အခန်း (၃၀၀)
Vol. 30 Ch. 300
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့
အခန်း (၃၀၀)
" အချိန်ကျကြီ။ မြို့ကို မီးရှို့ကြ။ " ယန်ကောင်းမြို့၏ အမှောင်ရိပ်ထဲတွင် လူများစွာ၏ အသံများ ထွက်ပေါ်လာသည်။ သူတို့က မီးတုတ်များကို ထုတ်ယူပြီး ကြိုတင်ပြင်ဆင်ထားသောကောက်ရိုးများနှင့် အရက်များကို မီးရှို့လိုက်ကြသည်။
မကြာမီ မီးတောက်များက ယန်ကောင်းမြို့ နေရာအသီးသီးတွင် ပေါက်ကွဲထွက်ပေါ်လာပြီး မြို့တစ်ခုလုံးကို အလျင်အမြန် ပျံ့နှံ့သွားခဲ့သည်။ သို့သော သူတို့ မီးစရှို့လိုက်သည်နှင့် တိုက်ခိုက်နေကြသော ချင်စစ်သည်များက ကောင်းကင်ကို မော့ကြည့်လိုက်ကြသည်။
ထို့နောက် သူတို့က ယန်ကောင်းမြို့ထဲမှ လျင်မြန်စွာ ဆုတ်ခွာလာကြသည်။ လာတုန်းကလည်း လျင်မြန်သကဲ့သို့ ပြန်ဆုတ်တော့လည်း အလွန်လျင်မြန်လှသည်။ ပြန်ဆုတ်နေစဉ်အတွင်း သူတို့က ဒဏ်ရာရနေသော ရဲဘော်များကိုလည်း ပြန်လည်ဆွဲခေါ်သွားကြသည်။
" ဝေဝူကျိ၊ လုံကျန်း ငါ့ရဲ့ စစ်သည်တွေကို မြို့တစ်မြို့နဲ့ လဲလှယ်ဖို့ ကြိုးစားနေတာပေါ့။ မင်းတို့ရဲ့ အကြံအစည်က ကောင်းမွန်ပေမယ့် ငါက ကြိုသိနေပြီးသားပဲ။ ဒီမြို့ထဲက မင်းတို့ရဲ့ စစ်သည်တွေကို မင်းတို့ကိုယ်တိုင် မီးရှို့သတ်တာကို ကောင်းကောင်းကြည့်နေလိုက်ပါ။ " ကျောက်ဖုန်းက တိုက်ပွဲကို အချိန်ဆွဲရန် အစီအစဉ်မရှိပေ။
စွမ်းရည်များကို စုဆောင်းခြင်းနှင့်ယှဉ်လျှင် ကျောက်ဖုန်းက သူစစ်သည်များ၏ အသက်ကိုသာ ရွေးချယ်မည်ဖြစ်သည်။ ချင်၏ တိုက်ခိုက်မှုအတွက် ဝေဝူကျိက အချိန်အတော်ကြာ ပြင်ဆင်နေခဲ့သည်။ ချင်စစ်တပ်ကို အကြီးအကျယ် ထိခိုက်အောင် မြို့ထဲမှ ဝေစစ်သည်များကို စတေးရန် ဆုံးဖြတ်ထားခဲ့သည်။ အကယ်၍ သူတို့က မီးတော်မကြီးခင် အချိန်မီမဆုတ်ခွာနိုင်ခဲ့လျှင် မီးတောက်များ ပြင်းထန်လာသောအခါ ဆုတ်ခွာရန် မဖြစ်နိုင်တော့ပေ။
တစ်နာရီမပြည့်ခင် ယန်ကောင်းမြို့နေရာအနှံ့တွင် ပြင်းထန်သော မီးတောက်များ တောက်လောင်နေပြီး မြို့၏ နေရာအသီးသီးတွင် စုပေါင်းထားသော မီးလောင်လွယ်သော ပစ္စည်းများကြောင့် မီးက ချက်ချင်း ပျံ့နှံ့သွားခဲ့သည်။
" မီးက ဘာလို့လောင်လာတာလဲ။ "
" မကောင်းတော့ဘူး။ မီးတောက်က ပျံ့နေပြီ။ မြန်မြန် ထွက်ပြေးကြ။ "
" အား.... ကယ်ကြပါဦး။ "
" မြို့နောက်ဘက်ကို မြန်မြန်ပြေးကြ။ "
မီးတောက်များ ပျံ့နှံ့လာသည်နှင့်အမျှ မြို့တစ်ခုလုံးက အော်ဟစ်သံများနှင့် ပြည့်နှက်သွားခဲ့သည်။ ဝေစစ်သည်များစွာက မီးလူသားများ ဖြစ်ကုန်ကြပြီး ရူးသွပ်စွာ ရုန်းကန်နေကြသော်လည်း ဘာမှမထူးပေ။
ယန်ကောင်းမြို့၏ နောက်တံခါးတွင် ထွက်ပြေးလာသော ဝေစစ်သည်များနှင့် ပိတ်ညပ်နေသည်။ မြင်းပေါ်တွင် ရှိနေသော လုံကျန်းက ခံစားချက်မရှိသော မျက်နှာဖြင့် ယန်ကောင်းမြို့ကြီး မီးတောက်များအောက် နစ်မြှုပ်သွားသည်ကို အေးစက်စွာ ကြည့်နေခဲ့သည်။
" တံခါးကို မြန်မြန်ဖွင့်ပေးကြပါ။
" ငါတို့ကို အပြင်ထွက်ခွင့်ပေး။ "
" မီးလောင်နေပြီ။ မြန်မြန်လုပ်။ "
ဝေစစ်သည်များစွာက တံခါးများကို တွန်းနေကြပြီး မီးတောက်ငရဲမှ လွတ်မြောက်ရန် ကြိုးစားနေကြသည်။ သို့သော် မြို့တံခါးက လုံးဝ ပိတ်ထားပြီး ထွက်ပြေးရန် မဖြစ်နိုင်ပေ။
ယန်မြို့နောက်ဘက် အပြင်ဘက်တွင် မြို့ထဲမှ ထွက်ပေါ်လာသော ပြင်းထန်သော အော်ဟစ်ငိုကြွေးသံများက လုံကျန်းကို တုန်လှုပ်အောင် မလုပ်နိုင်ခဲ့ပေ။ သူ၏ နောက်မှ ဝေတပ်မှူက တွန့်ဆုတ်နေသော်လည်း ဘာမှ ပြောင်းလဲ၍ မရပေ။ မီးခိုးလုံးကြီးများက ကောင်းကင်သို့ မြင့်တက်သွားပြီး ကောင်းကင်တစ်ခုလုံးကို မှောင်မိုက်သွားစေသည်။
" အရှင်ရဲ့ ဗျူဟာက အောင်မြင်သွားပြီ။ ချင်စစ်တပ်က မြို့ထဲမှာ။ ကျောက်ဖုန်းတောင် အထဲမှာ ရှိနေတယ်။ အနည်းဆုံးတော့ ချင်စစ်သည်နှစ်သိန်းလောက်ကို မီးလောင်တိုက်သွင်းနိုင်လိမ့်မယ်။ ချင်ရဲ့ ဝူအန်းစခန်းက ပျက်စီးသွားပြီ။ ငါတို့ ဝေနိုင်ငံရဲ့ ကံကြမ္မာကို ထိန်းချုပ်နိုင်သွားပြီ။ "
" ဒီမီးငြိမ်းသွားတာနဲ့ ငါ အထူးစစ်သည်ငါးသောင်းကို ဦးဆောင်ပြီး ချင်နယ်မြေကို ပြန်တိုက်မယ်။ ပြန်လည်တိုက်ခိုက်မှုစတာနဲ့ ချူနိုင်ငံကလည်း ချင်ကို တိုက်ခိုက်ဖို့ စစ်တပ်ကို စေလွှတ်လိမ့်မယ်။ ချူနိုင်ငံရဲ့ တိုက်ခိုက်မှုကြောင့် ချီနဲ့ ယန်တို့ကလည်း အခွင့်အရေးယူချင်ကြလိမ့်မယ်။ ချငကို ကြောက်စရာမလိုတော့ဘူး။ " လုံကျန်းက စိတ်လှုပ်ရှားနေခဲ့သည်။
ယန်ကောင်းမြို့မှ တောက်လောင်နေသော မီးတောက်များကို ကြည့်ပြီး လုံကျန်းက ဝေဝူကျိ၏ ဗျူဟာ အောင်မြင်သွားပြီဟု သတ်မှတ်လိုက်သည်။ ချင်စစ်တပ်က ယန်ကောင်းမြို့ထဲတွင် ပြာအဖြစ် မီးလောင်တိုက်သွင်းခြင်း ခံရပေလိမ့်မည်။
" ငါ့အမိန့်ကိုလက်ဆင့်ကမ်းလိုက်။ ချင်စစ်တပ်က မီးတောက်တွေကြားမှာ နစ်မြှုပ်သွားပြီ။ ယန်ကောင်းကို ပတ်ပြီး ငါနဲ့ လိုက်ခဲ့ကြ။ ချင်စစ်စခန်းကို တိုက်ရိုက်တိုက်ခိုက်မယ်။ " လုံကျန်းက ကျယ်လောင်စွာ ပြောလိုက်သည်။
" အမိန့်အတိုင်းပါ။ " ဝေတပ်မှူးများက ချက်ချင်း ပြန်ပြောလိုက်ကြသည်။ သို့သော် သူတို့၏ စကားအဆုံးတွင်....
ဝုန်း ဝုန်း ဝုန်း...
မြေပြင်က ရုတ်တရက် တုန်ခါလာသည်။
" သတင်းပို့ပါတယ်။ ချင်စစ်တပ်ရဲ့ မြင်းတပ်ဖွဲ့က နောက်ကနေ တိုက်ခိုက်နေပါတယ်။ " ကင်းထောက်တစ်ယောက်က ပြေးလာပြီး စိုးရိမ်တကြီး ပြောလိုက်သည်။
" ဘာ..." လုံကျန်းက မျက်နှာပျက်သွားပြီး နောက်ဘက်သို့ လှည့်ကြည့်လိုက်သည်။
ဝေးကွာနေသော်လည်း မြေပြင်၏ တုန်ခါမှုနှင့်အတူ ထွက်ပေါ်လာသော နေရောင်ခြည်အောက်တွင် အနက်ရောင်ချပ်ဝတ်များနှင့် ချင်စစ်သည်များက မြင်းများကို စီးပြီး သူတို့ဆီသို့ ဦးတည်လာနေသည်။ သူတို့တွင် ဆုတ်ခွာရန် လမ်းမရှိတော့ပေ။
ထိုအချိန်တွင် ချင်စစ်တပ်သိန်းချီ ပျက်စီးသွားဘပီဆိုပြီး ဝမ်းသာနေသော လုံကျန်း၏ မျက်နှာက ဖြူဖျော့သွားသည်။ ဤအခြေအနေမျိုး ဖြစ်လာလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။ ချင်မြင်းစစ်သည်တစ်သိန်း။ သူက အထူးစစ်သည်ငါးသောင်းရှိလျှင်တောင် မလုံလောက်သေးပေ။
" ခုခံဖို့အတွက် ငါးကြေးခွံပုံစံစစ်ကြောင်းကို ဖြန့်လိုက်။ တောင်ဘက်ကို ထိုးဖောက်ကြ။ " လုံကျန်းက ကျယ်လောင်စွာ အမိန့်ပေးလိုက်သည်။
ဝေစစ်သည်ငါးသောင်းက လှံကိုင်စစ်သည်များကို ရှေ့တွင် ထားပြီး လေးသည်တော်များကို နောက်တွင် ထားလိုက်ကြသည်။ ဝေစစ်တပ်က စစ်ကြောင်းပြောင်းနေစဉ် နောက်မှ မြင်းခွာသံများက ပိုမိုကျယ်လောင်လာခဲ့သည်။
ရှေ့ဆုံးမှ ဦးဆောင်လာသူက ကျန်းဟန်ဖြစ်ပြီး လှံရှည်တစ်လက်ကို ကိုင်ဆောင်ထားသည်။ သူတို့၏ မြှားပစ်ကွင်းထဲသို့ ရောက်သည်နှင့် ကျန်းဟန်က အမိန့်ပေးလိုက်သည်။
" လေးသည်တော်တွေ ဘေးကနေ ပစ်ကြ။ "
" ဟေ့ ဟေ့ ဟေ့။ " ချင်မြင်းစီစစ်သည်တစ်သိန်းက ဟိန်းဟောက်လိုက်ကြပြီး ဝန်းရံရန် လျင်မြန်စွာ တပ်ဖြန့်လိုက်ကြသည်။ သူတို့ထဲမှာ ဆယ်ပုံကိုးပုံလောက်က တစ်ချိန်က ကျောက်စစ်သည်များ ဖြစ်ခဲ့ကြသည်။ သို့သော် ယခု သူတို့က ချင်၏ အပြစ်သားတပ်ဖွဲ့များ ဖြစ်နေကြသည်။ မြင်းစီးစစ်သည်များက ရှေ့မှ ဝေစစ်တပ်ကို သားကောင်းများသဖွယ် ကြည့်နေကြသည်။
မြင်းစီးစစ်သည်များက လေးများကို ကိုင်ပြီး ဝေစစ်တပ်ဆီသို့ ပစ်လွှတ်လိုက်သည်။
" အား...."
" အား...." ဝေစစ်သည်များက သွေးအိုင်ထဲတွင် လဲကျသွားကြသည်။
ကျောက်နိုင်ငံ၏ မြင်းစီးမြားပစ်ပညာက လောကတွင် ပြိုင်ဘက်ကင်းခဲ့သည်။ ယခုတော့ သူတို့က ချင်၏ ထက်မြက်သော လက်နက်များ ဖြစ်သွားခဲ့သည်။ အနီးသို့ ကပ်မသွားဘဲ ပတ်ပတ်လည်မှ မြားများဖြင့် ပစ်နေရင် ဝေစစ်သည်များက အသက်ပျောက်ကုန်ကြသည်။
" ကျောက်မြင်းတပ်။ " လုံကျန်းက အံကျိတ်လိုက်ပြီး သူ၏ မျက်နှာပေါ်တွင် ကြောက်ရွံ့သော အရိပ်အယောင်တစ်ခု ပေါ်လာသည်။
" ဒီလိုလက်နက်ချထားတဲ့ ကျောက်စစ်သည်တွေက ချင်နိုင်ငံအတွက် ဘာလို့ တကယ်ကြီး တိုက်ခိုက်နေကြတာလဲ။ သူတို့ ရူးသွားကြပြီလား။ "
" ခုခံရေးစစ်ကြာင်းကို ဖျက်ဘိုက်။ ရှေ့ကို ထိုးဖောက်ကြ။ "လုံကျန်းက ဆက်မတွေးနိုင်ဘဲ ကျယ်လောင်စွာ အမိန့်ပေးလိုက်သည်။
ဝေစစ်တပ်က ချက်ချင်း ပျံ့နှံ့သွားကြပြီး တောင်ဘက်သို့ ဦးတည်တိုက်ခိုက်နေသည်။
" ဘေးကနေ ဝိုင်းလိုက်။ " ကျန်းဟန်က တည်ငြိမ်စွာဖြင့် အမိန့်ပေးလိုက်သည်။
ဝေစစ်တပ်နှင့် အကွာအဝေးကို တိုးချဲ့လိုက်ပြီး ဆက်တိုက်ပစ်ခတ်နေသည်။ မြားများအောက်တွင် ဝေစစ်တပ်က ပေတစ်ရာအတွင်းသို့ ရောက်လာခဲ့သည်။
" သတ်ကြ။ " ကျန်းဟန်က မြင်းတပ်ကို ဦးဆောင်က စတင်တိုက်ခိုက်လိုက်သည်။
ရလဒ်ကတော့ ရှင်းနေခဲ့သည်။ အချိန်များ ကုန်ဆုံးလာသည်နှင့်အမျှ ဝေစစ်သည်ငါးသောင်းက ချင်မြင်းတပ်ဖွဲ့၏ ရူးသွပ်စွာ သတ်ဖြတ်ခြင်းကို ခံနေရသည်။ လက်နက်ချသည်ဟု အော်ဟစ်နေကြသော ဝေစစ်သည်များပင် အသက်ရှင်ရန် အခွင့်အရေး မရှိခဲ့ပေ။ ချင်မြင်းစီးစစ်သည်များက ရန်သူများကို ဆက်တိုက် သတ်ဖြတ်နေခဲ့သည်။
မိုးလင်းသွားပြီး နေလုံးကြီး မြင်းတက်လာချိန်တွင် ချင်မြင်းတပ်ဖွဲ့၏ အလယ်၌ လုံကဖန်းနှင့်အတူ သူ၏ ကိုယ်ရံတော်အချို့ရှ်နေကြသည်။ စစ်သည်ငါးသောင်းတွင် တစ်ထောင်နီးပါးသာ အသက်ရှင်ကျန်တော့သည်။ မြင်းစီးစစ်သည်တစ်သိန်း၏ ဝန်းရံမှုမှထွက်ပြေးရန် မဖြစ်နိုင်သလောက်ပင် ဖြစ်သည်။
ကျန်းဟန်က သွေးများစွန်းထင်နေသော လှံကို ကိုင်ပြီး ရှေ့သို့ မြင်းစီးထွက်လာသည်။
" လုံကျန်း မင်းရှုံးပြီ။ " ကျန်းဟန်က မြင်းပေါ်မှနေ၍ လုံကျန်းကို ကြည့်လိုက်သည်။
" ချင်စစ်သူကြီး ကျန်းဟန် " လုံကျန့်က ကျန်းဟန်ကို ကြည့်ပြီး ချက်ချင်း မှတ်မိသွားသည်။
တစ်ချိန်တုန်းက ကျောက်ဖုန်း၏ လက်ထောက်စစ်သူကြီးအဖြစ် တာဝန်ထမ်းဆောင်ကတည်းက ကျန်းဟန်က ကျော်ကြားနေခဲ့ပြီးဖြစ်သည်။ ကျောက်ဖုန်း စစ်သေနာပတိချုပ် ဖြစ်လာပြီးနောက် သူ၏ ဂုဏ်သတင်း ပျံ့နှံ့သွားပြီး သူ၏ လက်အောက်တွင် အစွမ်းထက်သော စစ်သူကြီးနှစ်ယောက်ဖြစ်သော ကျန်းဟန်နှင့် တုဆွေတို့ကိုလည်း လူတိုင်းသိသွားကြသည်။
" ငါတို့ ဝူအန်းစခန်းအကြောင်း မင်းက အတော်လေး သိထားပုံပဲ။ " ကျန်းဟန်က ပြုံး၍ ပြောလိုက်သည်။
" ငါ တကယ်ရှုံးသွားပြီ။ " လုံကျန်းက ရုတ်တရက် ပြုံးလိုက်သည်။ " ဒါပေမယ့် မင်းတို့လည်း မနိုင်ပါဘူး။ မင်းတို့ ဝူအန်းစခန်းရဲ့ မြင်းတပ်က အသက်ရှင်ကျန်နေပေမယ့် ခြေလျင်တပ်ဖွဲ့ကတော့ ယန်ကောင်းမြို့နဲ့အတူ ပြာဖြစ်သွားပြီ။ "
" ပြီးတော့ ကျောက်ဖုန်းရော ဒီနေ့ သူ ငါ လုံကျန်းရဲ့ လက်ထဲမှာ ကျရှုံးသွားပြီ။ ဒီနေ့ ငါသေရရင်တောင် ကျောက်ဖုန်းရော ချင်စစ်တပ်ကြီးပါ ငါနဲ့အတူ အဖော်ပြုပေးမှာဆိုတော့ သေရတာ ထိုက်တန်ပါတယ်။ နောင်လာနောက်သားတွေအားလုံး ငါ လုံကျန်းရဲ့ နာမည်ကို မှတ်မိနေကြလိမ့်မယ်။ "
" ဟားဟားဟား...." လုံကျန်းက ကျယ်လောင်စွာ ရယ်မောလိုက်သည်။
" ဟုတ်လို့လား။ " ချင်မြင်းစီစစ်သည်များကြားမှ ရုတ်တရက် အသံတစ်သံ ထွက်ပေါ်လာသည်။ သူတို့က တစ်ယောက်ပြီးတစ်ယောက် လမ်းဖယ်ပေးလိုက်ကြပြီး စစ်ရထားတစ်စီက ဖြည်းညင်းစွာ ချဉ်းကပ်လာသည်။