← Chapters

အခန်း (၂၈၅-၂၈၆)

Vol. 29 Ch. 285-286

အခန်း (၂၈၅-၂၈၆)

Vol. 29 Ch. 285-286

အခန်း။ ၂၈၅

ဝုန်း

ထိုအချိန်တွင် နွားမိစ္ဆာကြီးသည် ကြယ်တာရာများကို ကြေမွစေလျက် ဟိန်းဟောက်

လိုက်ပြီး ပြင်းထန်လှသော လက်သီးချက်ဖြင့် ကောင်းကင်နှင့် မြေကြီးကို ပြိုလဲ၍ ပျက်စီးသွားစေသည်။

နတ်ဘုရားလှိုင်းတံပိုး၏ စာလုံးကိုးလုံးမှာလည်း တစ်ပြိုင်နက်တည်း ဖိနှိပ်လိုက်ရာ ညစ်ပတ်ပေရေနေသော အဘိုးအို၏ ဝိညာဉ်ပင်လယ်ထဲသို့ အရှိန်အဟုန်ဖြင့် တိုးဝင်သွားကြ၏။ ဆွဲငင်အားဒဏ်ကြောင့် သူသည် လုံးဝ မလှုပ်ရှားနိုင်တော့ပေ။

ပျံသန်းခြင်း မသေမျိုးဓားနှင့် တောက်ပသော ဘုရင်၏ နတ်ဘုရားလက်နက်တို့မှာလည်း ကောင်းကင်နန်းတော် ကိုးထပ်ကို ဖြိုခွင်းမည့်အရှိန်ဖြင့် အပေါ်မှ ဝုန်းခနဲ ရိုက်ချလိုက်ကြသည်။ ရေခဲနဂါးနှင့် မီးလျှံဧကရာဇ်တို့မှာလည်း ရေခဲနှင့် မီးတောက်များ လွှမ်းခြုံထားသော ကမ္ဘာတစ်ခုအဖြစ် ပြောင်းလဲသွားပြီး အဘိုးအို၏ ဝိညာဉ်ကို အစအနမကျန် ချေမှုန်းရန် ကြိုးပမ်းကြတော့သည်။

အရာအားလုံးထက် ကြောက်မက်ဖွယ်အကောင်းဆုံးမှာမူ မိုးကြိုးကန်အတွင်းရှိ ငါးရောင်ခြည် ရှေးဦးနတ်ဘုရား မိုးကြိုးများဖြင့် ဖွဲ့စည်းထားသည့် မိုးကြိုးနတ်ဘုရား လှံတံပင်။ ၎င်းသည် လေထုကို ခွင်းလျက် အဘိုးအိုထံသို့ တည့်တည့်မတ်မတ် ထိုးစိုက်ဝင်ရောက်သွားသည်။

မဟာတာအို ပုံရိပ်လွှာ ရှစ်ခုလုံးမှာ ကမ္ဘာပျက်ကိန်း ဆိုက်ရောက်သကဲ့သို့ ပြင်းထန်လှသော စွမ်းအားများကို ထုတ်လွှတ်ကာ အဘိုးအိုကို ဝန်းရံတိုက်ခိုက်လိုက်ကြ၏။

မျက်တောင်တစ်ခတ်အတွင်းမှာပင် ထိုပုံရိပ် ရှစ်ခုမှာ အဘိုးအိုကို ဝါးမြိုသွားပြီး ပရမ်းပတာ ဖြစ်နေသော ရှေးဦးချီစွမ်းအင် ပင်လယ်ကြီးအဖြစ် ပြောင်းလဲသွားတော့သည်။

အု့….

ချန်ကျီရှင်းမှာ ခြေထောက်များ အားနည်းသွားကာ မြေပြင်ပေါ်သို့ လဲကျလုနီးပါး ဖြစ်သွားသည်။ သူ၏ ကျဉ်းမြောင်းသော မျက်ဝန်းများမှာ ထိုချီစွမ်းအင် ပင်လယ်အတွင်း နစ်မြုပ်နေသော အဘိုးအိုထံမှ အကြည့်မခွာဘဲ စိုက်ကြည့်နေဆဲပင်။

ထိုပင်လယ်အတွင်း၌ အဘိုးအိုသည် စူးရှစွာ အော်ဟစ်ရင်း ခရမ်းရောင် မိုးကြိုးတူကို ဝေ့ယမ်းကာ လမ်းကြောင်းတစ်ခု ဖောက်ထွက်ရန် ကြိုးစားနေသော်လည်း အချည်းနှီးသာ။

မည်သည့်အရာမှ အလုပ်မဖြစ်တော့ပေ။ အဘိုးအိုမှာ မုန်တိုင်းထန်နေသော သမုဒ္ဒရာထဲမှ လှေငယ်တစ်စင်းအလား လေလှိုင်းများကြားတွင် လွင့်မျောကာ ဟန်ချက်ပျက်နေတော့သည်။

ဘုန်း….

ရှေးဦး နွားမိစ္ဆာ ပုံရိပ် ငါးရာ့ငါးဆယ်မှာ ပြန်လည် စုစည်းသွားပြီး အဘိုးအိုကို လက်သီးဖြင့် ထိုးနှက်လိုက်ကြသည်။

"ရွှမ်လင်း"

အဘိုးအိုက ခရမ်းရောင် မိုးကြိုးတူကို ဝေ့ယမ်းကာ အလွှာလိုက် ပေါ်ထွက်လာသော ခရမ်းရောင် အလင်းတန်းများဖြင့် နွားမိစ္ဆာပုံရိပ်များကို ခုခံလိုက်သည်။

ဝုန်း

နားစည်ကွဲမတတ် ကျယ်လောင်လှသော ပေါက်ကွဲသံကြီးနှင့်အတူ ကြယ်တာရာများကို ဖမ်းဆီးကာ ဟိန်းဟောက်သံဖြင့် ချေမှုန်းနိုင်သည့် ထိုနွားမိစ္ဆာ ငါးရာ့ငါးဆယ်လုံး နောက်သို့ အနည်းငယ် ဆုတ်သွားရသည်။

သို့သော်လည်း အဘိုးအို၏ ခြေဖဝါးများမှာ ပေါက်ကွဲသွားပြီး ဒူးနှစ်ဖက်မှာ မြေပြင်ထဲသို့ အနည်းငယ် နစ်ဝင်သွားခဲ့၏။

သူ နောက်ထပ် မလှုပ်ရှားနိုင်ခင်မှာပင်...

ဝူး

ရှေးဟောင်း ရေခဲနဂါးနှင့် ကောင်းကင်အနှံ့ လွှမ်းခြုံထားသော မီးလျှံဧကရာဇ်တို့က သူ့ထံသို့ ပြေးဝင်လာကြပြန်သည်။

ဘုန်း ဘုန်း ဘုန်း….

ဘုန်း ဘုန်း ဘုန်း….ဍ

အဘိုးအို ရှိရာ နေရာမှာ ပရမ်းပတာ ဖြစ်နေသော စစ်တလင်းကြီးအဖြစ် ပြောင်းလဲသွားသည်။ ထိုစစ်တလင်းကြောင့် ဟင်းလင်းပြင်မှာ ပြိုကွဲပျက်စီးသွားပြီး နယ်မြေငယ်၏ ဤနေရာလေးမှာ အကြိမ်ကြိမ် ပျက်စီးလိုက်၊ ပြန်လည် ဖြစ်ပေါ်လိုက် ဖြစ်နေတော့သည်။

တာအိုပုံရိပ် ရှစ်ခုမှာ အဘိုးအိုကို ဝန်းရံထားပြီး သူတို့၏ ဖျက်ဆီးအားမှာလည်း အံ့မခန်းပင်။

ဂဂျိန်း

မိုးကြိုးများ ပေါက်ကွဲသံနှင့်အတူ မိုးကြိုးနတ်ဘုရား လှံတံသည် အဘိုးအို၏ ရင်ဘတ်ကို တည့်တည့် ထိမှန်သွားတော့သည်။ အတိုင်းအဆမဲ့သော မိုးကြိုးစွမ်းအားများမှာ သူ၏ ခန္ဓာကိုယ်နှင့် ကာကွယ်ရေး အရှိန်အဝါများကို လုံးဝ အစအနမကျန်အောင် ချေမှုန်းပစ်လိုက်သည်။

ထိုအခွင့်အရေးကို အမိအရ ဆုပ်ကိုင်ကာ ပျံသန်းခြင်း မသေမျိုးဓားနှင့် မိစ္ဆာနှိမ်နင်းရေး လက်နက်တို့မှာလည်း အဘိုးအို၏ ကိုယ်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားတော့သည်။

သွေးနီရဲရဲများမှာ ကောင်းကင်ယံမှ မိုးပေါက်များအလား စီးကျလာခဲ့ကာ ၎င်းမှာ သာမန်သွေး မဟုတ်ဘဲ နိဗ္ဗာနအဆင့်ရှိသူ၏ သွေးများပင်။

သူ၏ ဝတ်ရုံတစ်ခုလုံး အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားပြီး အက်ကြောင်းများဖြင့် ပြည့်နှက်နေသော ခြောက်ကပ်ကပ် အဘိုးကြီး ခန္ဓာကိုယ်မှာ ပေါ်ထွက်လာသည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင်...

ဝုန်း

သူ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်မှာ လုံးဝဥဿုံ ပေါက်ကွဲ၍ ပျက်စီးသွားတော့သည်။

...

...

အမွှေးတိုင်တစ်တိုင်စာခန့် အချိန်ကုန်ဆုံးသွားပြီးနောက် ဖုန်မှုန့်အဖြစ် ကြေမွသွားခဲ့သော နယ်မြေငယ်၏ ထိုထောင့်လေးမှာ ပုံမှန်အခြေအနေသို့ ပြန်လည် လိမ်ယှက်ကာ ရောက်ရှိလာသည်။

တာအိုပုံရိပ် ရှစ်ခုမှာလည်း ပျောက်ကွယ်သွားခဲ့ကာ ဒဏ်ရာများဖြင့် သွေးမတိတ်နိုင်အောင် ဖြစ်နေသော ပိန်ချိချိ အဘိုးကြီး ပုံရိပ်တစ်ခုမှာ ဟင်းလင်းပြင် မုန်တိုင်းထဲမှ ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။

"တောက်... ခွေးမသားလေး"

ညစ်ပတ်ပေရေနေသော ဝတ်ရုံနှင့် အဘိုးအို၏ မျက်နှာမှာ ပြာနှမ်းနေပြီး ဟောင်းလောင်းပေါက် ဖြစ်နေသော သူ၏ ရင်ဘတ်မှာ ပြင်းထန်သော အသက်ရှူသံများနှင့်အတူ နိမ့်ချည်မြင့်ချည် ဖြစ်နေ၏။

သူ၏ တည်ငြိမ်ခဲ့သော မျက်ဝန်းဟောင်းများထဲတွင် အတိုင်းအဆမရှိသော ဒေါသနှင့် ထိတ်လန့်မှုများ လှိုင်းထန်နေတော့သည်။

သူ၏ ခန္ဓာကိုယ်မှာ ငါးကြိမ်တိုင်တိုင်အပိုင်းပိုင်း ပြတ်ထွက်သွားခဲ့ရခြင်းပင်။

အကယ်၍ သူသာ သွေးတစ်စက်မှ ပြန်လည်ရှင်သန်နိုင်စွမ်းရှိသော နိဗ္ဗာနအဆင့်သို့ မရောက်ရှိခဲ့ပါက သူ သေနေသည်မှာ ကြာလှပြီ ဖြစ်သည်။

သူ နိဗ္ဗာနအဆင့်သို့ ရောက်ရှိခဲ့သည့် နှစ်ပေါင်းများစွာအတွင်း ယခုကဲ့သို့ ဒဏ်ရာမျိုး ဘယ်တုန်းကမှ မရခဲ့ဖူးပေ။

"ချန်ကျီရှင်း... ငါ မင်းကို ပြောပြီးသားပဲ။ မင်းမှာ ကျင့်စဉ်ပေါင်း တစ်ထောင် နတ်ဘုရား စွမ်းအားပေါင်း သောင်းခြောက်ထောင် ရှိနေပါစေဦး။ နိဗ္ဗာနအဆင့်ကို မတက်လှမ်းနိုင်သရွေ့ မင်းက ငါ့ရဲ့ ပြိုင်ဘက် မဟုတ်ဘူး"

အဘိုးအိုက ချန်ကျီရှင်း ရှိခဲ့ရာ အရပ်သို့ အကြည့်ကို လွှဲလိုက်သည်။

သို့သော်လည်း နောက်တစ်စက္ကန့်တွင် အဘိုးအို၏ ဒေါသမှာ မီးတောင်ပေါက်ကွဲသကဲ့သို့ ဖြစ်သွားတော့သည်။

"သူ ဘယ်မှာလဲ"

"သူ ဘယ်ကို ရောက်သွားတာလဲ"

သူ၏ အကြည့်များက ပတ်ဝန်းကျင်တစ်ခုလုံးကို ဝေ့ဝဲကာ ရှာဖွေလိုက်သည်။ ချန်ကျီရှင်း ရပ်နေခဲ့သော နေရာတွင် မည်သူမျှ မရှိတော့ဘဲ ဟာလာဟင်းလင်းသာ ကျန်တော့၏။

"တောက်... ခွေးမသား"

အဘိုးအိုမှာ ဆက်လက် အောင့်အည်းမထားနိုင်တော့ဘဲ ဟင်းလင်းပြင်ကို လက်ဖြင့် ရိုက်ချလိုက်ရာ ဟင်းလင်းပြင်မှာ အစိတ်စိတ်အမွှာမွှာ ကြေမွသွားတော့သည်။

"ချန်ကျီရှင်း... မင်းကို ငါ ပြန်မတွေ့ပါစေနဲ့။ တွေ့လို့ကတော့ မင်းကို ဖုန်မှုန့်ဖြစ်အောင် ငါ ချေပစ်မယ်"

သူ၏ မျက်နှာမှာ ဒေါသကြောင့် စိမ်းဖန့်နေတော့သည်။

ဤခံစားချက်မှာ တစ်စုံတစ်ယောက်က သူ့ကို ပါးရိုက်သွားပြီးနောက် ပြန်ရိုက်ရန် ပြင်လိုက်ချိန်တွင် ထိုသူမှာ လုံးဝ ပျောက်ကွယ်သွားသကဲ့သို့ပင်။

တကယ့်ကို ရူးချင်စရာကောင်းလှသော ခံစားချက်ပင်။

တစ်ချိန်တည်းမှာပင် ချန်ကျီရှင်းသည် ဝိညာဉ်အာရုံဖြင့် ထောက်လှမ်းခြင်းကို တားဆီးပေးနိုင်သည့် သေမင်းဝိညာဉ်မျက်နှာဖုံးကို တပ်ဆင်ကာ အလျင်အမြန် ဆုတ်ခွာနေခဲ့သည်။

သူ၏ မျက်ဝန်းများမှာလည်း အဆက်မပြတ် လှုပ်ရှားနေ၏။

မည်သည့်ကျင့်စဉ်ကိုပင် အသုံးပြုသည်ဖြစ်စေ ညစ်ပတ်ပေရေနေသော အဘိုးအိုကို အပိုင်းပိုင်းပြတ်အောင် ချေမှုန်းပစ်နိုင်သည်ဖြစ်စေ သူသည် ပြန်လည်ရှင်သန်လာနိုင်ဆဲဖြစ်ကြောင်း သိလိုက်ရသည့်အချိန်မှစ၍ ချန်ကျီရှင်းမှာ အစီအစဉ်တစ်ခု ချမှတ်ခဲ့ပြီးဖြစ်သည်။

သူ့ကို အမှန်တကယ် သတ်ဖြတ်နိုင်ရန်မှာ ရှင်ခြင်းနှင့် သေခြင်း တာအို၏ ကိုးခုမြောက် ကမ္ဘာမြေ သရုပ်ဖော်ပုံကို စုစည်းရန်နှင့် စိမ်းပြာရောင် ချင်းလွမ်ဓားကို နိဗ္ဗာနအဆင့် လက်နက်အဖြစ်သို့ ပြောင်းလဲရန် လိုအပ်သည်။

စစ်မှန်သောကိုယ်ပိုင်နယ်ပယ်အဆင့် ကျင့်စဉ်များက သူ့ကို မသတ်နိုင်လျှင် နိဗ္ဗာနအဆင့် စွမ်းအားဖြင့်သာ နိဗ္ဗာနအဆင့်ကို ပြန်လည် သတ်ဖြတ်ရမည်ပင်။

"စိမ်းပြာရောင် ချင်းလွမ်ဓားက နိဗ္ဗာနအဆင့် လက်နက်အဖြစ် အပြည့်အဝ ပြောင်းလဲဖို့ အနည်းဆုံး နောက်ထပ် တစ်နာရီလောက် ထပ်လိုဦးမှာလား"

ချန်ကျီရှင်းက မျက်မှောင်ကြုတ်လိုက်သည်။ တစ်နာရီဆိုသည်မှာ ကြည့်ရသည်မှာ တိုတောင်းသော်လည်း လက်တွေ့တွင်မူ နိဗ္ဗာနအဆင့် အင်အားကြီးသူတစ်ဦးအတွက် ဤနယ်မြေငယ်တစ်ခုလုံးကို အနှံ့ရှာဖွေရန် လုံလောက်သော အချိန်ဖြစ်သည်။ သူ့ကို ရှာတွေ့သွားဖို့မှာ အချိန်ပိုင်းကိစ္စသာ ဖြစ်သည်။

"ကောင်းပြီလေ... တစ်နာရီ အချိန်ယူရမယ်ဆိုရင်လည်း ဒီအချိန်အတွင်းမှာပဲ ရှင်ခြင်းနှင့် သေခြင်း တာအိုရဲ့ ကမ္ဘာမြေ သရုပ်ဖော်ပုံကို အပြီးသတ် ရေးဆွဲလိုက်တာပေါ့"

ချန်ကျီရှင်းက အသက်ကို ပြင်းပြင်းရှူကာ ဓားနန်းတော်ရှေ့တွင် နေရာယူလိုက်သည်။ နောက်တစ်ခဏတွင် သူသည် တင်ပျဉ်ခွေထိုင်လိုက်ပြီး မျက်လုံးများကို ဖြည်းညှင်းစွာ ပိတ်လိုက်တော့သည်။

ဝိညာဉ်ပင်လယ်ထက်တွင် ငြိမ်သက်စွာ လွင့်မျောနေသော အဖြူအမဲရောင် မျိုးစေ့မှာ စတင် လည်ပတ်လာသည်။ ရှင်ခြင်းနှင့် သေခြင်း အရှိန်အဝါများမှာ ချန်ကျီရှင်းကို ဗဟိုပြု၍ အဆက်မပြတ် လည်ပတ်နေတော့သည်။

သူ၏ ဖြစ်တည်မှု တစ်ခုလုံးမှာ တစ်ခါတစ်ရံတွင် ပြာနှမ်းသွားကာ အသက်ဓာတ်မီးလျှံမှာ ငြိမ်းသတ်သွားသကဲ့သို့ ရှိပြီး ကျောက်ရုပ်တစ်ခုအလား နှလုံးခုန်သံရပ်တန့်ကာ မည်သည့်

အသက်အရိပ်အယောင်မျှ မရှိတော့ပေ။

အခြားတစ်ဖက်တွင်မူ သူသည် တက်ကြွလှသော အသက်ဓာတ်များကို ထုတ်လွှတ်နေပြီး ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းမှာ နီမြန်းကာ နုပျိုနေပြီး ပတ်ဝန်းကျင်၌လည်း အသက်ဇီဝ ပန်းမန်များ ပွင့်လန်းနေတတ်သည်။

ရှင်ခြင်းနှင့် သေခြင်းတို့မှာ သူ၏ ခန္ဓာကိုယ်အတွင်း လှိုင်းထန်နေ၏။

နောက်တစ်ခဏတွင် ချန်ကျီရှင်းသည် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး ကောင်းကင်ယံသို့ မော့ကြည့်လိုက်သည်။

သူ၏ ဘယ်ဘက်မျက်လုံးမှာ ပြာနှမ်းနေပြီး သူငယ်အိမ်ထဲတွင် ပျက်စီးခြင်းများကြားမှ ပြိုပျက်နေသော ကမ္ဘာပျက်ကိန်း မြင်ကွင်းများကို မြင်တွေ့နေရသည်။

ညာဘက်မျက်လုံးမှာမူ စိမ်းလန်းစိုပြည်နေပြီး သက်ရှိများ စတင်ဖြစ်ပေါ်ကာ ယဉ်ကျေးမှုများ ထွန်းကားလာသည့် ပြန်လည်ရှင်သန်ခြင်း ဖြစ်စဉ်များကို ပြသနေသည်။

ရှင်ခြင်းနှင့် သေခြင်းတာအို၏ ကမ္ဘာမြေ သရုပ်ဖော်ပုံနှင့် ပတ်သက်၍ သူ၏စိတ်ထဲတွင် စိတ်ကူးများ ရှိနေပြီးသား ဖြစ်သည်။

"ကိုးခုမြောက် တာအို... ရှင်ခြင်းနှင့် သေခြင်း ပြောင်းပြန်လှန်ပုံ... လာလော့"

ချန်ကျီရှင်းက တည်ငြိမ်စွာ ပြောလိုက်သည်။

ဝှူး

ရုတ်တရက်ပင် ထူးဆန်းသော ဖြစ်ရပ်များ ပေါ်ပေါက်လာတော့သည်။ ဟင်းလင်းပြင်ထက်တွင် အဆုံးမရှိသော ကောင်းကင်ကြီးမှာ ရေကန်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသကဲ့သို့ပင်။

ငါးနှစ်ကောင်မှာ ရေမျက်နှာပြင်ပေါ်သို့ ခုန်တက်လိုက်ရာ သူတို့၏ အမြီးများကြောင့် ရေလှိုင်းလေးများ ဖြစ်ပေါ်သွားပြီးနောက် ထိုငါးနှစ်ကောင်မှာ တစ်ကောင်၏ အမြီးကို တစ်ကောင်က ပါးစပ်ဖြင့် ခဲထားကြပြီး ရှင်ခြင်းနှင့် သေခြင်း ယင်နှင့်ယန် ပုံရိပ်အဖြစ် ဖွဲ့စည်းလိုက်ကြသည်။ ထိုပုံရိပ်မှာ လည်ပတ်လာသည်နှင့်အမျှ အဆုံးမရှိသော ရှင်ခြင်းနှင့် သေခြင်း အရှိန်အဝါများမှာ ပေါက်ကွဲထွက်လာပြီး အဆက်မပြတ် လည်ပတ်ကာ အနားသတ်များကို ပုံဖော်လိုက်တော့သည်။

အခန်း။ ၂၈၆

အချိန်နာရီတို့သည် တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့၏။

မည်းနက်မှောင်မှိုင်းနေသော ဓားနန်းတော်ကြီး၏ ရှေ့မှောက်တွင် ချန်ကျီရှင်းမှာ ကျောက်ရုပ်တစ်ရုပ်ကဲ့သို့ ငြိမ်သက်စွာ တင်ပျဉ်ခွေ ထိုင်နေ၏။ သူ့ကို ဗဟိုပြု၍ မိုင်တစ်ရာ ပတ်လည်အတွင်း၌မူ ထူးခြားဆန်းပြားသော ဖြစ်စဉ်တို့ ပေါ်ပေါက်နေသည်။

တိုက်ပွဲ၏ အရှိန်အဝါကြောင့် ပျက်စီးယိုယွင်းကာ သေလူကဲ့သို့ တိတ်ဆိတ်နေသော ပေတစ်ထောင်ပတ်လည် နယ်မြေက တစ်မျိုးတစ်ဖုံဖြင့် ပြောင်းလဲလာခဲ့သည်။

ပြာမှုန့်ဖြစ်နေသော မြေပြင်ထက်တွင် နုပျိုသော အညှောက်ကလေးများက မြေကြီးကို ထိုးဖောက်ကာ အသစ်တစ်ဖန် ပြန်လည် ထွက်ပေါ်လာကြ၏။

သူတို့သည် နေရောင်ခြည်ကို အားပြုလျက် လေထဲတွင် နွဲ့နှောင်းစွာ ဝေ့ယမ်းနေကြပြီး ခဏချင်းမှာပင် အဆုံးမရှိသော မြက်ခင်းပြင်စိမ်းကြီးအဖြစ် ဖုံးလွှမ်းသွားခဲ့သည်။

သေဆုံးနေသည်မှာ ကြာပြီဖြစ်သော သစ်ပင်အိုကြီးများသည်လည်း သိသိသာသာပင်

အမြစ်များ ပြန်ထွက်လာကြပြီး သန်စွမ်းသော သက်စောင့်အားတို့နှင့်အတူ သစ်ကိုင်းသစ်များပေါ်တွင် လှပသော ပန်းပွင့်ကလေးများ ပွင့်လန်းလာခဲ့သည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် သေမင်းတမျှ ငြိမ်သက်နေသော အပျက်အစီးပုံကြီးသည် ငှက်ကလေးများ သီချင်းဆိုကာ ပန်းရနံ့များ သင်းပျံ့နေသည့် သက်ဝင်လှုပ်ရှားမှုတို့ဖြင့် ပြန်လည် နုပျိုလန်းဆန်းလာခဲ့သည်။

၎င်းမှာ ရှင်သန်ခြင်း ဖြစ်စဉ်တစ်ခုကို အရှိန်အဟုန်ဖြင့် ဖြတ်သန်းနေသကဲ့သို့ပင်။

သို့သော်လည်း နောက်တစ်ခဏ၌မူ အသက်ဓာတ်တို့ဖြင့် ပြည့်နှက်နေသော ထိုနယ်မြေသည် ရုတ်ချည်းပင် ပြန်လည် ညှိုးနွမ်းသွားပြီး သေခြင်းတရားတို့ လွှမ်းမိုးကာ တစ်ဖန် ငြိမ်သက်သွားပြန်သည်။

ရှင်ခြင်းနှင့် သေခြင်းတို့သည် ထိုမြေပြင်ထက်၌ အဆုံးမရှိအောင် အကြိမ်ကြိမ် အဖန်ဖန် တလဲလဲ ဖြစ်ပျက်နေတော့သည်။

ဖတ်…

မီးလောင်ကျွမ်းထားသကဲ့သို့ ခြောက်ကပ်နေသော ခြေထောက်တစ်ဖက်က မြေပြင်ပေါ်သို့ လှမ်းနင်းလိုက်သည်။

"ဟီးဟီးဟီး..."

နက်ရှိုင်းကာ အက်ကွဲနေသော ရယ်သံတစ်ခုက လည်ချောင်းထဲမှ ထွက်ပေါ်လာ၏။

ညစ်ပတ်ပေရေနေသော ဝတ်ရုံနက်ဝတ် အဘိုးအိုသည် အဝေးတွင် ငြိမ်သက်စွာ ထိုင်နေသော ချန်ကျီရှင်းကို မော့ကြည့်လိုက်ရင်း ပါးစပ်ထောင့်၌ လှောင်ပြောင်သရော်သော အမူအရာတို့ ထင်ဟပ်နေသည်။

"ပြေးဦးမလား အခုတော့ ဘာလို့ မပြေးတော့တာလဲ"

အဝေးတစ်နေရာတွင်မူ ချန်ကျီရှင်းက မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး ဝတ်ရုံနက်နှင့် အဘိုးအိုကို တည်ငြိမ်အေးဆေးသော အမူအရာဖြင့် စိုက်ကြည့်နေသည်။

"ရုန်းကန်နေတာတွေကို ရပ်လိုက်ပြီလား"

အဘိုးအိုသည် သူ၏ ဝတ်ရုံ၏ အကျီလက်ကြီးများကို ခါယမ်းလိုက်ပြီး ချန်ကျီရှင်းထံသို့ တစ်လှမ်းချင်း လှမ်းလာခဲ့သည်။

သူ လျှောက်လာသော လမ်းတစ်လျှောက်တွင် နိဗ္ဗာနအဆင့်၏ အရှိန်အဝါတို့က ကမ်းခြေကို ရိုက်ခတ်သည့် လှိုင်းလုံးကြီးများကဲ့သို့ အရပ်မျက်နှာအနှံ့ကို ရိုက်ခတ်သွားတော့သည်။

တစ်ချိန်တည်းမှာပင် ခရမ်းရောင် မိုးကြိုးတူကြီးက သူ၏ လက်ထဲ၌ ပြန်လည် ပေါ်ပေါက်လာခဲ့သည်။

"မင်းမှာ ဘာမှာတမ်းစကားမှ မရှိတော့ဘူးဆိုရင်လည်း အေးအေးဆေးဆေးပဲ သေလိုက်တော့"

အဘိုးအို၏ မျက်ဝန်းထဲ၌ သတ်ဖြတ်လိုသော အရိပ်အယောင်တို့ ဖြတ်ပြေးသွားပြီး တူကြီးကို လေထဲ၌ ဝေ့ယမ်းကာ ချန်ကျီရှင်းထံသို့ အရှိန်အဟုန်ဖြင့် ရိုက်ချလိုက်တော့သည်။

ဝုန်း

ခရမ်းရောင် မိုးကြိုးတူပေါ်တွင် ယှက်နွယ်နေသော အဆုံးမရှိသည့် နိဗ္ဗာနအဆင့် စွမ်းအားတို့သည် ကောင်းကင်ဘုံ၏ အမျက်ဒေါသကဲ့သို့ပင် ချန်ကျီရှင်း၏ အပေါ်သို့ ပြင်းထန်သော နတ်ဘုရားပြစ်ဒဏ်တစ်ခုအဖြစ် ကျဆင်းလာခဲ့ပြီ ဖြစ်သည်။

ချန်ကျီရှင်းက မော့ကြည့်လိုက်ရာ သူ၏ မျက်စိသူငယ်အိမ်ထဲ၌ ခရမ်းရောင် မိုးကြိုးတူကြီးက တဖြည်းဖြည်း ကြီးမားလာသည်။ နောက်တစ်ခဏတွင်မူ ချန်ကျီရှင်းက တည်ငြိမ်စွာဖြင့်ပင် လက်ကို ဆန့်ထုတ်လိုက်ပြီး စကားနှစ်ခွန်းကိုသာ ပြောလိုက်သည်။

"ဓား... လာလော့"

ချွန်း

ခဏချင်းမှာပင် ကမ္ဘာနှင့် အာကာ တစ်ခွင်လုံး အရောင်အသွေးတို့ ပြောင်းလဲသွားခဲ့ကာ ကောင်းကင်ဘုံ ကိုးထပ်နှင့် မြေကမ္ဘာ တစ်ဆယ်လုံးတွင် ဟိန်းထွက်သွားသော ခန့်ညားထည်ဝါလှသည့် ဓားဟိန်းသံကြီးက ပဲ့တင်ထပ်သွားသည်။

ထိုမိုးကြိုးသံအလား ဟိန်းထွက်နေသော ဓားသံကြီးနှင့်အတူ ချန်ကျီရှင်း၏ နောက်ကွယ်ရှိ ဓားနန်းတော်ထဲမှ စိမ်းပြာရောင် အလင်းတန်းတစ်ခု ပျံထွက်လာပြီး သူ၏ လက်ဖဝါးထဲသို့ ကျရောက်လာခဲ့သည်။

သွယ်လျဖြူဝင်းကာ အဆစ်အလင် ထင်ရှားလှသော လက်ချောင်းငါးချောင်းက စိမ်းပြာရောင် ချင်းလွမ်ဓားကို မြဲမြံစွာ ဆုပ်ကိုင်လိုက်သည်။

"ပိုင်းဖြတ်စမ်း"

ချန်ကျီရှင်း၏ ဆံနွယ်နက်တို့သည် လေထဲတွင် လွင့်မြောနေပြီး သူ၏ နှုတ်ခမ်းဖျားမှ အေးစက်လှသော စကားတစ်ခွန်း ထွက်ပေါ်လာသည်။

ရှပ်

နောက်တစ်ခဏတွင် စိမ်းပြာရောင် ဓားရောင်စဉ်တန်းမှာ ခရမ်းရောင် မိုးကြိုးတူကြီးထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားတော့သည်။

ထိုဓားချက်သည် နေနှင့်လကို ဖောက်ထွက်ကာ ကောင်းကင်ယံကို ဖြတ်သန်းသွား၏။ ၎င်းမှာ ကောင်းကင်ထက်မှ ပြောင်းပြန်စီးဆင်းလာသော နတ်ဘုရားမြစ်ကြီးတစ်ခုနှင့်ပင် တူနေတော့သည်။

ခရမ်းရောင် မိုးကြိုးတူကြီးမှာ စိမ်းပြာရောင် ဓားရောင်စဉ်နှင့် ထိတွေ့မိသည်နှင့် တစ်ပြိုင်နက် ထောပတ်ကို ဓားနှင့် လှီးလိုက်သကဲ့သို့ မည်သည့် အသံမျှ မထွက်ဘဲ ထက်ပိုင်း ပြတ်

တောက်သွားခဲ့ရသည်။

ချန်ကျီရှင်းမှာမူ ဓားကို ကိုင်စွဲလျက် ညစ်ပတ်နေသောဝတ်ရုံနှင့်အဘိုးအိုထံသို့ တစ်လှမ်းချင်း လှမ်းတက်သွားသည်။

"နိဗ္ဗာနအဆင့် လက်နက်လား"

အဘိုးအို၏ မျက်စိသူငယ်အိမ်တို့သည် ထိတ်လန့်မှုကြောင့် ကျုံ့သွားကာ ချန်ကျီရှင်း၏ လက်ထဲရှိ စိမ်းပြာရောင် ငှက်ခါးနတ်ဘုရားဓားကို စိုက်ကြည့်နေမိသည်။

ဤဓားသည် နိဗ္ဗာနအဆင့် လက်နက်တစ်ခု ဖြစ်ရုံသာမက နိဗ္ဗာနအဆင့် လက်နက်များထဲတွင်ပင် ထိပ်တန်းအဆင့် ဖြစ်နေသည်။ သို့မဟုတ်ပါက သူ၏ နိဗ္ဗာနအဆင့် လက်နက်ဖြစ်သော ခရမ်းရောင် မိုးကြိုးတူကြီးမှာ ထိတွေ့ရုံမျှဖြင့် ထက်ပိုင်း ပြတ်တောက်သွားစရာ အကြောင်းမရှိပေ။

ထို့အပြင် ထိုဓားအတွင်း၌ နိဗ္ဗာနအဆင့်ထက်ပင် သာလွန်ကာ နားလည်ရခက်လှသည့် ရှေးဟောင်းစွမ်းအား တစ်မျိုး ကိန်းအောင်းနေသည်ကိုလည်း သူ ခံစားနေရသည်။

"မင်းဆီမှာ ဒီလို ဖန်တီးမှုဆိုင်ရာ နတ်ဘုရားလက်နက်တစ်ခု ရှိနေလိမ့်မယ်လို့ ငါ မထင်ထားမိဘူး"

အဘိုးအို၏ မျက်ဝန်းများမှာ လောဘရိပ်များဖြင့် တဖျပ်ဖျပ် တောက်ပလာပြီး သူ၏ လက်နှစ်ဖက်မှာလည်း မန္တန်များကို အလျင်အမြန် ပုံဖော်လိုက်သည်။

"နိဗ္ဗာနကျင့်စဉ်... ကောင်းကင်ယံ ဖြိုခွင်းခြင်း"

ဝုန်း

စကားဆုံးသည်နှင့် တစ်ပြိုင်နက် ကောင်းကင်ပြင်တစ်ခုလုံးမှာ လိုက်ကာကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ချန်ကျီရှင်း၏ အပေါ်သို့ အရှိန်အဟုန်ဖြင့် ပြိုဆင်းလာခဲ့သည်။

"ထပ်မံ ပိုင်းဖြတ်စမ်း"

ချန်ကျီရှင်း၏ အမူအရာမှာ ပြောင်းလဲခြင်း မရှိဘဲ ဓားဖြင့် ထပ်မံ ပိုင်းဖြတ်လိုက်ပြန်သည်။

ဖျတ်

ခိုင်မာလှသော ကောင်းကင်ယံကြီးမှာ ဓားတစ်ချက်တည်းဖြင့်ပင် အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားရတော့သည်။ ချန်ကျီရှင်းမှာမူ ညစ်ပတ်နေသောဝတ်ရုံနှင့်အဘိုးအို၏ ရှေ့တည့်တည့်တွင် ရပ်နေခဲ့ပြီ ဖြစ်သည်။

"ချန်ကျီရှင်း... နိဗ္ဗာနအဆင့်ရဲ့ တကယ့် ကျင့်စဉ်အစစ်အမှန်တွေကို ငါ မင်းကို ပြမယ်..."

အဘိုးအို၏ မျက်စိသူငယ်အိမ်များမှာ ထပ်မံ ကျုံ့သွားပြန်ကာ သူသည် မန္တန်တစ်ခုကို ထုတ်ဖော်ရန် ပြင်လိုက်သည်။

သို့သော်လည်း ချန်ကျီရှင်းက ဓားကို အမှတ်မထင် ဝေ့ယမ်းလိုက်ရာ အဘိုးအို၏ လက်မောင်းတစ်ဖက်မှာ တစ်ချက်တည်းဖြင့် ပြတ်တောက်သွားခဲ့သည်။

ရှပ်

နိဗ္ဗာနအဆင့် သွေးများမှာ ပန်းထွက်လာခဲ့ပြီး သူ၏ မန္တန်ထုတ်ဖော်မှုကို အတင်းအကျပ် ဟန့်တားလိုက်သကဲ့သို့ပင်။

"မင်း..."

အဘိုးအိုမှာ ခပ်တိုးတိုး ဟိန်းဟောက်လိုက်ပြီး သူ၏ နတ်ဘုရားကျင့်စဉ်များကို ထပ်မံ ထုတ်ဖော်ရန် ကြိုးပမ်းပြန်သည်။

ရှပ် ရှပ် ရှပ်

ဆက်တိုက်ဆိုသလို ဓားအလင်း သုံးချက်မှာ လေထုကို ဖြတ်သန်းသွားသည်။ မပီမပြင် အသံ သုံးချက်နှင့်အတူ အဘိုးအို၏ ကျန်ရှိသော လက်မောင်းတစ်ဖက်နှင့် ခြေနှစ်ဖက်လုံးမှာ ဒူးဆစ်နေရာမှ ပြတ်တောက်သွားခဲ့ရသည်။

ဗုန်း

ခြေထောက်နှစ်ဖက်လုံး ဆုံးရှုံးသွားသော အဘိုးအိုမှာ ချန်ကျီရှင်း၏ ရှေ့မှောက်၌ တိုက်ရိုက်ပင် ဒူးထောက်ကာ လဲကျသွားတော့သည်။

"ချန်ကျီရှင်း"

သူသည် ခေါင်းကို မော့ကာ ချန်ကျီရှင်းကို စူးစိုက်ကြည့်နေပြီး သူ၏ မျက်ဝန်းများထဲတွင် ဒေါသမာန်များဖြင့် ပြည့်နှက်နေ၏။

"ငါ မင်းကို လုံးဝ မသတ်နိုင်ဘူးလို့ မင်း ထင်နေတုန်းပဲလား"

ချန်ကျီရှင်းက အဘိုးအိုကို ငုံ့ကြည့်ကာ တည်ငြိမ်စွာ မေးလိုက်သည်။

"ဒါမှမဟုတ်ရင် ဘာရှိဦးမှာလဲ"

အဘိုးအိုသည် သူ၏ ခြောက်ကပ်နေသော မျက်နှာထက်တွင် လှောင်ပြောင်သော အပြုံးတစ်ခုကို ဆင်မြန်းလျက် ချန်ကျီရှင်းကို မော့ကြည့်လိုက်တော့သည်။

"ငါ့ကို အကြိမ်ပေါင်း တစ်ထောင် သတ်နိုင်ရင်တောင် ဘာဖြစ်လဲ... ငါတို့လို နိဗ္ဗာနအဆင့် ကျင့်ကြံသူတွေက ရှင်ခြင်းနဲ့ သေခြင်းဆိုတဲ့ ဘေးဒုက္ခကြီးကို ကျော်လွှားပြီးသားကွ။ မင်း ငါ့အရိုးတွေကို ကြိတ်ချေပြီး ဖုန်မှုန့်လုပ်ပစ်ရင်တောင် ငါက နိဗ္ဗာနအဆင့်ရဲ့ ပြန်လည်ရှင်သန်ခြင်း စွမ်းအားနဲ့ ပြန်နိုးထလာဦးမှာပဲ"

"ငါက အမှားတွေ အကြိမ်ကြိမ် လုပ်လို့ရတယ်။ ဒါပေမဲ့ မင်းကတော့ တစ်ကြိမ်လေး မှားတာနဲ့ အစအနမကျန်အောင် ပျက်စီးသွားမှာ"

"ဒါက... မင်းနဲ့ငါ့ကြားက အကြီးမားဆုံး ကွာခြားချက်ပဲ မဟုတ်ဘူးလား"

"ဟုတ်တယ်မလား"

ချန်ကျီရှင်းက ရယ်မောလိုက်ပြီး အဘိုးအို၏ နားနားသို့ ဖြည်းညှင်းစွာ ကပ်၍ တိုးတိုးလေး ပြောလိုက်၏။

"ငါ တစ်ခုတော့ သိချင်မိသား။ နိဗ္ဗာနအဆင့်ဆိုတာ သေမျိုးမဟုတ်ဘဲ ထာဝရရှင်သန်နိုင်

တယ်။ သွေးတစ်စက် ရှိရုံနဲ့ ပြန်လည် မွေးဖွားနိုင်တယ်လို့ ကြွေးကြော်ထားကြတာပဲ"

"ဒါပေမဲ့... မင်းရဲ့ သက်တမ်းကုန်ဆုံးသွားပြီး နတ်ဘုရားတို့၏ ဆုတ်ယုတ်ခြင်း ဘေးငါးပါးဆိုက်ရောက်လာရင်ကော... မင်း သေခြင်းတရားကို ရှောင်လွှဲနိုင်ဦးမလား"

"မင်း ဘာကို ဆိုလိုတာလဲ"

အဘိုးအိုက ချန်ကျီရှင်းကို ရုတ်တရက် မော့ကြည့်လိုက်ရာ သူ၏ မျက်ဝန်းအိမ်ထဲတွင် အေးစက်သော အရိပ်အယောင်တို့ ထင်ဟပ်သွားသည်။ မသိစိတ်အတွင်းမှ စိုးရိမ်ပူပန်မှုတို့မှာလည်း စမ်းရေပမာ တိုးထွက်လာတော့၏။

နိဗ္ဗာနအဆင့်သည် သွေးတစ်စက်မှ ပြန်လည်ရှင်သန်နိုင်ပြီး သေမျိုးမဟုတ်သည်မှာ အမှန်ပင်။

သို့သော်လည်း ချန်ကျီရှင်း ပြောဆိုနေသည့် အချိန်နှင့် နှစ်ကာလတို့ကို လျစ်လျူရှုကာ သက်တမ်း၏ ကန့်သတ်ချက်ကို ကျော်လွန်ပြီး ထာဝရ အသက်ရှည်ခြင်းမှာမူ ထာဝရအသက်ရှင်ခြင်းအဆင့်ရောက်သူများသာ တတ်စွမ်းနိုင်သော အရာပင်။

သူ ထပ်မံ မေးမြန်းရန် ပြင်လိုက်သော်လည်း...

ဝုန်း

ချန်ကျီရှင်း၏ ဧရာမ လက်ဝါးကြီးမှာ အဘိုးအို၏ ဦးခေါင်းထက်သို့ ရုတ်ချည်း ဖိနှိပ်ကာ ကျဆင်းလာသည်။

"မင်းမှာ မင်းကိုယ်မင်း ထောက်ပံ့ဖို့ သက်တမ်း ဘယ်လောက်တောင် ကျန်သေးလဲဆိုတာ ငါ ကြည့်ချင်သေးတာ"

ချန်ကျီရှင်းသည် ကိုယ်ကို မတ်လိုက်ရာ သူ၏ ပြိုင်ဘက်ကင်း လှပချောမောသော မျက်နှာထက်တွင် ရက်စက်ကြမ်းကြုတ်သော အပြုံးတစ်ခု ပေါ်ပေါက်လာတော့သည်။

"ကိုးခုမြောက် လမ်းစဉ်..."

"ရှင်ခြင်းနှင့် သေခြင်း ပြောင်းပြန်လှန်ပုံ... ပွင့်စေ"

မျက်တောင်တစ်ခတ်အတွင်းမှာပင် ချန်ကျီရှင်း၏ နောက်ကွယ်၌ အဖြူအမဲရောင် ယင်နှင့်ယန် စက်ဝိုင်းပုံရိပ်ကြီး ပေါ်ထွက်လာသည်။ အတိုင်းအဆမရှိသော သေခြင်းအရှိန်အဝါတို့သည် ချန်ကျီရှင်း၏ လက်ဝါးမှတစ်ဆင့် အဘိုးအို၏ ခန္ဓာကိုယ်အတွင်းသို့ အရှိန်အဟုန်ဖြင့် စီးဝင်သွားတော့၏။

ထိုသေခြင်းအရှိန်အဝါတို့သည် ခန္ဓာကိုယ်အတွင်း ရောက်ရှိသွားသောအခါ သွေးကြောများနှင့် ဝိညာဉ်ပင်လယ်ကို ဖျက်ဆီးခြင်း မပြုဘဲ အဘိုးအို၏ အသက်ဓာတ်များကို လျင်မြန်စွာ ဝါးမြိုကာ သူ၏ သက်တမ်းကို စုပ်ယူပစ်လိုက်ကြသည်။

"မလုပ်နဲ့"

သူ၏ အသက်ဓာတ်များ တဖြည်းဖြည်း ခမ်းခြောက်လာသည်ကို ခံစားလိုက်ရသည့် ခဏ၌ အဘိုးအိုသည် အရာအားလုံးကို သဘောပေါက်သွားပြီး သူ၏ မျက်နှာထက်တွင် ပထမဆုံးအကြိမ်အဖြစ် ထိတ်လန့်တုန်လှုပ်မှုတို့ အထင်အရှား ပေါ်ပေါက်လာတော့သည်။

ချန်ကျီရှင်းသည် ပြင်ပအားသက်သက်ဖြင့် သူ့ကို အမှန်တကယ် မသတ်နိုင်သော်လည်း အကယ်၍ သူ၏ သက်တမ်းသာ ကုန်ဆုံးသွားပါက သူသည် ဤနေရာတွင်ပင် ချက်ချင်း အိုမင်းရင့်ရော်ကာ သေဆုံးသွားရပေမည်။

"နတ်ဘုရားကျင့်စဉ်... ကောင်းကင်ချောက်ကမ္ဘာ..."

အဘိုးအိုသည် ချန်ကျီရှင်းကို တွန်းလှန်ရန် သူ၏ နတ်ဘုရားကျင့်စဉ်ကို ထုတ်ဖော်ရန် ကြိုးစားလိုက်သည်။

"မင်းကို ငါက လှုပ်ရှားခွင့် ပေးလို့လား"

ချန်ကျီရှင်း၏ ကျဉ်းမြောင်းသော မျက်ဝန်းများထဲတွင် ရက်စက်သော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားပြီး ကျန်ရှိသော လက်တစ်ဖက်ဖြင့် စိမ်းပြာရောင် ချင်းလွမ်ဓားကို မြှောက်ကာ အဘိုးအို၏ ဝိညာဉ်ပင်လယ်တည်ရှိရာ ဝမ်းဗိုက်ဆီသို့ အားကုန် ထိုးစိုက်လိုက်သည်။

ဓားဦးမှာ လည်ပတ်သွားပြီး ဓားချီစွမ်းအင်များကို ထုတ်လွှတ်လိုက်၏။

ထက်မြက်ကာ ပြိုင်ဘက်ကင်းလှသော နိဗ္ဗာနအဆင့် ဓားချီစွမ်းအင်တို့သည် အဘိုးအို၏ ဝိညာဉ်ပင်လယ်ကို လျင်မြန်စွာ ဖျက်ဆီးပစ်လိုက်ပြီး သူ၏ နိဗ္ဗာနအဆင့် စွမ်းအားအားလုံးကို အစိတ်စိတ်အမွှာမွှာ ဖြစ်စေကာ မည်သည့် ရုန်းကန်မှုမျှ မပြုနိုင်အောင် ဟန့်တားလိုက်တော့သည်။

All Chapters