွေးမွေးနေစဉ် လင်းစစ်ကျားမှ မနက်စာပြင်ရန် မီးဖိုချောင်သို့ သွားခဲ့သည်။

လင်းစစ်ကျားသည် အမဲသား ကော်ပြန့်ကြော် ကြက်သားမုန့်နှင့် ကြက်ဥပန်ကိတ်တို့အပြင် ခေါက်ဆွဲအေးကိုပါ ပြင်ဆင်ထားခဲ့သည်။ ရဲ့ရှင်းချန် ယနေ့ အပြင်မသွားသဖြင့် မနက်စာအား ရိုးရိုးရှင်းရှင်း စားစေကာ နေ့လယ်စာကိုမှ ပို၍ ကောင်းကောင်းမွန်မွန် ပြင်ဆင်ပေးလိုခြင်း ဖြစ်သည်။

လင်းစစ်ကျားက ပဲနို့နှစ်ခွက်ကို ယူဆောင် လာခဲ့သည်။ သူမ ထိုင်လိုက် သည်နှင့် တစ်ပြိုင်နက် ရဲ့ရှင်းချန်၏ သွေးခုန်နှုန်းကိုလည်း စစ်ဆေးကြည့်လိုက်သည်။

သွေးခုန်နှုန်းမှာ ပုံမှန်ပင် ဖြစ်သည်။ လင်းစစ်ကျား အပြင် ရဲ့ရှင်းချန်ကိုယ်တိုင်ပင် ဇဝေဇဝါ ဖြစ်သွားခဲ့ရသည်။ ရဲ့ရှင်းချန်သည် အရာဝတ္ထုများအား အဝေးမှ ယူနိုင်စွမ်းရှိမရှိကို မနေ့ညတွင် စမ်းသပ်ခဲ့ပြီး ဖြစ်သော်လည်း ခွက်နှင့် သွားပွတ်တံအား ယူပြီးနောက်တွင်လည်း မည်သည့် မသက်မသာ ဖြစ်မှုမျိုးကိုမျှ မခံစားခဲ့ရချေ။

"ထူးဆန်းလိုက်တာ ဘာကြောင့်များလဲ"

သူမသည် တိတ်ဆိတ်စွာပင် မနက်စာကိုသာ ဆက်လက် စားသောက်နေခဲ့သည်။ လင်းစစ်ကျားသည် ဤမျှ ထူးဆန်းသော လက္ခဏာမျိုးအား တစ်ခါမျှ မတွေ့ဖူးခဲ့ချေ။

ရဲ့ရှင်းချန်မှာ ဖျားနာနေပုံ မပေါ်ပေ။ ယနေ့နံနက် သူ၏ အစာစားချင်စိတ်မှာ အတော်လေး ကောင်းမွန် နေသော်လည်း ပုံမှန်ထက် ကော်ပြန့်ကြော် အနည်းငယ် ပိုစားခြင်း မှလွဲ၍ မရှိပေ။

"ရှင် တကယ်ပဲ နေလို့မကောင်းတာ ဘာမှမရှိဘူးလား"

လင်းစစ်ကျားမှ စိုးရိမ်တကြီး မေးမြန်းသော်လည်း ရဲ့ရှင်းချန်မှ သူမအား ကြည့်ကာ ခေါင်းခါပြလိုက်လေသည်။

"မရှိပါဘူး ဘာမှ မခံစားရပါဘူး"

နံနက်ပိုင်းတွင် လင်းစစ်ကျားမှာ ရဲ့ရှင်းချန်၏ ဘေးတွင် နေထိုင်ကာ ရုပ်ရှင်တစ်ကား အတူတူ ကြည့်ရှုနေခဲ့သည်။ နေ့လယ်စာတွင်မူ ပုံမှန်ထက် ဟင်းနှစ်ပွဲ ပိုနေလေသည်။ ရဲ့ရှင်းချန် ဗိုက်မဝမှာအား စိုးရိမ်သဖြင့် လင်းစစ်ကျားမှ ထမင်းအား ပို၍ပင် ချက်ထားခဲ့သေးသည်။ သို့သော်လည်း ရဲ့ရှင်းချန်မှာ နံနက်ပိုင်းကကဲ့သို့ပင် ထူးခြားသော ပြောင်းလဲမှုမျိုး မရှိပေ။

"ရပါတယ် အရမ်း စိတ်မပူပါနဲ့ ဒါက ကိုယ့်ရဲ့ စွမ်းအင်နဲ့ တစ်ခုခု ပတ်သက်နေတာ ဖြစ်နိုင်တယ်"

ရဲ့ရှင်းချန်သည် မနေ့ညတွင် သူ၏ ထူးဆန်းသော အစာစားချင်စိတ်မှာ သူ၏ စွမ်းအင်နှင့် ဆက်စပ်နေမည်ဟု အမြဲ တွေးတောနေခဲ့မိခြင်း ဖြစ်သည်။ သူသည် တစ်နံနက်လုံး တွေးတောနေခဲ့ ပြီးနောက် နောက်ဆုံးတွင် သူ ယူလိုက်သော ပစ္စည်းများ၏ အရွယ်အစား ကွာခြားမှုကြောင့် ဖြစ်နိုင်သည်ဟု ကောက်ချက်ချလိုက်တော့သည်။

သို့သော်လည်း ရဲ့ရှင်းချန်အနေဖြင့် လက်ရှိတွင် ၎င်းအား အတည်ပြုရန် နည်းလမ်း မရှိပေ။ အဘယ်ကြောင့်ဆိုသော် သူ နောက်တစ်ကြိမ် အပြင်မထွက်ပါက စမ်းသပ်ရန် အတွက် အနီးအနားတွင် မည်သည့်အရာမျှ မရှိသောကြောင့် ဖြစ်သည်။

ညဘက်တွင် မက်ဆေ့ချ် ပို့လိုက် ပြီးနောက် အိမ်နီးနားချင်းများမှာ ထောက်ပံ့ရေးပစ္စည်းများ လာရောက် ထုတ်ယူရန် စနစ်တကျ တန်းစီနေကြသည်။ ပထမဆုံးနေ့တွင် ချန်းရူအာကို အရှက်ခွဲပြီးချိန် ကတည်းမှ ရဲ့ရှင်းချန်သည် သူမအား နောက်ထပ် မတွေ့ရတော့ပေ။

ချန်းရူအာသည် ထက်မြက်သူ တစ်ဦး ဖြစ်သည်။ ရဲ့ရှင်းချန်မှ သူမအား မည်သည့် အရာမှ ပေးလိမ့်မည် မဟုတ်ကြောင်း သူမ သိရှိသွားလောက်ပြီ ဖြစ်သည်။

"သူ အငတ်ဘေးနဲ့ သေသွားပြီလား မသိဘူး"

ရဲ့ရှင်းချန် ပြုံးလိုက်ရင်း ခေါင်းခါလိုက်သည်။ ထောက်ပံ့ရေး ပစ္စည်းများ ဖြန့်ဝေပြီးနောက် ကျန်ရှိသော ပစ္စည်းများအား သိမ်းဆည်းရန် လင်းစစ်ကျားကို သူ အကူအညီ တောင်းလိုက်လေသည်။ ရုတ်တရက် လူနှစ်ဦး ရဲ့ရှင်းချန်ထံသို့ လျှောက်လာခဲ့သည်။

၎င်းတို့မှာ လီချန်နှင့် ဝမ်ဝေတို့ပင် ဖြစ်သည်။ ပထမဆုံးနေ့နှင့် လွန်ခဲ့သော နှစ်ရက်တွင် လူများ တံတိုင်းကျော်ကာ ရပ်ကွက် အတွင်းသို့ ကျူးကျော် ဝင်ရောက်လာစဉ်တွင် သူတို့ နှစ်ဦးလုံးသည် အကျိုးပြုမှုများ ပြုလုပ်ခဲ့ပြီး ဆုကြေးများကိုလည်း ရရှိခဲ့ကြသည်။ သို့သော်လည်း လွန်ခဲ့သော နှစ်ရက် အတွင်းတွင် ရပ်ကွက်မှာ အလွန် ငြိမ်းချမ်းနေခဲ့သည်။ မည်သူမျှ ပြဿနာ လာမရှာခဲ့ကြပေ။

အကယ်၍ မည်သူမျှ သူတို့၏ အသက်အား လာရောက် မစတေးကြပါက သူတို့အနေဖြင့် အကျိုးပြုမှုများ လုပ်ဆောင်ရန် အခွင့်အရေး ရှိတော့မည် မဟုတ်ပေ။

အောင်ပွဲအရသာအား မြည်းစမ်းဖူးသူ တစ်ဦးသည် ဗိုက်မဝသော အစားအစာများကိုသာ ရရှိနေရခြင်း အပေါ် မည်သို့ စိတ်ကျေနပ်နိုင်မည်နည်း။

"အစ်ကိုရဲ့ နေဦး"

ထွက်ခွာတော့မည့် လူများသည် သူတို့၏ လုပ်ဆောင်ချက်များအား မြင်တွေ့ရသောအခါ ခြေလှမ်းများကို ရပ်တန့်လိုက်ကြသည်။

"ဘာဖြစ်လို့လဲ"

ရဲ့ရှင်းချန်မှ မျက်ခုံးပင့်လိုက် ပြီးနောက် လီချန်နှင့် ဝမ်ဝေတို့အား မှတ်မိသွားတော့သည်။ လီချန်နှင့် ဝမ်ဝေတို့သည် တစ်ယောက်ကို တစ်ယောက် တွန်းတိုက်နေကြသည်။ နောက်ဆုံးတွင် လီချန်မှ စိတ်အား တင်းထားလျှက် ရဲ့ရှင်းချန်၏ရှေ့သို့ တစ်လှမ်း တိုးလာခဲ့သည်။

"အစ်ကိုရဲ့ ပြီးခဲ့တဲ့ နှစ်ရက်လုံး ကျွန်တော်တို့ ရပ်ကွက်ကို ဘယ်သူမှ လာမတိုက်ကြဘူး"

"အဲ အဲဒါ သူတို့ လာတိုက်မှာကို ငါတို့က စောင့်နေရမှာလား"

"အကယ်၍ သူတို့က နောက်ပိုင်းမှာ မလာရဲတော့ဘူးဆိုရင် ကျွန်တော်တို့က ဆုကြေးတွေရဖို့ ဘာကို အားကိုးရတော့မှာလဲ"

လီချန် စကားပြောလေလေ သူ၏ မျက်မှောင်မှာ ပို၍ပင် ကြုတ်လာ လေလေ ဖြစ်သည်။ သူသည် အနာဂတ်တွင် နေ့တိုင်း ငတ်မွတ်မနေချင်ချေ။ အခြားမိသားစုများသည် ပို၍ စားရသည်ကိုလည်း သူ မမြင်ချင်ပေ။ သူနှင့် ဝမ်ဝေမှာ ရက်အတော်ကြာ ငတ်မွတ်နေခဲ့ရသည်။ ယခင်တွင် ရရှိခဲ့သော ဆုကြေးများမှာလည်း အချိန်ကြာကြာ မခံခဲ့ချေ။ လူငယ်များမှာ အလွန် စိတ်လှုပ်ရှား လွယ်တတ်ကြသည်။

ရဲ့ရှင်းချန်မှ သူတို့အား ရယ်ချင်ပက်ကျိ ကြည့်လိုက်ရင်းဖြင့် နှစ်ရက်မျှသာ ရှိသေးသော်လည်း တစ်စုံတစ်ယောက်မှာ စိတ်မရှည်နိုင် ဖြစ်နေပြီဟု တွေးလိုက်မိသည်။ သူသည် လက်အား အိတ်ကပ်ထဲသို့ ထည့်လိုက်လျှက် ပြောလိုက်သည်။

"သူတို့ လာတာ မလာတာနဲ့ မင်းတို့ ဆုကြေးရတာ မရတာက ဘာဆိုင်လို့လဲ"

"ရန်သူတစ်ယောက်ကို သတ်ရင် အစားအစာ ငါးပုံ ဆုချမယ်လို့ ငါ ပြောခဲ့တာ ဟုတ်ပါတယ် ဒါပေမဲ့ သူတို့ လာမှာကို အိမ်မှာပဲ ထိုင်စောင့် နေရမယ်လို့တော့ ငါ တစ်ခါမှ မပြောခဲ့ဘူးနော်"

ရဲ့ရှင်းချန် စကားဆုံးသည်နှင့် လီချန်နှင့် ဝမ်ဝေတို့၏ မျက်လုံးများ လင်းလက် သွားခဲ့သည်။

"ကိုယ့်ဘက်ကနေ စပြီး တိုက်ခိုက်လို့ ရတယ်လို့ ဆိုလိုတာလား"

"အကယ်၍ ကျွန်တော်တို့က တခြား နယ်မြေတွေက လူတွေကို သတ်ပြီး သူတို့ရဲ့ ခေါင်းတွေကို ယူလာရင်ကော ဆုကြေးတွေ ရနိုင်မလား"

သူတို့နှစ်ဦးသာမက သူတို့၏နောက်တွင် ရပ်နေသော အခြားသူများပါ စိတ်လှုပ်ရှား သွားခဲ့ကြသည်။ မိမိတို့၏ လက်ထဲတွင် အစားအသောက်များ အလျှံပယ် ရှိနေခြင်း အပေါ် မည်သူမျှ ငြင်းပယ်မည် မဟုတ်ပေ။ အစားအစာ အပို တစ်လုတ်သည် သူတို့အား နောက်ထပ် တစ်ရက် ပိုမို အသက်ရှင်ခွင့် ပေးနိုင်သည် မဟုတ်ပါလော။

သူတို့သည် ဤဆုကြေးကို အလွန်အမင်း လိုအပ်နေကြသည်။ သူတို့သည် လူသတ်ဖူးပြီးသား ဖြစ်သောကြောင့် နောက်ထပ် လူအနည်းငယ်အား သတ်ရခြင်းမှာ သူတို့အတွက် ထူးခြားမည် မဟုတ်တော့ပေ။

အခန်း (၉၁) - လျိုချီလုံ (၁)

ရဲ့ရှင်းချန် ခေတ္တမျှ စဉ်းစားလိုက်မိသည်။ ကျောက်ဟောင် ရရှိထားသော အချက်အလက်များ အရရော လင်းစစ်ကျား ထံမှ ကြားသိခဲ့ရသော အချက်အလက်များ အရပါ ကျန့်ဟွာချမ်းနှင့် သူ၏အဖွဲ့ အပြင် ဟွမ်ထျန်းဖန်နှင့် သူ၏ လက်အောက်ငယ်သားများသာ ကျန်ရှိတော့ပုံရသည်။

"အင်း ငါတို့ သူတို့ အားလုံးကို သတ်ပစ်ဖို့ မလိုပါဘူး ငါတို့ဆီမှာ အညံ့ခံချင်တဲ့သူတွေ ရှိရင်တော့ သူတို့ တကယ် စိတ်ရင်းမှန်လား ဆိုတာကို စမ်းသပ်ရမယ် အကယ်၍ သူတို့က စိတ်ရင်းမှန်တယ်ဆိုရင်တော့ လူတစ်ယောက်ကို ခေါ်လာတိုင်း မင်းတို့ကို ဆုချမယ်"

ရဲ့ရှင်းချန်မှာ လူသတ်ရဲသော မိစ္ဆာတစ်ကောင် မဟုတ်ပေ။ လူသတ်ခြင်းထက် ရဲ့ရှင်းချန်သည် ဖုံးကွယ်နေသော အန္တရာယ်များကို ဖယ်ရှားပြီး သူ၏ အင်အားကို ချဲ့ထွင်လိုခြင်းသာ ဖြစ်သည်။

အကယ်၍ သူသည် ဘေးကင်းလုံခြုံလိုပါက ပိုမို သန်မာလာရန် လိုအပ်ရုံသာမက သူ၏ လက်အောက်ငယ်သားများကိုလည်း ယုံကြည် စိတ်ချနိုင်လောက်သည့် အင်အားလည်း ရှိနေရန် လိုအပ်ပေသည်။ ရဲ့ရှင်းချန်သည် နောက်ကျောအား ဓားဖြင့် အထိုးခံရသည့် ခံစားချက်မျိုးကို နောက်တစ်ကြိမ် မတွေ့ကြုံချင်တော့ချေ။

ထို့အပြင် ထိုဆုကြေးများမှာ မည်သို့မှ မထူးခြားလှပေ။ သူ၏ နေရာလွတ်သည် လုံလောက်အောင် ကျယ်ဝန်းလှပေသည်။ နောက်ပိုင်းတွင် သူ လုယူခဲ့သော အရင်းအမြစ်များပင်လျှင် သူတို့အား ထောက်ပံ့ရန် လုံလောက်ပေသည်။ ထိုပစ္စည်းများမှာ တန်ဖိုး သိပ်မရှိသဖြင့် သူတို့အား ပေးအပ်နိုင်ပေသည်။

"သူတို့ ငါ့အတွက် အလုပ် လုပ်ချင်လားဆိုတာကို ကြည့်ကြတာပေါ့ အကယ်၍ ငါ့ဆီမှာ အညံ့ခံမယ် ဆိုရင်တော့ ငါ သူတို့ တစ်ယောက်ချင်းစီကို မတရား မလုပ်ပါဘူး"

လူသားများမှာ အတ္တကြီး တတ်ကြသော်လည်း စိတ်ဓာတ် ကောင်းမွန်သူများလည်း ရှိကြပေသည်။ ကျောက်ဟောင်နှင့် လင်းစစ်ကျားတို့မှာ ထိုသူများထဲတွင် ပါဝင်လေသည်။

သို့သော်လည်း ဤမျှ နက်ရှိုင်းသော နှင်းများကြားတွင် သူတို့အနေဖြင့် သစ်သားပြားများအား အသုံးပြု၍ တစ်ဆင့်ပြီး တစ်ဆင့် လမ်းမခင်းခဲ့ပါက ဝေးဝေးလံလံ သွားနိုင်ကြမည် မဟုတ်ပေ။

မိမိဘက်မှ စတင် တိုက်ခိုက်ခြင်းနှင့် ပတ်သက်၍မူ အလွန်ဆုံးရှိလှ အနီးနားရှိ ရပ်ကွက် အနည်းငယ်မျှသာ ဖြစ်ပေလိမ့်မည်။ လီချန်နှင့် ဝမ်ဝေတို့သည် ခွင့်ပြုချက် ရရှိပြီးနောက် ကျောအား မတ်လိုက်ကြလေသည်။ အစားအသောက်များ ဖြန့်ဝေခဲ့ကာ ညွှန်ကြားချက်များ ပေးပြီးနောက်တွင် ရဲ့ရှင်းချန်မှ သူတို့အား အိမ်ပြန်ခိုင်းလိုက်တော့သည်။

ထွက်ခွာသွားသော လူအုပ်ကြီး၏ ကျောပြင်အား ကြည့်ရင်း လင်းစစ်ကျားမှာ ရုတ်တရက် အနည်းငယ် ကြောက်လန့် သွားခဲ့မိသည်။ သူမသည် ရှေ့သို့ တစ်လှမ်းတိုးကာ ရဲ့ရှင်းချန်၏ လက်မောင်းကို ဆုပ်ကိုင်လိုက်မိလေသည်။

"ညီမ ဘာလို့လဲ မသိဘူး တစ်ယောက်ယောက်က ညီမတို့ကို အနောက်ကနေ စိုက်ကြည့်နေသလို ခံစားနေရတယ် ကျောတွေတောင် စိမ့်လာပြီ"

ရဲ့ရှင်းချန်သည် လက်အား ဆန့်တန်းလျှက် လင်းစစ်ကျား၏ လက်ဖမိုးအား ညင်သာစွာ ပုတ်ပေးလိုက်ပြီး သူမကို စိတ်မလှုပ်ရှားရန် အချက်ပြလိုက်သည်။ သို့သော်လည်း ကျောက်ဟောင် ဝေးဝေး မရောက်သေးမီမှာပင် ဘေးဘက် မှနေ၍ ကြောက်မက်ဖွယ် ကောင်းသော အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

"ရဲ့ရှင်းချန် မင်း ငါ့မိသားစု အတွက် အသက်နဲ့ လာလျော်လှည့်"

ထိုအသံ ထွက်ပေါ်လာသည် နှင့်တစ်ပြိုင်နက် ရဲ့ရှင်းချန်မှာ အလွန်အမင်း ထိတ်လန့်သွားသဖြင့် တစ်ကိုယ်လုံး တင်းမာသွားခဲ့သည်။ သူသည် လင်းစစ်ကျား၏ လက်မောင်းထဲမှ သူ၏လက်အား အလျင်အမြန် ဆွဲထုတ်လိုက်ပြီး ခါးကြားမှ သေနတ်ကို ဆွဲထုတ်လိုက်တော့သည်။

ထိုအသံမှာ သူတို့နှင့် အလွန် နီးကပ်နေလေသည်။ လူတိုင်း၏ စောင့်ကြည့်မှု အောက်တွင် ဤလူသည် ရဲ့ရှင်းချန် အိမ်အပြင်ဘက်ရှိ စောင့်ကြည့်ရေး ကင်မရာ၏ ကွယ်ရာတွင် မည်သို့ ပုန်းအောင်းနေခဲ့သည်ကို သူတို့ မသိရှိကြချေ။ ရဲ့ရှင်းချန်နှင့် လင်းစစ်ကျားတို့ အိမ်ထဲသို့ ပြန်ဝင်ရန် လှည့်လိုက်ချိန်မှာပင် ထိုလူသည် သွေးများ စွန်းထင်းနေသော သားလှီး ဓားတစ်ချောင်းအား ကိုင်ဆောင်ကာ ရဲ့ရှင်းချန်အား ခုတ်ပိုင်း လိုက်လေတော့သည်။

လင်းစစ်ကျားမှာ ဤရုတ်တရက် ပြောင်းလဲမှုကြောင့် ထိတ်လန့်သွားခဲ့သည်။ သူမသည် အော်ဟစ်လိုက်မိကာ ရဲ့ရှင်းချန်၏ တွန်းထုတ်မှုကိုသာ ခံလိုက်ရသည်။ သားလှီးဓားမှာ လင်းစစ်ကျား၏ ဦးခေါင်းဘေးမှ ဝဲခနဲ ဖြတ်သန်းသွားပြီးနောက် သူမအား ထိလုနီးပါး ဖြစ်သွားခဲ့ရသည်။

ရဲ့ရှင်းချန်မှာ ဆန့်ကျင်ဘက် အရပ်သို့ လဲကျသွားသော်လည်း ဖရိုဖရဲ ဖြစ်နေသော ထိုလူမှာ အလွန် လျင်မြန်စွာ တုံ့ပြန်နိုင်ခဲ့သည်။ သူသည် သားလှီးဓားအား မြှောက်ကာ ရဲ့ရှင်းချန်အား ထပ်မံ ဝှေ့ယမ်း လိုက်ပြန်သည်။

ကံကောင်းထောက်မစွာဖြင့် ရဲ့ရှင်းချန်၏အိမ်သို့ လူများ မကြာခဏ လာရောက် လေ့ရှိသဖြင့် တံခါးဝရှိ နှင်းများမှာ နင်းနယ် ခံထားရပြီးသား ဖြစ်နေခဲ့ခြင်း ဖြစ်သည်။ သို့မဟုတ်ပါက သူသည် နှင်းပုံထဲသို့ လဲကျ သွားပေလိမ့်မည်။

ရှေ့သို့ ဝေးဝေး မရောက်သေးသော ကျောက်ဟောင်သည် လင်းစစ်ကျား၏ အော်သံကို ကြားလိုက်ရသည်။ သူသည် လီအန်းရန်နှင့် ကလေးအား ချက်ချင်းထားခဲ့ကာ လာခဲ့သည့် လမ်းအတိုင်း ပြန်လှည့်လာခဲ့တော့သည်။ သူသည် မနှေးသော်ငြား နှင်းများထဲတွင် အားစိုက် ထုတ်ရန်မှာ အမှန်တကယ်ပင် ခက်ခဲလှပေသည်။

ရဲ့ရှင်းချန်မှာ ဘေးဘက်သို့ လိမ့်သွားပြီးနောက် သူ၏ ပစ္စတိုအား ထုတ်ယူကာ စိတ်ဖောက် ပြန်နေသော ထိုလူအား ချိန်ရွယ်လိုက်တော့သည်။ ထိုအချိန်တွင် ရဲ့ရှင်းချန်သည် စိတ်ပိုင်း ဖြတ်လိုက်ပြီးနောက် ထိုလူအား ပစ်သတ်ရန် ပြင်လိုက်သည်။

မျှော်လင့်မထားဘဲ ထိုလူ ခုတ်ပိုင်းလိုက်ချိန်တွင် ရဲ့ရှင်းချန်၏ အနောက်ဘက်မှ သံတုတ်တစ်ချောင်း ရုတ်တရက် ထွက်ပေါ်လာပြီး သားလှီးဓားဆီသို့ တိုက်ရိုက် ဦးတည်သွားခဲ့သည်။

ပြတ်သားသော 'ဒေါင်' ခနဲ အသံ နှင့်အတူ ကျောက်ဟောင်၏ ပုံရိပ်မှာ ရဲ့ရှင်းချန်၏ အနောက်မှ နေ၍ ပြေးထွက်လာခဲ့သည်။ ရဲ့ရှင်းချန်မှာ ဤအရာအား မြင်လိုက်ရသောအခါ ခေတ္တမျှ ကြောင်အမ်းသွားခဲ့ရသည်။ နောက်တစ်စက္ကန့်တွင် သူ သတိပြန်ဝင်လာပြီး ပစ္စတိုအား မြှောက်လျှက် ဘေးဘက်သို့ ဆုတ်ခွာသွားခဲ့သည်။

ဤအခိုက်အတန့်တွင်မှ ရဲ့ရှင်းချန်သည် ညစ်ပတ် ပေရေနေသော ဤလူမှာ မည်သူမည်ဝါ ဖြစ်ကြောင်း နောက်ဆုံးတွင် မှတ်မိသွားခဲ့သည်။ ၎င်းမှာ အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့သော လျိုချီလုံပင် ဖြစ်နေတော့သည်

သူသည် ကျောက်ဟောင် ပြုစုထားသော စာရင်းထဲတွင် မပါဝင်ချေ။ ရဲ့ရှင်းချန်သည် လွန်ခဲ့သော ရက်အနည်းငယ် အတွင်း အစားအသောက်များ ဖြန့်ဝေစဉ်တွင်လည်း သူ့အား မတွေ့ခဲ့ရသဖြင့် လျိုချီလုံမှာ သေဆုံးသွားပြီဟုသာ သူ တွေးထင်ထားခဲ့ခြင်း ဖြစ်သည်။

ဤလူမှာ ဤမျှအထိ ဇွဲကောင်းကောင်းဖြင့် အသက်ရှင်နေလိမ့်မည်ဟု မည်သူကမှ ထင်မှတ်ထားလိမ့်မည် မဟုတ်ချေ။

ထိုသူမှာ မည်သူ ဖြစ်ကြောင်း မြင်တွေ့လိုက် ရပြီးနောက် ရဲ့ရှင်းချန်မှာ မျက်စိ တစ်မှိတ်အတွင်း သက်ပြင်းချ လိုက်နိုင်တော့သည်။ အခြားရန်သူတစ်ဦး ခိုးကြောင်ခိုးဝှက် ဝင်ရောက်လာခြင်း ဖြစ်မည်ဟု သူ ထင်မှတ်ထားခဲ့သော်လည်း ယခုမူ အသိဟောင်း တစ်ယောက် ဖြစ်နေချေပြီ။

ရဲ့ရှင်းချန်သည် သူ၏ ပစ္စတိုအား ပြန်သိမ်းလိုက်ပြီးနောက် သံပိုက်လုံးတစ်လုံးကို ထုတ်ယူလိုက်တော့သည်။ လျိုချီလုံအား ရင်ဆိုင်ရန် အတွက် သူ၏ တန်ဖိုးရှိသော ကျည်ဆန်များအား ဖြုန်းတီးပစ်ရန် မလိုအပ်ပါချေ။ တုတ်ချက် အနည်းငယ်နှင့်တင် လုံလောက်လှပေသည်။

လျိုချီလုံသည် ကျောက်ဟောင်အား လုံးဝ မယှဉ်နိုင်သော်လည်း သူသည် ရူးသွပ်နေသည့် အလား နေရာအနှံ့သို့ ခုတ်ပိုင်းနေခဲ့သည်။ ကျောက်ဟောင်ပင်လျှင် ဘာလုပ်ရမှန်းမသိ ဖြစ်နေပြီ ဖြစ်ကာ သူ့အား ခုခံကာကွယ်ရုံသာ တတ်နိုင်တော့သည်။

"အစ်ကိုကျောက် သတိထား ငုံ့လိုက်"

ရဲ့ရှင်းချန် စကားဆုံးသည်နှင့် ကျောက်ဟောင်သည် ဘေးဘက်သို့ ရှောင်လိုက်သည့် အပြင် ထို အခိုက်အတန့်အား အခွင့်ကောင်းယူကာ သူ၏ တုတ်ဖြင့် လျိုချီလုံ၏ ဗိုက်အား တွန်းလိုက်လေသည်။

လျိုချီလုံမှာ အသံထွက်ကာ ညည်းတွားလိုက်ရတော့သည်။ သူသည် ရဲ့ရှင်းချန်၏ တွန်းလိုက်မှုကြောင့် အနည်းငယ် ယိုင်နဲ့ သွားခဲ့သည်။ သူသည် နောက်ပြန် လဲကျသွားပြီး နာကျင်မှုကြောင့် သူ၏လက်ထဲမှ သားလှီးဓားအား ဆက်လက် မဆုပ်ကိုင်နိုင်တော့ချေ။

ကျောက်ဟောင်၏ တုံ့ပြန်မှုမှာလည်း အလွန် လျင်မြန်လှပေသည်။ သူသည် ခြေထောက်အား ဆန့်ထုတ်ကာ လျိုချီလုံ၏ ညစ်ပတ်နေသော သားလှီးဓားကို အဝေးသို့ ကန်ထုတ်လိုက်တော့သည်။

ရဲ့ရှင်းချန်သည် သံတုတ်အား မြှောက်ကာ လျိုချီလုံ၏ ပုခုံးပေါ်သို့ ရိုက်ချလိုက်လေသည်။ ‘ဂွပ်' ခနဲ အသံတစ်ခု ထွက်ပေါ်လာပြီး နောက် လျိုချီလုံ၏ ဝက်အော်သံ ကဲ့သို့သော အော်သံကြီး ထွက်ပေါ်လာခဲ့တော့သည်။ အရိုးကျိုးသွားသည့် အသံမှာ အလွန် ရှင်းလင်းနေပြီး လျိုချီလုံ၏ တစ်ကိုယ်လုံးမှာ အလွန်အမင်း နာကျင်နေသဖြင့် နှင်းပုံထဲတွင် လူးလှိမ့်နေခဲ့သည်။ သို့သော်လည်း ကျောက်ဟောင်၏ ခြေထောက်မှာ သူ၏ ရင်ဘတ်ပေါ်သို့ နင်းထားပြီး သူ့အား ရပ်တန့်စေခဲ့သည်။

"မင်း မင်း သေရင်တောင် မကောင်းတဲ့ သေခြင်းနဲ့ သေရမှာ ငါ ငါ မင်းကို သတ်ဦးမှာ ငါ့မိသားစုရဲ့ အသက်အတွက် လက်စားချေမှာ"

ရဲ့ရှင်းချန်က ထပ်မံ ရိုက်နှက်လိုက်လေရာ လျိုချီလုံ၏ လက်မောင်း နှစ်ဖက်လုံး အဆစ်ပြုတ်သွားခဲ့ရတော့သည်။ သူ၏ အနောက်တွင်မူ လင်းစစ်ကျားမှာ အလွန်အမင်း ထိတ်လန့်သွားသဖြင့် မျက်နှာမှာ ဖြူဖျော့နေခဲ့သည်။ သူမသည် နံရံအား အမှီပြုကာ မြေပြင်ပေါ်တွင် ထိုင်ချလိုက်ပြီးနောက် အသက်အား ပြင်းပြင်းရှူ နေခဲ့ရသည်။ သူမ၏ မျက်လုံးများမှာ မြေပြင်ပေါ်တွင် လဲလျောင်းနေသော ထိုလူဆီသို့ စိုက်ကြည့်နေခဲ့သည်။

"အဲ ဒါက ဘာတွေဖြစ်နေတာလဲ"

လင်းစစ်ကျားသည် နံရံအား အမှီပြုကာ မတ်တပ်ရပ် လိုက်သော်လည်း သူမ၏ ခြေထောက်များမှာ တုန်ယင်နေခဲ့သည်။ သူမသည် အလွန်အမင်း ကြောက်လန့်နေလေသည်။ သူမသည် ရဲ့ရှင်းချန်၏ အနားဆီသို့ တုန်တုန်ရင်ရင်ဖြင့် လျှောက်သွားခဲ့သည်။ ယခုအချိန်တွင် ရဲ့ရှင်းချန်၏ ဘေးတွင် ရပ်နေမှသာလျှင် သူမအနေဖြင့် စိတ်အေးနိုင်မည် ဖြစ်သည်။

"ညီမ သူ့ကို မှတ်မိသေးလား သူက လျိုချီလုံလေ ညီမ အရင်က သူ့သားရဲ့ ဒဏ်ရာကို ပတ်တီးစည်းပေးခဲ့ဖူးတယ် မဟုတ်လား"

ရဲ့ရှင်းချန်သည် မြေပြင်ပေါ်တွင် လဲလျောင်းနေသော လျိုချီလုံအား အေးစက်စွာ စိုက်ကြည့်လိုက်တော့သည်။ လျိုချီလုံမှာ မြေပြင်ပေါ်တွင် လဲလျောင်း နေဆဲဖြစ်ကာ အကျယ်ကြီး အော်ဟစ်နေခဲ့သည်။

"ရဲ့ရှင်းချန် မင်း သေသင့်တယ် မင်း သေသင့်တယ် မင်း တကယ်ကို သေသင့်တယ်"

ရဲ့ရှင်းချန်သည် အနည်းနှင့်အများ စိတ်မရှည်နိုင် ဖြစ်လာခဲ့သည်။ လျိုချီလုံမှ သူ သေသင့်ကြောင်း ထပ်ခါတလဲလဲ ပြောနေသည်ကို သူ နားထောင်နေရင်း စဉ်းစားကြည့်လိုက်လေရာ သူသည် လျိုချီလုံ အပေါ် မည်သည့် မကောင်းမှုမျှ မလုပ်ခဲ့ဖူးကြောင်း တွေးမိလေသည်။

"ပြောစမ်းပါဦး မင်း ဘာလို့ ငါ့ကို သတ်ချင်ရတာလဲ"

ရဲ့ရှင်းချန်သည် လင်းစစ်ကျားအား ဆွဲကာ နောက်ထပ် တစ်လှမ်း တိုးသွားခဲ့သည်။ သူသည် လက်အား မြှောက်လျှက် လျိုချီလုံ၏ ခြေထောက်ကို ချိုးပစ်လိုက်တော့သည်။ ဤမျှ အေးစက်သော ရာသီဥတုတွင် လူ့ခန္ဓာကိုယ်မှာ အမှန်တကယ်ပင် အလွန် ထိခိုက်လွယ်လှပေသည်။

နာကျင်စွာ အော်ဟစ်သံမှာ နောက်တစ်ကြိမ် ထွက်ပေါ် လာခဲ့ပြန်သည်။ လျိုချီလုံသည် ရဲ့ရှင်းချန်အား ခွေးရူးတစ်ကောင်ကဲ့သို့ စိုက်ကြည့်နေခဲ့သည်။

"မင်းမှာ စားစရာတွေ အများကြီး ရှိနေတာကို ဘာလို့ ငါ့ကို နည်းနည်းမှ မပေးရတာလဲ မင်းမှာ ဆေးတွေ အများကြီး ရှိနေတာကို ဘာလို့ ငါ့ကို မပေးတာလဲ"

(**တရားရစရာ အလကားနေရင်း ဘာကိစ္စ ပေးရမှာတုန်း အံ့ပါရဲ့ **)

All Chapters