← Chapters

အခန်း (၁၁၂၇-၁၁၂၈)

Vol. 96 Ch. 1127-1128

အခန်း (၁၁၂၇-၁၁၂၈)

Vol. 96 Ch. 1127-1128

အခန်း ၁၁၂၇ - ကျားကျန့်၏ တုန်လှုပ်မှုနှင့် ဧရာမကာကွယ်ရေးဝတ်စုံများ

ဆယ်မိနစ်အတွင်းမှာ အရှင်သခင်အဆင့် အရိုးနဂါးတစ်ကောင်ကို အနိုင်ယူလိုက်တယ် ဟုတ်လား။ ဟာသပဲ။ ဧရာမလူသားမျိုးနွယ်ရဲ့ ခေါင်းဆောင်ကိုယ်တိုင် လှုပ်ရှားရင်တောင် ဒီလောက်မမြန်နိုင်ဘူး။

“ဒီဧရာမလူသားက အရိုးနဂါးနောက်ကို လုံးဝမလိုက်နိုင်ဘဲ အပြင်မှာ ခဏလောက် လျှောက်သွားပြီး ပြန်လာတာပဲ ဖြစ်ရမယ်။”

ဝတ်စုံနက်နှင့်လူက တွေးလိုက်သည်။

“ဒါပဲ ဖြစ်ရမယ်။”

ဧရာမလူသားခေါင်းဆောင်သည် စစ်မြေပြင်သို့ ဝင်ရောက်လာသော ဟူကျဲကို ကြည့်ကာ မျက်မှောင်ကြုတ်၍ မေးလိုက်သည်။

“မင်းလိုက်သွားတဲ့ အရိုးနဂါးရော ဘယ်မှာလဲ။”

“ရှင်းပစ်လိုက်ပြီ။”

ဟူကျဲသည်လည်း တိုက်ပွဲထဲသို့ ပြန်လည်ဝင်ရောက်လာခဲ့သည်။

ဟူကျဲ့တွင် မည်သည့်ဒဏ်ရာမျှ မရရှိထားသည်ကို မြင်သောအခါ ခေါင်းဆောင်၏ မျက်ခုံးများမှာ ထပ်မံတွန့်ချိုးသွားခဲ့သည်။

“မင်းက အရှင်သခင်အဆင့် အရိုးနဂါးနဲ့ တိုက်ခိုက်ခဲ့တာတောင် ဘာဒဏ်ရာမှ မရခဲ့ဘူးလား။”

ခေါင်းဆောင်သည် ဟူကျဲ၏ ခွန်အားကို ကောင်းကောင်းသိရှိထားသူသည်။ သူသည် အရိုးနဂါးကို အနိုင်ယူနိုင်ခြေရှိသော်လည်း အလွန်ပင်ပန်းကြီးစွာ တိုက်ခိုက်ရမည်ဖြစ်ပြီး ဤမျှတိုတောင်းသော အချိန်တစ်ခုအတွင်း အဆုံးသတ်နိုင်ရန်မှာ လုံးဝမဖြစ်နိုင်ပေ။

မဟုတ်လျှင် သူတို့၏ ဧရာမလူသားမျိုးနွယ်သည် ဤမျှကြီးမားသော အရိုးနဂါးများနှင့် အချိန်အကြာကြီး အကျပ်ရိုက်နေစရာ အကြောင်းမရှိပေ။ သို့သော် ဟူကျဲ၏ပုံစံမှာ ပြင်းထန်သော တိုက်ပွဲတစ်ခု ဆင်နွှဲထားရသည့် လက္ခဏာမျိုး အနည်းငယ်မျှ မရှိသောကြောင့် ခေါင်းဆောင်၏ သံသယများမှာ ပိုမိုနက်ရှိုင်းလာတော့သည်။

ဟူကျဲသည် ရှေ့တွင်ရှိသော အရိုးနဂါးကို ရင်ဆိုင်ရင်း ရှင်းပြလိုက်သည်။

“ခေါင်းဆောင် အပြင်လူတွေက ကျုပ်ကို ကူညီပေးခဲ့လို့ပါ။ ဒါကြောင့် အဲ့ဒီအရိုးနဂါးကို ဒီလောက်မြန်မြန် အနိုင်ယူနိုင်ခဲ့တာ။ တိတိကျကျ ပြောရရင် အပြင်လူတွေရဲ့ တိုက်ခိုက်မှုတွေကြောင့် အခုလို မြန်မြန်ဆန်ဆန် အောင်ပွဲရခဲ့တာပါ။”

“အပြင်လူတွေ ဟုတ်လား။ ငါတို့အသားကိုတောင် ခြစ်ရာထင်အောင်မလုပ်နိုင်တဲ့ သူတို့ရဲ့ သေနတ်အစုတ်တွေနဲ့လား။”

ခေါင်းဆောင်က အနည်းငယ် မယုံကြည်နိုင်ဖြစ်သွားခဲ့သည်။

ခေါင်းဆောင်သည် ယခင်က အပြင်လူများနှင့် တွေ့ဆုံဖူးပြီး သူတို့၏ လက်နက်များအကြောင်းကိုလည်း သိထားသည်။ သို့သော် သူတွေ့ဖူးသော သေနတ်များသည် လူပုမျိုးနွယ်သွန်းလုပ်ထားသော လက်နက်များလောက်ပင် မကောင်းချေ။

“မဟုတ်ဘူး...စစ်သုံးယာဉ်လို့ခေါ်တဲ့ အရာပါ။ အဲ့ဒါက အမြောက်ထက် ပိုပြီး လျင်မြန်ဖျတ်လတ်သလို ပစ်မှတ်လည်း ပိုတိကျတယ်။”

ဟူကျဲက ပြန်ဖြေလိုက်သည်။

“စစ်သုံးယာဉ်လား။”

ခေါင်းဆောင်က အံ့သြတကြီး ပြောလိုက်သည်။

ခေါင်းဆောင်သည်လည်း အမြောက်များအကြောင်းကို သိထားပေသည်။ သူတို့သည် ဤအရိုးနဂါးကြီးများကို ရင်ဆိုင်ရန် လူပုမျိုးနွယ်၏ အမြောက်များကို အသုံးပြုပြီး ပူးပေါင်းတိုက်ခိုက်ဖို့ တစ်ချိန်က စဉ်းစားခဲ့ဖူးသည်။ သို့သော် ထိုအမြောက်များ၏ တိကျမှုမှာ စိတ်ပျက်စရာကောင်းလှသည်။ အကယ်၍ အမှန်တကယ်သာ ပူးပေါင်းတိုက်ခိုက်ပါက အရိုးနဂါး မသေခင် ၎င်းကို ချုပ်ကိုင်ထားသော ဧရာမလူသားက အရင်သေသွားနိုင်သည်။

“ဟုတ်တယ်။ ပြီးတော့ အဲ့ဒီစစ်သုံးယာဉ်တွေရဲ့ စွမ်းအားကလည်း အရမ်းကြောက်စရာကောင်းတယ်။”

ဟူကျဲက ဆက်ပြောလိုက်သည်။

“အဲ့ဒါက နှစ်ချက်၊ သုံးချက်လောက် ပစ်ရုံနဲ့တင် အရိုးနဂါးရဲ့ ဒူးဆစ်တွေကို အပိုင်းပိုင်း ဖြစ်သွားစေခဲ့တာ။”

“အဲ့လောက်တောင် အစွမ်းထက်တာလား။”

ခေါင်းဆောင်မှာ အိပ်မက်တစ်ခုလို ခံစားနေရဆဲပင်။

“အဲ့ဒီအပြင်လူမှာ အရမ်းအားကောင်းတဲ့ ကုသရေးစက်ရုပ်တစ်ခုလည်း ရှိသေးတယ်။ ကျုပ် အရိုးနဂါးကို ချုပ်ထားတုန်းက ဒဏ်ရာရခဲ့ပေမဲ့ သူ့အတွက် ကုသဖို့ တစ်မိနစ်ကျော်လောက်ပဲ ကြာတယ်။ ဒဏ်ရာထဲက အဆိပ်တွေကိုတောင် ဖယ်ရှားပေးနိုင်ခဲ့သေးတယ်။”

ဟူကျဲသည် သူ့ရှေ့မှ အရိုးနဂါးကို ကန်ထုတ်လိုက်ပြီး စောစောက ဒဏ်ရာရခဲ့သော လက်ဖျံနေရာကို ညွှန်ပြလိုက်သည်။

ခေါင်းဆောင် သေချာကြည့်လိုက်ရာ အလွန်မှေးမှိန်နေသော အမာရွတ်အချို့ကို တွေ့လိုက်ရသည်။ ဂရုမစိုက်မိပါက မြင်နိုင်ရန်ပင် ခက်ခဲလှသည်။

ထိုအမာရွတ်များကို မြင်လိုက်ရသောအခါမှ ခေါင်းဆောင်မှာ အတော်အတန် ယုံကြည်သွားတော့သည်။

ဟူကျဲက ဆက်ပြောလိုက်သည်။

“အဲ့ဒီအပြင်လူက ကျုပ်တို့ကို လာကူညီချင်ပေမဲ့ သူ့ရဲ့ ခုခံစစ်ကြောင်းကိုပဲ ထိန်းထားဖို့ ကျုပ် ပြောခဲ့တယ်။”

ခေါင်းဆောင်က ခေါင်းငြိမ့်လိုက်သည်။

“အင်း၊ မင်းလုပ်တာ မှန်တယ်။”

အတိအကျ ထိုအချိန်မှာပင် ကောင်းကင်မှ အလွန်ကြီးမားသော အရာဝတ္ထုကြီးတစ်ခုသည် ဧရာမလူသားများ ရှိရာဘက်သို့ ပျံသန်းလာသဖြင့် နှစ်ဖက်စလုံး တင်းမာသွားကြတော့လေသည်။

ဝတ်စုံနက်နှင့်လူသည် အရိုးနဂါးများကို ချက်ချင်းပြန်ခေါ်ကာ နောက်ဆုတ်လိုက်ပြီး ဧရာမလူသားများကလည်း ထိုအခွင့်အရေးကိုယူကာ အမောဖြေရန် နောက်ဆုတ်လိုက်ကြသည်။

ဧရာမလူသားများနှင့် မသေမျိုးမျိုးနွယ်မှ ဝတ်စုံနက်နှင့်လူ နှစ်ဖက်စလုံးသည် ကောင်းကင်မှ ဧရာမအရာဝတ္ထုကြီးကို စိုက်ကြည့်နေကြသည်။

ဧရာမလူသားများ၏ ရှေ့တန်းစစ်မျက်နှာရှိ လမ်းများသည် အလွန်ညီညာပြီး ကျယ်ဝန်းသဖြင့် လေယာဉ်တစ်စင်း ဆင်းသက်ရန် အလွန်သင့်တော်လှသည်။

“အားလုံးပဲ ဘေးကို ဖယ်ပေးကြပါ။”

ရှောင်းယီက အသံချဲ့စက်မှတစ်ဆင့် အော်ပြောလိုက်သည်။

ထိုအသံကို ကြားသည်နှင့် ဟူကျဲက ချက်ချင်း ပြောလိုက်သည်။

“ဒါက အပြင်လူ မဟာမိတ်ခေါင်းဆောင် ရှောင်းပဲ။ အားလုံးပဲ... မြန်မြန် ဘေးဖယ်ပေးလိုက်ကြပါ။”

ဟူကျဲ၏ စကားကို ကြားလိုက်ရသောအခါ ဧရာမလူသားများသည် ဘေးတစ်ဖက်တစ်ချက်စီသို့ လူစုခွဲလိုက်ကြသည်။ ရှောင်းယီသည် သယ်ယူပို့ဆောင်ရေးလေယာဉ်ကို မောင်းနှင်ပြီး ဧရာမလူသားမျိုးနွယ်၏ ရှေ့တန်းစစ်မျက်နှာ နောက်ဘက်တွင် ဆင်းသက်လိုက်သည်။

လေယာဉ်ရပ်နားပြီးနောက် ရှောင်းယီသည် လေယာဉ်ပေါ်မှ ခုန်ဆင်းလာပြီး အသံချဲ့စက်ဖြင့် ဟူကျဲကို ပြောလိုက်သည်။

“ခင်ဗျားတို့နေရာကို ရှာရတာ တကယ်ခက်တာပဲ။”

ထိုအခါ ဟူကျဲက ပြုံးလိုက်သည်။

“နောက်ဆုံးတော့လည်း ရှာတွေ့သွားတာပဲ မဟုတ်လား။ လာခဲ့...ငါ မိတ်ဆက်ပေးမယ် ဒါက ငါတို့ရဲ့ ခေါင်းဆောင် ကျားကျန့်ပဲ။”

“မင်္ဂလာပါ...ကျုပ်နာမည် ရှောင်းယီပါ။ ခင်ဗျားတို့ပြောနေတဲ့ အပြင်လူ ယီရန်ပင်း မဟာမိတ်အဖွဲ့ရဲ့ ခေါင်းဆောင်ပါ။” ဟ

ရှောင်းယီက မိမိကိုယ်ကိုယ် မိတ်ဆက်လိုက်သည်။

ကျားကျန့်က ခေါင်းငြိမ့်ပြပြီး မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

“မင်း ဒီဘက်ကို ရောက်လာတော့ ဟိုဘက်က ခံစစ်ကြောင်းကြောင်းမှာ ပြဿနာမရှိဘူးလား။”

“စိတ်မပူပါနဲ့။ ကျုပ် ဒီတစ်ခေါက် လာတာက ခင်ဗျားတို့ကို ကူညီပြီး ဒီအရိုးနဂါးတွေကို အရင်ဆုံး အပြတ်ရှင်းဖို့ပါ။”

ရှောင်းယီက ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။ ထိုအခါ ကျားကျန့်က မျက်ခုံးပင့်ကာ မေးလိုက်သည်။

“မင်းက ဒီအရိုးနဂါးတွေကို ရင်ဆိုင်နိုင်မယ်လို့ အဲ့ဒီလောက်တောင် ယုံကြည်မှုရှိနေတာလား။”

“ခင်ဗျားတို့ဘက်ကရော သူတို့ကို ချုပ်ထားနိုင်ဖို့ ယုံကြည်မှု မရှိရဲ့လား။”

ရှောင်းယီက ပြုံးကာ ပြန်မေးလိုက်သည်။

“မင်းရဲ့ အစီအစဉ်ကို ပြောပြပါ။”

ကျားကျန့်က ဆိုသည်။

“ရိုးရိုးလေးပါပဲ။ အရင်က ဟူကျဲနဲ့ ကျုပ်တို့ ပူးပေါင်းခဲ့သလိုပါပဲ။ ခင်ဗျားတို့ဘက်က အဲ့ဒီအရိုးနဂါးတွေကို စက္ကန့်အနည်းငယ်လောက် ချုပ်ထားပေးဖို့ပဲ လိုပါတယ်။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

ကျားကျန့်တစ်ယောက် မျက်မှောင်ကြုတ်လိုက်မိသည်။

“အကယ်၍ မင်းသာ အချိန်မီ အရိုးနဂါးတွေကို အနိုင်မယူနိုင်ရင် ငါတို့လူတွေ ဒဏ်ရာရကုန်လိမ့်မယ်။ ဒါက ပိုပြီးဆိုးရွားတဲ့ နောက်ဆက်တွဲအကျိုးဆက်တွေကို ဖြစ်လာစေနိုင်တယ်...မင်းနားလည်ရဲ့လား။”

ရှောင်းယီက ပြုံးလိုက်သည်။

“အဆင်ပြေပါတယ်။ ကျုပ် ခင်ဗျားတို့အတွက် ကိရိယာတွေ ပြင်ဆင်လာခဲ့တယ်။”

ထိုသို့ပြောရင်း ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှတစ်ဆင့် အလွန်ကြီးမားသော ကာကွယ်ရေးဝတ်စုံ အခု ၁၀၀ ကျော်ကို လဲလှယ်ထုတ်ယူလိုက်သည်။

ဧရာမလူသားများသည် အခြေခံအားဖြင့် လူသားများ၏ ပုံစံတူကို အရွယ်အစား ချဲ့ထားခြင်းသာ ဖြစ်သောကြောင့် ရှောင်းယီက ကာကွယ်ရေးဝတ်စုံများကို အချိုးအစားအလိုက် ချဲ့ထွင်ပြုလုပ်ထားခြင်း ဖြစ်သည်။

ဤကာကွယ်ရေးဝတ်စုံ ၁၀၀ ကျော်သည် ဓာတ်ခွဲခန်းမှ တစ်နေ့တစ်ညလုံး စုဆောင်းထားရသော အထူးပလတ်စတစ်ကုန်ကြမ်း အားလုံးကို ကုန်စင်သွားစေခဲ့သည်။

“ဒါက ဘာလဲ။”

ကျားကျန့်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

“ကာကွယ်ရေးဝတ်စုံပါ။ ဒါက ခင်ဗျားတို့ကို ဒဏ်ရာမရအောင် ကာကွယ်ပေးနိုင်တယ်။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“အစီအစဉ် မအောင်မြင်ခဲ့ရင်တောင် အနည်းဆုံးတော့ အခြေအနေကို ထိန်းထားနိုင်သေးတယ်။ ဒဏ်ရာအနည်းအကျဉ်း ရခဲ့ရင်တောင် ကျုပ် ဟူကျဲကို ကုပေးခဲ့သလိုမျိုး အမြန်ဆုံး အမြစ်ပြတ်အောင် ကုသပေးမှာပါ။”

ကျားကျန့်သည် ကာကွယ်ရေးဝတ်စုံတစ်ခုကို ကောက်ကိုင်ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ ၎င်းက အလွန်ပေါ့ပါးနေသဖြင့် ဝတ်ထားရုံဖြင့် တကယ်ပဲ ကာကွယ်နိုင်ပါ့မလားဟု သူသံသယဝင်သွားခဲ့သည်။

ကျားကျန့်၏ စိုးရိမ်မှုကို ရိပ်မိပုံရသော ရှောင်းယီက ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်။

“ဒါကို ဝတ်ပြီး အရိုးနဂါးတွေနဲ့ စမ်းတိုက်ကြည့်လိုက်ပါ။ အဲ့ဒီအခါကျရင် သူ့ရဲ့ ခုခံကာကွယ်နိုင်စွမ်းကို ခင်ဗျား သိလာလိမ့်မယ်။”

ရှောင်းယီ၏ ယုံကြည်မှုရှိသော စကားကို ကြားနေရသော်လည်း ကျားကျန့်မှာ အနည်းငယ် စိုးရိမ်နေဆဲပင်။ အဆုံးတွင် သူတို့ ရင်ဆိုင်နေရသည်မှာ ကမ္ဘာဦးခေတ် ဧရာမသားရဲကြီးများ၏ အရိုးစုများဖြင့် ဖွဲ့စည်းထားသော အရိုးနဂါးများ မဟုတ်ပါလော။

ကျားကျန့် တွေဝေနေသည်ကို မြင်သောအခါ ရှောင်းယီက ဆက်ပြောလိုက်သည်။

“ဒီအစီအစဉ်သာ အောင်မြင်သွားရင် ခင်ဗျားတို့ ဧရာမလူသားမျိုးနွယ်ရဲ့ ဦးဆောင်မှုနဲ့အတူ ကျုပ်တို့ အကြီးအကျယ် ပြန်လည်တိုက်စစ်ဆင်နိုင်လိမ့်မယ်။ ဒါက စမ်းကြည့်ဖို့ မထိုက်တန်ဘူးလား။”

ကျားကျန့်သည် အချိန်အတန်ကြာ စဉ်းစားပြီးနောက် ခေါင်းငြိမ့်ကာ ပြောလိုက်သည်။

“ကောင်းပြီ။ ငါတို့ မင်းနဲ့ အပြည့်အဝ ပူးပေါင်းပေးမယ်။”

“ကောင်းပါပြီ...။ ခဏစောင့်ပါဦး။ အရင်ဆုံး အဲ့ဒီကာကွယ်ရေးဝတ်စုံတွေကို ဝတ်ထားလိုက်ကြပါ။”

ရှောင်းယီက ခေါင်းငြိမ့်ပြပြီး သယ်ယူပို့ဆောင်ရေးလေယာဉ်ဆီသို့ ချက်ချင်းပြန်သွားကာ ကျွန်းအထိမ်းမ်းအမှတ်ကျောက်တိုင်မှ စစ်သုံးယာဉ်များကို လဲလှယ်ရယူလိုက်သည်။

ဧရာမလူသားများသည် မိမိတို့နှင့် တော်လောက်မည့် အရွယ်အစားကို ရှာဖွေပြီး ကျန်းယွင်ထျန်း၏ လမ်းညွှန်မှုဖြင့်ထိုဝတ်စုံများကို ဝတ်ဆင်လိုက်ကြသည်။

“ဒီဟာက အရမ်းပေါ့တာပဲ။ ဝတ်ထားမှန်းတောင် မသိသာဘူး။”

“ဟုတ်တယ်။ ဒါက တကယ်ရော ကာကွယ်နိုင်ပါ့မလား။”

“ဘာပဲဖြစ်ဖြစ်လေ ဝတ်ထားမှန်းမှ မသိသာတာ။ ငါတို့ တိုက်ခိုက်တဲ့နေရာမှာတော့ အနှောင့်အယှက် မဖြစ်နိုင်ဘူး။”

“မှန်တယ်။ ငါတို့ကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေရင် ရပြီ။”

ဧရာမလူသားများ အချင်းချင်း ဆွေးနွေးနေကြစဉ်မှာပင် သယ်ယူပို့ဆောင်ရေး လေယာဉ်ပေါ်မှ စစ်သုံးယာဉ်များ တစ်စီးပြီးတစ်စီး မောင်းထွက်လာသည်ကို တွေ့လိုက်ရလေသည်။

အခန်း ၁၁၂၈ - လက်တွေ့ခံစားချက်ကောင်းမွန်ခြင်းနှင့် ကာကွယ်ရေးဝတ်စုံ၏ စွမ်းပကား

ဧရာမလူသားများသည် ၎င်းတို့၏ ခြေတစ်ချက်နင်းရုံဖြင့်ပင် ခံနိုင်ရည်ရှိမည်မဟုတ်သော ဤစစ်သုံးကစားစရာယာဉ်ငယ်များကို အလွန်တရာ စပ်စုလိုသောမျက်လုံးများဖြင့် ကြည့်နေကြသည်။

“ဒီဟာက ငါတို့ကို တကယ်ပဲ အဲ့ဒီအရိုးနဂါးတွေကို ရင်ဆိုင်ဖို့ ကူညီပေးနိုင်မှာလား။”

“မင်းက လာနောက်နေတာလား။ ဒါက လုံးဝမဖြစ်နိုင်တာပဲ။”

“ဒီကောင်ကို အဲ့ဒီအရိုးနဂါးတွေကို လွှတ်ထုဖို့ သုံးတာက ပိုလွယ်မယ်လို့ ငါထင်တယ်။”

ဧရာမလူသားတစ်ဦးက လက်ဟန်ခြေဟန်ပြရင်း အပြင်သို့ထွက်နေသော ပြောင်းဝကို လှမ်းကိုင်လိုက်သည်။

“ရပ်လိုက် မချိုးပစ်နဲ့ဟ။”

ဟူကျဲက ထိုဧရာမလူသားကို ချက်ချင်းတားလိုက်သည်။

ဧရာမလူသားက ပြောင်းဝကို အထက်အောက် နှစ်ချက်၊ သုံးချက်ခန့် ပွတ်သပ်လိုက်ပြီး ပြုံးကာ ပြန်ပြောလိုက်သည်။

“ငါ နောက်တာပါကွာ။ ကိုင်ရတာ တော်တော်လေး ခံစားချက် ကောင်းသားပဲ။”

ဟူကျဲက အခြားသော ဧရာမလူသားများကို ချက်ချင်းပြောလိုက်သည်။

“ငါ အဲ့ဒီ တိုင်ရန်နိုဆောရပ်စ် အရိုးနဂါးကို ဒီလောက်မြန်မြန် ရှင်းပစ်နိုင်ခဲ့တာက ဒီဟာတွေကြောင့်ပဲ။”

“မင်းပြောချင်တာက မင်းက ဒီဟာတွေနဲ့ ပူးပေါင်းပြီး တိုင်ရန်နိုဆောရပ်စ် အရိုးနဂါးတစ်ကောင်ကို နှိမ်နင်းခဲ့တာပေါ့ ဟုတ်လား။”

ဧရာမလူသားတစ်ဦးက အံ့အားသင့်စွာ မေးလိုက်သည်။

“ဟုတ်တယ်။”

ဟူကျဲက အခိုင်အမာ ပြန်ဖြေလိုက်သည်။

ဧရာမလူသားများမှာ တစ်ဖန်အံ့အားသင့်သွားခဲ့ကြပြီး ထိုစစ်သုံးယာဉ်များကို ကြည့်သည့် အကြည့်များမှာလည်း ပြောင်းလဲသွားတော့သည်။

“တကယ် အလုပ်ဖြစ်ပါစေလို့ပဲ ငါမျှော်လင့်တယ်။”

ကျားကျန့်သည် ရှောင်းယီ၏ အစီအစဉ်ကို သဘောတူထားသော်လည်း စိတ်ထဲ၌ စိုးရိမ်နေဆဲပင်။

စစ်သုံးယာဉ်များသည် သယ်ယူပို့ဆောင်ရေးလေယာဉ်ပေါ်မှ တစ်စီးပြီးတစ်စီး ဆင်းလာနေဆဲဖြစ်ကာ ပတ်ဝန်းကျင်ရှိ မြေကွက်လပ်မှာ ပြည့်သွားခဲ့ပြီဖြစ်သည်။

ယခုတစ်ကြိမ်တွင် တစ်ချက်တည်းဖြင့် အောင်မြင်မှုရရှိစေရန် ရှောင်းယီသည် ပေါ့ပါးစစ်သုံးယာဉ် နှစ်ထောင်ကို ယူဆောင်လာခဲ့ပြီး စစ်သုံးယာဉ်မောင်းအဖွဲ့များကိုလည်း ခေါ်ဆောင်လာခဲ့သည်။

ထိုအချိန်တွင် မသေမျိုးမျိုးနွယ်စုဘက်မှ တစ်စုံတစ်ခု မှားယွင်းနေသည်ကို ရိပ်မိသွားပုံရပြီး တိုက်ခိုက်မှုကို ချက်ချင်းစတင်လိုက်တော့သည်။

အရိုးနဂါးများ ပြန်လည်ပြေးဝင်လာသည်ကို မြင်သောအခါ ကျားကျန့်က ချက်ချင်းအော်ဟစ်လိုက်သည်။

“ဧရာမလူသားတွေအားလုံး တိုက်ပွဲဝင်ကြ။ မဟာမိတ်ခေါင်းဆောင်ရှောင်း မင်းတို့ဘက်က အဆင်သင့်ဖြစ်ရင် ငါတို့ကို အချိန်မီ အကြောင်းကြားပေးပါ။”

“ကောင်းပါပြီ။”

ရှောင်းယီက တုံ့ပြန်လိုက်သည်။

ဧရာမလူသားမျိုးနွယ်စုသည် ရှေ့သို့တစ်ဖန် ပြေးထွက်သွားကြပြီး အရိုးနဂါးများနှင့် တိုက်ပွဲဖြစ်ပွားလေတော့သည်။

ရှောင်းယီနှင့် ကျန်းယွင်ထျန်းတို့သည် မှန်ပြောင်းများကို ကိုင်ဆောင်ကာ ရှေ့တန်းတိုက်ပွဲအခြေအနေကို စောင့်ကြည့်လိုက်ကြသည်။

“ဒီအရိုးနဂါးတွေက ငါတို့ အရင်က တွေ့ခဲ့တဲ့ကောင်လောက် မသန်မာသလိုပဲ။”

ကျန်းယွင်ထျန်းက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ ရှောင်းယီက ခေါင်းညိတ်ပြီး ပြန်ပြောလိုက်သည်။

“အရင်တစ်ကောင်က တိုင်ရန်နိုဆောရပ်စ်လေ။ ဒီမှာတော့ အဲ့ဒီလိုကောင်မျိုး မတွေ့သေးဘူး။ ဒါပေမဲ့ သူတို့က အားနည်းတယ်ဆိုရင်တောင် သိပ်တော့ မကွာခြားလှပါဘူး။ အားလုံးက SSS အဆင့်တွေချည်းပဲ။”

ကျန်းယွင်ထျန်းက ခေါင်းညိတ်သည်။

“အဖွဲ့ခွဲပြီး နံပါတ်တပ်လိုက်။ ပစ်မှတ်တွေကို ခွဲခြားသတ်မှတ်မယ်။ မြန်မြန်လုပ်...။”

ရှောင်ယီက အမိန့်ပေးလိုက်သည်။

“ဟုတ်ကဲ့။”

ကျန်းယွင်ထျန်းက မတ်တတ်ရပ်အလေးပြုပြီး တုံ့ပြန်လိုက်သည်။

ထို့နောက် စစ်သုံးယာဉ် အစီးနှစ်ဆယ်ကို တစ်အုပ်စုထားကာ အုပ်စုတစ်ရာ ခွဲလိုက်သည်။ ရန်သူ့ဘက်တွင် အရိုးနဂါး တစ်ရာကျော်ရှိသော်လည်း အကယ်၍ ၎င်းတို့က တစ်ရာကို အောင်မြင်စွာ ချေမှုန်းနိုင်လျှင် အင်အားသာလွန်မှုမှာ လုံးဝပြောင်းလဲသွားမည်ဖြစ်သည်။

ရှောင်းယီ ပေးထားသော အချက်အလက်များအရ အုပ်စုတစ်ရာအတွက် ပစ်မှတ်များကို သတ်မှတ်လိုက်ရာ အားလုံးမှာ ပို၍အင်အားကြီးမားသော အရိုးနဂါးများ ဖြစ်နေခဲ့သည်။

အတည်ပြုပြီးနောက် ရှောင်းယီက ကျားကျန့်ကို သူ၏ပစ်မှတ်များအကြောင်း အကြောင်းကြားလိုက်သည်။

ကျားကျန့်သည် အလွန်အံ့အားသင့်သွားသော်လည်း မျက်မှောင်ကြုတ်နေဆဲပင်။

သူအံ့အားသင့်ရခြင်းမှာ ရှောင်းယီက ဤအရိုးနဂါးများထဲမှ ပို၍ အစွမ်းထက်သူများကို တစ်ချက်ကြည့်ရုံဖြင့် ခွဲခြားနိုင်ခြင်းကြောင့် ဖြစ်သည်။

သူမျက်မှောင်ကြုတ်ရသည့် အကြောင်းရင်းမှာမူ ထိုအစွမ်းထက်သော အရိုးနဂါးများကို ထိန်းချုပ်ရန်အတွက် ၎င်းတို့၏ ဧရာမလူသားများ ထိခိုက်ဒဏ်ရာရခြင်းမှာ ရှောင်လွှဲ၍မရသောကြောင့် ဖြစ်သည်။

“အကယ်၍ ငါတို့က ဒီကောင်တွေကို ထိန်းချုပ်လိုက်မယ်ဆိုရင် ငါတို့အားလုံး ဒဏ်ရာရသွားနိုင်တယ်။”

ကျားကျန့်က သူ၏စိုးရိမ်မှုကို ရှောင်းယီအား ပြောပြလိုက်သည်။

ဧရာမလူသားများသည် ကာကွယ်ရေးဝတ်စုံ၏ စွမ်းပကားကို ၎င်းတို့ကိုယ်တိုင် လက်တွေ့မစမ်းသပ်ရသေးသည့်ပုံပင်။

“စိတ်ချပါ ခေါင်းဆောင်။ ကျုပ်တို့ရဲ့ ကာကွယ်ရေးဝတ်စုံရဲ့ စွမ်းအားကို ယုံကြည်လိုက်ပါ။”

ရှောင်းယီက ပြုံးကာ ပြောလိုက်သည်။ ကျားကျန့်က အနည်းငယ် စဉ်းစားပြီးနောက် ပြောလိုက်သည်။

“အရင်ဆုံး အုပ်စုနှစ်စုနဲ့ အရင်စမ်းကြည့်ရင်ရော ဘယ်လိုလဲ။”

“ရတာပေါ့။”

ရှောင်းယီက သဘောတူလိုက်သည်။

အကယ်၍ ကျားကျန့်အနေဖြင့် ကာကွယ်ရေးဝတ်စုံ၏ ခုခံကာကွယ်နိုင်စွမ်းကို မျက်မြင်ကိုယ်တွေ့ မတွေ့ရသေးပါက သူ၏ မျိုးနွယ်စုဝင်များကို အရိုးနဂါးများအား ထိန်းချုပ်ခိုင်းပြီး အန္တရာယ်ပြုခိုင်းရန် စိတ်ချနိုင်မည်မဟုတ်ပေ။

“ကောင်းပြီ။ ငါရင်ဆိုင်နေတဲ့ အရိုးနဂါးကို အရင်တိုက်ခိုက်ကြ။”

ကျားကျန့်က အော်ဟစ်လိုက်ပြီးနောက် ပြိုင်ဘက်၏ ထက်မြက်သော လက်သည်းများကို တိုက်ရိုက်လှမ်းဖမ်းကာ ၎င်းကို ထိန်းချုပ်ရန် သူ၏ ခွန်အားရှိသမျှ အသုံးပြုလိုက်တော့သည်။

သို့သော် ကျားကျန့်သည် အရိုးနဂါးတစ်ကောင်တည်းကိုသာ ရင်ဆိုင်နေရခြင်းမဟုတ်ပေ။ အခြားတစ်ကောင်က အခွင့်အရေးကို မြင်သွားပြီး ပြေးဝင်လာကာ ကျားကျန့်၏ ကျောပြင်ကို ထက်မြက်သော လက်သည်းများဖြင့် ပွတ်ဆွဲလိုက်တော့သည်။

အကယ်၍ ထိုတိုက်ခိုက်မှု ထိမှန်သွားပါက သူ၏ ကျောရိုးမှာ ဆွဲထုတ်ခံလိုက်ရဖွယ် ရှိသည်။

“ခေါင်းဆောင် သတိထား....။”

အားလုံးက ထိတ်လန့်သွားပြီး အော်ဟစ်လိုက်ကြ၏။ ထိုအချိန်တွင် စစ်သုံးယာဉ်များကလည်း စတင်ပစ်ခတ်လိုက်ပြီဖြစ်သည်။

“ဘုန်း...ဘုန်း....ဘုန်း...”

ကျားကျန့်သည် သူ၏ ကျောပြင်ကို အားပြင်းသော အရာတစ်ခုက ရိုက်ခတ်သွားသလို ခံစားလိုက်ရပြီး သူလုံးထွေးသတ်ပုတ်နေသော အရိုးနဂါးသည်လည်း ရုတ်တရက် ခုခံနိုင်စွမ်း ကင်းမဲ့သွားခဲ့သည်။ သူသည် ထိုအခွင့်အရေးကို အသုံးချကာ ရှေ့သို့ အကြိမ်အနည်းငယ် လိမ့်ထွက်သွားပြီး နောက်မှ အရိုးနဂါး၏ တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်လေသည်။

သူရပ်လိုက်သောအခါ ကျားကျန့်သည် သူနှင့် တိုက်ခိုက်နေသော အရိုးနဂါး၏ ခြေထောက်တစ်ဖက် ကျိုးသွားသည်ကို တွေ့လိုက်ရသဖြင့် အံ့အားသင့်သွားခဲ့သည်။ ထိုအရိုးနဂါးမှာ ယခုအခါ လုံးဝဒုက္ခိတဖြစ်သွားပြီဖြစ်သည်။

စစ်သုံးယာဉ်များက အရိုးနဂါး၏ ခြေထောက်ကို အမှန်တကယ် တိတိကျကျ ချိုးပစ်နိုင်ပေသည်။

သူသည် သူ၏ ကျောပြင်ကို လှမ်းစမ်းကြည့်လိုက်ရာ အရိုးနဂါး ကုတ်ခြစ်သွားသောကြောင့် ဝတ်စုံတွင် စုတ်ပြဲရာများ ရှိနေသော်လည်း ကျားကျန့်သည် သူ၏ ကျောပြင်မှာ တစ်စက်ကလေးမျှ ဒဏ်ရာမရခဲ့သည်ကို ခံစားလိုက်ရသည်။

ဒီကာကွယ်ရေးဝတ်စုံရဲ့ ခုခံအားက တကယ်ပဲ ဒီလောင်တောင် သန်မာတာလား။

စဉ်းစားကြည့်လျှင် ခုနက ကျားကျန့်သည် လုံးဝခုခံမှုမလုပ်ဘဲ အရိုးနဂါး၏ တိုက်ခိုက်မှုကို အမိအရ ခံယူလိုက်ခြင်းဖြစ်သည်။ ထိုသို့တိုက်ခိုက်မှုကိုပင် ဤဝတ်စုံက ခံနိုင်ရည်ရှိသည်ဆိုလျှင် ၎င်းမှာ အနှိုင်းမဲ့ ဖြစ်သွားပေလိမ့်မည်။

သူ၏ ရင်ထဲမှ အံ့သြမှုကို ထိန်းချုပ်ရင်း ကျားကျန့်က အကျယ်ကြီး အော်ပြောလိုက်သည်။

“အခုချက်ချင်း မဟာမိတ်ခေါင်းဆောင်ရှောင်းရဲ့ ညွှန်ကြားချက်အတိုင်း လိုက်နာပြီး သက်ဆိုင်ရာ အရိုးနဂါးတွေကို ထိန်းချုပ်ကြ။”

“ဟုတ်ကဲ့။”

အခြားဧရာမလူသားများသည်လည်း ကျားကျန့်၏ ဝတ်စုံကျောဘက်မှ လက်သည်းရာ လေးကြောင်းကို မြင်လိုက်ကြရပြီး ကာကွယခရေးဝတ်စုံ၏ စွမ်းပကားကို ချက်ချင်းပင် နားလည်သွားကြတော့သည်။

ထို့ကြောင့် ဧရာမလူသားအားလုံးသည် တွေဝေခြင်းအလျဥ်းမရှိတော့ဘဲ ရှောင်းယီ ညွှန်ကြားသည့်အတိုင်း ပစ်မှတ်အရိုးနဂါးများကို စတင်ထိန်းချုပ်ကြတော့သည်။

“ဘုန်း...ဘုန်း...ဘုန်း...ဘုန်း...ဘုန်း...ဘုန်း”

စစ်သုံးယာဉ်များ၏ အမြောက်သံများမှာ စစ်မြေပြင်တစ်ခွင် ဟိန်းထွက်သွားတော့သည်။

“ခေါင်းဆောင်ကျား...မြေပြင်ပေါ် လဲကျသွားတဲ့ အရိုးနဂါးတွေကို ကျုပ်တို့ဆီမှာပဲ ထားခဲ့လိုက်ပါ။”

ရှောင်းယီက အကျယ်ကြီး အော်ပြောလိုက်သည်။

“ကောင်းပြီ။”

ကျားကျန့်က တုံ့ပြန်လိုက်ပြီး နောက်ထပ် အကောင်းပကတိရှိနေသေးသော အရိုးနဂါးဆီသို့ ပြေးဝင်သွားတော့သည်။

ခြေထောက်ကျိုးသွားသော အရိုးနဂါးများသည် ၎င်းတို့၏ လျင်မြန်မှုနှင့် ဟန်ချက်ညီမှုကို ဆုံးရှုံးသွားကြကာ စစ်သုံးယာဉ်များအတွက် လွယ်ကူသော ပစ်မှတ်များ ဖြစ်လာခဲ့ကြသည်။

ခဏချင်းအတွင်းမှာပင် အခြေအနေမှာ လုံးဝပြောင်းလဲသွားပြီး မသေမျိုးမျိုးနွယ်စုမှာ ချက်ချင်းပင် အောက်စည်းရောက်ခဲ့တော့သည်။ အဝေးမှ ဝတ်ရုံနက်ဝတ်ဆင်ထားသူမှာ တိုက်ပွဲအခြေအနေကို စောင့်ကြည့်နေပြီး အထက်သို့ ချက်ချင်းသတင်းပို့လိုက်တော့သည်။

“ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။”

ဟင်းလင်းပြင် အက်ကွဲကြောင်းအနီးရှိ ကျောက်တုံးအိမ်အတွင်းမှ ဝတ်ရုံနက်ကိုးဦးလုံး ထိတ်လန့်သွားကြသည်။

“ဒီအရာတွေက ဘယ်ကနေ ဒီလောက်အများကြီး ထွက်လာတာလဲ။ အဲ့ဒီအပြင်လူက ဒီဟာတွေကို စိတ်ကြိုက် ပေးပို့နိုင်တာလား။”

“အခု ပြဿနာက ဘာလုပ်မလဲဆိုတာပဲ။ ငါတို့ ဧရာမလူသားမျိုးနွယ်စုကို ဟန့်တားရမယ်။ အကယ်၍ ဧရာမလူသားတွေ လက်အားသွားရင် ငါတို့ လုံးဝ ရှုံးနိမ့်သွားလိမ့်မယ်။”

“မသေမျိုးချောက်ကမ်းပါးထဲက ငါးမန်းသွား အရိုးနဂါးတွေကို ဆင့်ခေါ်လိုက်တော့။”

ခေါင်းဆောင်ဖြစ်သူ ဝတ်ရုံနက်က အေးစက်စွာ ပြောလိုက်သည်။

“အဲ့ဒီလိုလုပ်လိုက်ရင် တခြားမသေမျိုးစစ်တပ်တွေကို ဆင့်ခေါ်တဲ့နေရာမှာ ထိခိုက်မှုရှိမသွားဘူးလား။”

“အဲ့ဒီအပြင်လူမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်နိုင်တဲ့ လက်နက်တွေ အများကြီးရှိနေတယ်။ မင်းတကယ်ပဲ ဒီသာမန်မသေမျိုးတွေက သူတို့ ငါတို့ဆီကို ချီတက်လာတာကို တားဆီးနိုင်မယ်လို့ ထင်နေတာလား။”

ခေါင်းဆောင်က ပြန်မေးလိုက်သည်။

ထိုစကားကြောင့် အားလုံး တိတ်ဆိတ်သွားကြတော့လေသည်။

ရှေ့တန်းမှ ပေးပို့လာသော မြင်ကွင်းများအရ ထိုအဆင့်နိမ့် မသေမျိုးများသည် ရှောင်းယီတို့အဖွဲ့၏ ချီတက်မှုကို အမှန်တကယ် မတားဆီးနိုင်ဘဲ ရန်သူ့ခဲယမ်းများကို ကုန်အောင်လုပ်နိုင်ရုံထက် မပိုပေ။

သို့သော် ရန်သူ့ခဲယမ်းများမှာ ယခုအချိန်အထိ ကုန်ခန်းမည့်လက္ခဏာ မရှိသေးပေ။

“ကျုပ် သဘောတူတယ် “

အခြားဝတ်ရုံနက်များကလည်း တစ်ဦးပြီးတစ်ဦး သဘောတူလိုက်ကြသည်။

“မင်းတို့ သဘောတူတယ်ဆိုရင် စလိုက်ကြစို့။ တခြားမသေမျိုးတွေ အားလုံးကိုတော့ လောလောဆယ် စောင့်ခိုင်းထားလိုက်ပါ။”

“ဟုတ်ကဲ့။”

ဧရာမလူသားမျိုးနွယ်စုရှိရာ ရှေ့တန်းစစ်မျက်နှာတွင်မူ ရှောင်းယီ၏ အကူအညီဖြင့် ၎င်းတို့မှာ အသာစီးကို လုံးဝရယူထားနိုင်ပြီဖြစ်ကာ အရိုးနဂါးများသည်လည်း တစ်ကောင်ပြီးတစ်ကောင် အရိုးစများအဖြစ် ချေမှုန်းခံနေရပြီဖြစ်သည်။

All Chapters