← Chapters

အခန်း (၂၉၂)

Vol. 30 Ch. 292

အခန်း (၂၉၂)

Vol. 30 Ch. 292

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

အခန်း (၂၉၂)

" ဝူယန် ခမည်းတော်က မင်းငယ်ငယ်ကတည်းက မင်းကို အခြားသူတွေထက် ပိုပြီး မျက်နှာသာပေးခဲ့တယ်။ တကယ်လို့ ကျောက်ဖုန်းကို မင်းသတ်နိုင်ခဲ့ရင် မင်းက သူလက်အောက်ငယ်သားတွေ သတ်တာ ခံရမယ်ဆိုတာ ခမည်းတော် သိပါတယ်‌။ " ယန်ဘုရင်က ဖြည်းညင်းစွာ ထရပ်ပြီး မှင်သက်နေသော ဝူယန်၏ ပခုံးကို ပုတ်လိုက်သည်။ " ဒါပေမယ့် ယန်နိုင်ငံအတွက် ခမည်းတော်လည်း အသေခံနိုင်တယ်။ ဘယ်ယန်နိုင်ငံသားတိုင်းမဆို အသေခံနိုင်တယ်။ ခမည်းတော်ကို ကတိပေးနိုင်မလား။ "

ယန်ဘုရင်၏ မျက်လုံးများထဲတွင် တောင်းဆိုခြင်းထက် ဖိအားပေးခြင်းက ပိုများနေသည်။ အကယ်၍ မင်းသမီးဝူယန်က သဘောမတူလျှင် ယန်ဘုရင်၏ သဘောထားက ထိုကဲ့သို့ နူးညံ့နေမည် မဟုတ်ပေ။ ယန်ဘုရင်၏ အကြည့်နှင့် ဖိအားကို ခံစားလိုက်ရသောအခါ ဝူယန်က ခေါင်းညိမ့်ရုံသာ တတ်နိုင်တော့သည်။

" ကောင်းတယ်။ ဝူယန် စိတ်ချပါ။ တကယ်လို့ ခမည်းတော် မျှော်လင့်ထားသလို မင်းလုပ်နိုင်ခဲ့ရင် မင်းရဲ့ မယ်တော်ကို အရင်ထက် နှစ်ဆ ပိုဂရုစိုက်ပါမယ်။ သူမ ဒုက္ခမရောက်စေရပါဘူး။ " ယန်ဘုရင်က ပြုံး၍ ပြောလိုက်သည်။ သို့သော် သူ၏ စကားများက ဝူယန်၏ မယ်တော် နန်းတော်ထဲတွင် ရှိနေသည်ဟူသော ခြိမ်းခြောက်မှုတစ်ခုလည်း ပါဝင်နေသည်။

" ကျေးဇူးတင်ပါတယ် ခမည်းတော်။ "ဝူယန်က အားလုံးကို နားလည်သော်လည်း ကျေးဇူးတင်စကားသာ ပြောလိုက်သည်။

" ကောင်းပြီ။ မင်းသွားပြီး ပြင်ဆင်တော့။ မနက်ဖြန် မင်း လက်ထပ်ဖို့ သွားရမယ်။ ခမည်းတော် မင်းကို ဂုဏ်သိက္ခာရှိရှိ လက်ထပ်နိုင်အောင် လုပ်ပေးမယ်။ " ယန်ဘုရင်က ပြောလိုက်သည်။

" ကျေးဇူးတင်ပါတယ် ခမည်းတော်။ " ဝူယန်က ဦးညွှတ်ပြီး ထွက်ခွာသွားသည်။

" ဒီတစ်ခါ ငါတို့ ရှုံးနိမ်ခဲ့ပေမယ့် ဝူယန်က အရေးကြီးတဲ့ အချိန်မှာ ကျောက်ဖုန်းကို သတ်နိုင်ခဲ့ရင် အဲ့ဒါက ယန်နိုင်ငံအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုကို ဖယ်ရှားနိုင်လိမ့််မယ်။ ကျောက်ဖုန်း မင်းက ဉာဏ်ကောင်းချင် ကောင်းလိမ့်မယ်။ ဒါပေမယ့် ငါရဲ့ အစီအစဉ်ထဲကို ရောက်နေတုန်းပဲ။ " ယန်ဘုရင်က ‌အေးစက်စွာ တွေးလိုက်သည်။

အိမ်ရှေ့စံမင်းသားနန်းဆောင်။

" ရှက်စရာကောင်းလိုက်တာ။ ငါတို့ ယန်နိုင်ငံရဲ့ မင်းသမီးက တကယ်ပဲ အခြားတစ်ယောက်စီမှာ မယားငယ်လုပ်ရမှာလား။ ခမည်းတော်က လုံးဝကို မှားနေတာပဲ။ " ယန်တန်က သူ၏ ညီမဖြစ်သူ ကျောက်ဖုန်းနှင့် လက်ထပ်ရမည်ဟု ကြားသောအခါ ‌ဒေါသပေါက်ကွဲလေတော့သည်။

" အရှင့်သား စကားကို ဆင်ခြင်ပါ။ " သူ၏ နောက်လိုက်တစ်ယောက်က သတိပေးလိုက်သည်။

" ငါတို့ ယန်မင်းသမီးက ဘယ်လောက်တောင် မြင့်မြတ်လဲ။ ကျောက်ဖုန်းက မထိုက်တန်ဘူးဆိုရင်တောင် ဇနီးဖြစ်တာက တော်သေးတယ်။ အခုတော့ ကိုယ်လုပ်တော်တဲ့လား။ " ယန်တန်က အလွန်ဒေါသထွက်နေခဲ့သည်။

" အရှင်မင်းကြီးက ဆုံးဖြတ်ပြီးသွားပါပြီ။ မင်းသမီးက မနက်ဖြန် လက်ထပ်တော့မှာပါ။ " နောက်လိုက်က ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။

" ယန်နိုင်ငံကို ကယ်တင်ဖို့က ခမည်းတော် မတတ်နိုင်တော့ဘူး။ ငါ တစ်ယောက်ပဲ ကယ်တင်နိုင်လိမ့်မယ်။ " ယန်တန်၏ မျက်လုံးများထဲတွင် ပြတ်သားသော အရိပ်အယောင်များ ပေါ်လာသည်။

ယခုအချိန်တွင် သူ ခမည်းတော်၏ လုပ်ရပ်များက သူကို အလွန်စိတ်ပျက်စေသည်။ သူ၏ အမြင်တွင် ၎င်းက အချုပ်အခြာအာဏာကို လက်လွှတ်ကာ နိုင်ငံကို အရှက်ခွဲခြင်းနှင့် တူနေသည်။

" အရှင်သားပြောတာ မှန်ပါတယ်။ အရှင်သားတစ်ယောက်ပဲ ယန်နိုင်ငံကို ကယ်တင်နိုင်လိမ့်မယ်။ " နောက်လိုက်က ပြောလိုက်သည်။

" ဖန်ယွီချီဆီက ဘာလှုပ်ရှားမှုရှိသေးလဲ။ "ယန်တန်က မေးလိုက်သည်။

" သူက ဘာလှုပ်ရှားမှုမှမရှိဘဲ နေ့တိုင်းပျော်ပါးနေပါတယ်။ "

" သူပျော်ပါစေ။ " ယန်တန်က အေးစက်စွာ ပြုံးလိုက်သည်။

ရက်အနည်းငယ် ကြာပြီးနောက် ယန်နယ်စပ်တွင် ချင်ချင်းက စစ်သည်ထောင်ချီကို ဦးဆောင်ပြီး မင်္ဂလာဝေါယာဉ်တစ်ခုကို လိုက်ပါပို့ဆောင်နေသည်။ ၎င်း၏ နောက်တွင် လှည်းအစီးပေါင်းရာကျော်က သေတ္တာများကို သယ်ဆောင်လာသည်။ ယန်ဘုရင်၏ လုပ်ရပ်က လက်ထပ်ပြီးနောက် သူ၏ သမီးကို မျက်နှာမငယ်စေရန် လက်ဆောင်ပစ္စည်းများစွာကို ထည့်ပေးထားခြင်းဖြစ်သည်။

တစ်ဖက်တွင် ကျန်းမင်က မြင်းစီးလာပြီး သူ၏ နောက်တွင် ကိုယ်ရံတော် ၁၅၀၀ လိုက်ပါလာသည်။ သူတို့အားလုံးက ကျောက်ဖုန်းယုံကြည်ရသော ကိုယ်ရံတော်များ ဖြစ်ကြသည်။ ကိုယ်ရံတော် ၁၅၀၀ က ကျောက်ဖုန်းနှင့် ဝမ်ကျန့်တို့တွင်သာ ရှိသည်။

ချင်ချင်းက ရှေ့သို့ မြင်းစီးလာပြီး ကျန်းမင်ကလည်း နယ်စပ်စည်းသို့ ဖြည်းညင်းစွာ မြင်းစီးလာသည်။

" စစ်သေနာပတိချုပ်ရဲ့ ကိုယ်ရံတော်တပ်မှူး သတို့သမီးကို လာရောက်ကြိုဆိုပါတယ်။ " ကျန်းမင်က နှုတ်ဆက်ကာ ပြောလိုက်သည်။

" ငါက ယန်နိုင်ငံရဲ့ စစ်သေနာပတိချုပ် ချင်ချင်းပါ။ အရှင်မင်းကြီးရဲ့ အမိန့်အရ သတို့သမီးကို လာရောက်ပို့ဆောင်တာပါ။ " ချင်ချင်းကလည်း ပြန်ပြောလိုက်သည်။

" စစ်သေနာပတိချုပ် ချင်ချင်းကို ကျေးဇူးတင်ပါတယ်။ "

" စစ်သေနာပတိချုပ်ကျောက်ကို မင်းသမီးကို ကောင်းကောင်းဆက်ဆံဖို့ မေတ္တာရပ်ခံပါတယ်လို့ ပြောပေးပါ။ " ချင်ချင်းက ပြောလိုက်သည်။

" ကျုပ်တို့ စစ်သေနာပတိချုပ်က နူးညံ့တဲ့ စိတ်ထားရှိသူဖြစ်လို့ မင်းသမီးကို ကောင်းကောင်းဆက်ဆံမှာပါ။ " ကျန်းမင်က ပြန်ပြောလိုက်သည်။

" ကောင်းပြီ။ မင်းသမီးကို မင်းတို့လက်ထဲ အပ်လိုက်ပြီ။ ဒါက ယန်နိုင်ငံက ပေးလိုက်တဲ့ လက်ဖွဲ့စာရင်းပါ။ " ချင်ချင်းက ရင်ဘတ်ထဲမှ ပိုးထည်စတစ်ခုကို ထုတ်ပြီး ကျန်းမင်ကို ပေးလိုက်သည်။

" ကျေးဇူးတင်ပါတယ်။ " ကျန်းမင်က လက်ခံလိုက်သည်။

ချင်ချင်းက လက်ဝှေ့ရမ်းလိုက်သည်နှင့် မြင်းခြောက်ကောင်ဆွဲလာသော ရထားလုံးတစ်စီးက ချဉ်းကပ်လာပြီး ၎င်းနှင့်အတူ အစေခံရာချီလိုက်ပါလာကြသည်။

" မင်းသမီးဝူယန်ကို နှုတ်ဆက်ပါတယ်။ " ချင်ချင်းက လက်သီးလက်ဝါးဆုပ်၍ အော်ဟစ်လိုက်သည်။

" မင်းသမီးဝူယန်ကို နှုတ်ဆက်ပါတယ်။ " ယန်စစ်သည်ထောင်ချီကလည်း အော်ဟစ်လိုက်ကြသည်။

ထိုနှုတ်ဆက်သံများအောက်တွင် ရထားလုံးက နယ်စပ်ကို ဖြတ်ကျော်လာခဲ့သည်။ ကျန်းမင်က ရထားလုံးဘေးသို့ မြင်းစီးသွားလိုက်သည်။

" မင်းသမီး ကျွန်တော်က စစ်သေနာပတိချုပ်ရဲ့ ကိုယ်ရံတော်တပ်မှူးပါ။ မင်းသမီးကို ယွင်ကျုံးမြို့အထိ လိုက်ပါပို့ဆောင်ပေးပါမယ်။ "

" ကောင်းပြီ။ " ရထားလုံးထဲမှ အသံတစ်သံ ထွက်ပေါ်လာသည်။

" ကိုယ်ရံတော်တပ်ဖွဲ့ မြို့ကို ပြန်မယ်။ " ကျန်းမင်က လက်ဝေ့ရမ်းပြီး ပြောလိုက်သည်။

ကိုယ်ရံတော်တပ်ဖွဲ့က မင်းသမီး၏ ရထားလုံးနှင့် အစေခံများကို ခေါ်ဆောင်ကာ ယွင်ကျုံးမြို့သို့ ထွက်ခွာသွားကြသည်။

ချင်ချင်းက နယ်စပ်တွင် တိတ်ဆိတ်စွာ ရပ်နေသည်။ ကျန်းမင်တို့တပ်ဖွဲ့ အဝေးသို့ ရောက်မှသာ သူက နောက်သို့လှည့်ပြီး ဆုတ်ခွာရန် အမိန့်ပေးလိုက်သည်။

" ဒီတစ်ခါ အိမ်ရှေ့စံမင်းသားက ဘာလှုပ်ရှားမှုမှ မလူပ်ခဲ့ဘူး။ ဒါက သူ့ရဲ့ စရိုက်နဲ့ မကိုက်ညီဘူး။ ဒါကလည်း ကောင်းပါတယ်။ " ချင်ချင်းက တွေးပြီး နယ်စပ်မှ ဆုတ်ခွာသွားသည်။

ယွင်​ကျုံးမြို့။

စစ်သေနာပတိချုပ်စံအိမ်။

၎င်းက ကိုယ်လုပ်တော်တစ်ယောက်ကို လက်ထပ်ခြင်းဖြစ်သော်လည်း သူမက အခြားနိုင်ငံ၏ မင်းသမီးဖြစ်သည်။ စံအိမ်တွင် မင်္ဂလာပွဲအငွေ့အသက်အချို့တော့ ရှိနေသည်။ ကျောက်ဖုန်းက အဓိကထိုင်ခုံတွင် ထိုင်နေပြီး စစ်သူကြီးသုံးယောက်လည်း ရောက်နေကြသည်။

" ယန်နိုင်ငံရဲ့ မင်းသမီး ရောက်လာပါပြီ။ " ကျန်းမင်၏ အသံက ခန်းမ၏ အပြင်ဘက်မှ ထွက်ပေါ်လာသည်။

ကျောက်ဖုန်းက ပြုံးလိုက်ပြီး ဖြည်းညင်းစွာ ထရပ်ကာ ခန်းမဝင်ပေါက်ဆီသို့ တည်ငြိမ်စွာ လျှောက်သွားလိုက်သည်။

ခန်းမ၏ အပြင်ဘက်တွင် ယန်နိုင်ငံ၏ မင်းသမီးက သူမ၏ မျက်နှာကို ယပ်တောင်နှင့် ကာထားပြီး အစေခံအချို့နှင့်အတူ လျှောက်လာသည်။

" စစ်သေနာပတိချုပ်ကို ဂါရဝပြုပါတယ်။ "ကျောက်ဖုန်း ထွက်လာသောအခါ ကိုယ်ရံတော်များအပါအဝင် လူတိုင်းက ရိုသေစွာ ဦးညွှတ်လိုက်ကြသည်။

ယန်မင်းသမီး၏ ဘေးရှိ အစေခံများကလည်း ဒူးထောက်လိုက်ကြပြီး မည်သူမှ မော့မကြည့်ရဲကြပေ။

" သူက တကယ်ပဲ ကောလဟာလတွေထဲကလို့ ကြမ်းတမ်းတဲ့ သတ်ဖြတ်ခြင်းနတ်ဘုရားလား။ " မင်းသမီးဝူယန်က စိတ်မအေးဖြစ်နေသည်။

ယခု သူမက မိခင်နိုင်ငံကို စွန့်ခွာပြီး ကျောက်ဖုန်း၏ ကိုယ်လုပ်တော်အဖြစ် လက်ထပ်ရတော့မည်ဖြစ်သည်။ သူမက မင်းသမီးတစ်ပါး ဖြစ်သော်လည်း ကျောက်ဖုန်း၏ ရှေ့တွင် အဆင့်အတန်းက ဘာမှမဟုတ်ပေ။ သူမ၏ အနာဂတ်ခင်ပွန်းနှင့် ပက်သက်ပြီး သူမက စိတ်မသက်မသာ ဖြစ်နေပြီး ကြောက်ရွံ့နေခဲ့သည်။

ကျောက်ဖုန်းက ရှေ့သို့ တက်လာပြီး ဝူယန်၏ လက်ကို ဆုပ်ကိုင်လိုက်သည်။

" မင်းသမီး ခရီးပန်းလာရောပေါ့။ " ကျောက်ဖုန်းက ပြုံး၍ တည်ငြိမ်စွာ ပြောလိုက်သည်။

ယန်မင်းသမီးကို ကိုယ်လုပ်တော်အဖြစ် လက်ထပ်ခြင်းက ယန်ဘုရင်ကို ပြန်လည်အကွက်ချ​ခြင်းသာ ဖြစ်သည်။ ရှန်းယန်တွင် ကျောက်ဖုန်း၏ ကိုယ်လုပ်တော်များဖြစ်သော ကျောက်မင်းသမီးနှင့် ဟန်မင်းသမီးတို့ ရှိနေပြီးသားဖြစ်သည်။ ယန်မင်းသမီးက မင်းသမီးတစ်ပါးဖြစ်သော်လည်း ယန်နိုင်ငံပျက်စီးသွားသည်နှင့် ၎င်းက အဓိပ္ပါယ်မဲ့သွားပေလိမ့်မည်။

" ယောကျာ်းကို ဂါရဝပြုပါတယ်။ " ဝမ်ယန်က ချက်ချင်း ဦးညွှတ်လိုက်သည်။

ကျောက်ဖုန်းက ယပ်တောင်ကို တိုက်ရိုက်နှိမ့်ချလိုက်ပြီး ယန်မင်းသမီးကို ကြည့်လိုက်သည်။ သူတို့က အကြည့်ချင်းဆုံသွားခဲ့သည်။

" ယန်မင်းသမီးက တကယ်လှတာပဲ။ " ကျောက်ဖုန်းက အနည်းငယ် အံ့အားသင့်သွားသည်။

" ကျောက်ဖုန်းက ဒီလောက်တောင် ခန့်ညားတာလား။ ကောလဟာလတွေက မှားနေတာပဲ။ " ဝူယန်က ကျောက်ဖုန်းကို ကြည့်ပြီး မှင်သက်သွားသည်။

ဝမ်ယန် သတိပြန်မဝင်လာခင် ကျောက်ဖုန်းက သူမ၏ လက်ကို ဆွဲပြီး ခန်းမထဲသို့ ခေါ်ဆောင်သွားသည်။

" စစ်သေနာပတိချုပ်ကို ဂုဏ်ပြုပါတယ်။ "

" စတုတ္ထမြောက်ကတော်ကို ကြိုဆိုပါတယ်။ " ခန်းမထဲရှိ စစ်သူကြီးများက ထရပ်ပြီး ဦးညွှတ်လိုက်ကြသည်။

" အားလုံးပဲ မင်းတို့ကို နေ့တစ်ဝက် သောက်ခွင့်ပြုလိုက်နယ်။ စိတ်ကြိုက်ပျော်ပါးကြ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" စစ်သေနာပတိချုပ်ကို မနှောက်ယှက်တော့ပါဘူး။ "

" ဟားဟား... စစ်သေနာပတိချုပ်က ကိုယ့်ကိုကိုယ် ထိန်းဦးမှပေါ့။ " စစ်သူကြီးများက စနောက်လိုက်ကြသည်။

All Chapters