အခန်း (၂၉၇)
Vol. 30 Ch. 297
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့
အခန်း (၂၉၇)
" ဝေဝူကျိ ဝေနိုင်ငံက ချင်ကို မခုခံနိုင်ဘူးဆိုတာ ခင်ဗျားသိပါတယ်။ ဒါက ခင်ျှားရဲ့ နောက်ဆုံး ရုန်းကန်မှုပဲ။ " ကျောက်ဖုန်းက မြေပုံကို ကြည့်ပြီး ပြုံးလိုက်သည်။
ဝေဝူကျိက အသက်ကြီးပြီဖြစ်သော်လည်း သူ့ရဲ့ စွမ်းဆောင်ရည်ြ သံသယဝင်စရာမလိုပေ။ ထို့အပြင် သူ၏ မျိုးချစ်စိတ်ကလည်း လေးစားမှုကို ရရှိနိုင်သည်။ သို့သော် ချင်နိုင်ငံက နိုင်ငံခြောက်ခုကို ချေမှုန်းပြီး ကမ္ဘာကြီးကို စုစည်းမည့် လမ်းကြောင်းက တားဆီး၍ မရနိုင်ပေ။
ကျောက်နှင့် ဟန်နိုင်ငံတွေကို သိမ်းပိုက်လိုက်ခြင်းက ချင်နိုင်ငံအင်အားကို ပို၍ တောင်းတင်းစေခဲ့ပြီး လူဦးရေသန်းပေါင်းများစွာကို တိုးလာစေခဲ့သည်။ ဤခေတ်တွင် လူဦးရေကလည်း နိုင်ငံအင်အား၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။
" ယန်ကောင်းမြို့ကို ဖျက်ဆီးပြီး နယ်စပ်ကို ထိုးဖောက်ရမယ်။ ပြီးရင် ဝေကို ချေမှုန်းဖို့အတွကိ စစ်တပ်ကို လမ်းကြောင်းသုံးခုခွဲမယ်။ " ကျောက်ဖုန်းက တိုက်ပွဲအတွက် ပြင်ဆင်ပြီးသား ဖြစ်သည်။
" ကျန်းမင် " ကျောက်ဖုန်းက ခေါ်လိုက်သည်။
" အရှင် " ကျန်းမင်က ချက်ချင်း ဝင်လာသည်။
" ငါ့ညီမကို ကာကွယ်ဖို့ ကိုယ်ရံတော်တစ်ရာကို လွှတ်လိုက်ပါ။ " ကျောက်ဖုန်းက တည်ငြိမ်စွာ ပြောလိုက်သည်။
" နားလည်ပါပြီ။ " ကျန်းမင်က အမိန့်ကို အကောင်အထည်ဖော်ရန် ချက်ချင်း ထွက်ခွာသွားသည်။
စစ်တပ်က စတင် လှုပ်ရှားသည်နှင့် ကုသရေးစခန်းမှ သမားတော်များကလည်း စစ်တပ်နှင့်အတူ လိုက်ပါကြမည်ဖြစ်သည်။ ကျောက်ဖုန်းက သူ၏ ညီမကို အထူးဂရုစိုက်လေသည်။ သူက ကျောက်ရင်ကို စစ်တပ်ထဲတွင် မနေစေချင်သော်လည်း သူမက ကျောက်ဖုန်းကဲ့သို့ ခေါင်းမာပြီး သူမ လုပ်ချင်သည်ကို စိတ်ပိုင်းဖြတ်ပြီး လုပ်တတ်သည်။
" ဝေကို ချေမှုန်းမယ်။ ဒီတိုက်ပွဲမှာ စွမ်းရည်အားလုံးကို တစ်သောင်းကျော်အောင် လုပ်ရမယ်။ ဒါပေမယ့် အစစ်အမှန်ချီပဲ လိုတော့တာ။ " ကျောက်ဖုန်းက မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသည်။
သူက စစ်ပွဲမှ စွမ်းရည်များ ပိုမိုရရှိရန်နှင့် အသက်ပိုရှည်ရန် မျှော်လင့်နေသည်။ သူ၏ ခွန်အားများ တိုးလာသော်လည်း သက်တမ်းက ၁၅၀ နှစ်တွင် ရပ်တန့်နေရသည့်အကြောင်းရင်းကို သူသိလိုသည်။
ရှန်းယန်မြို့တော်။
ကျန်းထိုင်နန်းဆောင်။
" အရှင်မင်းကြီး စစ်ပွဲစတင်ပါပြီ။ " ယွီလျောင်က ခန်းမထဲသို့ ဝင်လာပြီး ပြောလိုက်သည်။
" ဝေနိုင်ငံက တစ်နှစ်အတွင်း ပျောက်ကွယ်သွားလိမ့်မယ်။ " ရင်ကျန့်က တည်ငြိမ်စွာ ပြောလိုက်သည်။
" ကျွန်တော်မျိုးက တိုက်ပွဲအခြေအနေကို အမြဲမပြတ် စောင့်ကြည့်နေပြီး စစ်ရေးသတင်းတွေကိုလည်း ချက်ချင်း အစီရင်ခံပါ့မယ်။ " ယွီလျောင်က ပြောလိုက်သည်။ " ချူနိုင်ငံက ဟွမ်ရှဲက လှုပ်ရှားမှုအချို့ ပြနေပါတယ်။ သူက ကျွန်တော်မျိုးတို့ ချင်ကို တိုက်ဖို့ ပြင်နေတဲ့ပုံပဲ။ ဒါကိုတော့ လျစ်လျူရှုထားလို့မရပါဘူး။ "
" ဟွမ်ရှဲ လွန်ခဲ့တဲ့ အချိန်တွေကတည်းက မြေမြှုပ်ထားသင့်တဲ့ လူအိုကြီး။ အဲ့ဒါကို ငါ ကိုင်တွယ်လိုက်မယ်။ " ရင်ကျန့်က ပြုံးလိုက်ပြီး သူ၏ စိတ်ထဲတွင် အစီအစဉ်များ ရှိနေသည်မှာ ထင်ရှားသည်။
" ဟွမ်ရှဲ တကယ်ကို ထူးခြားတဲ့ ပုဂ္ဂိုလ်တစ်ယောက်ပဲ။ တကယ်ပဲ အကြာကြီး အသက်ရှင်နေခဲ့တယ်။ ဒါပေမယ့် ချူနိုင်ငံမှာလည်း သူ့ကို သေစေချင်နေတဲ့လူတွေ အများကြီး ရှိတယ်။ " ယွီလျောင်က ပြုံး၍ ပြောလိုက်သည်။
" ယွီချင်း ရိက္ခါထောက်ပံ့မှုတွေကို သေချာစောင့်ကြည့်ထား။ စစ်တပ်မှာ ရိက္ခါမပြတ်အောင် သေချာလုပ်ပါ။ " ရင်ကျန့်က ပြောလိုက်သည်။
" နိုင်ငံရေးကိစ္စမှာ ဝန်ကြီးဝမ်နဲ့ ဝန်ကြီးဖုန်းတို့က မဆင်မခြင် လုပ်မှာမဟုတ်ပါဘူး။ ကျွန်တော်မျိုးလည်း ကြီးကြပ်ပေးပါမယ်။ " ယွီလျောင်က ပြန်ဖြေလိုက်သည်။
" ကျင့်သုံးနိုင်ငံထဲမှာ ဝေနိုင်ငံက နောက်ဆုံးနိုင်ငံပဲ။ " ရင်ကျန့်က တည်ငြိမ်စွာ ရေရွတ်လိုက်သည်။
ယန်ကောင်းမြို့။
" အစီရင်ခံပါတယ်။ ယွင်ကျုံးမြို့က ဝူအန်းစခန်းက ကျွန်တော်တို့ နယ်စပ်ကာကွယ်တပ်တွေကို ချေမှုန်းသွားပါပြီ။ "
" အစီရင်ခံပါတယ်။ ချင်စစ်တပ်က နယ်စပ်က ကျွန်တော်တို့ ဝေကာကွယ်ရေးတပ်တွေကို ဖျက်ဆီးပြီး ယန်ကောင်းမြို့ကို တိုက်ရိုက်ဦးတည်လာနေပါတယ်။ "
" အစီရင်ခံပါတယ်။ ချင်စစ်တပ်က ကျွန်တော်တို့မြို့နဲ့ ငါးလီအကွာကို ရောက်နေပါပြီ။ "
ကင်ထောက်များ တစ်ယောက်ပြီးတစ်ယောက်က စစ်သေနာပတိချုပ် လုံကျန်းကို အစီရင်ခံလိုက်ကြသည်။
" လျို့ဝှက်အစီရင်ခံစာတွေထဲမှာ ချင်က နှစ်လကြာမှ တိုက်ခိုက်မယ်လို့ ပြောထားတယ်။ အခုတော့ အများကြီး ပိုစောနေတာပဲ။ ချင်က တကယ်ကို ကောက်ကျစ်တယ်။ " လုံကျန်းက လှောင်ပြုံးပြုံးလိုက်သည်။
" ကြောက်နေစရာမလိုဘူး။ ငါတို့ ယန်ကောင်းမြို့က အင်အားတောင့်တင်းသလို ရိက္ခါတွေလည်း အလုံအလောက်ရှိတယ်။ ချင်စစ်တပ်က ထိုးဖောက်နိုင်မှာ မဟုတ်ဘူး။ ပြီးတော့ ချင်စစ်တပ်ရဲ့ ဝူအန်းစခန်းက ပြန်လည်ဖွဲ့စည်းထားတဲ့ ကျောက်နိုင်ငံက သစ္စာဖောက်တွေပဲ။ သူတို့က ချင်အတွက် အပြည့်အဝ အနစ်နာခံတိုက်ခိုက်မှာမဟုတ်ဘူး။ " လုံကျန်းက ဖြည်းညင်းစွာ ပြောလိုက်သည်။
" စစ်သေနာပတိချုပ် ဝူအန်းစခန်းမှာ အဓိကတပ်ရင်းသုံးခုရှိတယ်။ တပ်ရင်းတစ်ခုစီမှာ စစ်သည်တစ်သိန်းစီ ရှပါတယ်။ ဒါကြောင့် ဝူအန်းစခန်းမှာ စစ်သည်အင်အားသုံးသိန်းရှိတယ်။ တကယ်လို့ အင်အားသုံးပြီး တိုက်ခိုက်ဖို့ ကြိုးစားလာရင် ယန်ကောင်းမြို့က ဆက်ပြီးတောင့်ခံနိုင်ပါ့မလားမသိဘူး။ " ဝေတပ်မှူးတစ်ယောက်က ပြောလိုက်သည်။
" အရှင်မင်းကြီးက ငါနဲ့အတူ ချင်ရဲ့ ထိုးစစ်ကို ခုခံဖို့ ကာကွယ်ရေးဗျူဟာကို ကြိုတင်ရေးဆွဲပြီးသားပဲ။ ချင်စစ်တပ်က တိုက်ခိုက်နေပြီ။ တပ်မှူးအားလုံး မြို့ကို ကာကွယ်ဖို့အတွက် အပြည့်အဝ ကြီးကြပ်ရမယ်။ " လုံကျန်းက တည်ငြိမ်စွာ ပြောလိုက်သည်။
" အမိန့်အတိုင်းပါ။ " ဝေတပ်မှူးများက တစ်ယောက်ပြီးတစ်ယောက် ပြန်ပြောလိုက်ကြသည်။
" ဒီနေ့ကစပြီး ဘယ်တပ်မှူးမှ ကိုယ်ကွပ်ကဲနေတဲ့ တပ်ဖွဲ့တွေဆီက ခြေတစ်လှမ်းတောင် မခွာရဘူး။ တာဝန်က စွန့်ခွာတဲ့သူ စစ်ဥပဒေအရ အရေးယူမယ်။ ဒီနေ့ကစပြီး ယန်ကောင်းမြို့တစ်ခုလုံးကို ပိတ်ဆို့ထားရမယ်။ ဘယ်သူ့ကိုမှ အဝင်အထွက်မလုပ်စေနဲ့။ " လုံကျန်းက ကျယ်လောင်စွာ အမိန့်ပေးလိုက်သည်။
" နားလည်ပါပြီ။ " ဝေတပ်မှူးများက ဦးညွှတ်ပြီး ထွက်ခွာသွားကြသည်။
" အစီအစဉ်အားလုံး လုပ်ပြီးပြီလား။ " လုံကျန်က ဘေးမှ လက်ထောက်စစ်သူကြီးကို မေးလိုက်သည်။
" ကျွန်တော်မျိုးကိုယ်တိုင် ကိုယ်ရံတော်တွေကို ဦးဆောင်ပြီး အရာအားလုံးကို မြို့အနှံ့မှာ နေရာချထားပြီးပါပြီ။ တကယ်လို့ အဲ့ဒီအခြေအနေကို ရောက်လာခဲ့ရင် ကျွန်တော်တို့က ချင်စစ်တပ်နဲ့အတူ အသေခံတိုက်ပါလိမ့်မယ်။ " လက်ထောက်စစ်သူကြီးက ပြန်ဖြေလိုက်သည်။
" ကောင်းပြီ။ " လုံကျန်းက ခေါင်းညိမ့်လိုက်ပြီး သူ၏ မျက်နှာတွင် ပြတ်သားသော အမူအရာပေါ်လာသည်။ " အရှင်မင်းကြီးနဲ့ ဝေနိုင်ငံရဲ့ ကျေးဇူးတွေအတွက် ငါ့ရဲ့ လုံမိသားစုက အကြိမ်တစ်ထောင် သေရပါစေဦး ကျေးဇူးဆပ်လို့ ကျေမှာမဟုတ်ဘူး။ ငါ လုံကျန်း နောက်ဆုံးအင်အားကို သုံးပြီး ဝေနိုင်ငံအတွက် ပေးဆပ်သွားမယ်။ "
ညအချိန်သို့ ရောက်လာခဲ့သည်။ ယန်ကောင်းမြို့၏ အပြင်ဘက်တွင် ဝူအန်းစခန်းက တပ်စွဲထားပြီး တဲအတွင်း စစ်သူကြီးများ စုဝေးနေကြသည်။ ကျောက်ဖုန်းက အဓိကနေရာတွင် ထိုင်နေသည်။
" စစ်သေနာပတိချုပ် စစ်သည်တွေအားလုံး စားသောက်ပြီး မနက်ဖြန်တိုက်ပွဲအတွက် အဆင်သင့်ဖြစ်နေပါပြီ။ " ကျန်ဟန်က ပြောလိုက်သည်။
" ငါ ယွင်ကျုံးမြို့မှာတုန်းက မင်းတို့ကို ပြောခဲ့ပြီးသားပဲ။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။ " ယန်ကောင်းမြို့ထဲမှာ ဝေစစ်သည်တစ်သိန်းခွဲရှိတယ်။ ရိက္ခါတွေလည်း အလုံအလောက် ရှိတယ်။ သူတို့က ငါတို့ချင်ကို အချိန်အကြာကြီး ယှဉ်ပြိုင်ဖို့ ရည်ရွယ်ထားတာပဲ။ ဒီမြို့ကို ထိုးဖောက်ဖို့ အင်အားသုံးပြီး တိုက်ခိုက်တာကလွဲရင် အခြားနည်းလမ်းမရှိဘူး။ "
" ကျွန်တော်မျိုး တိုက်ခိုက်မှုကို ဦးဆောင်ပါမယ်။ " စစ်သူကြီးသုံးယောက်လုံးက တစ်ပြိုင်နက် တောင်းဆိုလိုက်ကြသည်။
" မနက်ဖြန် တုဆွေက လေးတပ်ဖွဲ့ကို ဦးဆောင်ပြီး မြို့ထဲကို မြားငါးသိန်း ပစ်ခတ်ပြီး ရန်သူကို တတ်နိုင်သမျှ ဖိနှိပ်ရမယ်။ လီယောင်က စစ်သည်တွေကို ရှေ့ပြေးတပ်အဖြစ် ဦးဆောင်ပြီး ငါနဲ့အတူ တိုက်ခိုက်ရမယ်။ မြင်းတပ်ဖွဲ့ကတော့ ယန်ကောင်းမြို့ရဲ့ နောက်ဘက်ကို ပတ်သွားပြီး ဝေစစ်တပ်ရဲ့ ဆုတ်လမ်းကို ဖြတ်တောက်ထားရမယ်။ " ကျောက်ဖုန်းက စစ်သူကြီးသုံးယောက်ကို ကြည့်ပြီး တိုက်ရိုက်အမိန့်ပေးလိုက်သည်။
" အမိန့်အတိုင်းပါ။ " သူတို့သုံးယောက်က ပြန်ပြောလိုက်သည်။
" စစ်သူကြီးလီ " ကျောက်ဖုန်းက လီယောင်ကို ကြည့်လိုက်သည်။
" စစ်သေနာပတိချုပ် " လီယောင်က လေးစားစွာ ကြည့်လိုက်သည်။
" ဒီအချိန်တစ်လျှောက်လုံး တပ်မှူးအချို့က မင်း အရပ်ဘက်ကနေ စစ်ဘက်ကို ကူးပြောင်းလာတာကို ဝေဖန်နေကြတယ်။ အောင်မြင်မှုမရှိဘဲ စစ်သူကြီးရာထူးကို ရထားတယ်လို့ သူတို့က ယုံကြည်နေကြတယ်။ အခု ငါမင်းကို ရှေ့ပြေးတပ်ဖွဲ့ကို ဦးဆောင်ဖို့ အခွင့်အရေးပေးလိုက်မယ်။ မင်း ဒါကို ကောင်းကောင်း အသုံးချနိုင်ဖို့ ငါမျှော်လင့်ပါတယ်။ " ကျောက်ဖုန်းက တည်ငြိမ်စွာ ပြောလိုက်သည်။
" ကျွန်တော် စစ်သေနာပတိချုပ်ကို စိတ်ပျက်အောင် မလုပ်ပါဘူး။ " လီယောက်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
" ကောင်းပြီ။ " ကျောက်ဖုန်းက ခေါင်းညိမ့်လိုက်သည်။
လီယောင်၏ စစ်တပ်ကို ရှေ့ပြေးတပ်ဖွဲ့အဖြစ် တာဝန်ပေးလိုက်ခြင်းက သူ့ကို အခွင့်အရေးတစ်ခု ပေးလိုက်ခြင်း ဖြစ်သည်။ သူရှိနေလျှင် မြို့ကို ထိုးဖောက်ခြင်းက ခက်ခဲသော အလုပ်တစ်ခု မဟုတ်ပေ။ ထို့ကြောင့် ဤတစ်ကြိမ် အောင်မြင်မှုကို လီယောင်အား ပေးအပ်လိုက်ခြင်းနှင့် တူပေသည်။ လီယောင်က ထိုအခွင့်အရေးကို ဆုပ်ကိုင်နိုင်မလားဆိုသည်မှာ သူ့အပေါ်တွင်သာ မူတည်ပေသည်။