← Chapters

အခန်း (၂၉၅)

Vol. 30 Ch. 295

အခန်း (၂၉၅)

Vol. 30 Ch. 295

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

အခန်း (၂၉၅)

" ဒီကိုလာကြ။ " ရင်ကျန့်က နွေးထွေးစွာ ပြုံးပြီး ကလေးနှစ်ယောက်ကို လက်ယပ်ခေါ်လိုက်သည်။

ကလေးနှစ်ယောက်က ရင်ကျန့်ကို မကြောက်ကြတော့ဘဲ သူ၏ ရင်ခွင်ထဲသို့ ပြေးဝင်သွားကြသည်။

" မင်းတို့ ငါ့ကို မခေါ်ရသေးဘူးလေ။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။

" အဘိုး " ကျောက်မောင်နှမနှစ်ယောက်က ချိုသာစွာ ခေါ်လိုက်ကြသည်။ " ကျွန်တော်တို့ကို ခေါ်ပြီးတော့ စားစရာက ဘယ်မှာလဲ။ "

ရင်ကျန့်က ရယ်မောပြီး လက်ဝှေ့ရမ်းလိုက်သည်။ အခြေအနေကို ကောင်းကောင်းသိသော ကျောက်ကောင်းက ချက်ချင်းပင် တစ်ယောက်ယောက်ကို စားပွဲလေးတစ်ခု ယူလာခိုင်းလိုက်သည်။ ၎င်းအပေါ်တွင် မုန့်မျိုးစုံနှင့် သစ်သီးများကို ခင်းကျင်းထားသည်။

" ကျေးဇူးတင်ပါတယ် အဘိုး " ကလေးနှစ်ယောက်က ချက်ချင်း စနောက်လိုက်သည်။

" အရှင်မင်းကြီးက ကလေးချစ်တတ်တာပဲ။ ဒါက ကျွန်တောမျိုးကို အတော်လေး အံ့ဩစေပါတယ်။ " ယွီလျောင်က ပြုံး၍ ပြောလိုက်သည်။

" သူတို့က ကျောက်ဖုန်းရဲ့ ကလေးတွေလေ။ သူတို့ကို ​တွေ့ပြီး အတော်လေး သဘောကျသွားတာနဲ့ နန်းတော်ထဲကို ခဏခဏ လာလည်ဖို့ ခွင့်ပြုထားတာ။ သူတို့ ကစားနေတာက ငါ့ကို စိတ်ရွှင်လန်းမှု ပေးနိုင်တယ်။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။

" အခုဆို အရှင်မင်းကြီးက စိတ်ဝိညာဉ်ဆေးတွေ မသောက်တဲ့အပြင် နိုင်ငံရေးကိစ္စတွေနဲ့ အလုပ်ရှုပ်နေတော့ တကယ် ပင်ပန်းနေမှာပေါ့။ ကျွန်တော်မျိုးအထင် အရှင်မင်းကြီးလည်း သင့်တော်သလို အနားယူသင့်ပါတယ်။ " ယွီလျောင်က စိုးရိမ်စွာ ပြောလိုက်သည်။

" ယွီချင်း လူတိုင်းက မင်းလိုပဲ ထင်နေတာလား။ ရှောက်ဖူရဲ့ ကိစ္စတွေက ငါ့ကို စိတ်မပူစေဘူး။ ဒါပေမယ့် အခြားဌာနက အရာရှိတွေက မင်းလိုမဟုတ်ဘူးလေ။ ကိစ္စသေးသေးလေးတွေကစ အကုန်တင်ပြနေကြတာ။ " ရင်ကျန့်က သက်ပြင်းချလိုက်သည်။

" ဒါကြောင့် အရှင်မင်းကြီးအနေနဲ့ မင်းသားအားလုံးကို စတင်လေ့ကျင့်ပေးသင့်ပါတယ်။ တကယ်လို့ မင်းသားတစ်ပါးက အရှင်မင်းကြီးရဲ့ ကိစ္စတွေမှာ ကူညီပေးနိုင်ရင် အရှင်မင်းကြီးရဲ့ ဝန်ထုပ်ဝန်ပိုးကို အတော်လေး သက်သာသွားစေမှာပါ။ " ယွီလျောင်က ပြုံး၍ ပြောလိုက်သည်။

" ဒီကိစ္စက တကယ်ပဲ သေချာစဉ်းစားဖို့ လိုအပ်တယ်။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။

" အရှင်မင်းကြီးက အိမ်ရှေ့စံမင်းသား ခန့်အပ်ဖို့ စဉ်းစားနေပြီလား။ " ကျောက်ကောင်းက မျှော်လင့်ချက်များဖြင့် တွေးလိုက်သည်။

သို့သော် ထိုမျှော်လင့်ချက်များအောက်တွင် သူက ကြီးမားသော အကြပ်အတည်းတစ်ခုလည်းရှိနေသည်။ အကယ်၍ ဖုစုသာ အိမ်ရှေ့စံအဖြစ် ခန့်အပ်ခံရလျှင် ၎င်းက ကောင်းသောအရာမဟုတ်ပေ။

" ယွီချင်း ငါ့ရဲ့ သားတော်အားလုံးထဲမှာ ဘယ်သူက အိမ်ရှေ့စံမင်းသားနေရာကို ဆက်ခံနိုင်မယ်လို့ မင်းထင်လဲ။ " ရင်ကျန့်က သူ၏ မြေးနှစ်ယောက်ကို ပွေ့ချီရင်း ယွီလျောင်ကို မေးလိုက်သည်။

" အရှင်မင်းကြီး ဒီဆုံးဖြတ်ချက်က အရှင်မင်းကြီးကိုယ်တိုင် ချရမယ့် ဆုံးဖြတ်ချက်ပါ။ ကျွန်တော်မျိုး မပြောဝံ့ပါဘူး။ အရှင်မင်းကြီး ကျွန်တော်မျိုးကိုတော့ ချွင်းချက်​ထားပေးပါ။ " ယွီလျောင်က ဦးညွှတ်ပြီး ပြောလိုက်သည်။

" အင်း အိမ်ရှေ့စံမင်းသားကိစ္စနဲ့ ပက်သက်ရင် ငါ့စိတ်ထဲမှာ အစီအစဉ်တစ်ခု ရှိပြီးသားပါ။ " ရင်ကျန့်က အဓိပ္ပါယ်ရှိစွာ ပြုံးလိုက်သည်။

" အရှင်မင်းကြီးရဲ့ စိတ်ထဲမှာ အစီအစဉ်ရှိတယ်ဆိုတော့ ချင်အတွက် ကံကောင်းခြင်းပါပဲ။ " ယွီလျောင်က ရယ်မောလိုက်သည်။

ကျောက်ကောင်းကတော့ အသက်ရှူကြပ်မတတ် ခံစားလိုက်ရသည်။ ရင်ကျန့်၏ ပါးစပ်မှ ဖုစုဆိုသော နာမည်ထွက်လာမည်ကို သူ အရမ်းကြောက်နေသည်။ အကယ်၍ ထိုနေ့သာ ရောက်လာခဲ့လျှင် ဖုစု၏ ဘက်တော်သားများက သူတို့ကို သေချာပေါက် ချန်ထားတော့မည်မဟုတ်ပေ။

‌" အရှင်မင်းကြီး ကျောက်ကတော်က ယန်မင်းသမီးကို ခေါ်ပြီး အရှင်မင်းကြီးကို အရိုအသေပေးဖို့ ရောက်လာပါတယ်။ " ရန်ရှောင်၏ အသံက ခန်းမအပြင်ဘက်မှ ထွက်ပေါ်လာသည်။

" ဟားဟား.... ကျောက်ဖုန်းက တကယ်သတိကြီးတာပဲ။ ယန်မင်းသမီးကို ချက်ချင်း ပြန်ပို့လိုက်တယ်။ " ယွီလျောင်က ရယ်မောလိုက်သည်။

" သူတို့ကို ဝင်ခိုင်လိုက်။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။

ခဏကြာသောအခါ ဝမ်ယန်က မင်းသမီး ဝူယန်ကို ခေါ်ပြီး ခန်းမထဲသို့ ဝင်လာသည်။

" အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။ " ဝမ်ယန်က ဦးညွှတ်လိုက်သည်။

" အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။ " ဝူယန်ကလည်း အလျင်အမြန် ဦးညွှတ်လိုက်သည်။

" ထပါ။ " ရင်ကျန့်က လက်ဝှေ့ရမ်းလိုက်သည်။

" ဒီနေ့ ကျွန်မ ခင်ပွန်းရဲ့ ကိုယ်လုပ်တော်ဝူယန် မြို့တော်ကို ရောက်လာလို့ အရှင်မင်းကြီးကို ဂါရဝပြုဖို့ ခေါ်လာတာပါ။ " ဝမ်ယန်က ရိုသေစွာ ပြောလိုက်သည်။

အကယ်၍ ၎င်းက သာမန်ကိုယ်လုပ်တော်တစ်ယောက်ဖြစ်လျှင် နန်းတော်ထဲသို့ ဝင်ပြီး ဂါရဝပြုရန် အရည်အချင်း မရှိပေ။ သို့သော် ဝူယန်က ယန်နိုင်ငံ၏ မင်းသမီးတစ်ပါးဖြစ်သောကြောင့် အဆင့်အတန်းတစ်ခု ရှိနေသည်။

" တစ်ချိန်က မင်းက မင်းသမီးတစ်ပါးဖြစ်ခဲ့ပေမယ့် လက်ထပ်ပြီး ချင်ကို ‌ရောက်လာတဲ့အခါ မင်းက မင်းသမီး မဟုတ်တော့ဘူး။ ကျောက်စံအိမ်မှာ မင်းသမီးဆိုတဲ့ ဂုဏ်ပုဒ်ကို သုံးပြီး မဆင်မခြင် မပြုမူရဘူး။ မှတ်ထားပါ။ ကျောက်စံအိမ်မှာ တရားဝင်ဇနီးကြီးက တစ်ယောက်ပဲရှိတယ်။ ပြီးတော့ ယန်ဘုရင်က မင်းက ဘာတွေညွှန်ကြားထားသည်ဖြစ်စေ မင်းရဲ့ နေရာကို မင်းသိတာ အကောင်းဆုံးပဲ။ တကယ်လို့ မင်းကျောက်စံအိမ်မှာ ပြဿနာရှာရဲရင် မင်းကိုတင်မဟုတ်ဘဲ မင်းရဲ့ ယန်နိုင်ငံကိုပါ အပြစ်ပေးမယ်။ " ရင်ကျန့်က ဝူယန်ကို ကြည့်ပြီး ပြောလိုက်သည်။

ရင်ကျန့်၏ ခြိမ်းခြောက်သောအကြည့်ကို ခံစားရင်း ဝမ်ယန်က အလွန်တုန်လှုပ်သွားသည်။ အထူးသဖြင့် သူမ ကျိမြို့မှ ထွက်ခွာလာစဉ် ယန်ဘုရင်ပြောခဲ့သော စကားများကို ပြန်တွေးမိပြီး သူမက ကြောက်လန့်သွားခဲ့သည်။ ရင်ကျန့်၏ အကြည့်များအောက်တွင် သူမက ဘာမှဖုံးကွယ်ထားမရသကဲ့သို့ ခံစားလိုက်ရသည်။

" အရှင်မင်းကြီးရဲ့ စကားတွေကို ကျွန်တော်မျိုးမ မှတ်သားထားပါမယ်။ " ဝူယန်က တုန်ယင်နေသော အသံဖြင့် ပြောလိုက်သည်။

ရင်ကျန့်က သာမန်အတိုင်း ခေါင်းညိမ့်လိုက်သည်။ ယန်ဘုရင်က သူ၏ သမီးတော်ကို ဤအတိုင်း လက်ထပ်ပေးလိုက်မည် မဟုတ်သည်ကို ကျောက်ဖုန်းက တွေးမိသကဲ့သို့ ရင်ကျန့်ကလည်း တွေးမိလေသည်။ ယနေ့ ပြောလိုက်သော စကားများက သူမအတွက် သတိပေးချက်တစ်ခု ဖြစ်သည်။ အကယ်၍ သူမက လိမ္မာပါးနပ်စွာ နေလျှင် သူသား၏ ကိုယ်လုပ်တော်အဖြစ် ကောင်းကောင်းနေရမည်ဖြစ်ပြီး မဟုတ်လျှင် သူ့ကို အပြစ်တင်၍ မရတော့ပေ။

" ချီအာ လင်းအာ မင်းတို့နှစ်ယောက် ဘယ်သူလာလဲ မကြည့်ကြဘူးလား။ " ရင်ကျန့်က သူ၏ ဘေးတွင် ပျော်ရွှင်စွာ စားသောက်နေကြသော ကလေးနှစ်ယောက်ကို ကြည့်ပြီး ပြုံး၍ ပြောလိုက်သည်။

ကျောက်ချီနှင့် ကျောက်လင်းတို့က ခေါင်းမော့လိုက်ပြီး ဝမ်ယန်ကို မြင်လိုက်ရသောအခါ မျက်လုံးများ တောက်ပသွားကြသည်။

" အမေလည်း လာလည်တာလား။ အဘိုးက သားတို့အတွက် စားစရာတွေ အများကြီးပြင်ပေးထားတယ်။အမေလည်း လာစားဦးလေ။ " ကျောက်ချီက ခေါ်လိုက်သည်။

" ဟုတ်တယ် အမေ။ ဒါတွေက အရသာရှိတယ်။ " ကျောက်လင်းကလည်း ချက်ချင်း ထောက်ခံလိုက်သည်။

ဝမ်ယန်က သူမ၏ ကလေးများကို ကူကယ်ရာမဲ့စွာ ကြည့်လိုက်သည်။ သူမက ကျန်းထိုင်နန်းဆောင်ထဲတွင် ဖြစ်သောကြောင့် သူတို့ကို ရိုက်လို့မရသလို ဆူလို့လည်း မရပေ။

" ညစာစားဖို့ အချိန်နီးနေပြီ။ အမေနဲ့အတူ အိမ်ပြန်ကြမလား။ " ဝမ်ယန်က ကလေးနှစ်ယောက်ကို မေးလိုက်သည်။

" အဘိုး ဒီနေ့ စားကောင်းတာ ဘာရှိသေးလဲ။ " ကျောက်ချီက ရင်ကျန့်ကို ကြည့်ပြီး မေးလိုက်သည်။

" ရှိတာပေါ့။ " ရင်ကျန့်က ပြုံး၍ ပြန်ဖြေလိုက်သည်။

" အမေ အရင်ပြန်နှင့်လေ။ သားနဲ့ ညီမလေးက အဘိုးနဲ့ ဒီမှာပဲ စားခဲ့လိုက်မယ်။ အဘိုးရဲ့ စာဖိုမှူးက ဟင်ချက်ကောင်းတယ်။ " ကျောက်ချီက ဝမ်ယန်ကို ​ပြောလိုက်သည်။

ဝမ်ယန်က ဘာမှမတတ်နိုင်တော့ဘဲ ခေါင်းညိမ့်ရုံသာ တတ်နိုင်တော့သည်။

" မင်းအရင်ပြန်နှင့်လိုက်ပါ။ ငါ နောက်မှ သူတို့ကို ပြန်ပို့ဖို့ လူလွှတ်လိုက်မယ်။ " ရင်ကျန့်က ဝမ်ယန်ကို ရင်းနှီးစွာ ပြုံးပြလိုက်သည်။

" အမိန့်အတိုင်းပါ။ ကျွန်တော်မျိုးမကို ခွင့်ပြုပါဦး။ " ဝမ်ယန်က ဦးညွှတ်ပြီး ထွက်ခွာသွားသည်။

တစ်ချိန်တည်းတွင် ဝူယန်က ရင်ကျန့်၏ ဘေးရှိ ကျောက်ချီတို့ မောင်နှမကို အံ့အားသင့်စွာ ကြည့်နေပြီး သူမ၏ စိတ်ထဲတွင် ပို၍ တုန်လှုပ်နေခဲ့သည်။

" ချင်ဘုရင်က ကျောက်ဖုန်းအပေါ် ဒီလာက်မျက်နှာသာပေးပြီး သူ့ရဲ့ ကလေးတွေကိုလည်း ဒီလောက်ဂရုစိုက်လိမ့်မယ်လို့ မထင်ထားမိဘူး။ " ဝူယန်တစ်ယောက် ကျောက်မိသားစုအပေါ် ရင်ကျန့်၏ မျက်နှာသာပေးမှုကြောင့် မှင်သက်သွားခဲ့သည်။

" အရှင်မင်းကြီး စစ်ပွဲက စတော့မှာဆိုတော့ ကျွန်တော်မျိုး ပြင်ဆင်စရာရှိတာ ပြင်ဆင်လိုက်ပါဦးမယ်။ " ယွီလျောင်က ဦးညွှတ်ပြီး ပြောလိုက်သည်။

" သွားတော့။ " ရင်ကျန့်က လက်ဝှေ့ရမ်းလိုက်သည်။

" စားစရာတွေ ပြင်ခိုင်းလိုက်။ ပြင်ပြီးရင် ပြန်လာခဲ့။ " ရင်ကျန့်က ကျောက်ကောင်းကို ပြောလိုက်သည်။

" အမိန့်အတိုင်းပါ။ " ကျောက်ကောင်းက ဦးညွှတ်ပြီး ဆုတ်ခွာသွားသည်။

ဘယ်သူမှ မရှိချိန်တွင် ရင်ကျန့်က ဖြည်းညင်းစွာ ပြောလိုက်သည်။ " ကျောက်စံအိမ်မှာရှိတဲ့ ယန်မင်းသမီးကို သေချာစောင့်ကြည့်ထား။ တကယ်လို့ တစ်ခုခုလှုပ်ရှားလာရင် ဒါမှမဟုတ် ကျောက်မိသားစုကို ရန်ပြုဖို့ ကြံစည်ခဲ့ရင် အစီရင်ခံစရာမလိုဘူး။ တိုက်ရိုက်ကိုင်တွယ်လိုက်။ "

" အဘိုး သားတို့ကို ပြောတာလား။ " ရင်ကျန့်က ရုတ်တရက် စကားပြောလိုက်သည်ကို မြင်သောအခါ ကျောက်ချီက ကြောင်တောင်တောင်နှင့် မေးလိုက်သည်။

" ချီအာ၊ လင်းအာ အရင်ရက်တွေကလိုပဲ မင်းတို့ကို စာလုံးတွေ မှတ်မိအောင် အရင်သင်ပေးမယ်။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။

" အဘိုး သားတို့ စာလုံးတစ်ရာမှတ်မိသွားရင် အဘိုးက တကယ် မြင်းစီးခိုင်းမှာလား။ " ကျောက်ချီက ခေါင်းမော့ပြီး မျှော်လင့်ချက်များဖြင့် မေးလိုက်သည်။

" အဘိုး ကတိပေးတယ်။ဒါပေမယ့် မင်းတို့ စာလုံးတစ်ရာကို အရင်မှတ်ထားရမယ်နော်။ " ရင်ကျန့်က နူးညံ့စွာ ပြောလိုက်သည်။

" သမီးတို့ သေချာပေါက် မှတ်မိမှာပါ။ "​ ကျောက်လင်းက ယုံကြည်မှုရှိစွာ ပြောလိုက်သည်။

" ကောင်းပြီ။ ဒါဆို စလိုက်ကြရအောင်။ " ရင်ကျန့်က ပြုံးလိုက်သည်။ ထို့နောက် သူက ​ဗလာဖြစ်နေသော အမိန့်တော်တစ်ခုကို ယူပြီး သူ၏ မြေးနှစ်ယောက်ကို စာသင်ပေးရန် တိုက်ရိုက် အသုံးပြုလိုက်သည်။

အကယ်၍ ဝန်ကြီးများသာ ထိုမြင်ကွင်းကို မြင်လျှင် အလွန်တုန်လှုပ်သွားကြပေလိမ့်မည်။ ဘုရင်ကိုယ်တိုင်က ကလေးနှစ်ယောက်ကို ကိုယ်တိုင် စာသင်ပေးနေသည်။ ၎င်းက ဖုစုနှင့် အခြားသူများ လုံးဝ မရရှိနိုင်သော အခွင့်အရေးတစ်ခု ဖြစ်သည်။

သို့သော် ရင်ကျန့်ကတော့ အတိတ်မှ သူ၏ ကလေးနှစိယောက်အပေါ် ဂရုမစိုက်နိုင်သော နောင်တများကို သူ၏ မြေများအပေါ်သို့ အစားထိုး ဂရုစိုက်နေခြင်းဖြစ်သည်။ သူ၏ ရှေ့မှ မြေးနှစ်ယောက်က သူ၏ ရင်ထဲမှ အမှန်တကယ် အသိအမှတ်ပြုထားသော မြေးများဖြစ်ကြသည်။

All Chapters