အခန်း (၂၉၉)
Vol. 30 Ch. 299
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့
အခန်း (၂၉၉)
" စစ်သေနာပတိချုပ်က ရှေ့ဆုံးက ဦးဆောင်နေတာလား။ ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ "
" သူက ဝူအန်းစခန်းရဲ့ အမြင့်ဆုံးအရာရှိ စစ်သေနာပတိချုပ်လေ။ သူက တကယ်ပဲ သူ့ရဲ့ ဘေးကင်းမှုကို ဂရုမစိုက်ဘဲရှေ့ဆုံးက တက်သွားတာလား။ "
" စစ်သေနာပတိချုပ်က ဒီလိုမျိုး သေခြင်းရှင်ခြင်းကိုတောင် ဂရုမစိုက်ရင်သူ ငါ့ကိုပေးတဲ့ ကတိကလည်း တကယ်ပဲ။ ဘယ်သူမှ ကိုယ့်အသက်ကို ရင်းပြီးတော့ အပိုတွေလုပ်မှာမဟုတ်ဘူး။ "
" စစ်သေနာပတိချုပ်နောက်ကို သေတဲ့အထိ လိုက်ဖို့ သစ္စာပြုပါတယ်။ "
အပြစ်သားတပ်ဖွဲ့မှ စစ်သည်များက ကျောက်ဖုန်းကို ရှေ့ဆုံးမှ မြင်လိုက်ရသောကြောင့် စိတ်လှုပ်ရှားသွားကြသည်။ ၎င်းက အပြစ်သားတပ်ဖွဲ့အပေါ် မည်မျှသက်ရောက်မှုရှိလဲ ဘယ်သူမှမသိနိုင်ပေ။ စစ်သေနာပတိချုပ်က အသက်ကို မနှမြောလျှင် စစ်သည်များကလည်း သေမှာမကြောက်တော့ပေ။ ၎င်းက ကျောက်ဖုန်း ဦးဆောင်သော စစ်တပ်ဖြစ်သည်။ သူက ရှေ့ဆုံးမှ ဦးဆောင်ခြင်းဖြင့် စစ်သည်များ၏ စိတ်ဓာတ်ကို အပြည့်အဝ မြှင့်တင်ပေးလိုက်သည်။
အစတွင် ချင်က နစ်နာကြေးပေးမည်ကို သံသယဝင်ခဲ့ကြသော အပြစ်သားတပ်ဖွဲ့မှ စစ်သည်များပင် စိတ်ဓာတ်တက်ကြွလာပြီး ကျောက်ဖုန်းနောက်မှ ဟိန်းဟောက်၍ လိုက်ပါသွားကြသည်။ ကျောက်ဖုန်း၏ ဦးဆောင်မှုကြောင့်သာမက ကံကြမ္မာအရာရှိတံဆိပ်၏ ကောင်းချီးပေးမှုကြောင့် စစ်သည်များ၏ စိတ်ဓာတ်နှင့် တိုက်ခိုက်ရေးစွမ်းအားက ကြောက်စရာကောင်းအောင် တိုးတက်လာခဲ့သည်။
ယန်ကောင်းမြို့၏ မြို့ရိုးပေါ်တွင် ဝေတပ်မှူးက ချီတက်လာသော ချင်စစ်တပ်ကို စိုက်ကြည့်ပြီး စစ်သေနာပတိချုပ်ကို စတင်းပို့လိုက်သည်။
" ရှိသမျှအင်အားကုန်သုံးပြီး ခုခံကြ။ ဆုတ်ခွာတဲ့သူတွေကို ခေါင်းဖြတ်မယ်။ စစ်သည်သစ်တွေ ရှေ့ကနေ ဝါရင့်စစ်သည်တွေက ကြီးကြပ်ကြ။ ကြီးကြပ်ရေးတပ်ဖွဲ့ ရှေ့ကိုတက်။ " လုံကျန်းက အမိန့်ပေးလိုက်သည်။
သူ၏ အမိန့်ကို သတင်းပို့သူများက အမိန့်ကို အလျင်အမြန် လက်ဆင့်ကမ်းလိုက်ကြသည်။ ချင်စစ်တပ်က သူတို့၏ ထိုးစစ်ကို စတင်လိုက်သော အချိန်မှာတောင် လုံကျန်းက ကြောက်ရွံ့ခြင်းမရှိဘဲ တည်ငြိမ်နေဆဲ ဖြစ်သည်။ အရာအားလုံးက သူ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသကဲ့သို့ ဖြစ်သည်။
ဝေစစ်သည်များက လှုပ်ရှားလာကြသော်လည်း ကောင်းကင်မှ မြားမိုးများက ရပ်တန့်သွားခြင်းမရှိပေ။ ဝေစစ်သည်များက ရံဖန်ရံခါ မြားထိမှန်ပြီး လဲကျသွားကြသည်။ မြို့က ပျက်စီးယိုယွင်းနေသော အခြေအနေတွင် ရှိနေသည်။ မြို့ရိုးပေါ်မှ ဝေစစ်သည်များက တုန်လှုပ်နေကြပြီး စစ်သည်သစ်များက ကြောက်သေးများပင် ထွက်ကျကုန်သည်။
" စစ်သေနာပတိချုပ် လုံကျန်းရဲ့ အမိန့် ရှိသမျှ အင်အားအကုန် ခုခံကြ။ ဆုတ်ခွာတဲ့သူ ကွပ်မျက်ခံရမယ်။ လေးသည်တော်တို့ အမိန့်ကိုနာခံ။ ချင်စစ်တပ်က အကွာအဝေးထဲ ဝင်လာပြီ။ သတ်ကြ။ ကျောက်လုံးပစ်စက်တွေ ဒူးလေးတွေ တိုက်ခိုက်မှုစတင်မယ်။ " ဝေစစ်သူကြီးက ကျယ်လောင်စွာ ပြောလိုက်သည်။
မြို့ရိုးနောက်တွင် ပုန်းအောင်းနေကြသော ဝေစစ်သည်များက အပြင်သို့ ထွက်လာကြသော်လည်း ခဏအတွင်း တုန့်ပြန်ရန်ပင် အချိန်မရဘဲ မြားများထိမှန်ပြီး လဲကျသွားကြသည်။
" ချင်မြားတွေ ရှိနေသေးတယ်။ ငါတို့ ဘယ်လိုလုပ်ကြမလဲ။ ငါ မသေချင်ဘူး။ " စစ်သည်သစ်များက အပြင်သို့ မထွက်ရဲကြဘဲ အလွန်ထိတ်လန့်သွားကြသည်။
၎င်းကို မြင်လိုက်သောအခါ ဝေစစ်သူကြီးက မျက်မှောင်ကြုတ်သွားပြီး သူ၏ ဓားကို ဆွဲထုတ်ကာ ကြောက်လန့်နေသော ဝေစစ်သည်တစ်ယောက်ကို တိုက်ရိုက် သတ်ဖြတ်လိုက်သည်။
" ကြီးကြပ်ရေးအဖွဲ့ နောက်ဆုတ်တဲ့သူရှိရင် စစ်ဥပဒေအတိုင်း တိုက်ရိုက်အပြစ်ပေးကြ။မြားတွေပစ်၊ ရန်သူကို ရင်ဆိုင်။ "
သူ၏ ခြိမ်းခြောက်မှုအောက်တွင် ဝေစစ်သည်များက သူတို့၏ လေးများကို ဆွဲပြီး ပစ်ခတ်ရုံသာ တတ်နိုင်တော့သည်။ သို့သော် သူတို့၏ တပ်ဖွဲ့များက ဖရိုဖရဲနှင့် စနစ်မကျ ဖြစ်နေကြသည်။
စစ်ပွဲက အမှန်တကယ် ရက်စက်ပေသည်။ တစ်ယောက်ယောက်က စစ်ပွဲကို မကြုံဖူး၊ သေခြင်းတရားကို မကြုံဖူး၊ ရန်သူကို ကိုယ်တိုင်မသတ်ဖူးလျှင် သူတို့အပေါ် သက်ရောက်မှုက အလွန်ကြီးမားပေလိမ့်မည်။
မြို့ပြင်ရှိ ချင်စစ်သည်များကလည်း မြားမိုးများနှင့် လိမ့်ဆင်းလာသော ကျောက်တုံးကြီးများကြောင့် အသတ်ခံလိုက်ရသည်။ ကျောက်ဖုန်းက လုံချွမ်ဓားကို ကိုင်စွဲပြီး မြားများကို ပိုင်းဖြတ်ဖယ်ရှားလိုက်သည်။
" စစ်သားသစ်တွေကို သုံးပြီး မြို့ကို ကာကွယ်တယ်။ ရန်သူကို နက်နက်ရှိုင်းရှိုင်း ဝင်လာအောင် ဆွဲဆောင်တယ်။ ဝေဝူကျိ မင်းရဲ့ အစီအစဉ်က တကယ်ကောင်းတယ်။ " ကျောက်ဖုန်းက ပြုံးလိုက်သည်။
စစ်သည်သစ်များနှင့် ဝူရင့်စစ်သည်များကြား ခြားနားချက်က ဝေစစ်တပ်၏ ကာကွယ်မှုကို ကြည့်လျှင် သိနိုင်သည်။ နောက်ကလိုက်လာသော ချင်စစ်တပ်က အကျအဆုံးရှိသော်လည်း သူတို့၏ အရှိန်အဟုန်ကို တားဆီးနိုင်ခြင်း မရှိခဲ့ပေ။
မကြာမီ ကျောက်ဖုန်းက မြို့တံခါး အောက်ခြေသို့ ပြေးဝင်သွားခဲ့သည်။
" ပြတ်တောက်စမ်း " ကျောက်ဖုန်းက လုံချွမ်ဓားကို မြှောက်ကာ အစစ်အမှန်ချီများ ထည့်သွင်းပြီး သာမန်အတိုင်း ပိုင်းချလိုက်သည်။ ဓားချီတစ်ခုက ချက်ချင်း ထွက်ပေါ်လာပြီး မြို့တံခါးကို တိုက်ရိုက် ထိမှန်သွားခဲ့သည်။
ဝုန်း....
ခိုင်ခံ့သော သံတံခါးကြီးက ချက်ချင်း ပိုင်းဖြတ်ခံလိုက်ရပြီး အပိုင်းပိုင်း ပြတ်တောက်သွားခဲ့သည်။ ယခင်ကဲ့သို့ပင် အတွင်းမှ စစ်သည်များက တုန်လှုပ်သွားကြသည်။
ကျောက်ဖုန်းက တုန့်ဆိုင်းခြင်းမရှိဘဲ အတွင်းသို့ ပြေးဝင်သွားခဲ့သည်။ သူက ဓားကို တစ်ချက်ဝှေ့ရမ်းပြီး တိုက်ခိုက်မှု ဆယ်ခုကျော်ကို ထုတ်ဖော်လိုက်သည်။ ချက်ချင်း ဝေစစ်သည်ဆယ်ယောက်ကျော်က လဲကျသေဆုံးသွယးကြသည်။ သူတို့အားလုံးက တစ်ပြိုင်နက် လဲကျသွားကြပြီး သူတို့၏ လည်ပင်းများကို ဆုပ်ကိုင်ရင်း ရုန်းကန်ကာ သေဆုံးသွားကြသည်။
" ဝေစစ်သည်တစ်ယောက်ကို သတ်ပြီး အစစ်အမှန်ချီ ၁ မှတ် ရရှိပါတယ်။ "
" ဝေစစ်သည် တစ်ယောက်ကို သတ်ဖြတ်ပြီး သက်တမ်း ၁ရက် ရရှိပါတယ်။ "
စွမ်းရည်များကောက်ယူခြင်းမှ အသိပေးချက်များက ကျောက်ဖုန်းကို စိတ်လှုပ်ရှားသွားစေခဲ့သည်။
" သတ်ကြ...." ကျောက်ဖုန်း၏ အေးစက်သော အကြည့်က ဝေစစ်သည်များကို သားကောင်များသဖွယ် ကြည့်နေသည်။ လုံချွမ်ဓားက တစ်ချက်ခုတ်ပိုင်းလိုက်တိုင်း အေးစက်သော အလင်းတန်းများ ထွက်ပေါ်လာပြီး ရန်သူများကို ဆက်တိုက်သတ်ဖြတ်နေသည်။
" စစ်သေနာပတိချုပ်နောက်ကို လိုက်ကြ။ " ကျောက်ဖုန်းနောက်မှ သူ၏ စစ်သည်များက ရူးသွပ်စွာ ဟိန်းဟောက်လိုက်ကြသည်။ သူတို့ထဲတွင် အပြစ်သားတပ်ဖွဲ့လည်း ပါဝင်သည်။ တစ်ယောက်ချင်းစီက တိုက်ခိုက်လိုစိတ်များဖြင့် ပြည့်နှက်နေကြသည်။
အပေါ်မှ မြားမိုးများကြောင့် စစ်သည်များက တစ်ယောက်ပြီးတစ်ယောက် လဲကျနေသော်လည်း ၎င်းက သူတို့၏ ချီတက်မှုကို မတားဆီးနိုင်ပေ။ ချင်စစ်တပ်က ယန်ကောင်းမြို့ထဲသို့ ဝင်ရောက်လာပြီး ဝေစစ်သည်များကို သတ်ဖြတ်လိုက်ကြသည်။ ချင်စစ်သည်များက ဓားများ၊ လှံများကို ကိုင်ဆောင်ပြီး တိုက်ပွဲထဲသို့ ပြေးဝင်ကာ ရှေ့တွင် တွေ့ရသော ဘယ်ဝေစစ်သည်မဆို သတ်ဖြတ်နေကြသည်။
" ကျောက်ဖုန်းက တကယ်ပဲ ဦးဆောင်ပြီး တိုက်ခိုက်နေတာလား။ " မြို့ရိုးပေါ်မှ တပ်မှူးက အလွန်ထိတ်လန့်သွားသည်။
မြို့တံခါးက တစ်ချက်တည်းနှင့် ပွင့်သွားလိမ့်မည်ဟု ဘယ်သူမှ မမျှော်လင့်ထားကြပေ။ ချင်စစ်တပ်က ရူးသွပ်စွာ တိုက်ခိုက်နေကြပြီး ဝေစစ်သည်များ၏ ခုခံမှုက သူတို့၏ ကြမ်းတမ်းမှုကို မတားဆီးနိုင်ခဲ့ပေ။
" စစ်သေနာပတိချုပ် ချင်စစ်တပ်က မြို့တံခါးကို ထိုးဖောက်ပြီး မြို့ထဲဝင်လာပါပြီ။ "ဝေတပ်မှူးတစ်ယောက်က ထိတ်လန့်တကြား သတင်းပို့လိုက်သည်။
" တကယ်ပဲ အရှင်ခန့်မှန်းထားတဲ့အတိုင်းပဲ။ ချင်စစ်တပ်မှ ထူးခြားတဲ့ မြို့သိမ်းလက်နက်တွေ ရှိနေတယ်။ မြို့တံခါးတွေက သူတို့ကို လုံးဝ မတားဆီးနိုင်ဘူး။ " လုံကျန်းက သက်ပြင်းချလိုက်သော်လည်း သူ၏ မျက်လုံးများထဲတွင် ပြတ်သားမှုများ ထင်ဟပ်နေသည်။ အခြေအနေက သူ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသေးပုံရသည်။
" စစ်သည်တစ်သိန်းလုံးကို မူလအတိုင်း ခုခံခိုင်းထား။ နောက်ဆုတ်တဲ့သူကို နေရာမှာတင် ကွပ်မျက်လိုက်။ " လုံကျန်းက အမိန့်ပေးလိုက်သည်။
" အမိန့်အတိုင်းပါ။ " ဝေတပ်မှူးက လျင်မြန်စွာ ပြန်ထွက်သွားသည်။
" ငါ့အမိန့်ကို လက်ဆင့်ကမ်းလိုက်။ အထူးစစ်သည်ငါးသောင်းကို ယန်ကောင်းမြို့ကနေ စနစ်တကျ ဆုတ်ခွာခိုင်စ။ အသေခံစစ်သည်တစ်ထောင်ကို မြို့ရဲ့ နေရာအနှံ့မှာ ပုန်းအောင်းစေပြီး ချင်စစ်တပ် နက်နက်ရှိုင်းရှိုင်း ဝင်ရောက်လာတာနဲ့ မြို့ကို မီးရှို့ပစ်။ " လုံကျန်းက သူ၏ နောက်မှ လူကို ပြောလိုက်သည်။
" အမိန့်အတိုင်းပါ။ " ဝေတပ်မှူးက ချက်ချင်း ထွက်ခွာသွားသည်။
" စစ်သည်တစ်သိန်း၊ မြို့ထဲက ပြည်သူတွေ ငါ့ကို အပြစ်မတင်ကြနဲ့။ ဝေနိုင်ငံအတွက်ဆိုရင် ဘယ်လိုပေးဆပ်မှုမျိုးမဆို ထိုက်တန်ပါတယ်။ ဒါက ငါတို့ ဝေနိုင်ငံရဲ့ နောက်ဆုံးလောင်းကြေးလည်း ဖြစ်တယ်။ " လုံကျန်း၏ မျက်နှာပေါ်တွင် ပြတ်သားသော အရိပ်အယောင်များ ပေါ်လာသည်။
ထိုဗျူဟာကို ဝေဝူကျိကိုယ်တိုင် စီစဉ်ညွှန်ကြားခဲ့ခြင်းဖြစ်သည်။ အမိန့်ကို လက်ခံရရှိချိန်တွင် လုံကျန်းက ထိုဗျူဟာကို အကောင်အထည်မဖော်ရန် ငြင်းဆိုခဲ့သော်လည်း ဝေဝူကျိက စကားတစ်ခွန်းသာပြောခဲ့သည်။ အကယ်၍ လူပေါင်းသိန်းချီ ပေးဆပ်လိုက်သောကြောင့် ဝေနိုင်ငံက ဆက်လက်ရှင်သန်နိုင်လျှင် အရာအားလုံးက ထိုက်တန်ပေသည်။ သူ၏ အသက်ကို ပေးဆပ်ရလျှင်တောင် ၎င်းက ထိုက်တန်ပေသည်။
အချိန်များကုန်ဆုံးသွားခဲ့သည်။ ယန်ကောင်းမြို့ထဲတွင် တိုက်ခိုက်သတ်ဖြတ်မှုများက ဆက်လက်ဖြစ်ပေါ်နေသည်။ ချင်စစ်သည်များက ပြေးဝင်လာပြီး ရူးသွပ်စွာ သတ်ဖြတ်နေခဲ့သည်။ လုံကျန်း၏ အမိန့်အောက်တွင် ဝေစစ်တပ်က အစွမ်းကုန် ခုခံခဲ့သော်လည်း သူတို့၏ ရှုံးနိမ့်မှုက ထင်ရှားနေသည်။
တစ်ရက်ကြာပြီးနောက် ညပိုင်းတွင် သတ်ဖြတ်သံများက အနည်းငယ် ငြိမ်သက်သွားသော်လည်း တိုက်ပွဲက ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်သည်။ ယန်ကောင်းမြို့တစ်ခုလုံးက အလောင်းတောင်နှင့် သွေးပင်လယ်ကြီးဖြစ်သွားခဲ့ပြီး သွေးညှီနံ့က မြို့တစ်ခုလုံးကို လွှမ်းခြုံထားသည်။ သတ်ဖြတ်မှုများက ညမှ မိုးလင်းခါနီးအထိ ဆက်ဖြစ်နေခဲ့သည်။