← Chapters

အခန်း (၇၃-၇၅)

Vol. 5 Ch. 73-75

အခန်း (၇၃-၇၅)

Vol. 5 Ch. 73-75

အပိုင်း (၇၃) ငြင်းပယ်ခြင်း

ယိုကျူးသည် မထင်မှတ်ထားသော သတင်းကြောင့် တုန်လှုပ်သွားမိသည်။ သူမသည် ကူကယ်ရာမဲ့စွာ ပြုံးလိုက်သည်။ “အမေ သမီးက တစ်ဆယ့်နှစ်နှစ်တည်းရှိသေးတာလေ။ အဲ့ကိစ္စအတွက် စိတ်ပူဖို့ မစောလွန်းဘူးလား” သူမသည် ယခင်ဘ၀၌ နှစ်ဆယ့်ရှစ်နှစ်ထိ တစ်ဦးတည်း နေထိုင်ခဲ့ကြောင်း တစ်စုံတစ်ယောက် ကြားသိပါက သူမအား ယခင်ဘ၀၌ ထိုသို့နေထိုင်ခဲ့သည့်အတွက် ယခုဘ၀၌ ထိုကိစ္စကို မတွေးတောခြင်းဟု ထင်ပေမည်လား။

“နှစ်အစဆိုတင်ပဲ တစ်ဆယ့်သုံးနှစ်‌ပြည့်တော့မှာလေ။ ဟယ်မိသားစုရဲ့သားက တစ်ဆယ့်ခြောက်နှစ် ရှိနေပြီ။ သမီးအလျင်မလိုပေမဲ့ အခြားသူတွေက အလျင်လိုတယ်လေ” အမျိုးသမီးစုသည် ဟယ်မိသားစု၏ သားဖြစ်သူအား ချမ်းသာသည့် သမက်ဖြစ်သူဟု တွေးထင်နေပုံရသည်။

ထိုကိစ္စ၏ ဦးတည်ရာမှာ ထူးဆန်းနေကြောင်း သိသည်နှင့် ယိုကျင့်သည် အမျိုးသမီးစု၏ စကားကို ဟန့်တားလိုက်သည်။ “အမေ သမီးလက်မထပ်ချင်ဘူး”

သူမ၏စကားကြောင့် အမျိုးသမီးစု တစ်ယောက် အေးခဲသွားသည်ကို မြင်သည့်အခါ ယိုကျင့်သည် စကားကို ပြန်ပြင်လိုက်ရသည်။ “အနည်းဆုံးတော့ လတ်တလောနှစ်တွေအတွင်းမှာ လက်မထပ်ချင်သေးဘူး။ သမီးသာ တစ်ယောက်ယောက်ကို လက်ထပ်ပြီး ဇနီးမယားအနေနဲ့ နေရရင် ညီမခုနှစ်ယောက်နဲ့ခမ်းအာ ပြီးတော့အမေရော အမေတို့ဘယ်လိုဖြစ်သွားမလဲ”

“သမီးကို အခုလက်ထပ်ခိုင်းတာမဟုတ်ပါဘူး။ အရင်ဆုံး လူကြီးချင်း စကားစထားပြီး သမီးအရွယ်ရောက်မှ လက်ထပ်ရုံပါပဲ” အမျိုးသမီးစုသည် အသံတိုးတိုးလေးဖြင့် ပြန်လည်ချေပနေခဲ့သည်။ သမီးဖြစ်သူ မပြောပါက သူမတို့မိသားစု၏ တိုးတက်ကြီးပွားနေသည့် အခြေအနေကို ထည့်စဉ်းစားမိမည်မဟုတ်ပေ။ ကလေးများသည် ငယ်ရွယ်သေးပေသည်။ ယိုကျင့်မရှိပါက သူမတို့၌ အခက်အခဲများ ရှိနိုင်လေသည်။ “ဒါပေမဲ့ အမေတို့ကြောင့် သမီးကို ၀န်ထုပ်၀န်ပိုး မဖြစ်စေချင်ဘူးလေ”

ယိုကျင့်သည် အမျိုးသမီးစုကို စိုက်ကြည့်ကာ သေချာပြောလိုက်သည်။ “အမေ သမီးပြောမယ်။ မိသားစုကို ဦးဆောင်ပြီး ချွေ့ဖုန်းရွာကနေပြီး ဝူလီချောင်ထိ ခေါ်လာတာ သမီးပါ။ အဲ့တော့ ညီမလေးတွေအတွက် သမီးမှာ တာ၀န်ရှိတယ်။ သူတို့မှာ အိမ်ကောင်းကောင်းနဲ့ တင့်တောင့်တင့်တယ် မနေနိုင်သေးသ၍ သမီးစိတ်အေးမှာ မဟုတ်ဘူး”

ယိုကျင့် ပြောသည့်စကားကြောင့် အမျိုးသမီးစုသည် မတတ်သာစွာ သက်ပြင်းချမိသည်။

“သမီးက ငယ်သေးတော့ ယောက်ျားကောင်းတစ်ယောက်ကို လက်ထပ်ယူဖို့က မလွယ်ကူမှန်း မင်းသိမှာမဟုတ်ဘူး။ အမေက အတွေ့အကြုံရှိပြီးသားသူပါ။ အဲဒါကြောင့် သမီးကို စိတ်လွတ်လက်လွတ် ပေးနေလို့မရဘူး”

“အခု သမီးတို့မိသားစု စီးပွားကနေ ငွေအများကြီးစုနိုင်နေတာပဲ နှစ်နှစ်သုံးနှစ်အတွင်းဆို ဒီထက်အဆပေါင်းများစွာ ရှာနိုင်မှာလေ။ အဲ့ကျမှ အဲ့ကျမှ လက်ထပ်ဖို့ကိစ္စကို စဉ်းစားကြရင်ရော ဘယ်လိုလဲ” ယိုကျင့်သည် အခြားသော အချက်အလက်တစ်ခုကို ထောက်ပြလိုက်သည်။ သူမတို့၏မိသားစုမှာ ဟယ်မိသားစုထက် ပို၍အခြေအနေကောင်းပေသည်။ နှစ်နှစ်သုံးနှစ်အတွင်း၌ သူမတို့သည် ယခုထက်ပိုကောင်းသည့် ကံကြမ္မာကို ပိုင်ဆိုင်နိုင်ပေသည်။ “အဲဒါကြောင့် လက်ထပ်တုန်းက သမီးအဖြစ် ခေါင်းမော့ပြီး ယောက္ခမအိမ်၀င်မှ ခေါင်းငုံ့ရတယ် ပြောကြတာ။ အမေက သမီးကို နှိမ့်နှိမ့်ချချနဲ့ လက်ထပ်စေချင်တာလား”

ယိုကျင့်သည် အခြားမိသားစု၏ ကလေးအား နှိမ်ချခြင်းမဟုတ်ပါချေ။ သို့သော် နန်းတွင်းရေးရာ စီမံစစ်ဆေးခြင်းစာမေးပွဲသည် အခက်အခဲများ များပြားပေသည်။ “အသက်ဆယ့်လေး ဆယ့်ငါးနဲ့တင် ရှို့ချိုက်ဖြစ်တဲ့လူတွေမှ အများကြီးပဲ။ တကယ်လို ဟယ်ရွှမ်းဟိုက်သာ အသက်လေးငါးဆယ်ထိ ထုန်ရှန့်မှာပဲ ရပ်နေရင်ရော ဘယ်လိုလုပ်မလဲ။ သမီးက တစ်ဘ၀လုံး သူ့ကို ခက်ခက်ခဲခဲ ထောက်ပံ့ပေးနေရမှာလား”

လက်ထပ်ပွဲကို ငြင်းဆိုရန် အခြားသူ၏အဖိုးတန်ကလေးအား စားမေးပွဲကျနိုင်ကြောင်း ကျိန်ဆဲနေသည့် စကားများကို တုံ့ဆိုင်းခြင်းမရှိ ပြောနေသော သမီးဖြစ်သူကြောင့် အမျိုးသမီးစုသည် သဘောကျစရာ တစ်ခုကို ရှာတွေ့ရသကဲ့သို့ တဖက်၌လည်း မကျေမနပ်ဖြစ်မိသည်။ ထို့နောက် သူမသည် မျက်လုံးလှိမ့်လိုက်တော့သည်။ “ဟုတ်ပါတယ် ညည်းကပဲ အကျိုးအကြောင်းသင့်တဲ့သူပါ”

အမျိုးသမီးစုသည် သမီးဖြစ်သူ ပြောသမျှကို ထောက်ခံတတ်သည့်သူ ဖြစ်သည်။ “မလိုချင်ဘူးဆိုလည်း ဖိအားမပေးတော့ပါဘူး။ ဒါပေမဲ့ နှမြောစရာကောင်းတာက ရွှမ်းဟိုက်က တကယ့်ကို လူကောင်းလေးပါ”

အမျိုးသမီးစုအား ထိုအကြောင်းအရာအတွက် အပြစ်မဆိုနိုင်ချေ။ သူမဖြတ်သန်းလာသော ဘ၀တစ်လျှောက် ထိတွေ့ခဲ့သည့်လူများတွင် သမက်အဖြစ် လက်ခံချင်သည်အထိ ကောင်းမွန်သည့်လူမှာ ရွှမ်းဟိုက်သာရှိသည်။ သူမသည် အခွင့်အရေးကို လွဲချော်ခဲ့သည့်အတွက် အနည်းငယ် နှမြောတဿဖြစ်မိသည်။

စုမိသားစုမှ ထိုလက်ဆက်ပွဲကို ငြင်းမယ်လိမ့်မည်ဟု အမျိုးသမီးကျိုး မထင်ထားခဲ့ပေ။ အမျိုးသမီးစု၏ ပါးနပ်သော စကားများကို ကြားပြီးနောက် သူမ၏မျက်နှာရှိ အပြုံးမှာ မှိန်ကျသွားလေသည်။ သို့သော်လည်း ဆက်လက်တောင့်ခံကာ စကားဝိုင်းကို ဆက်လေသည်။ “ဟုတ်ပါတယ်။ ကလေးတွေကလည်း ငယ်သေးတော့ နောက်နှစ်အနည်းငယ်မှ ပြန်စဉ်းစားကြလည်း မဆိုးပါဘူး”

နှစ်စလုံးသည် ခဏမျှ တောင်စဉ်ရေမရ လျှောက်ပြောနေကြရင်း အမျိုးသမီးကျိုးသည် အိမ်သို့ပြန်ရန် အကြောင်းပြကာ ထွက်သွလေသည်။ အမျိုးသမီးစုသည် အမျိုးသမီးကျိုး၏အမူအရာကို ကြည့်ကာ ဘေးရှိယိုကျင့်ကို လက်တို့လိုက်သည်။ “တစ်ခုခုများ မကျေမနပ်ဖြစ်သွားတာလား”

“ဘာမှမဖြစ်ပါဘူး။ အန်တီကျိုးရဲ့စိတ်က ပြန်အဆင်ပြေသွားလိမ့်မယ်။ ပြီးတော့ သမီးတို့က အစကတည်းက သဘောတူခဲ့လို့လား” ယိုကျင့်သည် ထိုပြဿနာအား အသေးအမွှားဟုသာ တွေးထင်ပေသည်။ နှစ်ဦးနှစ်ဖက်လုံးသည် စည်းမကျော်ကြသေးသော်လည်း ယိုကျင့်သည် အမျိုးသမီးစုကို အနည်းငယ် အကြံပေးလိုက်သည်။ “ဘယ်လိုနေနေ နောက်တစ်ခါ ဒီလိုကိစ္စတွေဆို သမီးတို့ကို အသိမပေးဘဲ မလုပ်နဲ့နော်။ ဘယ်သူဖြစ်ဖြစ် အဲ့လိုအလုပ်ခံရရင် နောက်ကျ အမေ့ကိုပဲ အပြစ်တင်ကြမှာ ဟုတ်ပြီလား”

သမီးဖြစ်သူ၏ စကားကို နားထောင်ပြီးနောက် အမျိုးသမီးစုသည် မည်သည့်အရာကိုမျှ နက်နဲစွာ တွေးမနေတော့ဘဲ ခေါင်းညိတ်လိုက်သည်။ “သိပါတယ်”

ကြွေကျလာသည့်ပွင့်ချပ်များသည် ဦးတည်ရာမဲ့သကဲ့သို့ စီးဆင်းသောရေသည် လားရာမဲ့ပေသည်။ (မရည်ရွယ်ဘဲဖြစ်တာမလို့ ဆက်ပြီး အကျယ်မချဲ့ကြတာကို ပြောတာပါ) ခဏအကြာ၌ အမျိုးသမီးကျိုး၏ စိတ်သည် အနည်းငယ် သက်သာလာပေသည်။ သူမ၏သား အငြင်းခံရသည့်ကိစ္စ ဖြစ်သည့်အတွက် ထိုကိစ္စသည် သူမအား အားမလိုအားမရဖြစ်စေခဲ့သည်။

ထို့နောက် ဟယ်ဟောက်သည် သူမအား စကားလုံးအချို့ဖြင့် တီးခေါက် ဆုံးမလေသည်။

“ယောက်ျားနဲ့ မိန်းမကြားက လက်ထပ်မှုဆိုတာ အချင်းချင်း မေတ္တာသက်၀င်ပြီး ခွင့်ပြုမြတ်နိုးမှ ရတာမလား။ တကယ်လို့ မင်းက တစ်ဖက်လူကို ခွင့်ပြုဖို့ ဖိအားပေးချင်ရင် မင်းဘက်ကလည်း ‌ဘိန်းမုန့်တွေ ရောင်းတာရပ်လိုက်ပေါ့။ အခြားလူကို အတင်းလုယက် ခြိမ်းခြောက်နေတာ ကြည့်ရဆိုးပါတယ် မဟုတ်ဘူးလား” ဟယ်ဟောက်၏ နှလုံးသားအောက်ခြေ၌ နှမြောတသဖြစ်မိပေသည်။ ယိုကျင့်သည် အမှန်ပင် ကောင်းမွန်သည့် မိန်းကလေးဖြစ်ကြောင်း သိပေသည်။ အကယ်၍ ယခုအချိန်၌သာ ‌နှစ်အိမ်သားချင်း ပေါင်းစပ်ရန် မဖြစ်နိုင်ပါက အနာဂတ်၌ အခွင့်အရေးပင် မရှိနိုင်တော့ချေ။

အမျိုးသမီးကျိုးသည် အမျိုးသားဖြစ်သူ၏ စနောက်ဟန်စကားများကြောင့် ထိုသူအား မျက်စောင်းထိုးလိုက်လေသည်။ “ရှင်ပဲ လုယက်နေပါ့လား”

သို့သော် သူမ၏စိတ်ထဲရှိ အစိုင်အခဲမှာ ပျောက်ကွယ်သွားလေပြီဖြစ်သည်။ အိမ်ထောင်ဦးစီး ပြောသည်က မှန်ပေသည်။ မိသားစုနှစ်ခုလုံးသည် တစ်ဦးနှင့်တစ်ဦး ထဲထဲ၀င်၀င် မရင်းနှီးကြသေးပေ။ ထိုကိစ္စသည် မျက်နှာပျက်ရသည်ထိ မဖြစ်ပွားသည်မှာ ကံကောင်းသည်ဟု ဆိုရမည်။ အတိတ်ကိုအတိတ်မှာပဲ ထားရအောင်။

.............

ပထမဦးဆုံးလ၌ အချုပ်အလုပ်များ လုပ်ကိုင်ခွင့်မရှိပေ။ စုမိသားစု၌ လာရောက်လည်ပတ်မည့်သူ မရှိသောကြောင့် စုမိသားစုရှိ ကလေးများသည် အိမ်၌ နေ့စဉ် ‌လက်ရေးလှကျင့်ကာ စာဖတ်လေ့ရှိကြသည်။ သူမတို့သည် ပထမလ၏ ရှစ်ရက်မြောက်နေ့ မတိုင်ခင်အထိ အနားယူကာ အားမွေးကြလေသည်။ ထိုသို့ဖြင့် စုမိသား၏အချိုမုန့်ဆိုင်ကို ပြန်လည်ဖွင့်လှစ်ရန် အချိန်ကျရောက်လာလေပြီဖြစ်သည်။ စုမိသားစု၀င်များသည် အချိန်ကြာမြင့်စွာ အနားယူခဲ့ပြီးနောက် အလုပ်များရန် အချိန်ကျရောက်လာပြန်ပြီဖြစ်သည်။

နှစ်သစ်ကူးအချိန်ကာလ၌သာ ရှိနေသေးသော်ကြောင့် အချိုမုန့်များ လာရောက်၀ယ်ယူသူမှာ အတော်ပင်များပြားလှသည်။ ပထမနေ့၏စီးပွားရေးအခြေအနေအရ သူမတို့၏ ခြေထောက်များပင် စုံမရပ်နိုင်သည်အထိ လှုပ်ရှားနေရသည်။ နေမ၀င်အထိ ဖုတ်ထားခဲ့သော ပဲနီဘိန်းမုန့်များ ရောင်းကုန်သွားချိန်၌ လူတိုင်းသည် သက်ဆိုင်ရာ ပစ္စည်းများကို သယ်ကာ လေးလံသည့်ခန္ဓာကိုယ်အား တရွတ်ဆွဲရင်း မြည်းလှည်းထဲသို့ ၀င်ရောက်ကြလေသည်။ ထို့နောက် အိမ်သို့ပြန်ကြလေသည်။

“ရက်နည်း‌နည်းလောက် အလေလိုက်ပြီး အလုပ်ပြန်လုပ်ရတာ ခေါင်းပြုတ်ထွက်မတတ်ပဲ။ ပင်ပန်းလိုက်တာ” သူမသည် လှည်း၏တဖက်ခြမ်း၌ထိုင်ရင်း လက်မောင်းကို ထုထောင်းကာ ပြောလေသည်။ “ဒါပေမဲ့ ငါတို့အဲ့လို နေ့တိုင်းအလုပ်များနေလည်း မဆိုးပါဘူး”

ထိုသို့ပြောခြင်းမှာ ယိုကျင့်သည် သူမတို့ ရောင်းရသည့် မုန့်အရေအတွက်နှုန်းကို လိုက်၍ အပိုဆု ပေးသောကြောင့်ဖြစ်သည်။ မုန့်များများ ရောင်းရလေ အလုပ်ပိုများလေ ပိုက်ဆံပိုရလေဖြစ်သည်။

“ပိုက်ဆံတွေ များလာပြီဆို ပန်းနဲ့ အလှကုန်တွေ ၀ယ်လို့ရတယ်လေ” မိန်းမပျိုလေးအချို့သည် စကားဝိုင်းဖွဲ့ရင်း တခစ်ခစ်ရယ်မောနေကြကာ ပျော်ရွှင်ဖွယ်အတိဖြစ်နေသည်။

ညအချိန်၌ ရှောင်လျှို့နှင့်ရှောင်ချီသည် စောစီးစွာ အိပ်မောကျနေခဲ့ကာ ယိုကျင့်သည် သူမတို့နှစ်ဦးအား စောင်ခြုံပေးခဲ့လေသည်။ ရေချိုးပြီးနောက် ‌ဖယောင်းတိုင်အောက်တွင် ယနေ့ရရှိသည့် ၀င်ငေငွမှန်သမျှကို တွက်ချက်လေသည်။ ထို့နောက် သေတ္တာ၌ ထည့်ကာ ထိုပစ္စည်းကို သူမခေါင်းအုံးအောက်၌ အုံး၍အိပ်လေသည်။ သူမ၏လက်ကို ခေါင်းအနောက်၌ ပစ်ထားရင်း ခေါင်းထဲ၌ အဆက်မပြတ် တွက်ချက်နေလေသည်။ သူမသည် မည်သည့်အချိန်က အိပ်ပျော်သွားမှန်း မသိသော်လည်း နိုးသည့်အချိန်၌ မိုးလင်းနေပြီဖြစ်သည်။

ယိုကျင့်သည် အိပ်မောကျနေသေးသော ရှောင်လျှို့နှင့်ရှောင်ချီကို နွေးထွေးအောင် စောင်ခြုံပေးလိုက်ပြီးနောက် အ၀တ်လဲကာ အရှေ့ခန်းမှ တိုးတိုးတိတ်တိတ်ထွက်လာခဲ့သည်။ ယိုကျင့်သည် ဆံပင်ကို နှစ်ဖက်ခွဲကာ ထုံးထားပြီး ကြာပန်းရောင် ခေါင်းစည်းဖြင့် ပတ်ချည်ထားလေသည်။ တံခါးရှေ့၌ရပ်ကာ ဆောင်းလေအေး၏ဒဏ်ကို တောင့်ခံနေလေသည်။ ပါးစပ်မှ လေတစ်ချက် မှုတ်ထုတ်ကာ အအေးငွေ့ဖြင့် အိပ်ချင်သည့်စိတ်ပြေပျောက်အောင် ပြုလုပ်လိုက်သည်။

“အကြီးဆုံးသခင်မလေး မနက်စာစားလို့ရပါပြီ” ယ‌နေ့မနက်စာပြင်ဆင်ခြင်း၌ သိုကောနှင့် ချောင်ကောတို့ ပါ၀င်အားဖြည့်ပေသည်။ စင်္ကြံ၌ ယိုကျင့်တစ်ယောက် အေးခဲကာ ရပ်နေသည်ကို တွေ့သောကြောင့် အထဲသို့၀င်ရန် ခေါ်လိုက်သည်။

မနက်စာစားပြီးနောက် ဟန်လီသည် လူတိုင်းအား မြည်းလှည်းဖြင့် ဈေးသို့ လိုက်ပို့လေသည်။ ပြည့်သိပ်နေသော မြည်းလှည်းထဲ၌ ယိုကျင့်သည် အခြားလူများအား သူမ၏အကြံဉာဏ်ကို ပြောပြလေသည်။ “နောက်ရက်အနည်းငယ်ကျ မီးထွန်းပွဲတော်ရှိတယ်။ လော့ဟယ်စီရင်စုမှာလည်း ကျင်းပလိမ့်မယ်။ အဲ့နေကျ ဆိုင်ကို ညပိုင်းလောက်ထိ ဖွင့်ပြီး လိုရမယ်ရ မီးပုံးလေးတွေနဲ့ အလှဆင်ရမယ်။ အဲ့လိုဆို ဧည့်သည်အများကြီးကို ဆွဲဆောင်နိုင်လိမ့်မယ်”

မီးပုံးများအကြောင်းကြားသည်နှင့် မိန်းမငယ်လေးအချို့သည် စိတ်လှုပ်ရှားကာ ဆူညံနေကြတော့သည်။ မီးပုံးအားမြင်ဖူးသည့် ပိုင်ကျီတစ်ဦးသာ တည်ငြိမ်စွာ ဆက်ပြောနေခဲ့သည်။ “မီးပုံကို ငယ်ငယ်က အမေတို့နဲ့ သွားရင်း မြင်ဖူးတယ်။ တအားလှတာ”

“ငါက တစ်ခါမှ မမြင်ဖူးဘူး” စုမိသားစုဆီသို့ ခေါ်ဆောင်လာခဲ့သမျှ မိန်းကလေးများသည် ခက်ခဲစွာဖြတ်သန်းခဲ့ရသည့်အတွက် ပိုင်ကျီကဲ့သို့ တွေ့မြင်ဖူးကြခြင်းမရှိပေ။ အခြားလူများ၏ဘ၀မှာ ထို့ထက်ပင် ဆိုးရွားနေသေးသည်။

မျှော်လင့်တကြီး ကြည့်နေကြသော ညီအစ်မနှစ်ယောက်ကြောင့် ယိုကျင့်သည် သက်ပြင်းချလိုက်လေသည်။ “ဒီလိုလုပ်ရင်ရော မီးပုံးပွဲတော်နေ့ကျရင် ဆိုင်ပိတ်ပြီးတာနဲ့ သွားကြည့်ကြမယ် မကောင်းဘူးလား”

ယိုကျင့်၏စကားကြောင့် လူတိုင်းသည် ပျော်ရွှင်စွာ ခေါင်းညိတ်ကာ မီးပုံးပွဲတော်နေ့ကို မျှော်လင့်နေကြသည်။

............

စုကျားရှန်း မုန့်ဆိုင်၌ အလုပ်လုပ်ကိုင်မည့်သူမှာ သူ့နေရာနှင့်သူ နေရာတကျရှိနေပြီဖြစ်သည်။ နောက်ဖေးမီး‌ဖိုချောင်၌ ယိုကျူးနှင့်ယိုရင်သည် လိုအပ်သည့် ပစ္စည်းများကို အချိုးကျရောနယ်ကာ ယိုပေါင်၊ သိုကောနှင့် ချောင်ကောတို့သည် ဂျုံများကို နယ်သိပ်ရင်း ပုံစံဖော်ရသည်။ ဆိုင်၏အရှေ့ပိုင်း၌ ယိုကျင့်သည် ရှင်းယီနှင့် တင်းရှန်းကို ဦးဆောင်ကာ ဧည့်သည်များကို ကြိုဆိုရင်း ‌မုန့်များ ရောင်းချပေသည်။ သူတို့သည် ကောင်းမွန်စွာ ပူးပေါင်းဆောင်ရွက်နိုင်ကြပြီဖြစ်သည်။

စုကျားရှန်း၏မီးဖိုဆောင်မှ မုန့်နံ့ စ‌သင်းပျံ့သည်နှင့် ဧည့်သည်များသည် ၀ယ်ယူရန် လာရောက်ကြပေသည်။ ရှင်းယီနှင့် ကျားရှန်းသည်လည်း ကျွမ်းကျင်ပိုင်နိုင်နေပြီဖြစ်ကာ တစ်ခဏအတွင်း၌ပင် ဧည့်သည်များ ၀ယ်ယူလိုသည့် မုန့်အမျိုးအစားကို အကဲခတ်နိုင်ကြသည်။ ထို့နောက် သူတို့သည် ငွေကိုယူကာ ယိုကျင့်ထံသို့ပေးလေသည်။ ယိုကျင့်သည် စာရင်းကောင်တာ၌ ငွေသိမ်းကာ ဧည့်သည်များကို အပြုံးလေးဖြင့် နှုတ်ဆက်နေလေသည်။ “သခင်မ ဖြည်းဖြည်းသွားနော်။ ကြိုက်ရင် နောက်တခါလည်း လာအားပေးပါဦး”

နေ့လယ်၌ ၀ယ်ယူသူနည်းပါးသောကြောင့် ယိုကျင့်သည် အပြင်ထွက်ရန်ပြင်ဆင်ကာ ယိုရင်အား ဆိုင်အ‌ရှေ့ကို ကြည့်ရှုထားရန် မှာကြားခဲ့သည်။ လက်ကိုင်ပဝါကို ယူကာ ‌နဖူးရှိချွေးများကို သုတ်လိုက်သည်။ ထို့နောက် အလုပ်၀တ်စုံကို ချွတ်ကာ အပြင်သို့ထွက်လာခဲ့သည်။

ပွဲစားချန်သည် နေ့လယ်ခင်း၌ ငိုက်မြည်းနေသည်ဖြစ်ရာ ရင်းနှီးသည့်ပုံရိပ်ကြောင့် စိတ်တက်ကြွစေရန် ဖိအားပေးလျက် နှုတ်ဆက်လိုက်သည်။ “စုမိန်းကလေးမလား။ မတွေ့တာတောင်ကြာပြီ စီးပွားရေးအခြေအနေဘယ်လိုလဲ”

“ဦးလေးချန်ကျေးဇူးနဲ့ အကုန်အဆင်ပြေပါတယ်” ယိုကျင့်သည် ပွဲစားချန်အား အပြုံးချိုချိုလေးဖြင့် နှူတ်ဆက်လိုက်လေသည်။ “ကျွန်မတို့ အခြားနေရာမှာ စကားပြောလို့ရလား”

ပွဲစားချန်သည် စုယိုကျင့်နှင့် သိလာသည်မှာ ကြာပြီဖြစ်၍ သူမအကြောင်းကို အနည်းငယ် နားလည်‌ပေသည်။ သူမအား လက်ဖက်ရည်ခန်းသို့ ခေါ်သွားလိုက်ပြီး ရနံ့စင့်သည့် ရေနွေးကြမ်းတစ်ခွက် ငှဲ့ပေးလိုက်သည်။ ယိုကျင့်ရောက်လာသည်နှင့် အလုပ်ကိစ္စဖြစ်မြောက်တော့မည်မှန်း အလိုလို သိရှိလိုက်သည်။ “မိန်းကလေးစု ဒီတစ်ခေါက်ရော ဆိုင်၀ယ်ချင်တာလား မြေ၀ယ်ချင်တာလား”

အအေးဒဏ်ကို ပထုတ်ရန် ငှဲ့ပေးထားသည့် ရေနွေးကြမ်းကို တစ်ငုံမျှ သောက်လိုက်ပြီး သူမလာရောက်ရသည့် အကြောင်းအရင်းကို ရှင်းပြလေသည်။ “ဒီ‌တစ်ခေါက် မြေ၀ယ်ချင်တာပါ။ ဟိုကျားဝမ်ရဲ့အနီးအနားကပါ။ ပြီးတော့ လမ်းမကြီးအနားက စွန့်ပစ်မြေရှိမရှိ ရှိရင် အဲဒါရော ၀ယ်ချင်လို့”

ယိုကျင့်၏စကားကြောင့် ပွဲစားချန်၏ အိပ်ချင်စိတ်မှာ ပပျောက်သွားလေသည်။ သူသည် အလောသုံးဆယ် ဖြေဆိုလိုက်သည်။ “ရှိတော့ ရှိတယ်။ မင်းဘယ်လောက်လိုချင်လဲ အပေါ်မှာ မူတည်တယ်။ အဲ့ကျမှ ဈေးမေးပေးလို့ရမှာ”

“မြေကောင်းကို ဧကနှစ်ဆယ်လောက် လမ်းမကြီးနားက စွန့်ပစ်မြေကို ဧကငါးဆယ်လောက်ဆို ရပြီ”

ထိုအရာသည် မိသားစု၏ငွေကြေးအရ ထပ်ခါတလဲလဲ တွက်ချက်ပြီးနောက် ဆုံးဖြတ်ချက်ချခဲ့ခြင်း ဖြစ်သည်။

“အဲ့လိုလယ်တွေတော့ ရှိတယ်။ နေရာကလည်း ဟိုတစ်ခေါက်က၀ယ်တဲ့ လယ်ရဲ့ မြစ်တစ်ဖက်ကမ်းမှာပဲ။ နေရာလည်း ကောင်းတယ်။ တစ်ခုရှိတာက ပိုင်ရှင်က ဧကလေးဆယ်တပါတည်း ၀ယ်မှ ရောင်းမယ်တဲ့....” ပွဲစားချန်သည် တုံ့ဆိုင်းစွာ ပြောပြီးနောက် ခေါင်းမော့ကာ ယိုကျင့်၏မျက်နှာအမူအရာ ပုံမှန်ဖြစ်မဖြစ်ကို စစ်ဆေးလိုက်သည်။

ယိုကျင့်၏အမူအရာသည် တည်ငြိမ်နေကာ တုန်လှုပ်ခြင်းမရှိ မေးမြန်းလိုက်သည်။ “ပိုင်ရှင်က ဈေးဘယ်လောက်နဲ့ ခေါ်ထားလဲ” ဧကလေးဆယ်သည် သူမတို့အတွက် များလှသော်လည်း လက်ရှိစုမိသားစု၌ ငွေလျန်းတစ်ထောင် ရှိပေသည်။ ထိုအတွက် ထိုပမာဏလောက်တော့ တတ်နိုင်ပေသည်။

…

အပိုင်း (၇၄) ယွဲ့ယိုထင်း

သူမ၏အမူအရာ မပြောင်းလဲသွားသည်ကို မြင်လိုက်ရသဖြင့် ပွဲစားချန်မှာ မအံ့ဩဘဲ မနေနိုင် ဖြစ်သွားတော့သည်။ စုမိသားစု လော့ဟယ်မြို့သို့ ရောက်လာကတည်းက သူသည် သူတို့၏ ခြေလှမ်းတိုင်းကို မြင်ခဲ့ရလေသည်။ သူတို့သည် မြေဧက၄၀ကို မျက်တောင် တစ်ချက်မခတ်ဘဲ ဝယ်နိုင်လောက်သည်အထိ အလွန်ချမ်းသာသွားလိမ့်မည်ဟု လုံးဝ စိတ်မကူးကြည့်မိခဲ့ဖူးချေ။

သို့သော် သူသည် ဣန္ဒြေဆည်ထားလိုက်ပြီး ပြန်ဖြေလိုက်၏။

“ မိန်းကလေးစု မင်းတကယ်ပဲ မြေကို ဝယ်ချင်တာဆိုရင်တော့ နောက်ဆုံးပြောခဲ့တဲ့ စျေးအတိုင်း သွားမယ်ဆိုရင် ဘယ်လိုလဲ"

စျေးမှာ အတန်သင့်လေသည်။

ယိုကျင့်က မသိမသာခေါင်းညိတ်ပြလိုက်ပြီး

“ ဦးလေးချန် အဆင်ပြေရင် ဒီအနီးအနားမှာ ဝယ်လို့ရနိုင်တဲ့ မြေရိုင်းတွေကိုလည်း ရှာပေးနိုင်ပါတယ်၊ အတူတူသွားကြည့်ဖို့ ထပ်ချိန်းလိုက်တာပေါ့”

ထို့နောက် သူမသည် ပွဲစားဆိုင်ထဲမှ ထွက်လာခဲ့တော့သည်။

ဒါသည် အရောင်းအဝယ်ကြီးတစ်ခုဟု သတ်မှတ်နိုင်လေသည်။ ယိုကျင့်ကို လိုက်ပို့ပေးလိုက်ပြီးနောက် ပွဲစားချန်က မြို့ထဲက မြန်မြန်ထွက်ပြီး သင့်တော်သည့်နေရာတစ်ခုကို သွားရှာတော့သည်။ ရက်အနည်းငယ်အတွင်း သူသည် နေဘက်မျက်နှာမူထားသည့် မြေရိုင်းတောင်တစ်လုံးကို အမှန်ပင် ရှာတွေ့သွားတော့သည်။ သူက စုကျားရှန်းသို့ သွားကာ ယိုကျင့်ကို မြန်မြန် အကြောင်းပြန်လိုက်တော့သည်။

“ မိန်းကလေးစု မင်းဘယ်အချိန်လောက် အဆင်ပြေလဲ၊ တစ်ချက်လောက်သွားကြည့်ရအောင်လေ”

“ ဒီနေ့ထက် ပိုကောင်းတဲ့နေ့ မရှိတော့ပါဘူး၊ ဒီနေ့ပဲ သွားကြည့်ကြတာပေါ့”

အခုတော့ မုန့်ဆိုင်သည် ပုံမှန်လည်ပတ်နေပြီဖြစ်ရာ ယိုကျင့်က ခြံအနောက်ဘက်သို့ သွားကာ လက်ဆေးလိုက်၏။ ယိုရင်ကို မှာစရာရှိတာ မှာထားလိုက်ပြီးနောက် ပွဲစားချန်နောက် လိုက်သွားလိုက်တော့သည်။

ပွဲစားချန်သည် အလွန် လုပ်နိုင်စွမ်းရှိသူတစ်ယောက်ပင်။ သူရှာထားသည့် မြေရိုင်းတောင်ကုန်းက ဟိုကျားဝမ်နှင့် သိပ်မဝေးလှပေ။ စုမိသားစု၏ တည်နေရာနှင့်ဆိုလျှင် နေရောင်ကျနေသည်ကို မြင်နိုင်သည့်အကွာအဝေးတွင် ရှိလေသည်။

သူတို့နှစ်ယောက်သည် ဝယ်မည့်မြေကို စစ်ဆေးရင်း ရှေ့ဆင့်နောက်ဆင့် လျှောက်လာ၏။ ပွဲစားချန်က တစ်မိုင်နှစ်မိုင်လောက် နေရာက တောင်ကုန်းဘက်ကို ညွှန်ပြလိုက်ပြီး

“မိန်းကလေးစု ငါ အခုလေးတင် ပြောလိုက်တာ အဲမြေလေ၊ စျေးနှုန်းကလည်း သင့်တယ်၊ တစ်ဧကကို ငွေတစ်စခွဲပဲ၊ ဒါပေမဲ့ အဲဒီမြေရိုင်းတောင်ကုန်းမှာ စားစရာတွေအများကြီး စိုက်လို့ရမယ်တော့ မထင်ဘူး”

ယိုကျင့်သည် စိုက်ပျိုးမြေ ဧက၄၀ကို အလွန်ကျေနပ်လေသည်။ မြစ်ရေ သွင်းလို့ရသည့် စိုက်ပျိုးမြေများပင်။ ထို့အပြင် ရေနှင့်နီးပြီး တရားဝင်လမ်းမနှင့်လည်း နီးသည်။ ထို့ကြောင့် သယ်ယူပို့ဆောင်ရေးနှင့် ရေသွင်းရန်အတွက် အဆင်ပြေလေသည်။

မြောက်ဘက်က တောင်များကို ကြည့်လိုက်ပြီး ယိုကျင့်က လက်ပေါ်က ဖုန်များကို ပုတ်ချလိုက်၏။

“ အဲလိုဆိုရင် အရင်ဆုံး တစ်ချက်လောက် သွားကြည့်ရအောင်လေ၊ ဦးလေးချန် ကျေးဇူးပြုပြီး လမ်းပြပေးပါ”

လယ်ကွင်းထဲက ထွက်လာပြီးနောက် သူတို့သည် မြည်းလှည်းပေါ် ပြန်တက်သွားတော့သည်။ ကီလိုမီတာဝက်ခန့် ခရီးတစ်ခုကို သွားဖို့ရန် အချိန်သိပ်မကြာလိုက်ချေ။ မြည်းလှည်းနှင့်ဆိုလျှင် ပိုမြန်သည်က ပြောရန်ပင် မလိုချေ။ သည်အချိန်လောက်တွင် မြေရိုင်းတောင်ကုန်းပေါ်က နှင်းများက အရည်မပျော်သေးပေ။ နှင်းများဖုံးအုပ်နေသည့် သစ်ပင်များသာ မားမားမတ်မတ် ရှိနေလေသည်။ သူတို့ဘေးက အရာအားလုံးမှာ နှင်းများဖြင့် ဖုံးလွှမ်းနေတော့သည်။

ယိုကျင့်သည် ပွဲစားချန်က အရေးပေါ်အသုံးလိုရန် ဆောင်ထားတတ်သည့် မြည်းလှည်းပေါ်က တူးရွင်းငယ်လေးတစ်ခုကို ယူလိုက်၏။ သည်တစ်ကြိမ်တွင်တော့ အသုံးဝင်လာလေသည်။ သူမသည် နှင်းပါးသည့်ကွင်းပြင်တစ်ခုကို ရွေးလိုက်၏။ အားဖြင့် တူးရွင်းကို ပေါက်လိုက်လေသည်။ အချိန်ခဏလေးအတွင်း တွင်းငယ်လေးတစ်ခု ဖြစ်သွားပြီး မြေ၏နဂိုအရောင် ထွက်လာတော့သည်။

သူမသည် အေးခဲနေသည့်မြေခဲတစ်ခုကို တူးထုတ်လိုက်ပြီး အအေးဓာတ်ကြောင့် အနည်းငယ်နီနေသည့် နှာခေါင်းနားကပ်ကာ နမ်းကြည့်လိုက်၏။ သူမသည် ပြုံးကာ မှတ်ချက်ပေးလိုက်တော့သည်

“ တကယ့် မြေရိုင်းပဲ၊ သူ့ကို မသုံးခင် ဒီမြေဆီကို သန့်ရှင်းအောင်လုပ်ဖို့ အချိန်အကြာကြီး ယူရမယ်ထင်တယ်”

ဘေးက ပွဲစားချန်သည် ယိုကျင့်မှာ ဤမျှ တက်ကြွပြီး တူးရွင်းကို ကိုင်ကာ မြေကို တူးလိမ့်မည်ဟု လုံးဝမထင်ထားခဲ့ချေ။ သူမ ပြောလိုက်သည့်စကားကို ကြားလိုက်ပြီး သူသည် ခေါင်းတွင်တွင် ညိတ်လိုက်တော့သည်။

“အမှန်ပဲ ကောင်မလေး မင်း ဒီမြေကို ပြန်ဝယ်မယ်ဆိုရင် တကယ်အလကားဖြစ်တာပဲ ရှိမှာ၊ စိုက်ပျိုးမြေတွေပဲ ထပ်ဝယ်တာ ပိုမကောင်းဘူးလား”

ပွဲစားချန်သည် စုမိသားစုနှင့် အကြိမ်များစွာ အလုပ်လုပ်ခဲ့ပြီးဖြစ်သဖြင့် ရေရှည်လုပ်နိုင်ရန် မျှော်လင့်သည်က သဘာဝပင်။ ထို့ကြောင့် သူက သူမကို စေတနာဖြင့် နားချလိုက်လေသည်။

သူမ၏လက်ထဲက မြေခဲကို ပစ်ထုတ်လိုက်ပြီး လက်နှစ်ဘက်ကိုခါလိုက်ပြီးနောက် လက်ခုံဖြင့် သူမ၏နှာခေါင်းကို သုတ်လိုက်ပြီး ပြုံးကာ ပြောလိုက်လေသည်။

“ ရပါတယ် ဒါက အသုံးဝင်မှာပဲဆိုတော့ ကျွန်မ ဝယ်မှာပါ၊ ဒါပေမဲ့ စျေးလျှော့လို့ မရတော့ဘူးလား၊ ဦးလေးချန်က ဗဟုသုတကြွယ်ပြီး အတွေ့အကြုံရှိတဲ့သူဆိုတော့ ဒီလိုမြေရိုင်းကို အလကားပေးရင်တောင် လိုချင်မဲ့သူ မရှိတာ သိမှာပါ”

ပွဲစားချန်သည် ခဏလောက်စဥ်းစားလိုက်ပြီ ပြန်ဖြေလိုက်တော့သည်။

“ အဲလိုဆိုမှတော့လည်း နောက်မှ ဟိုကျားဝမ်ရဲ့ ရွာသူကြီးနဲ့ တွေ့ပြီး စျေးကိစ္စ စကားပြောလိုက်မယ်လေ”

“ ရပါတယ် ငွေတစ်စလောက် လျှော့နိုင်တယ်ဆိုရင် ကျွန်မ နောက်ထပ် ဧက၅၀လောက် ဝယ်ပြီး တစ်ခါထဲ အကြေချေပေးမယ်”

ယိုကျင့်သည် တောင်ပေါ်က အရင်ဆင်းသွားလိုက်ပြီး သူမက ဆက်ပြောလိုက်လေသည်။

“ ဟိုကျားဝမ်ရဲ့ ရွာသူကြီးနဲ့ ဆွေးနွေးဖို့ ဦးလေးချန်ကိုပဲ ဒုက္ခပေးရတော့မှာပဲ၊ အဆင်ပြေသွားတာနဲ့ ကျွန်မ ဒီဘက်ခြမ်းနဲ့အတူတူ ဧက၄၀ကိုလည်း ဝယ်ပါမယ်”

“ ကောင်းပြီလေ ငါ ဒီကိစ္စကို ကြည့်လုပ်လိုက်မယ်”

ပွဲစားချန်သည် သည်အပေးအယူမှာ ရနိုင်မည့်ငွေကိုစဥ်းစားရင်း ချာရှာကြောင်တစ်ကောင်လို့ ပြုံးဖြီးနေတော့သည်။

ပွဲစားချန်၏ အပြောကောင်းသောကြောင့်လား ဟိုကျားဝမ်ရွာသူကြီးကပဲ ပြောရလွယ်ကူ၍လား မသိပေ။ သူမသည် ဟိုကျားဝမ်မှ မြေရိုင်းတောင်ကုန်း ဧက ၁၀၀ကို တစ်ဧကလျှင် ငွေတစ်စဖြင့် နောက်ဆုံးတော့ အမှန်ပင် ဝယ်ယူနိုင်ခဲ့တော့သည်။

သူမ၏ ငွေသေတ္တာထဲက ငွေစ ၃၇၀ ကျော်ခန့် ရုတ်တရက် လျော့သွားသည်ကို မြင်လိုက်ရတော့ ယိုကျင့်သည် နာကျင်မှုကြောင့် ရင်တုန်သွားသည်ကိုသာ ခံစားလိုက်ရတော့သည်။ ဆိုင်နဲ့ လူတွေဝယ်ပြီးနောက်ပိုင်း မနှစ်က မုန့်ဆိုင်ကရတဲ့ ဝင်ငွေက သုံးလို့မလောက်တော့ဘူး....

ဒါပေမဲ့ တစ်ချီထဲနဲ့ နောက်ထက် စိုက်ပျိုးမြေဧက ၄၀ ထပ်စုနိုင်ခဲ့တာပဲ။ အခုဆို မိသားစုမှာ စိုက်ပျိုးမြေ ၅၆ဧကအပြင် မြေရိုင်း ဧက၁၂၀နီးပါး ရှိသွားပြီ။ မြေချည်းသက်သက်ကိုပဲ အားကိုးရင်တောင် သူတို့တွေ ငတ်မသေတော့ပါဘူးလေ။

ထိုသို့စဥ်းစားလိုက်တော့ ယိုကျင့်မှာ အများကြီးခံစားရ သက်သာသွားတော့သည်။ သီချင်းလေး ညည်းရင်း သူသည် မြေစာပိုင်ဆိုင်မှုစာချုပ်ကို အိမ်စာချုပ်၊ မြေစာချုပ်နှင့် အရောင်းဆိုင်စာချုပ် တခြားစာရွက်စာတမ်းများနှင့် စာချုပ်များကို ထည့်သိမ်းထားသည့် သူမ၏ အထူးသေတ္တာထဲ ထည့်သိမ်းလိုက်တော့သည်။ ထို့နောက် သူမသည် ဗီဒို၏အတွင်းဆုံးအပိုင်းထဲတွင် သေသေချာချာ ဝှက်ထားလိုက်ပြီးနောက် ကျေနပ်စွာ လက်ခုပ်တီးလိုက်တော့သည်။

***

စုမိသားစုသည် ချွေ့ဖုန်းရွာနှင့် ယွဲ့မိသားစုမှ ထွက်လာပြီးဖြစ်လေသည်။ သည်နှစ်သည်အမှန်ပင် ပေါများကြွယ်ဝပြီး အဆင်ပြေပြေ နေရသည့်နှစ်တစ်ခုပင်။ မိုင်ရာချီဝေးသည့် ချွေ့ဖုန်းရွာကို ပြန်ကြည့်လျှင် ယွဲ့မိသားစုသည် အနည်းဆုံးတော့ အပြင်လူများ၏အမြင်တွင် သည်နှစ်က ပျော်ရွှင်ကာ ဆန္ဒပြည့်ဝသည့် နှစ်တစ်ခုဖြစ်ခဲ့လေသည်။

စုသားအမိတတွေ ယွဲ့မိသားစုမှ ထွက်သွားပြီး ၂လကြာပြီးနောက် ယွဲ့မိသားစု၏ မြေးနှစ်ယောက်က ထုန်ရှန်းစာမေးပွဲ အောင်သည့်သတင်းမှာ ပတ်ဝန်းကျင်ရွာအားလုံးအထိ ပြန့်နှံ့သွားတော့သည်။ တစ်ချိန်ထဲ ထုန်ရှန်းနှစ်ယောက် မွေးထုတ်လိုက်သဖြင့် ယွဲ့မိသားစုသည် ပတ်ဝန်းကျင်ဒေသတွင် နာမည်ကြီးလာတော့သည်။

သူ၏ မကောင်းသည့်မိန်းမကို မောင်းထုတ်ခဲ့သည့် ယွဲ့ချန်လုကတော့ သူ့ဘဝသည်လည်း ကောင်းသည်ထက် ကောင်းလာလေသည်။ နေ့တိုင်း သူအိမ်ပြန်လာချိန်တွင် သူ့အဖိုးတန်သားလေးကို ချီပိုးပြီး လက်ကမချနိုင်ပေ။ ယွဲ့ချန်လုသည် သားတစ်ယောက် ရလာကတည်းက သူ့ရင်ဘတ်မှာ ဖောင်းသည်ထက် ဖောင်းလာပြီး သူ့မျက်နှာပေါ်က ညှို့မှိုင်းနေသည့်အရိပ်က အများကြီး လျော့ပါးသွားတော့သည်။

ယွဲ့ယိုထင်း၏ မင်္ဂလာဆောင်ကိုလည်း သတ်မှတ်ပြီးပြီဖြစ်၏။ သို့သော် သူမ တစ်ချိန်က စဥ်းစားခဲ့ဖူးသည့် လူရည်မွန် ကျိုးမျိုးနွယ် မဟုတ်သော်လည်း လျိုထန်မြို့မှ ကုန်စုံဆိုင်ပိုင်သော မိသားစုတစ်ခု၏ တစ်ဦးသောသားဖြစ်လေသည်။

သည်နှစ် ရာသီဥတုပါ ထပ်ပေါင်းလိုက်လျှင် ယွဲ့မိသားစု၏လယ်မြေက အထွက်နှုန်းက အရင်နှစ်ထက် အများကြီးကောင်းလေသည်။ လက်ထဲတွင် ငွေနည်းနည်းပိုရှိလာသည့် အဘွားချန်က ပင်မဆောင်၏ ခုတင်ပေါ်တွင် ထိုင်နေပြီး သားသမီးများနှင့် မြေးများက နှစ်သစ်ကူးကန်တော့လာသည်ကို ပျော်ရွှင်နေလေသည်။ သူမက ယွဲ့တာ့ဖူကို ဂုဏ်ယူစွာဖြင့် မှတ်ချက်ပေးလိုက်သေးသည်။

“ ထင်ထားတဲ့အတိုင်းပဲ ၊ အဲဒီဆန်ကုန်မြေလေးတွေက ငါတို့မိသားစုရဲ့ ဂြိုဟ်ဆိုးတွေဖြစ်နေတာပဲ၊ သူတို့တွေ ထွက်သွားတာနဲ့ ဝမ်ထောင်နဲ့ ဝမ်လီကလည်း ထုန်ရှန်း စာမေးပွဲအောင်သွားတယ် ပြီးတော့ ယိုထင်းလည်း မင်္ဂလာပွဲကောင်းတစ်ခု သတ်မှတ်လိုက်ပြီ”

သို့သော်ငြား စုသားအမိတို့ကို ချွေ့ဖုန်းရွာမှ ထွက်သွားအောင် လုပ်ခဲ့သည့် ဝမ်ညန်နှင့် အမျိုးသမီးချန်တို့မှာတော့ အပြည့်အဝ မပျော်နိုင်ကြချေ။ ဒုတိယမိသားစု ထွက်သွားပြီးကတည်းက အိမ်၏ ပင်ပန်းသည့်အလုပ်ကြမ်းအားလုံးက သူတို့အပေါ်သို့ ကျရောက်သွားတော့သည်။ တစ်နှစ်မပြည့်ခင်မှာပင် ပန်းလေးလို့ နူးညံ့ခဲ့သည့် ဝမ်ညန်၏လက်များသည် ကြမ်းတမ်းကာ အသားမာတက်ကုန်တော့သည်။ ထို့အပြင် သူမသည် ထိုကိစ္စနှင့်ပတ်သက်ပြီး ဘာမှမတတ်နိုင်ခဲ့ချေ။ နေ့တိုင်းလိုလို သူမ၏ဉာဏ်နှင့် သတ္တိတို့ကိုသုံးကာ အမျိုးသမီးချန်နှင့် တိုက်ခိုက်နေရတော့သည်။ သူမသည် အမှန်ပင် နောင်တရနေလေတော့သည်။

အမျိုးသမီးဟန်သည် အမျိုးသမီးချန်၏ မှတ်ချက်များကို ကြားလိုက်ချိန်၌ ဒူးထောက်လျက် လှောင်ပြုံးတစ်ခု ပြုံးမိလိုက်တော့သည်။ သူမသည် သည်မိသားစုတွင် ယိုကျင့်နှင့် အဆက်အသွယ်ရှိသည် တစ်ဦးတည်းသောသူ ဖြစ်လေသည်။ သူမသည် နှစ်မကုန်ခင်က တောင်ပိုင်းမှ စာတစ်စောင် လက်ခံရရှိခဲ့၏။ စာထဲတွင် ငွေ၂၀တန် များလည်း ပါလေသည်။

စာထဲတွင် ယိုကျင့်က တောင်ပိုင်းတွင် အခြေချနေကြောင်းသာ အကြမ်းဖျင်းပြောပြထားသည်။ ကျန်တဲ့အကြောင်းအရာတွေကို မပြောထားပေမဲ့ တောင်ပိုင်းက ယိုကျင့်ရဲ့မိသားစုဘဝက ဒီမှာထက်စာရင်တော့ အများကြီးကောင်းမှာပဲလေ မဟုတ်ဘူးလား။ နောက်ဆုံး သူမက ငွေ၁၀စကိုတောင် ပြန်ပေးလာနိုင်ပြီလေ။

သို့သော် မည်သို့ပင်ဖြစ်စေ သူတို့၏ ကံကောင်းခြင်းများကို နှောင့်ယှက်မည့် ဆန်ကုန်မြေလေးများ မရှိတော့သဖြင့် ယွဲ့မိသားစုဝင်အားလုံးသည် ကောင်းမွန်သည့်နှစ်တစ်ခု အမှန်ပင် ပိုင်ဆိုင်ခဲ့ရလေသည်။ အဘွားချန်နှင့် ယွဲ့တာ့ဖူတို့သည် လတ်တလောတွင် ပူပူနွေးနွေး စာမေးပွဲအောင်ထားသည့် သူတို့၏ရွှေမြေးလေးနှစ်ယောက်ကို မျှော်လင့်ထားကြတော့သည်။ ထိုနည်းဖြင့် သူတို့မိသားစု၏ ဘဝလမ်းကျောင်းကို ပြောင်းလဲနိုင်ပြီး ကံကောင်းခြင်းများဖြင့် ပျော်ရွှင်နိုင်လိမ့်မည်။

ယွဲ့မိသားစုတွင် လုံးဝမပျော်နိုင်သူမှာ ယွဲ့ယိုထင်းတစ်ယောက် ဖြစ်တော့သည်။ သူမက ထိုကိစ္စကို ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပြီး အစာငတ်ခံကာ ဆန္ဒပြခဲ့သေးသည်။ သို့တိုင် အဘိုးဖြစ်သူက သည်မင်္ဂလာပွဲကို သတ်မှတ်ခဲ့လေသည်။

“ ဒီကိစ္စက ငါ့သဘောပဲ၊ သတ်မှတ်ပြီးပြီဆိုမှတော့ ဘာမှ ထပ်ဆွေးနွေးစရာမရှိတော့ဘူး”

ရက်အနည်းငယ်လောက် အစာငတ်ခံလိုက်ပြီး သူမ၏အသားအရေကလည်း ခြောက်ကပ်သွားကာ ယွဲ့ယိုထင်းမှာ ကိစ္စက ဤသို့ပြီးသွားလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။ ထိုကိစ္စကို လက်မနိုင်သဖြင့် အော်ငိုခဲ့ရသေးသည်။ သူမသည် ယာယီတော့ သူမ၏ကံတရားကို လက်ထားလိုက်မည်။ ပထမတစ်လလုံး သူမ၏မျက်နှာပေါ်တွင် လုပ်ယူထားရသည့် အပြုံးတစ်ခုသာ ရှိလေသည်။ သူမနှင့် စေ့စပ်ထားသည့် ချန်မိသားစုက ကောင်လေးက နှစ်သစ်ကူးလာရောက် ကန်တော့ချိန်၌ပင် သူမသည် ကောင်းကောင်းမဆက်ဆံခဲ့ပေ။

အပြင်ဖက်တွင် ဂုဏ်ကျက်သရေ ထွန်းပြောင်နေပြီး အတွင်းဘက်တွင်တော့ ပြဿနာဖြင့် ရှုပ်ပွနေသည့် ယွဲ့မိသားစုကို အမျိုးသမီးဟန်သည် ပထမဆုံးအကြိမ် ရွံရှာမိတော့သည်။ နှစ်သစ်ကူးပြီး ၇ရက်မြောက်နေ့ရောက်တော့ သူမက ယွဲ့ချန်ရှို့နှင့် တိုင်ပင်လိုက်၏။ မြို့တွင် ဆိုင်ပြန်ဖွင့်ရမည်ဟု အကြောင်းပြလိုက်ကာ ချွေ့ဖုန်းရွာမှ စောစောပြန်လာခဲ့လိုက်တော့သည်။

“အမေ အဘိုးက သမီးကိုလည်း အစ်မအကြီးဆုံးလို သူကြိုက်သလို အိမ်ထောင်ပြုပေးမှာလားဟင်”

မြည်းလှည်းပေါ်တွင် ထိုင်နေရင်း ယွဲ့ယိုဟယ်က အမျိုးသမီးဟန်ဘေးတွင် တိုးဝေ့ကာ စိုးရိမ်စိတ်ဖြင့် မေးလိုက်လေသည်။

“ အဲဒီချန်မိသားစုက ကောင်က ပိုပြီးတော့တောင် ရုပ်ဆိုးသေးတယ်...”

ကျောက်ပေါက်မာနှင့် အစ်မအကြီးဆုံးလောက်ပင် အရပ်မမြင့်သည့် ချန်မိသားစုမှ ထိုကောင်လေးအကြောင်းကို စဥ်းစားလိုက်ပြီး ယွဲ့ယိုဟယ်မှာ ကြက်သီးထသွားတော့သည်။

အမျိုးသမီးဟန်က သမီးဖြစ်သူ၏ကျောကို စိတ်အေးသွားအောင် ပုတ်ပေးလိုက်ပြီး

“ မလုပ်ပါဘူး၊ သမီးရဲ့အဘိုးက အဲလိုလုပ်ချင်ရင်တောင် အမေက သဘောတူမှာမဟုတ်ဘူး”

အမျိုးသမီးဟန်သည် သမီးဖြစ်သူကို ထိုသို့နှစ်သိမ့်လိုက်သော်လည်း သူမ၏စိတ်ထဲတွင်တော့ အနည်းငယ် စိတ်မအေးနိုင်ဖြစ်နေလေသည်။ သူမသည် မြို့ပြန်ရောက်သည်နှင့် သမီးဖြစ်သူအတွက် သင့်တော်သည့် မိသားစုတစ်ခုကို ရှာပေးဖို့ ဆုံးဖြတ်လိုက်တော့သည်။ သူမသည် သမီးဖြစ်သူ၏ဘဝကို ယွဲ့မိသားစုက ဖျက်ဆီးပစ်မည်ကိုတော့ ခွင့်မပြုနိုင်ပါ။

ယွဲ့ယိုထင်ဖက်တွင်မူ...။ သူမက ငယ်ငယ်ကတည်းက ချောမောတဲ့သူလို့ မှတ်ထားတာလေ။ အဲဒါထက် သူမက် ကျိုးကျွင်းဖုန်လို့ လူရည်မွန်လေးတစ်ယောက်နဲ့လည်း တွေ့ဆုံခဲ့သေးတာကိုး။ သူမက ဘယ်လိုလုပ်ပြီး ကျောက်ပေါက်မာနဲ့ လူပုလေးကို အမှားယွင်းခံပြီး လက်ထပ်နိုင်မှာလဲ။

ရက်အနည်းငယ်လောက် ကောင်းကောင်းစဥ်းစားလိုက်ပြီးနောက် သူမသည် မိသားစုများ သတိမထားမိချိန်၌ အမျိုးသမီးချန်၏ သီးသန့်စုထားသည့်ငွေကို ခိုးသွားတော့သည်။ အပြင်ထွက်လည်လိုက်အုံးမည်ဟု အကြောင်းပြကာ သူမသည် ရွာထဲမှ တိတ်တိတ်လေး ထွက်သွားပြီး တင်းယွင်မြို့သို့ သွားသည့် မြည်းလှည်းတစ်ခုပေါ် တက်သွားတော့သည်။

“ အရွယ်ရောက်နေပြီးသား လူတစ်ယောက်ပဲကို ဘယ်လိုလုပ်ပြီး သူမက ပျောက်သွားနိုင်မှာလဲ”

ခုတင်ပေါ်တွင်ထိုင်ရင်း ယွဲ့တာ့ဖူသည် သူ့မုတ်ဆိတ်မွေးများ ထောင်တက်လာသည်အထိ အလွန်ဒေါပွနေတော့သည်။ သူသည် စားပွဲကို ဝုန်းခနဲ ရိုက်လိုက်ပြီး အကြီးဆုံးသားလင်မယားကို ဆူဆဲနေတော့သည်။

“ သူ့ကို မြန်မြန်သွားရှာကြလေ”

“အဖေ ကျွန်တော်နေရာအနှံ့ ရှာပြီးပြီ၊ ရွာထဲက တချို့လူတွေ ပြောတာတော့ သူ မြို့ပေါ်တက်သွားတာ တွေ့လိုက်တယ်တဲ့၊ မြို့ကလည်း အကြီးကြီးပဲ ကျွန်တော် သူ့ကို ဘယ်လိုရှာတွေ့နိုင်မှာလဲ”

ယွဲ့ချန်ဖူသည် ခေါင်းငိုက်စိုက်ချထားလေသည်။ သူ၏ အမြဲတမ်း တိတ်တိတ်ဆိတ်ဆိတ်နေတတ်သည့် သမီးက ခွင့်ပြုချက်မပါဘဲ အိမ်မှ ထွက်သွားရဲလိမ့်မည်ဟု လုံးဝ ထင်မထားခဲ့ချေ။

တစ်ဖက်တွင်တော့ အမျိုးသမီးချန်သည် သူမ၏မျက်နှာပေါ်တွင် အလွန်ပူပန်နေသည့်ဟန် မပေါ်ချေ။ သူမက ပြန်ပြောလိုက်လေသည်။

“ ယိုထင်က အိမ်မှာ မွန်းကြပ်တယ်လို့ ခံစားရလို့ မြို့ပေါ်တက်ပြီး ယိုဟယ်နဲ့ သွားကစားတာနေမှာပေါ့”

အမှန်တွင်တော့ သူမ၏သဘောထားက သမီးဖြစ်သူအတွက် အိမ်က ထွက်ပြေးသွားလျှင်လည်း မဆိုးသည့်ကိစ္စပင်။ သမီးဖြစ်သူက ဉာဏ်ကောင်းပြီး ကျိုးသခင်လေးနှင့် တွေ့ရန် မြို့သို့သွားခဲ့လျှင် ဆန်က ချက်ပြီးသား ဖြစ်လိမ့်မည်။ သို့ဆိုလျှင် ချန်မိသားစုနှင့် လက်ထပ်ပွဲလည်း အလိုလို ပျက်သွားလိမ့်မည် မဟုတ်ပါလား။

ယွဲ့အိမ်တွင် ဝရုန်းသုန်းကားဖြစ်နေစဥ် မျိုသို့သွားသည့် လှည်းပေါ်တွင် ရောက်နေသည့် ယွဲ့ယိုထင်းသည် ကျိုးကျွင်းဖုန်နှင့် အမှန်ပင် မမျှော်လင့်ဘဲ တွေ့ဆုံခဲ့လေသည်။

ကျိုးကျွင်းဖုန်ကို တွေ့လိုက်သည်နှင့်တစ်ပြိုင်နက် ယွဲ့ယိုထင်းက အသံမထွက်ဘဲ ငိုနေတော့သည်။ ကျိုးကျွင်းဖုန်က သူ့လက်ပေါ်က သိပ်မရင်းနှီးလှသည့် အမျိုးသမီးကို ကြည့်လိုက်၏။ ခဏလောက် စဥ်းစားလိုက်ပြီးမှ သူမသည် ယွဲ့ဝမ်ထောင်မိသားစုမှ ညီမလေးတစ်ယောက်မှန်း မှတ်မိသွားတော့သည်။ သူက မေးလိုက်၏။

“ မိန်းကလေးယွဲ့ ဘာလို့ မြို့ပေါ်ကို တစ်ယောက်ထဲ လာခဲ့တာလဲ”

သစ်ခွပန်းတစ်ပွင့်၊ ကျောက်စိမ်းသစ်ပင်နှင့် တူလှသည့် ကျိုးကျွင်းဖုန်ကို ကြည့်လိုက်ပြီးနောက် ကျောက်ပေါက်မာနှင့် ဘူးသီးခြောက်အကြောင်း စဥ်းစားလိုက်ပြီး ယွဲ့ယိုထင်မှာ ပိုလို့ပင် ဝမ်းနည်းသွားလေသည်။ သူမသည် ရဲတင်းလှသည့် စိတ်ကူးတစ်ခုကို လွှတ်ခနဲ ပြောထွက်သွားတော့သည်။

“ သခင်လေးကျိုး ခိုးပြေးကြရအောင်”

အမျိုးသမီးများက သူနှင့် ခိုးပြေးရအောင်ဟု ပြောသည့်စကားကို ကြားရသည်မှာ ကျိုးကျွင်းဖုန်အတွက် ပထမဆုံးအကြိမ် မဟုတ်တော့ချေ။ သူသည် မိန်းမလှလေး၏ သေးသွယ်သည့်ခါးလေးကို ဖက်လိုက်ကာ ချိုချိုသာသာ ပြောလိုက်၏။

“ မိန်းကလေးယွဲ့ လူကြားထဲမှာ စကားပြောဖို့ တကယ်အဆင်မပြေဘူး၊ အခု ဘယ်မှာနေတာလဲ၊ ကျွန်တော် အရင်ဆုံးပြန်ပို့ပေးရမလား”

သူမက ခေါင်းခါပြလိုက်သည်ကို မြင်လိုက်တော့ ကျိုးကျွင်းဖုန်သည် မတတ်သာတော့ပဲ တည်းခိုဆောင်တစ်ခုသို့ ခေါ်သွားလိုက်ကာ အခန်းတစ်ခန်း ငှားလိုက်လေသည်။ ထို့နောက် သူက သူမကို ဖက်လိုက်ပြီး ညင်ညင်သာသာ နှစ်သိမ့်ပေးလိုက်တော့သည်။ တဖြည်းဖြည်းနှင့် လေထုက ပိုပြီး ပျော်စရာကောင်းလာလေသည်။ တောက်ပနေသည့် ဖယောင်းတိုင်မီးအောက်တွင် တွန်းလိုက် ဆွဲလိုက်ကျီစယ်ရင်း ကိစ္စမှာ အထမြောက်သွားတော့သည်။

သူမချစ်သူ၏ လက်မောင်းပေါ်တွင် ခေါင်းအုံးရင်း သူမ၏သိမ်မွေ့ကာ နီမြန်းနေသည့်မျက်နှာလေးမှာ မိုးရွာပြီးနောက် နွေဦးဝတ်ဆံလေးနှင့် တူနေပြီး နှစ်ဦးကြားက နီးနီးကပ်ကပ်အထိအတွေ့တွင် ရွှန်းလက်နေတော့သည်။ သူမသည် မည်မျှပင် အသိဉာဏ်မဲ့သည်ဆိုသော်လည်း ယွဲ့ယိုထင်းသည် သူမနှင့် သခင်လေးကျိုးတို့ မှားယွင်းခဲ့ပြီးပြီကို သိလေသည်။

“ အစ်ကိုကျိုး...”

စိတ်ကျေနပ်နေသည့် ကျိုးကျွင်းဖုန်အတွက်တော့ သူသည် သူမ၏နူးညံ့လှသည့်အသားလေးကို ကျေကျေနပ်နပ်ဖြင် ပွတ်သပ်နေပြီး လေသံတိုးတိုးဖြင့် ပြန်တုံ့ပြန်လိုက်လေသည်။

“ဟင်”

“လက်ထပ်ရအောင်နော်၊ ညီမရဲ့နှလုံးသားထဲမှာ အစ်ကိုတစ်ယောက်ပဲ ရှိတယ်၊ ညီမ တခြားဘယ်သူ့ကိုမှ လက်ထပ်ချင်ဘူး”

ယွဲ့ယိုထင်းသည် ချန်မိသားစု၏ သားအကြောင်း စဥ်းစားလိုက်လျှင် ရွံရှာသလို ခံစားရလေသည်။ သူမသည် သူမလို ပန်းလေးတစ်ပွင့်ကို နွားချေးပုံတွင် ဘယ်တော့မှ အစိုက်ခံလိမ့်မည်မဟုတ်ပေ။

ကျိုးကျွင်းဖုန်မှာ သူမကို လက်ထပ်ရန် အဘယ်မှာ စိတ်ကူးရှိပါမည်နည်း။ သူသာ လက်ထပ်ချင်လျှင် မြို့က ပညာတတ်မိသားစုတစ်ခု၏ သမီးတစ်ယောက်ကို လက်ထပ်ပေလိမ့်မည် မဟုတ်ပါလား။ သို့သော် အခိုက်အတန့်လေးက လတ်ဆတ်နေသေးလေရာ သူသည် ယွဲ့ယိုထင်းကို ချော့မော့ကာ ပြောလိုက်တော့သည်။

“ အင်းပါ လက်ထပ်ကြမယ်၊ ဒါပေမဲ့ အဲဒီမတိုင်ခင် ကိုယ်တို့ရဲ့ မင်္ဂလာခန်းကို အရင်ဝင်ကြမယ်လေ”

အာရုံထွေပြားနေသည့် ကျိုးကျွင်းဖုန်သည် တဖန်ကိုယ်လှည့်လိုက်ပြီး သူမကို ခန္ဓာကိုယ်အောက်တွင် ဖိထားလိုက်လေသည်။ သူသည် သူ့စိတ်ကျေနပ်မှုအတွက် အဆင်အခြင်မဲ့ပျော်ပါးနေလေတော့သည်။

…

အပိုင်း (၇၅) မီးပုံး‌ပွဲတော်မှ မိန်းမပျို

ချွေ့ဖုန်းရွာ၌ မိုးသက်လေပြင်း ကြီးနေသောကြောင့် လော့ဟယ်စီရင်စုသို့ လာရောက်ရန် မဖြစ်နိုင်သည်မှာ ပုံမှန်ဖြစ်သည်။ အမျိုးသမီးဟန်ဆီသို့ စာပို့သည့်အချိန်၌ သူမသည် တောင်ပိုင်း၌သာ အခြေချနေသည်ဟု ရေးသားခဲ့ကာ မည်သည့်နေရာ၌ အခြေချနေကြောင်း တိကျစွာ ရေးသားဖော်ပြခြင်း မပြုခဲ့ပေ။ သူမသည် အမျိုးသမီးဟန်ကို မယုံကြည်၍ မဟုတ်ဘဲ ယွဲ့မိသားစုဘက်ကသာ အချင်းချင်း အဆက်အသွယ်ဖြတ်၍ နေထိုင်လိုခြင်းဖြစ်သည်။ သူမသည် ယွဲ့မိသားစုနှင့် ထပ်မံဆက်ဆံလိုစိတ် မရှိချေ။

မီးပုံးပွဲတော်ကာလအတွင်း လော့ဟယ်စီရင်စု၌ လူများပြည့်သိပ်လို့နေသည်။ စုကျားရှန်းမုန့်ဆိုင်၌ မီးပုံး ခြောက်ခုခုနှစ်ခုမျှ ချိတ်ဆွဲထားလေသည်။ လော့ဟယ်စီရင်စု၌ မီးပုံးများစွာ ချိတ်ဆွဲထားသည့်အတွက် အလှဆင်ပန်းချီကားတချပ်ကဲ့သို့ လင်းထိန်နေသည်။ လမ်းမပေါ်မှ တီးတိုးရေရွတ်သံနှင့် ရယ်မောသံများကို အဆက်မပြတ်ကြားနေရသည်။ လမ်းလျှောက်သွားလာသူများသည် လာရပ်ကိုပင် မသိတော့ဘဲ ပခုံးချင်းပွတ်တိုက်ကာ သွားလာနေရသည်။ သို့သော်လည်း လူတိုင်း၏ မျက်နှာပေါ်တွင် အပြုံးများ ပေါ်လွင်နေလေသည်။ ထိုအရာသည် မပျောက်ကွယ်သေးသော အေးစက်စက် ဆောင်းလေအေးကိုပင် နွေးထွေးသွားစေသည်။

“ယိုကျင့် ခမ်းအာကို အဝေးကြီး ခေါ်မသွားနဲ့နော်” ယနေ့၌ စုမိသားစု၀င်အကုန်လုံးသည် မြို့ပေါ်သို့ တက်လာကြသည်။ ပထမအချက်မှာ စုမိသားစု၀င်များသည် ထိုပွဲတော်ကို မဆင်နွှဲဖူးသောကြောင့် လာရောက်ကြည့်ရှုခြင်းဖြစ်သည်။ ဒုတိယအချက်မှာ စီးပွားရေး ကောင်းမွန်လွန်းသောကြောင့် အမျိုးသမီးစုကို အကူအညီ‌တောင်းကာ ခေါ်ထုတ်လာခြင်းဖြစ်သည်။

ယိုကျင့်သည် ခမ်းအာကို သူမ၏လက်ထဲ၌ ပွေ့ချီထားလေပြီး မြစိမ်းရောင် ယုန်မီးပုံးလေးအား ကြည့်ရှုနေသည်။ ခမ်းအာသည် လက်ကိုဆန့်ထုတ်ကာ ထိုမီးပုံးဆီသို့ ရောက်လိုရောက်ငြား လှမ်းဆွဲနေလေသည်။ ထိုအရာသည် ယိုကျင့်ကို ရယ်မောစေခဲ့သည်။ “အင်းပါ မမသိပါတယ်”

ရှောင်ချီသည် ဟန်အာ့ဟွာ၏လက်ကို ဆွဲထားသော ဟန်လီ၏ကျောပေါ်၌ မြဲမြံစွာ ကပ်တွယ်ထားလေသည်။ အပြင်ဘက်ရှိ မီးပုံးများနှင့် ခရီးသွားများကို တွေ့သည့်အခါ သူမသည် ပျော်မြူးနေခဲ့သည်။ ထို့နောက် ဟန်လီအား အရဲစွန့်ကာ တောင်းဆိုလေသည်။ “အစ်ကိုကြီးဟန်လီ မီးပုံလေးတွေ သွားကြည့်ရအောင်လေ”

ဟန်လီသည် လွန်ခဲ့သည့် နှစ်နှစ်သုံးနှစ်အတွင်း လော့ဟယ်စီရင်စု၌ တောင်းရမ်း စားသောက်လာခဲ့သည့်အတွက် ယခုကဲ့သို့ ပွဲတော်များ၌ ကလေးအများစုမှာ ဖမ်းဆီးခံရတတ်ကြောင်း သိပေသည်။ သူသည် ရှောင်ချီကို မည်သို့ စိတ်ချလက်ချလွှတ်ပေးနိုင်မည်နည်း။ ထို့အတွက် ဟန်လီသည် ခေါင်းကိုသာ တွင်တွင်ခါပြလိုက်သည်။

ဟန်လီ ငြင်းဆိုသည်ကို မြင်သည့်အခါ ရှောင်ချီသည်လည်း ရွေးချယ်စရာမရှိဘဲ လူကြီးကဲ့သို့သာ ရင့်ကျက်စွာ ပြုမူရင်း ဟန်လီ၏ကျော၌ နာခံစွာမှီနေလေသည်။ အပြင်သို့ ထွက်လည်ရန်လည်း ဂျီကျမနေတော့ချေ။ ဟန်လီ၏ကျော၌သာ မှီရင်း အပြင်ရှိ သွားလာလှုပ်ရှားနေသူများကို ငေးမောနေခဲ့သည်။

“မိန်းကလေးစု” ထိုသူမှာ အတန်းဖော်များနှင့် လာရောက်လည်ပတ်သည့် ဟယ်ရွှမ်းဟိုက် ဖြစ်ပုံရသည်။ အဝေးမှနေ၍ မီးပုံးအောက်၌ ခမ်းအာကို ပွေ့ချီထားသည့် ယိုကျင့်ကို မြင်နေရသည်။ မီးပုံးပွဲတော်၏ မီးပုံးအလင်းများကြောင့် ဖြစ်ဟန်တူသည်။ သူမ၏အပြုံးများသည် သူ၏မျက်၀န်း၌ ထွန်းလင်းတောက်ပနေသည်။ ဟယ်ရွှမ်းဟိုက်သည် သူ၏အေးခဲနေသည့် နှလုံးသားအတွက် အတန်းဖော်များထံမှ အမြဲစနောက်ခံရသူဖြစ်ကာ ယခုသူ၏စိတ်ထဲ၌ မိန်းကလေးတစ်ဦး၏ လှပသည့်အပြုံးများဖြင့် ပြည့်နှက်နေခဲ့သည်။ မိုးကြိုးလျှပ်စီးလက်ကာ မီးဟုန်းဟုန်း တောက်သည့်နှယ် အသိစိတ်လွတ်သွားခဲ့လေသည်။

သူမ၏အမည်ကို ခေါ်ဆိုနေသံကြားသောကြောင့် သူမ၏အပြုံးသည် ပျောက်ကွယ်သွားကာ ယဉ်ကျေးဖွယ်အမူအရာများ အစားထိုးသွားလေသည်။ လှည့်ကြည့်သည့်အခါ ဟယ်ရွှမ်းဟိုက်ဖြစ်နေ၍ ယိုကျင့်သည် ယဉ်ကျေးမှုအလျောက် အပြုံးလေးဖြင့် နှုတ်ဆက်လေသည်။ “အစ်ကိုဟယ်”

ယိုကျင့်၏အပြုံးမှာ ကွဲပြားသွားပြီဖြစ်ကြောင်း မြင်လိုက်ရသည့်အပြင် သူမ၏ဘေး၌ ဟန်လီသည် လုံ‌ခြုံရေးတပ်သားကဲ့သို့ ရပ်နေ‌သည့်အတွက် ဟယ်ရွှမ်းဟိုက်၏ စိတ်ထဲ၌ တစ်ခုခုကို ဆုံးရှုံးသွားသကဲ့သို့ ခံစားလိုက်ရသည်။ သူ၏ခြောက်သွေ့နေသော နှုတ်ခမ်းကို သပ်လိုက်ကာ စကားစလိုက်သည်။ “စုမိန်းကလေးက မီးပုံးပွဲတော်ကို တစ်ယောက်တည်း လာကြည့်တာမလား။ အပြင်မှာ လူတွေများတယ်။ ကျွန်တော် အိမ်ပြန်လိုက်ပို့ရင်ရော ဘယ်လိုလဲ”

ယိုကျင့်သည် အပြုံးလေးဖြင့် ငြင်းဆိုလိုက်သည်။ “အစ်ကိုဟယ်ရဲ့ ‌ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်။ ဟန်လီက မြည်းလှည်းနဲ့ ထွက်လာတာမလို့ပါ။ ညီမတို့က လူနည်းနည်းလောက် စောင့်ပြီးရင် ပြန်တော့မှာပါ” ထိုလူငယ်လေး၏ နာကျင်ဖွယ်မျက်လုံးကို သူမ တွေ့သော်ငြားလည်း ငြင်းဆိုမှ သင့်ပေမည်။ ထို့နောက် ယိုကျင့်က ဆက်ပြောလိုက်သည်။ “အစ်ကိုဟယ် ဟိုနား‌လေးက နှစ်ယောက်က အစ်ကို့သူငယ်ချင်းတွေမလား။ သူတို့ကလှမ်းခေါ်နေသလိုပဲ”

ဟယ်ရွှမ်းဟိုက်သည် ဆက်လက်ကာ စကားပြောချင်သေးသော်လည်း ယိုကျင့်၏နှုတ်ဆက်ခြင်းကို ခံလိုက်ရသည်။ မျက်နှာအရေမထူသော သူမှာ ဘာမှဆက်မဆိုနိုင်ချေ။ သူ၏မျက်နှာ နီရဲမလာအောင်သာ တောင့်ခံရင်း ထိုမိန်းကလေးကို သင့်တော်သည့် ဂါရ၀ပြုမှုပေးပြီးသည်နှင့် ထွက်သွားတော့သည်။

ဟယ်ရွှမ်းဟိုက် ထွက်သွားသည်နှင့် ယိုကျင့်သည် သက်ပြင်းရှည်ကြီးချမိတော့သည်။ ထိုလူငယ်လေး၏ သိသာလှသည့် ရှက်ရွံ့မှုကို သူမမြင်လေသည်။ သို့သော် ထိုလူငယ်ကို မရင့်ကျက်သေးသည်ဟုသာ ထင်မြင်မိသောကြောင့် သူမသည် စိတ်ထဲ၌ မထားဘဲ နေလိုက်သည်။

“တကယ့်ကို စာဂျပိုးပဲ” တစ်ဖက်၌ ဟန်လီသည် မည်သည့်အကြောင်းကြောင့်မသိ ထိုကဲ့သို့သော မှတ်ချက်ကို ဆိုလေသည်။ ယိုကျင့်သည် ထိုမှတ်ချက်ကို ဘာမျှ မတုံ့ပြန်သော်လည်း အခြားတစ်ဘက်သို့ မျက်နှာလွှဲလိုက်လေသည်။

မီးပုံး‌ပွဲတော်သည် ဆယ်နာရီမှ ပြီးဆုံးမည်ဖြစ်ကာ လော့ဟယ်မြို့တံခါးသည်လည်း ပွဲတော်ပြီးဆုံးချိန်မှသာ ပိတ်မည်ဖြစ်လေသည်။ လမ်းမပေါ်၌ လူသွားလူလာ နည်းသွားသည်ကို မြင်သည့်အခါ စုမိသားစု၀င်များသည် ပစ္စည်းများကို အမြန်ထုတ်ပိုးတော့သည်။ အမျိုးသမီးစု၊ ယုလန်၊ ယိုကျင့်နှင့် အခြားသူများ၏ လက်၌ အိပ်ပျော်နေသော ကလေးငယ်တစ်ဦးစီကို ပွေ့ဖက်ထားရလေသည်။ စုမိသားစု၌ လူဦးရေများသောကြောင့် လှည်းအပိုတစ်စီး ငှားရမ်းရလေသည်။ မြည်းလှည်းများသည် တစ်စီးနောက်မှ အခြားတစ်စီးကပ်လိုက်ကာ လော့ဟယ်စီရင်စုမှ ထွက်ခွာကြလေသည်။

အိမ်သို့ပြန်ရောက်သည့်အခါ လူတိုင်းသည် ဆေးကြောကာ ခဏအတွင်းအိပ်ပျော်သွားကြသည်။ ယနေ့၌ မနက်ခင်းမှ ညအထိ ပင်ပန်းခဲ့သည်ဖြစ်ရာ ရှင်းယီနှင့်အခြားလူများသည် အရှေ့ခြမ်း၌ ဧည့်သည်များကို တရစပ် ပြောဆိုဆက်ဆံကာ ဧည့်ခံနေရပြီး အနောက်မီးဖိုဆောင်၌ ပိုင်ကျီ၊ရှန်းညည်နှင့် အခြားလူများသည်လည်း လက်မောင်းများပင် မမြှောက်နိုင်သည်အထိ ဂျုံများကို ရောနှယ်ကာ မုန့်များ ပြုလုပ်ခဲ့ရသည်။

သို့သော်လည်း ထိုပင်ပန်းမှုများအတွက် ဆုလာဘ်ရရှိပေသည်။ လူတိုင်းသည် ပုံမှန်ထက် ငွေလေးဆ ရရှိနိုင်သည်။ ယိုကျင့်သည်လည်း ယနေ့ရရှိသည့်၀င်ငွေကို စာရင်းမှတ်ပြီးသည်နှင့် အိပ်မောကျသွားလေသည်

..........

မီးပုံးပွဲတော်ပြီးနောက် တူးမြောင်းလုပ်သားများသည် အလုပ်ခွင်သို့ ပြန်လည်၀င်ရောက်လာကြသည်။ လ၀က်မျှ လွတ်နေခဲ့သည့် စုမိသားစု၏ တူး‌မြောင်းလုပ်သားဆောင်မှာ ပြန်လည်ပြည့်နှက်လာခဲ့သည်။ ဝူလီချောင်ရွာရှိ မိသားစုအများစု၏ အိမ်များ၌လည်း လာရောက်ငှားရမ်း နေထိုင်ကြသည် တူးမြောင်းလုပ်သားများနှင့် ပြည့်နှက်နေ‌ကာ ရွာ၏အတွင်းအပြင်၌ သူစိမ်းများ ၀င်ထွက်သွားလျက်ရှိသည်။

ဖေဖော်ဝါရီလ၏လေသည် အေးစက်လှကာ တချက်ဖြတ်တိုက်တိုင်း လူ၏မျက်နှာကို ယားယံကိုက်ခဲစေနိုင်သည်။

သို့သော်လည်း ယိုကျင့်သည် ထိုလေအေးကို တောင့်ခံကာ ဈေးသို့နေစဉ် ပြေးလွှားပြီး လိုအပ်သည့် သစ်ကြမ်းထည်များကို ၀ယ်ယူရသည်။ ထို့နောက် ပွဲစားချန်အား ဆောက်လုပ်ရေးလုပ်သားတစ်စုကို ငှားရမ်းစေကာ ယခုလက်ရှိ စုမိသားစုအိမ်၏ အနောက်ဘက်ရှိ စွန့်ပစ်မြေနှစ်ဧက၌ အိမ်အသစ် ဆောက်လုပ်စေသည်။

ပွဲစားချန်၌ အဆက်အသွယ်ကျယ်ပြန့်ကာ နှစ်ရက်တည်းနှင့်ပင် ဆောက်လုပ်ရေး အသင်းတစ်ခုကို ဆက်သွယ်နိုင်ပြီး ထိုအုပ်စု၏ခေါင်းဆောင်ဖြစ်သူ ကျိုးအာခေါ် သန်မာထွားကြိုင်းသည့် သက်လတ်ပိုင်းအမျိုးသားတစ်ဦးကို ယိုကျင့်နှင့်တွေ့ရန်ခေါ်လာခဲ့သည်။

ယိုကျင့်၏စကားများကို ကြားပြီးချိန်သည် ကျိုးအာသည် သူ၏ရင်ကို ထုကာ ကတိပေးလိုက်သည်။

“စုမိန်းကလေး စိတ်မပူပါနဲ့။ ကျွန်တော်ဆောက်တဲ့အိမ်ကို သဘောကျစေရမယ်”

ကျိုးအာသည် လော့ဟယ်စီရင်စု၌ ဆောက်လုပ်ရေး လုပ်ခဲ့သည်မှာ နှစ်နှစ်ဆယ်ကျော်ပြီဖြစ်ရာ အဆက်အသွယ် များလှသည်။ ယိုကျင့်တို့နှင့် ဆောက်လုပ်ရန် သဘောတူထားသည့်ရက်မတိုင်မီ နှစ်ရက်သုံးရက်အလိုကပင် အုတ်၊သစ်သား စသည့် ဆောက်လုပ်ရေးဆိုင်ရာပစ္စည်းများသည် အိမ်သို့ရောက်ရှိလာခဲ့သည်။

ဖေဖော်ဝါရီလ၏ နဂါးဦးခေါင်းလှည့်သည့် ဒုတိယရက် ရှောင်ပါးနှင့် ခမ်းအာတို့၏ တစ်နှစ်ပြည့် မွေးနေ့အပြီး ရှစ်ရက်မြောက်နေ့၌ စုမိသားစု၏ အိမ်အသစ်ကို စတင်ဆောက်လုပ်ခဲ့သည်။

ထိုအချိန်၌ ယိုကျင့်သည် ဆောက်လုပ်ရေးအသင်းအား အိမ်အသစ် ဆောက်လုပ်ရန် ငွေချပေးခဲ့သည်။ ကျိုးအာသည် အလိုက်သိသူ ဖြစ်ကာ စုမိသားစုသတ်မှတ်ပေးထားသည့် ငွေနှင့်လျော်ညီစွာ အသုံးပြုပြီး ဆောက်လုပ်ရေးပစ္စည်းကောင်းများကို ရွေးချယ်အသုံးပြုခဲ့သည်။ စုမိသားစု၏ ဆောက်လုပ်ရေးသည် ကြီးမားသည့်အတွက် ကျိုးအာသည် အမြန်ပင် ပြင်ဆင်လုပ်ကိုင်ရကာ လှေပွဲတော်မတိုင်မီ အပြီးသတ်ပေးရသည်။

ဆောက်လုပ်ရေး လုပ်ငန်းစဉ်မှာ သုံးလမျှကြာမြင့်ကာ အချိန်ကြာသည်ဟု ထင်ရသော်ငြား ကျိုးအာ၏တည်ရှိမှုကြောင့် ယိုကျင့်သည် ထိုနေရာ၌ အချိန်ဖြုန်းမနေခဲ့ချေ။ သူမသည် လွန်ခဲ့သည့်လများ၌ အပြင်၌ အလုပ်များအတွက် ပြေးလွှားလုပ်ကိုင်နေခဲ့ရသည်။

စုမိသားစု၏ မြေကောင်းငါးဆယ့်ခြောက်မူအတွက် ယိုကျင့်သည် နွေဦးအစကပင် ပျိုးများကြဲကာ စတင်စိုက်ပျိုးခဲ့သည်။ ကျန်ရှိသည့် တောင်ကုန်းမြေ တစ်ရာအတွက် ဟိုကျားဝမ်မှ လူနှစ်ဆယ် ငှားရမ်းကာ ခြုံနွယ်ပိတ်ပေါင်းများကို ရှင်းလင်းစေသည်။ ဧကတစ်ရာအား ထွန်ယက်ရသည်မှ တစ်လကြာမျှ အချိန်ကြာမြင့်‌ေပသည်။ ယိုကျင့်သည် ထိုမြေ၌ နှင်းဆီမျိုးစေ့များ ပက်ကျဲကာ စိုက်ပျိုးစေသည်။

တောင်ကုန်းမြေများ ထွန်ယက်စိုက်ပျိုး ပြီးချိန်၌ ယိုကျင့်သည် တောင်ကုန်းပေါ်မှ သဘာ၀အတိုင်း စီးဆင်းနေသည့် စမ်းချောင်းငယ်ကို တူးကာ ဘေးသို့ချဲ့ကာ မြေတစ်ရာလုံး ရေရစေရန် ပြုလုပ်ခဲ့သည်။

ထိုဘက်၌ ပြီးစီးအောင်ပြုပြင်ပြီးချိန်၌ ယိုကျင့်ရှာတွေ့ခဲ့သည့် ကုန်သည်အုပ်စုမှ ယိုကျင့်လိုချင်သည့် ပစ္စည်းကို ယူဆောင်ပေးလာခဲ့သည်။ များပြားလှသည့် ငွေသေတ္တာ ပျောက်ဆုံးသွားသည့်အတွက် ယိုကျင့်သည် အနည်းငယ် စိတ်ဖိစီးမိသည်။

ယိုကျင့်သည် ရက်ပိုင်းအတွင်း၌ မရပ်မနား သွားလာနေခဲ့ရသည်။ လှည်းတစ်စီးပြီးတစ်စီး စီးကာ အလုပ်ရှုပ်နေခဲ့ရသည်။ စုမိသားစုတစ်ခုလုံးသည် ယိုကျင့်ကြောင့် စဉ်းစားရခက်နေခဲ့သည်။ စီးပွားရေးကိစ္စများအတွက် မေးခွန်းထုတ်ခဲလှသည့် အမျိုးသမီးစုသည်ပင် ခြံထဲရှိ ပျိုးပင်သုံးပင်ကို ကြည့်ကာ စိုးရိမ်တကြီးမေးလာခဲ့သည်။ “သမီးဘာတွေလုပ်နေတာလဲ

ပျိုးပင်သုံးပင်ကရော ဘာတွေလဲ”

ယိုကျင့်သည် နောက်ဆုံးအသုံးပြုခဲ့သည့် စာရင်းအား မှတ်သားပြီးနောက် စုတ်တံကိုချကာ အမြန်ဖြေလိုက်သည်။

“အဲဒါတွေက ဟိုကျားဝမ်မှာ စိုက်မဲ့ဟာတွေ။ နံသာမွှေးပင်နဲ့ မက်မွန်ပင်တွေ၊ သစ်ကပ်ပင်နဲ့ ဆူးခြုံနှင်းဆီတွေရော စိုက်မှာ”

“အမေတို့မှာ မုန့်ဆိုင်ရှိနေပြီပဲ အဲဒါတွေစိုက်ပြီး ဘာလုပ်မှာလဲ” အမျိုးသမီးစုသည် ယိုကျူးနှင့် အခြားလူများအား မုန့်လုပ်နည်းများ သင်ကြားပြီးသည့်အတွက် ထိုအရာများနှင့် မည်သည့်အရာကို ပြုလုပ်ရမည်မှန်း စဉ်းစားမရပေ။ “သမီးတို့ဆိုင်လေးက နည်းနည်းပဲကြီးတာ ငွေဘယ်လောက် ရှာနိုင်မှာမလို့လဲ”

ယိုကျင့်သည် အမျိုးသမီးစုအား ခုတင်၌ ထိုင်ကာ သူမ၏အစီအစဉ်အား အကြမ်းဖျင်းရှင်းပြလိုက်သည်။

“သမီးရည်မှန်းချက်က မုန့်ဆိုင်တစ်ခုတည်းတင် မဟုတ်ဘူး။ နှင်းဆီပန်းတွေစိုက်ထားတဲ့ ဧကတစ်ရာမှ ပျားတွေမွေးပြီး ပျားရည်ရောင်းရင် ငွေအများကြီးရမှာ အမေရဲ့။ ပြီးတော့ အဲ့နှင်းဆီတွေက မုန့်လုပ်တဲ့နေရာမှာ သုံးလို့ရသလို ရေနွေးကြမ်း‌ဖျော်ရင်လည်း အနံ့မွှေးအောင် လုပ်လို့ရတယ်”

ယိုကျင့်၏ရည်မှန်းချက်သည် ထိုထက်ကြီးမားပေသည်။ မုန့်ဆိုင်သည် လျန်းထောင်ဂဏာန်းမျှသာ အများဆုံးရနိုင်ပေသည်။ သူမ၌ ညီမများစွာရှိသည့်အတွက် ထိုငွေမျှနှင့်မလုံလောက်ပေ။ အနာဂတ်၌ သူမသည် မိသားစုကြီးတစ်ခုကို ထောက်ပံ့ရဦးမည်ဖြစ်သည်။ သဘာ၀ကျစွာပင် သူမ၏ဉာဏ်ကို ခြစ်ထုတ်ကာ ငွေရှာနိုင်မည့် နည်းလမ်းများကို ရှာဖွေရသည်။

“ရနံ့မွှေးလက်ဖက်ခြောက်” အမျိုးသမီးစုသည် အနည်းငယ် ‌စဉ်းစားရခက်နေသည်။ “ကြားရတာ ဆန်းသစ်ပေမဲ့ အဲ့လိုလုပ်လို့ရလို့လား”

ယိုကျင့်သည် အာမခံလေသည်။ “ရတာပေါ့။ သမီး ဆေးစာအုပ်တွေထဲမှာ ဖတ်ဖူးတယ်။ နှင်းဆီပန်းက အလှအပဆိုင်ရာမှာလည်း အကျိုးရှိတယ်တဲ့။ လော့ဟယ်စီရင်စုမှ အလှမက်တဲ့ မင်းမှူးမတ်ဇနီးတွေ ဘယ်လောက်တောင် ရှိလိုက်လဲ။ သူတို့က ဘာမှမမေးဘဲ ၀ယ်ကြမှာလေ။ အဲ့ကနေ ငွေဘယ်လောက်ရနိုင်လဲ စဉ်းစားကြည့်။ စီးပွားရေးက စတောင်မစရသေးဘူးရယ်။ မြေဧကတွေလည်း လွတ်နေတာပဲကို ဘာလို့ စမ်းမကြည့်တာလဲ”

အမျိုးသမီးစုသည် ယိုကျင့်၏စကားများကို အမြဲလက်ခံသူဖြစ်သည်။ ယခု၌လည်း သမီးဖြစ်သူ စိတ်ပိုင်းဖြတ်ထားသည်ကို မြင်သောကြောင့် မည်သည်ကိုမျှ မဆိုဘဲ စိတ်တိုင်းကျသာ ပြုလုပ်စေသည်။

ယိုကျင့်သည် မြေတစ်ရာဧက၌ အပင်များစိုက်ရန် စီမံထားသော်လည်း သူမ၌ ငွေအလုံအလောက် မရှိသေးသတွက် ရှိသည့်ပျိုးပင်များကိုသာ အရင်စိုက်ပျိုးထားလေသည်။ ပျိုးပင်များအားလုံးအား တစ်မျိုးကို နှစ်ဧကဆီ စိုက်ပျိုးမည်ဖြစ်သည်။ အပင်ကြီးအမျိုးအစားဖြစ်သည့် မက်မွန်ပင်စသည်တို့ကို သုံးပေစီ ခြားကာ စိုက်ပျိုးပေမည်။ ကျန်သည်များကို မြေဩဇာကောင်းမွန်အောင် ပြုပြင်ပြီးမှသာ ပြန်လည်တွေးတောမည်ဖြစ်သည်။

ယိုကျင့်သည် ထိုတာ၀န်များ ပြီးစီးချန်၌ ဖေဖော်ဝါရီလကုန်ဆုံးကာ အေးစက်သည့်လေများမှာ ပျောက်ကွယ်သွားချေပြီ။ ဧပြီလစတင်ကာ မြက်ပင်များ ကြီးထွားပြီး ပျိုးပင်များ စတင်စိမ်းလန်းလာချေပြီ

စုမိသားစု၏အိမ်သစ်မှာလည်း တဖြည်းဖြည်း အရှိန်မြင့်လာကာ စုမိသားစု ခြံ၀န်းရှိ ကြက်သွန်မြိတ်များလည်း စိမ်းလန်းလာချေပြီ။ မြူနှင်းများကြား စုမိသားစု စိုက်ပျိုးထားသည့် အပင်များမှာ စိမ်းလန်း ကော့ညွှတ်လျက်ရှိသည်။

ဝူလီချောင်ရွာ၌ လုပ်သားများ တစတစ များပြားလာခဲ့သည်။ အရှင်မင်းမြတ်၏ အမိန့်တော်ကြောင့် တူးမြောင်းဖော်ထုတ်ရေးအား အရှိန်မြင့်ရန် လုပ်သားများ တိုးမြှင့်ရခြင်းဖြစ်သည်။ နှစ်လအတွင်း၌ပင် တူးမြောင်းမှာ ယိုကျင့်တို့အိမ်ရှေ့ရှိ မြေဆွေး‌လယ်‌ဆီသို့ ရောက်ရှိလေပြီဖြစ်သည်။

ဝူလီချောင်၌ သူစိမ်းများ များပြားလာခြင်းကြောင့် အမျိုးသမီးစုနှင့် ယုလန်သည် အိမ်ရှိ ကလေးများကို ‌ပို၍ စောင့်ကြပ်နေခဲ့ကာ တစ်ခုခုဖြစ်မည်ကို စိုးရိမ်နေခဲ့သည်။ ယခုတွင် စုအိမ်၌ အရွယ်ရောက်ပြီးသူ ခြောက်ယောက်နှင့် အိမ်စောင့်ခွေးများက အိမ်ကို စောင့်ကြပ်နေသောကြောင့် မည်သူမျှ စုမိသားစု၀င်များကို ရိသဲ့သဲ့ မလုပ်ရဲပေ။

သို့သော်လည်း အသက်ကို ပဓာဏမထားဘဲ ငွေကိုသာ ဦးစားပေးသည် လူအချို့မှာတော့ လက်တည့်စမ်းချင်ကြသေးသည်။

 

 

All Chapters