← Chapters

အခန်း (၁၆၂-၁၆၃)

Vol. 11 Ch. 162-163

အခန်း (၁၆၂-၁၆၃)

Vol. 11 Ch. 162-163

အခန်း ၁၆၂ ။ တောနက်ထဲမှ ဆေးမြစ်ဟောင်းများ

လီရှောင်ချီ၏အခြေအနေ တစ်မျိုးဖြစ်နေသည်ကို လင်းယန် သတိထားမိလိုက်သည်။ သူမ၏ မျက်လုံးများက ငေးမှိုင်နေပြီး အတွေးများက အဝေးသို့ ရောက်နေဟန်ရှိသည်။ ဤသည်မှာ သူမ၏ ထုံးစံနှင့် မကိုက်ညီလှသဖြင့် လင်းယန်မှာ ကြောင်သွားရသည်။

"မမရှောင်ချီ... တစ်ခုခု ဖြစ်လို့လား"

"မမရှောင်ချီ?"

အကြိမ်ကြိမ် ခေါ်လိုက်မှ လီရှောင်ချီမှာ သတိဝင်လာပြီး မျက်နှာလေး နီမြန်းကာ ရှက်ကိုးရှက်ကန်းနှင့် ခေါင်းငုံ့သွားတော့သည်။ သူမသည် လင်းယန်ကို မည်သို့ ရင်ဆိုင်ရမည်မှန်း မသိတော့ပေ။

လင်းယန်၏အခြေအနေကို ကြည့်ပြီး ရှောင်ဝူက သက်ပြင်းချလိုက်သည်။ "ကိုကိုကတော့ တကယ်ပဲ အူကြောင်ကြောင်နိုင်တာပဲ"

ရှောင်ဝူသည် အသက်မကြီးသော်လည်း ထက်မြက်သူဖြစ်သဖြင့် ဤကိစ္စများကို ရိပ်မိသည်။ လီရှောင်ချီ၏ စိတ်နေစိတ်ထားကို သူမ အသိဆုံးဖြစ်သည်။ သူမသည် လီရှောင်ချီကို အမြဲတမ်း တိုက်တွန်းခဲ့သော်လည်း နောက်ဆုံးတွင်မူ လီရှောင်ချီမှာ နောက်ဆုတ်မိစမြဲဖြစ်သည်။

ဤသို့ဖြင့် အတန်ငယ် စိတ်မသက်မသာ ဖြစ်စရာ ကောင်းသော အခြေအနေမှာ ကြာရှည်မခံလိုက်ပေ။ လီရှောင်ချီ၏ ရိုက်ကူးရေးအဖွဲ့သားများလည်း ရှိနေကြသည် မဟုတ်လား။

"မမရှောင်ချီအတွက်တော့ သူက အသင့်တော်ဆုံးပဲ"

"လင်းယန်က မမရဲ့ စိတ်ကူးထဲက လက်တွဲဖော်ပဲလေ"

"သူတို့ နှစ်ယောက်လုံးက ကျေးလက်ဘဝကို နှစ်သက်ကြတာဆိုတော့ အတူတူ နေရင် သိပ်ကို အဆင်ပြေမှာပဲ။ ဒါပေမဲ့ သူ့အနားမှာ မိန်းကလေးတွေ အများကြီး ရှိနေတာကတော့ စိတ်မကောင်းစရာပဲ"

အဖွဲ့သားများမှာလည်း မတတ်သာသလို ခံစားနေကြရသည်။ မကြာမီမှာပင် လီရှောင်ချီသည် ပုံမှန် အခြေအနေသို့ ပြန်ရောက်လာခဲ့သည်။ ဤပြတိုက်ထဲတွင် လူသိပ်မရှိသော်လည်း စကားပြောရန် အတန်ငယ် အခက်အခဲ ရှိသည်။

"ရပါတယ်... ရှင့်အပေါ် အမြင်မကြည်အောင် မလုပ်မိရင် ရပါပြီ"

လင်းယန်ကမူ ထိုကိစ္စကို ဂရုမစိုက်ပေ။ "ဒီအရာတွေကို အဘိုးစူးတို့က ကျွန်တော့်ထက်တောင် ပိုပြီး တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားတာပါ။ အရေးကြီးတဲ့ အရာတွေဆိုရင် သူတို့ ကြိုတင် ကာကွယ်ထားပြီးသားပဲ"

လင်းယန် ဤနေရာတွင် စိုက်ပျိုးထားသည်မှာ ဧက တစ်ရာခန့်သာ ရှိသော်လည်း လုံခြုံရေးမှာမူ ထိတ်လန့်စရာ ကောင်းလောက်အောင် တင်းကျပ်လှသည်။ ထို့နောက် သူတို့ နှစ်ဦးသည် ပြတိုက်ထဲတွင် လှည့်လည်ကြည့်ရှုကြသည်။ စိုက်ပျိုးရေး ယဉ်ကျေးမှု ပြတိုက်မှာ အလွန် ကြီးမားပြီး ပြကွက်များစွာ ရှိသည်။ သို့သော် ယနေ့ခေတ်တွင် စိုက်ပျိုးရေးကို စိတ်ဝင်စားသူ ဘယ်လောက်များရှိမှာလဲ။

စိုက်ပျိုးရေးလုပ်ရသည်မှာ ပင်ပန်းသဖြင့် မည်သူမှ မလုပ်ချင်ကြပေ။ သို့သော် ယဉ်ကျေးမှု ပြတိုက်ထဲတွင် လမ်းလျှောက်ကြည့်သည့်အခါ ရှေးဟောင်း ယဉ်ကျေးမှုများ မည်မျှ တောက်ပခဲ့သည်ကို မြင်တွေ့ရပြီး အံ့သြရပြန်သည်။ ရှေးဟောင်း ပစ္စည်းများ၏ နည်းပညာမှာ ယနေ့ခေတ် လူများကိုပင် အံ့သြစေနိုင်လောက်အောင် ကောင်းမွန်လှသည်။

"တကယ့် လက်မှုပညာရှင်တွေက အံ့မခန်း အရာတွေကို ဖန်တီးနိုင်ကြတာပဲ။ ဥပမာ... ငါတို့ နိုင်ငံရဲ့ အဆင့်မြင့် လက်နက်တွေ၊ ဂြိုဟ်တု အစိတ်အပိုင်းတွေ ဆိုရင် လက်မှု ပညာရှင်တွေက လက်နဲ့ သေချာ ပွတ်တိုက်ပြီး ဖန်တီးထားကြတာလေ"

လီရှောင်ချီကလည်း လင်းယန် ပြောသည်ကို ထောက်ခံသည်။ "ရှေးလူကြီးတွေက ငယ်ငယ်ကတည်းက ပညာရပ် တစ်ခုကိုပဲ တစ်သက်လုံး လေ့လာလာကြတာဆိုတော့ သူတို့ရဲ့ ပညာက ပြောင်မြောက်လှတယ်။ အချို့ ရှေးဟောင်း ပစ္စည်းတွေဆိုရင် အခုခေတ် နည်းပညာတွေနဲ့တောင် အတုမလုပ်နိုင်ကြသေးဘူး"

လီရှောင်ချီမှာ လင်းယန်ထက်ပင် ပို၍ သိရှိနေဟန် ရှိသည်။ "ကျွန်မ ဗီဒီယိုတွေ ရိုက်ဖို့အတွက် ရှေးဟောင်း စာပေတွေကို အများကြီး ဖတ်ဖူးတယ်။ သိလေလေ ပိုပြီး အံ့သြရလေလေပဲ။ အချို့က ခေတ်သစ် ယဉ်ကျေးမှုကို ဥရောပကနေ စတင်ခဲ့တယ်လို့ ထင်ကြပေမဲ့၊ အနောက်နိုင်ငံက ပညာရှင် အချို့က ကျွန်မတို့ရဲ့ ချင်မင်းဆက်ကို ခေတ်သစ်ယဉ်ကျေးမှုရဲ့ အစလို့ သတ်မှတ်ကြတယ်"

"ဥပဒေတွေက ပြည့်စုံတယ်၊ လူနေမှု ဘဝတွေက စနစ်ကျတယ်။ ချင်ခေတ်က လက်နက်တွေရဲ့ အတိုင်းအတာတွေက မီလီမီတာ အဆင့်အထိ တိကျသလို၊ အစိတ်အပိုင်းတွေကိုလည်း အစုလိုက်အပြုံလိုက် ထုတ်လုပ်နိုင်ခဲ့ကြတယ်"

လင်းယန်မှာ ကြားရသည်မှာ အံ့သြစရာ ကောင်းလှသည်။ သမိုင်းက အဖိုးတန်အရာများစွာ ချန်ထားခဲ့သော်လည်း စစ်မက်များကြောင့် ပျက်စီးခဲ့ရသည်က ပိုများလှသည်။ တည်ဆောက်ရန် မျိုးဆက်ပေါင်းများစွာ ကြာသော်လည်း ဖျက်ဆီးရန်မှာမူ တစ်ခဏသာ လိုအပ်သည်။

သူတို့ နှစ်ဦးမှာ စကားပြောရင်း လမ်းလျှောက်နေကြရာ ရိုက်ကူးရေး လုပ်ရန်ပင် မေ့သွားကြတော့သည်။ လီရှောင်ချီ၏အဖွဲ့သားများလည်း ပြန်သွားကြပြီ ဖြစ်သဖြင့် သူတို့ နှစ်ဦးတည်း သီးသန့် အချိန် ရရှိနေကြသည်။ ရှောင်ဝူသည်လည်း ဝူယာမြင်းလေးကို စီးကာ မည်သည့်နေရာသို့ ရောက်သွားသည် မသိပေ။

သူတို့ နှစ်ဦးသည် ရှေးဟောင်း သမိုင်းမှသည် စိုက်ပျိုးရေး၊ အင်တာနက် အသုံးပြုမှုနှင့် ရှောင်ဝူ၏ ပညာရေးအထိ စုံလင်စွာ ပြောဆိုခဲ့ကြသည်။ အချိန်များ ကုန်လွန်သွားသည်ကိုပင် သတိမထားမိကြဘဲ မှောင်လာတော့သည်။ လင်းယန်သည် လီရှောင်ချီနှင့် အတူရှိရသည်မှာ အလွန် သက်သောင့်သက်သာ ရှိသည်ဟု ခံစားရသည်။ သူမသည် နူးညံ့ပြီး သိတတ်သော အစ်မကြီးတစ်ဦးဖြစ်သည်။

"ညစာကို ကျွန်မဆီမှာပဲ စားမလား" လီရှောင်ချီက ဖိတ်ခေါ်လိုက်သည်။

လင်းယန်၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။ "နောက်ဆုံးတော့ မမရှောင်ချီ လက်ရာကို မြည်းစမ်းခွင့် ရပြီပေါ့" သူမ၏ ဗီဒီယိုထဲတွင် ချက်ပြုတ်ထားသည်များကို မြင်ရရုံနှင့်ပင် စားချင်စဖွယ် ကောင်းလှသည် မဟုတ်လား။

"ရိုးရိုး ဟင်းတွေပါပဲ၊ ရှင် ထင်သလောက်တော့ အရသာ မရှိနိုင်ဘူးနော်"

သူတို့ နှစ်ဦးသည် ပြတိုက်ထဲမှ ထွက်လာခဲ့ကြသည်။ အမှန်တကယ်တွင် ဤပြတိုက်ကို တစ်ရက်တည်းနှင့် အကုန် ကြည့်၍ မရနိုင်ပေ။ အနည်းဆုံး နှစ်ရက်ခန့် အချိန်ယူရမည် ဖြစ်သည်။

"ညဘက် ချင်းရှန်းရွာက နည်းနည်း အန္တရာယ်ရှိတယ်၊ အပြင်မထွက်တာ အကောင်းဆုံးပဲ" လင်းယန်က သတိပေးလိုက်သည်။ "အခု ကင်းလှည့်နေကြတယ် ဆိုပေမဲ့ တောရိုင်း တိရစ္ဆာန်တွေက အများကြီးပဲ။ ညဘက်မှာ ဆိုရင် တိရစ္ဆာန်တွေ အနားရောက်လာတာကိုတောင် သတိထားမိဖို့ ခက်တယ်"

ဤသည်မှာ ချင်းရှန်းရွာ၏ နှစ်ပေါင်းများစွာ စောင့်ထိန်းလာသော စည်းကမ်းပင် ဖြစ်သည်။ နေ့ဘက်တွင် လူသားတို့၏ကမ္ဘာဖြစ်သော်လည်း ညဘက်တွင်မူ သားရဲတိရစ္ဆာန်တို့၏ ကမ္ဘာ ဖြစ်သွားတတ်သည်။

လီရှောင်ချီသည် လင်းယန်၏ လက်မောင်းကို မသိမသာ ဆုပ်ကိုင်လိုက်သည်။ "ကျွန်မ တောထဲကို ဗီဒီယို သွားရိုက်တုန်းက တောဆေးမြစ်တွေ အများကြီး တွေ့ခဲ့တယ်။ အဲဒီ ဆေးမြစ်တွေကို တစ်ခါမှ မတူးကြဘူးလား၊ တချို့ဆို တန်ဖိုး အရမ်း ကြီးမှာပဲနော်"

လင်းယန်က ခေါင်းခါလိုက်သည်။ ချင်းရှန်းရွာ ပတ်ဝန်းကျင်ရှိ ဂေဟစနစ်မှာ အလွန်ရှေးကျလှသဖြင့် ဆေးမြစ်များမှာ နှစ်ပေါင်း ရာနှင့်ချီ၍ သက်တမ်း ရှိနေကြသည်။ သို့သော် ၎င်းတို့ကို တူးဖော်ရန် ခွင့်မပြုပေ။

"ရွာသားတွေ ဒဏ်ရာရတာ ဒါမှမဟုတ် စားစရာမရှိတော့တာမျိုး မဟုတ်ရင် မတူးကြပါဘူး။ တောထဲက ဆေးမြစ်တွေကို အရေးမကြီးရင် မတူးတာ အကောင်းဆုံးပဲ"

***

စူပါ-ဖမ်း(SFS)

SFS 163

အခန်း ၁၆၃ ။ ဆေးမြစ်များ

ချင်းရှန်းရွာသည် တောနက်ထဲတွင် တည်ရှိပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲလှသဖြင့် နှစ်ပေါင်း ရာနှင့်ချီ၍ ပြင်ပကမ္ဘာနှင့် အဆက်ပြတ်နေခဲ့သည်။ တောနက်ထဲတွင် နေ့လယ်ဘက် နေပူနေချိန်မှာပင် သစ်ပင်ကြီးများ ဖုံးအုပ်ထားသဖြင့် နေရောင်ခြည် လုံးဝ မရရှိနိုင်သော နေရာများစွာ ရှိသည်။ ထို့ကြောင့် တောထဲသို့ သွားသူများမှာ ဘေးအန္တရာယ်နှင့် ကြုံတွေ့ရလေ့ရှိသည်။

"အရင်ကတော့ တောထဲကို ဆေးမြစ်ရှာ သွားတဲ့သူတွေ ရှိတယ်။ အဲဒီမှာ သဘာဝအတိုင်း ပေါက်နေတဲ့ ဆေးမြစ်တွေက သက်တမ်း ရာကျော်၊ ထောင်ကျော် ရှိတာတွေတောင် ရှိတယ်။ အပြင်လူတွေက အဲဒီ ဆေးမြစ်ဟောင်းတွေကို အရမ်း ကြိုက်ကြတယ်"

"ဒါပေမဲ့ အန္တရာယ် အရမ်းများလွန်းတယ်။ အသက်နဲ့တောင် လဲရနိုင်တယ်လေ" လင်းယန်က ခေါင်းခါလိုက်သည်။ ဆေးမြစ်ဟောင်းများမှာ ရှာဖွေရန် ခက်ခဲလှသည်။ ချင်းရှန်းရွာ သမိုင်းတွင် ဆေးဆရာများစွာ ရှိခဲ့သဖြင့် ဆေးပညာများမှာလည်း ရှေးယခင်ကတည်းက လက်ဆင့်ကမ်းလာခဲ့ကြခြင်း ဖြစ်သည်။ ယခု တောထဲတွင် ကျန်ရှိနေသော ဆေးမြစ် အများစုမှာ သက်တမ်း သိပ်မကြီးကြတော့ပေ။

လီရှောင်ချီက ချက်ချင်း သဘောပေါက်သွားသည်။ "အခုခေတ် စိုက်ပျိုးထားတဲ့ ဆေးမြစ်တွေက စရိတ် သက်သာပြီး စီမံရတာ ပိုလွယ်တာကိုး။ ဒါပေမဲ့ ခေတ်သစ် စိုက်ပျိုးနည်းတွေက တရုတ်တိုင်းရင်းဆေးရဲ့ အနှစ်သာရကို ပျောက်ဆုံးစေတယ်"

"ကျွန်မ တရုတ်ဆေးဆရာကြီး တစ်ယောက်ကို မေးဖူးတယ်၊ ဘာလို့ ဆေးစက်ရုံတွေက ထုတ်တဲ့ ဆေးတွေကို မသုံးတာလဲဆိုတော့ သူက ပြောပြတယ်။ ဆေးအမည်က အတူတူပဲ၊ ပုံစံကလည်း အတူတူပဲ၊ ဒါပေမဲ့ လက်တွေ့ သုံးကြည့်တဲ့အခါမှာတော့ ဆေးအာနိသင် လုံးဝ မရှိတော့ဘူးတဲ့။ ဒါကြောင့် သူတို့က ကိုယ်တိုင် ရှာထားတဲ့ ဆေးမြစ်တွေကိုပဲ သုံးကြတာ"

လင်းယန် ဤအချက်ကို နားလည်ပါသည်။ အပင်တစ်မျိုးတည်းပင် ဖြစ်စေကာမူ ပတ်ဝန်းကျင် မတူညီပါက အာနိသင်လည်း ကွဲပြားသွားတတ်သည်။ ရာသီဥတု၊ ရေ၊ မြေဆီလွှာ အားလုံးက ဆေးအာနိသင်အပေါ် သက်ရောက်မှု ကြီးမားလှသည်။ ခေတ်သစ် စိုက်ပျိုးရေးတွင် အထွက်နှုန်းကိုသာ အဓိကထားပြီး ပိုးသတ်ဆေးများ အသုံးပြုကြသဖြင့် ဆေးဖော်စပ်ရာတွင် အာနိသင်မရှိတော့ခြင်း ဖြစ်သည်။

"ရှေးဟောင်းအစဉ်အလာတွေ အများကြီး ပျောက်ဆုံးကုန်ကြပြီ" လင်းယန်နှင့် လီရှောင်ချီတို့ စကားပြော၍ ကောင်းနေကြသည်။ ရှေးခေတ်က အတွေ့အကြုံနှင့် ဉာဏ်ပညာများကို ယနေ့ခေတ် နည်းပညာများဖြင့် အလွယ်တကူ ကျော်တက်နိုင်ခြင်း မရှိပေ။

ယနေ့ခေတ်၏ အားသာချက်မှာ အစုလိုက်အပြုံလိုက် ထုတ်လုပ်နိုင်ခြင်း ဖြစ်သော်လည်း အရည်အသွေးပိုင်းတွင်မူ အားနည်းချက်များ ရှိနေသည်။ ဥပမာ... ယခုခေတ် အိမ်များမှာ နှစ်ပေါင်း ငါးဆယ်ခန့်သာ ခံသော်လည်း ချင်းရှန်းရွာရှိ အိမ်များမှာ နှစ်ပေါင်း လေးငါးရာ သက်တမ်း ရှိနေပြီ ဖြစ်သည်။

"သဘာဝအတိုင်း ပေါက်ဖွားလာတဲ့ အရာတွေကသာ အဖိုးတန်ဆုံးပဲ" လင်းယန်က သက်ပြင်းချလိုက်သည်။ ချင်းရှန်းရွာ ပတ်ဝန်းကျင်ရှိ တောင်တန်းကြီးများမှာ ရတနာများ ပြည့်နှက်နေသော တောင်များ ဖြစ်သော်လည်း သူတို့ မဖျက်ဆီးလိုကြပေ။ ရွာသားများ အလွန်အမင်း ခက်ခဲမှသာ တောထဲက အရာများကို ထုတ်ယူသုံးစွဲကြခြင်း ဖြစ်သည်။ ဤသည်မှာလည်း သဘာဝနှင့် မျှတစွာ နေထိုင်တတ်သော ရွာသားတို့၏ ဉာဏ်ပညာပင် ဖြစ်သည်။

လီရှောင်ချီမှာ လင်းယန်၏ စကားကို ကြားပြီးနောက် အလွန် အားကျနေမိသည်။ "ကျွန်မကလည်း ဒီလို အေးချမ်းတဲ့ ဘဝမျိုးကို အမြဲမျှော်လင့်ခဲ့တာပါ။ ဒါပေမဲ့ ပရိသတ်တွေ ရောက်လာတဲ့အခါမှာတော့ အရာအားလုံးက ပျက်စီးကုန်တာပဲ။ ဒီနေရာလေး တစ်ခုပဲ တကယ်ကို ထူးခြားနေတာ"

မှောင်လာသဖြင့် သူတို့ နှစ်ဦး ပိုမို နီးကပ်စွာ လမ်းလျှောက်နေကြသည်။ ရာသီဥတုက အေးလာသဖြင့် လီရှောင်ချီမှာ ဗီဒီယို ရိုက်ရန်အတွက် အင်္ကျီပါးပါးလေးသာ ဝတ်ထားရာ ချမ်းလာဟန်ရှိသည်။ သို့သော် လင်းယန်၏ရှေ့တွင်မူ သူမက အအေးဒဏ်ကို အောင့်ခံထားသည်။

"ဒီနေရာကို ပထမဆုံး မြင်ကတည်းက ကျွန်မ အရမ်း သဘောကျသွားတာ။ အစကတော့ ဒီနေရာလေးက ပြင်ပကမ္ဘာနဲ့ အဆက်ပြတ်နေရင် ပိုကောင်းမယ်လို့ ထင်ခဲ့ပေမဲ့၊ ရွာသားတွေနဲ့ စကားပြောကြည့်မှသာ အဆက်ပြတ်နေခြင်းကလည်း အလွန် ခက်ခဲကြောင်း သိရတယ်။ ဒီရွာမှာ စစ်သားတွေ ရှိနေလို့သာ ဒီလို အေးချမ်းမှုကို ထိန်းသိမ်းနိုင်တာ"

"ကျွန်မ ဒီရွာမှာ တစ်သက်လုံး နေချင်စိတ် ပေါက်လာတယ်၊ ဒီနေရာက ကျွန်မရဲ့စိတ်ကို အေးချမ်းစေတဲ့ နေရာအနည်းငယ်ထဲက တစ်ခုပဲ" သူမက လမ်းလျှောက်နေရင်း ရပ်လိုက်ကာ လင်းယန်၏ မျက်နှာကို သေသေချာချာ ကြည့်လိုက်သည်။

လင်းယန်က ခေါင်းငုံ့ကြည့်လိုက်ရာ လီရှောင်ချီ၏ကိုယ်ငွေ့ကို ခံစားလိုက်ရသည်။ သူတို့ နှစ်ဦးမှာ အလွန် နီးကပ်နေကြပြီဖြစ်သည်။

"သဘောကျတယ်ဆိုရင် ဒီမှာပဲ တစ်သက်လုံး နေလို့ ရပါတယ်"

"ကျွန်မက လောဘကြီးတယ်နော်" လီရှောင်ချီက လင်းယန်၏ခါးကို ဖက်တွယ်လိုက်ကာ သူ၏ ပခုံးပေါ်သို့ မှီလိုက်သည်။ ချမ်းနေသဖြင့် နွေးထွေးမှုကို ရှာဖွေနေခြင်းလည်း ဖြစ်ပေလိမ့်မည်။ သို့သော် မှောင်မိုက်သော ညတွင် ဤသို့ နီးကပ်နေခြင်းမှာ...

လင်းယန်၏ နှလုံးသားထဲတွင် မီးများ တောက်လောင်လာသည်။ သူ၏ အပြုအမူများကလည်း ပိုမို ရဲတင်းလာခဲ့သည်။ သူတို့ နှစ်ဦးမှာ အအေးဒဏ်ကိုပင် မေ့သွားကြတော့သည်။

သို့သော်... အဝေးမှ လက်နှိပ်ဓာတ်မီး အလင်းရောင်များ ထွက်ပေါ်လာသဖြင့် သူတို့ နှစ်ဦး သတိဝင်လာခဲ့သည်။ ကင်းလှည့်နေသော စစ်သားများဖြစ်သည်။

လင်းယန်မှာ အလွန်ပင် စိတ်ပျက်သွားရသည်။

"နောက်ဆို ဒီမှာ ဘာမှ မစိုက်တော့ဘူးလို့ ကျိန်ဆိုလိုက်တယ်!"

"လူတွေရဲ့ အခွင့်အရေးကို နှောင့်ယှက်နေတာပဲ!"

***

All Chapters