အခန်း (၂၉၄)
Vol. 30 Ch. 294
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့
အခန်း (၂၉၄)
" သတင်းပို့ပါတယ်။ ခငျ်က အစီရင်ခံစာ ရောက်လာပါတယ်။ ချင်ဘုရင်က ချင်နိုင်ငံအပါအဝင် အခြားနိုင်ငံအားလုံးကို ဝေနိုင်ငံနဲ့ ကုန်သွယ်မှုပိတ်ဆို့လိုက်ပါတယ်။ ဆန်စပါး၊ စစ်အသုံးအဆောင်၊ ကြေးနီနဲ့ သံအားလုံးပါဝင်ပါတယ်။ " သတင်းပို့သူတစ်ယောက်က ခန်းမထဲသို့ ဝင်လာပြီး အစီရင်ခံလိုက်သည်။
" ချင်က တကယ်ပဲ ငါတို့ ဝေကို တိုက်ခိုက်ဖို့ ရည်ရွယ်နေတာပဲ။ " ဝေဘုရင်က သက်ပြင်းချလိုက်သည်။
ထိုအချိန်တွင် ဝေဝူကျိက ခန်းမအလယ်သို့ လျှောက်သွားပြီး ဝန်ကြီးအားလုံးဘက်သို့ လှည့်လိုက်သည်။
" ဝန်ကြီးတို့ " ဝေဝူကျိက ဖြည်းညင်းစွာ ပြောလိုက်သည်။ " ချင်နိုင်ငံက စစ်တပ်ကို စတင်လှုပ်ရှားတော့မယ်။ ဒီနေ့ကစပြီး ငါတို့ ဝေနိုင်ငံက တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ စစ်အုပ်ချုပ်ရေးကို ကျင့်သုံးမယ်။ မင်းတို့အားလုံး ဝေအတွက် အသက်ပေးရမယ်လို့ ငါမတောင်းဆိုပါဘူး။ ဒါပေမယ့် မင်းတို့သာ ချင်ဘက်ကို ခိုလှုံရင် နိုင်ငံကို သစ္စာဖောက်ဖို့ ကြံစည်ရင် ငါ ညှာတာနေမှာမဟုတ်ဘူး။ "
" ဝန်ကြီးအားလုံး စိုးရိမ်ပူပန်မှု မရှိစေဖို့အတွက် ဒီနေ့ကစပြီး မင်းတို့ရဲ့ မိသားစုတွေကို ဝေကနေ ထွက်ခွာပြီး ချူနိုင်ငံမှာ ခိုလှုံဖို့ ငါ ခွင့်ပြုလိုက်တယ်။ "
ထိုစကားများအဆုံးတွင် ဝန်ကြီးများက အံ့အားသင့်သွားကြသည်။
" အရှင် အဲ့ဒါ တကယ်ပါ။ " ဝန်ကြီးတစ်ယောက်က အံ့ဩတကြီး မေးလိုက်သည်။
" ငါ ပြောတာတွေကို အရှင်မင်းကြီးက အတည်ပြုပြီးသားပါ။ " ဝေဝူကျိက ဝေဘုရင်ကို ဦးညွှတ်လိုက်သည်။
" မှန်တယ်။ " ဝေဘုရင်က ခေါင်းညိမ့်လိုက်သည်။ "မင်းတို့ရဲ့ မိသားစုတွေကို ချူနိုင်ငံမှာ သွားရောက်ခိုလှုံနိုင်တဲ့အပြင် ငါ့ရဲ့ တော်ဝင်မိသားစုကိုလည်း အဲ့ဒီကို ပို့ထားမယ်။ ဒါပေမယ့် ငါကတော့ ဦးရီးတော်နဲ့အတူ တလျန်မှာ နေခဲ့မယ်။ "
" အရှင်မင်းကြီးက အမြော်အမြင်ကြီးလှပါတယ်။ ကျွန်တော်မျိုးတို့ ဝေနိုင်ငံအပေါ် သေတဲ့အထိ သစ္စာစောင့်သိပါမယ်။ " ဝန်ကြီးအားလုံးက ဦးညွှတ်လိုက်ကြသည်။ ဝေဝူကျိ၏ ဗျူဟာက ထိရောက်မှုရှိသည်မှာ ထင်ရှားသည်။
" ဒီနေ့ကစပြီး ငါတို့ ဝေရဲ့ ဆန်စပါးတွေ တိရစ္ဆာန်အစာတွေ အပြင်ကို မရောင်းချဖို့ တားမြစ်တယ်။ စစ်အသုံးအဆောင်တွေ တားမြစ်မှုကိုလည်း တားမြစ်တယ်။ တစ်နိုင်ငံလုံးမှာရှိတဲ့ ပန်းပဲဖိုတွေဆီက ကြေးနီနဲ့ သံအားလုံးကို သိမ်းယူပြီး လေး၊ မြားနဲ့ ချပ်ဝတ်တွေ ထုတ်လုပ်ဖို့ အဓိက အာရုံစိုက်ရမယ်။ တစ်နိုင်ငံလုံး စစ်ပွဲအတွက် ပြင်ဆင်ရမယ်။ " ဝေဝူကျိက ကျယ်လောင်စွာ ပြောလိုက်သည်။
" အမိန့်အတိုင်းပါ။ " အရာရှိအားလုံးက ရိုသေစွာ ဦးညွှတ်လိုက်ကြသည်။
သူတို့ကို ကြည့်ပြီး ဝေဝူကျိက ပြုံးလိုက်သည်။ " ဝေနိုင်ငံရဲ့ ရှင်သန်မှု။ ခမည်းတော်၊ အရင်မင်းကြီး ဒါက ဝူကျိရဲ့ နောက်ဆုံးလောင်းကြေးပဲ။ တကယ်လို့ ငါတို့က ချင်ကို ခုခံနိုင်ရင် ဝေနိုင်ငံက ဆက်ရှင်သန်နိုင်လိမ့်မယ်။ မခုခံနိုင်ရင် ဝေက တကယ်ပဲ ပျက်စီးရလိမ့်မယ်။ " ဝေဝူကျိက စိတ်ထဲမှ သက်ပြင်းချလိုက်သည်။
ရှန်းယန်မြို့တော်၊ ညီလာခံခန်းမ။
" အရှင်မင်းကြီးကို တင်ပြပါတယ်။ ဝေနိုင်ငံနဲ့ ပက်သက်ပြီး ညွှန်ကြားချက်တွေကို အစိုးရရုံးတွေဆီ ပို့လိုက်ပါပြီ။ အစီအစဉ်အားလုံးကို အကောင်အထည် ဖော်ပြီးပါပြီ။ ပြီးတော့ နယ်စပ်က တပ်ဖွဲ့တွေကလည်း အခြားနိုင်ငံက ကုန်သည်ယာဉ်တွေကို ပိတ်ဆို့ပြီး ပြန်လွှတ်လိုက်ပါတယ်။ လက်ရှိမှာ ကုန်သွယ်မှုတွေ ရပ်ဆိုင်းသွားတာကြောင့် ဝေနိုင်ငံမှာ ဖရိုဖရဲအချို့ စတင်ပေါ်ပေါက်နေပါပြီ။ " ယွီလျောင်က အစီရင်ခံလိုက်သည်။
" အရှင်မင်းကြီး အခု ဝေနိုင်ငံကို ကုန်သွယ်မှု ပိတ်ဆို့ပြီးပြီဆိုတော့ ကျွန်တော်မျိုးတို့ ချင်က စစ်ရေးအသာစီးယူပြီး ဝေနိုင်ငံကို ချေမှုန်းနိုင်ပါပြီ။ ဝေနိုင်ငံကို စစ်ချီဖို့ တောင်းဆိုပါတယ်။ " ဟွမ်ယိက ကျယ်လောင်စွာဖြင့် အစီရင်ခံလိုက်သည်။
" စစ်သူကြီးဟွမ်ယိရဲ့ အဆိုပြုချက်ကို ထောက်ခံပါတယ်။ ဝေက ကျွန်တော်မျိုးတို့ ချင်ကို စော်ကားခဲ့ပါတယ်။ ဒါကြောင့် အပြစ်ပေးခံရဖို့ ထိုက်တန်ပါတယ်။ ဟန်ကုခံတပ်က တပ်ဖြန့်လိုက်ရင် ဝေနိုင်ငံကို သေချာပေါက် ချေမှုန်းနိုင်မှာပါ။ " ဝမ်ဝမ်က ချက်ချင်း ထောက်ခံလိုက်သည်။
" သားတော်အနေနဲ့ ယုံကြည်တာကတော့ စစ်သေနာပတိချုပ်ရဲ့ စခန်းအသစ် ဝူအန်းစခန်းက တိုက်ပွဲလေ့ကျင့်ဖို့နဲ့ စစ်ရေးအောင်မြင်မှုကို ရယူဖို့ အခွင့်အရေးတစ်ခုပါ။ ဝေကို တိုက်ခိုက်ဖို့အတွက် ဝူအန်းစခန်ကို စေလွှတ်ဖို့ သားတော် အကြံပြုပါတယ်။ " ဟူဟိုက်က ရှေ့ထွက်ပြီး ကျယ်လောင်စွာ အစီရင်ခံလိုက်သည်။
" ကျွန်တော်မျိုးတို့ ထောက်ခံပါတယ်။ " ဟူဟိုက်ကို ထောက်ခံသော ဝန်ကြီးများက ပြောလိုက်ကြသည်။
ဟူဟိုက်က ကျောက်ဖုန်းကို ကူညီချင်သောကြောင့်မဟုတ်ဘဲ ဖုစုကို ဆန့်ကျင်ချင်သောကြောင့် ဖြစ်သည်။ ဝမ်ဝမ်နှင့် အခြားသူများက ဟန်ကုစခန်းကို စစ်ချီရန် ထောင်ခံနေကြသဖြင့် သူတို့က ဆန့်ကျင်ဘက်ကို လိုက်ပြောကြခြင်းဖြစ်သည်။
" ဝန်ကြီးချုပ်ဝမ် ငါတို့ ဘဏ္ဍာတိုက်မှာ ရိက္ခါ အလုံအလောက် ရှိရဲ့လား။ " ရင်ကျန့်က အချိန်အတော်ကြာမှ စကားပြောလိုက်သည်။
" ဘဏ္ဍာတိုက်မှာ အလုံအလောက်ရှိပါတယ်။ တစ်နှစ်စာ စစ်ဆင်ရေးကို ထောက်ပံ့ဖို့ လုံလောက်ပါတယ်။ ဆောင်းဦး ရိတ်သိမ်းပြီးရင်လည်း ဆက်ပြီး ထောက်ပံ့နိုင်ဦးမှာပါ။ " ဝမ်ဝမ်က ချက်ချင်း ပြန်ဖြေလိုက်သည်။
" ကျောက်ကို သိမ်းပိုက်နေတုန်းမှာ ဝေဝူကျိက တစ်နိုင်ငံလုံးရဲ့ အင်အားကို စုစည်းပြီး လေ့ကျင့်ပေးခဲ့တယ်။ စစ်သည်ခြောက်သိန်းထက်မနည်း စုဆောင်းထားတယ်။ စခန်းတစ်ခုတည်းနဲ့တော့ ဝေနိုင်ငံကို မချေမှုန်းနိုင်ဘူး။ " ရင်ကျန့်က ဖြည်းညင်းစွာ ပြောလိုက်သည်။
" ဝူအန်းစခန်းနဲ့ ဟန်ကုစခန်းတို့က ဝေကို မျက်နှာနှစ်ဖက်ကနေ တိုက်ခိုက်နိုင်ပါတယ်။ ဝူအန်းစခန်းက မြောက်ဘက်ကနေ တောင်ဘက်ကို ချီတက်နိုင်ပါတယ်။ ဟန်ကုစခန်းက အရှေ့ဘက်ကို ချီတက်နိုင်ပါတယ်။ စခန်းနှစ်ခုလုံးရဲ့ ပူးပေါင်းဆောင်ရွက်မှုက ဝေနိုင်ငံကို သေချာပေါက် ကျရှုံးစေပါလိမ့်မယ်။ " ယွီလျောင်က ကျယ်လောင်စွာ ပြောလိုက်သည်။
" ကျွန်တော်မျိုးလည်း သဘောတူပါတယ်။ " လီစီကလည်း ချက်ချင်း သဘောတူလိုက်သည်။
ဝမ်ဝမ်က ရင်ကျန့်ကို ကြည့်ရင်း သူ၏ အမူအရာက ပြောင်းလဲသွားသည်။ အစတွက် သူက ကျောက်ဖုန်းကို စစ်ရေးအောင်မြင်မှုများ မရရှိစေရန်အတွက် ဟန်ကုစခန်းတစ်ခုတည်းဖြင့် တိုက်ခိုက်ရန် စီစဉ်ခဲ့သည်။ သို့သော် ယခု ရင်ကျန့်က ဆုံးဖြတ်ချက်ချပြီးသားဖြစ်သည်ကို သူတွေ့လိုက်ရသည်။
" ဝူအန်းစခန်းနဲ့ ဟန်ကုစခန်း နောက်နှစ်လအကြာမှာ ဝေနိုင်ငံကို တိုက်ခိုက်မယ်။ ဝေမြို့တော်ကို အရင်ဆုံးထိုးဖောက်နိုင်တဲ့သူ ဝေဘုရင်ကို ဖမ်းဆီးနိုင်တဲ့သူ ဝေဝူကျိကို ဖမ်းဆီနိုင်တဲ့သူက ပထမဆုံး စွမ်းဆောင်မှုကို ရမယ်။ ဝေနိုင်ငံကို အမြစ်ပြတ်ချေမှုန်းနိုင်ရင် ဘွဲ့ထူးနှစ်ဆင့် တိုးမြှင့်ပေးမယ်။ မြေဧကတစ်သောင်း၊ ရွှေတစ်သောင်း၊ ငွေတစ်သောင်းနဲ့ ကျွန်တစ်ထောင်ဆုချမယ်။ " ရင်ကျန့်က ကြေညာလိုက်သည်။
ရင်ကျန့်က နောက်နှစ်လအကြာတွင် တိုက်ခိုက်မည်ဟု ကြေညာလိုက်ခြင်းက သတင်းအမှားပေးလိုက်ခြင်းသာ ဖြစ်သည်။ ညီလာခံတွင် ကြေညာလိုက်ခြင်းက သတင်းဖြန့်လိုက်ခြင်းနှင့် အတူတူပင် ဖြစ်သည်။ ရင်ကျန့်က ထိုမျှအထိ မမိုက်မဲပေ။ စစ်တပ်က အမှန်တကယ် လှုပ်ရှားမည့်အချိန်ကို ရင်ကျန့်က အမိန့်ထုတ်ပြီးသားဖြစ်သည်။
" အရှင်မင်းကြီးက အမြော်အမြင်ရှိလှပါတယ်။ " ဝန်ကြီးအားလုံးက တစ်ညီတစ်ညွှတ်တည်း ပြောလိုက်ကြသည်။ စစ်စခန်းများ၏ လှုပ်ရှားမှုကို အတည်ပြုလိုက်ပြီဖြစ်ပြီး ဘယ်သူမှ ပြောင်းလဲ၍ မရတော့ပေ။
" ဝန်ကြီးချုပ်ဝန် ထောက်ပံ့ပို့ဆောင်ရေးနဲ့ ရိက္ခါတွေနဲ့ ပက်သက်ပြီး သေချာညှိနှိုင်းဆောင်ရွက်ပါ။ ငါထပ်ပြီးပြောမယ်။ ချင်ရဲ့ စစ်သည်တွေက တိုက်ပွဲမှာ သေချင်သေလိမ့်မယ်။ ဒါပေမယ့် ငတ်ပြီးတော့ အသေမခံနိုင်ဘူး။ " ရင်ကျန့်က ဝန်ကြီးများအားလုံးကို ကြည့်ပြီး သတိပေးလိုက်သည်။
ကျန်းထိုင်နန်းဆောင်အတွင်း။
" တလျန်ကို ဘယ်သူက အရင်ဆုံးထိုးဖောက်နိုင်မယ်လို့ မင်းထင်လဲ။ " ရင်ကျန့်က ယွီလျောင်ကို ကြည့်ပြီး ပြုံး၍ ပြောလိုက်သည်။
" စစ်မြေပြင်ရဲ့ အခြေအနေတွေက အမြဲတမ်းပြောလဲနေတာ။ ကျွန်တော်မျိုး ကြိုတင်ခန့်မှန်းနိုင်တဲ့ အရာမဟုတ်ပါဘူး။ ဒါပေမယ့် အပေါ်ယံကြည့်ရင်တော့ ဟန်ကုခံတပ်ရဲ့ အင်အားက ပိုပြီးတောင့်တင်းတယ်။ ဝူအန်းစခန်းမှာ စစ်သည်ဆယ်ယောက်မှာ ခုနှစ်ယောက်ရှစ်ယောက်လောက်က လက်နက်ချစစ်သည်တွေပဲ။ သူတို့က တိုက်ခိုက်ရေးစွမ်းရည်ရှိရင်တောင် ချင်ရဲ့ အထူးစစ်သည်တွေ မဟုတ်ကြသေးဘူး။ " ယွီလျောင်က ပြုံး၍ ပြောလိုက်သည်။
" ဒါဆို မင်းက ဟန်ကုဘက်မှာ ပါနေတာပေါ့။ " ရင်ကျန့်က ရယ်မောလိုက်သည်။
" ဒါက ဘက်လိုက်တာမဟုတ်ပါဘူး။ အမှန်တရားကို ပြောတာပါ။ " ယွီလျောင်က ပြုံးလိုက်သည်။
" ဝူအန်းစခန်းက လူတိုင်းကို အံ့အားသင့်စေမယ်လို့ ငါထင်တယ်။ " ရင်ကျန့်က ယုံကြည်မှုရှိစွာ ပြောလိုက်သည်။
" အရှင်မင်းကြီးက ကျောက်ဖုန်းအပေါ် အတော်လေး ယုံကြည်မှုရှိတဲ့ပုံပဲ။ " ယွီလျောင်က ရယ်လိုက်သည်။
" ကျောက်ဖုန်းက စစ်ထဲဝင်ကတည်းက သူတစ်ခါမှ မရှုံးဖူးသေးဘူး။ သူ အပြစ်သားတပ်ဖွဲ့ဗျူဟာကို တင်ပြတုန်းကလည်း ဘယ်သူမှ သဘောမတူခဲ့ကြဘူး။ ဒါပေမယ့် သူက အပြစ်သားတပ်ဖွဲ့ကို ဦးဆောင်ပြီး စစ်ရေးစွမ်းဆောင်မှုကို ရယူနိုင်ခဲ့တယ်။ သူအဲ့ဒီတုန်းက လုပ်နိုင်ခဲ့ရင် အခုလည်း လုပ်နိုင်လိမ့်မယ်။ " ရင်ကျန့်က သူသား၏ စွမ်းဆောင်မှုအပေါ် အလွန်ယုံကြည်မှုရှိသည်။ သူ၏သားကို အိမ်ရှေ့စံရာထူးအထိ တိုးမြှင့်ပေးရန် စစ်အာဏာက မရှိမဖြစ် လိုအပ်သည်။
" အရှင်မင်းကြီးပြောတာ ကြားရတော့ စစ်သေနာပတိချုပ်ကျောက်ဖုန်းက ဝေနိုင်ငံကို အရင်ဆုံး သိမ်းပိုက်နိုင်ဖို့ အခွင့်အလမ်းကောင်းတွေ ရှိနေတယ်လို့ ကျွန်တော်မျိုး ထင်သွားတယ်။ ဘာပဲဖြစ်ဖြစ် သူက စစ်တပ်သုံးခုကို ကွပ်ကဲနေပြီး မြင်းစီးစစ်သည်တစ်သိန်းလည်း ရှိနေတယ်။ " ယွီလျောင်က သဘောတူစွာ ခေါင်းညိမ့်လိုက်သည်။
" အဘိုး ညီမလေးကိုလည်း ခေါ်လာတယ်နော်။ အစားကောင်းကောင်းတွေ ကျွေးရမယ်။ "
ထိုအချိန်တွင် အခန်းအပြင်ဘက်မှ အသံတစ်သံ ထွက်ပေါ်လာပြီး ကလေးနှစ်ယောက်က ခန်းမထဲသို့ ပြေးဝင်လာကြသည်။ အပြင်ရှိ ဘယ်သူမှ သူတို့ကို မတားရဲကြပေ။ ထိုကလေးနှစ်ယောက်က ကျောက်ချီနှင့် ကျောက်လင်းတို့ ဖြစ်ကြသည်။ ကျန်းထိုင်နန်းဆောင်ထဲသို့ ပြေးဝင်လာသည်ကို ကြည့်လျှင် သူတို့က ဤနေရာသို့ အကြိမ်များစွာ ရောက်လာဖူးသည်မှာ သံသယဝင်စရာမလိုပေ။
ကျောက်ကောင်းပင် သူတို့နောက်မှ လိုက်ဝင်လာပြီး သူတို့ကို မရိုမသေ မလုပ်ရဲပေ။ ယခင်က ရင်ကျန့်က ကလေးနှစ်ယောက်ကို နန်းတော်ထဲသို့ ခေါ်ယူခဲ့ပြီး ထိုကလေးနှစ်ယောက်ကို သဘောကျကာ နန်းတွင်းဝင်ထွက်ခွင့်အမိန့်ကိုပါ ပေးအပ်ခဲ့သည်။
နောက်ပိုင်းတွင် ကလေးနှစ်ယောက်က အကြိမ်များစွာ လာရောက်ခဲ့ကြပြီး တစ်ခါတစ်ရံ ရင်ကျန့်၏ စားပွဲပေါ်သို့ တက်ဆော့ခဲ့ကြသော်လည်း ရင်ကျန့်က ဒေါသမထွက်သည့်အပြင် အလွန်ကြင်နာပြခဲ့သည်။ သူတို့က ဘယ်နှစ်ကြိမ်လာလာ ရင်ကျန့်၏ မျက်နှာတွင် အမြဲတမ်း အပြုံးများသာ ရှိနေခဲ့သည်။