အခန်း (၂၈၉-၂၉၀)
Vol. 29 Ch. 289-290
အခန်း။ ၂၈၉
ထိုအခိုက်အတန့်တွင် ခရမ်းရွှေရောင် သရဖူနှင့် လူလတ်ပိုင်း အမျိုးသား၏ မျက်ဝန်းများထဲ၌ သတ်ဖြတ်လိုသော အငွေ့အသက်များ ဝေ့သီနေတော့သည်။
စစ်မှန်သောကိုယ်ပိုင်နယ်ပယ်အဆင့်မှနေ၍ နိဗ္ဗာနအဆင့်ရှိသူကို ပြောင်းပြန်လှန် သတ်ဖြတ်နိုင်သူ...
ဤကဲ့သို့သော စွမ်းဆောင်ချက်မျိုးမှာ ရှေးဟောင်းသမိုင်းတစ်လျှောက်တွင်ပင် တစ်ကြိမတစ်ခါမျှ မရှိခဲ့ဖူးချေ။
အကယ်၍ ဤလူသာ လမ်းခုလတ်တွင် အသက်မပျောက်ခဲ့ပါက နောင်တစ်ချိန်တွင် ထာဝရအသက်ရှင်ခြင်းအဆင့်၏ ထိပ်ဆုံးသို့ ရောက်ရှိရန်မှာ အချိန်ပိုင်းကိစ္စသာ ဖြစ်ပေလိမ့်မည်။
ထို့ပြင် သူသည် သမိုင်းတစ်လျှောက် အသက်အငယ်ဆုံးသော ထာဝရအသက်ရှင်ခြင်းအဆင့် ကျင့်ကြံသူပင် ဖြစ်လာနိုင်သည်။
"စဉ်းစားနေစရာတောင် မလိုတော့ဘူး... ကောင်းကင်သန့်စင်နန်းတော်နဲ့ မသေမျိုးတက်
လှမ်းခြင်းဂိုဏ်းတို့ကတော့ ဘယ်လိုရင်းနှီးမှုမျိုးပဲ ပေးရပါစေ ချန်ကျီရှင်းကို သူတို့ဂိုဏ်းထဲသွင်းဖို့ ပြင်နေကြပြီဆိုတာ သိသာနေတာပဲ"
"အကယ်လို့ ချန်ကျီရှင်းသာ အဲဒီဂိုဏ်းနှစ်ခုထဲက တစ်ခုခုကို ဝင်သွားမယ်ဆိုရင်တော့ သူ့ကို သတ်ဖို့ဆိုတာ မဖြစ်နိုင်သလောက် နည်းသွားတော့မှာပဲ။ မသေမျိုး တာအိုအဖွဲ့တွေကလည်း ချန်ကျီရှင်းကို အခုလိုမျိုး တိတ်တဆိတ် လုပ်ကြံခံရမယ့် အခြေအနေမျိုး နောက်တစ်ခါ ထပ်ပြီး အဖြစ်ခံတော့မှာ မဟုတ်ဘူး..."
"တကယ်လို့သာ... ချန်ကျီရှင်းက ထာဝရအသက်ရှင်ခြင်းအဆင့်ကို ရောက်သွားပြီး ဒီနေ့ကိစ္စအတွက် အကြွေးပြန်ဆပ်ဖို့ လာခဲ့မယ်ဆိုရင်... ငါတို့ ဘယ်လိုလုပ်ကြမလဲ"
ခရမ်းရွှေရောင် သရဖူနှင့် အမျိုးသားသည် ရင်ထဲ၌ စိမ့်ခနဲ ခံစားလိုက်ရသည်။
"နောင်တစ်ချိန်မှာ ချန်ကျီရှင်းက အမှန်တရားကို သိသွားပြီး ကလဲ့စားချေလာမယ့် ကိစ္စကို ခဏထားဦး...လက်ရှိမှာတင် တာလျိုတာအိုနယ်မြေရဲ့ အရှင်သခင်ကသာ... ချန်ကျီရှင်းကို လုပ်ကြံဖို့ ကြိုးစားခဲ့တဲ့ အဲဒီညစ်ပတ်နေတဲ့ဝတ်ရုံနဲ့ အဘိုးအိုက ငါလွှတ်လိုက်တဲ့သူတွေမှန်း သိသွားရင် ငါ့ကို အလွယ်တကူ လွှတ်ပေးမှာ မဟုတ်ဘူး။
အနာဂတ်မှာ ထာဝရအသက်ရှင်ခြင်းအဆင့်အထိ ရောက်မယ့် ကျင့်ကြံသူတစ်ယောက်ရဲ့ တန်ဖိုးက ငါ့ထက် အဆပေါင်းများစွာ သာလွန်နေတာလေ။ ရက်စက်တတ်တဲ့ အဲဒီအရှင်သခင်ကသာ
ချန်ကျီရှင်းရဲ့ မျက်နှာသာပေးမှုကို ရဖို့ဆိုရင် ငါ့ကိုတောင် ယဇ်ပူဇော်တဲ့အနေနဲ့ သတ်ပစ်ဖို့ ဝန်လေးမှာ မဟုတ်ဘူး"
ထို့ကြောင့် ထိုအခိုက်အတန့်တွင် ခရမ်းရွှေရောင် သရဖူနှင့် အမျိုးသားသည် ကြင်ယာတော်လုံကို စူးစိုက်ကြည့်နေပြီး သူ၏ လက်ချောင်းငါးချောင်းမှာလည်း တဖြည်းဖြည်း ပိုမို တင်းကျပ်လာတော့သည်။
"ချန်ကျီရှင်းကို လုပ်ကြံတဲ့ကိစ္စကို မင်းနဲ့ ငါပဲ သိတာ။ ငါ မင်းကို သတ်လိုက်ရင် အရာအားလုံးဟာ ဘာမှမဖြစ်ခဲ့သလိုပဲ ဟန်ဆောင်လို့ ရသွားပြီ..."
ခရမ်းရွှေရောင် သရဖူနှင့် အမျိုးသားသည် အေးစက်သော အပြုံးတစ်ခုကို ထုတ်ဖော်လိုက်သည်။ သူ၏ လက်ချောင်းများက ပိုမို အားစိုက်လာသည်နှင့်အမျှ ကြင်ယာတော်လုံ၏ ဝိညာဉ်ခန္ဓာမှာ တဖြည်းဖြည်း မှေးမှိန်လာပြီး အစိတ်စိတ်အမွှာမွှာ ပြိုကွဲတော့မည့် အရိပ်အယောင်များ ပြသလာတော့သည်။
"ရှင်….ရှင် ကျွန်မကို သတ်လိုက်ရင်... မတကယ်ပဲ ပြဿနာအားလုံးကနေ ကင်းဝေးသွားမယ်လို့... ထင်နေတာလား"
ကြင်ယာတော်လုံသည် ခက်ခဲစွာပင် စကားတစ်ခွန်းကို ပြောလိုက်၏။
"ဟမ်"
ခရမ်းရွှေရောင် သရဖူနှင့် အမျိုးသားသည် မျက်မှောင်ကြုတ်လျက် သူ၏ လက်ကို အနည်းငယ် ပြန်လျှော့လိုက်သည်။
"မင်း ဘာကို ဆိုလိုတာလဲ"
ကြင်ယာတော်လုံသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီးနောက် သူမ၏ မျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်ပေါက်လာသည်။
"ကျွန်မ ရှင့်ဆီလာတုန်းက ဆေးဘုရင်ချိုင့်ဝှမ်းရဲ့ ဂိုဏ်းချုပ်ကို မှတ်မိသေးလား။ ခန့်မှန်းကြည့်စမ်း... သူ ဘာလို့ ဒီနေ့ ဒီမှာ မရှိနေတာလဲ"
ထိုအမျိုးသားက ဘာမှပြန်မပြောသော်လည်း သူ၏ စိတ်ထဲ၌ တစ်စုံတစ်ခုကို ခပ်ဖျော့ဖျော့ ခန့်မှန်းမိသွားပုံပင်။
ကြင်ယာတော်လုံ၏ အပြုံးမှာ ပိုမို ကျယ်ပြန့်လာ၏။
"ရှင် ကျွန်မကို သတ်လိုက်ရင် ဒီနေ့ ကျွန်မတို့ ပြောခဲ့တဲ့ စကားအားလုံးက မနက်ဖြန်မှာ အရှေ့ဘက်လျှို့ဝှက်နယ်မြေ တစ်ခုလုံးကို ပျံ့နှံ့သွားလိမ့်မယ်"
"မသေမျိုး တာအိုရဲ့ ထိပ်တန်းပုဂ္ဂိုလ်တစ်ယောက်က ထွန်းတောက်နေတဲ့ ကြယ်ပွင့်တစ်ပွင့်ကို လုပ်ကြံဖို့ ဒီလို ယုတ်ညံ့တဲ့ နည်းလမ်းတွေကို သုံးခဲ့တာပဲ"
"လောကကြီးက ဘယ်လို တုံ့ပြန်မလဲဆိုတာ ရှင် ခန့်မှန်းမိလား အဲဒီ တာအို အရှင်သခင်ကကော ဘယ်လို တုံ့ပြန်မလဲ"
ထိုစကားများကြောင့် ခရမ်းရွှေရောင် သရဖူနှင့် အမျိုးသား၏ မျက်နှာမှာ အလွန်အမင်း မှောင်မှောက်သွားတော့သည်။
"မင်း ငါ့ကို ခြိမ်းခြောက်နေတာလား"
အမျိုးသား၏ အသံမှာ ရေခဲကဲ့သို့ အေးစက်နေပြီး သူ၏ လည်ချောင်းထဲမှ အတင်းညှစ်ထုတ်ထားသကဲ့သို့ ထွက်ပေါ်လာကာ သူ၏ တစ်ကိုယ်လုံးမှလည်း အလွန်အမင်း အန္တရာယ်ရှိသော အငွေ့အသက်များ ထွက်ပေါ်နေ၏။
သူ၏ ပတ်ဝန်းကျင်၌ ကြယ်များ ကြွေလွင့်ကာ ဂလက်ဆီများ ခမ်းခြောက်သွားသည့် ကြောက်မက်ဖွယ် နိမိတ်များပင် ပေါ်ပေါက်လာသည်။
"ဒါ ခြိမ်းခြောက်တာ မဟုတ်ပါဘူး"
ကြင်ယာတော်လုံက ခေါင်းယမ်းလျက် ပြုံးလိုက်သည်။
"ကျွန်မပြောချင်တာက... ကျွန်မတို့က ကြိုးတစ်ချောင်းတည်းမှာ ချည်ထားတဲ့ နှံကောင်တွေ ဖြစ်နေပြီလို့ ပြောတာပါ။ ဘယ်သူပဲ ပြုတ်ကျကျ ကျန်တဲ့တစ်ယောက်လည်း ကောင်းကောင်းနေရမှာ မဟုတ်ဘူး"
ထိုအမျိုးသားသည် ဘာမှမပြောသော်လည်း သူ၏ မျက်နှာထက်၌ ရှုပ်ထွေးနေသော ခံစားချက်တို့က ထင်ဟပ်နေ၏။
"ဆက်ပြောဦး"
သူသည် စကားသုံးခွန်းကိုသာ ပြောလိုက်သည်။
သူ၏ တုံ့ပြန်မှုကို မြင်သောအခါမှ ကြင်ယာတော်လုံသည် သက်ပြင်းတစ်ချက် ချလိုက်နိုင်သည်။ သူမ သိလိုက်ပသည်မှာ သူမ၏ အသက်က ယာယီအားဖြင့် ဘေးကင်းသွားခဲ့ခြင်းပင်။
"ခရမ်းရွှေဘုရင်... ကျွန်မတို့ အခုအချိန်မှာ တည်ငြိမ်မှု မပျက်သင့်သေးဘူးလို့ ထင်ပါတယ်"
ကြင်ယာတော်လုံသည် အသက်ကို ဝဝရှူလိုက်ပြီး ပရမ်းပတာ ဖြစ်နေသော စိတ်အခြေအနေမှ တဖြည်းဖြည်း ပြန်လည် တည်ငြိမ်အောင် ကြိုးစားလိုက်တော့သည်။
ဘာပဲဖြစ်ဖြစ် သူမသည် ရှေးဟောင်းမသေမျိုးအင်ပါယာ၏ မိဖုရားတစ်ဦးပင်။
သူမသည် ကြီးကျယ်ခမ်းနားသော မြင်ကွင်းပေါင်းများစွာကို မြင်တွေ့ဖူးသူဖြစ်ရာ အလွယ်တကူ တုန်လှုပ်သွားမည့်သူ မဟုတ်ပေ။
"ရှင်ပြောသလိုပဲ... ဒီကိစ္စကို ကောင်းကင်နဲ့ မြေကြီးပဲ သိတယ် ရှင်သိတယ် ကျွန်မသိတယ်"
"ကျွန်မတို့နှစ်ယောက်လုံး နှုတ်ဆိတ်နေသရွေ့တော့... ချန်ကျီရှင်းက ရှင့်ကို သံသယဝင်ရင်တောင်မှ သူ ဘာမှလုပ်ရဲမှာ မဟုတ်ဘူး"
ခဏမျှ တုံ့ဆိုင်းသွားပြီးနောက်...
ကြင်ယာတော်လုံသည် စဉ်းစားရသည်မှာ ပိုမိုရှင်းလင်းလာပြီး ဆက်ပြောလိုက်၏။ "ချန်ကျီရှင်းက သန်မာတယ်လို့ ထင်ရပေမဲ့ တကယ်တမ်းတော့ ခရမ်းရွှေဘုရင်... ရှင့်အတွက်တော့ သူ့ရဲ့အစွမ်းက အနာဂတ်မှာပဲ ရှိသေးတာ။ လက်ရှိမှာ မဟုတ်ဘူး"
"အနာဂတ်ဆိုတာကလည်း အဝေးကြီး လိုသေးတာပဲ။ သူ့ကို လမ်းခုလတ်မှာ နောက်တစ်ကြိမ် ဟန့်တားဖို့ အခွင့်အရေးတွေ အများကြီး ရှိပါသေးတယ်"
သူမ၏ စကားအဆုံးတွင်မူ ခရမ်းရွှေရောင် သရဖူနှင့် အမျိုးသားသည် စိတ်မရှည်သော မျက်နှာထား၊ လှောင်ပြောင်သော လေသံတို့ဖြင့် သူမ၏ စကားကို ဖြတ်ပြောလိုက်တော့သည်။
"အခွင့်အရေး ဟုတ်လား။ ဒီလို ဘေးဒုက္ခကြီး ကြုံပြီးတာတောင်မှ ချန်ကျီရှင်းက တခြားသူတွေ သူ့ကို လုပ်ကြံဖို့ အခွင့်အရေး ပေးလိမ့်မယ်လို့ မင်းထင်နေတာလား ဒါမှမဟုတ် သူ တခြား မသေမျိုး တာအို ဂိုဏ်းတစ်ခုခုထဲ ဝင်သွားပြီဆိုရင်... အဲဒီဂိုဏ်းက တစ်စုံတစ်ယောက်က သူ့ကို သတ်ချင်နေတာကို မရိပ်မိဘဲ သူ့ကို ကာကွယ်ဖို့ အစွမ်းကုန် ကြိုးစားမှာမဟုတ်ဘူးလို့ မင်းယုံနေတာလား"
ခရမ်းရွှေရောင် သရဖူနှင့် အမျိုးသားသည် တဟားဟား ရယ်မောလိုက်ပြီးနောက် သူ၏ လေသံကို ပြောင်းလဲလိုက်ပြန်သည်။
"ခြေလှမ်း တစ်ထောင်လောက် နောက်ဆုတ်ပြီး စဉ်းစားကြည့်ဦး... ချန်ကျီရှင်းက စစ်မှန်သောကိုယ်ပိုင်နယ်ပယ်အဆင့်မှာတင် နိဗ္ဗာနအဆင့်ကို ပြောင်းပြန်လှန် သတ်နိုင်နေပြီ။ သူသာ နိဗ္ဗာနအဆင့်ကို ရောက်သွားရင် ဘယ်သူက သူ့ကို လုပ်ကြံနိုင်မှာလဲ အထွတ်အထိပ်အဆင့်ရှိတဲ့သူကို လွှတ်မှာလား"
"ဒါပေမဲ့ ဒီလောကမှာ အထွတ်အထိပ်အဆင့် ရှိတဲ့သူက လက်ချိုးရေလို့ ရတဲ့အထိ နည်းတာပဲ။ ဘယ်သူက သူတို့ရဲ့ ကိုယ်ရေးကိုယ်တာကို ဖုံးကွယ်ထားနိုင်မှာလဲ"
ကြင်ယာတော်လုံပင် တိတ်ဆိတ်သွားတော့သည်။
သေချာသည်မှာ သူမသည် ထိုမျှအထိ နက်နက်ရှိုင်းရှိုင်း မစဉ်းစားမိခဲ့ခြင်းပင်။
ခရမ်းရွှေရောင် သရဖူနှင့် အမျိုးသားသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး သူ၏ မျက်ဝန်းများမှာ မှေးမှိန်လာသည်။
"ချန်ကျီရှင်းက ကြောက်စရာကောင်းတဲ့ တည်ရှိမှုတစ်ခု ဖြစ်လာနေပြီ။ သူ့ကို သတ်ချင်တာက အရင်လို မလွယ်တော့ဘူး"
"သူ့ကို ရှင်းပစ်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ မင်းဆီမှာရှိတဲ့ ရှေးဟောင်းမသေမျိုးအင်ပါယာရဲ့ ကျောက်စိမ်းတံဆိပ်တော်ကို ငါ့ကိုပေးဖို့ပဲ။ အဲဒါမှ ငါက အင်ပါယာအရှင်သခင်ရဲ့ အမွေအနှစ်ကို ဆက်ခံပြီး ထာဝရအသက်ရှင်ခြင်းအဆင့်ကို အမြန်ဆုံး တက်လှမ်းနိုင်မှာ"
"ငါသာ ထာဝရအသက်ရှင်ခြင်းအဆင့်ကို ရောက်သွားရင် တာလျိုတာအိုနယ်မြေကို ငါ ထိန်းချုပ်နိုင်လိမ့်မယ်"
"အဲဒီအချိန်ကျရင်တော့ ချန်ကျီရှင်းကို သတ်ဖို့ဆိုတာ လက်ဖျောက်တစ်ချက်တီးရသလောက် လွယ်သွားပြီ"
ထိုစကားကို ကြားသောအခါ ကြင်ယာတော်လုံ၏ မျက်နှာထက်၌ တွန့်ဆုတ်မှုနှင့် စိတ်အတွင်း၌ တိုက်ပွဲဖြစ်နေသော အရိပ်အယောင်များ ပေါ်ပေါက်လာတော့သည်။
...
...
တစ်ချိန်တည်းမှာပင် နက်မှောင်သော လျှို့ဝှက်ငှက်အလံစိုက်ထူထားသည့် ရွှေရောင်ရထားလုံး အတွင်း၌...
အခန်း။ ၂၉၀
စီကုန်းရွှမ်ကျီ၏ မျက်ဝန်းထဲမှ ထိတ်လန့်တုန်လှုပ်မှုတို့သည် တဖြည်းဖြည်း ချုပ်ငြိမ်းသွားခဲ့၏။
မသေမျိုးတောင်ခြေမှ ထွက်ပေါ်လာသော ကျင့်ကြံသူတို့၏ ရူးသွပ်ဖွယ် အော်ဟစ်သံများကို နားစွင့်ရင်း သူ၏ မျက်နှာမှာ ပိုမို၍ပင် ခက်ထန်လာတော့သည်။
သူ ဆုပ်ကိုင်ထားသော ထိုင်ခုံလက်ရန်းမှာလည်း သူကိုယ်တိုင်ပင် သတိမထားမိလိုက်ဘဲ အမှုန့်အဖြစ်သို့ ကြေမွသွားခဲ့သည်။
"ချန်ကျီရှင်း"
သူသည် ထိုစကားသုံးခွန်းကို သွားကြားထဲမှ မနည်းညှစ်ထုတ်ကာ ပြောလိုက်၏။
သူ၏ အသံမှာ ရေခဲကဲ့သို့ အေးစက်နေပြီး သူကိုယ်တိုင်ပင် သတိမပြုမိသော ကြောက်ရွံ့မှုအရိပ်အယောင်တို့ အနည်းငယ် စွက်ဖက်နေသည်။
"နိဗ္ဗာနအဆင့် ကျင့်ကြံသူတစ်ယောက်လို အပြစ်အနာအဆာကင်းတဲ့ အစွမ်းရှိတဲ့သူတစ်
ယောက်က ချန်ကျီရှင်းကို သတ်ဖို့ ပျက်ကွက်ခဲ့ရုံတင်မကဘူး။ ဒီရှေးဟောင်းနယ်မြေထဲမှာတင် ချန်ကျီရှင်းရဲ့ လက်ချက်နဲ့ အသက်ဓာတ်ရော၊ သက်တမ်းပါ အကုန်ဝါးမြိုခံလိုက်ရပြီး အသတ်ခံလိုက်ရတယ်တဲ့လား...
ဒါက ထိတ်လန့်စရာကောင်းတဲ့ အဆင့်ထက်တောင် ကျော်လွန်နေပြီ။ ငါကိုယ်တိုင်သာ အထင်အရှား မြင်တွေ့ခဲ့ရတာ မဟုတ်ရင် ဒီလိုကိစ္စမျိုးကို ဘယ်လိုနည်းနဲ့မှ ယုံကြည်မိမှာ မဟုတ်ဘူး"
"မျိုးနွယ်စုခေါင်းဆောင်... အခု ချန်ကျီရှင်းမှာ လူထုရဲ့ ထောက်ခံမှုတွေ ရှိနေပြီ။ သူက တကယ်ပဲ သြဇာအာဏာ ရှိလာပြီ"
စီကုန်းရွှမ်ကျီ၏ ဘေးတွင် ရပ်နေသော ဝတ်ရုံနက်နှင့် အဘိုးအိုက လေသံတိုးတိုးဖြင့် ပြောလိုက်သည်။
"လူထုရဲ့ ထောက်ခံမှု ဟုတ်လား"
စီကုန်းရွှမ်ကျီသည် ရယ်စရာကောင်းသော ပြက်လုံးတစ်ခုကို ကြားလိုက်ရသည့်အလား တဟားဟား ရယ်မောလိုက်တော့သည်။
"ဒီလို အခြေခံအဆင့် ကျင့်ကြံသူတွေက ဘာသိမှာလဲ သူတို့ဆိုတာ ကိုယ်ပိုင်စဉ်းစားဉာဏ် မရှိဘဲ လူထုသဘောထားရဲ့ နောက်ကို ကောက်ကောက်ပါအောင် လိုက်နေကြတဲ့ လူမိုက်တွေပဲ။ တစ်ခါတလေ ဒေါသထွက်လိုက်၊ တစ်ခါတလေ စိတ်ဓာတ်တက်ကြွလိုက်၊ တစ်ခါတလေ သနားလိုက်နဲ့ ကိုယ့်ကိုကိုယ် ပြန်သနားနေကြတဲ့သူတွေ။
သူတို့ကို နည်းနည်းလောက် လမ်းကြောင်းပေးလိုက်ရုံပဲ။ ချန်ကျီရှင်းက မာနကြီးတယ်။ အခြေခံအဆင့် ကျင့်ကြံသူတွေကို အမြဲအထင်သေးတယ်။ သူတို့မှာ အစွမ်းနဲ့ အရင်းအမြစ် မရှိတာကို လှောင်ပြောင်တတ်တယ်လို့ သတင်းလွှင့်ပေးလိုက်ရုံနဲ့... အရာအားလုံးက ချက်ချင်း ပြောင်းပြန်လှန်သွားလိမ့်မယ်"
ဝတ်ရုံနက်နှင့် အဘိုးအိုက ခေါင်းညိတ်လိုက်၏။ သူသည် ဤနည်းဗျူဟာနှင့် အတော်ပင် ရင်းနှီးလှသည်။ ဟွိုင်ပြည်နယ် နယ်မြေအတွင်း စီကုန်းမိသားစု တန်ခိုးထွားလာစဉ်ကလည်း သူတို့တွင် အလားတူ ပြိုင်ဘက်များစွာ ရှိခဲ့ဖူးသည်။
သူတို့သည် ဤနည်းလမ်းကို တစ်ကြိမ်ထက်မက အသုံးပြုခဲ့ကြဖူးပြီး လူထုဒေါသကို ဆွပေးကာ ပြိုင်ဘက်များကို အရှက်တကွဲ အကျိုးနည်းဖြစ်စေပြီး အများ၏ ဝိုင်းဝန်းတိုက်ခိုက်ခြင်းကို ခံရအောင် ပြုလုပ်ခဲ့ကြသည်။
ဤအရာကို လုပ်ဆောင်ရန်မှာ အလွန်ပင် ရိုးရှင်းလှ၏။ ထိုသူပြောသော စကားများကိုသာ အာရုံစိုက်ထားပြီး အနည်းငယ်သော အမှား သို့မဟုတ် မသင့်တော်သော အချက်ကို တွေ့သည်
နှင့် ချဲ့ကားကာ အကျယ်ချဲ့ပစ်လိုက်ရုံပင်။
ထို့နောက် ၎င်းကို ကိုယ်ကျင့်တရားဆိုင်ရာ အမြင့်ဆုံးနေရာသို့ ဆွဲတင်လိုက်ရုံပင်။
"တစ်စုံတစ်ယောက်ကသာ ကိုယ့်ကို အပြစ်ရှာဖို့ စောင့်ကြည့်နေမယ်ဆိုရင်... ဘယ်သူကများ သူပြောသမျှ စကားတိုင်းမှာ အပြစ်ကင်းစင်နေပါ့မလဲ"
သူ့၏ အကြည့်များက လူအုပ်ကြီးဆီကို ရောက်သွားပြီး သက်ပြင်းတစ်ချက် ချလိုက်၏။
"ဒီလိုနဲ့ပဲ... ကျင့်ကြံခြင်းလောကရဲ့ အောက်ခြေမှာ ရုန်းကန်နေရပြီး ဘဝကို မကျေမနပ် ဖြစ်နေကြတဲ့သူတွေက သူတို့ရဲ့ ကံဆိုးမှု အဝဝက ဒီလူကြောင့်ပဲဆိုပြီး ချက်ချင်း လက်ညှိုးထိုးကြတော့တာပဲ။ လူသားတွေရဲ့ သဘာဝဆိုတာ တကယ်ကို ရှုပ်ထွေးတယ်... အစွမ်းထက်တဲ့သူကို အားကျတတ်ကြသလိုမျိုး တစ်ဖက်မှာလည်း မနာလိုဝန်တိုစိတ်တွေက အမြဲ ကပ်ပါနေတတ်တာပဲ"
ဤအဆင့်တွင် စီကုန်းမိသားစုအနေဖြင့် ကိုယ်ကျင့်တရားဆိုင်ရာ အမြင့်ဆုံးနေရာကို ဆုပ်ကိုင်ကာ မီးလောင်ရာ လေပင့်ပေးမည့် သွေးထိုးလှုံ့ဆော်သူ အနည်းငယ်ကို ရှာဖွေပေးရန်သာ လိုအပ်သည်။
ထိုအခါ သဘာဝအလျောက်ပင် လူအများမှာ တူညီသော ရန်ငြိုးဖြင့် စုပေါင်းကာ ဝိုင်းဝန်းတိုက်ခိုက်ကြတော့မည်ပင်။ ထိုအခါ သူတို့၏ ရန်သူမှာလည်း အလိုအလျောက်ပင် နာမည်ပျက်ကာ ကျဆုံးသွားပေလိမ့်မည်။
"ဒါပေမဲ့ မျိုးနွယ်စုခေါင်းဆောင်... ဇီဝေချန်မိသားစုက ဟွိုင်ပြည်နယ်မှာ ရှိတာ မဟုတ်ဘူး။ ပြီးတော့ ချန်ကျီရှင်းက ပြင်ပက ဝေဖန်မှုတွေကို သိပ်ဂရုစိုက်ပုံမရဘူး။ ဒီနည်းလမ်းက သူ့အပေါ်မှာ ထိရောက်ပါ့မလား"
ဝတ်ရုံနက်နှင့် အဘိုးအိုက ခေါင်းယမ်းလျက် မေးမြန်းလိုက်သည်။ စီကုန်းရွှမ်ကျီမှာမူ ဘာမှပြန်မပြောဘဲ မျက်နှာထား တင်းမာလျက် အတွေးနက်နေ၏။ အတော်ကြာမှသာ သူသည် အသက်ကို ဝဝရှူလိုက်ပြီး ဖြည်းညှင်းစွာ ပြောလိုက်သည်။
"ဒါက ချန်ကျီရှင်းကို သတ်ဖို့ နောက်ဆုံး အခွင့်အရေးပဲ"
"ချန်ကျီရှင်းသာ မသေမျိုး တာအို ဂိုဏ်းတစ်ခုခုထဲ ဝင်သွားပြီဆိုရင် သူ့ကို သတ်ဖို့ဆိုတာ ကောင်းကင်ပေါ် တက်ရသလောက် ခက်သွားလိမ့်မယ်"
"ဒါကြောင့် ချန်ကျီရှင်း ပေါ်လာတဲ့ အခိုက်အတန့်မှာပဲ... မိသားစုရဲ့ အစောင့်အရှောက် ထာဝရအသက်ရှင်ခြင်း လက်နက်တော်တွေကို သုံးပြီး သူ့ကို အခွင့်အရေး မပေးဘဲ တိုက်ရိုက် ချေမှုန်းပစ်ရမယ်"
ဤနေရာတွင် စီကုန်းရွှမ်ကျီက စကားကို ခေတ္တရပ်လိုက်ပြီး မေးလိုက်၏။
"မိသားစု အစောင့်အရှောက် ထာဝရအသက်ရှင်ခြင်း လက်နက်တော်တွေ ဒီကိုရောက်ဖို့ ဘယ်လောက်ကြာဦးမလဲ"
ဝတ်ရုံနက်နှင့် အဘိုးအိုက လက်အုပ်ချီလျက် ပြန်ဖြေလိုက်သည်။
"မျိုးနွယ်စုခေါင်းဆောင်ကို အစီရင်ခံပါတယ်... မနက်ဖြန် မွန်းတည့်ချိန် နောက်ဆုံးထားပြီး မိသားစု အစောင့်အရှောက် ထာဝရအသက်ရှင်ခြင်း လက်နက်တော်တွေ မသေမျိုးတောင်ကုန်းကို ရောက်ရှိလာပါလိမ့်မယ်"
"ကောင်းပြီ"
စီကုန်းရွှမ်ကျီသည် လေးနက်စွာ ခေါင်းညိတ်လိုက်ပြီး အသက်ကို ပြင်းပြင်းရှူလိုက်၏။ သူ၏ မျက်ဝန်းများထဲတွင် တိုက်ပွဲဝင်လိုသော စိတ်ဓာတ်တို့ ဆူပွက်လာခဲ့သည်။
"မိသားစုကို ပြင်ဆင်ထားခိုင်းလိုက်"
"ချန်ကျီရှင်း သေတာနဲ့ တစ်ပြိုင်နက်... ဇီဝေချန်မိသားစုနဲ့ စစ်ပွဲစဖို့ ပြင်ဆင်ထားကြ"
"ဟုတ်ကဲ့ပါ"
ဝတ်ရုံနက်နှင့် အဘိုးအို၏ မျက်ဝန်းထဲတွင် စူးရှသော အရိပ်အယောင်များ လက်ခနဲ ဖြစ်သွားသည်။
တစ်ချိန်တည်းမှာပင် မသေမျိုးတောင်ကုန်း၏ ဝေးလံသော ထောင့်တစ်နေရာ၌ ခန္ဓာကိုယ်တွင် အသားတောင်ပံများ ပါရှိပြီး မိစ္ဆာတံဆိပ်များ ဖုံးလွှမ်းနေကာ မီးခိုးဖြူရောင် ဆံနွယ်များ ပခုံးပေါ်သို့ တွဲကျနေသည့် ပုံရိပ်တစ်ခုမှာ တရားထိုင်နေရင်းမှ မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။
သူသည် မသေမျိုးတောင်ကုန်း အထက်မှ ကြည့်မှန်ပြင်ကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းပြန်ငုံ့ကာ တိုးတိုးလေး ရေရွတ်လိုက်၏။
"ဆန်းပေါင်... မင်းအတွက် ကလဲ့စားချေဖို့ ဖခင်ကြီး မကြာခင် လာခဲ့မယ်"
ထိုစကားအဆုံးတွင် သူသည် မျက်လုံးများကို ပြန်မှိတ်လိုက်ပြီး တိတ်ဆိတ်စွာပင် စောင့်ဆိုင်းနေတော့သည်။
ရှေးဟောင်းနယ်မြေငယ်အတွင်း မည်သည့်အချိန်က စတင်လိုက်သည်မသိသော်လည်း ကောင်းကင်ယံမှ မိုးစက်မိုးပေါက်လေးများမှာ တဖွဲဖွဲ ရွာသွန်းဖြိုးကျလာခဲ့သည်။
တိုက်ပွဲ၏ အကြွင်းအကျန် အမှတ်အသားအားလုံးတို့မှာလည်း မိုးရေနှင့်အတူ တဖြည်းဖြည်း မျောပါသွားကာ မည်သည့်ခြေရာလက်ရာမျှ မကျန်တော့ဘဲ ပျောက်ကွယ်သွားခဲ့သည်။
ချန်ကျီရှင်းမှာမူ မြေပြင်ထက်၌ လဲလျောင်းလျက် နှစ်ခြိုက်စွာ အိပ်ပျော်နေ၏။ ညစ်ပတ်နေသောဝတ်ရုံနှင့်အဘိုးအိုအား တိုက်ခိုက်ခဲ့သော တိုက်ပွဲကြီး ပြီးဆုံးသွားခဲ့သည်မှာ သုံးရက်တိုင်တိုင် ရှိခဲ့ပြီဖြစ်သည်။
ထိုသုံးရက်တာ ကာလပတ်လုံး ချန်ကျီရှင်းမှာ မြေပြင်ထက်၌ သတိမေ့မြောနေသူတစ်ဦးအလား ငြိမ်သက်စွာ လဲလျောင်းနေခဲ့ပြီး အနည်းငယ်မျှပင် လှုပ်ရှားခြင်း မရှိခဲ့ပေ။
သူသည် ယခင်က တစ်ခါမျှ မကြုံဖူးသော အားအင်ကုန်ခမ်းသည့် အခြေအနေသို့ ဆိုက်ရောက်နေခြင်းပင်။
ထိုကာလအတွင်း၌ အချို့သော သတ္တိခဲအချို့သည် ဤအခွင့်အရေးကို အသုံးချကာ ချန်ကျီရှင်းထံမှ မသေမျိုးစစ်မိန့်တော်ကို လုယူရန် ကြိုးစားခဲ့ကြသေးသည်။
သို့သော်လည်း သူတို့သည် ချန်ကျီရှင်း၏ အနီး သုံးမီတာအတွင်းသို့ပင် မဝင်ရောက်နိုင်သေးခင်မှာပင် စိမ်းပြာရောင် ဓားအရှိန်အဝါတစ်ခုမှာ ရုတ်တရက် ပေါက်ကွဲထွက်လာပြီး သူတို့ကို တစ်ခဏချင်းမှာပင် ထိုးဖောက်၍ သတ်ဖြတ်ပစ်ခဲ့သည်။
ချန်ကျီရှင်း သတိမေ့မြောနေခဲ့သော ထိုသုံးရက်တာအတွင်း၌ စိမ်းပြာရောင် ရွှေမြေပဲဓားသည် သူ၏ဘေး၌ ဝဲပျံနေလျက် အစောင့်အရှောက်အဖြစ် တာဝန်ယူပေးနေခဲ့ခြင်းပင်။
ရှူး... ရှူး... ရှူး...
အချိန်များမှာ မျက်တောင်တစ်ခတ်အတွင်း ကုန်ဆုံးသွားခဲ့ပြီး နောက်ထပ် နှစ်ရက်မျှ ထပ်မံ ကြာမြင့်သွားခဲ့ပြန်သည်။ ကောင်းကင်ယံကြီး ပြန်လည် ကြည်လင်လာသည်နှင့်အမျှ အဝေးမှ ငှက်ကလေးများသည် ဤဖုန်းဆိုးမြေရိုင်းဆီသို့ မြက်စေ့များကို ယူဆောင်လာကြတော့သည်။ ချန်ကျီရှင်းနှင့် ညစ်ပတ်နေသော ဝတ်ရုံဝတ် အဘိုးအိုတို့၏ တိုက်ပွဲကြောင့် ပျက်စီးသွားခဲ့သော မြေရိုင်းပြင်ကြီးပေါ်တွင် သက်ရှိတို့၏ အရိပ်အယောင်များ ပြန်လည် မြင်တွေ့လာရပြီ ဖြစ်သည်။
စုတ်ပြတ်နေသော အိတ်တစ်လုံးအလား ဖြစ်နေသည့် ချန်ကျီရှင်း၏ ခန္ဓာကိုယ်မှာလည်း ဤငါးရက်တာ ကာလအတွင်း၌ တဖြည်းဖြည်း ပြန်လည် နာလန်ထူလာခဲ့သည်။
ထိုစဉ်မှာပင် ဝေးရာမှ တဖြည်းဖြည်း နီးကပ်လာသော ခြေသံဖွဲဖွဲလေးများကို ကြားလိုက်ရသည်။
ဝှူး
ချန်ကျီရှင်း၏ ဘေးတွင် လဲလျောင်းနေသော စိမ်းပြာရောင်ဓားမှာ ကောင်းကင်ယံသို့ ဝဲတက်သွားပြီး ချန်ကျီရှင်း၏ ရှေ့တွင် ကာရံလျက် ရှေ့တည့်တည့်သို့ နိုးနိုးကြားကြား စိုက်ကြည့်နေတော့သည်။
နက်မှောင်သော ဆံနွယ်များကို ဖားလျားချထားကာ နက်မှောင်သော နဂါးဧကရာဇ်ဝတ်ရုံကို ဆင်မြန်းလျက် ရွှေရောင်မျက်နှာဖုံး စွပ်ထားသည့် ခန့်ညားသော ပုံရိပ်တစ်ခုသည် အသာအယာ ရှေ့သို့ တိုးလာခဲ့သည်။
တစ်ခဏချင်းမှာပင် အဝေးမှ စောင့်ကြည့်နေကြသော မရေမတွက်နိုင်သည့် ပါရမီရှင်တို့မှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး စိတ်ထဲ၌ အနည်းငယ် တုန်လှုပ်သွားကြသည်။
ဝေတုလုံ….
ထာဝရအသက်ရှင်ခြင်း ပါရမီရှင်စာရင်း၏ ဒုတိယနေရာတွင် ရှိနေသူဖြစ်ပြီး ဤလောကတွင် ချန်ကျီရှင်းပြီးလျှင် ဒုတိယအစွမ်းထက်ဆုံးသူ ဖြစ်သည်။
ထို့ပြင် ယခုအထိ ကျင်းပနေသော အရှေ့ဘက်လျှို့ဝှက်နယ်မြေ ပြိုင်ပွဲကြီး၌ မသေမျိုးစစ်မိန့်တော်များကို အများဆုံး ရရှိထားသူလည်း ဖြစ်သည်။
"ဝေတုလုံ... သူ ဘာလို့ ဒီအချိန်မှ ဒီကို ရောက်လာတာလဲ"
အဝေးမှ ချောင်းကြည့်နေကြသော ပါရမီရှင်များသည် သံသယများဖြင့် မျက်လုံးများကို ကျဉ်းမြောင်းလိုက်ကြသည်။
"အခုအချိန်က ချန်ကျီရှင်း အားအနည်းဆုံး ဖြစ်နေတဲ့ အချိန်မဟုတ်ဘူးလား။ ဝေတုလုံလို လူမျိုးက ဒီလိုအချိန်မျိုးမှာမှ ပေါ်လာတယ်ဆိုတာက မကောင်းတဲ့ ရည်ရွယ်ချက် မရှိဘူးလို့ ပြောရင် ဘယ်သူကယုံမှာလဲ"
"ဒါက တကယ့်ကို အခွင့်ကောင်းကို စောင့်နေတဲ့ ဝံပုလွေတစ်ကောင် ရောက်လာသလိုပဲ..."
ဖတ်
စိမ်းပြာရောင် ဓားအလင်းတန်းတစ်ခုမှာ ရုတ်တရက် ခုတ်ပိုင်းချလိုက်ရာ ချန်ကျောက်ရှင်း၏ ရှေ့တစ်မီတာအကွာတွင် ဧရာမ မြေကျင်းကြီးတစ်ခု ဖြစ်ပေါ်သွားတော့သည်။
ချန်ကျောက်ရှင်းမှာမူ ခေါင်းကိုမော့လိုက်ပြီး သူ၏ မျက်နှာဖုံးနောက်ကွယ်မှနေ၍ သူ၏နောက်တွင် ဘေးကင်းစွာ အကာအကွယ်ပေးခြင်း ခံထားရသော ချန်ကျီရှင်းကို စိုက်ကြည့်လိုက်သည်။
"ဒါက ငါ့ကို နောက်ထပ်တစ်လှမ်းမှ ထပ်မတိုးလာနဲ့လို့ သတိပေးနေတာလား"
ချန်ကျောက်ရှင်းသည် သူ၏မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး ခြေလှမ်းများကို ရပ်တန့်လိုက်သည်။ ထို့နောက် လက်နှစ်ဖက်ကို ဖြန့်ပြကာ လေသံတိုးတိုးဖြင့် ပြောလိုက်၏။
"ငါ့မှာ မကောင်းတဲ့ ရည်ရွယ်ချက် မရှိပါဘူး။ ငါက မင်းရဲ့သခင်နဲ့ ကိစ္စတစ်ခု ဆွေးနွေးချင်ရုံတင်ပါ..."
သူ၏ စကားပင် မဆုံးသေးမီမှာပင် ချန်ကျောက်ရှင်း၏ မျက်ဝန်းထဲ၌ စူးရှသော အလင်းတစ်ခု လက်ခနဲဖြစ်သွားပြီး သူသည် ဘေးဘက်သို့ ရုတ်တရက် ရှောင်ထွက်လိုက်သည်။
ဒိုင်း
အစွမ်းထက်လှသော ဓားအရှိန်အဝါတစ်ခုက သူ့ဘေးမှ ကပ်၍ ဖြတ်သန်းသွားခဲ့သည်။ ထိုဓားချက်မှာ လွဲချော်သွားသည်ဟု ဆိုရသော်လည်း ရှေ့သို့ ဆက်လက်တိုးဝင်သွားကာ ပတ်ဝန်းကျင် မြေပြင်တစ်လျှောက် မီတာ ၁၀၀၀ ခန့်ကို ပင်လယ်ပြင်ကြီး နှစ်ခြမ်းကွဲသွားသည့်အလား အက်ကြောင်းကြီး ထင်ကျန်ရစ်စေခဲ့၏။
စိမ်းပြာရောင်ဓား၏ ထိပ်ဖျားသည် ချန်ကျောက်ရှင်းဆီသို့ တစ်ဖန်ပြန်၍ ချိန်ရွယ်လိုက်ပြီး တုန်ခါနေလျက် စူးရှသော ဓားသံများကို ထုတ်လွှတ်နေတော့သည်။ ၎င်း၏ ရည်ရွယ်ချက်မှာ အလွန်ပင် ရှင်းလင်းလှ၏။
[စကားအပိုတွေ ပြောမနေနဲ့။ နောက်ထပ်တစ်လှမ်း ထပ်တိုးလာရင်တော့ မင်းကို ငါ အပိုင်းပိုင်း ခုတ်ပစ်မယ်]
ဤသည်ကို မြင်သောအခါ ချန်ကျောက်ရှင်းမှာ ဘာဆက်လုပ်ရမည်မှန်း မသိတော့ဘဲ စိတ်ပျက်လက်ပျက်ဖြင့် နှာတံကို ပွတ်သပ်နေမိသည်။
သူ ဘာဆက်လုပ်ရမလဲဟု တွေးတောနေစဉ်မှာပင်...
"စိမ်းပြာရောင်... သူ့ကို လာခွင့်ပေးလိုက်ပါ"
ကျောက်စိမ်းကဲ့သို့ နူးညံ့ပြီး အနည်းငယ် အားနည်းနေသော အသံလေးတစ်ခုမှာ စိမ်းပြာရောင်ဓား၏ ဘေးမှ ထွက်ပေါ်လာခဲ့သည်။
စိမ်းပြာရောင်ဓားမှာ ခေတ္တမျှ တွန့်ဆုတ်သွားပြီး ဓားဖျားကို ချန်ကျောက်ရှင်းဆီသို့ တစ်ချက် ထပ်ချိန်လိုက်သည်။
ထို့နောက် ချန်ကျီရှင်းကို ကြည့်လိုက်ကာ "တကယ်လား" ဟု မေးနေသည့်အလား...
"အင်း... သူ့ကို လာခွင့်ပေးလိုက်ပါ"
ထိုအခါမှသာ စိမ်းပြာရောင်ဓားမှာ ဓားဖျားကို ပြန်လှည့်လိုက်ပြီး ချန်ကျီရှင်း၏ ဘေး၌ ပြန်လည် လဲလျောင်းသွားတော့သည်။
သို့သော်လည်း ချန်ကျောက်ရှင်းက တစ်လှမ်းချင်း တိုးကပ်လာသည်နှင့်အမျှ ထိုဓားမှာ အလွန်အမင်း နိုးကြားလျက်ရှိနေဆဲပင်။
အကယ်၍ ချန်ကျောက်ရှင်းထံမှ မကောင်းသော အငွေ့အသက် အနည်းငယ်မျှ ထွက်ပေါ်လာသည်နှင့် ၎င်းမှာ ချက်ချင်းပင် တုံ့ပြန်တိုက်ခိုက်တော့မည့်ပုံပင်။
"ချန်ကျီရှင်း..."
ချန်ကျောက်ရှင်းသည် ချန်ကျီရှင်း၏ ရှေ့တွင် ရပ်တန့်လိုက်ပြီး ရှုပ်ထွေးသော ခံစားချက်တို့ဖြင့် ငုံ့ကြည့်လိုက်သည်။
ယခုအချိန်တွင် ချန်ကျီရှင်းသည် သန်မာနေလိမ့်မည်ဟု သူ ကြိုတင်ခန့်မှန်းထားပြီးသား ဖြစ်သည်။
သူသည် ဝေတုလုံ၏ နည်းစနစ်အားလုံးကို ဆက်ခံထားလျှင်ပင် ချန်ကျီရှင်းကို အနိုင်ရရန် အခွင့်အရေး လုံးဝမရှိနိုင်လောက်အောင်ပင် ချန်ကျီရှင်းမှာ သန်မာနေလိမ့်မည်ဟု သိထား၏။ သို့သော် သူ လုံးဝ ထင်မထားခဲ့သည်မှာ စစ်မှန်သောကိုယ်ပိုင်နယ်ပယ်အဆင့်နှင့် နိဗ္ဗာနအဆင့်ကို သတ်ဖြတ်နိုင်ခြင်းပင်။
ထိုအရာမှာ စစ်မှန်သောကိုယ်ပိုင်နယ်ပယ် ခန္ဓာကိုယ်နှင့် နိဗ္ဗာနအဆင့်ကို မြေလှန်ပစ်လိုက်ခြင်းပင်။
ဤခေတ်တွင် တစ်ခါမျှ မဖြစ်ဖူးသေးသည်ကို အသာထားပါက ဝေတုလုံ၏ မှတ်ဉာဏ်အားလုံးကို စုပ်ယူထားသော သူပင်လျှင် ရှေးဟောင်းသမိုင်းတစ်လျှောက်၌ ချန်ကျီရှင်းကဲ့သို့ ထူးခြားပြောင်မြောက်သော ပါရမီရှင်မျိုး ပေါ်ထွက်ခဲ့ဖူးကြောင်း မည်သည့်သဲလွန်စမျှ မတွေ့ရှိခဲ့ရပေ။