← Chapters

အခန်း (၁၇၂-၁၇၃)

Vol. 11 Ch. 172-173

အခန်း (၁၇၂-၁၇၃)

Vol. 11 Ch. 172-173

အခန်း ၁၇၂ ။ ဖက်ထားလို့ ရမလား

လန်ဟန့်ဟန့်မှာ ရင်ခုန်သံများ မြန်လာပြီး အသက်ရှူပင် မှားမတတ် ဖြစ်သွားရသည်။ သူမ၏ရှေ့တွင် လင်းယန် ရပ်နေသည်မှလွဲ၍ အခြားအရာအားလုံးမှာ အရောင်မှိန်သွားသကဲ့သို့ပင်။ သူမ၏ဦးနှောက်မှာ ဗလာဖြစ်သွားပြီး ဘယ်နေရာ ရောက်နေသနည်းဆိုသည်ကိုပင် မေ့သွားတော့သည်။

လင်းယန်မှာလည်း ဤချစ်စရာကောင်းသော မိန်းကလေးကို မြင်ရသဖြင့် အံ့သြသွားသည်။ စက်မှုအင်ဂျင်နီယာ မေဂျာတွင် မိန်းကလေး ဤမျှ များပြားနေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ အထူးသဖြင့် ရှေ့မှ Lolita ဝတ်စုံဝတ်ထားသော မိန်းကလေးမှာ အလွန်ပင် ထင်ရှားနေသည်။ သူမ၏ မျက်နှာတွင် စက်ဆီများ ပေကျံနေသလို၊ သူမ၏ နောက်ကွယ်ရှိ စက်ရုပ်လက်တံမှာလည်း လှုပ်ရှားနေဆဲ ဖြစ်သည်။

"မင်း တကယ် တော်တာပဲ" လင်းယန်က ထိုကလေးမလေး၏ ပခုံးကို ပုတ်ကာ သတိပြန်ဝင်လာအောင် လုပ်လိုက်သည်။

လန်ဟန့်ဟန့်မှာ ပါးလေးများ ချက်ချင်း နီမြန်းသွားပြီး ခေါင်းငုံ့သွားတော့သည်။ "ကျွန်... ကျွန်မ..." သူမသည် စကားပင် ထစ်နေတော့သည်။ မိမိ၏ စံပြပုဂ္ဂိုလ်နှင့် ဤကဲ့သို့ တွေ့ရလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။

လင်းယန်သည် သူမကို ဖိအားမပေးလိုသဖြင့် စက်ရုပ်လက်တံကိုသာ အာရုံစိုက်လိုက်သည်။ ဤစက်ရုပ်လက်တံမှာ အလွန် သွက်လက်လှပြီး လူသား၏ လက်မောင်းနှင့် မခြားနားလှပေ။ ခေတ်သစ် နည်းပညာအရ ကုမ္ပဏီများစွာက ဤကဲ့သို့ ပြုလုပ်နိုင်သော်လည်း၊ ဤမျှလောက် သေးငယ်ပြီး တိကျလှပသော လက်တံမျိုးမှာမူ ရှားပါးလှသည်။

"စနစ်ကပေးတဲ့ ပုံစံထုတ်လုပ်မှုက တကယ်ပဲ မဆိုးဘူးပဲ" လင်းယန်သည် အာရုံကြော ထိန်းချုပ် ဦးထုပ်ကို ဆောင်းလိုက်ရာ၊ သူ့ဦးနှောက်မှ ပေးပို့သော အချက်ပြချက်များအတိုင်း စက်ရုပ်လက်တံမှာ လှုပ်ရှားလာခဲ့သည်။ ဤနည်းပညာမှာ ရှိနေသည်မှာ ကြာပြီဖြစ်သော်လည်း ယခု လက်တံမှာမူ သူ၏ ကိုယ်ပိုင် လက်တံကဲ့သို့ပင် အလွန် သဘာဝကျလှသည်။ ထွက်ပေါ်လာသော အသံမှာလည်း အလွန် တိုးလှသည်။

လင်းယန် အလွန် ကျေနပ်သွားပြီး စိတ်အေးသွားပြီဖြစ်သော လန်ဟန့်ဟန့်ကို ကြည့်ကာ "မင်း တကယ့်ကို အကျိုးပြုလိုက်တာပဲ" ဟု ချီးမွမ်းလိုက်သည်။ လန်ဟန့်ဟန့်၏ ပါးလေးမှာ ပို၍ပင် နီမြန်းသွားရသည်။ "ဒါက... ပုံစံထုတ်ထားတာက ပြည့်စုံလို့ပါ" သူမအတွက်မူ ပုံစံအတိုင်း လုပ်ဆောင်ရခြင်းမှာ မခက်ခဲလှပေ။

"ဒီလက်တံရဲ့ အလေးချိန်ကလည်း သိပ်မလေးဘူးနော်"

လန်ဟန့်ဟန့်က အလျင်အမြန် ရှင်းပြသည်။ "အများစုကို စက်မှုပလတ်စတစ်နဲ့ လုပ်ထားတာပါ၊ ခိုင်ခံ့မှု ရှိပါတယ်။ အရေးကြီးတဲ့ နေရာတွေကိုတော့ အလူမီနီယံ သတ္တုစပ်ကို သုံးထားပါတယ်"

လင်းယန် အလွန် ဝမ်းသာမိသည်။ ဤကလေးမလေးမှာ ထူးခြားသော ပါရမီရှင်တစ်ဦးပင် ဖြစ်သည်။ သူ၏ ကိုယ်ပိုင် ကျောင်းသားများမှာ အမှန်တကယ်ပင် အားကိုးရလှသည်။

လန်ဟန့်ဟန့်မှာ အလွန် ရှက်နေသော်လည်း၊ လင်းယန်နှင့် စကားပြောခွင့် ရသဖြင့် အခြားသော ကျောင်းသားများမှာလည်း အားကျနေကြသည်။ စိုက်ပျိုးရေးတက္ကသိုလ်ရှိ ကျောင်းသားများအတွက် လင်းယန်မှာ နတ်ဘုရားတစ်ပါးကဲ့သို့ပင် ဖြစ်သည်။

"ကျွန်မ..."

"ကျွန်မ..."

လန်ဟန့်ဟန့်သည် သတ္တိမွေးကာ လင်းယန်ကို မော့ကြည့်လိုက်သည်။ "ကျွန်မ ရှင့်ကို တစ်ချက်လောက် ဖက်ထားလို့ ရမလားဟင်" သူမ၏အကြည့်များမှာ အလွန် ရိုးသားနေပြီး မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသည်။

လင်းယန် ကြောင်သွားသည်။ ဤသို့သော တောင်းဆိုမှုမျိုးကို သူ မထင်ထားခဲ့ပေ။ အခြားသော ကျောင်းသားများမှာမူ ဝိုင်းအုံ၍ အားပေးကြတော့သည်။

"ပရော်ဖက်ဆာလင်း... ခွင့်ပြုပေးလိုက်ပါ!"

"သူက ခင်ဗျားရဲ့ ပရိသတ်အစစ်ပါ!"

"သူက ခင်ဗျားကို တွေ့ဖို့အတွက် နေ့တိုင်း မနက် ၄ နာရီမှာ ထပြီး စာကျက်နေတာပါ၊ ည ၁၀ နာရီမှ အိပ်တာ။ ဒါတွေအားလုံးက ခင်ဗျားအတွက်ပါပဲ!"

"သူက ခင်ဗျားကို တစ်ခါလောက်ပဲ တွေ့ချင်နေတာပါ၊ ဖက်ခွင့်ရရင်ပဲ သူ ကျေနပ်ပါပြီ!"

လင်းယန် ကျောင်းသားများ၏ တက်ကြွလှသော အကြည့်များကို ကြည့်ကာ သက်ပြင်းချလိုက်သည်။ သူ ဖက်ပေးလိုက်လျှင်လည်း သူ့အတွက် ဘာမှ နစ်နာစရာ မရှိပေ။ သူသည် တွန့်ဆုတ်မနေဘဲ လက်ကို ဆန့်တန်းလိုက်ရာ၊ သေးငယ်သော ခန္ဓာကိုယ်လေးမှာ သူ၏ ရင်ခွင်ထဲသို့ ရောက်ရှိလာခဲ့သည်။ လန်ဟန့်ဟန့်မှာ လင်းယန်၏ခါးကို တင်းတင်းကျပ်ကျပ် ဖက်ထားမိသည်။

လင်းယန်က သူမ၏ ဆံပင်လေးကို ပွတ်သပ်ပေးကာ "မင်း တကယ် တော်ပါတယ်" ဟု ဆိုလိုက်သည်။ လူအများရှေ့တွင်ဖြစ်သဖြင့် သူ အနည်းငယ် ရှက်မိသော်လည်း၊ သူနှင့် ဤကျောင်းသားများမှာ အသက်အရွယ်ချင်း မကွာလှပေ။

မိနစ်ဝက်ခန့် ဖက်ထားပြီးမှ လန်ဟန့်ဟန့်က ပြန်လွှတ်လိုက်သည်။

"ဘာလို့ ငိုနေတာလဲ" လင်းယန်မှာ ပျာယာခတ်သွားရသည်။ ဖက်လိုက်ရုံနှင့် ငိုရသလား။

"ပျော်လို့ပါ" လန်ဟန့်ဟန့်က မျက်ရည်များကို သုတ်ရင်း ဆိုသည်။ သူမ၏အိမ်မက် ပြည့်စုံသွားခဲ့လေပြီ။ ဤကိစ္စကို သူမ တစ်သက်လုံး ကြွားနိုင်တော့မည် ဖြစ်သည်။ သူမသည် လင်းယန်၏ အမျိုးသမီး ပရိသတ်များ လုပ်ချင်နေကြသော အရာကို လုပ်နိုင်ခဲ့ပြီ ဖြစ်သည်။

"ကျွန်မ နောင်ကို ပိုပြီး ကြိုးစားပါ့မယ်"

"ကြိုးစားပါ"

လင်းယန်သည်လည်း ကျောင်းသားများရှေ့တွင် ကြေညာလိုက်သည်။ "ဒီနေ့ကစပြီး ဒီကျောင်းသူရဲ့ ကျောင်းစရိတ်အားလုံးကို ကင်းလွတ်ခွင့် ပေးလိုက်မယ်" လင်းယန်တွင် ထိုသို့သော လုပ်ပိုင်ခွင့်ရှိသည်။ ကျောင်းသားများမှာလည်း အလွန် အားကျသွားကြတော့သည်။

လင်းယန်သည် ကျောင်းသားများနှင့် စကားပြောဆိုကာ အနာဂတ် စိုက်ပျိုးရေးနှင့် ပတ်သက်၍ သူတို့၏ ထင်မြင်ချက်များကို နားထောင်လိုသည်။ သူတို့သည် ငယ်ရွယ်ပြီး စိတ်ကူးစိတ်သန်း ကောင်းကြသူများ ဖြစ်သည်။ စက်ရုပ်လက်တံ အောင်မြင်သွားပြီ ဖြစ်သဖြင့် စိုက်ပျိုးရေး စက်ရုပ်မှာလည်း မကြာမီ ပေါ်ထွက်လာတော့မည်ဟု သူ ယုံကြည်သည်။

သို့သော် သူ ဆွေးနွေးရန် ပြင်နေစဉ်မှာပင် သက်ကြီး ပရော်ဖက်ဆာကြီးများ အခန်းထဲသို့ ရောက်လာကြသည်။

"ပရော်ဖက်ဆာ ရှောင်လင်း... ကျောင်းရောက်လာတာကို ငါတို့ဆီ ဘာလို့ မလာတာလဲ" "ဟုတ်ပ၊ ဝူယင်းကလည်း ငါတို့ကို မပြောဘူး"

ထိုပရော်ဖက်ဆာကြီးများမှာ လင်းယန်ထက် ဝါရင့်သူများ ဖြစ်ကြသော်လည်း လင်းယန်၏ အောင်မြင်မှုကို သူတို့ အလွန် လေးစားကြသည်။

"ပရော်ဖက်ဆာလင်း... ဒီကျောင်းခွဲက ဘယ်လိုလဲ၊ ပြင်ဆင်ချင်တာရှိရင် ပြောပါဦး"

"ဟုတ်တယ်၊ အနာဂတ်က လူငယ်တွေရဲ့ လက်ထဲမှာပဲရှိတာ"

"ပင်မကျောင်းက ပြောတယ်၊ ဒီအခွဲကျောင်းရဲ့ ကျောင်းအုပ်ကြီး ရာထူးက လစ်လပ်နေတုန်းပဲဆိုတော့ မင်းကိုပဲ တာဝန်ယူစေချင်တယ်တဲ့"

လင်းယန် အလျင်အမြန် လက်ကာပြလိုက်သည်။ "မလုပ်ပါနဲ့၊ ကျွန်တော်က ငယ်ပါသေးတယ်၊ အဲဒီနေရာမှာ မထိုင်နိုင်ပါဘူး"

"မင်း ထိုင်မယ်ဆိုရင် ငါတို့အားလုံး လက်ခံပါတယ်"

"ဒါပေမဲ့ ကျွန်တော်က ဒီကို ခဏခဏ မလာနိုင်တော့ ပညာရေးပိုင်းကို မစီမံနိုင်မှာ စိုးတယ်"

"ကိစ္စမရှိဘူး၊ မင်း လာစရာ မလိုပါဘူး၊ ဒီမှာ စီမံခန့်ခွဲမှုက အဆင်ပြေမှာပါ"

ပရော်ဖက်ဆာကြီးများမှာ အလွန်တက်ကြွနေကြသဖြင့် လင်းယန်မှာ ထောင်ချောက်ထဲ ရောက်နေသကဲ့သို့ ခံစားရသည်။ ကျောင်းအုပ်ကြီး ရာထူးမှာ ကြီးကျယ်လှသော်လည်း၊ သူသည် အေးအေးဆေးဆေးနေလိုသူ ဖြစ်သဖြင့် ထိုတာဝန်ကို မယူလိုပေ။ ကျောင်းက သူ့ကို အသုံးပြု၍ ပိုမို အကျိုးအမြတ် ရယူလိုခြင်း ဖြစ်နိုင်ကြောင်း သူ ရိပ်မိသည်။ သူသည် တာဝန်များကို မယူလိုဘဲ လယ်ကွင်းထဲတွင်သာ အချိန်ကုန်လိုသူဖြစ်သည်။

သို့သော် ပရော်ဖက်ဆာကြီးများမှာမူ သူ ငြင်းလိုက်သည်နှင့် အလွန်ပင် စိုးရိမ်တကြီး ဖြစ်သွားကြတော့သည်။

***

စူပါ-ဖမ်း(SFS)

SFS 173

အခန်း ၁၇၃ ။ အင်တာနက်လောက ဆူပွက်သွားခြင်း

"ဒါဆို... ဂုဏ်ထူးဆောင်ကျောင်းအုပ်ကြီး လုပ်မလား"

"ဟုတ်တယ်၊ ဂုဏ်ထူးဆောင် ကျောင်းအုပ်ကြီး၊ ဘာမှလုပ်စရာ မလိုဘူး!"

ပရော်ဖက်ဆာကြီးများက အကွက်ကျကျ စဉ်းစားထားကြသည်။ ယခုအခါ လင်းယန်မှာ လူတိုင်း အလိုရှိနေသော ရတနာတစ်ခု ဖြစ်နေသည်။ အကယ်၍ အဘိုးစူးက စစ်တပ်ဖြင့် ဤနေရာကို တစ်ဝက်တစ်ပျက် ပိတ်ဆို့ထားခြင်း မရှိလျှင်၊ လောင်ဝမ်က ဤနေရာတွင် ကိုယ်တိုင် ရှိမနေလျှင်... လူမည်မျှ လာရောက် ဆွဲဆောင်ကြမည်ကို မသိနိုင်ပေ။

ပြည်တွင်းရှိ တက္ကသိုလ်ကြီးများသာမက 'ချင်းဟွာ' နှင့် 'ပေကျင်း' ကဲ့သို့သော ထိပ်တန်း တက္ကသိုလ်ကြီးများပင် လင်းယန်ကို ဖိတ်ခေါ်ကာ ကိုယ်ပိုင် ဘာသာရပ်တစ်ခု ဖွင့်လှစ်ပေးရန်နှင့် ရန်ပုံငွေကို စိတ်ကြိုက် တောင်းဆိုရန် ကမ်းလှမ်းလိုကြသည်။ အမျိုးမျိုးသော သုတေသန အဖွဲ့အစည်းများကလည်း လင်းယန်ကို ရရှိရန်အတွက် ကျန်းနန် စိုက်ပျိုးရေးတက္ကသိုလ်တွင် ပြဿနာပေါင်းများစွာ ရှာခဲ့ကြဖူးသည်။

ချင်းရှန်းရွာသို့ ဝင်ရောက်ရန် ခက်ခဲလွန်းလှသဖြင့်သာ တော်တော့သည်။ မဟုတ်လျှင် မည်မျှအထိ အလုပ်ရှုပ်ရမည်ကို မသိနိုင်ပေ။ လင်းယန်၏ အရှိန်အဝါအောက်တွင် ဝင်ရောက် လုပ်ကိုင်ခွင့် ရရန်မှာလည်း လူတိုင်းအတွက် အိပ်မက်တစ်ခု ဖြစ်နေသည်။

အကယ်၍ လင်းယန်သာ ဤအခွဲကျောင်း၏ ကျောင်းအုပ်ကြီး ဖြစ်လာပါက သူတို့အတွက်လည်း များစွာ အကျိုးရှိပေလိမ့်မည်။ ထိုဂုဏ်ပုဒ်ကပင် နားထောင်ကောင်းလှသည် မဟုတ်လား။ လင်းယန်ကိုယ်တိုင်ကလည်း အေးအေးဆေးဆေး နေတတ်သူဖြစ်ရာ... ၎င်းမှာ လူပြောများစရာ ဖြစ်လာပေလိမ့်မည်။

"ပရော်ဖက်ဆာလင်း... စိတ်အေးအေးထားပြီး လက်ခံလိုက်ပါ။ ဘာမှ လုပ်စရာ မလိုပါဘူး"

"ဟုတ်ပါတယ်၊ အကယ်၍ အခက်အခဲ ရှိလာရင်လည်း ငါတို့လို အဖိုးကြီးတွေက ရှေ့က ရင်ဆိုင်ပေးပါ့မယ်"

"မင်းက ဒီနယ်ပယ်ရဲ့ အနာဂတ်ပဲ၊ ငါတို့က မင်းအတွက် လမ်းခင်းပေးချင်ရုံတင်ပါ"

ပရော်ဖက်ဆာကြီးများမှာ အလွန်ပင် စိတ်အားထက်သန်နေကြသည်။ အချို့မှာ ကိုယ်ကျိုးအတွက် ပါဝင်ကောင်း ပါဝင်နိုင်သော်လည်း၊ သူတို့သည် တစ်သက်လုံး ဤလုပ်ငန်းအပေါ် ပုံအောပေးဆပ်ခဲ့ကြသူများ ဖြစ်သဖြင့် သူတို့၏ စိတ်ဓာတ်မှာ လေးစားဖွယ် ကောင်းလှသည်။

လင်းယန်မှာ ဘုရင်အဖြစ် အတင်းတင်မြှောက်ခံနေရသကဲ့သို့ ခံစားနေရသည်။ သူသည် ထိုရာထူးကို ဂရုမစိုက်ပေ။ သူ၏ အဆင့်အတန်းမှာ ထိုအရာများထက် များစွာ သာလွန်နေပြီ ဖြစ်သည်။ သို့သော် ပရော်ဖက်ဆာကြီးများ၏စေတနာကို သူ မလွန်ဆန်နိုင်သဖြင့် နောက်ဆုံးတွင် လက်ကို မြှောက်ကာ တားမြစ်လိုက်ရသည်။

"ဒီကိစ္စကို... ကျွန်တော် လောင်ဝမ်နဲ့ အရင် တိုင်ပင်ပါရစေဦး"

ထိုအခါမှသာ ပရော်ဖက်ဆာကြီးများက လင်းယန်ကို လွှတ်ပေးကြတော့သည်။ လောင်ဝမ်သည် တက္ကသိုလ်တွင် အလွန် လေးစားခံရသူတစ်ဦး ဖြစ်သည်။ လင်းယန်မှာ ကျောင်းတွင် ဆက်မနေလိုတော့ဘဲ ထွက်လာခဲ့သည်။ သူ မရှိလျှင် အရာအားလုံး ပုံမှန်အတိုင်း လည်ပတ်နေမည် ဖြစ်သော်လည်း၊ သူ ရှိနေပါက ရှုပ်ထွေးသွားပေလိမ့်မည်။ အထူးသဖြင့် ထိုမိန်းကလေးများ... တကယ့်ကို မလွယ်ကြပေ။

တက္ကသိုလ် ထမင်းစားဆောင်တွင် စားကြည့်ချင်သော်လည်း သူ၏ ကျော်ကြားမှုမှာ အလွန်အမင်း ဖြစ်နေသဖြင့် မဖြစ်နိုင်ပေ။

"နာမည်ကြီး မင်းသားတွေတောင် ဒီလောက် ဖြစ်ပါ့မလား" လင်းယန် စိတ်ထဲတွင် တွေးနေမိသည်။

အမှန်စင်စစ် သူ၏ ဩဇာမှာ မင်းသားများထက် များစွာ သာလွန်လှသည်။ ဗီဒီယို အနည်းငယ်သာ တင်ထားသော သူ၏ အကောင့်မှာ သက်သေပင် ဖြစ်သည်။ လင်းယန် အိမ်သို့ ပြန်ရန် ပြင်လိုက်သည်။ ထမင်းစားရင်း စူးရို့ရို့ မည်သို့ရှိသည်ကို ကြည့်လိုခြင်းဖြစ်သည်။

.....

လင်းယန် ပြန်သွားသည့်အခါ ကျောင်းသားများမှာ စာသင်ရန် စိတ်မပါကြတော့ပေ။ ဆရာကြီးများကလည်း သူတို့ကို ကိုယ်တိုင်လေ့လာရန်သာ ခိုင်းထားခဲ့သည်။ လန်ဟန့်ဟန့်မှာမူ ကျောင်းသား အားလုံး၏ အာရုံစိုက်ခြင်းကို ခံနေရသည်။

"ဟန့်ဟန့်... နန်ရှန်းကို ဖက်ရတာ ဘယ်လို ခံစားရလဲ"

လန်ဟန့်ဟန့်၏ မျက်နှာတွင် အပြုံးများ ပေါ်လာသည်။ "အင်း... အိပ်မက်မက်နေရသလိုပဲ"

"အခုထိတောင် ငါ မယုံနိုင်သေးဘူး၊ တကယ့်ကို အစစ်အမှန် မဟုတ်သလိုပဲ" လန်ဟန့်ဟန့်၏ စကားကြောင့် အခြား ကျောင်းသားများမှာလည်း အားကျနေကြသည်။ လန်ဟန့်ဟန့်၏ ကံကောင်းမှုကို မနာလို ဖြစ်နေကြသည်။

"ငါလည်း လက်ထဲက အစိတ်အပိုင်းတွေကို အမြန်ပြီးအောင် လုပ်ရမယ်၊ ဒါမှ ငါလည်း နန်ရှန်းကို ဖက်ခွင့်ရမှာ!" မိန်းကလေး အချို့မှာလည်း ကြိုးစားရန် စိတ်ပိုင်းဖြတ်လိုက်ကြသည်။

အမျိုးသားတစ်ဦးမှာ အတိုင်းအထက်အလွန် တော်လာသည့်အခါ၊ အမျိုးသမီးများမှာ မီးရှိရာသို့ တိုးဝှေ့လာသော ပိုးဖလံများကဲ့သို့ပင် ဖြစ်သည်။ ခဏတာမျှ ဖက်ခွင့်ရခြင်းကိုပင် သူတို့ အလွန် တန်ဖိုးထားကြသည်။ လန်ဟန့်ဟန့်အတွက်မူ သူမသည် ဖက်ခွင့်ရရုံတင်မကဘဲ လင်းယန်၏ အသိအမှတ်ပြုမှုကိုပါ ရရှိခဲ့ခြင်းဖြစ်သည်။ ၎င်းမှာ အနာဂတ်အတွက် များစွာသော အခွင့်အရေးများ ဖြစ်လာနိုင်ပေသည်။

လန်ဟန့်ဟန့်မှာမူ ရှက်ကိုးရှက်ကန်း ဖြစ်နေဆဲပင်။ ဖက်ထားစဉ်က လင်းယန်၏ ကြံ့ခိုင်သော ကြွက်သားများကို သူမ ခံစားလိုက်ရသည်။ အဝတ်အစားများ ခံနေသော်လည်း ထိုခွန်အားများက သူမ၏ နှလုံးသားကို လှုပ်ခတ်စေခဲ့သည်။

"ဒီညတော့ အိပ်ပျော်မှာ မဟုတ်ဘူး၊ အိပ်မက်တွေပဲ မက်နေတော့မှာ" လန်ဟန့်ဟန့်မှာ သူငယ်ချင်းများ မြင်သွားမည်ကို စိုးရိမ်သဖြင့် ခေါင်းငုံ့ထားမိသည်။ အနာဂတ် ဂုဏ်ဒြပ်များကို သူမ ဂရုမစိုက်ပေ။ သူမသည် ယခုပင်လျှင် နာမည်ကြီး တစ်ဦး ဖြစ်နေပြီး၊ လင်းယန်ကြောင့် သူမ၏ပရိသတ်မှာ သန်းရှစ်သန်းအထိ ရှိလာခဲ့သည်။ အွန်လိုင်းမှ ရသော ဝင်ငွေဖြင့်ပင် သူမ၏မိသားစုကို အေးဆေး ကျွေးမွေးနိုင်သည်။ ဤနေရာသို့ လာရခြင်းမှာ အိမ်မက်အတွက်သာဖြစ်သည်။

အဆောင်သို့ ပြန်ရောက်သည့်အခါ သူမ၏ အိမ်မွေးဝက်လေး 'လန်ဖန့်ဇီ' ကို ဖက်လိုက်သည်။ ၎င်းကို ကျောင်းသို့ ယူလာရန် သူမ များစွာ ကြိုးစားခဲ့ရသည်။ သူမသည် ဗီဒီယို ရိုက်ကူးရန် ပြင်လိုက်သော်လည်း၊ အမှတ်တရများကို တွေးမိသည့်အခါတိုင်း စိတ်လှုပ်ရှားမှုကို မထိန်းနိုင်ဘဲ ရှိနေသည်။

နောက်ဆုံးတွင် အသက်ပြင်းပြင်း ရှိုက်လိုက်ပြီးမှ စကားပြောလိုက်သည်။

"ဒီနေ့... ကျွန်မရဲ့ စံပြပုဂ္ဂိုလ် နန်ရှန်းနဲ့ နောက်ဆုံးတော့ တွေ့ခဲ့ရပါပြီ"

"သူက ဗီဒီယိုထဲမှာထက်တောင် ပိုပြီးတော့ ချောနေသေးတယ်!" ဤသို့ ပြောလိုက်ချိန်တွင် သူမ၏ ပါးလေးများ နီမြန်းသွားရသည်။

"အဲဒီလောက်အထိ ချောတာကို ကျွန်မ တစ်သက်လုံး မေ့နိုင်မှာ မဟုတ်ဘူး။ အရေးကြီးဆုံးက ကျွန်မ သူနဲ့ စကားပြောခဲ့ရတာပဲ!"

"ကျွန်မ နန်ရှန်းနဲ့ စကားပြောခဲ့ရတယ်!" သူမသည် စိတ်လှုပ်ရှားစွာဖြင့် ဝက်လေးကို ခါယမ်းလိုက်ရာ ဝက်လေးမှာ နာကျင်စွာ အော်ဟစ်နေတော့သည်။ သို့သော် လန်ဟန့်ဟန့်မှာမူ စိတ်လှုပ်ရှားလွန်းသဖြင့် စကားပင် ကောင်းကောင်း မပြောနိုင်တော့ပေ။

"သူ ကျွန်မကို ချီးမွမ်းခဲ့တယ်!"

"ကျွန်မ... ကျွန်မရဲ့ စိတ်လှုပ်ရှားမှုကို ဘယ်လို ဖော်ပြရမလဲ မသိတော့ဘူး"

"အနှစ်ချုပ်ရရင် ကျွန်မ အရမ်းကို ဝမ်းသာမိပါတယ်။ ဒီဝမ်းသာမှုကို ပရိသတ်တွေကို အမြန်ဆုံး မျှဝေပေးချင်နေတာ"

"သူနဲ့ တွေ့ရရင် ဘာတွေ ဖြစ်မလဲဆိုတာ ကျွန်မ အကြိမ်ကြိမ် စိတ်ကူးယဉ်ခဲ့ဖူးတယ်။ ဒါပေမဲ့ ဒီနေ့ တွေ့လိုက်ရတော့ သူက ကျွန်မ ထင်ထားတာထက် ပိုပြီး ဆွဲဆောင်မှု ရှိနေတယ်"

"ဘုရားရေ... သူ့ကို ဘယ်လို မေ့ပစ်ရမလဲ မသိတော့ဘူး" လန်ဟန့်ဟန့်မှာ ပါးလေးကို အုပ်ကာ စိတ်ကို ထိန်းနေရသည်။

"သူက ကျွန်မရဲ့ ဘဝလမ်းခရီးအတွက် လမ်းပြမီးရှူးတန်ဆောင်တစ်ခုပဲလို့ ကျွန်မ ထင်ပါတယ်။ အခုချိန်ကစပြီး ကျွန်မဟာ သူရဲ့ တစ်သက်တာ နောက်လိုက်တစ်ဦး ဖြစ်သွားပါပြီ"

လန်ဟန့်ဟန့် တင်လိုက်သော ဗီဒီယိုမှာ စကားများ ရှုပ်ထွေးနေသော်လည်း၊ 'ဖရုံသီး' (လင်းယန်၏ ပရိသတ်များ) တို့ကို များစွာ အားကျစေခဲ့သည်။ လန်ဟန့်ဟန့်မှာ လင်းယန်ကြောင့် နာမည်ကြီးလာခဲ့သူ ဖြစ်သော်လည်း၊ တစ်နေ့တွင် အမှန်တကယ် တွေ့ရလိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့ကြပေ။

ဗီဒီယို ရိုက်ကူးနေသော အခြား ကျောင်းသားများကလည်း သတင်းများကို ထပ်မံ ဖော်ပြကြသည်။

"လန်ဟန့်ဟန့် နန်ရှန်းကို ဖက်လိုက်ရတာ၊ အားကျလို့ သေတော့မှာပဲ!"

"သူက ကျောင်းမှာ 'Lolita ကျောင်းကွင်းသူ' လို့ နာမည်ကြီးတာ၊ အမြဲတမ်း ရှေးဟောင်း ဝတ်စုံတွေနဲ့ ကျောင်းတက်တာ။ အံ့သြစရာကောင်းတာက သူက စက်မှုအင်ဂျင်နီယာ ဘာသာရပ်မှာ အတော်ဆုံး ဖြစ်နေတာပဲ!"

"ဒီနေ့ သူ သုတေသန ရလဒ်တစ်ခုထုတ်နိုင်လို့ နန်ရှန်းက ရောက်လာတာလေ"

"စိုက်ပျိုးရေးတက္ကသိုလ်မှာ ဘာလို့ စက်မှုအင်ဂျင်နီယာ ရှိတာလဲလို့ မမေးနဲ့ဦး။ အခုခေတ် စိုက်ပျိုးရေးက စက်မှုပိုင်းနဲ့ မကင်းတော့ဘူးလေ"

"နန်ရှန်းက အနာဂတ် စိုက်ပျိုးရေးကို ဖန်တီးချင်နေတာ။ ငါတို့ အခု သင်နေရတာတွေက အနာဂတ်က အရာတွေပဲ"

"သတင်းတစ်ခု ပေးမယ်၊ နန်ရှန်း ပေးထားတဲ့ ပုံစံထုတ်လုပ်မှုတွေသာ အောင်မြင်သွားရင်... ဒီကမ္ဘာပေါ်မှာ တောင်သူတွေ ရှိတော့မှာ မဟုတ်ဘူး"

"အဲဒါကြောင့် ကျန်းနန် စိုက်ပျိုးရေးတက္ကသိုလ်ရဲ့ စက်မှုအင်ဂျင်နီယာမေဂျာက ကမ္ဘာ့အဆင့် ဖြစ်နေတာပဲ"

"နန်ရှန်းက တစ်ကိုယ်တည်းနဲ့ စိုက်ပျိုးရေးလောကကို အကုန် ပြောင်းလဲပစ်တော့မှာ!"

ကျောင်းသားများ၏ ချီးမွမ်းသံများကြောင့် အင်တာနက် လောကတွင်လည်း ငြင်းခုံ ဆွေးနွေးမှုများ ဖြစ်ပေါ်လာခဲ့သည်။ လူတိုင်းက မည်သို့သော ရလဒ်မျိုး ထွက်ပေါ်လာသဖြင့် ရိုးရာ စိုက်ပျိုးရေးကို ပြောင်းလဲပစ်နိုင်မည်နည်းဟု သိချင်နေကြသည်။ အချို့ကမူ 'စက်မှု'၊ 'အလိုအလျောက် စနစ်' ဆိုသော စကားလုံးများကို ရှာဖွေတွေ့ရှိသွားကြသည်။

"အလိုအလျောက် စက်ကိရိယာတွေက ရှိနေတာ ကြာပြီပဲ၊ လူကတော့ ကြည့်နေရတာပဲ မဟုတ်လား။ ဒါက အကြီးအကျယ် ပြောင်းလဲသွားတာမျိုး မဟုတ်ပါဘူး"

သိချင်သူများ ပိုမို များပြားလာပြီး အမျိုးမျိုး ခန့်မှန်းနေကြသည်။ လူအများက လင်းယန်ကို 'နန်ရှန်း' ဟု ခေါ်ဆိုကြသည်မှာ အမှားမဟုတ်ပေ။ မျိုးစေ့များတင်မကဘဲ စက်မှုနည်းပညာနယ်ပယ်အထိ သူ ခြေလှမ်းချဲနေပြီ မဟုတ်လား။

သို့သော် မယုံကြည်သူများလည်း ရှိနေကြဆဲ ဖြစ်သည်။ လင်းယန်သည် ဇီဝနည်းပညာပိုင်းတွင် တော်သော်လည်း၊ စက်မှု နည်းပညာမှာမူ လုံးဝ မတူညီသော ဘာသာရပ်တစ်ခု ဖြစ်သည်။ ထို့ကြောင့် အချို့က ဤသည်မှာ လင်းယန်၏အမည်ကို အသုံးပြုကာ ကြော်ငြာနေခြင်းသာဖြစ်သည်ဟု ယူဆကြသည်။

***

All Chapters