← Chapters

အခန်း (၂၈၁-၂၈၂)

Vol. 29 Ch. 281-282

အခန်း (၂၈၁-၂၈၂)

Vol. 29 Ch. 281-282

အခန်း။ ၂၈၁

"နောက်ဆုံးတော့ ရောက်လာခဲ့ပြီ"

ချန်ကျီရှင်းသည် သူ၏လက်ထဲရှိ မဟာတာအို ဖိုကျမ်းကို ကြည့်ကာ ပုံမှန်အားဖြင့် တည်ငြိမ်လှသူ ဖြစ်သော်လည်း ယခုမူ မပြုံးဘဲ မနေနိုင်တော့ပေ။ သူ ယခင်က ရရှိခဲ့သော ရတနာများမှာ အလွန်တရာ အစွမ်းထက်ပြီး အဖိုးတန်လှသော်လည်း အချို့မှာ ဤဖိုကျမ်းထက်ပင် ပို၍ တန်ဖိုးကြီးမားနိုင်သည်။

ဥပမာအားဖြင့် ဟင်းလင်းပြင် နတ်ဘုရားနွယ်ပင်၏ တန်ဖိုးမှာ ဤကျမ်းစာနှင့် နှိုင်းယှဉ်၍ပင် မရနိုင်ပေ။

ထို့အပြင် ဤကျမ်းစာသည် အခြားသူတစ်ဦး၏ လက်ထဲသို့ ရောက်သွားမည်ဆိုပါက လုံးဝ အသုံးမဝင်သော အရာတစ်ခုသာ ဖြစ်ပေလိမ့်မည်။

သို့သော် ချန်ကျီရှင်းအတွက်မူ အခြေအနေက လုံးဝ ကွဲပြားခြားနားသည်။ ယခုအခါ ချန်ကျီရှင်းတွင် တာအိုကိုးမျိုး ရှိနေပြီး တစ်ခုချင်းစီမှာပင် ရွယ်တူတန်းတူ ကျင့်ကြံသူများကြား၌ ပြိုင်ဘက်ကင်း အနိုင်ယူနိုင်စွမ်း ရှိသည်။

"အကယ်လို့သာ... အဲဒီ တာအိုကိုးမျိုးက ဟန်ချက်ညီညီနဲ့ ပေါင်းစပ်သွားမယ်ဆိုရင်... ဘယ်လောက်အထိတောင် ပြောင်းလဲသွားမှာလဲ။ အဲဒီအရှိန်အဝါက ဘယ်လောက်အထိ ကြီးမားလာမလဲဆိုတာကို ငါကိုယ်တိုင်တောင် မှန်းဆလို့ မရနိုင်တော့ဘူး..."

ချန်ကျီရှင်းသည် ကျမ်းစာကို သေချာစွာ ဖတ်ရှုရန် ပြင်လိုက်စဉ်မှာပင် ရုတ်တရက် ချန်ကျီရှင်း၏ တစ်ကိုယ်လုံးရှိ အမွေးအမှင်များ ထောင်ထသွားပြီး မည်သည့် တုံ့ဆိုင်းမှုမျှ မရှိဘဲ မြေကျုံ့ခြေလှမ်းကို အသုံးပြုကာ ဘေးသို့ အမြန်ရှောင်လိုက်သည်။

ဘုန်း….

ကမ္ဘာကြီးပင် ပွင့်ထွက်သွားမတတ် ကျယ်လောင်လှသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။ ခရမ်းရောင်တောက်နေသော တူငယ်လေးတစ်စင်းမှာ ချန်ကျီရှင်း၏ ခန္ဓာကိုယ်ကို သီသီလေးလွဲကာ မြေပြင်ပေါ်သို့ ကျရောက်သွားပြီး ချောက်ကမ္ဘားကြီးတစ်ခုအလား နက်ရှိုင်းလှသော အက်ကြောင်းကြီးကို ဖန်တီးပစ်လိုက်တော့သည်။

ဤအရာအားလုံးမှာ မျက်တောင်တစ်ခတ်အတွင်း ဖြစ်ပျက်သွားခြင်းပင်။ အကယ်၍ ချန်ကျီရှင်းသာ အသက်တစ်ရှူစာမျှ နှေးကွေးသွားခဲ့မည်ဆိုပါက တိုက်ရိုက် ထိမှန်သွားမည်မှာ အသေအချာပင်။

ချန်ကျီရှင်းသည် ခေါင်းကို အမြန်မော့ကာ တောင်ပေါ်တောအုပ်ရှိရာသို့ ကြည့်လိုက်ရာ သူ၏မျက်ဝန်းများတွင် လေးနက်သော အရိပ်အယောင်များ ပေါ်လာတော့သည်။

ပြိုင်ဘက်ကောင်းတစ်ယောက်……တော်တော်လေး အစွမ်းထက်တဲ့ ပြိုင်ဘက်တစ်ယောက်ပဲ

ယခုအခါ သူ၏ ဝိညာဉ်အာရုံမှာ ကြောက်မက်ဖွယ်ကောင်းသော အဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ မိုင်တစ်ရာအတွင်းရှိ လေအလှုပ်အခတ်မှအစ သူ့ကို မလွတ်တမ်း သိရှိနိုင်သည်။ သို့သော် ဤလူမှာ သူ၏အနီးအနားသို့ မည်သည့်အရိပ်အယောင်မျှ မပြဘဲ ရောက်ရှိလာခြင်းက တစ်ခုတည်းကိုသာ သက်သေပြနေသည်။ ဤသူ၏ စိတ်ဝိညာဉ်အာရုံမှာ သူ့ထက်ပင် ပိုမိုအားကောင်းနေခြင်းပင်။

"တုံ့ပြန်မှု မဆိုးဘူးပဲ"

သံပြားချင်း ပွတ်တိုက်သံကဲ့သို့ အက်ရှရှ အဘိုးအိုအသံတစ်ခု တည်ငြိမ်စွာ ထွက်ပေါ်လာသည်။ ထို့နောက် အဝေးရှိ ဝါးတောအတွင်းမှ ညစ်ပတ်ပေရေနေသော ဝတ်ရုံနှင့် နှစ်ပေါင်းများစွာ ရေမချိုးခဲ့သဖြင့် ဖရိုဖရဲဖြစ်နေသော မုတ်ဆိတ်မွေး၊ ဆံပင်များရှိသည့် အဘိုးအိုတစ်ဦး တစ်လှမ်းချင်း လျှောက်လှမ်းထွက်ပေါ်လာသည်။

ထိုအဘိုးအို၏ ခန္ဓာကိုယ်မှ ပုပ်သိုးဆွေးမြည့်နေသည့် အနံ့အသက်များ ထွက်ပေါ်နေ၏။

"ကျွန်တော်မျိုး ချန်ကျီရှင်းက စီနီယာအပေါ် ဘယ်လိုပြစ်မှုမျိုး ကျူးလွန်မိလို့ စီနီယာက ဒီလောက်အထိ ပြင်းပြင်းထန်ထန် သတ်ဖြတ်ဖို့ ကြိုးစားနေရတာလဲဆိုတာ သိပါရစေ"

ချန်ကျီရှင်း၏ သွယ်လျသော မျက်ဝန်းများမှာ မှေးစိုက်သွားပြီး အေးစက်သော အရိပ်အယောင်များ လက်ခနဲ ဖြစ်သွားသည်။

ဤအရှေ့ပိုင်းဒေသပြိုင်ပွဲတွင် အသက် ၃၀ အောက်သာ ဝင်ရောက်ခွင့်ရှိသည်ဟု ရှင်းလင်းသော စည်းမျဉ်းရှိသည်။

သို့သော် ဤသူ၏ အရှိန်အဝါကို ကြည့်ရုံနှင့်ပင် နှစ်ပေါင်းများစွာ အသက်ရှင်ခဲ့သည့် ရှေးဟောင်းမိစ္ဆာကြီးတစ်ဦးဖြစ်ကြောင်း သိသာလှသည်။

ဒီလူက ဘယ်လိုလုပ်ပြီး ဒီထဲကို ဝင်လာနိုင်တာလဲ ဒါမှမဟုတ် ဘယ်သူက သူ့ကို လွှတ်လိုက်တာလဲ။

ထိုသို့တွေးမိသည်နှင့် ချန်ကျီရှင်း၏ အကြည့်များမှာ ပိုမိုအေးစက်လာတော့သည်။

"မင်းကိုသတ်ဖို့ ငါ့မှာ အကြောင်းပြချက် လိုလို့လား"

ညစ်ပတ်သော ဝတ်ရုံနှင့် အဘိုးအိုမှာ အရေးမပါသော အချက်အလက်တစ်ခုကို ပြောနေသကဲ့သို့ပင် တည်ငြိမ်နေဆဲပင်။

"စီနီယာ ပြောတာ မှန်ပါတယ်။ သတ်ဖို့ အကြောင်းပြချက် မလိုပါဘူး။ ဒါပေမဲ့ ကျွန်တော် စီနီယာကို မေးပါရစေ....."

ဘုန်း

စကားပင် မဆုံးသေးမီ ချန်ကျီရှင်းသည် ခြေတစ်လှမ်း လှမ်းလိုက်ကာ ဟင်းလင်းပြင်ကို ချက်ချင်း ဖြတ်ကျော်ပြီး အဘိုးအို၏ ရှေ့မှောက်သို့ ရောက်ရှိသွားကာ သူ၏ ဦးခေါင်းကို ပြင်းထန်စွာ ထိုးနှက်လိုက်တော့သည်။

မူး

သူ၏နောက်ကျောဘက်တွင် ကမ္ဘာဦး နွားမိစ္ဆာ၏ နတ်ဘုရားပုံရိပ်ကြီးမှာ ကောင်းကင်ကို မော့၍ ဟိန်းဟောက်ကာ ပေါ်ထွက်လာသည်။ တောင်တန်းများကို ပြိုလဲစေပြီး တိုက်ကြီးများကို နစ်မြုပ်စေနိုင်လောက်သည့် ကြောက်မက်ဖွယ် ခွန်အားများမှာ ချန်ကျီရှင်း၏ လက်သီးမှတစ်ဆင့် ပေါက်ကွဲထွက်လာတော့သည်။

သူ၏ ခန္ဓာကိုယ်အတွင်းရှိ ကြယ်စင်ချီစွမ်းအင် အချက်အချာ ၅၅၀ လုံးမှာ တစ်ပြိုင်နက်တည်း တောက်ပလာပြီး လူသားခန္ဓာကိုယ်အတွင်းရှိ ကြယ်တာရာပြပုံကြီးတစ်ခုအလား ဖြစ်ပေါ်လာသည်။

" ဘာလို့ ဒီလောက်တောင် သေဖို့ လောနေရတာလဲ"

ချန်ကျီရှင်း၏ နတ်ဘုရားတစ်ပါးအလား ချောမောလှပသော မျက်နှာမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ခက်ထန်သွားပြီး သူသည် လက်သီးကို အားကုန်လွှဲ၍ ထိုးနှက်လိုက်သည်။

ဘုန်း

ခြောက်ကပ်ပြီး အိုမင်းနေသော လက်ချောင်းငါးချောင်းမှာ ဆန့်ထွက်လာပြီး ချန်ကျီရှင်း၏ ပြင်းထန်လှသော လက်သီးချက်ကို အသာအယာပင် ဖမ်းဆုပ်လိုက်သည်။

"ကလေးကစားစရာ နည်းလမ်းလေးတွေပါပဲ"

ညစ်ပတ်ပေရေနေသော ဝတ်ရုံနှင့် အဘိုးအိုမှာ အမူအရာမပျက်ဘဲ သူ၏ အသက်မဲ့နေသော မျက်ဝန်းများကို မြှင့်ကာ ချန်ကျီရှင်းကို ကြည့်လိုက်သည်။

ဝုန်း

မျက်တောင်တစ်ခတ်အတွင်းမှာပင် ထိုအဘိုးအိုထံမှ ငရဲခန်းတစ်ခုအလား ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ပေါက်ကွဲထွက်ပေါ်လာသည်။

ဘုန်း

အဘိုးအိုသည် လက်ကို အသာအယာပင် တွန်းထုတ်လိုက်သည်။

ချက်ချင်းဆိုသလိုပင် ချန်ကျီရှင်းသည် ဥက္ကာခဲတစ်ခု အပစ်လွှတ်ခံလိုက်ရသကဲ့သို့ လွင့်

စင်သွားကာ တောင်ပေါ်ရှိ ဂူတစ်ခုအတွင်းသို့ အရှိန်အဟုန်ဖြင့် ဝင်တိုက်မိတော့သည်။

နောက်တစ်ခဏတွင် ချန်ကျီရှင်းသည် မိုင်ပေါင်းရာချီ ရှည်လျားသော ထိုတောင်ကြီး၏ အခြားတစ်ဖက်မှ ဖောက်ထွက်သွားခဲ့သည်။

အဘိုးအို၏ အသာအယာ တွန်းထုတ်လိုက်သော အရှိန်ကြောင့်ပင် ချန်ကျီရှင်း၏ ကျောပြင်နှင့် တိုက်မိသွားသော ထိုတောင်ကြီးမှာ ပေတစ်ရာခန့် ကျယ်ဝန်းသော လုံးဝန်းသည့် အပေါက်ကြီးတစ်ခုအဖြစ် ပွင့်ထွက်သွားခဲ့ရခြင်းပင်။

ဖွတ်

ချန်ကျီရှင်း၏ နှုတ်ခမ်းထောင့်မှ ပထမဦးဆုံးအကြိမ်အဖြစ် သွေးစလေးတစ်ခု စီးကျလာသည်။

သူသည် ခေါင်းကိုမော့၍ တောင်ကြီးပေါ်မှ အပေါက်ကြီးမှတစ်ဆင့် ထိုအဘိုးအိုကို လေးနက်သော အကြည့်များဖြင့် ကြည့်လိုက်သည်။

နိဗ္ဗာနအဆင့်လား။

"ဒါကတော့... တကယ့်ကို အထွတ်အထိပ်ကို ရောက်နေတဲ့ အစွမ်းထက်တဲ့ နိဗ္ဗာနအဆင့် ကျင့်ကြံသူတစ်ယောက်ပဲ။ သူနဲ့ယှဉ်ရင်တော့ ငါးပါးဓာတ် မိုးကြိုးဂိုဏ်းရဲ့ ဂိုဏ်းချုပ်လို လူမျိုးတွေတောင်မှ လုံးဝကို နှိုင်းယှဉ်လို့မရနိုင်လောက်အောင် ကွာခြားနေတာပဲ..."

"ဒါကို ဘယ်သူလုပ်တာလဲ စီကုန်းမိသားစုလား မဟုတ်ဘူး... စီကုန်းမိသားစုမှာ ဒီရှေးဟောင်းနယ်မြေငယ်ထဲကို နိဗ္ဗာနအဆင့် ကျင့်ကြံသူတစ်ယောက်ကို တိတ်တဆိတ် လွှတ်နိုင်တဲ့ အစွမ်းမရှိဘူး"

"ဒါကို လုပ်နိုင်တာဆိုလို့... ဟိုအထွတ်အထိပ် မသေမျိုး ဂိုဏ်းကြီး သုံးခုပဲ ရှိတယ်"

ချန်ကျီရှင်း၏ မျက်ဝန်းများမှာ အလျင်အမြန် လှုပ်ရှားသွားပြီး ဟင်းလင်းပြင်ကို မော့ကြည့်လိုက်သည်။ ထိုမသေမျိုးဂိုဏ်းကြီး သုံးခုထဲမှ တစ်စုံတစ်ဦးက သူ့ကို သတ်ချင်နေခြင်းပင်။

ရှူး...

လေပြေတစ်ချက်အဝေ့တွင် ညစ်ပတ်သော ဝတ်ရုံစမှာ လွင့်ပျံသွားသည်။ နောက်တစ်ခဏတွင် ထိုအဘိုးအိုသည် မူလနေရာမှ ပျောက်ကွယ်သွားခဲ့သည်။

ချန်ကျီရှင်း မျက်တောင်တစ်ခတ် ခတ်လိုက်ချိန်တွင်မူ ခြောက်ကပ်နေသော လက်သီးတစ်လုံးမှာ သူ့ထံသို့ ဦးတည်၍ ရောက်ရှိနေပြီ ဖြစ်သည်။

"မလှုပ်မယှက် တောက်ပသော ဘုရင်ခန္ဓာ"

ချန်ကျီရှင်းက အသံခပ်နိမ့်နိမ့်ဖြင့် အော်ဟစ်လိုက်ပြီး လက်သီးချင်း တုံ့ပြန်လိုက်သည်။ သူ၏ တစ်ကိုယ်လုံးတွင် နက်မှောင်သော ကျမ်းစာသင်္ကေတများ ပေါ်ပေါက်လာပြီး နက်မှောင်သော ဆံနွယ်များမှာ ခြေဖဝါးအထိ ရှည်ထွက်လာကာ မျက်ဝန်းအိမ်များထဲတွင်လည်း သင်္ကေတများ ထွက်ပေါ်လာတော့သည်။

ဘုန်း…

လက်သီးနှစ်လုံး ထိပ်တိုက်တွေ့ဆုံသွားကာ ချန်ကျီရှင်းမှာ နောက်သို့ ပေရာချီ လွင့်စင်သွားခဲ့ပြီး မြေပြင်ပေါ်တွင် သူ၏ခြေထောက်များဖြင့် နက်ရှိုင်းသော မြောင်းကြီးနှစ်ခု ဖြစ်ပေါ်သွားခဲ့သည်။

"ဟင်း... ဟင်း..."

ချန်ကျီရှင်းသည် အမောတကော အသက်ရှူရင်း သူ၏လက်ဖဝါးကို ငုံ့ကြည့်လိုက်သည်။ သူ၏ အရေပြားနှင့် ကြွက်သားများပေါ်တွင် ရှိနေသော ကျမ်းစာသင်္ကေတများမှာ အစိတ်စိတ်အမွှာမွှာ ကြေမွသွားခဲ့ပြီး သူ၏ လက်ဖဝါးမှ သွေးနီရဲရဲများမှာ မြေပြင်ပေါ်သို့ တစ်စက်ချင်း စီးကျနေ၏။

"ခန္ဓာကိုယ်အစွမ်းက မဆိုးပါဘူး။ တကယ်ပဲ သာမန် နိဗ္ဗာနအဆင့်တစ်ယောက်နဲ့ ယှဉ်နိုင်တာပဲ"

အဘိုးအိုက ချန်ကျီရှင်းကို တည်ငြိမ်စွာ ကြည့်ရင်း အမူအရာမပျက် ပြောလိုက်သည်။ ချန်ကျီရှင်းက ဘာမှပြန်မပြောဘဲ ထိုအဘိုးအိုကိုသာ စိုက်ကြည့်နေမိသည်။

မကြုံစဖူး ပြင်းထန်လှသော ရန်သူကြီးပင်။

နောက်တစ်ခဏတွင် ချန်ကျီရှင်းသည် သူ၏ဝတ်ရုံမှ အစအနတစ်ခုကို ဆွဲဖြဲလိုက်ပြီး သူ၏ ခါးအထိ ရှည်ကျနေသော ဆံနွယ်နက်ကြီးများကို စုစည်းကာ အသေအချာ ချည်နှောင်လိုက်သည်။ ထို့နောက် သူသည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီး အေးစက်လှသော အသံဖြင့် ပြောလိုက်သည်။

"စကြတာပေါ့..."

တစ်ချိန်က ဆူညံပွက်လောရိုက်နေသော နတ်ဘုရားတောင်ကုန်း၏ အပြင်ဘက်တွင်မူ ယခုအခါ လုံးဝ ခြောက်ကပ်ပြီး တိတ်ဆိတ်သွားခဲ့ကာ ဒေသအသီးသီးမှ လာရောက်ကြည့်ရှုကြသော ကျင့်ကြံသူများနှင့် အင်အားကြီးအဖွဲ့အစည်းများမှ လူအားလုံးမှာ မှော်မှန်ပြင်အတွင်းမှ မြင်ကွင်းကို အံ့အားသင့်စွာ စိုက်ကြည့်နေကြသည်။

"ကျီအာ"

ခရမ်းရောင်ပန်း တံဆိပ်ပါသော သင်္ဘောကြီးပေါ်တွင် အမြဲတမ်း ပြုံးရွှင်နေလေ့ရှိသော ချန်တောက်ယန်၏ မျက်နှာမှာ ချက်ချင်းပင် ပျက်ယွင်းသွားတော့သည်။

သူသည် အထက်တွင်ရှိနေသော မသေမျိုးဂိုဏ်းကြီး သုံးခုကို စိုက်ကြည့်လိုက်ရာ သူ၏မျက်ဝန်းများတွင် ကြောက်မက်ဖွယ်ကောင်းသော ဒေါသရိပ်များ လွှမ်းမိုးသွားတော့သည်။

အခန်း။ ၂၈၂

"မသေမျိုး တာအို"

ချန်တောက်ယန်၏ မျက်ဝန်းများတွင် ကြောက်မက်ဖွယ်ကောင်းသော အလင်းတန်းများ ဖျတ်ခနဲ ပေါ်လာပြီး သူသည် ကောင်းကင်ယံရှိ မသေမျိုး တံခါးကြီးသုံးခုကို စိုက်ကြည့်နေမိသည်။

သူ၏ လက်သီးများကို တင်းတင်းဆုပ်ထားရာမှ အရိုးချင်း ပွတ်တိုက်သံများမှာ ဆက်တိုက် ထွက်ပေါ်နေ၏။

မသေမျိုး တာအိုတို့သာလျှင် ထိုရှေးဟောင်းနယ်မြေငယ်ထဲသို့ နိဗ္ဗာနအဆင့်ရှိသော အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦးကို တိတ်တဆိတ် ပို့လွှတ်နိုင်စွမ်း ရှိကြသည်။

"မျိုးနွယ်စုခေါင်းဆောင်... ကျွန်တော်တို့ ဘာလုပ်ကြမလဲ"

အမှောင်တပ်ဖွဲ့မှ အကြီးအကဲများက ရှေ့သို့ တိုးလာကြပြီး သူတို့လည်း ထိုမြူခိုးများ ဖုံးလွှမ်းနေသော တံခါးကြီး သုံးခုကို အေးစက်သော အကြည့်များဖြင့် မော့ကြည့်လိုက်ကြသည်။ ချန်တောက်ယန်သည် အသက်ကို ပြင်းပြင်းရှူလိုက်သော်လည်း ဘာမှပြန်မပြောခဲ့ပေ။

မသေမျိုး တာအို ဆိုသည်မှာ အလွန်တရာ အင်အားကြီးမားလှသည်။

လောလောဆယ်တွင် ထာဝရအသက်ရှင်ခြင်းအဆင့်ပိုင်ဆိုင်ထားသည့် တစ်ဦးတည်းသော တည်ရှိမှုများ ဖြစ်သဖြင့် အခြားသော အင်အားစုများအတွက်မူ သူတို့ကို ယှဉ်ပြိုင်ရန် မဆိုထားနှင့် တည့်တည့်ကြည့်ရန်ပင် အရည်အချင်း မပြည့်မီသည့် အတိုင်းအဆမရှိသော အင်အားကြီးများ ဖြစ်ကြသည်။

"အကယ်၍ ကျီအာသာ ဒီရှေးဟောင်းနယ်မြေထဲမှာ တကယ် သေဆုံးသွားခဲ့မယ်ဆိုရင်... ငါ့မျိုးနွယ်စုရဲ့ အင်အားရှိသမျှကို အကုန်အသုံးချပြီးတော့ ဖြစ်ဖြစ် ကျီအာကို သတ်တဲ့ တကယ့်တရားခံကို ရှာဖွေပြီး သူ့ရဲ့ အသားတစ်စကို မရရအောင် ဖဲ့ယူပြမယ်"

ချန်တောက်ယန်သည် နေရာတွင် ပြန်လည်ထိုင်ချလိုက်သော်လည်း သူ၏မျက်ဝန်းများတွင်မူ သတ်ဖြတ်လိုသော အရှိန်အဝါများမှာ လှိုင်းတံပိုးကဲ့သို့ ထွက်ပေါ်နေဆဲပင်။

တစ်ချိန်တည်းမှာပင် ထိုမြူခိုးများ ဖုံးလွှမ်းနေသော တံခါးကြီး သုံးခု၏ အနောက်ဘက်မှ မျက်လုံးပေါင်းများစွာသည် တစ်ဦးကိုတစ်ဦး အပြန်အလှန် စောင့်ကြည့်နေကြ၏။

နတ်ဘုရား နန်းတော်၏ တံခါးနောက်ကွယ်တွင် ယခုခေတ်၏ သူတော်စင်မလေး မိုချင်းယွဲ့၏ မျက်နှာမှာ ချက်ချင်း ပျက်ယွင်းသွားသည်။

"နိဗ္ဗာနအဆင့်မှာ နှစ်ပေါင်းများစွာ ရှိနေခဲ့တဲ့ ရှေးဟောင်းမိစ္ဆာကြီးတစ်ယောက်က ဘာအကြောင်းကြောင့် ဒီရှေးဟောင်းနယ်မြေငယ်ထဲအထိ တိုးဝင်ပြီး ပါရမီရှင်လူငယ်တွေကို လိုက်လံသတ်ဖြတ်နေရတာလဲ။ ဒီလိုကိစ္စမျိုးက ကာလပတ်လုံး တစ်ခါမှတောင် မကြားဖူးခဲ့တဲ့ အံ့သြစရာကိစ္စပဲ..."

"ဒီပြိုင်ပွဲကို စီစဉ်တဲ့ မသေမျိုး တာအိုကြီး သုံးခုကသာ ခွင့်ပြုပေးခဲ့တာ မဟုတ်ရင်... ဘယ်သူကများ ဒီလောက်အထိ လက်ရဲဇက်ရဲ လုပ်နိုင်စွမ်း ရှိမှာလဲ"

"နတ်ဘုရား နန်းတော်က လုပ်တာ မဟုတ်ဘူး"

မိုချင်းယွဲ့၏ ရှေ့တွင် ရပ်နေသော ဆံပင်ဖြူနှင့် အဘွားအိုက ခေါင်းခါရင်း ပြောလိုက်သည်။ "ငါတို့ နန်းတော်နဲ့ ချန်ကျီရှင်းကြားမှာ ဘာရန်ငြိုးမှ မရှိဘူး။ ပြီးတော့ ဒီပြိုင်ပွဲကို ကြီးကြပ်ဖို့ ငါ့ကို လွှတ်ထားတာလေ။ ငါ့မျက်စိအောက်မှာ တစ်ယောက်ယောက်က ဒါကို လုပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး"

အဘွားအိုက ခဏမျှ ရပ်လိုက်ပြီးနောက် ကောင်းကင်ဘုံပျံ ကျင့်ကြံရေးဂိုဏ်းနှင့် တာလျိုတာအိုဂိုဏ်းတို့ရှိရာဘက်သို့ အကြည့်လွှဲလိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။

"ကြည့်ရတာ... ဒီဂိုဏ်းကြီး နှစ်ခုထဲက တစ်ခုခုက ချန်ကျီရှင်းကို သတ်ချင်နေတာပဲ"

မိုချင်းယွဲ့သည် ထိုစကားကြောင့် ရင်ထဲတွင် အေးစိမ့်သွားကာ "အဘွား... ကျွန်မတို့ ချန်ကျီရှင်းကို ကယ်ဖို့ နည်းလမ်းမရှိဘူးလား"ဟု အလျင်အမြန် မေးလိုက်သည်။

အဘွားအိုက သက်ပြင်းချရင်း ခေါင်းခါလိုက်သည်။

"ရှေးဟောင်းနယ်မြေ ပြိုင်ပွဲ စတင်လိုက်တာနဲ့ အဲဒီနေရာက ပိတ်လှောင်ထားတဲ့ အခြေအနေကို ရောက်သွားပြီ။ ဘယ်လောက်ပဲ အစွမ်းထက်ပါစေ ဘယ်သူမှ ထပ်ဝင်လို့ မရတော့ဘူး။ အဲဒီ နိဗ္ဗာနအဆင့် ကျင့်ကြံသူက ပြိုင်ပွဲ မစခင်ကတည်းက အထဲမှာ ပုန်းအောင်းနေခဲ့ပြီး အခုမှ ပေါ်လာတာပဲ ဖြစ်ရမယ်"

"ဒါဆိုရင်... ဒါက ကြိုတင်စီစဉ်ထားတဲ့ လုပ်ကြံမှုပေါ့"

မိုချင်းယွဲ့၏ မျက်စိသူငယ်အိမ်များ ကျုံ့သွားတော့သည်။

ကောင်းကင်ဘုံပျံ ကျင့်ကြံရေးဂိုဏ်း၏ တံခါးနောက်ကွယ်တွင် နတ်ဘုရားတစ်ပါးအလား ခန့်ညားသော အဘိုးအိုတစ်ဦးသည် မှော်မှန်ပြင်အတွင်းရှိ မြင်ကွင်းကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။

"စိတ်ဝင်စားစရာပဲ... ပါရမီရှင် လူငယ်တစ်ယောက်အတွက်နဲ့ ဒီလောက်အထိ အရင်းအနှီး အကြီးအကျယ် စိုက်ထုတ်ပြီး နိဗ္ဗာနအဆင့် တစ်ယောက်ကို ကြိုတင်ပို့ထားတယ်ပေါ့။ ဒီလုပ်ကြံမှုသာ ပြီးသွားရင် နောင်မှာ ဘယ်ပါရမီရှင်ကမှ အရှေ့ပိုင်းဒေသပြိုင်ပွဲကို လာရဲတော့မှာ မဟုတ်ဘူး"

အဘိုးအိုသည် စိတ်ဝင်တစားဖြင့် တာလျိုတာအိုဂိုဏ်းနှင့် နတ်ဘုရား နန်းတော်ရှိရာသို့ ကြည့်လိုက်သည်။

"ဘယ်အဖွဲ့ကများ ဒီလိုတွေ လုပ်နေကြတာလဲ။

ဘယ်သူပဲ လုပ်လုပ်ပေါ့ ငါကတော့ ဘေးကနေ အေးအေးဆေးဆေး ထိုင်ကြည့်နေရုံပဲ ရှိတာပေါ့"

တာလျိုတာအိုဂိုဏ်း၏ နောက်ကွယ်တွင် ကြင်ယာတော်လုံသည် နူးညံ့သိမ်မွေ့သော ကြောင်လေးတစ်ကောင်အလား ခရမ်းရွှေရောင် သရဖူဆောင်းထားသည့် သက်လတ်ပိုင်း အမျိုးသား၏ ရင်ခွင်ထဲ၌ မှီတွယ်နေရင်း သူ၏ နားစည်အနီးတွင် စိုစွတ်နွေးထွေးသော လေသံဖြင့် တိုးတိုးလေး ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ်... ရှင် ကတိဖျက်လိမ့်မယ်လို့ ကျွန်မ ထင်နေခဲ့တာ"

"ငါ့ရှေ့မှာ အဲဒီလို မာယာတွေ သုံးတာကို ရပ်လိုက်စမ်း"

ခရမ်းရွှေရောင် သရဖူနှင့် အမျိုးသားသည် ကြင်ယာတော်လုံ၏ လက်ကို အသာအယာ ပွတ်သပ်ပေးနေရင်းမှ ရုတ်တရက် အားစိုက်ကာ သူမ၏ ဆံနွယ်များကို နောက်သို့ ဆွဲလိုက်ရာ သူမ၏ ခေါင်းမှာ နောက်သို့ လန်သွားတော့သည်။

"မင်း တောင်းဆိုတာကို ငါ လုပ်ပေးပြီးပြီ။ ငါ လိုချင်တဲ့ အရာကရော ဘယ်မှာလဲ"

ခရမ်းရွှေရောင် သရဖူနှင့် အမျိုးသားက အမူအရာမပျက်ဘဲ မေးလိုက်သည်။

"ဒီလောက်အထိ ကြမ်းတမ်းဖို့ လိုလို့လား... ကျွန်မအပေါ် နည်းနည်းလောက်တော့ ကြင်ကြင်နာနာ မရှိနိုင်ဘူးလား"

ကြင်ယာတော်လုံက တဟီးဟီး ရယ်မောရင်း "စိတ်မပူပါနဲ့... အဲဒီ ရှေးဟောင်း မသေမျိုး နန်းတော်ရဲ့ နန်းတွင်းသုံးတံဆိပ်တော်ကို ပေးမယ်လို့ ကျွန်မ ပြောထားပြီးသားပဲ ပေးမှာပေါ့"

ထိုသူသည် ခေါင်းငြိမ့်ပြကာ ဘေးရှိ လက်ဖက်ရည်ခွက်ကို ကောက်ယူပြီး အသာအယာ ငုံ့သောက်လိုက်သည်။

ချန်ကျီရှင်းသည် ဤရွှေခေတ်၏ အတောက်ပဆုံး ပါရမီရှင် ဖြစ်သည်မှာ ငြင်းစရာမရှိပေ။ အကယ်၍ သူသာ တာလျိုတာအိုဂိုဏ်းသို့ ဝင်ရောက်လာပြီး အချိန်ပေး ပျိုးထောင်နိုင်ခဲ့မည်ဆိုလျှင် ဂိုဏ်းအတွက် နောက်ထပ် ထာဝရအသက်ရှင်ခြင်းအဆင့်အင်အားကြီးတစ်ဦး တိုးပွားလာမည်ပင်။

သို့သော်လည်း ခေတ်အဆက်ဆက်တွင် အင်အားကြီး ပုဂ္ဂိုလ်များစွာ ပေါ်ထွန်းခဲ့သော်လည်း ရှေးဟောင်း မသေမျိုး နန်းတော်၏ နန်းတွင်းသုံးတံဆိပ်တော်မှာမူ ဤလောကတွင် တစ်ခုတည်းသာ ရှိသည်။

...

...

ရှေးဟောင်းနယ်မြေငယ် အတွင်း၌...

"လာလေ..."

ညစ်ပတ်သော ဝတ်ရုံနှင့် ခြောက်ကပ်နေသော အဘိုးအိုသည် အသက်မဲ့နေသော မျက်ဝန်းများဖြင့် ပြုံးလိုက်သည်။

ဘုန်း

သူသည် ခြေတစ်လှမ်း အသာအယာ လှမ်းလိုက်ရုံဖြင့် ချန်ကျီရှင်း၏ ရှေ့မှောက်သို့ ချက်ချင်း ရောက်ရှိသွားပြီး လက်ဝါးဖြင့် ရိုက်ချလိုက်သည်။

"အမှန်တရား၏ မျက်လုံး... ဖွင့်စေ"

မျက်တောင်တစ်ခတ်အတွင်းမှာပင် ချန်ကျီရှင်း၏ မျက်ဝန်းများထဲမှ အနန္တသော နတ်ဘုရား အလင်းတန်းများ ပန်းထွက်လာသည်။

ဆန်းကြယ်သော အစီအရင်များမှာ သူ၏ မျက်လုံးတစ်ခွင်တွင် ပိုးကောင်လေးများအလား ပြည့်နှက်သွားပြီး မျက်ဝန်းအလယ်၌မူ နက်မှောင်သော သင်္ကေတတစ်ခုသာ ကျန်ရှိတော့သည်။

ဤမျက်လုံးကို အသက်သွင်းလိုက်သည်နှင့် တစ်ပြိုင်နက် ယခင်က မျက်စိဖြင့် မမြင်နိုင်လောက်အောင် မြန်ဆန်လှသော အဘိုးအို၏ လှုပ်ရှားမှုများမှာ ချန်ကျီရှင်း၏ အမြင်အာရုံထဲတွင် တဖြည်းဖြည်း နှေးကွေးသွားတော့သည်။ ထို့အပြင် ရန်သူ၏ အားနည်းချက်များကိုလည်း တစ်ပြိုင်နက်တည်း မြင်တွေ့လာရသည်။

"နတ်ဘုရား ကျင့်စဉ် ကွပ်မျက်ရာ စင်မြင့်"

"နွားမိစ္ဆာ... ကောင်းကင်ကို ဖျက်ဆီးခြင်း"

ချန်ကျီရှင်းက တိုးညှင်းစွာ ရေရွတ်ရင်း အဘိုးအို၏ တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်သည်။ သူ၏ ပြင်းထန်လှသော ဝိညာဉ်အာရုံများကို အဘိုးအို၏ ဝိညာဉ်ပင်လယ်ထဲသို့ သွန်းလောင်းလိုက်ရာ အဘိုးအို၏ စိတ်ထဲတွင် ကွပ်မျက်ရာ စင်မြင့်တစ်ခု ဖြစ်ပေါ်လာတော့သည်။

ညစ်ပတ်သော ဝတ်ရုံနှင့် အဘိုးအိုသည် ကိုယ့်ကိုကိုယ် ကွပ်မျက်ရာ စင်မြင့်ပေါ်တွင် ခြေချုပ်လက်ချုပ် မိနေသကဲ့သို့ ခံစားလိုက်ရသည်။ ဝတ်ရုံနက်ခြုံထားသော လျှို့ဝှက်ဆန်းပြားသည့် ပုံရိပ်များက သူ့ကို သတ်ဖြတ်ရန် အသင့်ပြင်နေကြသည်။

အဘိုးအို၏ စိတ်အာရုံ ထွေပြားသွားသော ထိုခဏလေးကို အသုံးချကာ ချန်ကျီရှင်းက အဘိုးအို၏ နဖူးတည့်တည့်ကို အားကုန်လွှဲ၍ ထိုးနှက်လိုက်သည်။

ထိုနေရာမှာ အဘိုးအို၏ ခုခံနိုင်စွမ်း အားအနည်းဆုံးနေရာ ဖြစ်သည်။

ဘုန်း….

သို့သော်လည်း အဘိုးအိုမှာ ယိုင်နဲ့သွားခြင်းပင် မရှိပေ။ ခဏအတွင်းမှာပင် သူ၏ အသက်မဲ့သော မျက်ဝန်းများမှာ ပြန်လည် ကြည်လင်လာသည်။

"အိုး... အားနည်းချက်တွေကိုတောင် မြင်နိုင်တာလား"

အဘိုးအိုက အမူအရာမပျက်ဘဲ ချန်ကျီရှင်း၏ လည်ပင်းကို ဆွဲညှစ်ကာ လေထဲသို့ မြှောက်လိုက်သည်။

"ဒါပေမဲ့ မင်းတစ်ခု မေ့နေတယ်... ခြင်္သေ့တွေ၊ ကျားတွေအတွက် လည်ပင်းက အားနည်းချက် ဖြစ်နိုင်ပေမဲ့ ပုရွက်ဆိတ်တစ်ကောင် အတွက်ကတော့ အရာအားလုံးက... ဖောက်ထွင်းလို့မရတဲ့ အခိုင်မာဆုံးအရာပဲ"

ဘုန်း …..

အဘိုးအို၏ လက်ချောင်းများက ရုတ်တရက် အားစိုက် ညှစ်ချလိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော နိဗ္ဗာနအဆင့်စွမ်းအားများမှာ ဓားတစ်စင်းအလား ချန်ကျီရှင်း၏ လည်ပင်းမှ အသားတစ်စကို တိုက်ရိုက် ဖဲ့ယူသွားတော့သည်။

ဝုန်း…

ချန်ကျီရှင်း၏ နောက်ကျောမှ မီးနဂါးနှစ်ကောင်အလား တောက်လောင်နေသော မီးလျှံများ ထွက်ပေါ်လာပြီး အဘိုးအိုကို နှစ်ဖက်ညှပ်ကာ တိုက်ခိုက်လိုက်သည်။

ထိုအချိန်မှာပင် ချန်ကျီရှင်းက အဘိုးအို၏ ရင်ဘတ်ကို ခြေဖြင့် ကန်ကျောက်ကာ နောက်သို့ အရှိန်အဟုန်ဖြင့် ဆုတ်ခွာလိုက်သည်။

ဝူး... ဝူး... ဝူး

တောက်လောင်နေသော မီးလျှံများမှာ အဘိုးအိုကို ဝန်းရံသွားပြီး မီးပင်လယ်ကြီးအဖြစ် ပြောင်းလဲသွားသည်။ ချန်ကျီရှင်းသည် အမောတကော အသက်ရှူနေရပြီး သူ၏ လည်ပင်းမှ သွေးများမှာ သူ၏ ဝတ်ရုံနက်ကို ရဲရဲနီအောင် ဆိုးပစ်လိုက်သည်။

"တကယ်ပဲ ဖောက်ထွင်းလို့ မရတာလား"

ချန်ကျီရှင်းသည် အသက်ကို ပြင်းပြင်းရှူလိုက်သည်။ နောက်တစ်ခဏတွင် သူသည် လက်နှစ်ဖက်ကို ဆန့်ထုတ်ကာ မျက်လုံးများကို ပိတ်လိုက်ပြီး ကောင်းကင်နှင့် မြေကြီးကို ပွေ့ဖက်ထားသည့် အမူအရာကို ပြုလုပ်လိုက်သည်။

ပြင်းထန်သော လေပြင်းများမှာ သူ့ကို ဝန်းရံကာ တိုက်ခတ်လာပြီး သွေးစွန်းနေသော ဝတ်ရုံများမှာ လေထဲတွင် တဖျပ်ဖျပ် လွင့်နေတော့သည်။

"တာအို ကိုးမျိုးလုံး... ပေါ်ထွက်လာစေ"

ချန်ကျီရှင်းက တည်ငြိမ်စွာ အော်ဟစ်လိုက်ရာ သူ၏ အသံမှာ တစ်လုံးချင်းစီ ပိုမို ကျယ်

လောင်လာပြီး ကောင်းကင်တစ်ခုလုံးကို တုန်ခါသွားစေသည်။

ရုတ်တရက် သူ၏ ဝိညာဉ်ပင်လယ်အတွင်းရှိ မဟာတာအို မျိုးစေ့ကိုးမျိုးလုံးမှာ တစ်ပြိုင်နက်တည်း တုန်ခါသွားတော့သည်။

All Chapters