← Chapters

အခန်း (၁၆၄-၁၆၅)

Vol. 11 Ch. 164-165

အခန်း (၁၆၄-၁၆၅)

Vol. 11 Ch. 164-165

အခန်း ၁၆၄ ။ စစ်သားများ၏ ကြည်ညိုလေးစားမှု

ညမှောင်ရီစပြုနေပြီဖြစ်ရာ လမ်းဘေးဝဲယာရှိ သစ်ပင်ကြီးများမှာ နှစ်ဦးသား၏ ပုံရိပ်ကို လုံးဝ မဖုံးကွယ်နိုင်တော့ပေ။

အဘိုးစူး လွှတ်လိုက်သော ဤစစ်သားများမှာ တာဝန်ကျေပွန်လွန်းလှသည်။ လီရှောင်ချီမှာ သိသိသာသာ ပျာယာခတ်သွားပြီး ခေါင်းငုံ့ကာ ဘာလုပ်ရမှန်းမသိ ဖြစ်နေတော့သည်။ လင်းယန်မှာမူ အတော်လေး စိတ်ပျက်သွားရ၏။ ယခင်က ရွာတွင် လူနည်းစဉ်က ခြောက်ကပ်သည်ဟု ထင်ခဲ့သော်လည်း ယခု လူများလာသည့်အခါတွင်လည်း... ပြဿနာမှာ ထူးမခြားနားပင်။ ညဘက်မှာပင် အေးအေးဆေးဆေး မနေရတော့ပေ။

"အလေးပြု!"

စစ်သားသုံးဦးမှာ လင်းယန်ကို မြင်သည်နှင့် မတ်မတ်ရပ်ကာ အလေးပြုလိုက်ကြသည်။ လင်းယန်တွင် စစ်ဘက်ရာထူး မရှိသော်လည်း သူ၏အဆင့်အတန်းမှာ ထူးခြားကြောင်း သူတို့ သိရှိကြသည်။ မည်သူမျှ ပေါ့ပေါ့ဆဆ မဆက်ဆံဝံ့ပေ။ သူတို့ ဤနေရာသို့ လာရခြင်းမှာ လင်းယန်ကို ကာကွယ်ရန် ဖြစ်သည်။ ထို့အပြင် လင်းယန်ကို ကြည့်သော သူတို့၏ အကြည့်များမှာ ကြည်ညိုလေးစားမှုများဖြင့် ပြည့်နှက်နေသည်။

"အစီရင်ခံပါတယ်၊ ကျွန်တော်တို့ တောင်ကင်းလှည့်နေတာပါ။ ပရော်ဖက်ဆာလင်း ညွှန်ကြားချက်တစ်ခုခုများ ရှိပါသလား"

"မင်းတို့ ဆက်လုပ်ကြပါ"

"ဟုတ်ကဲ့ပါ!"

ထိုသုံးဦးမှာ လင်းယန်၏ဘေးမှ ဖြတ်သွားကြစဉ် လီရှောင်ချီကို မမြင်သယောင်ဆောင်ကာ နှုတ်ဆိတ်သွားကြသည်။ ထိုအခါမှ နှစ်ဦးသား သက်ပြင်းချနိုင်တော့သည်။

"သူတို့က ရှင့်အပေါ် တကယ်ကို လေးစားကြတာပဲနော်"

လင်းယန်က ပြုံးလိုက်သည်။ "ဒီစစ်သားတွေကမှ တကယ် လေးစားဖို့ ကောင်းတဲ့သူတွေပါ"

ကြာကြာ ထိတွေ့ဆက်ဆံလာရသည့်အခါ ဤလူများမှာ အမှန်တကယ်ပင် ချစ်စရာကောင်းကြောင်း လင်းယန် တွေ့ရှိလာရသည်။ စစ်သားများတွင် လက်ဆင့်ကမ်းလာသော စိတ်ဓာတ်ခိုင်မာမှုများ ရှိကြသည်။ နိုင်ငံကို ကာကွယ်ရန်၊ ပြည်သူကို စောင့်ရှောက်ရန်ဆိုလျှင် နောက်မတွန့်ကြပေ။ အချို့အချိန်များတွင် လင်းယန်ပင် သူတို့ကြောင့် စိတ်လှုပ်ရှားမိသည်။ မိမိမှာ ချင်းရှန်းရွာထဲတွင်သာ အေးအေးဆေးဆေး ခိုအောင်းနေခြင်းမှာ မသင့်တော်လေသလားဟု တွေးမိသည်။ သူ့ခန္ဓာကိုယ် ကြံ့ခိုင်မှုဖြင့်ဆိုလျှင် အတော်ဆုံး အထူးတပ်ဖွဲ့ဝင်ပင် သူ့ကို မယှဉ်နိုင်ပေ။

သို့သော် ပြဿနာမှာ ယခုခေတ်သည် ရှေးခေတ်ကဲ့သို့ လယ်သမားက စစ်တိုက်ရသည့် ခေတ်မဟုတ်ပေ။ လင်းယန်အတွက် စစ်တိုက်ရန် အခွင့်အရေး မရှိသလောက်ပင်။ သူ မသိသည်မှာ ထွက်ခွာသွားသော စစ်သားသုံးဦးမှာ ကင်းလှည့်ရင်း သူ့ကို အလွန်ပင် ချီးမွမ်းနေကြခြင်းဖြစ်သည်။

"ပရော်ဖက်ဆာလင်းကမှ တကယ့် လူတော်အစစ်ပဲ"

"စစ်တိုက်တယ်ဆိုတာ ရိက္ခာရှိမှ ဖြစ်တာလေ။ ပရော်ဖက်ဆာလင်းက ငါတို့ကို ထမင်းကျွေးနိုင်တဲ့သူပဲ"

"အရင်က ငါ လောင်ယွမ်ကိုပဲ ကြည်ညိုတာ၊ ဒါပေမဲ့ ပရော်ဖက်ဆာလင်းအကြောင်း သိပြီးတဲ့နောက်မှာတော့ သူ့ကိုလည်း ကြည်ညိုသွားပြီ။ အရင်က ငါ့အဖေက ငါ့ကို အစားကြီးတယ်ဆိုပြီး စစ်တပ်ထဲ ပို့လိုက်တာ။ အခု ပရော်ဖက်ဆာလင်းရှိလာတော့ ပြည်သူတွေ ပိုချမ်းသာလာမယ်၊ ငါတို့ ရိက္ခာတွေလည်း ပိုပြည့်စုံလာတော့မှာ"

စစ်သားများမှာ ဤအချက်ကို ကောင်းစွာ သိရှိကြသည်။ သေနတ်၊ ကျည်ဆန် မရှိလျှင်ပင် စိတ်ဓာတ်ဖြင့် ဓားကိုင်ကာ ရှေ့တန်းတက်ရဲသော်လည်း ရိက္ခာမရှိလျှင်မူ... မည်မျှ တော်သူဖြစ်ပါစေ ငတ်သေပေလိမ့်မည်။

"ကြားတာတော့ ပရော်ဖက်ဆာလင်းက စိုက်ပျိုးရေးတင် မကဘူး၊ ခွန်အားကလည်း ကြောက်စရာကြီးတဲ့"

"အထူးတပ်ဖွဲ့ဝင် အတော်ဆုံး သုံးယောက် ပေါင်းရင်တောင် ပရော်ဖက်ဆာလင်းကို မနိုင်ဘူးလို့ အကြီးအကဲရဲ့ သက်တော်စောင့်တွေက ပြောတယ်။ ခွန်အားက အရမ်းကြီးလို့ ကျားနဲ့ သစ်ကုလားအုတ်ကိုတောင် လက်ဗလာနဲ့ သတ်နိုင်သတဲ့။ ရှေးခေတ်ကဆိုရင်တော့ ခွန်အားကြီးတဲ့ ချူဘုရင်လို လူမျိုးပေါ့၊ အနှိုင်းမဲ့ပဲ"

"ပရော်ဖက်ဆာလင်း လက်စွမ်းပြတာကို ဘယ်တော့ မြင်ရမလဲ မသိဘူး"

စစ်သားများမှာ အလွန် မျှော်လင့်နေကြသည်။ လင်းယန်ကို ကြည့်လျှင် သိမ်သိမ်မွေ့မွေ့ရှိသော ပရော်ဖက်ဆာတစ်ဦးဟု ထင်ရသဖြင့် ကာကွယ်ပေးရန် လိုအပ်သည်ဟု ယူဆနေကြသော်လည်း အကယ်၍ သူ အင်္ကျီချွတ်လိုက်လျှင် ထွက်ပေါ်လာမည့် ကြွက်သားများမှာ သူတို့ထက်ပင် ပို၍ ကြောက်စရာကောင်းကြောင်း သူတို့ မသိကြပေ။ ဤသည်မှာ စစ်တပ်အတွင်းရှိ လူတော်များအတွက်လည်း အလွန်ပင် စိတ်ဝင်စားစရာ ကောင်းနေသည်။

သို့သော် ယခုအချိန်အထိ ထိုသို့သော အခွင့်အရေး မရှိသေးပေ။

….

လင်းယန်မှာ လီရှောင်ချီ၏ အိမ်ဝင်းထဲတွင် ညစာ စားနေလေသည်။ စားပွဲပေါ်ရှိ ဟင်းလျာများကို ကြည့်ကာ လင်းယန်မှာ သွားရည်ကျမတတ် ဖြစ်နေရသည်။ အလွန်ပင် စုံလင်လှသည်။ စားပွဲအပြည့် ပြင်ဆင်ထားသော ဟင်းတိုင်းမှာ စားချင်စဖွယ် ကောင်းလှသဖြင့် လင်းရှောင်ဝူပင် မအောင့်နိုင်တော့ပေ။

လီရှောင်ချီ၏မျက်လုံးများတွင် အပြုံးများဖြင့် ပြည့်နှက်နေပြီး သူမက ရှင်းပြသည်။ "တကယ်တော့ ခေတ်ပေါ် ဟင်းခတ်မှုန့်တွေ မပါဘဲ သဘာဝအရသာအတိုင်း ဟင်းကို အရသာရှိအောင် ချက်ဖို့ဆိုတာ ခက်တယ်။ ဒါပေမဲ့ ဒီကို ရောက်လာတဲ့အခါ ဟင်းသီးဟင်းရွက်တွေက လတ်ဆတ်ပြီး အရသာရှိနေတော့ ဟင်းခတ်မှုန့်အတွက် ပူစရာ မလိုတော့ဘူး။ နောက်ပြီး ဗီဒီယိုရိုက်တဲ့အခါမှာတော့ အမြင်လှဖို့အတွက် အစားအစာ အများစုက တစ်ဝက်တစ်ပျက်ပဲ ကျက်တာမျိုးတွေ ရှိတတ်တယ်၊ အဲဒါဆိုရင် စားလို့ သိပ်မကောင်းဘူး"

လင်းယန် ခေါင်းငြိမ့်လိုက်သည်။ လင်းရှောင်ဝူကလည်း ထိုအကြောင်းကို ပြောပြဖူးသည်။ လင်းရှောင်ဝူ ချက်သော ဟင်းမှာ အမြင်မလှသော်လည်း အရသာမှာမူ အလွန်ကောင်းမွန်လှသည်။ ကံကောင်းသည်မှာ ယခု ဟင်းလျာများမှာ ရိုက်ကူးရေးအတွက် မဟုတ်သဖြင့် အရသာ အလွန်ကောင်းလှသည်။ လီရှောင်ချီမှာ ဘာရှူ (စိချွမ်း) ဒေသသူ ဖြစ်သဖြင့် အစပ်အရသာ ကဲလှသည်။ လင်းယန်မှာမူ အလွန်ပင် အားရပါးရ စားနေတော့သည်။

သူ၏ ခွန်အားများမှာ ထိတ်လန့်ဖွယ် ကောင်းလောက်အောင် ကြီးမားလာသဖြင့် စားနိုင်သည့် ပမာဏမှာလည်း သိသိသာသာ တိုးလာခဲ့သည်။ သာမန်လူ ၅ ယောက်၊ ၆ ယောက်စာကို တစ်ဦးတည်း ကုန်အောင် စားနိုင်သည်။ အကယ်၍ သူသာ စိုက်ပျိုးရေးသမား မဟုတ်လျှင် မိမိကိုယ်မိမိ ကျွေးမွေးနိုင်ရန်ပင် ခဲယဉ်းပေလိမ့်မည်။ စားပွဲပေါ်ရှိ ဟင်းလျာများကို သူသည် ဟင်းရည်ပင် မကျန်အောင် စားပစ်လိုက်သည်။

"စားလို့ အရမ်းကောင်းတယ်!"

လီရှောင်ချီမှာ အံ့သြသွားပြီး "နောက်ထပ် ဟင်းနည်းနည်းလောက် ထပ်ချက်ပေးရမလား" ဟု မေးသည်။

လင်းယန်က အလျင်အမြန် လက်ကာပြကာ "အခုတော့ တကယ် ဗိုက်ပြည့်သွားပြီ" ဟု ဆိုသော်လည်း လီရှောင်ချီမှာ တွန့်ဆုတ်မနေဘဲ နောက်ထပ် ဟင်း ၄ မျိုးကို ခဏအတွင်းမှာပင် ထပ်မံ ပြင်ဆင်ပေးလိုက်ပြန်သည်။ ထိုဟင်းများလည်း မကြာမီမှာပင် ပြောင်သလင်းခါသွားတော့သည်။

"တကယ် ထပ်မစားနိုင်တော့ဘူး"

လင်းယန်မှာ ဗိုက်ကယ်လာသဖြင့် လီရှောင်ချီ ကိုယ်တိုင်လုပ်ထားသော မက်မွန်အရက်လေးဖြင့် အစာကြေအောင် သောက်လိုက်သည်။ သူမ၏ အိမ်ဝင်းထဲတွင် အိုးအင်ခွက်ဖလားများစွာ ရှိပြီး ထိုထဲတွင် အစားအစာများကို အချဉ်တည်ထားသလို အရက်နှင့် အချိုရည်များကိုလည်း ကိုယ်တိုင် ဖော်စပ်ထားခြင်း ဖြစ်သည်။ အနှစ်ချုပ်ရလျှင် လင်းယန်မှာ ဤညစာကို အလွန်ပင် ကျေနပ်စွာ စားသုံးခဲ့ရသည်။ အဝေးမှ ဖားအော်သံနှင့် ပုစဉ်းရင်ကွဲ အော်သံများကို နားထောင်ရင်း ဤသည်မှာမှ ဘဝဟု ခံစားလိုက်ရသည်။

"ရှင် ကြိုက်တယ်ဆိုရင် နောက်ကိုလည်း ခဏခဏ လာခဲ့ပါဦး" လီရှောင်ချီက ဖိတ်ခေါ်လိုက်သည်။

လင်းယန်က ပြုံးလိုက်သည်။ သူသည် လီရှောင်ချီ၏ ဆိုလိုရင်းကို နားလည်ပါသည်။ အသက်အရွယ် အနည်းငယ်ကွာသော်လည်း ဤအစ်မကြီးမှာ အမှန်တကယ်ပင် သိတတ်လွန်းလှသည်။ ထို့ပြင် ဤကဲ့သို့ ရင့်ကျက်သော ဆွဲဆောင်မှုမျိုးကို မည်သည့် အမျိုးသားမှ မလွန်ဆန်နိုင်ပေ။

"လာမှာပေါ့၊ ဒါပေမဲ့ အခုတော့ မှောင်လှပြီဆိုတော့ ပြန်ဦးမယ်"

ဗိုက်ပြည့်အောင် စားပြီး စကားအနည်းငယ် ပြောပြီးနောက် လင်းယန်မှာ ရှောင်ဝူကို ချီကာ အိမ်ပြန်ရန် ပြင်လိုက်သည်။ ဤကလေးမလေးမှာ စောစောအိပ် စောစောထသည့် အလေ့အကျင့်ရှိရာ ယခုအခါ စားပွဲပေါ်တွင် မှောက်ကာ အိပ်ပျော်နေလေပြီ။ လင်းယန် ချီလိုက်သည့်အခါ သူမက သူ့ပခုံးပေါ်တွင် ခေါင်းတင်ကာ ဆက်လက် အိပ်ပျော်နေပြီး ပါးစပ်လေးမှာ ဖောင်းနေကာ သွားရည်လေးများပင် လင်းယန်၏ ပခုံးပေါ်သို့ ကျနေလေသည်။ ဤပုံစံကို ကြည့်ကာ လီရှောင်ချီမှာ အသည်းယားသွားရသည်။

"သူ့ကို အားတဲ့အခါ ဒီကို ခေါ်လာပါဦး၊ ညဘက် ဒီမှာ အိပ်ရင်လည်း ရတာပဲ" လီရှောင်ချီမှာ လင်းရှောင်ဝူကို အမှန်တကယ် ချစ်ခင်လှသည်။ သူမတို့ နှစ်ဦးမှာ စိတ်ချင်း တူကြသည်ဟု ခံစားရသည်။ သို့မဟုတ် ရှောင်ဝူသည် သူမ စိတ်ကူးထဲရှိ ရှေးခေတ် မိန်းကလေးငယ်လေးများ၏ ပုံစံနှင့် ပိုတူနေခြင်းကြောင့်လည်း ဖြစ်ပေလိမ့်မည်။ သူမသည် မည်မျှပင် ပြင်ဆင်ပါစေ၊ ရှေးခေတ်အနုပညာကို မြတ်နိုးသော ခေတ်လူသားတစ်ဦးသာ ဖြစ်သော်လည်း လင်းရှောင်ဝူမှာမူ တောတောင်ထဲတွင် ကြီးပြင်းလာသဖြင့် ရှေးလူကြီးတို့၏ အငွေ့အသက်များ ပါရှိနေခြင်းဖြစ်သည်။

ထိုအချက်ကြောင့်ပင် လင်းရှောင်ဝူသည် သူမ၏ ဗီဒီယိုများတွင် ပါဝင်လာသည့်အခါ ပရိသတ်များစွာက ချစ်ခင်နှစ်သက်ကြခြင်း ဖြစ်သည်။ လူအများက လီရှောင်ချီ၏ ဗီဒီယိုမှာ နတ်ဘုံနတ်နန်းဆန်လွန်းပြီး အစစ်အမှန် မဟုတ်ဟု ဆိုကြသော်လည်း လင်းရှောင်ဝူ ပါဝင်လာသည့်အခါတွင်မူ ပို၍ အသက်ဝင်လာခဲ့သည်။ ရှောင်ဝူ၏ ချစ်စရာကောင်းသော ပုံစံက လူတိုင်း၏ နှလုံးသားကို ဖမ်းစားနိုင်ခဲ့သည်။

"ချင်းရှန်းရွာက ငါ ထင်ထားတာထက်တောင် ပိုပြီးတော့ လျှို့ဝှက်ချက်တွေ ရှိနေပါလား"

***

စူပါ-ဖမ်း(SFS)

SFS 165

အခန်း ၁၆၅ ။ သုံးရက်မျှ ခွဲခွာရပြီးနောက်

လီရှောင်ချီ ဤနေရာသို့ လာရခြင်းမှာ လင်းယန်ကြောင့်ဖြစ်သည်။ ချင်းရှန်းရွာကို သူမ အများကြီး အာရုံမစိုက်ခဲ့ပေ။ ဤနေရာသည် လေကောင်းလေသန့် ရရှိပြီး ရှုခင်းလှပသဖြင့် ဗီဒီယိုရိုက်ရန်သာမက နေထိုင်ရန်ပါ သင့်တော်သည်ဟု သူမ ယူဆခဲ့သည်။ ထို့ကြောင့် သူမ ဤနေရာသို့ လာခဲ့ခြင်း ဖြစ်သည်။ သို့သော် ရွာရှိ ကျောင်းနှင့် စစ်သားများအကြောင်းကိုမူ သူမ အများကြီး မသိရှိခဲ့သလို လင်းယန်၏ အရေးပါမှုကိုလည်း ဤမျှအထိ မထင်ထားခဲ့ပေ။

"ငါက သူ့ကို မီဒီယာလောကက လူတစ်ယောက်လို့ပဲ ထင်ခဲ့တာ၊ တကယ်တော့ သူက ပညာရှင် တစ်ယောက် ဖြစ်နေတာပဲ" လီရှောင်ချီ ကိုယ်တိုင်ပင် မယုံနိုင်အောင် ဖြစ်နေမိသည်။ ယနေ့ခေတ် လူ့အဖွဲ့အစည်းတွင် လယ်စိုက်ခြင်းနှင့် ပညာရှင် ဖြစ်ခြင်းမှာ ဒွန်တွဲနေရန် ခဲယဉ်းလှသည် မဟုတ်လား။

အိမ်ဝင်းလေး တိတ်ဆိတ်သွားသည့်အခါ လီရှောင်ချီ၏ စိတ်ထဲတွင် ဟာတာတာ ဖြစ်သွားသည်။ မှောင်မိုက်သော သစ်ပင်အောက်တွင် လင်းယန်နှင့် ဖြစ်ပျက်ခဲ့သည့် ကိစ္စကို သတိရကာ ပါးလေးများ နီမြန်းသွားရသည်။ သူမ၏ နှလုံးသားမှာ လှုပ်ခတ်လာပြီး... ခြင်ကိုက်သဖြင့် ခြင်ဆေးခွေ ထွန်းရန် သတိရသွားတော့သည်။

(စာရေးသူက ပိုပြီး ရဲရဲတင်းတင်း ရေးချင်ပေမဲ့ အခန်းပေါင်းများစွာ အပိတ်ခံထားရလို့ပါ)

….

နေထွက် နေဝင်နှင့် ရက်များ ကုန်လွန်သွားသည်။ လင်းယန်မှာ အေးအေးဆေးဆေးရှိနေသည်ဟု ထင်ရသော်လည်း သူ အမှန်တကယ် မအားလပ်ပေ။ နေ့စဉ် အလေ့အကျင့်အတိုင်း လယ်ကွင်းထဲသို့ သွားရောက် စစ်ဆေးလေ့ရှိသည်။ ကျောင်းသားများ၊ စစ်သားများနှင့် နှုတ်ဆက်သည့်အခါတိုင်း သူတို့က သူ့ကို ကြည်ညိုလေးစားစွာ ကြည့်ကြသည်။ လူများစွာက သူ၏ အောင်မြင်မှုကို သူတို့၏ ဘဝရည်မှန်းချက်အဖြစ် သတ်မှတ်ထားကြသည်။

သို့သော် လင်းယန်မှာမူ သူသည် စနစ်ကို အဓိက အားကိုးနေရခြင်းဖြစ်ကြောင်း သိရှိထားသည်။ အကယ်၍ စနစ် မရှိတော့လျှင်ပင် သူသည် အဆင်ပြေစွာ နေထိုင်နိုင်သော်လည်း ယခုအခါတွင်မူ သူသည် တာဝန်များစွာကို ပခုံးပေါ်တွင် ထမ်းထားရလေပြီ။ ရှေးဦး သုတေသန ပညာရှင်များ၏ စိတ်ဓာတ်နှင့် မျိုးဆက်သစ် စိုက်ပျိုးရေး ပညာရှင်များ၏ လမ်းပြအဖြစ် သူသည် ရှေ့သို့ ဆက်လက် လျှောက်လှမ်းနေရသည်။

"နာမည်ကြီးလွန်းတာကလည်း တစ်ခါတလေကျရင် မကောင်းဘူးပဲ" လင်းယန်က ခေါင်းခါလိုက်သည်။ သူသည် အားပြိုင်မှုများကို မနှစ်သက်သလို လူအများကို စိတ်လှုပ်ရှားစေမည့် စကားများကိုလည်း ပြောလေ့မရှိပေ။ သူ့အတွက်မူ ဤအလုပ်များမှာ ပင်ပန်းသော်လည်း မိမိ၏ တာဝန်သာ ဖြစ်သည်။ လယ်သမားတစ်ဦးသည် မိမိ၏ လယ်ကွင်းကိုသာ အာရုံစိုက်သင့်သည် မဟုတ်လား။

"လူအချို့က ငါ့ကို သိပ္ပံပညာရှင်၊ လမ်းပြခေါင်းဆောင်လို့ သတ်မှတ်ကြပေမဲ့၊ တကယ်တော့ ငါက သာမန် လယ်သမားတစ်ယောက်နဲ့ ဘာမှ မကွာပါဘူး"

သူသည် ကျောင်းသားများ ပြောလေ့ရှိသည့် ငါးဆားနယ်ခြောက်လိုနေခြင်း အကြောင်းကိုလည်း စိတ်မဝင်စားပေ။ အချို့လူများက တိုးတက်ရန် မျှော်လင့်ချက်မရှိသဖြင့် ပင်ပင်ပန်းပန်း မလုပ်တော့ဘဲ ဘဝကို အေးအေးဆေးဆေး ဖြတ်သန်းလိုကြသည်။ သို့သော် လင်းယန်တွင်မူ ထိုသို့ လုပ်ပိုင်ခွင့် မရှိပေ။ သူ အလုပ်မလုပ်လျှင် မိသားစုတစ်ခုလုံးကို ကျွေးမွေးနိုင်မည် မဟုတ်ပေ။

တံခါးပိတ်ကာ မိမိ၏ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းရသည်မှာ အကောင်းဆုံးပင်။

"တောင်ပေါ်က စပျစ်နွယ်ပင်တွေကို ဝူယင်းတို့ ယူသွားပြီး စိုက်ပျိုးနေကြပြီ ထင်တယ်" လင်းယန်က တောင်အောက်သို့ ဆင်းသွားသော ကားများကို ကြည့်ကာ သက်ပြင်းချလိုက်သည်။ ထိုစပျစ်နွယ်ပင်များမှာ စနစ်ထဲတွင် ကြိုတင် ပျိုးထောင်ထားခြင်း ဖြစ်သည်။ ချင်းရှန်းရွာထဲတွင် စိုက်ပျိုးပါက လူအများ သတိပြုမိနိုင်သော်လည်း တောနက်ထဲတွင်မူ မည်သူမှ မသိနိုင်ပေ။ လင်းယန်သည် စပျစ်နွယ်ပင် အနည်းငယ်ကို တောထဲတွင် သွားစိုက်ထားခဲ့ခြင်း ဖြစ်သည်။

"ဘယ်သူမဆို မေးလာရင်တော့ တောထဲက ရှာတွေ့တဲ့ စပျစ်မျိုးစိတ်သစ်လို့ပဲ ပြောလိုက်မယ်" သူသည် ဆင်ခြေကိုပင် ကြိုတင် စဉ်းစားထားသည်။ သို့သော် မည်သူမှ သူ့ကို မေးမည် မဟုတ်ပေ။ စိုက်ပျိုးရေးလောကက စိတ်ဝင်စားလျှင်ပင် ကျန်းနန်စိုက်ပျိုးရေးတက္ကသိုလ်က ပရော်ဖက်ဆာကြီးများက ဖြေရှင်းပေးပါလိမ့်မည်။ သတင်းမီဒီယာများ လာရောက်လျှင်မူ အချိန်ကုန် လူပင်ပန်း ဖြစ်ပေလိမ့်မည်။

"အခုတော့ လိုအပ်တဲ့ အရာတွေ အကုန် ပြည့်စုံနေပြီဆိုတော့ ငါ ကျေနပ်ပါတယ်" တောင်ပေါ်ရှိ စမ်းချောင်းလေး ဘေးတွင် ထိုင်ရင်း ကြီးထွားလာသော မက်မွန်ပင်များကို ကြည့်ကာ လင်းယန် ပျော်ရွှင်နေမိသည်။ အပင်များ ရှင်သန်နှုန်းမှာ အလွန် မြင့်မားလှသည်။ ကွက်လပ်ဖြစ်နေသော နေရာများတွင်လည်း အပင်သစ်များ ပြန်လည် စိုက်ပျိုးထားပြီး ဖြစ်သည်။

ကတုံးချန်တို့အဖွဲ့မှာ တောင်ပေါ်တွင် ကင်းလှည့်နေကြပြီး အဝတ်အစား စုတ်စုတ်ပြတ်ပြတ် ဝတ်ဆင်ထားသော်လည်း သူတို့၏ ပုံစံမှာ နယ်မြေစောင့်နေသော လူမိုက်ကြီးများကဲ့သို့ပင်။ ၎င်းမှာ သူ၏ ခေါင်းပြောင် ပုံစံကြောင့်လည်း ပါဝင်ပေလိမ့်မည်။ သူသည် လင်းယန်ကို မြင်သည်နှင့် ပြေးလာကာ စီးကရက် ကမ်းလှမ်းလိုက်သည်။

"ကောင်လေးလင်း... ဘယ်လိုဖြစ်လို့ ဒီကို ရောက်လာတာလဲ"

လင်းယန်က စီးကရက်ကို ကြည့်လိုက်သည်။ "ဟက်... ဈေးပေါတဲ့ စီးကရက်ပဲ သောက်တော့တာလား၊ အရင်ကတော့ ဈေးကြီးတာတွေပဲ သောက်တာ မဟုတ်လား"

ကတုံးချန်က ရယ်မောလိုက်သည်။ "သောက်စရာရှိရင် ရပါပြီ၊ အကုန် အတူတူပါပဲ။"

"ဘယ်လိုလဲ၊ အရင်လို လူမိုက်ဂိုဏ်းချုပ်မဖြစ်ရတာ နောင်တရနေလား"

ကတုံးချန်က မြေပြင်ပေါ်တွင် ထိုင်ချလိုက်သည်။ "နောင်တ မရပါဘူး၊ အဲဒီလို ခေတ်က ကုန်သွားပါပြီ။ ငါက အဲဒီလို လူမျိုး မဟုတ်ပါဘူး၊ အဲဒီ နေရာက ငါ ထင်သလောက်လည်း မခန့်ညားပါဘူး။ အခုလို လယ်ထဲမှာ နေရတာကမှ ပိုပြီး သက်သောင့်သက်သာ ရှိတာ"

ကတုံးချန်၏ အတွေးအခေါ် ပြောင်းလဲသွားသည်ကို လင်းယန် အံ့သြသွားသည်။ အချိန်က လူတစ်ယောက်ကို ပြောင်းလဲစေနိုင်သည် မဟုတ်လား။ အနည်းဆုံးတော့ ယခင်က လူမိုက်များမှာ ယခုအခါ လိမ္မာယဉ်ကျေးနေကြပြီ ဖြစ်သည်။

"မင်းတို့မှာလည်း ငွေတွေရှိနေပြီဆိုတော့ အပြင်ထွက်ပြီး တစ်ခုခု လုပ်ဖို့ မစဉ်းစားဘူးလား"

ယခင်က သူတို့သည် ကောင်းကင်မြေခွေးအဖွဲ့တွင် သူလျှိုလုပ်စဉ်က ငွေများစွာ ရရှိခဲ့ကြသည်။ လင်းယန်က အများစုကို ယူထားသော်လည်း ကျန်ရှိသော ငွေများမှာ သူတို့၏ နောင်လာနောက်သားများအထိ အေးဆေး စားလောက်သည်။ သို့သော် သူတို့သည် ဤရွာတွင်သာ ဆက်နေလိုကြပြီး ငွေကိုလည်း သုံးစွဲခြင်း မရှိကြပေ။

"အစ်ကိုလင်း... ကျွန်တော်တို့က မင်းနဲ့ပဲ တစ်သက်လုံး အတူနေချင်တာပါ။ ကျွန်တော်တို့မှာ ငွေရှိပေမဲ့ ဘယ်မှာ သုံးရမလဲ မသိဘူး။ ဒါကြောင့် ရွာထဲမှာ အိမ်ဝယ်ပြီး အခြေချဖို့ တိုင်ပင်နေကြတာ။ အဲဒီငွေတွေနဲ့ မိန်းမ ယူဖို့လည်း စဉ်းစားနေတယ်"

"ဒါက ကောင်းတဲ့ ကိစ္စပဲလေ၊ စိတ်ဝင်စားတဲ့သူ ရှိလို့လား။ တက္ကသိုလ်ကျောင်းသူတွေလား"

ကတုံးချန်က ခေါင်းကုပ်လိုက်ရင်း ရှက်ကိုးရှက်ကန်း ပြောသည်။ "သူတို့က ကျွန်တော်တို့ကို အထင်ကြီးမှာ မဟုတ်ပါဘူး။ အခု ကျွန်တော်တို့ရဲ့ အကြီးဆုံး ပြဿနာက လူကြိုက်များနေတာပဲ"

"အပြင်က မိန်းကလေး အများကြီးက ကျွန်တော်တို့ကို လက်ထပ်ချင်နေကြတယ်။ ဒါပေမဲ့ ကျွန်တော်တို့ သိပါတယ်၊ သူတို့က ကျွန်တော်တို့ဆီ လာတာ မဟုတ်ဘူး၊ မင်းကိုရှာဖို့ လာတာ။ အဲဒီ မိန်းကလေးတွေကလည်း ဒီတောတောင်ထဲမှာ နေနိုင်ကြမှာ မဟုတ်ပါဘူး"

လင်းယန် ခေါင်းငြိမ့်လိုက်သည်။ ကတုံးချန်မှာ အမှန်တကယ် ရင့်ကျက်လာခဲ့ပြီဖြစ်သည်။ ချင်းရှန်းရွာသည် ချမ်းသာကြွယ်ဝသော်လည်း မြို့ပြသားများအတွက်မူ ကျေးလက်ကို အထင်သေးကြဆဲ ဖြစ်သည်။ အသုံးအဆောင်များ မည်မျှပင် ပြည့်စုံပါစေ၊ အစားအစာ မည်မျှပင် ဘေးကင်းပါစေ၊ မိန်းကလေးများမှာ ကျေးလက်သို့ မလာချင်ကြပေ။ သူတို့သည် မြို့ကြီးများတွင် ပင်ပင်ပန်းပန်း ရုန်းကန်ရသည်ကို ပို၍ နှစ်သက်ကြသည်။

ကတုံးချန်တို့ကို လက်ထပ်ချင်နေသူများမှာမူ တစ်စုံတစ်ရာသော ရည်ရွယ်ချက်ရှိနေကြခြင်း ဖြစ်ပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ချင်းရှန်းရွာသို့ ဝင်ရောက်ရန်မှာ အလွန် ခက်ခဲလှသောကြောင့် ဖြစ်သည်။ ခက်ခဲလေလေ လူတို့၏ စိတ်ဝင်စားမှုကို ရရှိလေလေ မဟုတ်လား။

***

All Chapters