အခန်း (၁၅၉-၁၆၀)
Vol. 16 Ch. 159-160
အခန်း (၁၅၉) အံ့ဖွယ် မြွေဖမ်းကိရိယာ
လဲ့ချန်က တောဟင်းရွက်ဟင်းချိုကို တစ်ငုံ သောက်လိုက်ပြီး ပါးစပ်ကို သုတ်ကာ လျှို့ဝှက်ဆန်းကြယ်သည့် ဟန်ဖြင့် ပြောလိုက်၏။
“ဟဲဟဲ… အံ့ဖွယ်မြွေဖမ်းကိရိယာပဲ…”
“မြွေဖမ်းတဲ့ ကိရိယာ… အဲ့ဒါက ဘာကြီးလဲ…”
လဲ့အားကော်က စကားလုံးအသစ် တစ်လုံးကို ထပ်ကြားလိုက်ရပြန်သဖြင့် မျက်လုံးများ ပြူးကျယ်သွားပြီး သူ၏ ပါးစပ်ထဲတွင် တစ်ဝက်တစ်ပျက် စားလက်စ ပြောင်းဖူးမုန့်ပေါင်းကိုပင် ဝါးရန် မေ့လျော့သွားသည်။
“အဲ့တာက… ကိရိယာတစ်ခုပဲ…”
လဲ့ချန်က သူ၏ အတိတ်ဘဝ စစ်တပ်ထဲတွင်ရှိစဉ်က တပ်မှ စီစဉ်သော တောတွင်း ရှင်သန်ရေး လေ့ကျင့်မှုများတွင် မကြာခဏ ပါဝင်ခဲ့ပြီး မြွေဖမ်းကိရိယာများကို အသုံးပြုခဲ့ဖူးသည်။
စစ်ဘက်ဆိုင်ရာ နည်းပညာများက အရပ်ဘက် နည်းပညာများထက် များစွာ ပိုမို လျင်မြန်စွာ တိုးတက်လေ့ရှိပြီး သာမန်ပြည်သူများအနေဖြင့် ဤကဲ့သို့သောအရာများကို မြင်တွေ့ရခဲ၏။ လဲ့ချန်က လဲ့အားကော်ကို မည်သို့ ရှင်းပြရမည်ကို ဝေခွဲမရ ဖြစ်နေသည်။
“အတိုချုပ်ပြောရရင် အဲ့ဟာက မြွေတစ်ကောင်ကို ဘေးကင်းကင်းနဲ့ ဖမ်းနိုင်ပြီး သူ့ရဲ့ အရေးကြီးတဲ့ နေရာကို ဖမ်းဆုပ်ထားနိုင်တဲ့ အရာမျိုးပေါ့… နားလည်လား…”
လဲ့ချန်က ရှင်းပြနေစဉ် အတိတ်ဘဝက သူ အသုံးပြုခဲ့သော မြွေဖမ်းကိရိယာ၏ ပုံစံကြမ်းက ခေါင်းထဲသို့ ရောက်လာ၏။ သို့သော်လည်း စစ်သုံး အစိတ်အပိုင်းများကို ယခုအချိန်တွင် မည်သည့်နေရာ၌မှ ရှာမတွေ့နိုင်ပေ။ အရင်းအမြစ်များ ကန့်သတ်ချက်ရှိနေသဖြင့် ရှိသည့်အရာများနှင့်သာ ဖြစ်သလို ဖန်တီးရတော့မည် ဖြစ်သည်။
“အိုး… ကျွန်တော် နားလည်ပြီ… နားလည်ပြီ…”
လဲ့အားကော်က တကယ်ပဲ နားလည်သွားသည့်အလား တစ်မုဟုတ်ချင်း သဘောပေါက်သွားကာ ခေါင်းညိတ်လိုက်သည်။
“အားကော်… မနက်ဖြန် ရွာရဲ့ ထောက်ပံ့ရေးနဲ့ ဈေးကွက်ရှာဖွေရေး သမဝါယမကို သွားပြီး ပစ္စည်းတချို့ဝယ်ခဲ့…”
လဲ့ချန်က သူ၏ အိတ်ကပ်ထဲမှ သေသပ်စွာ စီထားသော ငွေစက္ကူ အနည်းငယ်ကို ထုတ်၍ လဲ့အားကော်အား ကမ်းပေးလိုက်၏။
“ဘာဝယ်ရမှာလဲ အစ်ကိုချန်…”
လဲ့အားကော်က ငွေကို ယူ၍ သူ၏ အိတ်ကပ်ထဲသို့ ဂရုတစိုက် ထည့်လိုက်သည်။
“ခိုင်ခံ့တဲ့ သံနန်းကြိုး တစ်ခွေ… ကွေးလို့ရပေမဲ့ အလွယ်တကူ မကျိုးနိုင်တဲ့ အမျိုးအစားပေါ့… ပြီးတော့ ခိုင်ခံ့တဲ့ ဝါးလုံးတစ်လုံး…”
“ပြီးတော့ ခိုင်ခံ့တဲ့ လျှော်ကြိုးတွေ တွေ့ရင်လည်း ဝယ်ခဲ့အုံး…”
လဲ့ချန်က သေချာစွာ မှာကြားလိုက်၏။
“အော်… ပလာယာ အခိုင်တစ်လက်လည်း ထပ်ဝယ်ခဲ့အုံး…”
လဲ့အားကော်က သူ၏ လက်ချောင်းများဖြင့် ရေတွက်လိုက်ပြီး နားထောင်လေလေ တစ်စုံတစ်ခု မှားယွင်းနေသကဲ့သို့ ခံစားရလေလေ ဖြစ်လာ၏။
“သံနန်းကြိုး… ဝါးလုံး… လျှော်ကြိုး… ပလာယာ… အစ်ကိုချန်… အစ်ကို လက်နက်တွေ ဖန်တီးနေတာလား…”
လဲ့ချန်က ပြုံး၍ ခေါင်းခါလိုက်သည်။
“ဘာလက်နက် ဖန်တီးရမှာလဲ… မြွေဖမ်းတဲ့ အံ့ဖွယ်ကိရိယာ လုပ်မလို့ဟ…”
မနက်ဖြန်ကျလျှင် သူ သိလာမည် ဖြစ်သည်။
နောက်နေ့ နံနက်တွင် လဲ့အားကော်က တကျွိကျွိ မြည်နေသော သူ၏ စက်ဘီးဖြင့် ထွက်ခွာသွားသည်။ ဤစက်ဘီးမှာ မကြာသေးမီကမှ လဲ့ချန် ဝယ်ယူထားခြင်းဖြစ်ပြီး ယခုအခါ မိသားစု၏ အဓိက သယ်ယူပို့ဆောင်ရေးယာဉ် ဖြစ်လာခဲ့ပြီဖြစ်၏။ မိုးရွာရွာ နေပူပူ နေ့စဉ် အသုံးပြုနေရသဖြင့် ဤမိတ်ဆွေဟောင်းမှာ အတော်လေး ပင်ပန်းနေပြီ ဖြစ်သည်။
လဲ့အားကော်က ထောက်ပံ့ရေးနှင့် ဈေးကွက်ရှာဖွေရေး သမဝါယမသို့ ရောက်သောအခါ မှန်ကောင်တာကို ခေါက်လိုက်ရာ ဦးလေးကျိုးက ထွက်လာ၏။
သူတို့က လူသိများဖြစ်နေပြီ ဖြစ်သဖြင့် လဲ့အားကော်က နှုတ်ဆက်စကားများကို ကျော်လိုက်ပြီး စာရွက်တစ်ရွက်ကို တိုက်ရိုက် ထုတ်ကာ အသံထွက်၍ ဖတ်ပြလိုက်သည်။
“သံနန်းကြိုး… ဝါးလုံး… လျှော်ကြိုး… ပလာယာ… ခိုင်ခံ့တာလေးတွေ ပေးပါ ဦးလေး…”
ထောက်ပံ့ရေးနှင့် ဈေးကွက်ရှာဖွေရေး သမဝါယမမှ အဘိုးကြီးက လဲ့အားကော် ဝယ်ယူခဲ့သော ပစ္စည်းများကို ကြည့်၍ စပ်စုချင်စိတ်ဖြင့် မေးလိုက်၏။
“အားကော်ဇီ… မင်းက ဒီပစ္စည်းတွေ အကုန်လုံးကို ဘာလုပ်ဖို့ ဝယ်နေတာလဲ… ပုန်ကန်ဖို့ စီစဉ်နေတာလား…”
လဲ့အားကော်က ရယ်မောလိုက်သည်။
“ဦးလေးကလည်း စိတ်မပူပါနဲ့… အဲ့တာက လျှို့ဝှက်လက်နက်ပါ… ဟဲဟဲ…”
အရာအားလုံးကို ဝယ်ယူပြီးနောက် လဲ့အားကော်က မရပ်မနားဘဲ စက်ဘီးကို ပြန်နင်းလာခဲ့၏။
အိမ်သို့ ပြန်ရောက်သောအခါ လဲ့အားကော်က ပစ္စည်းများကို ခြံဝင်းထဲသို့ ပစ်ချလိုက်ပြီး လဲ့ချန်အား ဝင့်ကြွားသည့်ဟန်ဖြင့် ပြောလိုက်သည်။
“အစ်ကိုချန်… ကျွန်တော် အကုန် ဝယ်လာပြီ… အခု အစ်ကို့ရဲ့ အရည်အချင်းတွေကို ထုတ်ပြရမယ့် အချိန်ရောက်ပြီ…”
လဲ့ချန်က ခေါင်းညိတ်လိုက်ပြီး သံနန်းကြိုးကို ကောက်ယူကာ ပလာယာဖြင့် ကျွမ်းကျင်စွာ ကွေးလိုက်၏။
သူ၏ အတိတ်ဘဝက စစ်တပ်ထဲတွင်ရှိစဉ်က ကိရိယာ အမျိုးမျိုးကို အသုံးပြုခဲ့ဖူးသည်။ ဤပလာယာက အနည်းငယ် အကြမ်းထည်ဆန်သော်လည်း သံနန်းကြိုးကို ကိုင်တွယ်ရန်အတွက်မူ လုံလောက်သည်ထက် ပိုနေပြီ ဖြစ်သည်။
လဲ့ချင်းက ပုံဆွဲစာအုပ် တစ်အုပ်ကို ကိုင်၍ ခြံဝင်းထဲရှိ ခွေးခြေခုံလေးပေါ်တွင် ထိုင်ကာ လဲ့ချန်နှင့် လဲ့အားကော်တို့၏ ပုံကို ရေးဆွဲနေရင်း သိချင်စိတ်ဖြင့် မေးလိုက်၏။
“အစ်ကို… ဘာလုပ်နေတာလဲ… ကလစ်ကြီးတစ်ခုနဲ့ တူတယ်…”
“ဒါက သာမန်ကလစ်တစ်ခု မဟုတ်ဘူး… မြွေဖမ်းတဲ့ အံ့ဖွယ်အရာပဲ…”
လဲ့အားကော်က စိတ်အားထက်သန်စွာ ရှင်းပြလိုက်သည်။
“ဒါနဲ့ဆို မြွေဖမ်းတာက ကလေးဆီက သကြားလုံး လုယူသလိုမျိုး လွယ်ကူသွားပြီ…”
လဲ့ချန်က သူ့ကို အရေးမစိုက်ဘဲ အလုပ်ကိုသာ ဆက်လုပ်နေ၏။ သူက လက်မခန့် တုတ်သော သံနန်းကြိုးကို ကောက်ယူ၍ သူ၏ လက်ထဲတွင် အချိန်အနည်းငယ်ကြာအောင် အလေးချိန် ချိန်ကြည့်လိုက်ပြီး ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
“အင်း… သံနန်းကြိုးက အတော်လေး ခိုင်ခံ့တယ်… အားကော်… မင်း သွားရတာ အချည်းနှီး မဖြစ်ပါဘူး…”
ထိုစကားကို ကြားသောအခါ လဲ့အားကော်က သူ၏ ရင်ဘတ်ကို ကော့လိုက်ပြီး အူကြောင်ကြောင် ရယ်မောလိုက်၏။
“ဒါပေါ့… ကျွန်တော်က ဘယ်သူလဲဆိုတာ အစ်ကို မသိလို့လား… အစ်ကိုချန် ခိုင်းတဲ့ ကိစ္စ မှန်သမျှကို ပြီးပြည့်စုံအောင် လုပ်ပေးရမှာပေါ့…”
လဲ့ချန်က ဝါးလုံး၏ ထိပ်ဖျားရှိ ခွကြားထဲသို့ အံဝင်ခွင်ကျဖြစ်စေရန် သံနန်းကြိုး၏ ထိပ်တစ်ဖက်ကို ပလာယာဖြင့် ကွင်းတစ်ခု ဖြစ်အောင် ကွေးလိုက်သည်။
“တွေ့လား… ဒါက အဓိက သော့ချက်ပဲ…”
သူက သရုပ်ပြနေရင်း ရှင်းပြလိုက်၏။
“ကွင်းက ခိုင်ခံ့ဖို့ လိုတယ်… မဟုတ်ရင် မြွေရဲ့ ခေါင်းမှာ မိသွားတဲ့အခါ သူ ရုန်းကန်လိုက်တာနဲ့ ကွင်းက ပြုတ်ထွက်သွားလိမ့်မယ်… အဲ့လိုဆိုရင်တော့ အတော်လေး ကြည့်ကောင်းသွားလိမ့်မယ်…”
လဲ့ချင်းက စိတ်ဝင်တစား စောင့်ကြည့်နေပြီး သူမ၏ ပုံဆွဲခြင်းကို ရပ်တန့်ကာ တစ်ခါတစ်ရံတွင် သူမ၏ ကိုယ်ပိုင် အကြံဉာဏ်များကို ဝင်ရောက် ပေးလိုက်သည်။
“အစ်ကို… ကွင်းကို ပိုကောင်းအောင် လုပ်လို့ရမယ် ထင်တယ်… ကြည့်ပါလား… သံချိတ်ငယ်လေး တစ်ခု ထပ်ထည့်လိုက်ရင်ကော…”
သူမက ပြောနေရင်းနှင့် ပုံဆွဲစာအုပ်ထဲတွင် စတင်ရေးဆွဲလိုက်ရာ သူမ၏ သွက်လက်သော စုတ်ချက်များက သူမ၏ အတွေးများကို စက္ကူပေါ်သို့ တိုက်ရိုက် ပို့ဆောင်ပေးနေသကဲ့သို့ ဖြစ်နေ၏။
လဲ့ချန်က သူ၏ ညီမဖြစ်သူ၏ ပုံစံကို လှမ်းကြည့်လိုက်ပြီး တစ်မုဟုတ်ချင်းပင် ကောင်းမွန်သော အကြံတစ်ခု ရသွားသည်။
“ကောင်မကလေး… ဒါက ကောင်းတဲ့ အကြံပဲ…”
“သံချိတ်လေးတစ်ခု ထည့်လိုက်ရင် မြွေအတွက် လွတ်မြောက်ဖို့ အခွင့်အရေး ပိုတောင် နည်းသွားအုံးမယ်…”
သူက ပလာယာကို ကောက်ယူလိုက်ပြီး လဲ့ချင်း၏ ပုံဆွဲချက်များအတိုင်း ကွင်းထဲသို့ သံချိတ်ငယ်လေးတစ်ခုကို ထည့်လိုက်၏။
လဲ့အားကော်က မောင်နှမနှစ်ယောက် အပြန်အလှန် စကားပြောနေသည်ကို စောင့်ကြည့်နေရင်း လုံးဝ နားလည်နိုင်စွမ်း မရှိတော့ဘဲ ဖြစ်သွားသည်။
“အစ်ကိုချန်… ချင်းအာ… ခင်ဗျားတို့ နှစ်ယောက်က သံချိတ်ဆိုတာကြီးအကြောင်း ဘာတွေ ပြောနေကြတာလဲ… ကျွန်တော် နားမလည်ဘူး…”
လဲ့ချန်က ပြုံး၍ ရှင်းပြလိုက်၏။
“အားကော်… ကြည့်စမ်း… မြွေက အတော်လေး ချော်တယ်လေ… သံချိတ် ပါသွားတော့ သူ လွတ်မသွားနိုင်တော့ဘူးပေါ့…”
“အိ.. ကျွန်တော် နားလည်ပြီ…”
လဲ့အားကော်က တစ်မုဟုတ်ချင်း သဘောပေါက်သွားကာ ခေါင်းညိတ်လိုက်ပြီးနောက် သူ၏ ခေါင်းကို ကုတ်လိုက်သည်။
“ဒါပေမဲ့ အစ်ကိုချန်… မြွေက ဝါးလုံးကို ကိုက်ထားပြီး မလွှတ်ပေးရင် ဘယ်လိုလုပ်မလဲ…”
“အဲ့အတွက် မင်း စိတ်ပူစရာ မလိုပါဘူး…” လဲ့ချန်က ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်၏။
“ငါ အစီအစဉ် ဆွဲပြီးသားပါ…”
သူက ဝါးလုံးကို ကောက်ယူ၍ ထိပ်ဖျားရှိ ခွကြားကို လက်ညှိုးထိုးကာ ပြောလိုက်သည်။
“ကြည့်စမ်း… ခွကြားက မြွေရဲ့ ခေါင်းကို ဖမ်းညှပ်ဖို့ အံဝင်ခွင်ကျဖြစ်နေပြီး ပါးစပ် မဟနိုင်အောင် တားဆီးပေးလိမ့်မယ်… သူက ကိုက်ချင်ရင်တောင် ကိုက်လို့ရမှာ မဟုတ်ဘူး…”
လဲ့အားကော်မှာ ဆွံ့အသွားပြီး လဲ့ချန်ကို အလွန်အမင်း အထင်ကြီးသွား၏။
“အစ်ကိုချန်… အစ်ကိုက တကယ့်ကို အံ့သြစရာပဲ… အရာအားလုံးကို ကြိုတွေးထားတာပဲ…”
လဲ့ချန်က ပြုံးလိုက်ပြီး ခေါင်းငုံ့ကာ ဆက်လက် ဖန်တီးနေသည်။ သူက သံနန်းကြိုး၏ အခြား တစ်ဖက်ကို ကွင်းတစ်ခုဖြစ်အောင် ကွေးလိုက်ပြီးနောက် ကွင်းနှစ်ခုကို ဝါးလုံး၏ ခွကြားတွင် လျှော်ကြိုးဖြင့် ခိုင်မြဲစွာ တုပ်နှောင်လိုက်ရာ ရွှေ့လျားနိုင်သော ကလစ်တစ်ခု ဖြစ်လာ၏။
“ပြီးပြီ…”
လဲ့ချန်က သူ ဖန်တီးထားသော မြွေဖမ်းကိရိယာကို ကောက်ယူ၍ ကျေနပ်စွာ စစ်ဆေးလိုက်သည်။
“ဒါက ငါတို့ရဲ့ အံ့ဖွယ် မြွေဖမ်းကိရိယာပဲ…”
လဲ့အားကော်က အနားသို့ လျှောက်လာပြီး ဂရုတစိုက် စစ်ဆေးကြည့်ကာ အံ့အားသင့်စွာဖြင့် အာမေဍိတ်သံ ပြုလိုက်၏။
“အစ်ကိုချန်… ဒါက တကယ့်ကို သာမန် မဟုတ်တဲ့အရာတစ်ခုလိုပဲ…”
“ငါတို့ နောက်မှ တောင်ပေါ်တက်ရင် မြွေတွေ အများကြီး ဖမ်းမိမှာ သေချာတယ်…”
လဲ့ချင်းကလည်း သူမ၏ ပုံဆွဲစာအုပ်ကို ချထားလိုက်ပြီး သိချင်စိတ်ဖြင့် မြွေဖမ်းကိရိယာကို ကိုင်တွယ်ကြည့်လိုက်သည်။
“အစ်ကို… ဒါက တကယ်ပဲ မြွေ ဖမ်းနိုင်မှာလား… ညီမ အမြင်တော့ သိပ်ယုံကြည်ရမယ့်ပုံ မပေါ်ဘူး…”
လဲ့ချန်က ယုံကြည်မှု အပြည့်ဖြင့် ပြောလိုက်၏။
“စိတ်မပူပါနဲ့… လုံးဝ ယုံကြည်စိတ်ချရတယ်…”
သူက သွေးကျောက်တစ်တုံးကို ရှာတွေ့သွားပြီး ဝါးလုံး၏ မျက်နှာပြင်ကို ချောမွေ့သွားသည်အထိ ပွတ်တိုက်လိုက်ရာ ကိုင်တွယ်ရ ပိုမို သက်သောင့်သက်သာ ရှိပြီး ဘေးကင်းသွားစေသည်။
“အားကော်… အဝတ်စုတ် တစ်စလောက် သွားရှာပေးစမ်း… ငါ လက်ကိုင်မှာ ရစ်ပတ်ထားမှ ချော်မထွက်မှာ…”
လဲ့အားကော်က အိမ်ထဲသို့ ပြေးဝင်သွားပြီး အံဆွဲများနှင့် ဗီရိုများကို မွှေနှောက် ရှာဖွေကာ သန့်ရှင်းသော အဝတ်စတစ်စကို ရှာတွေ့သွားပြီး လဲ့ချန်အား ကမ်းပေးလိုက်၏။
“အစ်ကိုချန်… ဒီအဝတ်စဆိုရမလား…”
လဲ့ချန်က အဝတ်စကို ယူ၍ ဝါးလုံး၏ လက်ကိုင်တွင် ဂရုတစိုက် ရစ်ပတ်လိုက်ပြီးနောက် အထုံး တစ်ထုံး ထုံးလိုက်သည်။
“အင်း… မဆိုးဘူး… ပိုပြီးတောင် ပြည့်စုံသွားပြီ…”
အရာအားလုံး အသင့်ဖြစ်သွားသောအခါ လဲ့ချန်က မြွေဖမ်းကိရိယာကို သူ၏ ပခုံးပေါ်တွင် လွယ်လိုက်ပြီး ကြီးမားသော စိတ်အားထက်သန်မှုဖြင့် ပြောလိုက်၏။
“သွားကြစို့… တောင်ပေါ်တက်ပြီး မြွေသွားဖမ်းကြမယ်…”
အခန်း (၁၆၀) မြွေဂူကို စူးစမ်းရှာဖွေခြင်း
လဲ့ချန်သည် သူ၏ အသစ်ပြုလုပ်ထားသော မြွေဖမ်းကိရိယာကို ကိုင်ဆောင်၍ ဂုဏ်ယူဝင့်ကြွားစွာဖြင့် ရှေ့မှ လျှောက်သွား၏။ လဲ့အားကော်ကမူ စုတ်ပြဲနေသော ဂုံနီအိတ်တစ်လုံးကို သယ်ပိုးကာ သစ္စာရှိသော နောက်လိုက်ငယ် တစ်ယောက်ကဲ့သို့ သူ၏ နောက်မှ ကပ်လျက် လိုက်ပါသွားသည်။
“အစ်ကိုချန်… ဒီနေ့ မြွေဘယ်နှစ်ကောင်လောက် ဖမ်းမိနိုင်မလဲ…”
လဲ့အားကော်က မျှော်လင့်တကြီး မေးလိုက်ပြီး သူ၏ ပါးစပ်မှ သွားရည်များပင် ကျလာမတတ် ဖြစ်နေ၏။
လဲ့ချန်က သူ့ကို တစ်ချက် ကြည့်လိုက်ပြီး သူ၏ ပုံစံကြောင့် ရယ်ချင်သွားကာ ပြောလိုက်သည်။
“ဘယ်လောက်ရမလဲ ဆိုတာတော့ ပြောရခက်တယ်… ဒါပေမဲ့ ပြီးခဲ့တဲ့အကြိမ်ထက်တော့ သေချာပေါက် ပိုများမှာပဲ… အခုတစ်ကြိမ် ငါတို့ သေချာ ပြင်ဆင်လာကြတာကိုး…”
“ဟီးဟီး… ဟုတ်တာပေါ့…”
လဲ့အားကော်က တဟီးဟီး ရယ်မော၍ သူ့ခေါင်းကို ကုတ်ကာ ပြောလိုက်၏။
“အစ်ကိုချန်ဆီက ထွက်လာတဲ့ အရာမှန်သမျှ အကောင်းစားတွေချည်းပဲဆိုတာ အာမခံတယ်…”
သူတို့နှစ်ယောက်က စကားပြောလိုက်၊ ရယ်မောလိုက်နှင့် သိပ်မကြာမီပင် တောင်ပေါ်သို့ ရောက်ရှိသွားကြသည်။
အတိတ်ဘဝမှ အတွေ့အကြုံများအရ လဲ့ချန်က အမှောင်ကျပြီး စိုစွတ်သော နေရာများကို အဓိကထား၍ ပစ်မှတ်ထား ရှာဖွေခဲ့၏။ မြွေများသည် နေ့ဘက်တွင် အိပ်စက်ရန် အရိပ်ရသော နေရာများ၌ ပုန်းအောင်းလေ့ရှိသဖြင့် ဤအချိန်က ၎င်းတို့ကို ဖမ်းရန် အကောင်းဆုံးအချိန် ဖြစ်သည်။
“အားကော်… ဟိုဘက်ကို ကြည့်လိုက်စမ်း… အဲ့ကျောက်တုံး အက်ကွဲကြောင်းထဲမှာ မြွေတစ်ကောင် ရှိနေသလိုပဲ…”
လဲ့ချန်က သူ၏ စူးရှသော မျက်လုံးများဖြင့် ကျောက်တုံး အက်ကွဲကြောင်း အတွင်း ခွေနေသော အနီရောင်သံကွင်းဆက်မြွေ တစ်ကောင်ကို တွေ့လိုက်ရသည်။
“ဘယ်မှာလဲ… အစ်ကိုချန်… ကျွန်တော်
မမြင်ရဘူး…”
လဲ့အားကော်က မျက်လုံးကို မှေး၍ အချိန်အတော်ကြာအောင် သေချာ ကြည့်သော်လည်း မြွေကို လုံးဝ မမြင်ရချေ။
“ဟိုမှာလေ… သေချာမမြင်ရဘူးလား…”
လဲ့ချန်က ခေါင်းကို ခါယမ်းလိုက်ပြီး ကျောက်တုံး အက်ကွဲကြောင်းဆီသို့ လက်ညှိုးထိုးကာ ပြောလိုက်၏။
“မင်း နောက်ကို ဆုတ်နေတာ ပိုကောင်းမယ်… မဟုတ်ရင် အကိုက်ခံရလိမ့်မယ်…”
သူက ကျောက်တုံး အက်ကွဲကြောင်းဆီသို့ သတိထား၍ ချဉ်းကပ်သွားပြီး မြွေဖမ်း အံ့ဖွယ်ကိရိယာကို မြွေ၏ ခေါင်းဆီသို့ ချိန်ရွယ်ကာ ညှပ်ချလိုက်သည်။ ထို အနီရောင်သံကွင်းဆက်မြွေမှာ မတုံ့ပြန်နိုင်မီမှာပင် ၎င်း၏ အားနည်းချက်ဖြစ်သော ခုနစ်လက်မ နေရာမှ တင်းကျပ်စွာ ညှပ်ခံလိုက်ရ၏။
“ကောင်းပြီ… အောင်မြင်သွားပြီ…”
လဲ့ချန်က စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ပြီး ကျောက်တုံး အက်ကွဲကြောင်းထဲမှ မြွေကို ဆွဲထုတ်ကာ လဲ့အားကော် သယ်လာသည့် ဂုံနီအိတ်ထဲသို့ ပစ်ထည့်လိုက်သည်။
“အစ်ကိုချန်… အစ်ကိုက အရမ်းမိုက်တယ်..”
လဲ့အားကော်က ဆွံ့အကာ စိုက်ကြည့်နေပြီး လဲ့ချန်ကို လုံးလုံးလျားလျား လေးစားသွား၏။
“ဒီမြွေဖမ်းကိရိယာက တကယ် အလုပ်ဖြစ်တာပဲ…”
“ဒါပေါ့…”
လဲ့ချန်က ဂုဏ်ယူဝင်ကြွားစွာ မျက်ခုံးပင့်လိုက်သည်။
“ဘယ်သူ တီထွင်ထားတာလဲဆိုတာ မင်း မသိဘူးလား…”
ထိုနည်းလမ်းအတိုင်းပင် လဲ့ချန်က နောက်ထပ် မြွေအနည်းငယ်ကို ထပ်ဖမ်းမိခဲ့၏။
“အားကော်… အိတ်ထဲ ထည့်လိုက်…”
နောက်ထပ် အနီရောင်သံကွင်းဆက်မြွေ တစ်ကောင်ကို ထပ်ရလိုက်သဖြင့် ဂုံနီအိတ်မှာ ဖောင်းကားလာသည်။ လဲ့အားကော်၏ မျက်လုံးများမှာ ပြူးကျယ်ထွက်လာမတတ် ဖြစ်သွား၏။
“အစ်ကိုချန်… ဒီအနီရောင်သံကွင်းဆက်မြွေတွေက အဆိပ်ပြင်းတယ်… အကိုက်ခံရမှာကို မကြောက်ဘူးလား…”
လဲ့အားကော်က ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ပြောလိုက်သည်။
“ဘာကို ကြောက်ရမှာလဲ… ငါတို့ လက်ထဲမှာ မြွေဖမ်းကိရိယာ ရှိနေမှတော့ သူတို့ ပါးစပ်ဟဖို့ အခွင့်အရေးတောင် ရမှာမဟုတ်ဘူး…”
လဲ့ချန်က ဂရုမစိုက်သည့် ဟန်ဖြင့် ပြောလိုက်၏။
“ဒီမြွေဖမ်းကိရိယာကို အထင်မသေးနဲ့… ဒါက မြွေတွေရဲ့ အားနည်းချက်ကနေ ဖမ်းဆုပ်နိုင်အောင် တီထွင်ထားတာ… ဒီထက် အဆိပ်ပြင်းတဲ့ မြွေတွေကိုတောင် ဖမ်းနိုင်သေးတယ်…”
“အစ်ကိုချန်… ကျွန်တော် တကယ် လေးစားသွားပြီ… အစ်ကို သိတာတွေ အတော်များတာပဲ…”
လဲ့အားကော်က လဲ့ချန်ကို နတ်ဘုရားတစ်ပါးကဲ့သို့ သဘောထားကာ ယခင်ကထက်ပင် ပို၍ ကိုးကွယ်ယုံကြည်သွားသည်။ အားကော်၏ ချီးကျူးစကားများကို အရေးမစိုက်ဘဲ လဲ့ချန်က ခေါင်းငုံ့၍ ဆက်လက် ရှာဖွေနေစဉ် ရုတ်တရက် မြေပြင်ပေါ်မှ မြွေသွားထားသည့် အရာများကို သတိပြုမိသွား၏။
“တွားသွားထားတဲ့ အရာတွေ ရှိတယ်… သွားကြည့်ရအောင်…”
သူတို့ နှစ်ယောက်မှာ ခါးကိုင်း၍ တတ်နိုင်သမျှ တိတ်ဆိတ်စွာ လျှောက်သွားကြပြီး အမှောင်ထုထဲမှ အရာတစ်ခုခုကို အနှောင့်အယှက် ဖြစ်စေမည်ကို စိုးရိမ်နေကြသည်။
“အစ်ကိုချန်… ဒါတွေက ဘယ်လိုမြွေမျိုး ချန်ထားခဲ့တာလဲ…”
လဲ့အားကော်က သိချင်စိတ် ပြင်းပြစွာဖြင့် မေးလိုက်၏။
“ဒါတွေရဲ့ အရွယ်အစားနဲ့ ပုံသဏ္ဌာန်အရ ကြည့်ရင်တော့ အနီရောင်သံကွင်းဆက်မြွေ ဖြစ်ရမယ်…”
လဲ့ချန်က ခွဲခြမ်းစိတ်ဖြာ၍ ပြောလိုက်သည်။
“အရာတွေက ရှုပ်ယှက်ခတ်နေတယ်… ပြီးတော့ အနီရောင်သံကွင်းဆက်မြွေတွေက ယေဘုယျအားဖြင့် အရမ်းကြီးမားတဲ့ အရွယ်အစားထိ မကြီးထွားတတ်ကြဘူး… ဒါကြောင့် တစ်ကောင်ထက်ပိုရမယ်…”
“မြွေအုပ်ကြီး ဖြစ်နေမလား…”
လဲ့အားကော်၏ မျက်နှာမှာ ကြောက်လန့်တကြား ဖြူရော်သွား၏။
“အစ်ကိုချန်… အနီရောင်သံကွင်းဆက်မြွေ တစ်ကောင်တည်းဆိုရင် သိပ်အန္တရာယ် မရှိပေမဲ့ အုပ်စုလိုက်ဆိုရင် မြွေဟောက်ဘုရင်ထက်တောင် ပိုအန္တရာယ်များတယ်… ကျွန်တော်တို့ ဆက်မလိုက်ကြရအောင်…”
“ရပါတယ်… မြွေတွေက နည်းနည်း ဒုက္ခပေးနိုင်ပေမဲ့ မြေမျက်နှာသွင်ပြင်နဲ့ ကိရိယာတွေကို သေချာ အသုံးပြုတတ်ရင် ပြဿနာမရှိပါဘူး… သတိထားသရွေ့တော့ ဘာမှဖြစ်မှာမဟုတ်ပါဘူး…”
လဲ့ချန်က လဲ့အားကော်၏ ပခုံးကို ပုတ်၍ နှစ်သိမ့်ပေးလိုက်၏။
“ဒါ့အပြင် အဲ့မြွေတွေကို ဖမ်းမိရင် ငါတို့ ငွေအများကြီး ရနိုင်တယ်လေ…”
“ငွေ” ဟူသော စကားလုံးကို ကြားလိုက်ရသည်နှင့် လဲ့အားကော်၏ မျက်လုံးများက အရောင်လက်သွားပြီး သူ၏ အကြောက်တရားများလည်း အတော်လေး လွင့်ပါးသွားသည်။
“အစ်ကိုချန် ပြောတာ မှန်တယ်…မြွေတွေကို ငွေနဲ့ လဲလို့ရတယ်…”
လဲ့အားကော်က စိတ်လှုပ်ရှားစွာဖြင့် သူ၏ လက်နှစ်ဖက်ကို ပွတ်သပ်၍ ပြောလိုက်၏။
“ကျွန်တော်တို့ မြန်မြန် လိုက်သွားကြရအောင်…”
သူတို့ နှစ်ယောက်က ခြေရာများအတိုင်း ဆက်လက် လိုက်လံရှာဖွေခဲ့ကြပြီး နောက်ဆုံးတွင် ပုန်းကွယ်နေသော ဂူတစ်ခုသို့ ရောက်ရှိသွားကြသည်။ ဂူပေါက်ဝမှာ သေးငယ်ပြီး လူတစ်ယောက် ဝင်ထွက်ရန်သာ ဆံ့၏။
“အစ်ကိုချန်… ဒီဂူထဲမှာ တကယ်ပဲ မြွေတွေ ရှိနေတာလား…”
လဲ့အားကော်က အနည်းငယ် ကြောက်ရွံ့စွာဖြင့် မေးလိုက်သည်။
“သေချာသလောက် ရှိတယ်…”
လဲ့ချန်က ခေါင်းညိတ်ပြလိုက်၏။
“ဂူပေါက်ဝ တစ်ဝိုက်က အရာတွေကို ကြည့်လိုက်ပါ… သူတို့က မြွေအုပ်လိုက်ကြီး တွားသွားထားတဲ့ အရာတွေဆိုတာ ရှင်းနေတာပဲ…”
လဲ့ချန်က မျက်လုံးမှေး၍ ဂူပတ်ဝန်းကျင် အခြေအနေကို သေချာစွာ လေ့လာလိုက်သည်။ ဂူပေါက်ဝ တစ်ဝိုက်တွင် တိရစ္ဆာန် အရိုးများ ပြန့်ကျဲနေပြီး မှိန်ပျပျ အလင်းရောင်အောက်၌ ကြက်သီးထဖွယ် အဖြူရောင်အဖြစ် တောက်ပနေ၏။
“ဘုရားရေ… ဒီဂူထဲမှာ သတ္တဝါဆိုးကြီး တစ်ကောင်ကောင် နေနေတာများလား…”
လဲ့အားကော်က လည်ပင်းကို ပု၍ အနည်းငယ် တုန်ယင်နေသော အသံဖြင့် ပြောလိုက်သည်။ လဲ့ချန်က သူ့ကို အရေးမစိုက်ဘဲ ဆောင့်ကြောင့်ထိုင်ချကာ အတော်လေး ကြီးမားသည့် အရိုးတစ်ချောင်းကို ကောက်ယူလိုက်၏။ ထိုအရိုးများမှာ လေဒဏ်မိုးဒဏ်ကြောင့် အတော်လေး ဆွေးမြည့်နေပြီဖြစ်ကာ မျက်နှာပြင်တစ်ခုလုံး၌ အက်ကွဲကြောင်းများ ဖုံးလွှမ်းနေသည်။
“ဒါတွေက ဝံပုလွေ အရိုးတွေပဲ…”
လဲ့ချန်က ယုံကြည်မှု အပြည့်ဖြင့် ပြောလိုက်၏။
“ဝံပုလွေ အနည်းငယ် ကျန်နေသေးတဲ့ပုံပဲ…”
“ဝံပုလွေတွေ… ဒီဂူထဲမှာ ဝံပုလွေတွေ ရှိနေနိုင်လို့လား…”
လဲ့အားကော်၏ စိုးရိမ်သောကရောက်နေသည့် အမူအရာက ပို၍ နက်ရှိုင်းလာ၏။
“အစ်ကိုချန်… သွားကြစို့… အရမ်း အန္တရာယ်များလွန်းတယ်… အဲ့ဝံပုလွေတွေက ကျွန်တော်တို့ လက်ရှိပါလာတဲ့ ကိရိယာတွေနဲ့ ရင်ဆိုင်နိုင်တဲ့ အရာတွေမဟုတ်ဘူး…”
လဲ့ချန်က နှစ်သိမ့်သည့် အမူအရာဖြင့် သူ၏ ပခုံးကို ပုတ်ပေးလိုက်သည်။
“အရမ်းစိုးရိမ်မနေပါနဲ့… ဝံပုလွေတွေက မြွေတွေကို ကြောက်သလို မြွေတွေကလည်း ဝံပုလွေတွေကို ကြောက်ကြတယ်… ဒီဂူထဲမှာ မြွေသွားထားတဲ့ အရာတွေ ရှိနေမှတော့ ဝံပုလွေတွေ ထွက်ပြေးသွားတာ ကြာလောက်ပြီဆိုတဲ့ အဓိပ္ပာယ်ပဲ… ဒါ့အပြင် အရိုးတွေကလည်း အတော်လေး ဆွေးမြည့်နေပြီဆိုတော့ သူတို့ ဒီနေရာမှာ ရှိနေတာ အနည်းဆုံး နှစ်အနည်းငယ်လောက်တော့ ရှိနေပြီ ဖြစ်ရမယ်…”
လဲ့ချန်က စကားပြောနေရင်းနှင့်ပင် ဝံပုလွေ အရိုးများထဲမှ အတော်လေး ကောင်းမွန်နေသေးသည့် ဝံပုလွေ သွားအနည်းငယ်ကို ဆွဲနှုတ်လိုက်၏။
“ဒါတွေကို ပစ္စည်းတော်တော်များများနဲ့ လဲလို့ ရနိုင်တယ်…”
သူက ဝံပုလွေအစွယ်များကို သူ၏ အိတ်ကပ်ထဲသို့ ထည့်လိုက်ပြီး ဂူ၏ ပတ်ဝန်းကျင်ကို ဆက်လက် လေ့လာနေသည်။
“အစ်ကိုချန်… ဒီဝံပုလွေအစွယ်တွေကို ဘာတွေနဲ့လဲလို့ ရနိုင်မှာလဲ…”
လဲ့အားကော်က သိချင်စိတ် ပြင်းပြစွာဖြင့် မေးလိုက်၏။
“လဲလို့ရတဲ့အရာတွေ အများကြီး ရှိပါတယ်…”
လဲ့ချန်က လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးလိုက်သည်။
“အချိန်တန်ရင် မင်း သိလာမှာပါ…”
သူက ဂူကို နောက်တစ်ခေါက် ပတ်သွားပြီး ပတ်ဝန်းကျင်ရှိ အရာများကို သေချာစွာ လေ့လာလိုက်၏။
“အားကော်… အဲ့ဒါတွေကို ကြည့်လိုက်စမ်း… သူတို့က အနီရောင်သံကွင်းဆက်မြွေဆီက မဟုတ်ဘူးလား…”
လဲ့ချန်၏ လက်ညှိုးထိုးပြရာ လမ်းကြောင်းအတိုင်း လိုက်ကြည့်လိုက်သောအခါ လဲ့အားကော်က ပို၍ သေးငယ်သော အရာများကို တွေ့လိုက်ရပြီး ၎င်းတို့ထဲမှ အချို့မှာ ရေဖြင့် ဆေးကြောခံထားရသဖြင့် သေချာစွာ မစစ်ဆေးပါက သတိပြုမိနိုင်မည် မဟုတ်ချေ။ လဲ့အားကော်က ကိုင်းညွတ်၍ သေချာစွာ ကြည့်လိုက်သည်။
“တကယ်ပဲဗျ… အစ်ကိုချန်… ခင်ဗျားမှာ စွန်းဝူခုန်းရဲ့ စူးရှတဲ့ မျက်လုံးတွေ ရှိနေတာပဲ…”
“ဟမ်း… ဒီဂူထဲမှာ ပစ္စည်းကောင်းတွေ အများကြီး ရှိနေနိုင်လောက်တယ်…”
လဲ့ချန်က စိတ်လှုပ်ရှားစွာဖြင့် သူ၏ လက်နှစ်ဖက်ကို ပွတ်သပ်၍ ပြောလိုက်၏။
“အထဲဝင်ပြီး သွားကြည့်ရအောင်…”
“အစ်ကိုချန်… ဂူထဲမှာ မှောင်မည်းနေတာပဲ… ကျွန်တော်တို့ ဘာမှမမြင်ရဘူး…”
“ငါ ရှိနေတာပဲ…”
လဲ့ချန်က သူ၏ ကျောပိုးအိတ်ထဲမှ လက်နှိပ်ဓာတ်မီး တစ်လက်ကို ဆွဲထုတ်လိုက်သည်။
“ငါ့အနားမှာ ကပ်နေ…”
သူတို့နှစ်ယောက်က ဂူထဲသို့ သတိထား၍ ဝင်ရောက်သွားကြ၏။ ဂူထဲတွင် စိုစွတ်နေပြီး လေထုထဲ၌ မနှစ်မြို့ဖွယ် မှိုစော်နံများ ဖုံးလွှမ်းနေသည်။ လဲ့ချန်က သူ၏ လက်နှိပ်ဓာတ်မီးဖြင့် ပတ်ပတ်လည်သို့ ထိုးကြည့်လိုက်ရာ ဂူမှာ သူ ထင်ထားသည်ထက် များစွာ ပို၍ နက်ရှိုင်းနေကြောင်း တွေ့လိုက်ရ၏။
“အားကော်… ငါ့နောက်မှာပဲနေပြီး ဟိုဟိုဒီဒီ မပြေးနဲ့…”
လဲ့ချန်က ညွှန်ကြားလိုက်သည်။
“နားလည်ပါပြီ… အစ်ကိုချန်…”
လဲ့အားကော်က လဲ့ချန်၏ နောက်မှ ကပ်လျက် လိုက်ပါသွားပြီး သူ၏ လက်ထဲတွင် ဓားမြောင်ငယ်တစ်လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထား၏။ ဂူထဲတွင် တိတ်ဆိတ်နေပြီး သူတို့ နှစ်ယောက်၏ တိုးညင်းသော အသက်ရှူသံများနှင့် ခြေသံများကိုသာ ကြားနိုင်တော့သည်။ ဆယ်မိနစ်ခန့် လျှောက်သွားပြီးသောအခါ လဲ့ချန်က ရုတ်တရက် ရပ်တန့်လိုက်၏။
“အစ်ကိုချန်… ဘာဖြစ်လို့လဲ…”
လဲ့အားကော်က စိုးရိမ်တကြီး မေးလိုက်သည်။
“ရှူး…”
လဲ့ချန်က လဲ့အားကော်ကို တိတ်တိတ်နေရန် အမူအရာ ပြလိုက်ပြီးနောက် လက်နှိပ်ဓာတ်မီးကို ထောင့်တစ်နေရာဆီသို့ ထိုးပြလိုက်၏။ ထိုထောင့်တွင် သုံးကောင်မှ ငါးကောင်အထိ ရှိသော အနီရောင်သံကွင်းဆက်မြွေ အုပ်စုများက ခွေလိပ်နေကြသည်။ ထို အနီရောင်သံကွင်းဆက်မြွေများမှာ တောက်ပသော အရောင်အသွေးရှိကြပြီး အနီရောင်ကွင်းပုံစံ အမှတ်အသားများ ဖုံးလွှမ်းနေသဖြင့် အတော်လေး ကြက်သီးထဖွယ် ကောင်းနေ၏။