← Chapters

အခန်း (၁၅၅-၁၅၆)

Vol. 16 Ch. 155-156

အခန်း (၁၅၅-၁၅၆)

Vol. 16 Ch. 155-156

အခန်း (၁၅၅) စိတ်ကူးဉာဏ် ရှာဖွေခြင်း

နောက်တစ်နေ့တွင် အိမ်အလုပ်များ ပြီးစီးသွားပြီးနောက် လဲ့ချင်းက သူမ၏ အသင့်တော်ဆုံးဟု ယူဆရသော အပြာရောင် ဂါဝန်တစ်ထည်ကို လဲလှယ်ဝတ်ဆင်လိုက်၏။

သူမက မှန်ကို ကြည့်၍ သူမ၏ နက်မှောင် တောက်ပနေသော ဆံမြိတ်နှစ်ခုကို သေချာစွာ ဖြီးသင်လိုက်ပြီး အလွန်အမင်း စိုးရိမ်ပူပန်နေမိသည်။

ညကျောင်းမှ ထွက်ရန် သူမ သွားရမည်ဖြစ်ပြီး ဤသည်က သူမ၏ အတန်းဖော်အားလုံးနှင့် ရင်ဆိုင်ရမည်ဟု ဆိုလိုခြင်းဖြစ်၏။ အကြောင်းပြချက် ပေးရမည့်အရေး တွေးမိသည်နှင့် သူမမှာ စိတ်အနှောင့်အယှက် ဖြစ်လာရသည်။

ညကျောင်း အဝင်ဝသို့ ရောက်သောအခါ လဲ့ချင်းက အသက်ပြင်းပြင်း တစ်ချက် ရှူသွင်း၍ အထဲသို့ ဝင်သွား၏။

ကျဉ်းမြောင်းသော စင်္ကြံလမ်းတွင် ရင်းနှီးနေသော လူရိပ်အချို့က စုရုံးနေကြပြီး တစ်စုံတစ်ခုကို စကားဖောင်ဖွဲ့နေကြသည်။

လဲ့ချင်းကို မြင်သောအခါ သူတို့၏ စကားဝိုင်းက ရုတ်တရက် ရပ်တန့်သွားပြီး အားလုံး၏ အကြည့်များက သူမထံသို့ ရောက်ရှိလာကြ၏။

“ဟေး... ဒါက လဲ့ချင်း မဟုတ်လား... ဘာလဲ... နင်ကော ဒီနေ့ အတန်းတက်ဖို့ လာတာလား...”

စကားပြောလိုက်သူမှာ ဝမ်ဖန်းဖြစ်ပြီး သူမ၏ လေသံတွင် သရော်လှောင်ပြောင်မှုများ ရောယှက်နေ၏။

လဲ့ချင်းမှာ အနည်းငယ် အံ့အားသင့်သွားသော်လည်း သူတို့ အထင်လွဲနေကြောင်းကို ချက်ချင်း နားလည်သွားသည်။

ပြီးခဲ့သည့် ခရိုင် လက်မှုပညာပြပွဲ ပြီးကတည်းက သူမ ညကျောင်းသို့ မလာတော့ချေ။ လက်မှုပညာပြပွဲတွင် ငြင်းပယ်ခံခဲ့ရသဖြင့် အတန်းတက်ရန် ရှက်နေသည်ဟု သူမ၏ အတန်းဖော်များ အားလုံးက ထင်နေကြပုံရ၏။

“ငါက ကျောင်းထွက်ဖို့ လာတာပါ...”

သူမ၏ ခံစားချက်များကို မပေါ်လွင်စေရန် အတတ်နိုင်ဆုံး ထိန်းချုပ်၍ လဲ့ချင်းက တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။

“ကျောင်းထွက်မလို့...”

ကျန်းလီ အမည်ရသော အခြား ကျောင်းသူဟောင်းတစ်ယောက်က အံ့သြတကြီး အာမေဍိတ်သံ ပြုလိုက်၏။

“မဖြစ်နိုင်တာ...”

“နင် ဒီနေရာကို ရောက်တာ ရက်အနည်းငယ်ပဲ ရှိသေးတာကို ကျောင်းထွက်ချင်နေပြီလား... ခရိုင်လက်မှုပညာပြပွဲမှာ ရှုံးသွားလို့ ရှက်သွားတာလား...”

ဘေးနားရှိ လူများက ရယ်မောလိုက်ကြပြီး သူတို့၏ ရယ်သံများထဲတွင် သရော်လှောင်ပြောင်မှုများ မလွှဲမသွေ ပါဝင်နေ၏။

လဲ့ချင်းက သူမ၏ နှုတ်ခမ်းကို ကိုက်၍ ချေပလိုစိတ်ကို အပြင်းအထန် ထိန်းချုပ်လိုက်သည်။

ဤလူများကို မည်သည့်အရာ ရှင်းပြနေစေကာမူ အချည်းနှီးသာဖြစ်၏။

“ငါ အလုပ်တစ်ခု ရထားတယ်...”

လဲ့ချင်းက တည်ငြိမ်စွာ ပြောလိုက်သည်။

“ငါ အတန်းတက်ဖို့ အချိန်မရှိတော့ဘူး...”

“အလုပ်ဟုတ်လား...”

ဝမ်ဖန်းက နှုတ်ခမ်းမဲ့လိုက်၏။

“ဘယ်လို အလုပ်မျိုးလဲ... အလုပ်ရုံငယ်လေး တစ်ခုခုမှာ အလုပ်သင် သွားလုပ်မလို့တော့ မဟုတ်ပါဘူးနော်... နင့် အရည်အချင်းနဲ့များ ဘယ်လို အလုပ်ကောင်းမျိုး ရနိုင်မှာလဲ...”

လဲ့ချင်းက အသက်ပြင်းပြင်း ရှူလိုက်ပြီး စကားပြောရန် ပြင်လိုက်စဉ် အခြားအသံ တစ်သံက သူမကို ဖြတ်ပြောလိုက်သည်။

“လဲ့ချင်းကို သူဌေးကျောက်က ဒီဇိုင်နာတစ်ယောက်အဖြစ် အလုပ်ခန့်လိုက်ပြီလေ...”

လူအုပ်၏ အပြင်ဘက်မှ ကြည်လင်သော အသံတစ်သံ ထွက်ပေါ်လာ၏။

လူတိုင်းက အသံလာရာသို့ လှည့်ကြည့်လိုက်ကြရာ ခေတ်မီဆန်းပြားစွာ ဝတ်ဆင်ထားသော မိန်းကလေးတစ်ယောက် လျှောက်လာသည်ကို တွေ့လိုက်ရသည်။

မိန်းကလေး၏ အမည်မှာ စွင်းမေ ဖြစ်၏။ သူမက ညကျောင်း၌ သတင်းစုံ သိတတ်သူအဖြစ် နာမည်ကြီးပြီး မြို့ထဲတွင် ဖြစ်ပျက်သမျှ အရာအားလုံး နီးပါးကို သိရှိသည်။

“ဒီဇိုင်နာ...”

ဝမ်ဖန်း၏ မျက်လုံးများက မယုံကြည်နိုင်စွာဖြင့် ပြူးကျယ်သွား၏။

“သူကလား... သူဌေးကျောက်အတွက် ဒီဇိုင်နာ လုပ်မယ်... စွင်းမေ... နင် ကြားတာ မမှားဘူး သေချာရဲ့လား...”

“ငါက သတင်းတွေကို ဘယ်တုန်းက ကြားတာ မှားဖူးလို့လဲ... သူဌေးကျောက် ကိုယ်တိုင် လဲ့ချင်းရဲ့ အိမ်ကို သွားပြီး ဖိတ်ခေါ်ခဲ့တာ... အဲ့ကိစ္စက အခု ငါတို့ရွာတစ်ရွာလုံးကို ပျံ့နှံ့နေပြီ...”

“တကယ်ကြီးလား...”

ကျန်းလီ၏ မျက်နှာအမူအရာမှာလည်း ဝမ်ဖန်းကဲ့သို့ပင် အံ့အားသင့်နေ၏။

“သူဌေးကျောက်က စံနှုန်းမြင့်တဲ့နေရာမှာ နာမည်ကြီးတာကို လဲ့ချင်းကိုများ ဘယ်လိုလုပ် စိတ်ဝင်စားနိုင်မှာလဲ...”

“အဲဒါ အမှန်ပဲ...”

လဲ့ချင်းက တည်ငြိမ်နေဆဲ ဖြစ်သော်လည်း စိတ်ထဲတွင်တော့ အနည်းငယ် ကျေနပ်သွားမိသည်။

“နောင်ကို သူဌေးကျောက်ရဲ့ အဝတ်အထည်စက်ရုံမှာ ငါ အလုပ်လုပ်ရတော့မှာမို့ အတန်းတက်ဖို့ အချိန်မရှိတော့ဘူး... ဒါကြောင့် ငါ ကျောင်းထွက်ဖို့ ဒီကို ရောက်လာတာပဲ...”

“ဘုရားရေ... လဲ့ချင်း... နင် အရမ်းတော်တာပဲ...”

ပုံမှန်အားဖြင့် တိတ်ဆိတ်နေတတ်သော ကျောင်းသူဟောင်းတစ်ယောက်က မနာလို အားကျစွာ ကြည့်၍ ပြောလိုက်၏။

“သူဌေးကျောက်ရဲ့ အသိအမှတ်ပြုခြင်းကို နင် အမှန်တကယ် ရလိမ့်မယ်လို့ ငါ လုံးဝ မထင်ထားဘူး... နင် နောင်ကျရင် အရမ်းကို အောင်မြင်တော့မှာပဲ...”

“ဟုတ်တယ် လဲ့ချင်း... နင် အောင်မြင်လာရင် နင့်ရဲ့ အတန်းဖော်ဟောင်းတွေကို မမေ့နဲ့ဦးနော်...”

“စိတ်မပူပါနဲ့... ငါ မမေ့ပါဘူး...”

ထိုအခိုက်တွင် အပ်ချုပ်သင်တန်းမှ ဆရာမ ချန်ယွီက စင်္ကြံလမ်း၏ အခြားတစ်ဖက်မှ လျှောက်လာ၏။

“နင်တို့အားလုံး ဒီနေရာမှာ စုရုံးပြီး ဘာလုပ်နေကြတာလဲ... အတန်း မတက်ကြဘူးလား...”

လူတိုင်း လှည့်ကြည့်လိုက်သောအခါ ဝမ်ဖန်းနှင့် ကျန်းလီတို့မှာ ငုံးများကဲ့သို့ လည်ပင်းကို ပု၍ ချက်ချင်း တိတ်ဆိတ်သွားကြသည်။

ချန်ယွီက လဲ့ချင်းထံသို့ လျှောက်သွားပြီး သဘောကျဟန်ဖြင့် ခေါင်းညိတ်ပြလိုက်၏။

“ပြပွဲမှာ ပြသခဲ့တဲ့ လက်ရာတွေက အရမ်းကောင်းတယ်... မြို့ထဲက သူဌေးက နင့်ကို ဒီဇိုင်နာအဖြစ် အလုပ်ခန့်လိုက်တယ်လို့ ကြားတယ်... နင့်ဆီမှာ အရည်အချင်းတွေ အများကြီး ရှိတယ်ဆိုတာ ဆရာမ သိပြီးသားပါ... အလုပ်ကောင်းတစ်ခု ရသွားတဲ့အတွက် ဂုဏ်ယူပါတယ်...”

လဲ့ချင်းက ယဉ်ကျေးစွာ ခေါင်းညိတ်ပြလိုက်သည်။

“ကျေးဇူးတင်ပါတယ် ဆရာမချန်...”

ချန်ယွီက ဝမ်ဖန်းနှင့် ကျန်းလီတို့ဘက်သို့ လှည့်ကြည့်လိုက်ရာ သူမ၏ လေသံမှာ တင်းမာသွား၏။

“နင်တို့နှစ်ယောက်ကတော့... အတင်းပြောဖို့လောက်ပဲ သိတယ်...”

“လဲ့ချင်းက သူမရဲ့ ကိုယ်ပိုင် အရည်အချင်းကြောင့် အလုပ်ကောင်းတစ်ခု ရသွားတာ... နင်တို့က စာကို ကြိုးကြိုးစားစား မသင်ဘဲ တခြားသူတွေကို မနာလို ဝန်တို ဖြစ်နေရုံကလွဲပြီး ဘာမှမလုပ်ကြဘူး... တကယ့်ကို လွန်လွန်းတယ်...”

ဝမ်ဖန်းနှင့် ကျန်းလီတို့၏ မျက်နှာများမှာ နီရဲသွားပြီး မြေကြီးထဲသို့သာ ဝင်ပုန်းချင်စိတ် ပေါက်သွားကြသည်။

ငါ”တို့တွေ ဘယ်ခေတ်မှာ နေထိုင်နေကြတာလဲ... ဘာလို့ ခေတ်နောက်ကျနေတဲ့ အတွေးအခေါ်တွေကို ဖက်တွယ်ထားကြသေးတာလဲ...”

“လဲ့ချင်းရဲ့ ဖန်တီးမှုကို ခရိုင်ကတောင် အသိအမှတ်ပြုထားတာ...”

“ငါတို့မြို့မှာဆို သူဌေးကျောက်ရဲ့ စက်ရုံထဲကို ဝင်ချင်တဲ့သူတွေ အများကြီးပဲ... ဒါပေမဲ့ ဝင်ခွင့်မရကြဘူး...”

“ပြီးတော့ နင်တို့က ဒီနေရာမှာ ထိုင်ပြီး သရော်လှောင်ပြောင်တဲ့ စကားတွေ လာပြောနေသေးတယ်...”

ချန်ယွီက မျက်မှန်ကို ပင့်တင်၍ ဆက်ပြောလိုက်၏။

“ငါ ပြောပြမယ်... ငါတို့တွေက အသိပညာနဲ့ စီးပွားရေး ခေတ်မှာ နေထိုင်နေကြတာ... နည်းပညာ ကျွမ်းကျင်ပြီး ယဉ်ကျေးမှုရှိတဲ့သူတွေမှသာ ရှေ့ကို တက်လှမ်းနိုင်မှာ...”

“ကြိုးကြိုးစားစား မသင်ယူရင် လူ့အဖွဲ့အစည်းရဲ့ ချန်လှပ်ထားခြင်းကို ခံရလိမ့်မယ်...”

ဘေးနားရှိ ကျောင်းသူဟောင်းအချို့က သဘောတူညီစွာ ခေါင်းညိတ်လိုက်ကြပြီး လဲ့ချင်းထံသို့ ကြည့်သော သူတို့၏ အကြည့်များတွင် မနာလို အားကျမှုများ ပြည့်နှက်နေသည်။

ဝမ်ဖန်းနှင့် ကျန်းလီတို့မှာ အလွန် ရှက်ရွံ့သွားသဖြင့် ခေါင်းငုံ့ထားကြပြီး စကားမပြောရဲတော့ချေ။

ချန်ယွီက သူမ၏ အိတ်ကပ်ထဲမှ ဖောင်တစ်ခုကို ထုတ်၍ လဲ့ချင်းထံသို့ ကမ်းပေးလိုက်၏။

“ရော့... ကျောင်းထွက်ခွင့် လုပ်ငန်းစဉ်တွေကို ဖြည့်လိုက်... နောင်ကို ကြိုးကြိုးစားစား အလုပ်လုပ်ပြီး ဆရာမတို့မြို့အတွက် ဂုဏ်ဆောင်ပေးပါ...”

……

သူမ၏ ကျောင်းထွက်ခွင့် စာရွက်စာတမ်းများကို ကိုင်ဆောင်ကာ လဲ့ချင်းက အိမ်သို့ သွက်လက်စွာ လျှောက်ပြန်လာခဲ့သည်။

နေဝင်ဆည်းဆာအချိန်တွင် ရွှေရောင် အလင်းတန်းများက ကျေးလက်လမ်းလေးများပေါ်သို့ ဖြာကျနေပြီး အလွန် ရင်းနှီးကျွမ်းဝင်နေသော ရှုခင်းများကိုပင် မျက်စိပသာဒ ဖြစ်စေရန် ဖန်တီးပေးနေ၏။

သူမက တေးသွားလေးတစ်ခုကို ညည်းတွား၍ ပျော်ရွှင်နေပြီး သူမ၏ ဝမ်းနည်းမှု အားလုံးကို နောက်ချန်ရစ်ခဲ့သည်။

တစ်ချိန်က သူမကို ဖိနှိပ်ခံရသည်ဟု ခံစားခဲ့ရစေသော သရော်လှောင်ပြောင်မှုများက ယခုအခါတွင် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။

လဲ့ချင်း အိမ်သို့ ရောက်သောအခါ ခြံဝင်းထဲတွင် ဟင်းသီးဟင်းရွက်များ ရွေးချယ်နေသော ယောင်းမဖြစ်သူ ချီလန်ကို ချက်ချင်း တွေ့လိုက်ရသည်။

ချီလန်က ခေါင်းမော့ကြည့်လိုက်ရာ လဲ့ချင်းကို မြင်ပြီး စိုးရိမ်တကြီး မေးလိုက်၏။

“ဘာလို့ ဒီလောက် စောစော ပြန်လာတာလဲ... ဒီနေ့ အတန်းတက်ရမှာ မဟုတ်ဘူးလား...”

“ယောင်းမ... ကျွန်မ အတန်း မတက်တော့ဘူး... အလုပ်တစ်ခု ရထားတယ်...”

လဲ့ချင်းက သူမ၏ လက်ထဲမှ ကျောင်းထွက်ခွင့် စာရွက်များကို ဝှေ့ယမ်းပြ၍ ပြုံးဖြီးဖြီးဖြင့် ပြောလိုက်သည်။

ချီလန်က ကိုင်ထားသော ဟင်းရွက်များကို ချလိုက်ပြီး သူမ၏ မျက်နှာပေါ်တွင် အံ့အားသင့်မှုများ အပြည့် ရှိနေ၏။

“တကယ်လား... ဘယ်မှာလဲ... ဘာအလုပ် လုပ်ရမှာလဲ...”

“သူဌေးကျောက်ရဲ့ အဝတ်အထည်စက်ရုံမှာ ဒီဇိုင်နာ လုပ်ရမှာပါ...”

လဲ့ချင်းက သူမ၏ ရင်ဘတ်ကို ဂုဏ်ယူဝင့်ကြွားစွာ ကော့လိုက်သည်။

ချီလန်မှာ တစ်ခဏမျှ အံ့အားသင့်သွားပြီးနောက် ရယ်မော၍ ပြောလိုက်၏။

“အမလေး ငါတို့ရဲ့ ချင်းချင်းက အောင်မြင်တော့မယ်ဆိုတာကို ငါ သိပြီးသားပါ... အခုကစပြီး သက်သောင့်သက်သာ ဘဝမျိုး းရဖို့ ကါတို့မိသားစုက နင့်ကိုပဲ အားကိုးရတော့မှာပေါ့...”

“ယောင်းမကလည်း... ကျွန်မကို မနောက်ပါနဲ့... ကျွန်မ အဲဒီလောက် မတော်သေးပါဘူး... ကြိုးစားပြီး သင်ယူရဦးမှာပါ...”

သူမ၏ယောင်းမက သူမကို အမြဲတမ်း အလိုလိုက် ချစ်ခင်ကြောင်း လဲ့ချင်း သိထားသည်။

ချီလန်က လဲ့ချင်း၏ လက်ကို ယုယစွာ ပုတ်၍ ပြောလိုက်၏။

“ဘာပဲဖြစ်ဖြစ် အလုပ်ရတာ ကောင်းတဲ့ကိစ္စပါပဲ... ဂုဏ်ပြုတဲ့အနေနဲ့ ဒီနေ့ည အရသာရှိတာတစ်ခုခု ချက်ကျွေးမယ်...”

လဲ့ချင်းက ပျော်ရွှင်စွာ ခေါင်းညိတ်လိုက်သော်လည်း သူမက အခြားကိစ္စ တစ်ခုကို တွေးတောနေမိသည်။

သူဌေးကျောက်၏ အဝတ်အထည်စက်ရုံက ကောင်းမွန်သော်လည်း ၎င်း၏ ဒီဇိုင်းပုံစံမှာ ရိုးရာဆန်လွန်းပြီး သူမ လိုက်စားချင်သော ခေတ်ရေစီးကြောင်းနှင့် သိပ်မကိုက်ညီလှပေ။

သို့သော်လည်း သူဌေးကျောက်က သူမ၏ ကိုယ်ပိုင် ဒီဇိုင်းဖန်တီးမှုပုံစံကို တကယ် သဘောကျဟန် ရှိ၏။

သူမက လူများကို ပိုတွေ့ချင်ပြီး အရာရာကို ပို၍ တွေ့ကြုံခံစားကာ စိတ်ကူးဉာဏ်များ ပိုမို ရှာဖွေချင်နေသည်။

ညစာစားပြီးနောက် လဲ့ချင်းက သူမ၏ အတွေးများကို ချီလန်အား ပြောပြလိုက်၏။

“ယောင်းမ... ကျွန်မ အိမ်ကနေ အလုပ်လုပ်လို့ ရတယ်ဆိုပေမဲ့ အမြဲတမ်း အခန်းအောင်းနေလို့တော့ မဖြစ်ဘူး...”

လဲ့ချင်းက ချီလန်ကို ပန်းကန်များ ရှင်းလင်းရန် ကူညီပေးရင်း ပြောလိုက်သည်။

ချီလန်က ပြန်ဖြေလိုက်၏။

“နင့်အလုပ်နဲ့ ပတ်သက်တဲ့ သူတွေက အပြင်ထွက်ပြီး အချက်အလက်တွေ မကြာခဏ ရှာဖွေရတယ်လို့ ငါ ကြားဖူးတယ်...”

“ဟုတ်တယ်... စိတ်ကူးဉာဏ် အများစုက ဘဝထဲကနေ လာတာလေ...”

“ယောင်းမ... ကျွန်မ အိမ်မှာ လုပ်စရာ အလုပ်တွေ အများကြီးရှိတယ်ဆိုပေမဲ့ အချည်းနှီး အချိန်မဖြုန်းချင်ဘူး... မနက်ဖြန် ယောင်းမနဲ့အတူ ဈေးဆိုင်သွားခင်းရင် ဘယ်လိုလဲ...”

“ကျွန်မ လက်ရှိ ဈေးကွက် အခြေအနေတွေကိုလည်း ပိုလေ့လာနိုင်ပြီး စိတ်ကူးဉာဏ် အသစ်တွေလည်း ရနိုင်တာပေါ့...”

နားထောင်ပြီးနောက် ချီလန်က တစ်ခဏမျှ စဉ်းစား၍ ပြောလိုက်၏။

“ချင်းချင်း... နင့်ရဲ့ စိတ်ကူးက ကောင်းပါတယ်... ဒါပေမဲ့ ဈေးဆိုင်ခင်းရတာက လေပူ၊ နေပူဒဏ် ခံရပြီး အရမ်းပင်ပန်းတဲ့အလုပ်ပဲ... နင် ခံနိုင်ရည် ရှိပါ့မလား...”

လဲ့ချင်းက သူမ၏ လက်ကို ဝှေ့ယမ်းပြလိုက်သည်။

“ယောင်းမ... ကျွန်မ ပင်ပန်းမှာကို မကြောက်ပါဘူး... နောင်ကျရင် ပိုကောင်းတဲ့ အဝတ်အစားတွေ ဖန်တီးနိုင်ဖို့ ကျွန်မ ပိုပြီး သင်ယူချင်တယ်...”

နောက်ဆုံးတွင် ချီလန်က သဘောတူလိုက်၏။

လဲ့ချင်းက ပြတ်သားသော ကလေးတစ်ယောက်ဖြစ်သည်။ သူမ ဆုံးဖြတ်ချက်တစ်ခု ချပြီးသည်နှင့် လွယ်လွယ်ကူကူ ပြောင်းလဲလိမ့်မည် မဟုတ်ချေ။

အခန်း (၁၅၆) ယောင်းမဖြစ်သူနှင့်အတူ ဈေးဆိုင်ထွက်ခင်းခြင်း

လဲ့ချင်းက ချီလန်နောက်သို့ လိုက်ကာ မြို့ပေါ်ရှိ ဈေးသို့သွား၍ အဝတ်အထည်များ ရောင်းချရန် ဈေးဆိုင်ခင်းကူပေး၏။ ကုန်ပစ္စည်းများ ရောင်းချနေစဉ်အတွင်း သူမက ဖောက်သည်များ၏ နှစ်သက်မှုများနှင့် ခေတ်ရေစီးကြောင်းများကို သေချာစွာ လေ့လာစောင့်ကြည့်ပြီး တစ်ခါတစ်ရံ သူမ၏ မှတ်စုစာအုပ်ထဲတွင် စိတ်ကူးဉာဏ်ကွန့်မြူးမှု အချို့ကို ချရေးမှတ်သားထားလိုက်သည်။

“အိုး... လူအများစုက ပုံစံဟောင်းတွေကိုပဲ ပိုကြိုက်ကြတုန်းပဲ... ဒါပေမဲ့ တချို့လူတွေကတော့ တခြားပုံစံသစ်တွေကို မျှော်လင့်နေကြတယ်...”

“‌ယောင်းမ... ဟိုမှာကြည့်... အဲဒီကော်လာကြီး ရှပ်အင်္ကျီတွေက အခု ခေတ်စားနေတာ... ကျွန်မတို့လည်း အဲဒါမျိုးလေးတွေ နည်းနည်းလောက် တင်ထားသင့်လား...”

လဲ့ချင်းက ခေတ်မီစွာ ဝတ်ဆင်ထားသည့် မိန်းကလေးတစ်ဦးကို မြင်လိုက်ရပြီး သူမ၏ အပေါ်ဝတ်အင်္ကျီကို ချက်ချင်းပင် သဘောကျသွားသည်။ ချီလန်က လဲ့ချင်း ကြည့်နေသည့်နေရာသို့ လိုက်ကြည့်ပြီး ခေါင်းညိတ်လိုက်၏။

“ဟုတ်တယ်... အဲ့ဒီဇိုင်းက တကယ့်ကို လှပတာပဲ...”

“ဒါပေမဲ့ ငါတို့ရဲ့ ဖောက်သည်အများစုက ရွာကလူတွေဆိုတော့ သူတို့က အဲ့လိုခေတ်မီတဲ့ဒီဇိုင်းကို လက်ခံချင်မှ လက်ခံကြမှာ...”

“ကျွန်မတို့ စမ်းကြည့်တဲ့အနေနဲ့ နည်းနည်းလောက် အရင်မှာကြည့်လို့ ရတာပဲ... အရောင်းသွက်ရင် အရေအတွက် ထပ်တိုးလို့ ရတယ်လေ...”

လဲ့ချင်းက အကြံပြုလိုက်သည်။

ချီလန်က ပြုံးလိုက်ပြီး ပြောလိုက်၏။

“ကောင်းပြီ... နင့်စကားကို ငါနားထောင်မယ်... ငါတို့ရဲ့ ချင်းချင်းက အခုဆို ဒီဇိုင်နာတစ်ယောက် ဖြစ်နေပြီဆိုတော့ နင့်ရဲ့အမြင်က ငါ့ထက် သေချာပေါက် ပိုကောင်းမှာပါ...”

လဲ့ချင်းက ရှက်ကိုးရှက်ကန်း ပြုံးလိုက်ပြီး ဆက်ပြောလိုက်သည်။

“ကျွန်မ အရည်အချင်း ပြည့်မီဖို့ အဝေးကြီး လိုပါသေးတယ်... နောင်ကျရင် လှပတဲ့ အဝတ်အထည်တွေ အများကြီး ဒီဇိုင်းဆွဲနိုင်ဖို့အတွက် ပိုပြီး ကြိုးစားလေ့လာရဦးမယ်... အဲဒီအခါကျရင် ယောင်းမအတွက် လှလှပပလေး ဝတ်ဆင်ဖို့အတွက် ငွေတစ်ပြားမှ ကုန်စရာမလိုတော့ဘူးပေါ့...”

တစ်ချိန်တည်းမှာပင် လဲ့ချန်နှင့် လဲ့အားကော်တို့က ခြေငါးလှမ်းမြွေများကို ထုပ်ပိုးကာ မြွေခြံအဝင်ဝသို့ သယ်ဆောင်လာကြ၏။

ဝယ်လက်ဖြစ်သူ အဘိုးလျူက သူ၏ ကုန်တင်ကားငယ်ကို မောင်းနှင်၍ ရွာထဲသို့ ဝင်ရောက်လာသောအခါ မြွေလှောင်အိမ်ထဲတွင် ရစ်ခွေနေသော အဆိပ်ပြင်းမြွေများကို မြင်ပြီး မျက်လုံးများ အရောင်လက်သွားသည်။

“ကောင်လေးလဲ့... မင်း ဒီမြွေတွေကို အတော်လေး ကောင်းကောင်း မွေးထားနိုင်တာပဲ... ကောင်တွေက ကြီးမားပြီး အဆိပ်ပြင်းတဲ့ ထိပ်တန်းအရည်အသွေးတွေချည်းပဲ...”

အဘိုးလျူက မြွေများကို သေချာစစ်ဆေးရင်းနှင့် ချီးကျူးစကားဆိုလိုက်၏။ လဲ့ချန်က အနည်းငယ် ပြုံးယောင်သမ်းနေသော်လည်း ဤတစ်ကြိမ်တွင် ငွေမည်မျှ ရနိုင်မည်ကို စိတ်ထဲမှ တွက်ချက်နေသည်။ သူသည် ဤခြေငါးလှမ်းမြွေများကို မွေးမြူရာတွင် အားစိုက်ထုတ်မှုများစွာ ပြုလုပ်ခဲ့ရ၏။ မြွေဘုရင်မှလွဲ၍ ကျန်သော မြွေများအားလုံးကို တစ်ကတ္တီလျှင် ပြားရှစ်ဆယ်ဈေးဖြင့် အဘိုးလျူထံသို့ ရောင်းချလိုက်သည်။ ထိုအချိန်က မြို့ပေါ်ရှိ အဈေးကြီးဆုံး ပုစွန်တုပ်ကြီးတစ်ကောင်မှ တစ်ကတ္တီလျှင် ပြားရှစ်ဆယ်သာ ရှိကြောင်း သတိပြုသင့်သည်။

“နောက်ထပ် ရှိသေးတယ်...”

လဲ့ချန်က အခြားဂုံနီအိတ်တစ်အိတ်ကို လက်ညှိုးထိုးပြ၍ ပြောလိုက်၏။

အဘိုးလျူမှာ အနည်းငယ် အံ့အားသင့်သွားသည်။

“နောက်ထပ် ရှိသေးတယ် ဟုတ်လား... ကောင်လေး မင်း မြွေဘယ်နှစ်ကောင်တောင် မွေးထားတာလဲ...”

လဲ့ချန်က ပြုံးလိုက်ပြီး ဘာမှမပြောဘဲ ကျန်သည့်အိတ်ကို ကမ်းပေးလိုက်၏။ အဘိုးလျူက အလေးချိန် ချိန်တွယ်ပြီးသောအခါ သူ၏ မျက်နှာအမူအရာက ပို၍ပင် အံ့အားသင့်သွားသည်။

“စုစုပေါင်း ယွမ်လေးဆယ်ဖိုးပဲ... မင်းတော့ချမ်းသာပြီပဲ...”

“ဒီတစ်ခေါက်တော့ ငါတို့ အတော်လေး ရလိုက်တယ်...”

လဲ့ချန်က သူ၏ လက်ထဲမှ ငွေများကို ရေတွက်လိုက်ရာ သူ၏ နှလုံးသားထဲတွင် ဝမ်းသာပီတိများဖြင့် ပြည့်နှက်သွား၏။ ဤတစ်ကြိမ်တွင် မြွေအများအပြား သေဆုံးသွားခဲ့သော်လည်း စုစုပေါင်း အကျိုးအမြတ်က အတော်လေး များပြားနေဆဲဖြစ်သည်။ ပိုမိုမွေးမြူရ လွယ်ကူသည့် မျိုးစိတ်တစ်ခုသို့ ပြောင်းလဲမွေးမြူပါက ဤထက်ပို၍ ဝင်ငွေရနိုင်မည်လားဟု လဲ့ချန် မတွေးဘဲ မနေနိုင်အောင် ဖြစ်သွားသည်။

“ကောင်လေးလဲ့... မင်း မြွေမွေးတာ ဒီလောက်တောင် အဆင်ပြေနေတာ မွေးမြူရေးကို တိုးချဲ့ဖို့ စဉ်းစားဖူးလား...”

အဘိုးလျူက မေးလိုက်၏။

လဲ့ချန်က တစ်ခဏမျှ စဉ်းစားဆင်ခြင်လိုက်ပြီး ပြောလိုက်သည်။

“ကျွန်တော် စဉ်းစားထားပါတယ်... ဒါပေမဲ့ ခြေငါးလှမ်းမြွေ မွေးမြူရတာက အန္တရာယ်များလွန်းလို့ ပိုပြီး သေချာစဉ်းစားဖို့ လိုတယ်...”

အဘိုးလျူက ခေါင်းညိတ်လိုက်၏။

“ငါ နားလည်ပါတယ်... ငါ နားလည်ပါတယ်... ဒါပေမဲ့ အခု မြွေဈေးကွက်က အတော်လေး ကောင်းနေတယ်... မင်းရဲ့ လုပ်ငန်းကိုသာ တိုးချဲ့နိုင်မယ်ဆိုရင် မင်း သေချာပေါက် ငွေအများကြီးရမှာပဲ...”

အဘိုးလျူကို နှုတ်ဆက် ပို့ဆောင်ပြီးသောအခါ လဲ့ချန်က ခြံဝင်းထဲတွင် ထိုင်၍ သူ၏ မွေးမြူရေးလုပ်ငန်းကို မည်သို့ တိုးချဲ့ရမည်ကို သေချာစွာ စဉ်းစားတွေးတောနေသည်။ ခြေငါးလှမ်းမြွေက အကျိုးအမြတ် များပြားသော်လည်း မွေးမြူရန် ခက်ခဲပြီး သေဆုံးမှုနှုန်း မြင့်မား၏။ မွေးမြူရ ပိုမိုလွယ်ကူသော မြွေမျိုးစိတ်ကိုသာ ရှာတွေ့နိုင်ပါက အန္တရာယ်က များစွာ လျော့နည်းသွားမည် ဖြစ်သည်။

လဲ့ချန်က သူ၏ အိတ်ကပ်ထဲမှ ယွမ်လေးဆယ်အတွက် အလွန် ဝမ်းသာကျေနပ်နေသည်။ ယွမ်လေးဆယ်ဆိုသည်မှာ နည်းပါးသော ပမာဏ မဟုတ်ချေ။ သူက ထိုငွေများကို မည်သို့ သုံးစွဲရမည်ကို တွက်ချက်နေ၏။ သူ့ဇနီးအတွက် အဝတ်အစားသစ် တစ်စုံ ဝယ်ပေးရမည်လား။ သို့မဟုတ် သူ၏ ညီမလေးအတွက် ပန်းချီဆွဲသည့် ပစ္စည်းများ ဝယ်ပေးရမည်လား။ သို့တည်းမဟုတ်... မြွေမွေးမြူရေး ပစ္စည်းအချို့ကို ထပ်ဝယ်ရမည်လား။

သူက စီးကရက်ကို တစ်ရှိုက်ပြင်းပြင်း ဖွာရှိုက်လိုက်သည်။ သူ့ပတ်လည်တွင် ဆေးလိပ်ငွေ့များ ဝေ့ဝဲသွားချိန်၌ လဲ့ချန်က အဘိုးလျူ၏ အစောပိုင်းက အားကျနေသည့် မျက်နှာအမူအရာကို ပြန်လည်အမှတ်ရသွားပြီး သူ၏ စိတ်ထဲတွင် ပို၍ပင် သက်သောင့်သက်သာ ဖြစ်သွား၏။ ခြေငါးလှမ်းမြွေများကို မွေးမြူရသည်မှာ အန္တရာယ်များသော်လည်း အကျိုးအမြတ်များက တကယ့်ကို စွဲမက်ဖွယ် ကောင်းလှသည်။ သို့သော်လည်း သေဆုံးသွားသော မြွေများကို တွေးမိသည့်အခါ လဲ့ချန်၏ ရင်ထဲတွင် စူးအောင့်သွားသလို ခံစားလိုက်ရ၏။ ခြေငါးလှမ်းမြွေများက သိမ်မွေ့လွန်းပြီး ဂရုတစိုက် မကိုင်တွယ်ပါက အလွယ်တကူ ဖျားနာကာ သေဆုံးသွားတတ်ကြသည်။ ဤမြွေပေါက် အသုတ်ထဲမှ ထက်ဝက်ကျော်ခန့် သေဆုံးသွားခဲ့၏။ အကယ်၍ ၎င်းတို့အားလုံးသာ အသက်ရှင်နိုင်မည်ဆိုပါက ငွေမည်မျှတောင် ရလိုက်မည်နည်း။

“ငါတို့ ပိုပြီး ခံနိုင်ရည်ရှိတဲ့ မျိုးစိတ်တစ်ခုကိုရှာဖို့ လိုတယ်...”

လဲ့ချန်က သူ့ကိုယ်သူ တိုးတိုးလေး ရေရွတ်လိုက်သည်။

သူ မြွေစတင်မွေးမြူကတည်းက ဖတ်ရှုနေခဲ့သည့် သိပ္ပံနည်းကျ မြွေမွေးမြူရေး လက်စွဲစာအုပ်ကို အမှတ်ရသွားပြီး ချက်ချင်းပင် ထ၍ စာအုပ်ကို ရှာဖွေရန် သူ့အခန်းထဲသို့ ပြန်ဝင်သွား၏။

“အနီရောင်သံကွင်းဆက်မြွေ...”

လဲ့ချန်က စာအုပ်ထဲရှိ ပုံကို လက်ညှိုးထိုး၍ ရေရွတ်လိုက်သည်။

“အဆိပ်နည်းနည်းပဲ ရှိတယ်... မွေးရတာ လွယ်ကူပြီး အရွယ်အစားလည်း မငယ်ဘူး... ဒါပဲ...”

ထိုစာအုပ်ထဲတွင် အနီရောင်သံကွင်းဆက်မြွေက အလွန်ကြံ့ခိုင်ပြီး ပတ်ဝန်းကျင်နှင့် အလွယ်တကူ လိုက်လျောညီထွေ နေထိုင်နိုင်စွမ်းရှိကာ ၎င်း၏ အဆိပ်ကလည်း မအားနည်းကြောင်း ရေးသားထား၏။ ခြေငါးလှမ်းမြွေလောက် အဆိပ်မပြင်းသော်လည်း တိရစ္ဆာန်ငယ်လေးများ အချို့ကို အကြောက်အလန့် ဖြစ်စေရန်အတွက် လုံလောက်မှု ရှိသည်။

အရေးအကြီးဆုံးအချက်မှာ ဤမြွေက အစားအစာ ရွေးချယ်မှု မရှိခြင်းပင်။ ဖားပြုတ်များ၊ ဖားများ၊ ကြွက်များ၊ ငါးငယ်လေးများနှင့် ပုစွန်များ အပါအဝင် သူဖမ်းမိသမျှ အရာအားလုံးကို စားသောက်နိုင်သောကြောင့် ခြေငါးလှမ်းမြွေထက် စီမံထိန်းသိမ်းရ များစွာ ပိုလွယ်ကူသည်။

နောက်ထပ် အချိန်ဆွဲမနေတော့ဘဲ နောက်တစ်နေ့တွင် လဲ့ချန်က ခရိုင်မြို့သို့ သွား၍ သူ့အား ခြေငါးလှမ်းမြွေပေါက်များ ရောင်းချပေးခဲ့သည့် ပွဲစားကို ရှာဖွေလိုက်၏။

“အဘိုးကျန်း... ဒီမှာ အနီရောင်သံကွင်းဆက်မြွေ မြွေပေါက်လေးတွေ ရှိလား...”

လဲ့ချန်က ပွင့်ပွင့်လင်းလင်းပင် မေးလိုက်သည်။

အဘိုးကျန်းက သူ၏ နှုတ်ခမ်းတွင် စီးကရက်တစ်လိပ်ကို ကိုက်ထားရင်း မျက်လုံးကို မှေး၍ သူ့အား အကဲခတ်လိုက်၏။

“ဟေ့... ညီလေးလဲ့... မင်း ဒီခြေငါးလှမ်းမြွေတွေကို အခုထိ မွေးလို့မဝသေးဘူးလား... တခြား မျိုးစိတ်တစ်ခုကို ပြောင်းချင်တာလား...”

“အဲဒီခြေငါးလှမ်းမြွေတွေက အန္တရာယ် များလွန်းတယ်... ကျွန်တော်က ယဉ်ပါးတဲ့ ကောင်လေးတွေကို မွေးချင်လို့ပါ...”

လဲ့ချန်က ရှင်းပြလိုက်သည်။

“မင်းတို့ရွာမှာတောင် အဲ့ဒီလိုတောရိုင်းတိရစ္ဆာန်မျိုးကို ရှာမတွေ့နိုင်မှတော့.. ခရိုင်မြို့မှာဆို ပိုတောင် ဆိုးသေးတယ်...”

ဆေးလိပ်ငွေ့ကွင်း အချို့ကို မှုတ်ထုတ်လိုက်ပြီးနောက် အဘိုးကျန်းက သူ့နှုတ်ခမ်းကို တွန့်လိုက်၏။

“ငါ ဆိုင်အတော်များများကို မေးကြည့်ပြီးပြီ... ဒါပေမဲ့ ဘယ်သူမှ မမွေးကြဘူး...”

လဲ့ချန်မှာ အနည်းငယ် စိုးရိမ်သွားသည်။ ဤမြွေပေါက်လေးများကို သူ ဘယ်နေရာမှ ရနိုင်မည်နည်း။

ညနေစောင်း အချိန်သို့ ရောက်သောအခါ ချီလန်နှင့် လဲ့ချင်းတို့က ဈေးဆိုင်သိမ်းပြီး ပြန်လာကြ၏။ ချီလန်က ဟင်းသီးဟင်းရွက်များနှင့် အသားစအချို့ ပါဝင်သည့် အဝတ်အိတ်တစ်လုံးကို သယ်ဆောင်လာပြီး လဲ့ချင်းကမူ ထူးဆန်းပြီး ပုံမှန်မဟုတ်သော ပန်းချီကားအချို့ ရေးဆွဲထားသည့် ပုံဆွဲဘုတ်ပြားတစ်ခုကို ကိုင်ဆောင်ထားသည်။

“အစ်ကို... ဘာဖြစ်လို့လဲ... စိုးရိမ်နေတဲ့ ပုံပေါက်နေတယ်...”

လဲ့ချင်းက လဲ့ချန်ကို ကြည့်၍ စူးစမ်းချင်စိတ်ဖြင့် မေးလိုက်၏။

“ငါတို့ အနီရောင်သံကွင်းဆက်မြွေတွေ မွေးချင်ပေမဲ့ မြွေပေါက်လေးတွေကို ရှာမတွေ့လို့...”

လဲ့ချန်က သက်ပြင်းချလိုက်ပြီး သူတို့ကို အခြေအနေအကြောင်း ပြောပြလိုက်သည်။

“အနီရောင်သံကွင်းဆက်မြွေ ဟုတ်လား... အဲဒါက ဘယ်လိုမြွေမျိုးလဲ...”

ချီလန်က သူမ ကိုင်ထားသည့် အရာများကို ချထားလိုက်ပြီး အနားသို့ လျှောက်လာ၏။

လဲ့ချန်က သူတို့အား သိပ္ပံနည်းကျ မြွေမွေးမြူရေး လက်စွဲစာအုပ်ကို ကမ်းပေးလိုက်သည်။

“ရော့... ဒီမှာလေ... မွေးရတာ လွယ်ကူပြီး ရောင်းလို့တောင် ရတယ်လို့ ပြောကြတယ်...”

ချီလန်နှင့် လဲ့ချင်းတို့က စာအုပ်ကို လှန်လှော ကြည့်ရှုနေစဉ် လဲ့ချင်း၏ မျက်လုံးများက အရောင်လက်သွား၏။

“ဒီမြွေလေးက အတော် လှတာပဲ... အနီနဲ့ အမည်းစပ်ထားတာ လက်ကောက်လေး တစ်ကွင်းလိုပဲ...”

“လှတိုင်း ထမင်းစားလို့ရလို့လား...”

ချီလန်က လဲ့ချင်းကို မျက်စောင်းထိုးလိုက်၏။

“နင့်အစ်ကိုက ပိုက်ဆံ ရှာချင်နေရုံ သက်သက်ပဲ...”

“ယောင်းမ... ကျွန်မ အစ်ကို့ရဲ့ စိတ်ကူးက ကောင်းတယ်လို့ ထင်တယ်...”

လဲ့ချင်းက စာအုပ်ထဲရှိ မိတ်ဆက်အကြောင်းအရာကို လက်ညှိုးထိုးပြ၍ ပြောလိုက်သည်။

“ကြည့်... ဒီမြွေက ခြေငါးလှမ်းမြွေထက် မွေးရတာ အများကြီး ပိုလွယ်ကူပြီး အန္တရာယ်လည်း ပိုနည်းတယ်... ကျွန်မတို့ တကယ်သာ မွေးနိုင်မယ်ဆိုရင် မိသားစုလည်း ဘဝကို ကောင်းကောင်းမွန်မွန် ဖြတ်သန်းနိုင်တော့မှာပေါ့...”

ချီလန်က ထိုအကြောင်းကို စဉ်းစားကြည့်လိုက်ရာ လဲ့ချင်း ပြောသည်မှာ အဓိပ္ပာယ်ရှိကြောင်း ခံစားလိုက်ရ၏။ လဲ့ချန် စစ်မှုထမ်းရာမှ ပြန်ရောက်လာကတည်းက မိသားစု၏ ဘဝက အနည်းငယ် တိုးတက်လာခဲ့သော်လည်း ငွေကြေးပိုင်းဆိုင်ရာအရ ရုန်းကန်နေရဆဲ ဖြစ်သည်။ အကယ်၍ သူတို့သာ မြွေများ မွေးမြူခြင်းဖြင့် တကယ် ငွေရှာနိုင်မည်ဆိုပါက ၎င်းက အကောင်းဆုံး ဖြစ်ပေမည်။

“မြွေပေါက်လေးတွေကို ဘယ်ကနေ ရနိုင်မလဲ...”

ချီလန်က မေးလိုက်သည်။

လဲ့ချန်က ခေါင်းခါမ်းလိုက်၏။

“ငါ လူအတော်များများကို မေးကြည့်ပြီးပြီ... ဒါပေမဲ့ ဘယ်သူမှ မမွေးချင်ကြဘူး...”

“ရွာထဲမှာ သွားမေးကြည့်ရင်ကော ဘယ်လိုလဲ...”

လဲ့ချင်းက အကြံပြုလိုက်၏။

“ခရိုင်မြို့က တောင်တွေနဲ့ ဝေးတယ်လေ... ဒါကြောင့် တောရိုင်းတိရစ္ဆာန်တွေနဲ့ ပတ်သက်လာရင် ရွာရဲ့ အကောင်းဆုံး သတင်းကွန်ရက်ကို အသုံးပြုဖို့ လိုတယ်...”

“အဲ့ဒါလည်း ဖြစ်နိုင်တာပဲ...”

လဲ့ချန်က ခေါင်းညိတ်လိုက်သည်။

“မနက်ဖြန် ငါ သွားမေးကြည့်မယ်...”

သူ စကားပြောနေရင်းနှင့် အိတ်ကပ်ထဲမှ ယွမ်လေးဆယ်ကို ထုတ်၍ ချီလန်အား ကမ်းပေးလိုက်၏။

“ရော့ ယူထားလိုက်... အိမ်စရိတ်အတွက် သုံးဖို့...”

ချီလန်က ငွေများကို လှမ်းယူလိုက်ရာ သူမ၏ ရင်ထဲတွင် နွေးထွေးသည့် ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။

All Chapters