← Chapters

အခန်း (၆၁-၆၃)

Vol. 5 Ch. 61-63

အခန်း (၆၁-၆၃)

Vol. 5 Ch. 61-63

အပိုင်း (၆၁) ရေလမ်း‌ကြောင်းတူးဖော်ခြင်း

ဒုတိယရက်မြောက်နေ့ ညနေခင်းတွင် စုမိသားစုများ ထမင်းစားပြီး မကြာမီအချိန်၌ အပြင်ဘက်တံခါးမကြီးမှ တံခါးခေါက်သံတစ်ခု ပဲ့တင်လာခဲ့သည်။ ယိုကျင့်သည် ပြန်လည်မဖြေကြားမီ လက်ကိုင်ပဝါတစ်ခုကို ယူကာ သူမ၏လက်ကို ခြောက်သွေ့စေရန် သုတ်လိုက်သည်။ “လာပြီ”

အချိန်ကိုတွေးကြည့်ကာ ပွဲစားချန် ဖြစ်မည်ဟု ခန့်မှန်းလိုက်သည်။ အမှန်ပင် တံခါးအပြင်ဘက်၌ ရပ်နေသောသူမှာ ဟောင်ကျားဟွမ်မှ လာသည့် ပွဲစားချန်ပင်ဖြစ်သည်။ ပွဲစားချန်သည် ယိုကျင့်အားမည်သည်နှင့် လက်နှစ်ဘက်ယှက်ကာ အပြုံးလေးနှင့် နှုတ်ဆက်လိုက်သည်။

“မိန်းကလေးစုကို နှောင့်ယှက်မိပါပြီ”

ဟောင်ကျားဟွမ်မှ မြေတစ်ဆယ့်ခြောက်ဧက ပိုင်ဆိုင်ထားသော ပိုင်ရှင်မှာ ယိုကျင့်၏ ငွေပေးချေမှုကို စောင့်ဆိုင်းနေပေသည်။ ယိုကျင့်သည် ဈေးနှိမ်လိုက်သေးသော်လည်း သူလက်ခံနိုင်သည့် ပမာဏ ဖြစ်နေသေးသောကြောင့် အမြန်ပင် လက်ခံသဘောတူခဲ့သည်။ “တစ်ခုပဲ မှာလိုက်ပါတယ်။ အခုစိုက်ပျိုးထားတာတွေက သူ့မိသားစုနဲ့ပဲ သက်ဆိုင်နေမှာပါတဲ့။ ပြီးတော့ မြေတွေကို ဆောင်းဦး ကောက်ရိတ်သိမ်းပွဲကျမှ မိန်းကလေးအပိုင်ဖြစ်မယ်တဲ့ ဘယ်လိုထင်လဲ”

ယိုကျင့်သည် ပဲစေ့တစ်စေ့ကစ လိုက်ကပ်တွယ်တတ်သည့်သူ မဟုတ်ပေ။ ထိုမိသားစုသည် ‌ကောက်မရိတ်သိမ်းခင်ပင် မြေယာများ ရောင်းချသည်ကို ကြည့်ခြင်းဖြင့် မိသားစု၌ အရေးပေါ် ငွေလို၍ ဖြစ်နိုင်သည်မလား။ သူမသည် သဘောတူဟန် ခေါင်းညိတ်ပြလိုက်သည်။

ရောင်းသူနှင့်၀ယ်သူတို့ သဘောတူညီသွားကြသည့်အတွက် ယိုကျင့်သည် အခန်းထဲသို့သွားကာ လျန်တစ်ရာတန် ငွေလက်မှတ်နှင့် ငွေသား ဆယ်လျန်အား ပွဲစားချန်ဆီသို့ ပေးလိုက်သည်။

“တံဆိပ်တုံးနှိပ်ဖို့ကိုလည်း ဦးလေးချန်ကိုပဲ ဒုက္ခပေးပါရစေ”

စုမိသားစုကဲ့သို့ စုတ်ချာသည့်နေရာမျိုး၌ ငွေလက်မှတ် ရှိမည်ကို မျှော်လင့်မထားခဲ့ပေ။ ထို့အတွက် ခဏတာမျှ ကြောင်အနေခဲ့သည်။ ယိုကျင့်ပြောသည်ကို ကြားမှသာ ငွေကို အမြန်လက်ခံလိုက်ရသည်။

“မိန်းကလေးစုက တအားပျူငှာတတ်တာပဲ။ ဒါက ဦးလေးတို့ပွဲစားတွေ လုပ်ပေးရမဲ့အလုပ်ပါ။ မလိုပါဘူး”

ပွဲစားချန်သည် ကိစ္စရပ်များ ကိုင်တွယ်ရာ၌ ကျွမ်းကျင်ပေသည်။ သူသည် ဒုတိယရက်မြောက် ညနေခင်း၌ တံဆိပ်တုံးနှိပ်ထားသည့် စာရွက်စာတမ်းများကို ပြန်လည်ပို့ဆောင်ပေးသည့်အပြင် ပြန်အမ်းငွေကိုပါ အတိအကျ ရှင်းလင်းပေးခဲ့သည်။

“မိန်းကလေးစု ပေးတာက လျန်တစ်ရာနဲ့လေးဆယ်ပါ။ အမည်ပိုင်ပြောင်းလဲခက တစ်လျန်နဲ့‌ ငွေခြောက်ပြားပါ။ ပွဲစားခအတွက် ငွေသုံးစနှုတ်ပါမယ်။ အဲ့တော့ စုစုပေါင်း တစ်ရာ့ငါးလျန်နဲ့ငွေကိုးပြားပါ”

သာ့ဖန်၏ဓလေ့အရ ရောင်းသူ၀ယ်သူ နှစ်ဦးစလုံးသည် ပွဲစားကို ပေးချေရပေသည်။ ထိုသို့ဖြင့် တစ်ဆယ့်ခြောက်ဧကရှိသည့် လယ်ယာအတွက် ပွဲစားချန်သည် လျန်တစ်၀က် ရလိုက်ပေသည်။

ယိုကျင့်သည် ‌ပြောင်းလဲထားသည့် ပိုင်ဆိုင်မှုစာချုပ်ကို အပြုံးလေးဖြင့် ပျော်ရွှင်စွာလိုက်ခဲ့သည်။ ကြီးမားကာ ဖြောင့်တန်းလှပသည့် စုယိုကျင့်ဟူသော စာလုံးသုံးလုံးကို ကြည့်ရင်း မျက်လုံးများ မှေးသွားသည်အထိ ပြုံးလိုက်မိသည်။ “ကျေးဇူးပါ ဦးလေးချန်”

ပွဲစားချန်သည် အပြုံးလေးဖြင့် စကားဆိုလိုက်သည်။ “တကယ်လို့ မိန်းကလေးစု အနာဂတ်မှာ တစ်ခုခု လိုအပ်လာခဲ့ရင် ကျွန်တော့်ကိုသာ ရှာလိုက်ပါ၊ မိန်းကလေးစုအတွက် သင့်တော်တဲ့ဈေးနဲ့ ကောင်းတဲ့မြေတွေ ရှာပေးပါ့မယ်”

ယိုကျင့်သည် ပြုံးလိုက်ကာ ပွဲစားချန်အား လိုက်ပို့လေသည်။

သူမသည် ပင်မအခန်းထဲရှိ စားပွဲ၌ ထိုစာချုပ်ကို တင်လိုက်သည့်အခါ အခန်းထဲရှိ လူတိုင်းသည် ထိုအရာအား ပန်းပွင့်လာသည့်အနှယ် မျက်လုံးပြူးလေးများဖြင့် ကြည့်နေကြသည်။

အမျိုးသမီးစုသည် တံတွေးမျိုချကာ မယုံကြည်နိုင်သဖွယ် မေးလိုက်သည်။ “သမီးက ဆယ့်ခြောက်ဧကလုံး ၀ယ်လိုက်တာလား” သမီးဖြစ်သူမှာ လယ်ဧကများ ၀ယ်ယူရန် စီစဉ်နေကြောင်း အကြမ်းဖျင်း သိထားပေသည်။ ထို့ကြောင့် သူမသည် အံ့ဩမှုကို ထုတ်မပြခဲ့ပေ။ သို့သော် တစ်ကြိမ်တည်းဖြင့် တစ်ဆယ့်ခြောက်ဧကလုံးကို ၀ယ်မည်ဟု မည်သူထင်မည်နည်း။

ယိုကျင့်သည် ထိုစာချုပ်အား မသိမ်းဆည်းမီ ပျော်ရွှင်စွာ ခေါင်းညိတ်သဘောတူခဲ့သည်။ “အနာဂတ်မှာ ငွေမရှိတော့ရင်တောင် သမီးတို့ဆီမှာ လယ်ဆယ်ဧကကျော်ရှိတော့ အစားအသောက် ပြတ်လတ်မှာ မပူရဘူးပေါ့ ဟုတ်တယ်မလား”

သူမ၏လက်ထဲရှိ ယခင်ကဲ့သို့ နီရဲကာ ခြောက်သွေ့နေသည့် ဆံသားများ မရှိတော့သော ရှောင်ချီအား ပွေ့ပိုက်ထားရင်း ပျော်ရွှင်စွာ ပြောကြားလိုက်သည်။ “ညီမလေးတွေအတွက် လက်ဖွဲ့တွေလည်း စီစဉ်ပြီးသွားပြီ”

ယိုကျင့်ပြောသည့် စကားကို ကြားသည်နှင့် ဖြစ်လေ့ဖြစ်ထရှိသည့် ပုံမှန်အရာများကို နားမလည်သေးသည့် ညီမများသည် သီးကုန်ကြလေသည်။ အမျိုးသမီးစုသည် အကြီးဆုံးသမီးဖြစ်သူမှ ကလေးများ၏ အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ထားကြောင်း ပြောသည့်အခါ အံ့ဩသွားခဲ့ရသည်။ ထို့နောက် သူမ ယွဲ့မိသားစုအိမ်သို့ လက်ဖွဲ့မရှိဘဲ ၀င်ရောက်ခဲ့ပြီးနောက် ဖြတ်သန်းခဲ့ရသည့် ကျပ်တည်းလှသော ဆယ်နှစ်တာကာလကို ပြန်တွေးတောမိသည်။ သူမသည် သမီးဖြစ်သူ၏စကားကို စိတ်ရောကိုယ်ပါ သဘောတူမိသည်။

“အမေတို့လက်ထဲ ပိုက်ဆံရှိနေတော့ လယ်တွေပဲ ပို၀ယ်ထားသင့်လား”

သူမ၏တစ်ဘ၀လုံး ကျေးလက်၌သာ ကြီးပြင်းလာသည်ဖြစ်၍ လယ်မြေသည်သာ စိတ်ချရသည်ဟု ထင်မှတ်လေသည်။ သမီးဖြစ်သူ၏ပြောကြားချက်ကြောင့် လယ်ယာမြေများကိုသာ စုဆောင်းထားရန် တွေးတောလိုက်သည်။

“အမေ သမီးတို့ဆီမှာ မြေကောင်းတွေ တစ်ဆယ့်ခြောက်ဧကတောင် ရှိ‌တာနော်။ ပြီးတော့ ‌မြေဆိုးလေးဧကလည်းကျန်သေးတယ်” ယိုကျင့်သည် သိသင့်သည်များကို ထောက်ပြလိုက်သည်။

”ပြီးတော့ သမီးတို့လက်ထဲမှာ ရှိတဲ့ငွေကို ပိုပြီးပွားအောင် လုပ်သင့်တယ်။ လက်ဗလာနဲ့ တောတောင်မှာပဲ တစ်သက်လုံး နေသွားလို့မရဘူးလေ”

ယခု သူမတို့၌ လျန်ငါးရာပမာဏရှိပေသည်။ ထိုပမာဏသည် လော့ဟယ်စီရင်စု လမ်းမျက်နှာစာ၌ ဆိုင်တစ်ဆိုင် ၀ယ်ယူ၍ရပေသည်။ အိမ်၌ အားနည်း ပျော့ပျောင်းသည့် မိန်းမသားများသာ ရှိပေသည်။ သူမတို့သည် မုန့်များ ပြုလုပ်ရောင်းချရင်း ငွေရှာနိုင်သဖြင့် မြေကြီးကို တူးဆွနေခြင်းထက် သက်သာပေသည်။

သမီးဖြစ်သူ၏ ငြင်းပယ်မှုကြောင့် အမျိုးသမီးစုသည် မည်သည်ကိုမှ မကန့်ကွက်တော့ပေ။ စုထားမိသမျှ ငွေများသည် ယိုကျင့်၏အစွမ်းအစကြောင့် ဖြစ်သည်။ ထို့အတွက် သူမစိတ်တိုင်းကျ သုံးနိုင်ပေသည်။

………….

ရှောင်လင်ယွီဘက်၌ ယခုကိစ္စရပ်များ ဖြစ်ပွားလေသည်။ ရှောင်လင်ယွီသည် လော့ဟယ်စီရင်စုသို့ ပြန်လာရခြင်းမှာ ‌လာမည့်နှစ်၌ ဘိုးဘေးကန်တော့ပွဲများ ပြုလုပ်ရန် အုတ်ဂူများကို လာရောက်ပြုပြင်မွမ်းမံခြင်း ဖြစ်သည်။ ဒုတိယအချက်မှာ လော့ဟယ်စီရင်စုရှိ ရေကြောင်းလမ်း ပြုပြင်မွမ်းမံမှုကြောင့် ဖြစ်သည်။ ရှောင်မိသားစုသည် ရေလမ်းကြောင်း ကုန်သွယ်ရေး၌ ထိထိမိမိ လုပ်ကိုင်ဆောင်ရွက်ခြင်း မရှိသော်လည်း အဖေဖြစ်သူ၏ လက်ထက်ကတည်းကပင် ကုန်းတွင်းရေပိုင်နက် စီးပွားရေးတွင် ၀င်ရောက်ခဲ့မိသည်။ ယခုအချိန်တွင် ဦးလေးဖြစ်သူမှာ နန်းတွင်း၌ အခွန်ဘဏ္ဍာရေး၏ အတွင်းရေးအမတ် ဖြစ်သည့်အလျောက် ထိုဦးလေး၏ ကာကွယ်ခုခံပေးမှုအောက်၌ ရှောင်မိသားစု၏ ရေလမ်းခရီးကုန်သွယ်ရေးမှာ တဖြည်းဖြည်းကြီးမားလာခဲ့သည်။ ရှောင်လင်ယွီသည် တောင်ဘက်ပိုင်းမှ လော့ဟယ်စီရင်စုသို့ အမြန်ရောက်ရှိလာရခြင်းမှာ လော့ဟယ်စီရင်စု၌ ကုန်းတွင်း ရေလမ်းကြောင်း တူးဖော်မည်ဟု ဘုရင်မင်းမြတ်၏ညီလာခံမှ သတင်းထွက်ရှိခြင်းကြောင့်ဖြစ်သည်။ ထို့အတွက် ရှောင်လင်ယွီသည် လော့ဟယ်စီရင်စုသို့ ရှေးဦးစွာ လာရောက်ရခြင်းဖြစ်သည်။

လော့မြစ်သည် ရေစီးကြမ်းသော်လည်း လော့ဟယ်စီရင်စု ပတ်ပတ်လည်ရှိ အခြားသောမြို့များ ရွာများသည် လေးမီတာငါးမီတာမျှ ကျယ်ပြောသည့် ဝူလင်းချောင်ရွာကဲ့သို့ ရေစီးမသန်ကြပေ။ ကုန်းတွင်းရေလမ်းသွယ်မည်ဆိုပါက အခြားသော နေရာရှာဖွေခြင်း သို့မဟုတ် ရေလမ်းဖောက်ခြင်း ပြုလုပ်မှ ရပေလိမ့်မည်။ အရှင်မင်းကြီးသည် ရေလမ်းတူးဖော်ချင်ကြောင်း ဒုတိယဦးလေးမှ သူ့အား လော့ဟယ်စီရင်စုသို့ ခရီးမထွက်ခင် ပြောကြားခဲ့သည်။ သို့သော် ထိုသို့ ရေလမ်းတူးဖော်ခြင်းသည် ငွေကုန်ကြေးကျ များပေသည်။ အချိန်ကြာမြင့်သည်အထိ ဆုံးဖြတ်ချက် မချနိုင်ခဲ့သေးပေ။ ထို့ကြောင့် လွန်ခဲ့သည့်ဆယ်ရက်အတွင်း၌ ကုန်းတွင်းရေလမ်းအတွက်တူးဖော်ရန် အဆင်ပြေမည့် နေရာအား လော့ဟယ်စီရင်စုတွင် လှည့်ပတ်ကြည့်ရှုရန် စေခိုင်းမည့် အရေးကြီးစာတစ်စောင်ကို ‌ရှောင်လင်ယွီ စောင့်ဆိုင်းနေခြင်းဖြစ်သည်။

ရှောင်မိသားစု အိမ်တော်၌ ရှောင်လင်ယွီသည် မြို့တော်မှ ရောက်ရှိလာသော စာစောင်အား အမြန် ဖွင့်လိုက်ကာ ဖယောင်းတိုင်ပေါ်၌ အသာအယာ တင်လိုက်သည်။ အကြောင်းကြားစာများကို ဖတ်ရင်း သူ၏နှုတ်ခမ်းထောင့်၌ အပြုံးတစ်ခု ပေါ်ပေါက်လာကာ ခန်းမအလယ်၌ ရပ်နေသည့် သတ်လတ်ပိုင်း အမျိုးသားတစ်ဦးကို ၀မ်သာအားရ ပြောလေသည်။

“မင်းကြီးက စိတ်ပိုင်းဖြတ်ပြီးသွားပြီတဲ့။ စာထဲမှာ ဦးလေးက ပြောထားတယ်။ မြစ်ကို လော့ဟယ်မြို့ တောင်ပိုင်းတစ်လျှောက် တူးဖော်သွားမယ်တဲ့။ အခုမြစ်ကြောင်းက မီတာအနည်းငယ် ကျယ်ပေမဲ့ ဆယ့်ငါးမီတာကနေ ဆယ့်ရှစ်မီတာလောက် ကျယ်အောင် တူးပြီး အနက် နှစ်ဆယ့်ငါးကီလိုမီတာ ရှိတဲ့လမ်းကြောင်းကို တူးမြောင်းနဲ့ ဆက်ပြီး မြို့တော်ကို လမ်းဖောက်မယ်။ အဲ့ကနေ လော့ဟယ်ကို ရောင်း၀ယ်ကုန်သွယ်မယ်တဲ့”

သတ်လတ်ပိုင်းလူကြီးမှာ ရှောင်မိသားစု၏ စီးပွားရေးဆိုင်ရာ ညာလက်ရုံးဖြစ်ကာ အမည်မှာ ရှောင်ဟန်ဖြစ်သည်။ သူသည် ရှောင်လင်ယွီ၏ အဖေလက်ထက်ကပင် ငယ်စဉ်ကတည်းက အလုပ်အကျွေး ပြုလာခဲ့သည်။ ယခုအခေါက် လော့ဟယ်စီရင်စုသို့ သွားသည့်အခါတွင် ရှောင်မိသားစုခေါင်းဆောင်မှ ရှောင်လင်ယွီအတွက် အကူအညီရစေရန် ထိုလူအား ထည့်ပေးလိုက်ခြင်း ဖြစ်သည်။ အကြီးဆုံးသခင်လေး ပြောသည့်အကြောင်းအရာကို ကြားသည်နှင့် ရှောင်ဟန်သည် အ‌နည်းငယ်တွေးတောကာ တုံ့ပြန်လိုက်သည်။

“ဒုတိယသခင်က ဘဏ္ဍာငွေ ကျပ်တည်းနေတယ်လို့ မပြောခဲ့ဘူးလား။ ဘယ်ကနေလယ်လို မြောင်းတူးမှာလဲ”

“ဒုတိယဦးလေးပြောတာက အရှင်မင်းကြီးက ကုန်သည်တွေကို ခေါ်ပြီး သီးသန့် ဆွေးနွေး စုဆောင်းထားတယ်တဲ့။ တူးမြောင်းတူးရာမှာ ငွေကြေးထောက်ပံ့ပေးသူတွေအတွက် တူးမြောင်း ဆောက်လုပ်ပြီးစီးသည့်အခါ လျန်တစ်သိန်းခွဲပမာဏ ထည့်သွင်းတဲ့လူတိုင်း ကုန်းတွင်း ရေလမ်းခရီးသွားလာရေး ဆယ်နှစ်အခွန်ကင်းလွတ်ခွင့်နဲ့ ပြည်ပရေလမ်းကုန်သွယ်ရေး ငါးနှစ်ကင်းလွတ်ခွင့် ပေးမယ်ပြောတယ်” ရှောင်လင်ယွီသည် ရှောင်ဟန်အား စာထဲ၌ ဒုတိယသခင်ရှောင် ပြောထားသည်များကို တခွန်းမကျန် ပြောပြခဲ့သည်။

“ကုန်းတွင်းရေပိုင်နက်ခက အဲ့လောက်မများပေမဲ့ နယ်ခြားရေလမ်းအခွန်က ရှောင်မိသားစုတောင် လျန်သုံးသောင်း ဆောင်နေရတာ။ ဒီအလဲအလှယ်က အမြတ်တွေချည်းပဲ။ ရှုံးစရာမရှိဘူး”

ပြည်ပရေလမ်းကုန်သွယ်ရေး အခွန်ခသည် များပြားသော်လည်း အကျိုးအမြတ်လည်း များပေသည်။ ယခုနှစ်များအတွင်း ရှောင်မိသားစု၏ ၀င်ငွေအများစုသည် ပြည်ပကုန်သွယ်ရေးမှ ရရှိလာခြင်းဖြစ်သည်။ ပြည်ပရေလမ်းကုန်သွယ်ရေး အခွန်ခမှာ ငါးနှစ်သာလွတ်ကင်းခွင့်ရရှိပါက လက်ခံနိုင်ပေသည်။ ရှောင်ဟန်သည် လက်ခုပ်တစ်ချက်တီးကာ ပြောလိုက်သည်။ “ရုံးတော်က လျန်တစ်သိန်းခွဲကို တစ်ခါတည်းလိုချင်တာဆိုတော့ ရေလမ်းကုန်သွယ်ရေး အသေးစားလေးတွေက တတ်နိုင်မှာမဟုတ်ဘူး၊ ကျွန်တော်တို့လို မျိုးနွယ်ကြီးတွေကပဲ ခွဲဝေယူကြလိမ့်မယ်”

ရှောင်လင်ယွီသည် ခေါင်းညိတ်သဘောတူလိုက်သည်။

“ဒီသတင်းသာ လော့ဟယ်စီရင်စုမှာ ပျံ့သွားတာနဲ့ တူးဖော်မဲ့လမ်းကြောင်းတစ်လျှောက်က မြေတွေ ဈေးမြင့်လာလိမ့်မယ်။ ဒီနှစ်ရက်အတွင်း ဦးလေးဟန်ကို ဒုက္ခပေးပါရစေ။ လော့ဟယ်စီရင်စုကနေ နှစ်ကီလိုမီတာ အတွင်းက လယ်မြေတွေကို အရင်စုထားပေးပါ”

ယခု လော့ဟယ်စီရင်စု အပြင်ဘက်ရှိ လယ်များမှာ ဈေးမကြီးသေးပေ။ လျန်အနည်းငယ်ဖြင့် စုဆောင်းထားရမည်ပင်။ သတင်းသာ ပျံ့သွားပါက လယ်ဧကဈေးများသည် ယခင်ကထက် ဆယ်ဆ တက်သွားပေလိမ့်မည်။

ရှောင်မိသားစု၏ လှုပ်ရှားမှုသည် မြန်ဆန်သကဲ့သို့ ရေကြောင်းလမ်းတူးဖော်ရေး၌ ပါ၀င်ကြသည့် အခြားမိသားစုများသည်လည်း လက်မနှေးကြပေ။ သုံးရက်မှ ငါးရက်အတွင်း လော့ဟယ်စီရင်စု အပြင်ဘက်ရှိ မြစ်ကမ်းဘေးနှစ်ဖက်မှ လယ်ဧကများ အားလုံးအား ထိုမိသားစုများမှ ပိုင်ဆိုင်သွားကြသည်။ ယခင်က ရှစ်လျန်သာ ရှိသော ‌မြေဧကကောင်းများမှာ လျန်နှစ်ဆယ်နှင့်ပင် ရောင်းထွက်ကြပြီး ယိုကျင့်တို့ ၀ယ်ယူထားသည် မြေဆိုးလေးဧကသည်ပင် ဆယ်လျန်အထိ ဈေးတက်သွားပေသည်။ လော့ဟယ်စီရင်စု၏ အတွင်းနှင့်အပြင်၌ ရေလမ်းကြောင်းဖူးဖော်မည့် သတင်းသည် ပျံ့နှံ့နေလျက်ရှိသည်။ လယ်ဧကများကို စောစီးစွာ ရောင်းထုတ်ခဲ့သည့် မိသားစုများမှာ ရင်ထုကာ ငိုကြွေးရင်း အကျပ်အတည်း ဖြစ်နေကြတော့သည်။ ခဏတာအတွင်း လော့ဟယ်စီရင်စုတစ်ခုလုံးသည် မြေဈေးမတည်ငြိမ်မှုများ ဖြစ်ပေါ်လာလေသည်။

............

မြို့ထဲ၌ ဆီးချိုရည်ရောင်းချနေသေးသည့် စုမိသားစုသည် ထိုသို့ သတင်းမျိုးကို လွတ်မသွားနိုင်ချေ။ ယိုကျင့်သည် ယနေ့တွင် လော့ဟယ်စီရင်စု၌ ရေမြောင်းဖောက်မည်ဆိုသည့် သတင်းကို ကြားရသည်မှာ တစ်ဆယ့်ခုနှစ်ခေါက်မြောက် ရှိနေပြီပင်ဖြစ်သည်။ “စုမိန်းကလေး ဝူလီချောင်ကိုဖြတ်ပြီး ရေကြောင်းဖော်မှာတဲ့၊ မင်းတို့သာ ‌မြစ်ဘေးမှာ လယ်မြေ၀ယ်ထားတာရှိရင် ငွေအများကြီးစုမိမှာပဲ”

ယခု သတင်းပြော‌ပြနေသူမှာ ယိုကျင့်နှင့်ရင်းနှီးသည့် အမျိုးသမီးကြီးဖြစ်သည်။ ယိုကျင့်တို့မိသားစုမှာ ဝူလီချောင်၏တစ်ဖက်ခြမ်း၌ နေထိုင်ကြောင်း သူမသိပေသည်။

ယိုကျင့်သည် ထိုအရာကိုကြားသည်နှင့် သက်ပြင်းချကာ ပြုံးလိုက်သည်။ “အဒေါ်ပြောသလိုသာဆို ကျွန်မက ကျွန်မခြေကို ဆင်းပြီး ခစားမဲ့သူပဲ ထိုင်စောင့်နေမှာပေါ့။ ဘာလို့ ဒီနေပူကြီးထဲမှာ ဆီးချိုရည် ရောင်းနေရမှာလဲ မဟုတ်ဘူးလား”

သူမသည် ယိုကျင့်ပြောသည့်စကားကို ထောက်ခံပေသည်။ သူမသည် နှစ်သိမ့်‌ပေးလိုက်သည်။

“ဟုတ်ပါတယ်လေ။ လူတိုင်းက သူ့ကံနဲ့သူလာတာပဲ။ မြေဆိုးတွေတောင် တစ်ဧကကို ဆယ်လျန်ကျော်နဲ့ ရောင်းထွက်လိမ့်မယ်လို့ ဘယ်သူထင်မှာလဲ။ အဲ့လိုမှန်းသိရင် အရင်ကတည်းက ငါတို့အိမ်အကြီးအကဲကို ဧကနှစ်ဆယ်ကျော်လောက် ၀ယ်ခိုင်းထားပါတယ်”

ထိုအမျိုးသမီးသည် ဆီးချိုရည်ကို သောက်ပြီးနောက် သက်ပြင်းချကာ ထွက်ခွာသွားတော့သည်။

လယ်မြေမရှိသည့် ယိုကျင့်သည် ဟောင်ကျားဟွမ်မှ မြေတစ်ဆယ့်ခြောက်ဧကကို ၀ယ်ယူမိသည့်အတွက် ၀မ်းသာနေပေသည်။ ထို့အပြင် သူမတို့မိသားစု၏ မြေဆိုးများ နေရာအဆုံးရှိ လယ်ခြောက်ဧကလည်း ရှိသေးသည်။ အစက သူမသည် လယ်ဆယ်ဧကမျှသာ စုရန် ရည်ရွယ်ထားခဲ့သည်။ ထိုအချိန်က လော့ဟယ်စီရင်စု၌ ရေ‌လမ်းကြောင်း တူးဖော်မည့် အကြောင်းမှာ မပျံ့နှံ့သေးပေ။ ထို့အတွက် သူမသည် တစ်ဧကကို နှစ်လျန်နှင့် ဈေးနှိမ်၀ယ်ခဲ့နိုင်သည်ဟု ဆိုရမည်။ သူမသည် ရည်ရွယ်ထားခြင်းမရှိဘဲ ၀ယ်ယူခဲ့ခြင်းဖြစ်သည်။

အိမ်မကြီးဆယ်ခု၏ ပါ၀င်လှုပ်ရှားမှုကြောင့် ရေလမ်းကြောင်းတူးဖော်ရန် မတည်ငွေ တစ်သိန်းခွဲမှာ လ၀က်အတွင်း စုစည်းနိုင်ကာ ရုံးတော်သို့ အပ်လိုက်ကြသည်။ ဘဏ္ဍာငွေ လုံလောက်သည့်အတွက် ဝူလီချောင် အပြင်ဘက်၌ လုပ်ငန်းခွင်မှာ အဓိကတည်နေရာ ဖြစ်လာခဲ့သည်။ နွေဦးကျော်လွန်ကာ ဆောင်းရာသီ ခြောက်သွေ့လာသည်နှင့် ‌တူးမြောင်းကို စတင်တူးဖော်နိုင်ပေသည်။

ကုန်သည်များအတွက် တူးမြောင်း တည်ဆောက်ရေးသည် စီးပွားရေးအတွက် အရေးပါ အရာရောက်သော်လည်း နန်းတွင်းနယ်ခြားစောင့်တပ်များအတွက် လော့ဟယ်စီရင်စုသည် သာ့ဖန်၏ မြောက်ဘက်ပိုင်း၌ရှိနေကာ ဝေးလံခေါင်ဖျားလှပေသည်။ စစ်ပွဲဖြစ်ပွားပါက ရေလမ်းကုန်သွယ်ရေးများမှာ ကုန်တွင်းပိုင်းထက် အချိန်တစ်၀က်မျှ ကြန့်ကြာနိုင်သည်။ အရှင်မင်းမြတ်သည် အိုမင်းနေပြီ ဖြစ်သော်ငြား စစ်မက်ရေးရာ၌ ဂုဏ်သတင်းကြီးမားပေသည်။ နောင်မျိုးဆက်များ၏ ကြီးပွားတိုးတက်ရေးအတွက် လော့ဟယ် တူးမြောင်းသည် အရေးကြီးလှပေသည်။

သို့သော်လည်း သာမန်လူတန်းစားများသည် ထိုအရာများကို နားမလည်ပါချေ။ ထိုသူတို့အတွက် ပိုက်ဆံမည်သို့ရှာဖွေရမည်ကို တွေးတောခြင်းနှင့် အစားအစာလောက်ငှရန် စီမံခြင်းတို့က ပို၍အရေးကြီးပေသည်။ ထိုသို့တိုင်းရေးပြည်ရေးပြဿနာများသည် သူတို့အပေါ်၌ သက်ရောက်မှု သေးငယ်ပေသည်။ ဥပမာ ယိုကျင့်ကဲ့သို့ လူမျိုးဖြစ်သည်။

…

အပိုင်း (၆၂) တူးမြောင်းအလုပ်သမားအဆောင်

လော့ဟယ်မြို့တွင် လူဦးရေ တိုးလာသည်ကို တွေ့ရသဖြင့် တူးမြောင်းဆောက်လုပ်ရေးသတင်းမှာ မှန်နေလောက်မည် ဖြစ်ကြောင်း ယိုကျင့် သိလိုက်လေသည်။ တူးမြောင်းဖောက်ရင် လူအင်အားတွေ အများကြီး သုံးရလိမ့်မယ်။ ပြီးနော့ တူးမြောင်းဖောက်မဲ့လူတွေကလည်း လော့ဟယ်မြို့သားတွေချည်းပဲ မဖြစ်နိုင်ဘူး။။ သဘောက သူတို့ထဲက တချို့အတွက် နေထိုင်ရေး အခြေခံလိုအပ်ချက်က ပြဿနာဖြစ်လာလိမ့်မယ်။ ဒါက စီးပွားရေးအခွင့်အလမ်းတစ်ခု ဖြစ်လာလိမ့်မယ်။

“ နင်က အိမ်ဆောက်ဖို့ လူရှာနေတယ်ဟုတ်လား”

ဟယ်ဟောက်သည် စုမိသားစုတွင် အမြင်ရှိတာလား ကံကောင်းတာလားပင် မသိတော့ချေ။ အသက်ကြီးကြီးအားနည်းတဲ့ အမျိုးသမီးတစ်ယောက်နဲ့ ကလေးတွေပဲ ရှိတဲ့ စုမိသားစုက မြေရိုင်းတွေ အများကြီးဝယ်ဖို့ ငွေတွေအများကြီးသုံးလိမ့်မယ်လို့ ဘယ်သူကထင်ထားမှာလဲ။ အစတုန်းကတော့ သူတို့တွေ နုံနုံအအလေးတွေပဲလို့ ထင်ထားခဲ့တာ။ မျက်နှာပေါ် ပါးချခံလိုက်ရတာ မျက်စိတစ်မှိတ်စာအတွင်းလေးပဲ။ နုံအတဲ့သူက သူဖြစ်နေတာလေ။

“လက်ရှိအိမ်က နင်တို့မိသားစုအတွက် မလောက်လို့လား”

ယိုကျင့်က ရှင်းပြလိုက်လေသည်။

“လူတွေ လော့ဟယ်မှာ သွားလာနေကြတာကို ကျွန်မ သတိထားမလို့လေ၊ ကြည့်ရတာ တူးမြောင်းဆောက်လုပ်ရေးက သေချာသွားပြီထင်တယ်၊ မြေရိုင်းတချို့ပေါ်မှာ သက်ကယ်နဲ့ ရွှံအုတ်အိမ်လေးတချို့ ဆောက်ပြီး ငွေရှာနိုင်မယ်လို့ စဥ်းစားမိလို့ပါ”

စုမိသားစုသည် ဝူလီချောင်မြစ်မှ ခဲတစ်ပစ်စာခန့်တွင် မြေဆယ်ဧက ပိုင်ထားလေသည်။ လေးဧကကိုသာ စိုက်ပျိုးထားပြီး ကျန်သည့် ခြောက်ဧကကို အလွတ် ထားထားလေသည်။ အိမ်တချို့ကို ဆောက်လုပ်ခဲ့လျှင် နောက်ပိုင်း တူးမြောင်းအလုပ်သမားများကို ငှားရမ်းနိုင်လိမ့်မည်။ ဒါသည် ငွေရှာနိုင်မည့် နည်းလမ်းတစ်ခုပင်။ အမျိုးသမီးစုနှင့် တိုင်ပင်ပြီးနောက် ယိုကျင့်သည် ကူညီနိုင်မည့်လူတစ်ယောက် ရှာပေးရန် သူကြီးအား သွားပြောတော့သည်။

“ကျွန်မတို့မိသားစုက ဝူလီချောင်မှာ အသိ သိပ်မရှိတော့ ဦးလေးသူကြီးကိုပဲ လက်သမားအဖွဲ့တစ်ဖွဲ့လောက် ရှာပေးဖို့ အကူအညီတောင်းချင်လို့ပါ”

ဟယ်ဟောက်သည် သူ့စိတ်ထဲတွင် ခံစားချက်များ ပြည့်သွားတော့သည်။

စုမိသားစု ဘဝတွေ ကောင်းစားလာတာလည်း မဆန်းတော့ပါဘူး။ စုမိသားစုရဲ့ အကြီးဆုံးကလေးမက တကယ်ပဲ တွေးရဲလုပ်ရဲတာကိုး။ ဟယ်ဟောက်သည် ခေါင်းညိတ်လိုက်ပြီး ပြန်ဖြေလိုက်လေသည်။

“ ရတာပေါ့၊ ငါ ဒီကိစ္စ ကြည့်လုပ်ပေးလိုက်မယ်”

လက်ရှိတွင် ဝူလီချောင်တစ်ရွာလုံး၌ စုမိသားစုတစ်ခုသာ မြစ်အနောက်ဘက်ကမ်းတွင် မြေလွတ်ဆယ်ဧက ပိုင်ထားလေသည်။ သူသာ ငွေရှာဖို့ တူးမြောင်းအကြောင်း စောစောသိခဲ့ပြီး အသုံးချချင်ခဲ့ရင် စုမိသားစုနဲ့ အဆင်ပြေနေမှ ဖြစ်မှာပဲ။

“ ဒါဆို ဦးလေးသူကြီးကို ကျေးဇူးအများကြီး တင်ပါတယ်၊ အိမ်ဆောက်ပြီးသွားရင် အဒေါ်ကျောက်က မုန့်ပေါင်းတို့ မန်ထိုတို့ လုပ်ပြီး အဲဒီမှာ ရောင်းပေါ့ တစ်အိမ်လုံးရဲ့အိမ်စားရိတ် ကာမိအောင် ငွေရှာလို့ရတာပေါ့”

ယိုကျင့်သည အပေးအယူ သဘောတရားကို နားလည်လေသည်။ နောက်ပိုင်း သူမမိသားစုတစ်ခုထဲ ငွေတွေအများကြီး ရှာနိုင်လာရင် တခြားလူတွေက မနာလိုတွေ ဖြစ်လာကြတော့မယ်လေ ဟုတ်တယ်မလား။

ထိုစကားကို ကြားလိုက်ပြီးနောက် ကျောက်ချွန်းဟွား၏မျက်လုံးများ လင်းလက်သွားတော့သည်။ သူတို့မိသားစု၏ အကြီးဆုံးသားသည် လော့ဟယ်မြို့တွင် ကျောင်းတက်နေသည်ဖြစ်ရာ နှစ်တိုင်း အကုန်အကျများလေသည်။ သူတို့သာ ငွေပိုရှာနိုင်လျှင် အဆင်ပြေလိမ့်မည်။

“ ရတယ်လေ၊ အချိန်ကျလာရင်သာ ငါတို့တွေက ယိုကျင့်ရဲ့အကူအညီကို အားကိုးရလိမ့်မယ်”

ကျောက်ချွန်းဟွားသည် စုမိသားစု၏အကြီးဆုံးကလေးမကို ပို၍ သဘောကျလာတော့သည်။ သူမက ပါးစပ်ချိုချိုလေးနဲ့ ဘယ်လိုပြုမူရမလဲဆိုတာလည်း သိတယ်။ သူမက အရမ်းငယ်နေလို့ပေါ့ဟယ်။ မဟုတ်လို့ရှိရင် သူမကို ချွေးမတော်ရလည်း မဆိုးတဲ့စိတ်ကူးတစ်ခုပဲ။

သူကြီးနှင့် တိုင်ပင်ပြီး နှစ်ရက်အကြာတွင် လူဆယ်ရှစ်ယောက်ပါသည့် ဆောက်လုပ်ရေးအဖွ့သည် မြစ်အနောက်ဘက်ကမ်းပေါ်က မြေလွှတ်ဆီသို့ ရောက်လာကြလေသည်။ သူတို့သည် အုတ်မြစ်စချပြီး ယိုကျင့်၏စိတ်ကူးအတိုင်း အိမ်ကို ဆောက်ပေးတော့သည်။ ယိုကျင့်၏စိတ်ကူးကလည်း အလွန်ရိုးရှင်းသည်။ အဆောင်ကို အဓိကအားဖြင့် နှစ်မျိုးခွဲထားလိုက်သည်။ တစ်ခု မျှအိပ်ရသော အဆောင်ဖြစ်ပြီး တစ်ခန်းကို လူ၂၀လောက် နေထိုင်နိုင်သည်။ နောက်တစ်ခုမှ ခုတင်သေးတစ်လုံးနှင့် ရိုးရိုးစားပွဲထိုင်ခုံးတစ်စုံပါသည့် တစ်ယောက်ခန်းအခန်းငယ်လေးများဖြစ်သည်။ သည်အမျိုးအစားကိုတော့ တူးမြောင်းဆောက်လုပ်ရေး ခေါင်းဆောင်များအတွက် ဖြစ်လေသည်။

မြစ်အနောက်ဘက်ကမ်းပေါ်က ဆောက်လုပ်ရေးလုပ်ငန်းသည် ဝူလီချောင်ရွာသားများကို သတိပေးသလို ဖြစ်သွားတော့သည်။ ရွာသားများသည် မြစ်အနောက်ဘက်ကမ်းသို့ လာကြပြီး ဝမ်းသာအားရဖြင့် ကြည့်ရှုနေကြတော့သည်။ တချို့လူများက စုမိသားစု၏ချမ်းသာမှုကို အားကျနေကြ၏။ တချို့ကတော့ သဘာဝအလျောက် မနာလိုဖြစ်ကြလေသည်။ ယိုကျင့်သည် ဘာကိုမှ ဂရုမစိုက်ချေ။ အခုတော့ မိသားစုက ခွေးလေးများကလည်း အိမ်စောင့်နိုင်သည့် အရွယ်ရောက်လာကြပြီး သူမသည် လူတချို့၏မကောင်းသည့် ရည်ရွယ်ချက်များကို မောင်းထုတ်ရန် တဟွမ်နှင့် ရှောင်ဟေးတို့ကို ခေါ်ကာ ရွာကို မကြာခဏ ပတ်သွားတတ်လေသည်။ စုမိသားစုကောင်မလေးနောက်က လိုက်လာသည့် ခွေးများသည် အေးစက်စက် သွားရည်တမြားမြားဖြင့် မကောင်းကြံနေကြသည်လူများကို အစွယ်တငွားငွားဖြင့် ခြောက်လန့်ကြလေသည်။

အခုတော့ စုမိသားစုမှ လူတိုင်း၏ဘဝသည် အေးအေးချမ်းချမ်း ဖြတ်သန်းလျက် ရှိတော့သည်။ နေ့တိုင်း ဆီးဖျော်ရည်များကို ရောင်းကြသည်။ ထို့နောက်တွင် သူမက ဦးဆောင်ပြီး ညီမငယ်လေးများကို လေးကျင့်ခန်းလုပ်ခိုင်းပြီး ခွေးများကို လေ့ကျင့်ပေးသည်။ ထို့အပြင် တောင်ပေါ်တက်ကာ ရှီးပတီးများ တူးလိုက်သေးသည်။ ယိုကျင့်၏ဘဝသည် တော်တော်ပြည့်စုံလာသည်ဟု ဆိုနိုင်လေသည်။ တစ်နေ့ပြီးတစ်နေ့ ကုန်ဆုံးသွားလေသည်။ မျက်စိတမှိတ်အတွင်း ပူပြင်းလွန်သည့်ရာသီ ဇူလိုင်လ ရောက်လာတော့သည်။ မြစ်၏စုမိသားစုအခြမ်းက အိမ်ကိုလည်း ဆောက်လုပ်ပြီးစီးသွားလေသည်။ ယိုကျင့်က သာမန်အိမ်များနှင့် ဆင်သည့် အခန်းဖွဲ့စည်းပုံတစ်ခု ချလိုက်၏။ ဝင်ပေါက်တစ်ခု တည်းသာရှိပြီး ထိုဝင်ပေါက်က ပင်မဆောင်၊ အရှေ့ဆောင်နှင့် အနောက်ဆောင်တို့ကို ပိုင်းခြားထားသည်။ သို့သော် အားလုံးကို မျှအိပ်ရသည့်အဆောင်များအဖြစ် ဖွဲ့စည်းထားပြီး မီးဖိုဆောင် မရှိချေ။ ရေချိုးခန်း အိမ်သာများကိုလည်း တိုးဆောက်ထားလိုက်သည်။ မျှနေရသည့်အဆောင် ဖြစ်သဖြင့် အနောက်ဘက်တွင် သိုလှောင်ခန်းလည်း မထားချေ။ ပင်မဆောင်၊ အရှေ့ဆောင် အနောက်ဆောင် အားလုံးပေါင်း မျှအိပ်ရသည့်အခန်း ၆ခန်းရှိပြီး လူအယောက် ၁၂၀ ခန့် နေထိုင်နိုင်လေသည်။

မျှအိပ်ရသည့်အဆောင်ဘေးက တစ်ယောက်ခန်းကိုတော့ အနည်းငယ် ပိုကောင်းအောင် ဆောက်ထားလိုက်သည်။ တစ်ယောက်အိပ်ခန်းများကို အတန်းလိုက် စီကာ ဆောက်ထားသည်။ တစ်ခန်းစီကို လွတ်လွတ်လပ်လပ် ဖြစ်အောင် လုပ်ထားပေး၏။ ရေချိုးခန်းနှင့် အိမ်သာကိုသာ မျှသုံးရသည်။ ခြံတံတိုင်း၊ ခြံတံခါးများ မရှိချေ။ ယိုကျင့်က ရေရှည်အတွက် တူးမြောင်းတူးဖော်ရေးလူကြီးများကို ငှားရန် စီစဥ်ထားခြင်းဖြစ်သည်။ ထို့နောက် အိမ်သာကို ပုံမှန်သန့်ရှင်းရေး လုပ်ပေးရန် လူတစ်ယောက် ရှာပေးရန်သာ လိုတော့သည်။

စုမိသားစုအိမ်ကို ဆောက်ပြီး လဝက်ခန့်အကြာတွင် လော့ဟယ်မြို့၌ တူးမြောင်းဆောက်လုပ်ရေးကို စတင်တော့သည်။ ယိုကျင့်သည် ယိုရင်နှင့် ယိုကျူးတို့ကို ခေါ်ပြီး မြစ်ဘေးသို့သွားကာ နေရာထိုင်ခင်း လိုအပ်သည့် ဧည့်သည်များကို ဖိတ်လေသည်။

“ မျှအိပ်ရတဲ့အခန်းကတော့ တစ်ည ၃ဝမ်ပါ၊ တစ်ည ၃ဝမ်ပါ”

ယိုကျင့်၏စျေးက မမြင့်ချေ။ တစ်လလျှင် ငှားရမ်းခ ဝမ်၉၀သာ ကျလေသည်။ ဒါသည် လော့ဟယ်တွင် တစ်ည ၆ဝမ် ပေးပြီး တည်းခိုရသည်နှင့် ယှဥ်လျှင် တစ်ဝက်သက်သာလေသည်။

သေချာပါသည်။ ယိုကျင့်က ၃ ၄ခေါက်ခန့် အော်လိုက်ပြီးနောက်တွင် တစ်ယောက်က ချက်ချင်းလာမေးတော့သည်။

“ ကလေးမ တကယ်ပဲ တစ်ည ၃ဝမ်လား”

သည်တစ်ကြိမ်တွင် တခြားနေရာက တူးမြောင်းအလုပ်သမားများလည်း လာကြလေသည်။ တူးမြောင်းတူးသည့် အလုပ်က အနည်းငယ်ပင်ပန်းသော်လည်း တစ်နေ့လျှင် တစ်ယောက်ကို ဝမ် ၃၀ သာရကြသည်။ သို့သော် ထိုအထဲတွင် အစားအသောက်နှင့် နေထိုင်စားရိတ် မပါချေ။ လော့ဟယ်မြို့၏စျေးနှုန်းက ကြီးသည်။ အပေါဆုံးမျှအိပ်ရသည့်အခန်းပင် တစ်ည ၆ဝမ် ပေးရလေသည်။ ထို့အပြင် နေ့စဥ်စားစရိတ်နှင့်ဆိုလျှင် အနည်းဆုံး ၁၀ဝမ် ကျလိမ့်မည်။ အမှန်တကယ် ကျန်သည်က ဝမ် ၁၀ပြားသာ။ တူးမြောင်းအလုပ်သမားအများစုက ငွေပိုရှာချင်ကြသည်။ ထို့ကြောင့် သူတို့သည် တတ်နိုင်သမျှ ချွေတာကြသည်မှာလည်း သဘာဝပင်။

တစ်ယောက်က လာမေးသဖြင့် ယိုကျင့်က အဝေးက အနက်ရောင်အစက်လေးကို မြန်မြန်ညွှန်ပြလိုက်ပြီး ပြောလိုက်လေသည်။

“ အဲဒါက ကျွန်မတို့အိမ်ပဲ၊ မျှသုံးရတဲ့အခန်းတစ်ခုကို လူအယောက် ၂၀လောက် နေလို့ရတယ်၊ တစ်ညကို ၃ဝမ်ပဲ ကျမှာ၊ တစ်ချက်လောက် လိုက်ကြည့်ချင်လား”

ယိုကျင့်၏စျေးခေါ်သံကို နားထောင်ရင်း လာမေးကြသည့်လူသုံးယောက်က သူမ ညွှန်ပြလိုက်သည့်ဘက်ကို ကြည့်လိုက်ကြလေသည်။ ခြေကျင်လျှောက်လျှင် တစ်ကီလိုမီတာလောက်သာ ခန့်မှန်းချေရှိသည်။ သိပ်မဝေးလှချေ။ ထို့ကြောင့် သူတို့သည် သည်နေ့ည တည်းခိုရန် ယိုကျင့်ပြောတာကို လက်ခံလိုက်သည်။

ယိုကျင့်တို့ညီအစ်မများသည် နာရီဝက်လောက် မြစ်ကမ်းပေါ်တွင် နေလိုက်ကြပြီး လာရောက်စုံစမ်းသူ အနည်းဆုံးအယောက် ၃၀ ခန့် ရှိသွားတော့သည်။ တနယ်သားလေသံဖြင့် သက်လတ်ပိုင်း ယောက်ျားတစ်ဦးက ရောက်လာပြီး မေးလေသည်။

“ ကောင်မလေး မင်းတို့ဆီမှာ တစ်ယောက်ခန်းတွေရော ရှိလား”

“ ဟုတ်ကဲ့ ရှိပါတယ်၊ တစ်ယောက်ခန်းတွေကိုတော့ လစဥ်ကြေးနဲ့ ယူပါတယ်၊ တစ်လကို ၄၁၅ဝမ်ပါ”

ဒါသည် တစ်ယောက်ခန်းကို လာမေးသည့် ပထမဆုံးဦးစီးမှူး ဖြစ်လေသည်။ ယိုကျင့်က သူတို့မိသားစု၏ တစ်ယောက်ခန်း အနေအထားကို မြန်မြန်ရှင်းပြလိုက်လေသည်။

“ ကျွန်မတို့ရဲ့တစ်ယောက်ခန်းမှာ ခုတင်တစ်လုံး၊ စားပွဲ ကုလားထိုင်နဲ့ ခုံရှည်တွေ ပါပါတယ်၊ မြစ်ကမ်းနားလေးမှာပဲ၊ အရမ်းအဆင်ပြေပါတယ်”

“ ဟုတ်ပြီလေ ကျုပ် အလုပ်ဆင်းရင် တစ်ချက်လောက် လာကြည့်မယ်”

တစ်လ ၄၁၅ဝမ်သည် မြို့ပေါ်က တစ်နေ့ဝမ်၂၀စျေးနှင့် ယှဥ်လျှင် သင့်တော်သည့် စျေးနှုန်း ဖြစ်နေသေးသည်။ ဦးစီးက ခေါင်းညိတ်ပြလိုက်ပြီး လိုက်ကြည့်ရန် ဆုံးဖြတ်လိုက်လေသည်။

မြစ်ဘက်မှ ပြန်လာပြီးနောက် ယိုကျင့်သည် တစ်ယောက်ခန်းအတွက် ဂွမ်းစောင်များ ချုပ်နေသည့် အမျိုးသမီးစုအား ကူညီလိုက်လေသည်။ အခုမှ ဇူလိုင်လသာ ရှိသေးသည်။ ဝါဂွမ်းဝယ်ရသည်က စျေးမကြီးသေးပေ။ စုမိသားစုသည် ဂွမ်းစောင် ဆယ့်နှစ်ထည်စာ ဝါဂွမ်းများကို ဝယ်ခဲ့လိုက်သည်။ တစ်ချက်မှာ အဆောင်က လိုအပ်ပြီး နောက်တစ်ချက်မှာ သူ့မိသားစုလည်း ခြုံစောင် လိုအပ်နေသောကြောင့်ပင်။ အလုပ်အဆင်ပြေစေရန် ယိုကျင့်က ဝူလီချောင်ရွာက အသက် ၅၀နားနီးသည့် မုဆိုးဖိုတစ်ယောက်ဖြစ်သည့် ဦးလေးဝမ်ကို ငှားလိုက်လေသည်။ တစ်လကို ငွေတစ်စဖြင့် သူသည် တူးမြောင်းအလုပ်သမားများ၏ အဆောင်တံခါးကို စောင့်ပေးရသည်။ ဦးလေးဝမ်သည် စိုက်ပျိုးရေး လုပ်စားရန် အလွန်အိုမင်းနေပြီးဖြစ်သဖြင့် သည်အလုပ်ရတော့ ဝမ်းသာသွားတော့သည်။

ထိုနေ့ညက စုမိသားစု၏ တူးမြောင်းအလုပ်သမားဆောင်တွင် တူးမြောင်းအလုပ်သမား အယောက် ၃၀နီးပါး လာနေကြပြီး တစ်ယောက်ခန်း နှစ်ခန်းလည်း ငှားခဲ့ရသည်။ အားလုံးကို ငွေကြိုရှင်းပြီးမှ နေရခြင်း ဖြစ်သည်။ တစ်ချီတည်းနှင့် ငွေတစ်စ ဝင်လာလေသည်။ စုမိသားစုဝင်အားလုံးသည် အလွန်ပျော်သွားကြတော့သည်။

ငွေသိမ်းပြီးနောက်တွင် ယိုကျင့်က မနက်ဖြန်မနက်စာအတွက် အမှာစာ ယူမလားဟု တန်းမေးလိုက်တော့သည်။

“ မန်ထိုတစ်လုံး၊ ဆန်လုံးညိုဆန်ပြုတ် တစ်ပန်းကန် ကို ၂ဝမ်ပါ”

ထိုစကားကို ကြားလိုက်ပြီးနောက် အားလုံးက စျေးသင့်သည်ဟု တွေးလိုက်ပြီး မှာလိုက်ကြတော့သည်။ နေရာထိုင်ခင်း စီစဥ်ပေးလိုက်ပြီးနောက် သူမသည် ဦးလေးဝမ်ကို မှာစရာရှိတာ မှာလိုက်ပြီး ဂိတ်စောင့်ရန် ရှောင်ဟေးကို ထားခဲ့လိုက်လေသည်။ ထို့နောက်မှ ယိုကျင့်က တဟွမ်ကို ခေါ်ကာ လက်ထဲတွင် မီးအိမ်တစ်လုံးကိုင်ပြီး သိပ်မဝေးလှသည့် အိမ်သို့ ပြန်လာခဲ့လေသည်။

အိမ်ပြန်ရောက်သည်နှင့် စုမိသားစုအားလုံးသည် မနက်ဖြန်မနက်အတွက် အမှာစာများကို ပြင်ဆင်ရင်း အလုပ်များနေကြတော့သည်။ ကလးနှစ်ယောက်ကို သိပ်ပြီးသွားသည့် အမျိုးသမီးစုက မန်ထိုလုပ်နည်း တတ်သွားသည့် ယိုကျူးနှင့်အတူ ဂျုံများနှယ်လိုက်သည်။ ယိုကျင့်က ဂိုဒေါင်မှ ဆန်လုံးညိုများကို ထုတ်ကာ ရေစိမ်လိုက်ပြီး ထင်းထည့် မီးမွှေးလိုက်သည်။ သူမက ဆန်လုံးညိုဆန်ပြုတ်ကို ချက်လိုက်၏။ ထို့နောက်မှ အားလုံးသည် ခြေလက်သန့်စင်ပြီး အိပ်ရာဝင်လိုက်ကြတော့သည်။

နောက်တစ်နေ့ မနက်စောစော အာရုံမတက်ခင် ယိုကျင့်က မီးအိမ်တစ်ခုနှင့် အရှေ့ဆောင်မှထွက်လာပြီး မီးဖိုဆောင်သို့ သွားလိုက်ကာ အမျိုးသမီးစုနှင့် ယိုကျူးတို့ နယ်ထားသည့် ဂျုံကို အရွယ်အစားတူ ဖြတ်လိုက်ပြီး ပေါင်းအိုးထဲ ထည့်လိုက်လေသည်။ ပေါင်းအိုးကို ဆန်လုံးညိုဆန်ပြုတ်ချက်ထားသည့် အိုးအပေါ်ဆုံးတွင် တင်လိုက်လေသည်။ အခြောက်လှန်းထားသည့် ဝါးများက တစတောက်တောက်နှင့် လောင်ကျွမ်းနေလေသည်။ ၁၅မိနစ်အတွင်း အားလုံးအဆင်သင့်ဖြစ်သွားတော့သည်။

မုန့်ပေါင်းများအားလုံးကို ခြင်းထဲထည့်ကာ အဖြူရောင်အစဖြင့် အုပ်လိုက်ပြီး ဆန်လုံးညိုဆန်ပြုတ်များကို သစ်သားပုံးထဲ လောင်းထည့်လိုက်ချိန်၌ ပင်မဆောင်မှ အမျိုးသမီးစုနှင့် အနောက်ဆောင်မှ ယိုရင်တို့ ထလာကြသည်။ ယိုကျင့်နှင့် အမျိုးသမီးစုတို့သည် ဆန်ပြုတ်ထည့်ထားသည့် ပုံးကြီးကို သယ်လိုက်ပြီး ယိုရင်က ကြွေပန်းကန်လုံးအကြမ်းများကို သယ်လိုက်သည်။ သားအမိများသည် အမှောင်ထဲတွင် တူးမြောင်းအလုပ်သမားများ၏ အဆောင်သို့ သွားလိုက်ကြတော့သည်။

မနက်စောစော ထကြသည့် တူးမြောင်းအလုပ်သမားများက အခန်းထဲက ထွက်လာသည်နှင့် စုမိသားစုက သားအမိများက အားလုံးကို ပြင်ဆင်ပေးထားသည်ကို တွေ့လိုက်ရလေသည်။ လက်သီးအရွယ်မန်ထို၏ အနံ့က အခုမှနိုးလာသည့် အရသာဖုကို ဆွဲဆောင်နေတော့သည်။ အားလုံးက ဝမ် ၂ပြားကို မြန်မြန်ထုတ်လိုက်ပြီး ယိုကျင့်လက်ထဲ ထည့်ပေးလိုက်လေသည်။ သူတို့သည် ဆန်ပြုတ်တစ်ပန်းကန်နှင့် ရိုးရိုးမန်ထိုတစ်လုံး မှာလိုက်ပြီး သူတို့၏မနက်စာကို အပြီးသတ်လိုက်ကြတော့သည်။ ထို့နောက် သူတို့သည် စုမိသားစုမှ သားအမိများကို လက်ပြ နှုတ်ဆက်လိုက်ကြတော့သည်။ တူးမြောင်းအလုပ်သမားသည် တစ်ချိန်တည်း အလုပ်သွားကြလေသည်။ စုမိသားစုက ယူလာသည့် မနက်စာသည် ဆယ့်ငါးမိနစ်အတွင်း ကုန်သွားတော့သည်။ သားအမိများသည် သူတို့ပစ္စည်းများကို ထုပ်ပိုးပြီး အိမ်သို့ ပြန်လာကြတော့သည်။

သူကြီးဟယ်ဟောက်အိမ်တွင်တော့ အမျိုးသမီးကျောက်သည် စုမိသားစု၏ တူးမြောင်းအလုပ်သမားအဆောင်တွင် လူ ဒါဇင်ထက်မနည်း နေကြသည့်သတင်း ကြားခဲ့သည်။ သူမသည် အနည်းငယ် ပူပန်သွားတော့သည်။

“ အိမ်ဦးနတ်ကြီး ကျွန်မတို့တွေ မြစ်တဖက်ကမ်းမှာ ဆိုင်လေးတစ်ခု မြန်မြန်တည်သင့်ပြီ မထင်ဘူးလား၊ ဒီတူးမြောင်းအလုပ်သမားတွေက ငွေအများကြီး ရှာနိုင်တယ်ရှင့်”

ဟယ်ဟောက်သည် ကျွမ်းကျင်သည့် လယ်သမားတစ်ယောက်သာ ဖြစ်လေသည်။ သူသည် ဘာစီးပွားရေးသေးသေးလေးကိုမှ မလုပ်ခဲ့ဖူးသဖြင့် အနည်းငယ် စိုးရိမ်နေတော့သည်။ သို့သော် အရွယ်မရောက်သေးသည့် စုမိသားစုက ကလေးများ၏ လုပ်ရဲသည့်သတ္တိကို တွေးမိရင်း သူတို့လည်း လုပ်နိုင်သည်ဟု တွေးလိုက်လေသည်။

“ ခဏနေ စုအိမ်ကိုသွားပြီး ကလေးမယိုကျင့်နဲ့ တိုင်ပင်ကြည့်လိုက်လေ သူတို့မိသားစုက အခု အိမ်တွေအများကြီး ဆောက်ထားပြီးပြီ၊ ငါတို့တွေ အစားအသောက်ရောင်းဖို့ တစ်ခန်းလောက် ငှားလို့ရတာပဲ”

အိမ်ဦးနတ်ကြီး၏စကားကို ကြားလိုက်ပြီးနောက် ပျော်ရွှင်မှုက ငယ်ထိတ်တက်သွားပြီး သူမသည် အသိအမှတ်ပြုလိုက်တော့သည်။ ထို့နောက် သူမသည် မြစ်အနောက်ဘက်ခြမ်းကို မြန်မြန် ထွက်လာခဲ့တော့သည်။ လမ်းတွင် မြစ်အောက်ခြေ၌ မန်ထိုလုပ်ရောင်းနေသည့် ရွာသားနှစ်ယောက်ကို တွေ့လိုက်ရလေသည်။ သူတို့အားလုံးသည် ပြုံးဖြီးကာ ပြန်လာကြလေသည်။ သူ့တို့ကျောပေါ်က ခြင်းတောင်းအလွတ်များကို မြင်လိုက်တော့ သူမသည် လုပ်ငန်း အဆင်ပြေမှန်း သိလိုက်တော့သည်။ သည်တွင် အမျိုးသမီးကျောက်သည် ပို၍စိုးရိမ်သွားတော့သည်။ သူမသည် ငွေရှာနိုင်မည့် သည်အခွင့်အရေးကို လက်မလွှတ်နိုင်ပါချေ။

အခုတော့ တူးမြောင်းအလုပ်သမားများ၏ နေ့လယ် အနားယူချိန်ဖြစ်သည်။ ယိုကျင့်က နောက်ထပ် အလုပ်သမား ၁၉ဦးအတွက် တည်းခိုဖို့ စာရင်းသွင်းလိုက်လေသည်။ အခုတော့ ငှားရမ်ခကို ဆယ်ရက်တစ်ခါ ရှင်းရမည့် ပုံစံသို့ ပြောင်းလိုက်တော့သည်။ တူးမြောင်းအလုပ်သမားများက အနည်းငယ် အင်တင်တင်ဖြစ်နေသော်လည် မြို့မှာထက် သက်သာသည်။ စုမိသားစု အဆောင်ထက် ပိုသက်သာအောင် မည်သူက လုပ်ပေးနိုင်ပါမည်နည်း။ ထို့ကြောင့် သူတို့သည် လက်ခံလိုက်တော့သည်။ အဆောင်မှ ပြန်လာသည့် ယိုကျင့်သည် အမျိုးသမီးကျောက် ရောက်နေသည်ဟု ကြားလိုက်လေသည်။ သူမက အမျိုးသမီးကျောက်နှင့် အမျိုးသမီးစုတို့ ရယ်ရယ်မောမော စကားပြောနေကြသည့် ပင်မဆောင်သို့ မြန်မြန်ဝင်လာလိုက်လေတော့သည်။

…

အပိုင်း (၆၃) ဟန်လီ

“ယိုကျင့် ပြန်လာပြီလား။ သမီးအမေနဲ့ အဒေါ်က သမီးအကြောင်းပြောနေတာ”

ခုတင်ထောင့်စွန်း၌ထိုင်ရင်း ဒေါ်လေးကျိုးသည် ချစ်စရာကောင်းသည့် ရှောင်ပါးလေးကိုချီထားကာ စနောက်နေရင်း ပျော်ရွှင်စွာ မေးမြန်းလိုက်သည်။ “အိမ်ရဲ့ကိစ္စကြီးတွေက မင်းပဲ ကိုင်တွယ်ရတာဆို မလွယ်ဘူးမလား။ ဟုတ်တယ်မလား ရှောင်ပါး”

ရှောင်ပါးသည် အသက်ရှစ်လ ရှိပြီဖြစ်ကာ လူစိမ်းများကို မကြောက်ရွံ့တတ်ပေ။ အဒေါ်ကျိုးမှ သူမအား စနောက်နေကြောင်းသိသည့်အခါ “အား”ဟုသာ အော်ပြီး တုံ့ပြန်လေသည်။ သူမပြောသည့် အဓိပ္ပာယ်ကို မသိသော်ငြား ထိုအရာက လူတိုင်းကို ရယ်မောစေသည်။

အဒေါ်ကျိုးမှာ ယိုကျင့်အား ကိစ္စတစ်စုံတစ်ရာ ပြောကြားရန် လာရောက်ကြောင်း သူမ သိသည့်အတွက် အပြုံးလေးဖြင့်သာ ပြောလိုက်သည်။

“ယိုကျင့်လည်း ရောက်ပြီဆိုတော့ အဒေါ်ကျိုး ပြောချင်တာမှန်သမျှ ယိုကျင့်နဲ့ ပြောလိုက်ဦးနော်။ ကျွန်မက ခမ်းအာကို ခေါ်ပြီး အပြင်ဘက် ခဏ‌လမ်းလျှောက်ထွက်လိုက်ဦးမယ်” ထိုသို့ဖြင့် အမျိုးသမီးစုသည် ခမ်းအာကို ခေါ်ကာ ထွက်သွားပြီး နှစ်ဦးသားအတွက် တိတ်ဆိတ်သည့် အခန်းကျယ်တစ်ခုကို ချန်ထားပေးခဲ့သည်။

ယိုကျင့်သည် လက်ကိုဆန့်ထုတ်ကာ သူမအား ချီပွေ့ရန် လက်ဆန့်ထုတ်ပေးနေသော ရှောင်ချီကို ယူလိုက်သည်။ ထို့နောက် ခုတင်စွန်း၌ ထိုင်လိုက်ကာ အဒေါ်ကျိုးနှင့် သူမကြား၌ ခုတင်တစ်လုံးခြားထားပေသည်။ “အဒေါ်ကျိုးက ဒီကို စားသောက်ကုန်ရောင်းဖို့ကိစ္စအတွက် လာတာမလား”

အဒေါ်ကျိုးသည် ရှက်ပြုံးလေးဖြင့် ပြန်ဖြေခဲ့သည်။

“အဒေါ်တို့သားအကြီးဆုံးက မြို့မှာ စာသင်နေတာလေ။ အငယ်မလေးက အခုဆို တစ်ဆယ့်သုံးနှစ်ရှိပြီ။ နောက်နှစ်နှစ်လောက်ဆို အရွယ်ရောက်တော့မှာ။ သူ့အတွက် လက်ဖွဲ့ငွေ စုပေးရဦးမယ်လေ။ မင်းတို့ ဦးလေး လီကျန်း(ရွာသူကြီး)က ရှက်နေတာနဲ့ အဒေါ်ကပဲ ရှေ့မျက်နှာ နောက်ထားပြီး လာ အကူအညီတောင်းရတာပါ”

“သမီးတို့မိသားစု ဝူလီချောင်ကို လွန်ခဲ့တဲ့လအနည်းငယ်က ဝူလီချောင်ကို ရွှေ့လာတုန်းက အဒေါ်နဲ့ ဦးလေးတို့ကို ကျေးဇူးတင်စရာတွေရှိသေးတာပဲ။ တစ်ခုခုလိုရင် ကူညီဖို့အသင့်ပါပဲ။ ဒီလိုပါ ကျွန်မတို့ရဲ့ ရေမြောင်းတူးဖော်ရေးလုပ်သား အိပ်ဆောင်ဘေးမှာ အခန်းနှစ်ခန်းဆောက်ထားတယ်။ တစ်ခန်းကို စားပွဲခုနှစ်ခုံ ရှစ်ခုံတော့ ဆန့်ပါတယ်။ လေဒဏ်မိုးဒဏ်ကလည်း ကာနိုင်တယ်။ အဲ့အခန်းကို အဒေါ်နဲ့ ဦးလေးတို့ ယူသုံးထားလိုက်ပါ။ ကျန်တဲ့အခန်းကိုတော့ ကျွန်မတို့မိသားစု အချိန်ရရင် အစားအသောက်လေးလုပ်ဖို့ ထားမှာပါ။ အဲ့အခန်းအတွက် အခကြေးငွေမယူပါဘူး။ ဘယ်လိုထင်လဲ”

ထို့အပြင် ယိုကျင့်သည် အဒေါ်ကျိုးအား သူမ၏အကြံအစည် အနည်းငယ်ကို အကြမ်းဖျင်းပြောလိုက်သည်။ “လုပ်သားတွေဒီလောက်များတာ ရာဂဏန်းကျော်တယ်။ တစ်နေ့ လုပ်သားတစ်ရာကိုပဲ ရောင်းရတယ်ထား ပိုက်ဆံအများကြီး စုမိမှာနော်”

အဒေါ်ကျိုးသည် ထိုစကားကိုကြားသည့်အခါ ၀မ်းမြောက်သွားတော့သည်။ တစ်နေ့ ယွမ်တစ်ဆယ်နှစ်ဆယ် စုနိုင်ရင် တစ်လဆို ပိုက်ဆံတော်တော်စုမိပြီမလား။ ယိုကျင့်ဆီမှ အာမခံချက်ရသည်နှင့် အဒေါ်ကျိုးသည် ပြင်ဆင်စရာရှိသည်များ ပြင်ဆင်ရန် အိမ်သို့ ပြန်သွားလေသည်။

ယိုကျင့်သည်လည်း အဒေါ်ကျိုးကို လိုက်လံပို့ဆောင်ခဲ့သည်။ အဒေါ်ကျိုးပြန်သွားသည်နှင့် ယိုကျူးနှင့် အခြားညီမများသည် အခန်းထဲသို့ ၀င်ရောက်ကာ မေးမြန်းတော့သည်။

“မမကြီး သမီးတို့ဘာသာချက်ပြီး ရောင်းလို့မရဘူးလား။ အခြားလူတွေကို ခွဲပေးဖို့လိုလို့လား။ အဲ့လိုဆို ပိုက်ဆံစုတာ နည်းမသွားဘူးလား”

ယိုကျင့်သည် ပြုံးလိုက်ကာ ခေါင်းရမ်းရင်း ညီမများကို သင်ကြားပေးရန် ဆုံးဖြတ်လိုက်သည်။

“အစ်မတို့မိသားစုက စွန့်ပစ်မြေဆယ်ဧကကို တစ်ခါတည်း၀ယ်ပြီး လုပ်သားအိပ်ဆောင် ဆောက်ခဲ့တာလေ။ အစ်မတို့မိသားစု ကောင်းမွန်နေချိန်မှာ လူတွေစိတ်က ဘာတွေးနေလဲမသိနိုင်ဘူး။ မနက်ခင်းပိုင်းက မနက်စာစီးပွားရေးကို လီကျန်းတို့ကို ပေးတယ်ထားပါဦး၊ အစ်မတို့မိသားစုအတွက် အကူတစ်ခု မရဘူးလား။ အနာဂတ်မှာ အစ်မတို့ အနိုင်ကျင့်ခံရရင် ရွာသူကြီးတို့ မိသားစုက ဘာမှမလုပ်ဘဲ ရပ်ကြည့်နေမှာတဲ့လား” ယိုကျင့်၏အမြင်အရ ယခုကဲ့သို့ပြုလုပ်ခြင်းသည် ရင်းနှီးမြှုပ်နှံခြင်းသာ ဖြစ်သည်။

“မမကြီးပြောတာကို သမီးနားလည်တယ်။ သူကြီးမိသားစုသာ ဈေးရောင်းချင်ရင် မြစ်ကမ်းဘေးမှာလည်း ရောင်းလို့ရရက်နဲ့ ကျွန်တော်တို့ရဲ့အခန်းတစ်ခုကို သေချာငှားလိုက်တာ ဟုတ်တယ်မလားအစ်မ” ယိုပေါင်သည် ခေါင်းတညိတ်ညိတ်ဖြင့် ယိုကျင့်ပြောသမျှကို နက်နက်နဲနဲ တွေးခေါ်ပြောဆိုနေလေသည်။

“ယိုပေါင်ပြောတာမှန်တယ်။ အကြွေး ပေးလိုက်လို့ရပေမဲ့ အကြွေးပြန်ပေးဖို့ဆိုတာက ခက်ခဲတယ်”

ယိုကျင့်သည် ထိုသို့ပြောရင်း မျက်စပစ်လိုက်သည်။ သူမသည် ညီမများကို သင်ကြားပြသရန် မည်သည့်အခွင့်အရေးမဆို ရှာဖွေနေခဲ့သည်။ သူမ၌ အခြားဆုတောင်း မရှိပါချေ။ သူမဘေး၌ မရှိချိန် ကလေးများ ကိုယ့်အားကိုယ်ကိုးကာ ကာကွယ်နိုင်ရန်ဖြစ်ပေသည်။

.........

အဒေါ်ကျိုး၏လှုပ်ရှားမှုသည် မြန်ဆန်ပေစည်။ နှစ်ရက်အတွင်း၌ပင် သူမတို့သည် ဘိန်းမုန့်အစာသွပ်ဆိုင်ကို ပြုလုပ်ရောင်းချရန် ပြင်ဆင်ပြီးပြီဖြစ်သည်။ ခုံတန်းလျားရှည်များနှင့် စားပွဲခုနှစ်ခုံရှစ်ခုံမျှသာ ရှိသော်လည်း ဆေးသုတ်ကာ ပြင်ဆင်ပြီးချိန်၌ ဆိုင်တစ်ခုအဖြစ် တည်ခင်းလို့ ရချေသည်။ ဇူလိုင်လ၏အေးမြမြ မနက်ခင်းတွင် အလင်းရောင်သည် မှိန်ပြပြဖြစ်နေခဲ့သည်။ တိတ်ဆိတ်နေသည့် တာတမံဘေးရှိ အိမ်လေးသည် သူကြီးနှင့် အဒေါ်ကျိုးတို့ ပြင်ဆင်‌ထားသည့်နေရာ ဖြစ်သည်။ အဒေါ်ကျိုးသည် ဂျုံများကို စနစ်တကျ ရောနယ်နေလေသည်။ အပြင်ဘက်၌ ရိုးရှင်းသည့် မီးသွေးဖိုနှစ်ခုကို ပြင်ဆင်ထားပြီး ထိုအပေါ်၌ သစ်သားပေါင်းကန်လေးများကို ခုနှစ်ဆင့်ရှစ်ဆင့်မျှ ထပ်တင်ထားလေသည်။ ပူလောင်သည့် မွေးပျံပျံ ‌ရနံ့လေးများသည် ဇူလိုင်လ၏ လေနှင့်အတူ မနက်ခင်းလုပ်သားများ၏ အာရုံကို ဆွဲဆောင်လျက်ရှိသည်။

လွန်ခဲ့သည့် ရက်အနည်းငယ်က ယိုကျင့်တို့၏လုပ်သားဆောင်၌ နေထိုင်သော ရေမြောင်း တူးဖော်လုပ်သားများကြောင့် လုပ်သားဆောင်၏ သတင်းမှာ ပျံ့နှံ့သွားခဲ့သည်။ လူပေါင်းကိုးဆယ်ကျော်မျှ စုမိသားစု၏ အဆောင်၌ ငှားရမ်းနေထိုင်ကြသည်။ ဆယ်ခန်းရှိသည့် အခန်းသေးလေးများသည်ပင် ခုနှစ်ခန်းမျှ ရောင်းထွက်သွားသည့်အတွက် စီးပွားရေးမှာ ကောင်းမွန်ကြောင်း သိနိုင်သည်။ မနက်အစောပိုင်း လုပ်သားများသည် ဝူလီချောင်၌ ၀ယ်စားရမည့်နေရာကို ရှာရန်ခက်ခဲမည်ဟု တွေးထင်ထားခဲ့ကြသည်။ မြစ်ကမ်းဘေးရှိ အိမ်အသေးလေး၌ မနက်စာ ရောင်းရန် ပြင်ဆင်ထားသည်ကို တွေ့သောအခါ ည၌ အလွတ်ထားခဲ့သည့် အစာအိမ်သည် ‌ဆာလောင်လာခဲ့ပြီး သင်းပျံ့သည့် ရနံ့တို့ကြောင့် ဆွဲဆောင်ခံလိုက်ရသည်။ လုပ်သားများသည် နှစ်ယောက်တစ်စု သုံးယောက်တစ်စုဖြင့် ဆိုင်ထဲသို့ ရောက်ရှိလာကြသည်။

အမျိုးသမီး‌ကျိုးသည် အလုပ်လုပ်ရာ၌ မြန်ဆန်သကဲ့သို့ ပြုလုပ်ထားသည့် ဘိန်းမုန့်နှင့် ပေါက်စီများသည်လည်း အရသာရှိလှသည်။ ရောင်းသည့်ဈေးနှုန်းမှာ မြို့ထဲရှိဆိုင်များနှင့် တူညီသော်လည်း အရွယ်အစားမှာ မြို့တော်ထဲရှိဆိုင်များထက် ထက်၀က်မျှ ပိုကြီးပေသည်။ အရွယ်ရောက်ပြီးသည့် လူကြီးတစ်ယောက်သည် ဘိန်းမုန့်တစ်ခုနှင့် ပြောင်းဆန်ပြုတ် တစ်ခွက်ခွဲမျှဖြင့် တစ်မနက်ခင်းလုံး တောင့်ခံနိုင်ကာ လေးယွမ်မျှသာ ကျသင့်ပေသည်။ ချွေတာချင်သည့် လူများအဖို့ သီးစုံပေါက်စီသုံးခုကို ရွေးချယ်နိုင်သည်။ ပေါက်စီတစ်ခုလျှင် ပြောင်းဆန်ပြုတ်တစ်ခွက်ရနိုင်ကာ နှစ်ယွမ်မျှကုန်ကျပေသည်။ ထိုဈေးနှုန်းမှာ စုမိသားစု ရောင်းစဉ်ကနှင့်အတူတူပင်ဖြစ်သည်။

ဟယ်မိသားစုဆိုင်ရှိ ဘိန်းမုန့်မှာ စုမိသားစုဆိုင်၏လက်ရာကဲ့သို့ မကောင်းသော်လည်း အရသာရှိပေသည်။ ထို့အတွက် စီးပွားရေးမှာ နေ့စဉ်အကျိုးဖြစ်ထွန်းလျက်ရှိသည်။ ဟယ်ဇနီးမောင်နှံသည် နေ့စဉ် မနက်အစော၌ထကာ ဆိုင်ဖွင့်ရန် ပြင်ဆင်ကြလေသည်။ ထိုသို့ မနက်အစော၌ နိုးထရခြင်းမှာ အိပ်ရေးပျက်သော်လည်း တစ်နေ့လျှင် ယွမ်တစ်ရာထက် ပို၍စုဆောင်းမိသည်ဆိုသော အတွေးက ထိုဇနီးမောင်နှံ၏ပင်ပန်းမှုများကို ပြေပျောက်စေသည်။

............

စုမိသားစု၏လုပ်သားဆောင်၌ နေထိုင်သူဦးရေများပြားလာသည်နှင့်အမျှ ဦးလေးဝမ်သည်လည်း ကိစ္စများကို တစ်ဦးတည်း ကိုင်တွယ်ရန် မဖြစ်နိုင်တော့ချေ။ ထို့ကြောင့် ယိုကျင့်သည် ဆီးချိုရည် ရောင်းစဉ်က သူမတို့နောက်သို့ လိုက်ခဲ့ဖူးသော သူဖုန်းစားနှစ်ဦးကို ပြန်ရှာဖွေခဲ့သည်။

“မင်းတို့ နေ့တိုင်း ဗိုက်ပြည့်ချင်လား”

ထိုနှစ်ဦးထဲမှ အငယ်လေးသည် နေ့စဉ်၀၀လင်လင် စားရမည်ဖြစ်ကြောင်း ကြားသည်နှင့် ခေါင်းကို အဆက်မပြတ် ညိတ်တော့သည်။ အကြီးဆုံးတစ်ယောက်မှာ ယိုကျင့်ကို လူကုန်ကူးသူများထံ မရောင်းစားမီချိုချဉ် ကျွေးတတ်သည့် လူယုတ်မာများကဲ့သို့ တွေးထင်ကာ သတိထား ကြည့်နေလေသည်။ “ဘာလိုချင်လို့လဲ”

ယိုကျင့်သည် ထိုကလေးနှစ်ဦးနှင့် မျက်နှာချင်းဆိုင်ရပ်ကာ ပြန်ဖြေလိုက်သည်။

“ငါမင်းတို့ကို နေဖို့နေရာပေးနိုင်တယ်။ နေ့တိုင်း၀၀လင်လင် ကျွေးမွေးနိုင်တယ်။ ဒါပေမဲ့ ငါတို့ဖို့ အလုပ်လုပ်ပေးရမယ်”

“ဘာလုပ်ရမှာလဲ” အသက်အနည်းငယ်ကြီးသည့် သူဖုန်းစားလေးမှာ ယိုကျင့်ထက် ခေါင်းတစ်လုံးစာမျှ အရပ်ရှည်သော်လည်း ယိုကျင့်နှင့် ခြေလှမ်းငါးလှမ်း ခြောက်လှမ်းမျှ ခွာနေလေ၏။ ယိုကျင့်ကို လူသားစားမိစ္ဆာကဲ့သို့ပင် သတိကြီးကြီးထားနေလေသည်။

ယိုကျင့်သည် ထိုကလေး၏ခုခံနေမှုကို အာရုံမထားဘဲ အကျဉ်းချုံးရှင်းပြလေသည်။ “ငါတို့မိသားစုက ဝူလီချောင်မှာ တူးမြောင်း လုပ်သားတွေဖို့ တည်းခိုဆောင် ဆောက်ထားတာ။ အဲ့မှာ တောက်တိုမယ်ရကူဖို့ နေရာနှစ်ခုလွတ်နေတယ်။ မင်းတို့သာ လုပ်ချင်ရင် အစား၀၀လင်လင်စားရမယ် ပိုက်ဆံတော့မရဘူး။ ဘယ်လိုလဲ”

အငယ်ဆုံးလေးသည် အစားစားရမည်ကိုကြားသည်နှင့် အကြီးဖြစ်သူအား တေုက်ပသော မျက်၀န်းများဖြင့် ချက်ချင်းကြည့်ကာ သူ့အစားသဘောတူပေးရန် စောင့်ဆိုင်းနေသည်။ အကြီးဖြစ်သူမှာ မည်သည်ကို တွေးတောနေမှန်း မသိနိုင်ချေ။ သူသည် ခေါင်းအနည်းငယ်မညိတ်ခင် အချိန်ကြာ တွေးတောနေခဲ့သည်။ “ဟုတ်ပြီလေ”

တစ်ဖက်ခြမ်း၌ ရပ်နေသည့် ယိုကျင့်သည် သူ၏သဘောတူညီမှုကို မြင်သည့်အခါ စိတ်သက်သာရာ ရသွားခဲ့သည်။ အစ်မဖြစ်သူအား ဤနေရာသို့ ခေါ်လာရန် နေ့တစ်၀က်မျှဖျောင်းဖျခဲ့ရပေသည်။ သူသာ ငြင်းပယ်ခဲ့ပါက အမှန်ပင်ကံဆိုးပေလိမ့်မည်။

ယနေ့ရောင်းရမည့် ဆီးချိုရည်များ ရောင်းကုန်သွားသည့်အခါ ယိုကျင့်တို့ ညီအစ်မနှစ်ဦးသည် ဝူလီချောင်ရှိအိမ်သို့ ညစ်ပတ်ပေတူးနေသည့် သူဖုန်းစားနှစ်ဦးဖြင့် ပြန်လာခဲ့ကြသည်။

အိမ်သို့ပြန်ရောက်သည်နှင့်ယိုကျင့်သည် ထိုနှစ်ဦးအား လက်ညှိုးထိုးကာ မြစ်ထဲ၌ သန့်ရှင်းရေးလုပ်ရန် ပြောလိုက်သည်။ “ရေချိုးပြီးတာနဲ့ အ၀တ်ဟောင်းတွေ အကုန်လွှင့်ပစ်ပြီး ဆံပင်တွေ သေချာရိတ်ခဲ့။ အိမ်ထဲကို ယင်ကောင်တွေ ပိုးဟပ်တွေ အ၀င်မခံနိုင်ဘူး”

ယိုကျင့်ပြောလိုက်သည်နှင့် အကြီးဖြစ်သူမှာ ညီဖြစ်သူအား အေးစက်သည့်ရေထဲသို့ ဆွဲခေါ်သွားလိုက်သည်။ ထို့နောက် အငယ်လေး၏ ငှက်သိုက်ဖြစ်နေသည့် ညှီစို့စို့ဆံပင်များကို ရိတ်ပေးလိုက်သည်။ ညီဖြစ်သူအား ရိတ်ပေးပြီးသည်နှင့် သူ၏ဆံပင်ကို စတင်ညှပ်တော့သည်။ ယိုကျင့်သည် ညီအစ်ကိုနှစ်ယောက်အတွက် ပဝါနှင့်အထည်များ ယူလာချိန်၌ နှစ်ယောက်လုံးမှာ ရေထဲ၌ ခေါင်းလေးများသာ ပေါ်နေပြီး အညစ်အကြေးများ ပြောင်အောင် တိုက်ချွတ်နေကြောင်း သိလိုက်ရသည်။ သူမသည် ထိုနှစ်ဦးအား အော်ပြောလိုက်သည်။ “နင်တို့ဖို့ အ၀တ်နဲ့ပဝါတွေ ထားခဲ့ပြီ။ ပြီးရင် ကိုယ့်ဘာသာ လာ၀တ်လှည့်”

မြစ်ကမ်းဘေးမှ အသံကိုကြားသည်နှင့် အကြီးဖြစ်သူမှာ ရှက်ရွံ့သွားကာ ဆောင့်ကြောင့်ထိုင်လိုက်ပြီး ရေ၌ မျောနေသည့် ဗေဒါပင်ကဲ့သို့ သူ၏ခေါင်းလေးကိုသာ ဖော်ထားပြီး ဖြေလိုက်သည်။ “သိပြီ”

ထိုကောင်လေး၏ ရှက်ရွံ့တတ်မှုကို ယိုကျင့်သိသည့်အတွက် တခစ်ခစ် ရယ်ကာသာ ပြန်လာခဲ့သည်။ ထိုအ၀တ်များသည် အဒေါ်ကျိုး၏ သားအကြီးဆုံး ၀တ်ခဲ့သည်များဖြစ်ရာ သူမသည် ထိုအ၀တ်များကို အဒေါ်ကျိုးထံမှ တောင်းယူလာခြင်း ဖြစ်သည်။

သူဖုန်းစားနှစ်ဦးသည် ရေချိုးသန့်စင်ပြီးသည်နှင့် စုမိသားစုခြံ၀န်းသို့ ပြန်လာကာ အထဲသို့၀င်ရန် ခြံတံခါးဖွင့်လိုက်လေသည်။ ထိုအချိန်၌ အထဲမှ ခွေးဟောင်သံကို ကြားလိုက်ရပြီး ညီအစ်ကိုနှစ်ဦးအား မလှုပ်မယက်နိုင်အောင် ဖြစ်စေခဲ့သည်။ ခဏအကြာ၌ ကလေးမလေးတစ်ဦး၏ အသံမှာ ထွက်ပေါ်လာခဲ့သည်။ “၀မ်ချိုက် မဟောင်နဲ့”

ထို့နောက် သူမသည် အပြင်သို့ အမြန်ထွက်လာကာ ထိုညီအစ်ကိုနှစ်ဦးအား အထဲသို့ခေါ်လိုက်လေသည်။ ထိုသူမှာ ယိုရင်ဖြစ်ပြီး သူမသည် သူတို့ပြန်လာမည်ကို စောင့်ဆိုင်နေခဲ့ကာ ဆူညံသံ ကြားသည်နှင့် အမြန်ပြေးထွက်လာခြင်းဖြစ်သည်။

ထို့နောက် သူမသည် ညီအစ်ကိုနှစ်ဦးကို စုမိသားစု၀င်များနှင့် မိတ်ဆက်ပေးရန် ပင်မခန်းထဲသို့ ခေါ်သွားလေသည်။ ယိုကျင့်သည် ခုတင်ဘေးစွန်း၌ထိုင်ကာ အပြုံးလေးဖြင့် စကားစလေသည်။

“မင်းတို့ကို အရင်ကခဏခဏတွေ့ဖူးပေမဲ့ အခုမှပဲ မျက်နှာကိာ သေသေချာချာ မြင်ရတော့တယ်။ နာမည်ဘယ်လိုခေါ်လဲ”

အကြီးဖြစ်သူသည် တစ်ဆယ့်သုံးနှစ် တစ်ဆယ့်လေးနှစ်မျှ အရွယ်ဖြစ်ကာ ရိုးသားဖြူစင်ပေသည်။ သို့သေည်လည်း အမြဲ သတိအကြီးကြီး ထားတတ်ကာ အငယ်ဖြစ်သူထံမှ သူ့အား ဆွဲဖယ်ခံရမည်ကို ထိတ်လန့်နေတတ်ပြီး အငယ်ဖြစ်သူကို အမြဲကာကွယ်တတ်သည်။ ယိုကျင့်ထံမှ မေးခွန်းမေးသည်နှင့် သူသည် တီးတိုးစွာ ဖြေကြားလိုက်သည်။ “ကျွန်တော့်နာမည်က ဟန်လီ သူ့နာမည်က.... သူ့နာမည်က ဟန်အာ့ဟွာ”

အငယ်ဖြစ်သူမှာ လေးနှစ်ငါးနှစ်မျှသာ ရှိသေးသည်။ ထိုကလေးမှာ အသားမည်းကာ ပိန်ပါးနေသော်လည်း ချောမောသည့် အသွင်အပြင်ရှိပေသည်။ ထို့အပြင် သူသည် သူစိမ်းများကိုလည်း ကြောက်ရွံ့ခြင်းမရှိပေ။ ဟန်လီ၏နောက်၌ရပ်နေရင်း ယိုကျင့်ကို ခေါင်းမော့ကာ ကြည့်လိုက်လေသည်။

“မမကြီး မမမှာ တကယ်စားစရာရှိတာလား”

“ရှိတာပေါ့။ ဒါပေမဲ့ မမတို့ဆီမှာ အစား စားချင်ရင် အလကားတော့မရဘူး။ မမအတွက် အလုပ်လုပ်ပေးရမယ်” ယိုကျင့်သည် ပြုံးကာ အသံအေးအေးလေးဖြင့် ပြောလေသည်။ သူမသည် လှပသည့် အရုပ်မလေးတစ်ရုပ်နှင့် တူနေကာ စကားအများကြီး ပြောစရာမလိုဘဲ ဟန်အာ့ဟွာနှင့် ရင်းနှီးသွားတော့သည်။ ထိုနှစ်ဦးမှာ အမှန်ပင် ဆာလောင်နေသည်ဖြစ်၍ ယိုကျင့်မှ စတင်ပြောလိုက်သည်။

“အခုက အိမ်မှာ နေ့လယ်စာစားချိန်ပဲ။ အဲ့တော့ အရင်စားပြီး နောက်မှ စကားပြောကြတာပေါ့”

စုမိသားစု၏ နေ့စဉ်ဟင်းလျာများသည် အသားတစ်ခွက် အရွက်တစ်ခွက်နှင့် စွပ်ပြုတ်ပါရှိပေသည်။ ဖွယ်ဖွယ်ရာရာ မဖြစ်သော်လည်း အရသာ ကောင်းလှပေသည်။ ဟန်လီတို့ညီအစ်ကို နှစ်ဦးသည် ထမင်းစားပွဲ၌ ကတိုက်ကရိုက် ထိုင်လိုက်သော်လည်း စားသောက်သည့် အပြုအမူ အလေ့အကျင့်မှာ မဆိုးရွားပေ။ သူဖုန်းစားမဖြစ်ခင်က ထိုကလေးနှစ်ဦး၏ နောက်ခံမှာ ကောင်းမွန်သည့်နေရာမှ ဖြစ်နိုင်သည်လား။ ယိုကျင့်သည် အစာစားရင်းဖြင့် တွေးတောငေးငိုင်နေခဲ့သည်။

ကလေးနှစ်ဦးမှာ အစာစားရာ၌ တွန့်ဆုတ်နေ၍ အမျိုးသမီးစုသည် မသက်မသာ ခံစားလိုက်ရသည်။ ထို့ကြောင့် ကလေးနှစ်ဦးထံသို့ ဟင်းများ ထည့်ပေးနေခဲ့သည်။ “လိမ္မာလိုက်တဲ့ကလေးတွေ ဖြည်းဖြည်းစား။ မလောက်ရင် ထပ်ရှိသေးတယ်”

စုမိသားစု၏ဟင်းပွဲများမှာ ရိုးရှင်းသော်လည်း ပမာဏ များပြားပေသည်။ ကလေးများသည် စိတ်ကျေနပ်သည်အထိ လုံလောက်စွာ စားသုံးနိုင်ပေသည်။ ထိုအချက်သည် အိမ်ရှိ အစားအစာများနှင့် ပတ်သက်၍ ယိုကျင့်တောင်းဆိုဖူးသည့် အချက်ဖြစ်သည်။

ဟန်လီသည် အေးမြသည့်မျှစ်နှင့် ၀က်သားရောထားသော စွပ်ပြုတ်ကို ဖြည်းညင်းစွာ သောက်လိုက်လေသည်။ ထိုသို့ဖြင့် သူ၏လက်ထဲရှိ ထမင်းပန်းကန်ကို ကျေနပ်အားရစွာဖြင့် အောက်သို့ ပြန်ချလိုက်သည်။ စွပ်ပြုတ်သောက်နေဆဲဖြစ်သည့် ဟန်အာ့ဟွာကိုကြည့်ကာ သူ၏စိတ်၌ အနည်းငယ် နွေးထွေးလာရသည်။ နှစ်ပေါင်းများစွာကြာပြီးနောက် သူတို့နှစ်ဦး၌ ထမင်းပွဲပူပူလေးကို စားခွင့်ရခဲ့ပြီဖြစ်သည်။ သူသည် စိတ်လှုပ်ရှားနေရင်းဖြင့် စုမိသားစုပေါ်၌ သူ၏သတိထားမှုသည်လည်း တဖြည်းဖြည်း လျော့နည်းလာခဲ့သည်။

All Chapters