← Chapters

အခန်း (၁၁၂၃-၁၁၂၄)

Vol. 96 Ch. 1123-1124

အခန်း (၁၁၂၃-၁၁၂၄)

Vol. 96 Ch. 1123-1124

အခန်း ၁၁၂၃ - အရိုးနဂါးနောက်သို့ လိုက်ပါသွားသော ဧရာမဘီလူးကြီးတစ်ဦး

အရိုးနဂါးတစ်ကောင်နောက်သို့ လိုက်လံတိုက်ခိုက်ရန် စစ်မြေပြင်မှ ထွက်ခွာသွားသော ဘီလူးကြီးတစ်ဦးကို ကြည့်ပြီး အရိုးစုများ၏ နောက်တွင် ရပ်နေသော ဝတ်စုံနက်ဝတ် ပုဂ္ဂိုလ်မှာ နက်နက်ရှိုင်းရှိုင်း စဉ်းစားခန်း ဝင်သွားခဲ့လေသည်။

ခဏအကြာတွင် ထိုဝတ်စုံနက်ဝတ် ပုဂ္ဂိုလ်သည် သူတွေ့ရှိသမျှအရာအားလုံးကို အထက်သို့ ချက်ချင်း အစီရင်ခံလိုက်တော့သည်။

ထိုပုဂ္ဂိုလ်သည် မိမိနေရာမှ မရွေ့လျားဘဲ သူနှင့် အနီးဆုံးရှိသော အခြားမသေမျိုးမျိုးနွယ်စု ဝတ်စုံနက်ဝတ် အဖွဲ့ဝင်ထံသို့ စိတ်အာရုံဖြင့် သတင်းပို့လိုက်ခြင်း ဖြစ်သည်။ ထိုမှတစ်ဆင့် သတင်းစကားမှာ တစ်ဆင့်ပြီးတစ်ဆင့် ကူးပြောင်းသွားကာ ဟင်းလင်းပြင် အက်ကြောင်းဆီသို့ အချိန်တိုအတွင်း ရောက်ရှိသွားတော့သည်။

ယခင်က စစ်သုံးယာဉ်များနှင့် ပတ်သက်သော သတင်းအချက်အလက်များကိုလည်း ဤနည်းလမ်းဖြင့်ပင် ပေးပို့ခဲ့ခြင်း ဖြစ်သည်။ သို့မဟုတ်ပါက ရှေ့တန်းစစ်မျက်နှာသည် ဟင်းလင်းပြင် အက်ကြောင်းနှင့် အလွန်ဝေးကွာလှသဖြင့် ကျောက်တုံးအိမ်များအတွင်းရှိ ဝတ်စုံနက်ဝတ် ပုဂ္ဂိုလ်များမှာ သတင်းကို ဤမျှ လျင်မြန်စွာ ရရှိနိုင်မည် မဟုတ်ပေ။

ကျောက်တုံးအိမ်အတွင်းရှိ ဝတ်စုံနက်ဝတ် ပုဂ္ဂိုလ်များသည် နောက်ထပ် စိတ်အာရုံပုံရိပ်တစ်ခုကို လက်ခံရရှိလိုက်ကြသည်။ ထိုပုံရိပ်ထဲတွင် အရိုးနဂါးနောက်သို့ လိုက်ပါသွားသော ဧရာမဘီလူးကြီး၏ မြင်ကွင်းကို တွေ့လိုက်ကြရသည်။

“ဒီပုံစံအတိုင်းဆိုရင်... ငါတို့သာ ဘီလူးတွေကို တစ်ကောင်ချင်းစီ မျှားခေါ်သွားနိုင်မယ်ဆိုရင် သူတို့ရဲ့ ခံစစ်ကို ဖျက်ဆီးဖို့ လွယ်သွားမှာ မဟုတ်ဘူးလား။”

“အဲ့ဒီလောက် မရိုးရှင်းဘူး။ အရိုးနဂါးတစ်ကောင်က အစွမ်းထက်တယ်ဆိုပေမဲ့ သူ့ရဲ့ အင်အားကလည်း အကန့်အသတ် ရှိတယ်။ တခြား ခံစစ်စည်းတွေမှာ သူတို့သာ အစွမ်းကုန် ခုခံမယ်ဆိုရင် တောင့်ခံထားနိုင်သေးတယ်။”

“မှန်တယ်။ ဧရာမဘီလူးတွေက ငါတို့ရဲ့ ရန်သူကို ခွဲထုတ်တိုက်ခိုက်တဲ့ ဗျူဟာထဲကို အလွယ်တကူ ကျဆင်းသွားမှာ မဟုတ်ဘူး။”

“အင်း... သူတို့ လွယ်လွယ်မယုံနိုင်ဘူး ဆိုပေမဲ့လည်း ငါတို့ စမ်းကြည့်လို့ရပါတယ်။ တကယ်လို့ တကယ်အလုပ်ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ။”

ဝတ်စုံနက်ဝတ် ပုဂ္ဂိုလ်များသည် သဘောတူညီမှု ရရှိသွားကြပြီး ထိုဘီလူးကြီးများ အရိုးနဂါးများနောက်သို့ အမှန်တကယ်လိုက်လာမလား ဆိုသည်ကို စမ်းသပ်ရန် ချက်ချင်း ဆုံးဖြတ်လိုက်ကြသည်။

ဧရာမဘီလူးကြီးများ ခုခံထားသည့် ရှေ့တန်းစစ်မျက်နှာတွင် အရိုးနဂါးနှစ်ကောင်သည် စစ်မြေပြင်မှ ခွဲထွက်ကာ ဘယ်ဘက်နှင့် ညာဘက်သို့ တစ်ကောင်စီ ပျံသန်းသွားကြသည်။

ယင်းကို မြင်သောအခါ ဧရာမဘီလူးခေါင်းဆောင်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

“သူတို့က ငါတို့ရဲ့ အင်အားကို ခွဲထုတ်ဖို့ ကြိုးစားနေတာလား။ ငါတို့ ဒီထောင်ချောက်ထဲကို လုံးဝ အကျခံလို့ မဖြစ်ဘူး။”

“အားလုံးပဲ... သူတို့ဘက်က အင်အားအချို့ ထွက်သွားတဲ့အချိန်မှာ အစွမ်းကုန် တိုက်ခိုက်ကြစမ်း။”

ဧရာမဘီလူးခေါင်းဆောင်က အသံကျယ်ကြီးဖြင့် အမိန့်ပေးလိုက်သည်။

“ဟုတ်ကဲ့။”

ဧရာမဘီလူးများက တညီတညွတ်တည်း တုံပြန်လိုက်ကြသည်။

ဧရာမဘီလူးခေါင်းဆောင်မှာ အစာမျှားသည့်နောက်သို့ မလိုက်သည့်အပြင် သူ၏ အမိန့်ပေးမှုအောက်တွင် ဧရာမဘီလူးများမှာ စိတ်ဓာတ်များ တက်ကြွလာကာ အရိုးနဂါး နှစ်ကောင်၊ သုံးကောင်ခန့်ကို ချက်ချင်း သတ်ဖြတ်လိုက်ကြသည်ကို မြင်သောအခါ နောက်ကွယ်မှ ဝတ်စုံနက်ဝတ် ပုဂ္ဂိုလ်များမှာ ထိတ်လန့်သွားကြတော့သည်။

ဧရာမဘီလူးများက အခြေအနေကို ချက်ချင်း ပြောင်းပြန်လှန်ပစ်လိုက်သဖြင့် ဝတ်စုံနက်ဝတ် ပုဂ္ဂိုလ်များမှာ ကြောက်လန့်တကြားနှင့် မျှားခေါ်သွားသော အရိုးနဂါးများကို စစ်ပွဲအတွင်းသို့ အမြန်ဆုံး ပြန်လည် ဆင့်ခေါ်လိုက်ရတော့သည်။

ရှောင်းယီနှင့် အခြားသူများသည်လည်း ရှေ့တန်းမှ စစ်သုံးယာဉ်များကို အသုံးပြုကာ မသေမျိုးမျိုးနွယ်စုများကို ဆက်တိုက် သုတ်သင်နေကြသည်။ မသေမျိုးများ နောက်ဆုတ်သွားသည့်တိုင်အောင် စစ်သုံးယာဉ်များက လိုက်လံ ချေမှုန်းနေဆဲပင်။

စစ်ပွဲအတွင်းသို့ ရှောင်းယီ ဝင်ရောက်လာပြီးနောက်ပိုင်းတွင် မသေမျိုးမျိုးနွယ်စုများ၏ အရေအတွက်မှာ အနှုတ်လက္ခဏာဘက်သို့ ဦးတည်လာသည်ကို ရန်သူများ ရုတ်တရက် သတိပြုမိသွားကြသည်။

တစ်နည်းအားဖြင့်ဆိုသော် ဟင်းလင်းပြင် အက်ကြောင်းမှ မသေမျိုးများ ထွက်ပေါ်လာသည့် နှုန်းထက် ရှောင်းယီ၏ သတ်ဖြတ်နိုင်စွမ်းက ပို၍ မြန်ဆန်နေခြင်းပင် ဖြစ်သည်။

“စစ်သုံးယာဉ် အားလုံး သတိထား...။ ဆီလက်ကျန်ကို စစ်ဆေးကြည့်ကြပါ။ ဆီနည်းနေရင် ဆီပြန်ဖြည့်ဖို့ ချက်ချင်း ပြန်လာကြပါ။”

ရှောင်းယီက သတိပေးလိုက်သည်။ မောင်းနှင်သူများမှာ တိုက်ခိုက်ရင်း စိတ်လှုပ်ရှားကာ ဆီကုန်သွားမည်ကို သူ အမှန်တကယ် စိုးရိမ်မိသည်။ ဆီမရှိဘဲ စစ်မြေပြင်အလယ်တွင် စစ်သုံးယာဉ်တစ်စီး ရပ်တန့်သွားခြင်းမှာ အလွန် အန္တရာယ်များလှသည်။

သင်တန်းဆင်းသည်မှာ တစ်ရက်ပင် မပြည့်သေးသော ထိုမောင်းနှင်သူများသည် ရှောင်းယီ သတိပေးမှသာ ဆီကုန်လုနီးပါး ဖြစ်နေသည်ကို သတိထားမိသွားကြကာ တစ်စီးပြီးတစ်စီး နောက်ပြန်လှည့်လာခဲ့ကြသည်။

“တော်သေးတာပေါ့... ကျွန်းပိုင်ရှင် သတိပေးလို့။ မဟုတ်ရင် ဒီစစ်သုံးယာဉ်တွေ စစ်မြေပြင်မှာ ထိုးရပ်သွားလို့ကတော့ အရှက်ကွဲပြီပဲ။”

“အရှက်ကွဲတာက ကိစ္စမရှိဘူး...။ ငါတို့ ပြန်ရောက်ရင် နည်းပြတွေက ဆူလိုက်ကြမယ့် ဖြစ်ခြင်း။”

“တကယ်တော့ ဆူခံရတာကလည်း ကိစ္စသေးသေးလေးပါ...။ ငါ့အထင်တော့ သူတို့ ငါတို့ကို အသေအလဲ လေ့ကျင့်ခန်းတွေ ထပ်ခိုင်းဦးမှာ သေချာတယ်။”

စစ်သုံးယာဉ်မောင်းများသည် ဆီဖြည့်နေစဉ်အတွင်း စုထိုင်ကာ စကားစမြည် ပြောဆိုနေကြသည်။

မြို့ရိုးပေါ်မှနေ၍ ၂၀ ကီလိုမီတာခန့် နောက်ဆုတ်သွားရသဖြင့် မြင်ကွင်းမှ ပျောက်ကွယ်လုနီးပါးဖြစ်နေသော မသေမျိုးမျိုးနွယ်စုများကို ကြည့်ရှုရင်း ရှောင်းယီက အမိန့်ပေးလိုက်သည်။

“ကင်းစောင့်တာဝန်ရှိတဲ့သူတွေကလွဲရင် ကျန်တဲ့စစ်သည်တွေ အားလုံး အခုချက်ချင်း အနားယူကြ။”

“ဟုတ်ကဲ့။”

ထို့နောက် ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို စောင့်ကြပ်နေသော စစ်သည်ကို ပြောလိုက်သည်။

“တစ်ခုခု ထူးခြားတာရှိရင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကနေ ငါ့ကို အသိပေး။ ငါ အရင်သွားနားတော့မယ်။”

“ဟုတ်ကဲ့ပါ ကျွန်းပိုင်ရှင်။”

ထို့နောက် ရှောင်းယီသည် မြို့ပြန်ကျောက်ကို အသုံးပြုကာ သူ၏ အိပ်ခန်းထဲသို့ တိုက်ရိုက်ပြန်သွားပြီး ကုတင်ပေါ်သို့ ပစ်လှဲချလိုက်သည်။

မသေမျိုးမျိုးနွယ်စုများသည် ၎င်းတို့တွင် အခြားအကွက်များ ကျန်ရှိနေဦးမည်ဖြစ်ပြီး ကျန်ရှိနေသော ညတာသည် အေးချမ်းလိမ့်မည်မဟုတ်ကြောင်း သူသိသည်။ ထို့ကြောင့် သူသည် ခွန်အားကို စုဆောင်းကာ မသေမျိုးတို့၏ နောက်ထပ်လှုပ်ရှားမှုကို စောင့်ဆိုင်းရန် လိုအပ်သည်။ ရှောင်းယီသည် မကြာမီပင် အိပ်ပျော်သွားတော့သည်။

ရှေ့တန်းစစ်မျက်နှာတွင်မူ ဧရာမဘီလူးကြီး ဟူကျဲသည် ထိုအရိုးနဂါးနောက်သို့ လေး၊ ငါးနာရီကြာအောင် လိုက်လံတိုက်ခိုက်ခဲ့ပြီးနောက် နောက်ဆုံးတွင် အရိုးနဂါး၏ အရှိန်မှာ စတင်နှေးကွေးလာခဲ့သည်။

“ဒါက အနောက်ဘက်စစ်မျက်နှာနဲ့ တူတယ်။ ဒါကြီးက ဘာလို့ ဒီကို ပြေးလာတာလဲ။”

ဟူကျဲမှာ အရိုးနဂါး၏ ရည်ရွယ်ချက်ကို လုံးဝ နားမလည်နိုင်ဖြစ်နေခဲ့သည်။

ထိုအချိန်မှာပင် အော့ခ်မြို့ရိုးပေါ်ရှိ ကင်းစောင့်စစ်သည်များသည် ကြီးမားလှသော အရိုးနဂါးနှင့် ဟူကျဲတို့ကို မြင်တွေ့သွားကြသည်။

“သတိပေးသံပေးလိုက်... မြန်မြန်...။”

ကင်းစောင့်က ချက်ချင်းအော်ဟစ်လိုက်သည်။

ဝီ... ဝီ... ဝီ...

သတိပေးသံများ ချက်ချင်းပင် ထွက်ပေါ်လာခဲ့သည်။ ကင်းစောင့်စစ်သည်မှာ အနီးရှိ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ အပြေးအလွှားသွားကာ အမောတကော ပြောလိုက်သည်။

“မြန်မြန်... ကျွန်းပိုင်ရှင်ကို သတင်းပို့လိုက်။ ဧရာမဘီလူးကြီးတစ်ကောင်နဲ့ ဒိုင်နိုဆောကြီးတစ်ကောင် ဒီကို လာနေပြီ။”

“ဟုတ်ကဲ့...”

ကျွန်းအထိမ်းအမှတ်ကျောက်တိုင် ဆက်သွယ်ရေးတာဝန်ခံက ပြန်ဖြေပြီး ရှောင်းယီထံသို့ သတင်းချက်ချင်း ပေးပို့လိုက်တော့သည်။

အနားယူနေသော ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှ အချက်ပေးသံကို ကြားလိုက်ရသည်။ သူသည် ကုတင်ပေါ်မှ ချက်ချင်းလိမ့်ဆင်းကာ ကျောက်တိုင်ဆီသို့ ပြေးသွားပြီး သတင်းစကားကို စစ်ဆေးလိုက်ကာ မြို့ပြန်ကျောက်တုံးကို အသက်သွင်းလိုက်တော့သည်။

ဤတစ်ကြိမ်တွင်မူ သူသည် သရဲတံခါးတောင်ကြား ခံစစ်စည်းသို့ မသွားဘဲ အော့ခ်မျိုးနွယ်စုများရှိရာသို့ တိုက်ရိုက်ရောက်ရှိလာခဲ့သည်။

ကျန်းယွင်ထျန်းသည်လည်း မြို့ရိုးပေါ်သို့ ရောက်ရှိနေပြီဖြစ်ပြီး အဝေးတွင် လုံးထွေးသတ်ပုတ်နေကြသော ဧရာမ သတ္တဝါကြီးနှစ်ကောင်ကို အကဲခတ်နေခဲ့သည်။

အရိုးနဂါး၏ အရှိန်နှေးသွားသည်ကို မြင်သောအခါ ဟူကျဲသည် ယင်းကို ဖမ်းဆီးရန် အခွင့်အရေးကောင်းကို လက်လွှတ်မခံတော့ပေ။ သူသည် အရိုးနဂါးကို အလျင်အမြန်လိုက်မီသွားပြီး တိုက်ခိုက်လေတော့သည်။

“ကျွန်းပိုင်ရှင်....”

ရှောင်းယီ ရောက်လာသည်ကို မြင်သောအခါ ကျန်းယွင်ထျန်းက နှုတ်ဆက်လိုက်သည်။

“အဲ့ဒီ ဒိုင်နိုဆောအရိုးစုက မြောက်ဘက်ကနေ လာတာပါ။ အဲ့ဒီဘီလူးက တစ်လမ်းလုံး လိုက်လာတာနဲ့ တူတယ်။”

ရှောင်းယီက ခေါင်းညိတ်လိုက်ပြီး လင်းထိန်နေသော လရောင်ကို အသုံးပြုကာ စတင်အကဲခတ်လိုက်သည်။

[အရိုးနဂါး (SSS။အဆင့်): ကမ္ဘာဦး ဧရာမသတ္တဝါ တိုင်ရန်နိုဆောရပ်စ် ရက်စ် (T-Rex) မှ ဖြစ်ပေါ်လာသော အရိုးစုဖြစ်သည်။ ၎င်း၏ အရိုးများမှာ အလွန်မာကျောပြီး တိုက်ခိုက်နိုင်စွမ်းမှာ ကြောက်မက်ဖွယ်ကောင်းလှသည်။]

“ဒါက တကယ်ကြီး T-Rex အရိုးစုပဲ။”

ရှောင်းယီက အံ့အားသင့်စွာ ပြောလိုက်သည်။

“ကြည့်ရတာတော့ အဲ့ဒီအတိုင်းပဲ။”

ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။

“ငါတို့ ဘာလုပ်ကြမလဲ။ အဲဒီ့ဘီလူးကြီး တစ်ယောက်တည်းနဲ့တော့ ဒီ T-Rex ကို နိုင်မှာမဟုတ်ဘူးလို့ ငါခံစားနေရတယ်။”

“ငါ့ကို အသံချဲ့စက် တစ်ခု ပေးစမ်း။”

ရှောင်းယီက ပြောလိုက်သည်။

ဤဘီလူးကြီးများအတွက် ရှောင်းယီနှင့် အခြားသူများမှာ အလွန်သေးငယ်လွန်းလှသည်။ သူတို့၏ အသံသက်သက်ဖြင့် အော်ဟစ်မည်ဆိုပါက တိုက်ပွဲဖြစ်ပွားနေသော ဧရာမဘီလူးကြီးမှာ သတိထားမိလိမ့်မည် မဟုတ်ပေ။

ထို့ပြင် စစ်သုံးယာဉ်များကိုသာ အဆင်ခြင်မဲ့ မောင်းထွက်သွားပါက ဘီလူးကြီးက ရန်သူဟု ထင်မှတ်ကာ တိုက်ခိုက်လာလျှင် ပို၍ အခက်တွေ့ပေလိမ့်မည်။ ထို့ကြောင့် ရှောင်းယီက ဧရာမဘီလူးမျိုးနွယ်စုနှင့် အရင်ဦးဆုံး ဆက်သွယ်ရန် စီစဉ်လိုက်ခြင်းဖြစ်သည်။

“ဟယ်လို... ဧရာမဘီလူးမျိုးနွယ်စုက မိတ်ဆွေ။ ကျုပ်တို့က မသေမျိုးမျိုးနွယ်စုကို ခုခံဖို့ ကူညီပေးနေတဲ့ အပြင်လူတွေပါ။ ခင်ဗျားသာ အဲ့ဒီအရိုးနဂါးကို မလွတ်အောင် ထိန်းထားပေးနိုင်မယ်ဆိုရင် ကျုပ်တို့ အတူတူ ပူးပေါင်းပြီး အပြတ်ရှင်းပစ်လို့ ရတယ်။”

ရှောင်းယီက နက်ရှိုင်းသောအသံဖြင့် ပြောလိုက်သည်။

အသံချဲ့စက်ကြောင့် ရှောင်းယီ၏ အသံမှာ အတိုင်းထက်အလွန် ကျယ်လောင်သွားတော့သည်။ တိုက်ပွဲအလယ်မှ ဟူကျဲမှာ ထိုအသံကို အတိုင်းသား ရှင်းရှင်းလင်းလင်း ကြားလိုက်ရလေသည်။

သို့သော် ရှောင်းယီ၏ အသံကို ကြားလိုက်ရသဖြင့် ဟူကျဲမှာ အနည်းငယ် မှင်သက်သွားလဲ့သည်။ ထိုသို့ အာရုံလွဲသွားသည့် အလိုက်အတွင်းမှာပင် အရိုးနဂါး၏ ထက်မြက်သော လက်သည်းများက သူ၏ ဘယ်ဘက်လက်မောင်းကို ကုတ်ခြစ်လိုက်သည်။

ဖျစ်....။

ဧရာမ သွေးပန်းများမှာ မိုးရွာသကဲ့သို့ ကျဆင်းလာတော့သည်။ ရှောင်းယီနှင့် အခြားသူများအဖို့မူ ကောင်းကင်ပေါ်မှ ဧရာမ သွေးဇလုံကြီးတစ်ခုကို မှောက်ချလိုက်သကဲ့သို့ပင်။

ဘယ်ဘက်လက်မောင်းမှ စူးရှသော နာကျင်မှုကြောင့် ဟူကျဲ သတိပြန်ဝင်လာခဲ့သည်။ သူသည် အရိုးနဂါးထံမှ ခွာလိုက်ပြီး မြို့ရိုးပေါ်ရှိ ရှောင်းယီနှင့် အခြားသူများကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။

“ဒီလိုကြီးမားတဲ့ တိုက်ပွဲမျိုးက မင်းတို့ ဝင်ပါနိုင်တဲ့ အရာမဟုတ်ဘူး။”

ဟူကျဲက ဟိန်းထွက်နေသော အသံကြီးဖြင့် ပြန်ပြောလိုက်သည်။ မြို့ရိုးပေါ်ရှိ လူတိုင်းမှာ နားထဲ၌ တဝီဝီ မြည်သွားကြတော့သည်။

ရှောင်းယီက ဆက်ပြောလိုက်သည်။

“အခု အခြေအနေအရ ခင်ဗျားလည်း တစ်ယောက်တည်း အနိုင်မယူဘူး။ ကျုပ်တို့ကို ဘာလို့ စမ်းကြည့်ခွင့် မပေးတာလဲ။”

အခန်း ၁၁၂၄- ဧရာမဘီလူးကြီး၏ ထိန်းချုပ်မှု၊ စစ်ကားများ၏ အရိုးနဂါးအား အပြင်းအထန်ပစ်ခတ်မှုနှင့် ကုသခြင်း

ရှောင်းယီ၏ စကားကို ကြားလိုက်ရသောအခါ ဟူကျဲတစ်ယောက် မျက်မှောင်ကြုတ်လိုက်မိပြန်သည်။ သူသည် အရိုးနဂါး၏ ထက်မြက်သော လက်သည်းများကို ရှောင်တိမ်းပြီးနောက် ပြန်ဖြေလိုက်သည်။

“ကောင်းပြီ။ ဒါပေမဲ့ ငါ အတတ်နိုင်ဆုံးပဲ ထိန်းထားပေးနိုင်မယ်။ ဘာပဲပြောပြော ဒီကောင့်ရဲ့ ခွန်အားက ငါ့ထက် မနိမ့်ဘူး။ မင်းတို့အားလုံးလည်း သတိထားကြပါ။”

“ကောင်းပြီ။”

ရှောင်းယီက ပြန်ဖြေလိုက်ပြီးနောက် ကျန်းယွင်ထျန်းကို လှည့်ပြောလိုက်သည်။

“ဘယ်လိုလဲ...ငါနဲ့အတူ စစ်ကားကိုသုံးပြီး ဒီတိုင်ရန်နိုဆောရပ်စ်ကို တိုက်ခိုက်ရဲရဲ့လား။”

“ဘာလို့ မရဲရမှာလဲ။”

ကျန်းယွင်ထျန်းက သူရဲကောင်းပီသသော စိတ်ဓာတ်ဖြင့် ပြန်ပြောလိုက်သည်။

“ငါလည်း စစ်ကားသုံးပြီး တိုင်ရန်နိုဆောရပ်စ်ကို တစ်ခါမှ မတိုက်ဖူးသေးဘူး။”

“ကောင်းပြီ...ပြင်ဆင်ထားကြ။ အခုချက်ချင်း ထွက်ခွာမယ်။ ကျန်တဲ့ စစ်ကားတွေလည်း နောက်ကလိုက်ခဲ့။ အဲ့ဒီ တိုင်ရန်နိုဆောရပ်စ်နဲ့ တစ်ကီလိုမီတာ အကွာအဝေးမှာ နေရာယူထားပြီး အမိန့်ပေးတာနဲ့ ပစ်ခတ်ဖို့ အသင့်စောင့်နေကြ။”

ရှောင်းယီက အမိန့်ပေးလိုက်သည်။

“ဟုတ်ကဲ့။”

အားလုံးက ပြိုင်တူ တုံပြန်လိုက်ကြသည်။

ထိုအချိန်တွင် စစ်ကားများပေါ်မှ စစ်သားများသည် ကြောက်ရွံ့၍မဟုတ်ဘဲ စိတ်လှုပ်ရှားလွန်း၍ တစ်ကိုယ်လုံး တုန်ယင်နေကြသည်။ အရင်က သူတို့သတ်ခဲ့သော မသေမျိုးမျိုးနွယ်များကို စစ်ကားများဖြင့် ကြိတ်ခြေခဲ့ခြင်းသာ ဖြစ်ပြီး အမြောက်များကို အသုံးမပြုရသေးပေ။ ယခုတစ်ကြိမ်တွင်မူ သူတို့အတွက် ပစ်ခတ်ခွင့်ရမည့် အခွင့်အရေး ရောက်လာပြီဖြစ်ရာ အလွန်ပင် စိတ်လှုပ်ရှားနေကြပြီဖြစ်သည်။ လေ့ကျင့်ရေးတုန်းက ပစ်ခဲ့ရသော အချက်အနည်းငယ်မှာ သူတို့အတွက် လုံးဝ အားမရနိုင်စရာပင်။

ရှောင်းယီနှင့် ကျန်းယွင်ထျန်းတို့သည် စစ်ကားတစ်စီးပေါ်သို့ တက်လိုက်ပြီး ဧရာမဘီလူးကြီးနှင့် အရိုးနဂါးရှိရာသို့ လျင်မြန်စွာ မောင်းနှင်သွားလိုက်ကြသည်။ ရှောင်းယီနှင့် တခြားသူများက သူ၏ကိုယ်လုံးထက်ပင် သေးငယ်သော ယာဉ်တစ်စီးအတွင်းသို့ ဝင်သွားသည်ကို မြင်သောအခါ ဤတိုက်ပွဲတွင် သူတို့ကို ပါဝင်ခွင့်ပေးလိုက်မိသည့်အတွက် ဟူကျဲတစ်ယောက် နောင်တရသလိုပင် ဖြစ်သွားခဲ့လေသည်။

မကြာမီမှာပင် အခြားသော စစ်ကားအစီးရေ ၄၀၀ ကျော်သည် ဧရာမဘီလူးကြီးနှင့် အရိုးနဂါးရှိရာမှ တစ်ကီလိုမီတာအကွာသို့ ရောက်ရှိလာခဲ့ကြသည်။ ထိုအတောအတွင်း ကျန်းယွင်ထျန်းနှင့် ရှောင်းယီတို့မှာမူ ရှေ့သို့ ဆက်လက်မောင်းနှင်နေဆဲပင်။

“ခဏနေရင် ငါ ဧရာမဘီလူးကြီးကို အချက်ပေးပြီး အဲ့ဒီ တိုင်ရန်နိုဆောရပ်စ်ကို နည်းနည်း ထိန်းထားခိုင်းလိုက်မယ်။ မင်းတို့က တိုင်ရန်နိုဆောရပ်စ်ရဲ့ အဆစ်တွေကိုပဲ ချိန်ပစ်ကြ။ ဧရာမဘီလူးကြီးကို မထိစေနဲ့။”

ရှောင်းယီက စစ်ကား၏ ဆက်သွယ်ရေးစနစ်မှတစ်ဆင့် ညွှန်ကြားလိုက်သည်။

“ဟုတ်ကဲ့။”

ကျန်းယွင်ထျန်းက ဆက်ပြောလိုက်သည်။

“ကား ၁၀ စီး တစ်အုပ်စုဖွဲ့၊ တိုက်ခိုက်မယ့်နေရာတွေကို ကိုယ့်ဘာသာ တိုင်ပင်ထားကြ။ ပစ်မှတ်တွေ ထပ်မနေစေနဲ့။ နားလည်လား။”

“နားလည်ပါပြီ။”

အရာအားလုံးကို စီစဉ်ပြီးနောက် ရှောင်းယီက အသံချဲ့စက်ကို အသုံးပြု၍ ဟစ်အော်လိုက်သည်။

“ကျုပ်တို့ အဆင်သင့်ဖြစ်ပါပြီ။ ကျေးဇူးပြုပြီး အဲ့ဒီအရိုးနဂါးကို ထိန်းထားပေးပါဦး။”

ရှောင်းယီ၏ စကားကို ကြားသောအခါ ဟူကျဲက သက်ပြင်းချရင်း ခေါင်းညိတ်ပြလိုက်သည်။ အခြေအနေက ဤအထိ ရောက်လာမှတော့ ဤလူသားများသည် အရိုးနဂါးကို အမှန်တကယ် နာကျင်အောင် လုပ်နိုင်မလားဆိုသည်ကို သူ လောင်းကြေးထပ်ကြည့်ရတော့မည်။ နောက်ဆုံးတော့ ဤအရိုးနဂါး၏ စွမ်းအားမှာ အလွန်ကြီးမားလှသဖြင့် သူတစ်ယောက်တည်းနှင့် မည်သို့မျှ မတတ်နိုင်ပေ။

ဟူကျဲသည် သွားကို တင်းတင်းကြိတ်ကာ အရိုးနဂါး၏ ခုန်အုပ်မှုကို ရှောင်တိမ်းပြီး ဘေးဘက်သို့ ရောက်အောင်သွားလိုက်သည်။ ထို့နောက် သူ၏ လက်မောင်းများကို အသုံးပြုကာ အရိုးနဂါး၏ လည်ပင်းကို ညှစ်ထားပြီး သူ၏ ခန္ဓာကိုယ်အလေးချိန်ဖြင့် ဖိနှိပ်ထားကာ အရိုးနဂါး မလှုပ်ရှားနိုင်အောင် လုပ်လိုက်သည်။

အရိုးနဂါးသည်လည်း အရှုံးမပေးဘဲ အတင်းရုန်းကန်တော့သည်။ ၎င်း၏ ရှေ့လက်သည်း နှစ်ဖက်မှာ ဟူကျဲ၏ လက်မောင်းများကို မရပ်မနား ကုတ်ခြစ်နေသဖြင့် ခဏချင်းမှာပင် ဟူကျေ၏ လက်မောင်းများမှာ သွေးများ အိုင်ထွန်းသွားရသည်။

“ပစ်....”

ရှောင်းယီက ဟိန်းဟောက်လိုက်၏။

သူတို့ မြန်မြန်လုပ်မှ ဖြစ်ပေမည်။ မဟုတ်လျှင် ဟူကျဲ၏ လက်မောင်းများမှာ အရိုးနဂါး၏ ကုတ်ခြစ်မှုကြောင့် ပြတ်ထွက်သွားနိုင်ပေသည်။

“ဝုန်း... ဝုန်း... ဝုန်း...”

ပြင်းထန်လှသော အမြောက်သံများ ဟည်းထွက်သွားခဲ့သည်။ ဟူကျဲမှာ ခဏတာ မှင်သက်သွားပြီးနောက် သူဖိထားသော အရိုးနဂါးမှာ ပြင်းထန်စွာ တုန်ခါသွားပြီး ဘယ်ဘက်သို့ ယိုင်သွားသည်ကို ခံစားလိုက်ရသည်။

ကျန်းယွင်ထျန်းက အမြောက်သုံးချက် ဆက်တိုက် ပစ်ခတ်လိုက်ခြင်းဖြစ်ပြီး အရိုးနဂါး၏ ဘယ်ဘက် ပေါင်နှင့် ခြေသလုံးအဆစ်ကို တိကျစွာ ချိုးဖောက်ပစ်လိုက်ခြင်းပင် ဖြစ်သည်။

အခြားသော စစ်ကားများမှ တိုက်ခိုက်မှုများမှာလည်း တစ်ပြိုင်နက်တည်း ရောက်ရှိလာခဲ့သည်။ အချို့မှာ အခြားသော ပေါင်တစ်ဖက်ကို ချိန်ပစ်ကြပြီး အချို့မှာမူ အရိုးနဂါး၏ ရှေ့ခြေလက်များကို ချိန်ရွယ်ကာ ပစ်ခတ်လိုက်ကြသည်။ ဟူကျဲကို ထိမိမည်ကို စိုးရိမ်သောကြောင့် လူအများအပြားမှာ ပစ်မှတ်လွဲသွားပြီး အဆစ်များကို တိတိကျကျ မထိမှန်ခဲ့ကြပေ။

သို့သော် ယခုအချိန်တွင်မူ ဟူကျဲအနေဖြင့် ဆက်ထိန်းထားရန် မလိုအပ်တော့ချေ။

“ခင်ဗျား လွှတ်လိုက်တော့...ဖယ်လိုက်တော့...။ ကျုပ်တို့ကိုပဲ လွှဲထားလိုက်။”

ရှောင်းယီက အသံချဲ့စက်မှတစ်ဆင့် ကျယ်လောင်စွာ ဆက်လက်အော်ဟစ်လိုက်သည်။

ဟူကျဲသည် ချက်ချင်းပင် အရိုးနဂါးကို လွှတ်ပေးလိုက်ပြီး ဘေးဘက်သို့ ခုန်ရှောင်လိုက်တော့သည်။

“ရှူး...”

ပြင်းထန်လှသော နာကျင်မှုက ဟူကျဲ၏ အာရုံကြောများကို လာရောက်လှုံ့ဆော်လိုက်သဖြင့် သူသည် အအေးမိသလိုမျိုး အသံထွက်အောင် အသက်ကို ပြင်းပြင်းရှူလိုက်မိသည်။

ဟူကျဲ ဖယ်လိုက်သည်နှင့် တစ်ပြိုင်နက် အရိုးနဂါးမှာ မတ်တတ်ရပ်ရန် အတင်းရုန်းကန်လာတော့သည်။ သို့သော် ခြေထောက်တစ်ဖက် ဆုံးရှုံးသွားရသဖြင့် ၎င်းသည် ဟန်ချက်ကို လုံးဝ မထိန်းထားနိုင်တော့ပေ။

ထို့နောက်တွင်မူ အမြောက်ကျည်ဆန်များစွာမှာ ၎င်းရှိရာသို့ တရဟော ပျံသန်းလာတော့သည်။ အရိုးနဂါးအနားတွင် ဟူကျဲမရှိတော့သဖြင့် ဘေးထွက်ဆိုးကျိုးများကို စိုးရိမ်စရာမလိုတော့ဘဲ စစ်ကားများအားလုံးမှာ စိတ်ကြိုက် ပစ်ခတ်နိုင်ပြီဖြစ်သည်။

“ဝုန်း ဝုန်း ဝုန်း....”

ဤအရိုးနဂါးမှာ သံမဏိဖြင့် ပြုလုပ်ထားသည်ဆိုလျှင်တောင် ယခုပစ်ခတ်မှုများအောက်တွင် အပိုင်းပိုင်းအစစ ဖြစ်သွားပေလိမ့်မည်။ ဟူကျဲသည် ထိုအမြောက်ကျည်များ၏ စွမ်းအားကို ကြည့်ရင်း သူ၏လက်မောင်းမှ နာကျင်မှုများကိုပင် မေ့သွားခဲ့ရသည်။

“ရပ်....။”

တစ်ချီ ပစ်ခတ်ပြီးနောက် ကျန်းယွင်ထျန်းက ပြတ်ပြတ်သားသား အမိန့်ပေးလိုက်သည်။

မဟုတ်လျှင် ဤလူပေတေလေးများသည် ဘယ်နှစ်ချက်ပစ်မှ ရပ်ရမည်ကို သိကြမည်မဟုတ်ပေ။ အမြောက်များ အများကြီးပစ်ရသည်မှာလည်း ပင်ပန်းလှပေသည်။

မီးခိုးများ လွင့်စင်သွားသောအခါ အရိုးနဂါးမှာ အပိုင်းပိုင်းအစစ ဖြစ်နေသည်ကို တွေ့လိုက်ရတော့သည်။

“နောင်မှာ ဒီလိုအခြေအနေမျိုးနဲ့ ကြုံရင် ခဲယမ်းမီးကျောက်တွေကို ဒီလိုမျိုး မဖြုန်းတီးရဘူး။ ရှေ့ကအတိုင်းပဲ ဆယ်စီးတစ်အုပ်စုဖွဲ့ပြီးမှ အလှည့်ကျပစ်ကြ။ နားလည်လား။”

ကျန်းယွင်ထျန်းက ကြိမ်းမောင်းလိုက်သည်။

“ဟုတ်ကဲ့....။”

အားလုံးက တုံ့ပြန်လိုက်ကြသည်။ သူတို့မှာ ပစ်ခတ်ရသည့် အရသာကို ခံစားနေမိ၍ ခဏတာ မေ့သွားခြင်းဖြစ်သည်။

ထိုစဉ် ရှောင်းယီသည် စစ်ကားပေါ်မှ ဆင်းလာပြီး မေးလိုက်သည်။

“ခင်ဗျားနာမည်က ဟူကျဲ မဟုတ်လား။”

ဤလူသားက သူ၏နာမည်ကို တစ်ခါတည်းနှင့် တန်းခေါ်လိုက်သည်ကို မြင်သောအခါ ဟူကျဲမှာ ပို၍ပင် အံ့အားသင့်သွားခဲ့လေသည်။ ထို့နောက်မှပင် တစ်ဖက်သားမှာ ဧရာမဘီလူးစကားကို မပြောသော်လည်း သူပြောသမျှကို နားလည်နေသည်ဆိုသောအချက်ကို သတိထားမိတော့သည်။

“ဟုတ်တယ်။ မင်း ဘယ်လိုသိတာလဲ။”

ဟူကျဲက အသံနက်ကြီးဖြင့် မေးလိုက်သည်။

“ကျုပ်မှာ ခင်ဗျားရဲ့ အခြေခံအချက်အလက်တွေကို သိနိုင်တဲ့ အထူးစွမ်းရည်တစ်ခု ရှိတယ်။ အရင်ဆုံး ခင်ဗျားရဲ့ ဒဏ်ရာတွေကို ကြည့်ပါရစေ။”

ရှောင်းယီက ဟူကျဲ၏ လက်မောင်းပေါ်မှ ဒဏ်ရာများကို ညွှန်ပြရင်း ပြောလိုက်သည်။

“ရပါတယ်။ ငါ့ဘာသာငါပဲ စည်းထားလိုက်မယ်။”

ဟူကျဲက ငြင်းဆန်လိုက်သည်။ သူသည် ဤပြင်ပလောကသားမှာ အနည်းငယ် ထူးဆန်းနေသည်ဟု ခံစားရပြီး သူအရင်က မြင်ဖူးခဲ့သော ပြင်ပလောကသားများနှင့် လုံးဝ မတူဟု ထင်နေမိသည်။

ရှောင်းယီ အနည်းငယ် ကြောင်အသွားပြီး ပြန်မေးလိုက်သည်။

“ခင်ဗျားရဲ့ ဒဏ်ရာတွေ မြန်မြန်သက်သာပြီး မသေမျိုးမျိုးနွယ်တွေကို ပြန်မတိုက်ချင်ဘူးလား။”

“တိုက်ချင်တာပေါ့ကွ။”

ဟူကျဲက ပြတ်ပြတ်သားသား ဖြေလိုက်သည်။

“မင်းက ငါ့ကို မြန်မြန်သက်သာအောင် လုပ်ပေးနိုင်လို့လား။”

“ဒါပေါ့...စမ်းကြည့်မလား။”

ရှောင်းယီသည် ဧရာမဘီလူးကြီးဟူကျဲ၏ စစ်မြေပြင်သို့ အမြန်ဆုံး ပြန်သွားလိုသော ဆန္ဒကို တိတိကျကျ ဆုပ်ကိုင်နိုင်ခဲ့သည်။

“အလွန်ဆုံး ၅ မိနစ်ပဲ ကြာမယ်။ ၅ မိနစ်က ခင်ဗျားအတွက် သိပ်ပြီး အချိန်မနှောင်းစေပါဘူး။”

ဟူကျဲတစ်ယောက် ဝေခွဲမရဖြစ်နေပြီးနောက် သူ၏ စုတ်ပြတ်နေသော လက်မောင်းများကို ကြည့်ကာ နောက်ဆုံးတွင် ခေါင်းညိတ်လိုက်သည်။

ရှောင်းယီသည် နာ့နာကို ခေါ်လာရန် စီစဉ်ထားပြီးဖြစ်သည်။ သူက ဟူကျဲကို မော့ကြည့်ရင်း ပြောလိုက်သည်။

“ကျေးဇူးပြုပြီး ထိုင်ပေးပါဦး။ ဒီအတိုင်းက အရမ်းမြင့်နေလို့ပါ။”

ဟူကျဲသည် အနီးအနားရှိ နေရာတစ်ခုတွင် တိုက်ရိုက်ထိုင်ချလိုက်ရာ မြေကြီးပင် တုန်ခါသွားသည်ကို ရှောင်းယီ သိသိသာသာ ခံစားလိုက်ရသည်။

“ဒါက ကျုပ်တို့ မဟာမိတ်အဖွဲ့ရဲ့ နာနိုဆေးကုသရေးစက်ပဲ။ မလှုပ်ပါနဲ့...။ သူ့အလုပ်သူ လုပ်ပါစေ။”

ရှောင်းယီက အနီးရှိ ပင့်ကူနှင့်တူသော စက်ကလေးကို ညွှန်ပြရင်း ပြောလိုက်သည်။

ဟူကျဲ ခေါင်းညိတ်ပြလိုက်သည်။

“နာ့နာ မင်းကို အပ်ထားလိုက်ပြီနော်။”

ရှောင်းယီက စက်ကလေးကို ပြောလိုက်သည်။

“ဟုတ်ကဲ့ပါ။”

နာ့နာသည် ဟူကျဲ၏ လက်မောင်းပေါ်သို့ တိုက်ရိုက်တွားတက်သွားပြီး ဒဏ်ရာများကို စတင်ဆေးကြောပေးတော့သည်။

၅ မိနစ်ခန့် ကြာသောအခါ ဟူကျဲသည် သူ၏ မူလအတိုင်းနီးပါး ပြန်ဖြစ်သွားသော လက်မောင်းကို မယုံကြည်နိုင်စွာ ကြည့်ရင်း “ဒါ... ပျောက်သွားပြီလား။” ဟု ဆိုလိုက်သည်။

“ဒဏ်ရာကတော့ ပျောက်သွားပါပြီ။ ဒါပေမဲ့ ပြင်းထန်တဲ့ လှုပ်ရှားမှုတွေ မလုပ်ခင် ခဏလောက် ထပ်စောင့်ဖို့ အကြံပြုချင်ပါတယ်။ ဧရာမဘီလူးတွေရဲ့ ပြန်လည်နာလန်ထူနိုင်စွမ်းနဲ့ဆိုရင် ၂ နာရီလောက်ဆို ရပါပြီ။”

နာ့နာက ပြောလိုက်သည်။

နာ့နာ၏ စကားကို နားလည်သွားသောအခါ ဟူကျဲမှာ ပို၍ပင် အံ့အားသင့်သွားပြီး ဇဝေဇဝါဖြင့် မေးလိုက်သည်။

“မင်းပြောတာက နောက် ၂ နာရီဆိုရင် ငါ လုံးဝ ပြန်ကောင်းသွားမယ်ဆိုတဲ့ သဘောလား။”

“မှန်ပါတယ်။ လုံးဝ အကောင်းပကတိ ပြန်ဖြစ်သွားမှာပါ။”

နာ့နာက အသေအချာ ပြောလိုက်သည်။

ရှောင်းယီက အံ့အားသင့်နေသော ဟူကျဲကို ကြည့်ကာ ပြုံးလိုက်၏။

“ဆရာဝန်ပြောတာကို ယုံလိုက်ပါ။ သူက အရမ်းကျွမ်းကျင်တဲ့သူပဲ။”

ဟူကျဲ ခေါင်းညိတ်လိုက်ပြီး သူ၏ ဒဏ်ရာကို ဂရုတစိုက် ခံစားကြည့်လိုက်သည်။ ထို့နောက် သူက နားမလည်နိုင်စွာ မေးလိုက်သည်။

“အရင်တုန်းက ငါတို့ ဧရာမဘီလူးကြီးတွေ မသေမျိုးမျိုးနွယ်တွေရဲ့ ကုတ်ခြစ်တာခံရရင် ဒဏ်ရာကို ကုသပြီးရင်တောင် အရမ်းကို နေလို့မကောင်းတဲ့ ခံစားချက်မျိုး ရှိတတ်တယ်။ ဒါပေမဲ့ အခုတော့ ငါ့မှာ အရမ်းကို သက်သောင့်သက်သာရှိတဲ့ ခံစားချက်မျိုး ဖြစ်နေတယ်။ ဘာဖြစ်လို့လဲ။”

All Chapters