← Chapters

အခန်း (၂၂၆-၂၂၈)

Vol. 16 Ch. 226-228

အခန်း (၂၂၆-၂၂၈)

Vol. 16 Ch. 226-228

အခန်း(၂၂၆)

မြေကြီးသည်ပင် စက်ကရာ၏ ကျားဟိန်းသံအောက်မှာ ရေကန်ထဲမှ လှိုင်းများသဖွယ် နိမ့်ချည်မြင့်ချည် တုန်ခါသွားသည်။

ကျားဟိန်းသံသည် အရာအားလုံးကို လျစ်လျူရှုလျက် ဝမ်ထောင်၏ နားထဲသို့ ဝင်ရောက်သွားသည်။ ဝမ်ထောင်သည် ထိုသို့ရုတ်တရက် တိုက်ခိုက်မှုကို မည်သို့ခုခံတားဆီးနိုင်မည်နည်း။ သူ၏ စိတ်ထဲမှာ မိုးကြိုးသန်းပေါင်းများစွာက တစ်ပြိုင်နက် ပေါက်ကွဲသွားဟန် ရသည်။ သူ၏ အသိစိတ်က တုန်လှုပ်သွားပြီး ဗလာဖြစ်သွားသည်။

သွေးစီးကြောင်းက သူ၏ နားများနှင့် မျက်လုံးများထဲမှ စီးကျလာသည်။

ထို့ပြင် ကျားဟိန်းသံက ထိုမျှသာ အစွမ်းထက်ခြင်း မဟုတ်ပေ။ အသံလှိုင်းများသည် သူ့ကို ဗဟိုပြု၍ အရပ်မျက်နှာအသီးသီးသို့ မြန်ဆန်စွာ ပြန့်ကျဲသွားကြသည်။ ထို့ပြင် အသံလှိုင်းများသည် လေထဲ၌ အနက်ရောင်အသံဓားများအဖြစ် ဖွဲ့စည်းသွားကြသည်။ အရေအတွက်ရာထောင်ချီသော အသံဓားများသည် ပွင့်ချပ်များသဖွယ် ဝမ်ထောင်၏ ခန္ဓာကိုယ်ကို ဝိုင်းရံသွားကြသည်။

ယင်းတို့က သွေးပိုက်ကွန်ထံသို့ ဦးတည်သွားကြပြီး မိုးမြေကို ဖုံးလွှမ်းလိုက်သည်။

ထိုအသံဓားများသည် ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်းမှ ထုတ်လွှတ်သော လခြမ်းကွေးအသံဓားကဲ့သို့ အစွမ်းမထက်သော်လည်း ယင်းတို့မှာ အရေအတွက်အားသာချက် ရှိ၏။ ထို့ပြင် ယင်းတို့က အလွန်ထက်ရှသည်။

သွေးပိုက်ကွန်က တမူထူးခြားသော ခုခံကာကွယ်မှုကို ပိုင်ဆိုင်ထားသော်လည်း အရေအတွက်ရာထောင်ချီသည့် အသံဓားများ၏ စုပြုံတိုက်ခိုက်မှုကို မခုခံနိုင်ပေ။

မျက်စိတစ်မှိတ်အတွင်းမှာ သွေးပိုက်ကွန်က အပိုင်းပိုင်း ဖြတ်တောက်ခံလိုက်ရသည်။

“ ဖွဲ့စည်းစမ်း ”

အပိုင်းပိုင်းပြတ်တောက်သွားသော သွေးပိုက်ကွန်က မလွင့်ပြယ်သွားပေ။ ယင်းအစား လေထဲ၌ ပိုက်ကွန်အပိုင်းအစများက မြန်ဆန်စွာ ပြန်စုဝေးသွားကြပြီး သွေးနီရောင်ချိတ်ကောက်အဖြစ် ဖွဲ့စည်းသွားသည်။ ခြားနားချက်မှာ ဤသွေးနီရောင်ချိတ်ကောက်သည် ယခင်ကထက် အနည်းငယ် အရောင်မှေးမှိန်နေသည်။ ရှင်းလင်းစွာပင် အစောနက တွေ့ဆုံမှုမှာ ယင်းက ထိခိုက်ပျက်စီးမှုတချို့ ရရှိသွားသည်။

“ တင်း… တုန် ”

သီရှီထျန်က အသံဓားများကို ထိန်းချုပ်ပြီး ဝမ်ထောင်ကို တိုက်ခိုက်တော့မည့်အချိန် ဝမ်ထောင်၏ အကြည့်က နောက်ဆုံးမှာ ပြန်ကြည်လင်သွားသည်။ မည်သို့ဖြစ်ပါစေ သူက အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။ သူက မတော်တဆ ဒဏ်ရာရရှိသွားပြီး သူ၏ ခန္ဓာကိုယ်ထဲ၌ သွေးချီက ပရမ်းပတာဖြစ်နေသော်လည်း သူ၏ အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံခြင်းက အပေါ်ယံမဟုတ်ပေ။ သူက ရွှဲသကဲ့သို့ ဖြတ်လမ်းနည်းသုံး၍ ကျင့်ကြံခဲ့ခြင်း မဟုတ်ပေ။

သူသတိပြန်ဝင်လာသည့်အခါ သေးငယ်သော ခေါင်းလောင်းတစ်ခုကို ရုတ်တရက် ထုတ်လိုက်သည်။ ခေါင်းလောင်း၏ မျက်နှာပြင်ပေါ်မှာ လျှို့ဝှက်ဆန်းကြယ်သော မှော်အဆောင်များ ရှိသည်။ သူက ခေါင်းလောင်းကို လက်ထဲမှာ ကိုင်ထားရင်း ကြမ်းတမ်းစွာ လှုပ်ခါလိုက်သည်။

ခေါင်းလောင်းထံမှ သာယာကြည်လင်သော အသံက ကျားဟိန်းသံကြောင့် အံ့ဩမှင်သက်နေသော သူ့ကို အပြည့်အဝ ပြန်နိုးလာစေသည်။ ကြည်လင်ပြတ်သားမှုက ဘေးပတ်ဝန်းကျင်ကို လွှမ်းခြုံသွားသည်။ ခေါင်းလောင်းမြည်သံက ကျားဟိန်းသံကို အမှန်တကယ် ခုခံတားဆီးပေးလိုက်သည်။

“ ဟွန့်… မင်းက ဒီလောက်အားကောင်းတဲ့ အသံတိုက်ခိုက်မှုကို တတ်ကျွမ်းထားမယ်လို့ ငါမမျှော်လင့်ထားဘူး… ကံကောင်းစွာပဲ ကုချင်းချိုင့်ဝှမ်းဆီ ငါသွားရတော့မယ်ဆိုတာ ကြိုသိထားလို့ ချင်မိသားစုနဲ့ ပြဿနာဖြစ်ရင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်အောင် ‘ နတ်ဘုရားဆင့်ခေါ်ခေါင်းလောင်း ’ကို ယူဆောင်လာခဲ့တယ်… မဟုတ်ရင် ငါဒီနေ့ မင်းရဲ့ ထောင်ချောက်ထဲ ကျရောက်သွားလိမ့်မယ်… ငါ့ရဲ့ သွေးဝိညာဉ်ချိတ်ကောက်က ဘယ်လောက်အစွမ်းထက်လဲဆိုတာ ဒီနေ့ မင်းမြင်ရအောင် ငါပြမယ် ”

ဝမ်ထောင်က သီရှီထျန်ကို စူးစိုက်ကြည့်လိုက်လေရာ အမုန်းတရားက သူ့မျက်လုံးထဲမှာ ပြည့်နှက်သွားသည်။ သူ၏ အကြည့်က အေးစက်သွားသည်။ သူက ထူးဆန်းသော ချိပ်တံဆိပ်သင်္ကေတတစ်ခုကို ဖွဲ့စည်းလိုက်ပြီး သွေးချိတ်ကောက်နှစ်ခုထဲသို့ စေလွှတ်လိုက်သည်။ ချက်ချင်းဆိုသလိုပင် သွေးချိတ်ကောက်နှစ်ခုက အလွန်အားကောင်းသော သွေးနီရောင်အလင်းကို ထုတ်လွှတ်လိုက်ကြပြီး လေထဲသို့ ပျံတတ်သွားကြသည်။ ထူးဆန်းသည်မှာ ယင်းတို့က မြန်ဆန်စွာ ပျံသန်းလာနေကြသော အသံဓားများကို မတိုက်ခိုက်ဘဲ လေထဲ၌ အပြန်အလှန် ပွတ်တိုက်သွားကြသည်။

နောက်အခိုက်အတန့်မှာ သွေးချိတ်ကောက်နှစ်ခုက အလွန်သိပ်သည်းသော သွေးမြူခိုးထုအဖြစ် ပြောင်းလဲသွားသည်။ ရေပွက်သံများက သွေးမြူခိုးထုထဲမှ ထွက်ပေါ်လာသည်။ အံ့ဩဖွယ်ကောင်းစွာ သွေးမြစ်တစ်စင်းက သွေးမြူခိုးထုထဲမှ ပေါ်လျှိုးထွက်လာသည်။ သွေးမြစ်သည် ထွက်ပေါ်လာသည်နှင့်ချက်ချင်း အသံဓားများဆီသို့ ဦးတည်သွားသည်။

ထိုသွေးမြစ်သည် သွေးချိတ်ကောက်များမှ ဖွဲ့စည်းသွားခြင်း ဖြစ်သည်။ ထိုအတတ်ပညာကို မြူခိုးအသွင်သဏ္ဍာန်ပြောင်းလဲခြင်းဟုလည်း ခေါ်သည်။ ယင်းက ဓားပျံထိန်းချုပ်သော နည်းလမ်းများစွာအနက် သိမ်မွေ့နက်နဲသော ပညာရပ်တစ်ခု ဖြစ်သည်။ သူ၏ သွေးမြစ်သည် မြူခိုးအသွင်သဏ္ဍာန်ပြောင်းလဲခြင်း အမျိုးအစား ဖြစ်သည်။

ထို့ပြင် ဤသွေးမြစ်သည် သာမန်သွေးမြစ်မဟုတ်ပေ။ သွေးမြစ်ထဲမှာ အလွန်အားကောင်းသော ယိုယွင်းတိုက်စားမှုစွမ်းအား ရှိသည်။ ဓမ္မလက်နက်တစ်ခုက ထိုသွေးမြစ်ထဲသို့ ပြုတ်ကျသွားလျှင် ချက်ချင်း ယိုယွင်းတိုက်စားခံရပြီး ပျက်စီးသွားလိမ့်မည်။ ယင်းက အလွန်ကြောက်စရာကောင်းသည်။

သူက သွေးမြစ်ကို အသံဓားများဆီသို့ ပို့လွှတ်လိုက်သည်။ သို့ဖြစ်၍ အသံဓားများသည် အကြိမ်ရေအနည်းငယ် တုန်ခါသွားပြီးနောက် သွေးမြစ်၏ ဝါးမျိုခံလိုက်ကြရသည်။ ထို့နောက် အသံဓားများသည် နောက်ထပ် မလှုပ်ရှားနိုင်ကြတော့ချေ။

အသက်ရှူချိန်အနည်းငယ်ကြာပြီးနောက် လေထဲမှ အသံဓားအားလုံးက သွေးမြစ်၏ ဝါးမျိုခံလိုက်ရသည်။ အလွန်ပြင်းထန်သော သွေးညှီနံ့က လေထဲမှာ ပျံ့နှံ့သွားသည်။ သွေးညှီနံ့ဖြင့် ထိတွေ့သွားသော အရာအားလုံးသည်လည်း ယိုယွင်းတိုက်စားခံလိုက်ရသည်။

ထို့ကြောင့် ဘေးပတ်ဝန်းကျင်မှ သစ်ပင်ပန်းပင်အားလုံးက ချက်ချင်း ညှိုးခြောက်သွားကြသည်။ ဤသည်မှာ မကောင်းဆိုးဝါးအရှိန်အဝါက သူတို့၏ အသက်ဓာတ်ကို နုတ်ယူသွားသည့်အလားပင်။

“ သီရှီထျန်… မင်းမှာ အသံတိုက်ခိုက်မှုရှိရုံနဲ့ ငါမင်းကို ကြောက်မယ် ထင်နေလား… မင်းက အခြေတည်နယ်ပယ် ကျင့်ကြံသူတစ်ယောက်ပါပဲ… ငါ့ရဲ့ သွေးမြစ်ကို မင်းဘယ်လိုရင်ဆိုင်မလဲ ငါကြည့်မယ် ”

ဝမ်ထောင်၏ အမူအရာက ရက်စက်ကြမ်းကြုတ်လာသည်။ သူက အရှေ့သို့ လက်ညှိုးညွှန်လိုက်သည်။ ချက်ချင်းဆိုသလိုပင် အသံဓားအားလုံးကို ဝါးမျိုလိုက်သော သွေးမြူခိုးက တအိအိလှုပ်ခတ်သွားပြီး သီရှီထျန်ဆီသို့ ဦးတည်သွားသည်။ သွေးမြူခိုး ဖြတ်သန်းသွားသည့်နေရာတိုင်း လေသည်ပင် တုန်ခါသွားသည်။

" တင်… တုန် "

ထိုသို့အခြေအနေမှာ သီရှီထျန်က အေးဆေးတည်ငြိမ်နေဆဲပင်။ သူက လက်တစ်ဖက်ဖြင့် နတ်ဆိုးကုချင်းကို ကိုင်ထားစဉ် အခြားလက်တစ်ဖက်ဖြင့် ကုချင်းကြိုးကိုးချောင်းကို ကြမ်းတမ်းစွာ ဆွဲလှုပ်လိုက်သည်။ သူက ကုချင်းကြိုးများကို အတင်းဆွဲကိုင်လိုက်ပြီး ပြန်ဖြေလွှတ်လိုက်သည်။ ကုချင်းကြိုးများ တုန်ခါသွားသည့်အခါ အသံလှိုင်းတစ်ခုက ဘေးပတ်ဝန်းကျင်သို့ ပျံ့လွင့်သွားသည်။ ထိုအသံလှိုင်းသည် အစောနက ကျားဟိန်းသံထက် အများကြီး ပိုထိတ်လန့်ဖွယ်ကောင်းသည်။

လေထဲတွင် ပုံပျက်တွန့်လိမ်နေသော လှိုင်းတချို့ ထွက်ပေါ်လာသည်။

အချင်းဆယ်မီတာအတွင်းမှ အရာအားလုံးက အသံလှိုင်းနယ်နိမိတ်ထဲသို့ ကျရောက်သွားသည်။ အသံလှိုင်းသည် အကာအကွယ်အလွှာတစ်ခုအဖြစ် ဖွဲ့စည်းသွားပြီး သီရှီထျန်၏ ခန္ဓာကိုယ်ကို ဖုံးအုပ်လိုက်သည်။

“ ဘန်း… ဘန်း… ဘန်း ”

သွေးမြစ်က အသံလှိုင်းနယ်နိမိတ်ထဲသို့ တိုးဝင်လာသည့်အခါ ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲမှုများ ထွက်ပေါ်လာသည်။ သွေးချိတ်ကောက်နှစ်ခုမှ ဖွဲ့စည်းသွားသော သွေးမြစ်က ပြင်းထန်စွာ တုန်ယင်သွားသည်။ ဝမ်ထောင်သည် အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူဖြစ်သည်။ သို့ဖြစ်၍ သူ၏ သွေးချိတ်ကောက်များက ဓမ္မရတနာများ ဖြစ်ကြသည်။ ထို့ကြောင့် ယင်းတို့က ဧရာမတောင်ကြီးတစ်တောင်နှယ် သန်မာကြ၏။

အခြားတစ်ဖက်တွင် အသံလှိုင်းနယ်နိမိတ်သည်လည်း အလွန်သန်မာသည်။ ထိုနယ်နိမိတ်ထဲ၌ ကြောက်မက်ဖွယ်ကောင်းသော အသံလှိုင်းစက်ဝန်းများဖြင့် ပြည့်နှက်နေသည်။ ထိုနယ်နိမိတ်ထဲ၌ လေဟာနယ်သည်ပင် ပုံပျက်တွန့်လိမ်နေလေရာ ယင်းက မည်မျှကြောက်စရာကောင်းကြောင်း စိတ်ကူးကြည့်နိုင်ပေသည်။

“ ဟွန့်… အသံလှိုင်းကို အကာအကွယ်အနေနဲ့ အသုံးပြုနိုင်တယ်လား… ဒါပေမဲ့ မင်းက အခြေတည်နယ်ပယ် ကျင့်ကြံသူတစ်ယောက်ပါပဲ… အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက်နဲ့ ရင်ဆိုင်ရတဲ့အခါ မင်းက ရထားလုံးအရှေ့က ရှိခိုးကောင်လေးပါပဲ… ဒီနေ့ အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက် ဘယ်လောက်သန်မာလဲဆိုတာ ငါမင်းကို ပြမယ် ”

ဝမ်ထောင်က သရော်လှောင်ပြောင်စွာ ပြောသည်။ သူက တခြားအတတ်ပညာများကို အသုံးမပြုပေ။ ယင်းအစား သူက သွေးမြစ်ကို ထိန်းချုပ်ပြီး အသံလှိုင်းနယ်နိမိတ်ကို အပြင်းအထန် ဝင်ဆောင့်စေသည်။ သူက သွေးမြစ်ကို အသုံးပြု၍ သီရှီထျန်၏ ခုခံကာကွယ်မှုကို ချိုးဖြတ်ပစ်ချင်သည်။ သူက ကြမ်းတမ်းမှုကို ကြမ်းတမ်းမှုဖြင့် ပြန်တွန်းလှန်ချင်သည်။

ယင်းက အလွန်ရိုးရှင်းသော တိုက်ခိုက်မှုပုံစံဖြစ်သော်လည်း ထိရောက်မှု ရှိသည်။ ယင်းက ခွန်းအားပြသော လှုပ်ရှားမှုလည်း ဖြစ်သည်။

အထူးသဖြင့် သူ၏ ကျင့်ကြံခြင်းအဆင့်က သီရှီထျန်ထက် ပိုပြီးမြင့်မားလေရာ အကြမ်းပတမ်း တိုက်ခိုက်ရန် သူ့မှာ အရည်အချင်းရှိသည်။

“ ဝုန်း… ဝုန်း ”

သွေးမြစ်သည် အသံလှိုင်းနယ်နိမိတ်ကို ထပ်ခါတလဲလဲ ဝင်ဆောင့်လိုက်သည်။ ယင်းက သီရှီထျန်ဆီသို့ ဦးတည်သွားရန် အရူးအမူး လုပ်ဆောင်နေသည်။ သွေးမြစ်က တစ်ကြိမ်ဝင်ဆောင့်လိုက်တိုင်း အသံလှိုင်းနယ်နိမိတ်က ပြင်းထန်စွာ တုန်ယင်သွားသည်။ ကုချင်းကြိုးများပေါ်မှ သီရှီထျန်၏ ညာလက်ချောင်းများသည်ပင် တန်ပြန်အားကြောင့် တုန်ယင်သွားကြသည်။

ဒဏ်ရာများက သူ၏ လက်ချောင်းများပေါ်မှာ ထွက်ပေါ်လာပြီး သွေးစက်များက ကုချင်းပေါ်သို့ ကျဆင်းသွားသည်။ ယင်းက နတ်ဆိုးဆန်သော မြင်ကွင်းတစ်ခု ဖြစ်သည်။ ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်းသည် အလွန်သန်စွမ်းပြီး ဓမ္မရတနာတစ်ခုနှင့် နှိုင်းယှဉ်နိုင်စွမ်းရှိသည်။ သို့သော်လည်း လက်ရှိ သီရှီထျန်သည် ကုချင်း၏ စွမ်းအားအပြည့်အဝကို မထုတ်လွှတ်နိုင်သေးပေ။ သူက ကုချင်းကို အကြမ်းပတမ်း တီးခတ်၍ ယင်း၏ စွမ်းအားတစ်ဝက်ကိုသာ ထုတ်လွှတ်နိုင်သည်။

“ ဘန်း ”

သီရှီထျန်က ထိတ်လန့်သွားသည်။

အတိတ်တွင် အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူများနှင့် သူတိုက်ခိုက်ခဲ့ဖူးသည်။ တောင်ပိုင်းမြေရိုင်းဒေသထဲတွင် သူသည် နှောင်းပိုင်းအဆင့် အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက်ကို သတ်ဖြတ်နိုင်ခဲ့သည်။ သို့သော်လည်း ထိုတိုက်ပွဲမှာ မိစ္ဆာသားရဲဘုရင်များက သူနှင့်အတူ ပူးပေါင်းတိုက်ခိုက်ခဲ့ကြသည်။ သို့မဟုတ်လျှင် သေဆုံးမည့်လူက သူဖြစ်သွားနိုင်သည်။ ကုချင်းဘုံထဲမှာ သူက ရွှဲသကို အလွယ်တကူ သတ်ဖြတ်နိုင်ခဲ့သည်။ ယင်းမှာ တစ်ဖက်လူက အစစ်အမှန် အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူမဟုတ်သောကြောင့်ပင်။ ဤအခိုက်အတန့်မှာ သီရှီထျန်က စစ်မှန်သော အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက်ကို တစ်ယောက်တည်း ရင်ဆိုင်နေရသည်။

သို့မှသာ အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက်က မည်မျှကြောက်စရာကောင်းကြောင်း သူနားလည်သွားသည်။

သူ၏ ရန်သူက အလွန်သန်မာသည်။ သူ၏ မျက်လုံးထဲမှာ ထိတ်လန့်မှု ထွက်ပေါ်လာသည့်အခါ အသံလှိုင်းနယ်နိမိတ်သည် သွေးမြစ်၏ ကိုးကြိမ်မြောက် ဝင်ဆောင့်ခံလိုက်ရသည်။ သွေးမြစ်က အလွန်သန်စွမ်းပြီး လျှို့ဝှက်ဆန်းကြယ်သော အရှိန်အဝါကို ထုတ်လွှတ်နေသည်။

ယင်းက ဧရာမအနီရောင်သားရဲတစ်ကောင်နှယ် သီရှီထျန်ဆီသို့ ချီတတ်လာနေသည်။ သေခြင်းအရှိန်အဝါက သူ့ခန္ဓာကိုယ်ကို ရုတ်တရက် လွှမ်းခြုံသွားသည်။

“ မရဘူး… ငါသေလို့မဖြစ်ဘူး… ဒီနေရာမှာ ငါမသေရဘူး ”

သူ့ဆီသို့ ဦးတည်လာနေသော သွေးမြစ်ကို မြင်သောအခါ သီရှီထျန်က နှလုံးတုန်ယင်သွားသည်။ ထိုသွေးမြစ်က မည်မျှသန်စွမ်းကြောင်း သူမြင်ထားပြီးပြီ ဖြစ်၏။ အကယ်၍ ထိုသွေးမြစ်သာ သူ၏ ခန္ဓာကိုယ်ကို ဝါးမျိုသွားမည်ဆိုလျှင် သူ၏ မိစ္ဆာခန္ဓာကိုယ်က မည်မျှသန်မာပါစေ အရိုးပါမကျန်အောင် ယိုယွင်းတိုက်စားခံရလိမ့်မည်။ ယင်းက အမှန်တကယ် ကြောက်စရာကောင်းသည်။

ဤသို့သေခြင်းရှင်ခြင်းအခြေအနေဖြင့် ရင်ဆိုင်ရသောအခါ ပြင်းပြသော အသက်ရှင်ချင်စိတ်က သူ၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။ သူက အသက်မသေချင်ပေ။ အတိတ်ဘဝမှာ ဖြစ်ပျက်ခဲ့သော အရာအားလုံးက သူ၏ စိတ်ထဲမှာ ရုတ်တရက် ပြန်ပေါ်လာသည်။

ပြင်းပြသော အသက်ရှင်ချင်စိတ်၊ ကိုယ့်ကံကြမ္မာကို ကိုယ့်လက်ထဲမှာ ထည့်ထားချင်သော ဆန္ဒက သူ၏ ခန္ဓာကိုယ်ထဲမှာ အားကောင်းစွာ ပေါ်လျှိုးလာသည်။ သူက ခေါင်းမော့လိုက်ပြီး ကောင်းကင်ယံကို ကြည့်လိုက်သည်။ သူက ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။

“ ငါ့ကိုယ်ငါကလွဲလို့ ဘယ်သူမှ ငါ့အသက်ကို မနုတ်ယူနိုင်ဘူး… ငါ့အသက်ကို ငါပဲပိုင်တယ်… ကောင်းကင်ဘုံကတောင် ငါ့အသက်ကို မယူနိုင်ဘူး… ဒီမိုးမြေမှာ ငါ့ကို ဘယ်သူမှ မသတ်နိုင်ဘူး ”

အခန်း(၂၂၇)

ကျယ်လောင်သော ဟိန်းသံက ကောင်းကင်ပေါ်ထိ ပျံတတ်သွားပြီး တိမ်တိုက်များကို ထိုးဖောက်သွားသည်။ ချက်ချင်းဆိုသလိုပင် ဟိန်းသံက အရပ်ရှစ်မျက်နှာတစ်ခွင်သို့ ပဲ့တင်ထပ်သွားသည်။ နန်းမြို့တော်မဆိုထားနှင့် အဝေးမှ ကုချင်းချိုင့်ဝှမ်းသည်ပင် ကမ္ဘာမြေတုန်ဟီးစေမည့် ထိုဟိန်းသံကို ကြားသွားသည်။

ယင်းက မောက်မာထောင်လွှားသော ဟိန်းသံ ဖြစ်သည်။ ထိုဟိန်းသံထဲမှာ အထွတ်အမြတ် ဩဇာအာဏာအရှိန်အဝါ ကိန်းအောင်းနေသည်။

ထိုအခါ တစ်ခါမှမဖြစ်ပေါ်ဖူးသော အပြောင်းအလဲတစ်ခုက နောက်ဆုံးမှာ ထွက်ပေါ်လာသည်။

သူ၏ နဖူးပေါ်မှ ခရမ်းရောင်ဘုရင်အမှတ်အသားက ခရမ်းရောင်အလင်းကို ထုတ်လွှတ်လိုက်သည်။ ခရမ်းရောင်အလင်းထဲတွင် ဘုရင်အမှတ်အသားက ရိုင်းစိုင်းကြမ်းကြုတ်သော မီးတောက်တစ်ခုနှယ် ပြောင်းလဲသွားဟန် ရ၏။ မီးတောက်က ပရမ်းပတာ တောက်လောင်နေပြီး အဆုံးမဲ့သော လျှို့ဝှက်ဆန်းကြယ်မှုကို ထုတ်လွှတ်နေသည်။

တစ်ချိန်တည်းမှာ ကြီးမြတ်သော အရှိန်အဝါက သီရှီထျန်ကို ဖုံးလွှမ်းသွားသည်။ ဤအခိုက်အတန့်မှာ နေရာ၌ သူမတ်တတ်ရပ်နေစဉ် သူ့ခန္ဓာကိုယ်က အလွန်ရှည်လျားသွားဟန် ရ၏။

ဤသည်မှာ လောကအလယ်၌ သူတစ်ယောက်တည်း မတ်တတ်ရပ်နေပြီး ကျန်သတ္တဝါအားလုံးက သူ၏ ခြေတော်ရင်းမှာ ဝပ်တွားနေကြသည့်အလားပင်။ သူ့ကို ဆန့်ကျင်သည့် လူများက သေချာပေါက် ဖျက်ဆီးခံကြရမည်။

တောင်များနှင့် ပင်လယ်များကို မှောက်လှန်ပစ်နိုင်သော အထွတ်အမြတ် ဩဇာအာဏာအရှိန်အဝါက ပေါ်လျှိုးထွက်လာသည်။ လျှပ်တစ်ပြက်အတွင်းမှာ အနီးနားဝန်းကျင်မှ သက်ရှိအားလုံးက ထိုအရှိန်အဝါဖြင့် ဖိနှိခံလိုက်ကြရပြီး အသက်ရှူမွန်းကျပ်သွားကြသည်။

ဤအခိုက်အတန့်မှာ ဝမ်ထောင်သည်ပင် ကောင်းမွန်စွာ အသက်မရှူနိုင်ပေ။

“ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ… သီရှီထျန်က အခြေတည်နယ်ပယ် ကျင့်ကြံသူတစ်ယောက်ပဲကို… ဘယ်လိုလုပ် သူက ဒီလောက်အားကောင်းတဲ့ အရှိန်အဝါကို ထုတ်လွှတ်နိုင်တာလဲ… ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ”

သူ့အရှေ့မှ အဖြစ်အပျက်က လက်ခံနိုင်ရန် ခဲယဉ်းကြောင်း ဝမ်ထောင် မြင်တွေ့သွားသည်။ သူ့ထက် အားနည်းသော ပုဂ္ဂိုလ်က ထိုမျှကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကို ထုတ်လွှတ်နိုင်လိမ့်မည်ဟု သူမယုံကြည်နိုင်ပေ။ ယင်းက လျှို့ဝှက်ဆန်းကြယ်ပြီး အံ့ဩဖွယ်ကောင်းသည်။

" သွေးမြစ်… သူ့ကို ဝါးမျိုစမ်း ”

ဝမ်ထောင်၏ မျက်လုံးထဲမှာ ရူးသွပ်မှုတစ်စွန်းတစ်စ ထွက်ပေါ်လာသည်။ သူက နိမိတ်ဆိုးကို ကြိုအာရုံခံမိသွားသည်။ ဤသည်မှာ မကောင်းသော တစ်စုံတစ်ခု မကြာခင် ဖြစ်ပေါ်လာတော့မည့်အလားပင်။ သူက တုံ့ဆိုင်းမနေဘဲ သွေးမြစ်ကို သီရှီထျန်အား ဝါးမျိုခိုင်းလိုက်သည်။

“ ဘန်း… ဘန်း… ဘန်း… ”

စက်ကရာသည် နေရာမှာ ဗုဒ္ဓရုပ်တုကဲ့သို့ တည်ငြိမ်စွာ မတ်တတ်ရပ်နေပြီး လောကကို အထင်သေးစွာ ကြည့်နေသည်။ သူ၏ နဖူးပေါ်မှ ခရမ်းရောင်ဘုရင်အမှတ်အသားက အသင်္ချေခရမ်းရောင်အလင်းတန်းများကို ထုတ်လွှတ်လိုက်သည်။ ဘုရင်အမှတ်အသားသည် မီးတောက်တစ်ခုနှယ် အဆက်မပြတ် တုန်ယင်နေသည်။

" ဝှစ် "

အသင်္ချေခရမ်းရောင်အလင်းတန်းများက ခရမ်းရောင်ဘုရင်အမှတ်အသားထဲမှ ပျံသန်းထွက်လာကြသည်။ ခရမ်းရောင်အလင်းက သူ့အရှေ့မှ နယ်မြေတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ တစ်ချိန်တည်းမှာ သီရှီထျန်သည်ပင် အံ့ဩသွားရမည့် အပြောင်းအလဲတစ်ခု ထွက်ပေါ်လာသည်။ ဤအခိုက်အတန့်မှာ သူက ခရမ်းရောင်ဘုရင်အမှတ်အသားထဲမှ ခရမ်းရောင်ရေကန်၏ ထင်မှတ်မထားသော အပြောင်းအလဲကို ရှင်းလင်းစွာ အာရုံခံမိသွားသည်။ သူက မိစ္ဆာအာရုံကို ခရမ်းရောင်ဘုရင်အမှတ်အသားထဲသို့ အမြန်ပို့လွှတ်လိုက်သည်။

ခရမ်းရောင်ရေကန်ကို ဂရုတစိုက် သူစစ်ဆေးကြည့်လိုက်သည့်အခါ သူ့နှလုံးသားထဲမှာ အံ့ဩမှင်သက်မှု ထွက်ပေါ်လာသည်။ မျှော်လင့်သော အရိပ်အယောင်က သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

ခရမ်းရောင်ရေကန်ထဲတွင် ပုံရိပ်အများအပြားကို ခရမ်းရောင်အလင်းက ရစ်သိုင်းနေကြောင်း သူမြင်တွေ့သွားသည်။ ထိုပုံရိပ်များသည် ဤအတောအတွင်း သူစုပ်ယူထားသော ဝိညာဉ်ကောင်များ ဖြစ်ကြသည်။ သူတို့ထဲမှ အများစုက လူသားဝိညာဉ်များဖြစ်ကြသည်။ မှန်ပေသည်။ သားရဲဝိညာဉ်များသည်လည်း အရေမတွက်မနည်းလှပေ။ ၎င်းတို့က အများဆုံး တစ်ထောင်နှစ်ထောင်ခန့် ရှိကြသည်။

ထိုဝိညာဉ်ကောင်များသည် ခရမ်းရောင်ရေကန်ထဲသို့ ဝင်ရောက်သွားပြီးလျှင် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားဖြင့် ထိန်းချုပ်ခံလိုက်ကြရသည်။ သူတို့တစ်ယောက်စီက ခရမ်းရေကန်ထဲမှ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားကို အလိုအလျောက် စုပ်ယူနေကြသည်။ ထို့ကြောင့် သူတို့၏ ခန္ဓာကိုယ်ကို ခရမ်းရောင်အလင်းက ရစ်သိုင်းနေသည်။ ထိုခရမ်းရောင်အလင်းက ဝိညာဉ်ခန္ဓာကိုယ်ထဲသို့ ဖြည်းဖြည်းချင်း စိမ့်ဝင်သွားနေလေရာ ဝိညာဉ်ခန္ဓာကိုယ်က ခရမ်းရောင်သို့ ပြောင်းလဲသွားသည်။

ထိုဖြစ်စဉ်က အလွန်ကြာညောင်းဟန် ရ၏။ ဝိညာဉ်နှစ်ကောင်တည်းသာ တစ်ကိုယ်လုံးခရမ်းရောင်သို့ ပြောင်းလဲသွားသည်။ ကျန်ဝိညာဉ်များသည်တော့ ခန္ဓာကိုယ်တစ်စိတ်တစ်ပိုင်းသာလျှင် ခရမ်းရောင်ပြောင်းလဲရသေး၏။ အချိန်တစ်ခုကြာပြီးသွားလျှင် အနာဂတ်မှာ သူတို့၏ တစ်ကိုယ်လုံးက ခရမ်းရောင်သို့ ပြောင်းလဲသွားလိမ့်မည်။

ထို့ပြင် သူတို့၏ ခန္ဓာကိုယ်ပေါ်မှ ခရမ်းရောင်အလင်းက စစ်ချပ်ဝတ်အဖြစ် လျှို့ဝှက်ဆန်းကြယ်စွာ ဖွဲ့စည်းသွားသည်။ ထိုစစ်ချပ်ဝတ်များသည် ပုံရိပ်ယောင်နှင့် ပိုပြီးဆင်တူကြသည်။ ဤသည်မှာ ယင်းတို့က ရုပ်ဒြပ်ထည်မရှိသည့်အလားပင်။ ယင်းက အလွန်ထူးခြားသည်။

ထို့ပြင် သူတို့က လက်ထဲမှာ လက်နက်အမျိုးမျိုးကို ကိုင်ဆောင်ထားကြသည်။ ယင်းတို့က ဓားမော့များ၊ ဓားများနှင့် လှံများ အစရှိသည်တို့ ဖြစ်ကြသည်။

အလုံးစုံခြုံကြည့်ရသော် သူတို့က စစ်သူရဲများနှင့် ဆင်တူကြသည်။ ဤအခိုက်အတန့်မှာ မူလက တည်ငြိမ်နေသော ခရမ်းရောင်ရေကန်က ပရမ်းပတာ စတင်လှုပ်သွားသည်။ ဝိညာဉ်အားလုံးက တစ်ပြိုင်နက် မျက်လုံးဖွင့်လိုက်ကြသည်။ ထွန်းလင်းတောက်ပသော ခရမ်းရောင်အလင်းတန်းက သူတို့၏ မျက်လုံးထဲမှ ထွက်ပေါ်လာပြီး အေးစက်စက် အမူအရာက သူတို့၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။ မကြာမီ ထူးဆန်းသော လမ်းကြောင်းတစ်ခုက ခရမ်းရောင်ရေကန်၏ အပေါ်မှာ ထွက်ပေါ်လာသည်။

“ ဂါး… ဂါး… ”

ဝိညာဉ်အားလုံးက ဟိန်းဟောက်လိုက်ကြသည်။ တစ်ကိုယ်လုံး ခရမ်းရောင်ပြောင်းနေသော ဝိညာဉ်နှစ်ကောင်က အရင်ဦးဆုံး စလှုပ်ရှားကြသည်။ သူတို့က ခရမ်းရောင်ရေကန်ထဲမှ ထွက်လာကြပြီး ကောင်းကင်ပေါ်မှ ထူးဆန်းသော လမ်းကြောင်းထဲသို့ ဝင်ရောက်သွားကြသည်။ ကျန်ဝိညာဉ်များသည်လည်း သူတို့အနောက်မှ တစ်ကောင်ပြီးတစ်ကောင် လိုက်သွားကြသည်။

“ သေစမ်း… ငါ့ရဲ့ သွေးမြစ်ကနေ မင်းမလွတ်မြောက်နိုင်ဘူး… နှောင်းပိုင်းအဆင့် အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက်တောင် ငါ့ရဲ့ သွေးမြစ်ကို မရှောင်တိမ်းနိုင်ဘူး… မင်းက ဘယ်လောက်ပဲ ထူးဆန်းပါစေ ဘယ်လောက်ပဲ သန်မာပါစေ ဝိညာဉ်သန္ဓေတည်နယ်ပယ် စွမ်းအားကို မပိုင်ဆိုင်ထားဘူး "

စက်ကရာ၏ ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသော အထွတ်အမြတ် ဩဇာအာဏာအရှိန်အဝါကို ခံစားမိသောအခါ ဝမ်ထောင်က ခန္ဓာကိုယ်တုန်ယင်သွားပြီး အသက်ရှူမွန်းကျပ်သွားသည်။ ထို့ကြောင့် သူက သွေးမြစ်ကို ထိန်းချုပ်လိုက်ပြီး စက်ကရာကို တိုက်ရိုက် တိုက်ခိုက်လိုက်သည်။ သွေးမြစ်ဖြတ်သန်းသွားသည့်နေရာတိုင်း အရာအားလုံး ပျက်စီးသွားလိမ့်မည်။

သို့သော်လည်း သွေးမြစ်က သီရှီထျန်အနားသို့ ရောက်ရန် တစ်မီတာသာလိုတော့သည့်အချိန် မမျှော်လင့်ထားသော အဖြစ်အပျက်တစ်ခု ထွက်ပေါ်လာသည်။

သီရှီထျန်၏ နဖူးပေါ်မှ ထုတ်လွှတ်နေသော ခရမ်းရောင်အလင်းထဲတွင် ပုံရိပ်ယောင်စစ်ချပ်ဝတ် ဝတ်ဆင်ထားသော ခရမ်းရောင်ပုံရိပ်နှစ်ခု ပေါ်လျှိုးလာကြသည်။ သူတို့ထဲမှ တစ်ကောင်က ဓားမော့ကို ကိုင်ထားပြီး အခြားတစ်ကောင်က စစ်ပွဲဓားကို ကိုင်ထားသည်။ သူတို့က သီရှီထျန်၏ အရှေ့၌ လျှို့ဝှက်ဆန်းကြယ်စွာ ထွက်ပေါ်လာကြသည်။

ခရမ်းရောင်ဓားမော့ ကိုင်ထားသော စစ်သူရဲဝိညာဉ်၏ မျက်လုံးက အေးစက်နေသည်။ သူက သူ့အရှေ့သို့ တလိပ်လိပ် ရွေ့လျားလာနေသော သွေးမြစ်ကို စိုက်ကြည့်လိုက်သည့်အခါ ချောက်ချားဖွယ်ကောင်းသော ခရမ်းရောင်အလင်းတန်းက သူ့မျက်လုံးထဲမှ ထွက်ပေါ်လာသည်။ သူက လက်ထဲမှ ခရမ်းရောင်ဓားမော့ကို မြှောက်၍ သွေးမြစ်ထံသို့ ရက်စက်ကြမ်းကြုတ်စွာ ခုတ်ပိုင်းလိုက်သည်။ ဆယ်ပေရှည်လျားသော ခရမ်းရောင်ဓားမော့အလင်းက ပျံသန်းထွက်လာပြီး သွေးမြစ်ကို ခုတ်ပိုင်းလိုက်သည်။

“ ဘန်း ”

ထိုဓားမော့ခုတ်ချက်သည် နှောင်းပိုင်းအဆင့် အခြေတည်နယ်ပယ် ကျင့်ကြံသူတစ်ယောက်၏ အစွမ်းပြည့်တိုက်ခိုက်မှုနှင့် ညီမျှသည်။ ထို့ပြင် ယင်းက ခရမ်းရောင်ဓားမော့မှ ထုတ်လွှတ်လိုက်သော တိုက်ခိုက်မှု ဖြစ်သည်။ ယင်းက သွေးမြစ်ကို ပြင်းထန်စွာ တုန်ယင်သွားစေပြီး သွေးလှိုင်းလုံးများ ဖြစ်ပေါ်လာစေသည်။

တခြားစစ်သူရဲဝိညာဉ်သည်လည်း သူ၏ လက်ထဲမှ စစ်ပွဲဓားကို ကိုင်မြှောက်လိုက်ပြီး သွေးမြစ်ထံသို့ ပိုင်းဖြတ်လိုက်သည်။ စစ်ပွဲဓားက သွေးမြစ်ကို အလယ်မှ နှစ်ခြမ်းကွဲထွက်သွားအောင် ပိုင်းဖြတ်ပစ်လိုက်သည်။ စစ်သူရဲဝိညာဉ်များ၏ တိုက်ခိုက်မှုက အမှန်တကယ် အံ့ဖွယ်ကောင်းသည်။

“ ကောင်းတယ်… အရမ်းကောင်းတယ်… ဒီတော့ ဒီဟာက ငါ့ရဲ့ မွေးရာပါသဘာဝစွမ်းရည်အမှန်ကို… သေဆုံးသွားတဲ့ ချီတစ္ဆေတွေကို စစ်သူရဲဝိညာဉ်တွေအဖြစ် ပြောင်းလဲပေးတယ်… ပြီးတော့ စစ်သူရဲဝိညာဉ်တွေက ငါ့ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိတယ်… စစ်သူရဲဝိညာဉ်တစ်သိန်း အရှေ့ကို ချီတတ်သွားတဲ့အခါ ဘယ်သူက ငါ့ကို တားဆီးနိုင်မှာလဲ… ဒီလောကမှာ ငါက ပြိုင်ဘက်ကင်းပြီ ”

စက်ကရာသည် ဝမ်းသာပျော်ရွှင်သွားပြီး နှစ်ထောင်းအားရသွားသည်။ နောက်ဆုံးမှာတော့ သေရေးရှင်ရေးအခိုက်အတန့်မှာ သူ၏ မွေးရာပါသဘာဝစွမ်းရည်က စွမ်းအားအမှန်ကို ထုတ်ဖော်ပြလိုက်သည်။ ထို့ပြင် ယင်းက ခရမ်းရောင်ဘုရင်အမှတ်အသား၏ စွမ်းအားအပြည့်အဝ မဟုတ်သေးကြောင်း ရှင်းလင်းစွာ သူခံစားမိသည်။ ယင်းက စွမ်းအားတစ်စိတ်တစ်ပိုင်းသာ ဖြစ်၏။

“ အဲ့ဒါက ဘာလဲ… ရုပ်သေးရုပ်တွေလား ”

ဝမ်ထောင်သည် စစ်သူရဲဝိညာဉ်များ၏ ရုတ်တရက် ထွက်ပေါ်လာမှုကြောင့် အံ့ဩထိတ်လန့်သွားသည်။ စစ်သူရဲဝိညာဉ်နှစ်ကောင်၏ တိုက်ခိုက်မှုက သူ၏ သွေးမြစ်ကို အနိုင်ယူနိုင်သည်လော။ သူတို့၏ သာမန်ဓားခုတ်ချက်များက နှောင်းပိုင်းအဆင့် အခြေတည်နယ်ပယ် ကျင့်ကြံသူတစ်ယောက်နှင့် နှိုင်းယှဉ်နိုင်သည်။

“ ဟွန့်... သီရှီထျန်… နှောင်းပိုင်းအဆင့် အခြေတည်နယ်ပယ် ဒီရုပ်သေးနှစ်ကောင်တည်းနဲ့ ငါ့ကို အနိုင်ယူနိုင်မယ် မင်းထင်နေတာလား… ငါ့ရဲ့ သွေးမြစ်ကို အလွယ်တကူ မင်းမဖျက်ဆီးနိုင်ဘူး… ဒီနေ့ မင်းရဲ့ အသက်ကို ငါနုတ်ယူမယ်… သွေးမြစ် ပြန်ဖွဲ့စည်းစမ်း ”

ဝမ်ထောင်က အထင်သေးစွာ နှာခေါင်းရှုံ့လိုက်သည်။ သူက လက်နှစ်ဖက်စလုံးဖြင့် ချိပ်တံဆိပ်သင်္ကေတတစ်ခုကို ဖွဲ့စည်းလိုက်သည်။

ထိုအခါ အစောနက နှစ်ခြမ်းကွဲထွက်သွားသော သွေးမြစ်က လျှို့ဝှက်ဆန်းကြယ်စွာ ပြန်ပေါင်းစည်းသွားသည်။ သွေးမြစ်သည် နောက်တစ်ကြိမ် မြည်ဟိန်းလိုက်ပြီး သီရှီထျန်ဆီသို့ ဦးတည်သွားသည်။

“ သေစမ်း ”

ဤအခိုက်အတန့်မှာ သီရှီထျန်က နောက်ထပ် အပိုစကားမပြောတော့ပေ။ သူက စစ်သူရဲဝိညာဉ်များကို အမိန့်ပေးလိုက်သည်။ စစ်သူရဲဝိညာဉ်နှစ်ကောင်တွင် တစ်ကောင်က သွေးမြစ်ဆီသို့ ဦးတည်သွားပြီး အခြားတစ်ကောင်က ဝမ်ထောင်ဆီသို့ ပြေးသွားသည်။ ဓားမော့အလင်းနှင့် ဓားအလင်းက ကြောက်မက်ဖွယ်ကောင်းသော အင်အားနှင့်အတူ ပေါ်လျှိုးလာသည်။ ရက်စက်ကြမ်းကြုတ်သော သတ်ဖြတ်ခြင်းအရှိန်အဝါက အရပ်ရှစ်မျက်နှာသို့ ပျံ့နှံ့သွားသည်။

အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူဖြစ်သော ဝမ်ထောင်ဆီမှာ ရတနာများနှင့် ဓမ္မမန္တန်များ မရှားပါးပေ။ သူ၏ လက်ထဲတွင် သွေးအလံတိုင်တစ်ခု ထွက်ပေါ်လာသည်။ အလံတိုင်က တဖျပ်ဖျပ် လူးလွန့်သွားသည့်အခါ သွေးတိမ်တိုက်များက အပြင်သို့ ပျံသန်းထွက်လာကြသည်။ ယင်းက သွေးတိမ်တိုက်အလံတိုင်မှလွဲ၍ တခြားမဟုတ်ပေ။ ထို့ပြင် ယင်းက ရွှဲယင်ရီ၏ အလံတိုင်ထက် အများကြီး ပိုအစွမ်းထက်သည်။

သွေးတိမ်တိုက်များက စစ်သူရဲဝိညာဉ်နှစ်ကောင်ကို ဝိုင်းရံလိုက်ကြသည်။

“ မင်းဆီမှာ အခြေတည်နယ်ပယ် ကျင့်ကြံသူနှစ်ယောက်ပဲ ရှိတာပါ… အရေအတွက်အားသာချက်က ငါတို့ကြားက ကျင့်ကြံခြင်းအဆင့်ကွာခြားမှုကို မဖြေရှင်းပေးနိုင်ဘူး… ငါက အမြူတေဖွဲ့စည်းခြင်းနယ်ပယ်မှာ မင်းကတော့ အခြေတည်နယ်ပယ်မှာ… ဒါကြောင့် ဒီနေ့ မင်းသေချာပေါက် သေရမယ် ”

ဝမ်ထောင်က အေးစက်စက် ပြောသည်။ အရိုးသားဆုံးဆိုရလျှင် ယခုအခြေအနေက သူမျှော်လင့်ထားသောအရာ မဟုတ်ပေ။ သီရှီထျန်က သူ့ကို အံ့ဩစေခဲ့သည်။ အစက သူတွေးထားသည်မှာ အခြေတည်နယ်ပယ် ကျင့်ကြံသူတစ်ယောက်ကို ကြက်ကလေး ငှက်ကလေးသဖွယ် အလွယ်တကူ ဖမ်းဆီးနိုင်လိမ့်မည်။ သို့သော်လည်း တစ်ဖက်လူက သူ့ကို ထိုမျှအခက်တွေ့စေမည်ဟု မည်သူမျှော်လင့်ထားမည်နည်း။

“ အဲ့လိုလား ”

သီရှီထျန်၏ မျက်နှာပေါ်မှာ သရော်လှောင်ပြောင်သော အမူအရာ ထွက်ပေါ်လာသည်။

“ ယီး… ”

ဝမ်ထောင်သည် အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူဖြစ်သော်လည်း သူ့အရှေ့မှ အပြောင်းအလဲကို မြင်သွားသောအခါ ပါးစပ်မှ လွှတ်ခနဲ ကျိန်ဆဲမိသွားသည်။ သူ၏ မျက်လုံးများက မျက်လုံးအိမ်ထဲမှ ပြုတ်ကျတော့မည့်အလား ပြူးကျယ်သွားသည်။

သီရှီထျန်၏ ခရမ်းရောင်ဘုရင်အမှတ်အသားက ခရမ်းရောင်အလင်းကို ဆက်လက် ထုတ်လွှတ်ပေးလိုက်သည်။ ခရမ်းရောင်အလင်း မှိတ်တုတ်မှိတ်တုတ် လင်းလက်သွားသည့်အခါ စစ်သူရဲဝိညာဉ်အများအပြားက အပြင်ဘက်မှာ ထွက်ပေါ်လာကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာ စစ်သူရဲဝိညာဉ်တစ်ရာက သီရှီထျန်ကို ဝိုင်းရံလိုက်ကြပြီး ကာကွယ်ပေးလိုက်ကြသည်။ ထိုစစ်သူရဲဝိညာဉ်များက တူညီသော အရှိန်အဝါကို ထုတ်လွှတ်နေကြသည်။ ပိုပြီးအရေးကြီးသည်မှာ ယင်းက အဆုံးသတ်မဟုတ်သေးပေ။ အသက်တစ်ခါရှူချိန်ကြာသွားတိုင်း နောက်ထပ် စစ်သူရဲဝိညာဉ်တစ်ရာက ထွက်ပေါ်လာကြသည်။

သူတို့အားလုံးက ဝမ်ထောင်ကို အေးစက်စက် စိုက်ကြည့်နေကြသည်။

အခန်း(၂၂၈)

“ ဒီနတ်ဆိုးက ဘယ်က ရောက်လာတာလဲ… ငါမသေချင်သေးဘူး ”

ဝမ်ထောင်က စိတ်ပျက်အားလျော့စွာ အော်ပြောလိုက်သည်။ သူက လက်ဝှေ့ယမ်းလိုက်ပြီး သွေးမြစ်နှင့် သွေးတိမ်တိုက်အလံတိုင်ကို ပြန်ဆင့်ခေါ်လိုက်သည်။ သွေးတိမ်တိုက်အလံတိုင်ကို လက်တစ်ဖက်မှာ ကိုင်ထားစဉ် သွေးမြစ်က သွေးချိတ်ကောက်နှစ်ခုအဖြစ် ပြန်ပြောင်းလဲသွားသည်။ သူက သွေးချိတ်ကောက်နှစ်ခုကို စီးနင်းလျက် အဝေးသို့ မြန်ဆန်စွာ ထွက်ပြေးသည်။ သူ၏ အလျင်က အလွန်မြန်ဆန်လေရာ လေထဲ၌ သွေးနီရောင်အလင်းတန်းတစ်ခုသာ ကျန်ရစ်ခဲ့သည်။ သူက နောက်ထပ် တိုက်ခိုက်ရန် ဆန္ဒမရှိတော့ပေ။ သူက ထွက်ပြေးနေရင်း စိတ်ထဲမှာ ကျိန်ဆဲလိုက်သည်။

“ ယီး… အဲ့ဒီနတ်ဆိုးက ဘယ်က ရောက်လာတာလဲ ”

စစ်သူရဲဝိညာဉ်တစ်ကောင် နှစ်ကောင်ကို သူမကြောက်ပေ။ သို့သော်လည်း ရာထောင်ချီသော စစ်သူရဲဝိညာဉ်များကိုတော့ သူကြောက်ပေသည်။ သူ့နေရာမှာ ဝိညာဉ်သန္ဓေတည်နယ်ပယ် ကျင့်ကြံသူတစ်ယောက်ဆိုလျှင်ပင် အမြန်ထွက်ပြေးရလိမ့်မည်။ သို့ဖြစ်၍ သူ၏ ရွေးချယ်မှုက ရှက်စရာမဟုတ်ပေ။ ဤအခိုက်အတန့်မှာ အကန့်အသတ်မဲ့သော အကြောက်တရားက သူ့နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။

စစ်သူရဲဝိညာဉ်ရာထောင်ချီကို ပြန်တွေးလိုက်သည့်အခါ ဝမ်ထောင်က နှလုံးခုန်မြန်သွားသည်။ သူ၏ ခြေထောက်အောက်မှ သွေးချိတ်ကောက်နှစ်ခုက ပိုပြီးမြန်ဆန်လာသည်။ သူက အနောက်သို့ တစ်ချက်ပင် လှည့်မကြည့်ဘဲ အဝေးသို့ ထွက်ပြေးသွားသည်။

မမျှော်လင့်ထားသည်မှာ သီရှီထျန်က တစ်ဖက်လူကို ထွက်သွားခွင့်ပေးလိုက်သည်။ သူက စစ်သူရဲဝိညာဉ်များကို ဝမ်ထောင်၏ အနောက်သို့ မလိုက်ဖမ်းစေခဲ့ပေ။ ဝမ်ထောင် မသိသည်မှာ စက်ကရာက ယခုအချိန်မှာ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်လေသည်။ သူ၏ အတွေးတစ်ချက်ကြောင့် စစ်သူရဲဝိညာဉ်အားလုံးက အသင်္ချေခရမ်းရောင်အလင်းတန်းများအဖြစ် ပြောင်းလဲသွားပြီး သူ၏ နဖူးပေါ်မှ ခရမ်းရောင်ဘုရင်အမှတ်အသားထဲသို့ မြန်ဆန်စွာ ပြန်ဝင်သွားကြသည်။ သူတို့က ခရမ်းရောင်ရေကန်ထဲသို့ ပြန်ဝင်ရောက်သွားကြပြီး ခရမ်းရောင်ရေကန်ထဲမှ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားကို ဆက်လက် စုပ်ယူလိုက်ကြသည်။

သီရှီထျန်သည် ဤနေရာမှာ ကြာကြာ ဆက်မနေပေ။ သူ၏ ခြေထောက်ကို လေကဲ့သို့ ရွေ့လျားလိုက်ပြီး ကုချင်းချိုင့်ဝှမ်းဆီသို့ အမြန်ပြန်သွားသည်။ သူက အမြန်ဆုံး အလျင်ဖြင့် ကုချင်းချိုင့်ဝှမ်းဆီသို့ ပျံသန်းသွားသည်။

သူထွက်သွားပြီး သိပ်မကြာမီ ပုံရိပ်နှစ်ခုက တိုက်ပွဲဖြစ်ပွားရာနေရာဆီသို့ အမြန်ပျံသန်းလာကြသည်။ သူတို့က လေထဲမှာ ရပ်လိုက်ကြသည်။

သူတို့ထဲမှ တစ်ယောက်က တန်ဖိုးကြီးမားသော အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး အခြားတစ်ယောက်က သာမန်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူတို့နှစ်ယောက်၏ အကျင့်စရိုက်သည်လည်း ဆန့်ကျင်ဘက်ဖြစ်သည်။ တစ်ယောက်က သိမ်မွေ့နူးညံ့စဉ် အခြားတစ်ယောက်က ခက်ထန်ကြမ်းကြုတ်သည်။

သူတို့သည် ရွှေဝူဟန်နှင့် ဝူဝူဒီမှလွဲ၍ တခြားမဟုတ်ပေ။

ရွှေဝူဟန်သည် သူ၏ လက်ထပ်မှ ယပ်တောင်ကို တဖျပ်ဖျပ်ခတ်လိုက်ပြီး ပြောသည်။

“ အစောနက ဒီနေရာမှာ တိုက်ပွဲဖြစ်ခဲ့တယ်… ပြီးတော့ သူတို့ထဲက တစ်ယောက်က သီရှီထျန်ဆိုတာ သေချာတယ်… သူ့ရဲ့ ကျားဟိန်းသံကို ကုချင်းဘုံထဲမှာ ငါတို့အားလုံး ကြားခဲ့ဖူးတယ်မဟုတ်လား ”

“ အင်း… ကြည့်ရတာ အကိုသီက ဒီနေရာမှာ တစ်ယောက်ယောက်နဲ့ တိုက်ခိုက်ခဲ့တဲ့ပုံပဲ… ဒါပေမဲ့ ဘာသေကျေပျက်စီးမှုမှ မတွေ့ရဘူး… ဒါပေမဲ့ ဒီနေရာမှာ ကြွင်းကျန်နေတဲ့ အရှိန်အဝါက အရမ်းသန်မာတယ် ”

ဝူဝူဒီက ဘေးပတ်ဝန်းကျင်ကို မြန်ဆန်စွာ စစ်ဆေးကြည့်လိုက်ပြီး လေးနက်စွာ ပြောသည်။

သူတို့နှစ်ယောက်သည် သီရှီထျန်၏ ကျားဟိန်းသံကို ကြားပြီးနောက် ဤနေရာဆီသို့ အမြန်ပြေးလာခဲ့ကြသည်။ သို့သော်လည်း သူတို့မရောက်ခင်မှာ တိုက်ပွဲပြီးဆုံးသွားမည်ဟု မမျှော်လင့်ထားကြချေ။ သူတို့ရောက်လာသည့်အခါမှာ တိုက်ပွဲမြေပြင်က ဟာလာဟင်းလင်းဖြစ်နေသည်။

“ သွားကြစို့… အကိုသီအဆင်ပြေလိမ့်မယ်လို့ ငါယုံကြည်တယ်… မနက်ဖြန်ကျရင် ရှောင်လန်ကို ကုချင်းချိုင့်ဝှမ်းဆီ စေလွှတ်ပြီး တစ်ချက်စစ်ဆေးခိုင်းလိုက်မယ် ”

ရွှေဝူဟန်က ခေါင်းညိတ်လိုက်သည်။ ထိုတိုက်ပွဲက ကြီးမားသော ဆူပူအုံကြွမှုကို ဖြစ်စေခဲ့သည်။ အထူးသဖြင့် ကျားဟိန်းသံပင်။ ယင်းက ကျင့်ကြံသူအများအပြားကို ဆွဲဆောင်သွားလိမ့်မည်။ မကြာမီ ကျင့်ကြံသူအများအပြားက အခြေအနေကို စစ်ဆေးရန် ဤနေရာသို့ ရောက်လာကြလိမ့်မည်။

သို့ဖြစ်၍ သူတို့က အနောက်လှည့်၍ နန်းမြို့တော်ဆီသို့ ပြန်သွားကြသည်။

သူတို့မျှော်လင့်ထားသကဲ့သို့ပင် သူတို့ထွက်သွားပြီး သိပ်မကြာမီ ကျင့်ကြံသူအများအပြားက အရပ်မျက်နှာအသီးသီးမှ ဤနေရာသို့ ပျံသန်းလာကြသည်။ သူတို့က ဘေးပတ်ဝန်းကျင်ကို စစ်ဆေးကြည့်၍ ဤနေရာမှာ မည်သူတို့ တိုက်ခိုက်ခဲ့ကြောင်း တိတ်တဆိတ် ခန့်မှန်းလိုက်ကြသည်။ ဤနေရာမှာ ကျန်ရစ်နေသော ပျက်စီးမှုအတိုင်းအတာက အလွန်အံ့ဖွယ်ကောင်းသည်။

“ ဝှစ် ”

ထမင်းအိုးတစ်လုံးကျက်ချိန် ကြာပြီးသော် သီရှီထျန်က ကုချင်းချိုင့်ဝှမ်းထဲမှ ဝါးအိမ်ထဲသို့ ပြန်ရောက်လာသည်။ သူက ကုတင်ပေါ်မှာ ထိုင်လိုက်ပြီး လေပူကို မှုတ်ထုတ်လိုက်သည်။

“ ဟူး… ငါ သေဘေးကနေ လက်မလေးတင် လွတ်မြောက်သွားခဲ့တာပဲ… ဒီတစ်ကြိမ် အရမ်းအန္တရာယ်များတယ်… အခန့်မသင့်ရင် သွေးတိမ်ဂိုဏ်းရဲ့ တပည့်လက်ထဲမှာ ငါသေသွားနိုင်တယ်… ငါ့ရဲ့ မွေးရာပါသဘာဝစွမ်းရည်က သေရေးရှင်ရေးအခြေအနေမှာ အသက်ဝင်လာတာ ကံကောင်းတာပဲ… အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူက ငါ့ရဲ့ မွေးရာပါသဘာဝစွမ်းရည်ကို ကြောက်လန့်သွားလို့မဟုတ်ရင် အဲ့ဒီနေရာမှာ ငါကျရှုံးသွားလိမ့်မယ် ”

ကုချင်းချိုင့်ဝှမ်းဆီသို့ သူပြန်ရောက်လာသော်လည်း ကြောက်ရွံ့မှုက သူ့နှလုံးသားထဲမှာ ရစ်ဝဲနေဆဲပင်။ ဤတစ်ကြိမ် သေမင်းလက်ထဲမှ သူလွတ်မြောက်လာခြင်းက ကံကောင်းသွားခြင်းသာ ဖြစ်၏။ ဝမ်ထောင်သည် သူရင်ဆိုင်ခဲ့ဖူးသော ကျင့်ကြံသူများထဲမှာ အလွန်အစွမ်းထက်သော ရန်သူတစ်ယောက် ဖြစ်သည်။

ဤတစ်ကြိမ် သူ၏ လွတ်မြောက်မှုမှာ ကံကောင်းမှုက အဓိကအရေးကြီးသော နေရာမှ ပါဝင်ခဲ့သည်။

သေရေးရှင်ရေးအခိုက်အတန့်မှာ သူ၏ မွေးရာပါသဘာဝစွမ်းရည်က တိုက်ပွဲဒီရေကို အမှန်တကယ် ပြောင်းလဲစေခဲ့သည်။ သို့သော်လည်း အရိုးသားဆုံးဝန်ခံရလျှင် ပထမဆုံး ထွက်ပေါ်လာသော စစ်သူရဲဝိညာဉ်နှစ်ကောင်ဆီမှာသာ သန်မာသော တိုက်ပွဲစွမ်းအား ရှိသည်။ မည်သို့ဖြစ်ပါစေ သူတို့က တစ်ကိုယ်လုံး ခရမ်းရောင်သို့ ပြောင်းလဲထားကြပြီးပြီ ဖြစ်၏။ သူတို့က နှောင်းပိုင်းအဆင့် အခြေတည်နယ်ပယ် ကျင့်ကြံသူတစ်ယောက်နှင့် ယှဉ်ပြိုင်နိုင်သော တိုက်ပွဲစွမ်းအားကို ပိုင်ဆိုင်ထားကြသည်။ သို့သော်လည်း သူတို့နှစ်ကောင်မှလွဲ၍ တခြားစစ်သူရဲဝိညာဉ်များဆီမှာ ထိုသို့တိုက်ပွဲစွမ်းအား မရှိကြပေ။ မှန်ပေသည်။ သီရှီထျန်က သူတို့ကို သရုပ်ဖော်ပြရုံသာ အသုံးချခဲ့ခြင်း ဖြစ်သည်။ သူတို့ဆီမှာ မည်သည့်တိုက်ခိုက်စွမ်းရည်မှ မရှိပေ။

အကယ်၍ ဝမ်ထောင်သာ စစ်သူရဲဝိညာဉ်အရေအတွက်ကြောင့် မကြောက်လန့်သွားဘဲ သူတို့ကို အမှန်တကယ် တိုက်ခိုက်မည်ဆိုလျှင် ထိုစစ်သူရဲဝိညာဉ်များက ဟန်ပြသက်သက်သာဖြစ်ပြီး ဘာမှအသုံးမဝင်ကြောင်း ရှာတွေ့သွားလိမ့်မည်။

ထို့ကြောင့် ဤတစ်ကြိမ် ဘေးမထိရန်မခ သူလွတ်မြောက်လာခဲ့ခြင်းက ကံကောင်းမှုကြောင့် ဖြစ်သည်။

“ ရွှဲယင်ရီ… သွေးတိမ်ဂိုဏ်း… ကြည့်ရတာ သွေးတိမ်ဂိုဏ်းက ဂိုဏ်းကြီးတစ်ဂိုဏ်းဖြစ်မယ်… သူတို့က ငါ့ကို သတ်ဖို့ အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက်ကိုတောင် စေလွှတ်နိုင်တယ်… အမြူတေဖွဲ့စည်းခြင်းနယ်ပယ်ထက် ပိုပြီးအစွမ်းထက်တဲ့ ဝိညာဉ်သန္ဓေတည်နယ်ပယ် တန်ခိုးရှင်တွေ ဂိုဏ်းထဲမှာ ရှိနေလောက်တယ် ”

သီရှီထျန်က စိတ်အေးအေးထားလိုက်ပြီး စတင်တွေးတောလိုက်သည်။ သူက ဖြစ်စဉ်တစ်ခုလုံးကို အသေးစိတ် ပြန်သုံးသပ်လိုက်သည်။ သူ၏ သုံးသပ်မှုအရ သွေးတိမ်ဂိုဏ်းမှ လူများသည် ကုချင်းချိုင့်ဝှမ်းထဲမှာ ပြဿနာမရှာဝံ့ကြဟန် ရ၏။ သို့မဟုတ်လျှင် သူတို့က ကုချင်းချိုင့်ဝှမ်းထဲမှ သူထွက်သွားသည့်အချိန်ကို စောင့်ဆိုင်းနေလိမ့်မည် မဟုတ်ချေ။

ယင်း၏ ဆိုလိုရင်းမှာ ကုချင်းချိုင့်ဝှမ်းထဲမှ ချင်မိသားစုသည် အပေါ်ယံ သူမြင်နေရသကဲ့သို့ မရိုးရှင်းပေ။ ယင်းက သွေးတိမ်ဂိုဏ်းကဲ့သို့ ဂိုဏ်းကြီးတစ်ဂိုဏ်းသည်ပင် စိုးရိမ်ရသော ကျင့်ကြံခြင်းမိသားစုတစ်ခု ဖြစ်သည်။ ချင်မိသားစု၏ အစစ်အမှန်အင်အားက သူ၏ ခန့်မှန်းနိုင်စွမ်းထက် ကျော်လွန်နေရမည်။

“ ကြည့်ရတာ ကုချင်းချိုင့်ဝှမ်းထဲကနေ ငါမထွက်သွားသရွေ့ သွေးတိမ်ဂိုဏ်း ဘယ်လောက်သန်မာပါစေ ချိုင့်ဝှမ်းထဲကို သူတို့ အတင်းမတိုးဝင်လာရဲဘူးထင်တယ်… ငါ့အထင်က မှန်လောက်တယ်… ဒါဆိုရင် ဒီအတောအတွင်းမှာ ကုချင်းကို စိတ်အေးလက်အေး ငါသင်ယူနိုင်လိမ့်မယ်… ကုချင်းသင်ယူပြီးသွားတဲ့အခါ ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်းရဲ့ စွမ်းအားအပြည့်အဝကို ငါထုတ်လွှတ်နိုင်လိမ့်မယ်… အဲ့ဒီအချိန်ကျရင် အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက်နဲ့ ငါရင်ဆိုင်ရမယ်ဆိုရင်တောင် အခုလို အခြေအနေဆိုးဝါးမှာ မဟုတ်တော့ဘူး… အနည်းဆုံးတော့ ငါ့ကိုယ်ငါ ခုခံကာကွယ်နိုင်လိမ့်မယ် ”

ကုချင်းမသင်ပြီးမချင်း ချိုင့်ဝှမ်းထဲမှ တစ်ဖဝါးမှ မခွာရန် သူစိတ်ဆုံးဖြတ်လိုက်သည်။ မည်သို့ဖြစ်ပါစေ သူက ဤနေရာသို့ ကုချင်းသင်ယူရန် ရောက်လာခြင်း ဖြစ်သည်။ ဤနေရာမှာ သူနေထိုင်မည်ဆိုလျှင် ကုချင်းကို သင်ယူနိုင်ပြီး စိတ်အေးလက်အေး ကျင့်ကြံနိုင်လိမ့်မည်။ တစ်ချိန်တည်းမှာ သူ၏ ခန္ဓာကိုယ်ထဲမှ လျှို့ဝှက်အန္တရာယ်ကို ဖယ်ရှားရန် နည်းလမ်းတစ်ခု တွေးတောနိုင်လိမ့်မည်။ လျှို့ဝှက်အန္တရာယ်သည် ဝမ်းနည်းခြင်းမိစ္ဆာသွေးကြော ဖြစ်သည်။ မြစိမ်းကုချင်းက ဝမ်းနည်းခြင်းမိစ္ဆာသွေးကြောကို ယာယီသာ ဖိနှိပ်ပေးနိုင်သည်။ ဝမ်းနည်းခြင်းမိစ္ဆာသွေးကြောကို အပြီးတိုင် ဖြေရှင်းချင်သည်ဆိုလျှင် နည်းလမ်းတစ်ခု သူရှာဖွေရလိမ့်မည်။

ထို့ပြင် သူက ယင်းကို မြန်နိုင်သမျှမြန်မြန် စဉ်းစားရလိမ့်မည်။ သို့မဟုတ်လျှင် လျှို့ဝှက်အန္တရာယ်က ပိုပြီးကြီးမားလာလိမ့်မည်။ ဖြေရှင်းနည်းကို သူမရှာဖွေနိုင်လျှင် နောက်ထပ် မိစ္ဆာသွေးကြောများ ဖွဲ့စည်းရန် သူ့အတွက် ခက်ခဲလိမ့်မည်။

ထို့ကြောင့် သူ၏ ခန္ဓာကိုယ်ထဲမှ လျှို့ဝှက်အန္တရာယ်ကို အမြန်ဆုံး ဖြေရှင်းရန်သည် သူ၏ ဦးစားပေးကိစ္စများအနက် တစ်ခု ဖြစ်သည်။ ပြဿနာမျိုးစုံက သူ၏ ခေါင်းပေါ်မှာ စုပြုံနေသည်ဟု သီရှီထျန် ခံစားမိသွားသည်။ သူ့မှာ အချိန်ပိုမရှိပေ။

ထို့ကြောင့် သူက ဤအတောအတွင်း မည်သည့်နေရာမှ မသွားရန် စိတ်ဆုံးဖြတ်လိုက်သည်။ သူက ဤနေရာမှာ နေထိုင်ပြီး ပြဿနာများကို တစ်ခုပြီးတစ်ခု ဖြေရှင်းမည်။ ဖြစ်နိုင်သည်မှာ ကုချင်းချိုင့်ဝှမ်းထဲမှ သူထွက်သွားသည့်အချိန်ကျလျှင် သူ၏ တိုက်ပွဲစွမ်းအားက အဆပေါင်းများစွာ တိုးပွားနေလောက်မည်။

သီရှီထျန်က ကုတင်ပေါ်မှာ တင်ပျဉ်ခွေထိုင်လိုက်ပြီး အနာဂတ်အတွက် အစီအစဉ်တချို့ ရေးဆွဲလိုက်သည်။ သူက မျက်လုံးမှိတ်လိုက်ပြီး သူ၏ မိစ္ဆာအာရုံကို ခရမ်းရောင်ဘုရင်အမှတ်အသားဆီသို့ ပို့လွှတ်လိုက်သည်။

ဤတစ်ကြိမ်တွင် သူ၏ မွေးရာပါသဘာဝစွမ်းရည်က စွမ်းအားအစစ်အမှန်ကို ထုတ်ဖော်ပြလိုက်သည်။ ထို့ကြောင့် သီရှီထျန်သည် သူ၏ မွေးရာပါသဘာဝစွမ်းရည်အကြောင်း ပိုပြီးနက်ရှိုင်းစွာ နားလည်သဘောပေါက်သွားသည်။

ယခု သူ့ဆီမှာ နှောင်းပိုင်းအဆင့် အခြေတည်နယ်ပယ် ကျင့်ကြံသူတစ်ယောက်နှင့် နှိုင်းယှဉ်နိုင်သော စစ်သူရဲဝိညာဉ်နှစ်ကောင် ရှိသည်။ သူတို့က အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက်နီးပါး အစွမ်းထက်ကြသည်။ သို့သော်လည်း တခြားစစ်သူရဲဝိညာဉ်များက သာမန်သာ ဖြစ်ကြသည်။ သို့တိုင် သီရှီထျန်က စိတ်မပျက်သွားပေ။

တခြားစစ်သူရဲဝိညာဉ်များက တစ်ကိုယ်လုံး ခရမ်းရောင်သို့ ပြောင်းလဲသွားသည့်အခါ သူတို့သည်လည်း အစွမ်းထက်လာကြမည်ဖြစ်ကြောင်း သူသိသည်။

ထိုအခါကျလျှင် သူက အစွမ်းထက်သော စစ်သူရဲဝိညာဉ်ထောင်သောင်းချီကို အပြင်လောကသို့ ဆင့်ခေါ်ပြီး သူ့ရန်သူများအား တိုက်ခိုက်စေမည်။

အရေအတွက်ထောင်သောင်းချီသော စစ်သူရဲဝိညာဉ်စစ်တပ်ကို ရင်ဆိုင်ရသည့်အခါ သူ့ရန်သူများက သေချာပေါက် လက်မြှောက်အရှုံးပေးကြရလိမ့်မည်။

ဤသို့တွေးကြည့်နိုင်သည်။ လူတစ်ယောက်မှာ လက်နှစ်ဖက်သာ ပါလေရာ အရေအတွက်ပိုများသော လူအုပ်ကြီး၏ စုပေါင်းတိုက်ခိုက်မှုကို မည်သို့ခုခံကာကွယ်နိုင်မည်နည်း။ စစ်သူရဲဝိညာဉ်စစ်တပ်၏ အရှိန်အဟုန်က ရန်သူများ၏ စိတ်ဓာတ်ကို အလဲလဲအပြိုပြို ဖြစ်စေလိမ့်မည်။ လူတစ်ယောက်တည်းက စစ်တပ်တစ်တပ်ကို တားဆီးရန်မှာ မဖြစ်နိုင်လုနီးပါး ခဲယဉ်းသည်။ သို့ဖြစ်၍ သူ၏ မွေးရာပါသဘာဝစွမ်းရည်သည် တိုက်ပွဲအခြေအနေကို အချိန်မရွေး ပြောင်းပြန်လှန်ပစ်နိုင်သော “ အန္တိမလက်နက် ” ဖြစ်သည်။

ထိုသို့စွမ်းရည်ကြောင့် သီရှီထျန်သည် သူ၏ မွေးရာပါသဘာဝစွမ်းရည်ကို အပြည့်အဝ တတ်ကျွမ်းချင်လာသည်။ သူက ဘုရင်အမှတ်အသားကို ချက်ချင်း အာရုံပြုလိုက်သည်။

ဘုရင်အမှတ်အသားထဲမှ လျှို့ဝှက်နယ်မြေထဲတွင် မြစိမ်းကုချင်းက အစိမ်းရောင်အလင်းကို ထုတ်လွှတ်နေသည်။ ခရမ်းရောင်ရေကန်ထဲတွင် စစ်သူရဲဝိညာဉ်ထောင်သောင်းချီက အသက်မဲ့စွာ ရပ်နေကြသည်။ သီရှီထျန်သည် သူ၏ မိစ္ဆာအာရုံကို အသုံးပြု၍ စစ်သူရဲဝိညာဉ်များကို ထိန်းချုပ်ရန် ကြိုးစားလိုက်သည်။ သို့သော်လည်း ရလဒ်က သူ့ကို စိတ်ပျက်စေသည်။

သေရေးရှင်ရေးအခြေအနေ ပြီးဆုံးသွားပြီးနောက် ထိုစစ်သူရဲဝိညာဉ်များက ယခင်အတိုင်း ပြန်ဖြစ်သွားကြသည်။ သူတို့ကို သူမထိန်းချုပ်နိုင်ပေ။ သူတို့က ခရမ်းရောင်ရေကန်ထဲမှာ ခါတိုင်းကဲ့သို့ မတ်တတ်ရပ်နေကြပြီး လျှို့ဝှက်ဆန်းကြယ်သော စွမ်းအင်ကို စုပ်ယူနေကြသည်။ သူတို့ကို သူမထိန်းချုပ်နိုင်ပေ။

" ငါမျှော်လင့်ထားသလိုပဲ ဒီလောကမှာ ဖြတ်လမ်းနည်းမရှိဘူး… အစောနက ခရမ်းရောင်ဘုရင်အမှတ်အသားရဲ့ စွမ်းအားကို ငါအသက်သွင်းနိုင်ခဲ့တာ သေရေးရှင်ရေးအခြေအနေမှာ ငါကျရောက်နေလို့ပဲ… ဒါဆိုရင် ဘုရင်အမှတ်အသားရဲ့ စွမ်းရည်ကို ဘယ်အချိန်မှ အပြည့်အဝ ငါထိန်းချုပ်နိုင်မှာလဲ ”

All Chapters