← Chapters

အခန်း (၈၂-၈၄)

Vol. 6 Ch. 82-84

အခန်း (၈၂-၈၄)

Vol. 6 Ch. 82-84

အပိုင်း ( ၈၂) ကိုယ်စိုက်ပျိုးထားတဲ့အပင်ကို ကိုယ်ပဲပြန်ရိတ်ရလိမ့်မယ်

စုမိသားစု၏ ယနေ့မနက်စာကို အမျိုးသမီးစုကိုယ်တိုင် ချက်ပြုတ်ပြင်ဆင်ထားလေသည်။ အားလုံးက ရိုးရိုးအစားအစာများ ဖြစ်သော်လည်း သူတို့နှစ်ယောက် မနေ့ညက စားခဲ့သည့် ဟင်းများထက် အများကြီး ပိုအရသာရှိနေတော့သည်။ ရှောင်လင်ဖုန်းက စားရင်းခေါင်းတညိတ်ညိတ်လုပ်နေ၏။

“ အရသာရှိလိုက်တာ”

ရှောင်လင်ယွီ၏ ခံတွင်းကလည်း အရသာတွေ့နေပြီး မွှေးပျံ့ကာအရသာရှိသည့်ဆန်ဖြူဆန်ပြုတ်ရည် နှစ်ပန်းကန်ကို သောက်လိုက်ပြီးနောက် လက်ထဲက ကြွေပန်းကန်လုံးကို ချလိုက်ကာ

“ ဒေါ်ဒေါ်စုရဲ့ ဧည့်ဝတ်ပျူငှာတာတွေအတွက် ကျေးဇူးတင်ပါတယ်ခင်မျာ”

စုမိသားစုအပေါ် သူ့သဘောထားသည့် တဖြည်းဖြည်းပိုကောင်းလာတော့သည်။ သူတို့၏မျိုးရိုးက ကျေးရွာရှိ အိမ်ထောင်ငယ်လေးတစ်ခုဖြစ်သော်လည်း ညီအစ်မများအားလုံးသည် စာတတ်ကာ ကိုယ်ခံပညာတချို့လည်း တတ်မြောက်သေးသည်။ ဒါက မိသားစုခေါင်းဆောင်မှာ ရေရှည်အမြင်ရှိသည်ကို သက်သေပြနိုင်လေသည်။ အကြီးဆုံးသမီးသည် ၁၃ -၁၄နှစ်သာရှိသေးသည်။ မိသားစုတွင် ယောက်ျားသားများ မရှိသော်လည်း သူတို့တွင် သည်မိသားစုစီးပွားရေးလုပ်ငန်းကို ပိုင်ထားသည်။ တစ်ချိန်ထဲမှာပင် စုမိသားစုသည် လော့ဟယ်မြို့တွင်လည်း မိတ်ဆွေတချို့ ရှိလောက်သည်။ ဒါသည် သည်မိသားစုနှင့် ဆက်ဆံရေးတစ်ခု ရှိထားသည်မှာ အမှန်ပင် ထိုက်တန်လေတော့သည်။

အမျိုးသမီးစုက ထင်ရှားသည့်အပြုံးတစ်ခုဖြင့် ပြောလိုက်၏။

“သခင်လေးကျိုးက ကျွန်မတို့မိသားစုရဲ့ ယိုကျင့်ကို ကယ်ပေးတာပါ၊ ကျေးဇူးတင်စကား ပြောရမဲ့သူက ကျွန်မတို့ပါရှင်၊ ဒါကလည်း ကျွန်မတို့လုပ်သင့်တဲ့ကိစ္စပါပဲ”

မနက်စာသည် အလွန်သာသာယာယာ အခြေအနေတစ်ခုဖြင့် ပျော်ပျော်ရွှင်ရွှင် အဆုံးသတ်သွားလေသည်။ မနက်စာစားပြီးနောက် ယိုကျင့်နှင့် ရှောင်လင်ယွီတို့သည် ခဏလောက် သီးသန့်စကားပြောလိုက်ကြ၏။ ထို့နောက်မှ ရှောင်ညီအစ်ကိုတို့သည် တစ်ညလုံးအစာငတ်ခံထားရပြီး ခြင်ကိုက်ခံထားရသည့် ထင်းတဲထဲတွင် ပိတ်ထားသည့် ဝက်ငါးကောင်ကို ချည်တုပ်လျက် လော့ဟယ်မြို့သို့ သွားလိုက်လေတော့သည်။

ရှောင်မိသားစု၏မျက်နှာကြောင့် အမှုသေးသေးတစ်ခုသည် အမှုကြီးတစ်ခုဖြစ်သွားတော့သည်။ ထို့အပြင် လမ်းမကြီးကို ပိတ်ကာ လုယက်မှုကျူးလွန်ခဲ့ကြသည့် ဓားပြများဖြစ်နေသည် မဟုတ်ပါလား။ လော့ဟယ်မြို့တရားသူကြီး သခင်ချင်သည် ဓားပြုအတုတချို့ကြောင့် နာမည်ကြီးရှောင်မိသားစုအား အပြစ်မပြုရဲပါချေ။ ထို့ကြောင့် သူသည် နေရာတွင်ပင် ချန်လောင်စန်းနှင့် အဖွဲ့ကို ကြိမ်ဒဏ် အချက်၅၀နှင့် ထောင်ဒဏ် ၁၀နှစ် ချမှတ်လိုက်တော့သည်။

ပြစ်ဒဏ်ကို ကြားလိုက်ရသည့် ဟယ်လျို့နှင့်ကျန်လူများအားလုံးသည် သူတို့၏ခွန်အားများကို စုပ်ယူခံလိုက်ရသည့်နှယ် မြေကြီးပေါ်သို့ ပုံကျသွားပြီး ကျယ်လောင်စွာ စတင်ငိုကျွေးတော့သည်။ တချို့က ချန်လောင်စန်းကို ချက်ချင်းထကန်ကြပြီး

“ ဒါတွေအားလုံး မင်းကြောင့်၊ မင်းသာ စုမိသားစုကို လုယက်ဖို့ မပြောခဲ့ရင် ငါတို့တွေ ဘယ်လိုလုပ်ပြီး ဒီလိုအဆုံးသတ်မှာလဲ”

ယခုတွင် ချန်လောင်စန်း၏လက်မောင်းသည် ကျိုးနေပြီဖြစ်သည်။ ထို့အပြင် သူသည် ကြိမ်ဒဏ်အချက် ၅၀ကိုလည်း ခံထားရပြီး ထောင်ဒဏ် ၁၀နှစ်လည်း ကျသွားသေးသည်။ လောကကြီးက ဝဲကတော့ထဲ ရောက်နေသလို ခံစားလိုက်ပြီး သူ့နာမည်ကိုပင် မမှတ်မိတော့ချေ။ သူ့မှာ တခြားအရာများကို မည်သို့ခံစားနိုင်ပါအုံးမည်နည်း။ ငိုကျွေးနေကြသည့် လူငါးယောက်ကိုကြည့်ရင်း ထောင်စောင့်တချို့က စိတ်ပျက်ပျက်နှင့် သူတို့ကို ဆွဲခေါ်သွားကြတော့သည်။ သူတို့ခန္ဓာကိုယ်က မစင်နံ့တို့ကြောင့် သူတို့သည် တံတွေးမထွေးထုတ်ဘဲ မနေနိုင်အောင်ဖြစ်သွားတော့သည်။

“ ဒီလိုဘာမဟုတ်တဲ့အရည်အချင်းနဲ့များ မင်းတို့က ဓားပြတစ်ယောက်လုပ်ချင်နေကြသေးတယ်”

သူတို့၏သက်တမ်းတစ်ဝက်မျှကျန်သည်အထိ သွေးသံရဲရဲဖြင့် ရိုက်ခံလိုက်ရပြီး ကြီးမားသည့်ထောင်ကြီးထဲသို့ ပို့ခံလိုက်ရသဖြင့် ယောက်ျားငါးယောက်သည် မှောင်မည်းကျဥ်းမြောင်းသည့်အခန်းလေးကို ကြည့််နေကြလေသည်။ နေရာတိုင်းမှာ ကြွက်သံများကိုလည်း ကြားနေရ၏။ သူတို့သည် လက်တွေ့ကို လက်ခံရန်မည်မျှ ငြင်းဆန်နေသည်ဖြစ်စေ သူတို့သည် ဒါကိုသာလျှင် လက်ခံရလိမ့်မည်။

ချန်လောင်စန်း၏ မိန်းမကတော့ ချန်လောင်စန်းနှင့် တခြားသူများသည် ယိုကျင့်ကို ငွေအတွက် ပြန်ပေးဆွဲမှုကြောင့် ပျက်စီးသည့်အကြောင်းတရား ကြုံကြိုက်ခဲ့ရသည်ကို မသိချေ။ ချန်လောင်စန်းက အိမ်သို့ တစ်ရက်နှစ်ရက်လောက် ပြန်မလာသည်က ပုံမှန်ပင်။ ထို့ကြောင့် သူမသည် အများကြီး မစဥ်းစားနေတော့ချေ။ ချန်လောင်စန်းသည် ငါးရက်မြောက်နေ့အထိ ပြန်မလာချိန်ကျမှ တစ်ခုခု ဖြစ်နေပြီးမှန်း နောက်ကျမှ သိလိုက်ရတော့သည်။

ချန်လောင်စန်း၏မိန်းမက ချန်လောင်စန်းနှင့် ပုံမှန်ရင်းနှီးနေသည့် လူများ၏အိမ်သွားလိုက်ပြီး ထိုလူများကလည်း လွန်ခဲ့ရက်အနည်းငယ်ကတည်းက ပျောက်ဆုံးနေကြောင်း သိလိုက်ရတော့သည်။ ထိုအခါမှ ချန်လောင်စန်း၏မိန်းမသည် သူတို့ကို တစ်ခုခု ဖြစ်နေပြီးကို ယုံကြည်သွားတော့သည်။

ချန်လောင်စန်းနှင့် အဖွဲ့သည် တစ်ပြားတစ်ချပ်မှမရှိပေ။ တရားသူကြီးကလည်း သူတို့ကို ‘ကောင်းကောင်း အလုပ်လုပ်ရန်’ညွှန်ကြားထားလေသည်။ ထောင်စောင့်များကလည်း သူတို့အိမ်အထိ သတင်းပို့ပေးရလောက်အောင် သဘောကောင်းမည် မဟုတ်သည်က ပြောရန်ပင်မလိုချေ။ သည်တစ်ကြိမ်တွင် ချန်လောင်စန်း၏ မိန်းမတွင် အတောင်များ ရှိလျှင်တောင် ချန်လောင်စန်း ရှိသည့်နေရာကို သိနိုင်လိမ့်မည်မဟုတ်ပေ။ နောက်ပိုင်းတွင် အမည်မသိရပ်ကွက်က သတင်းအရ ချန်လောင်စန်းနှင့် အဖွဲ့သည် ငွေစ လျန်၂၀၀၀ အရောင်းအဝယ် ဖြစ်သွားသည်ဟု ဆိုလေသည်။ ထိုအခါကျမှ ချန်လောင်စန်း၏မိန်းမက ရင်ဘတ်စည်တီးကာ အိမ်၌ ငိုကျွေးလေတော့သည်။

“ ဒီကောက်ကျစ်စဥ်းလဲတဲ့ကောင်ကြီးက ငွေလည်းရရော အဲဒီခွေးမနဲ့ ခိုးပြေးသွားတာကိုးဟဲ့”

ချန်လောင်စန်းသည် အပြင်တွင် မယားငယ်တစ်ယောက် ရှိသည်ကို သူမ မသိတာ မဟုတ်ပေ။ သူမသည် ငိုယိုကာ ရန်ဖြစ်စကားများသော်လည်း ချန်လောင်စန်းက ရပ်မသွားခြင်းပင်။ သူမသည် သူ့ကို မသ-တ်နိုင်ပါ။ မိသားစုစားဝတ်နေရေးအတွက် ချန်လောင်စန်း၏မိန်းမသည် ဒေါသများကို မျိုသိပ်ထားလိုက်ခြင်းသာ။ မျှော်လင့်မထားဘဲ ထိုအသဲနှလုံးမရှိသည့် ချန်လောင်စန်းက ငွေရလာသည်နှင့်တစ်ပြိုင်နက် ထိုမြေခွေးမလေးနှင့် ထွက်ပြေးပြီး မုဆိုးမ၊ လူမမည်များကို ထားခဲ့လေသည်။ မိသားစုတွင် မြေဧကတစ်ခုပင်မရှိချေ။ သူတို့သည် မည်သို့ အသက်ရှင်သန်ရပါမည်နည်း။

-င်ပြဲအောင် ဖြစ်နေသည့် သနားစရာ ချန်လောင်စန်းပင်။ သူသည် ဒဏ်ရာမှ ပြည်တို့ကြောင့် အပျင်းဖျားပြီး ထောင်ထဲတွင် သေလုမျောပါးအခြေအနေ ဖြစ်နေလေသည်။ ထို့အပြင် သူသည် မစင်ပုံးထဲ ကျသွားလိုက်သေးသည်။

ချန်လောင်စန်းမိန်းမကတော့ အခြင်းအရာများကို မသိချေ။ သို့သော် ချန်ရှောင်ဟုန်ကတော့ သိလေသည်။ သူမသည် ချန်လောင်စန်း၏ အစီအစဥ်ကို သိထားကတည်းက နေ့တိုင်း သူ့လှုပ်ရှားမှုများကို စောင့်ကြည့်နေခဲ့၏။ သူတို့လှုပ်ရှားသည့်နေ့က သူမသည် ချန်လောင်စန်းနှင့်အဖွဲ့က ခိုးကြောင်ခိုးဝှက် ထွက်သွားသည်ကို စောင့်ကြည့်နေလိုက်ပြီးမှာ စုအိမ်တော်သို့ ထပ်သွားခဲ့သေးသည်။ သေချာပါသည်။ စုယိုကျင့်က အိမ်တွင်မရှိပေ။ သို့သော် သူမသည် ဘာမှမပြောဘဲ ပြန်လာခဲ့လေသည်။ အကြောင်းတချို့ကြောင့် ယိုကျင့်သည် သူမထက် နှစ်နှစ်ငယ်သော်လည်း သူမထက် များစွာသန်မာသည့် စုယိုကျင့်ကို ရှင်းမပြတတ်အောင် ရန်လိုနေတော့သည်။ တကယ်လို့ အဲဒီတိရိစ္ဆာန် ချန်လောင်စန်းက တကယ်ပဲ တစ်ခုခုလုပ်ခဲ့တယ်ဆိုရင် သူ့သိက္ခာလည်း ပျက်စီးသွားမှာပဲ.... ထိုအတွေးက ချန်ရှောင်ဟုန်ကို ရှင်းမပြတတ်အောင် ပျော်ရွှင်သွားစေတော့သည်။

သို့သော် ဒုတိယနေ့တွင်တော့ ချန်လောင်စန်းသည် အိမ်ပြန်ရောက်မလာခဲ့ဘဲ စုယိုကျင့်ကတော့ ရွာထဲတွင် ဝင့်ဝင့်ကြွားကြွားဖြင့် လျှောက်သွားနေလေသည်။ ချန်လောင်စန်းနှင့် သူ့အဖွဲ့က အခြေအနေ ပြောင်းပြန်ဖြစ်သွားမှန်း ချန်ရှောင်ဟုန် သိလိုက်လေသည်။ စုယိုကျင့်သည် ဘာဆုံးရှုံးမှုမှ မရှိသော်လည်း ချန်လောင်စန်းပျောက်ဆုံးနေမှုက သူမအရေးကြီးဆုံးပြဿနာကို ဖြေရှင်းပြီးသားဖြစ်သွားတော့သည်။

***

ချန်လောင်စန်း ပျောက်ကွယ်သွားခြင်းက ဝူလီချောင်၏လူအများအစုအတွက် ကောင်းသည့်ကိစ္စပင်။ တချို့လူဆိုးလူသွမ်းများပင် ပျောက်ကွယ်သွားသည်ကတော့ ထည့်ပြောရန်ပင် မလိုချေ။ သူတို့မိသားစုမှလွဲလျှင် ဝူလီချောင်ရွာသားများအားလုံးက လက်ခုပ်တီးကာ ဂုဏ်ပြုပွဲ ကျင်းပကြတော့သည်။

သို့သော် ထိုအတက်အကျတို့က စုမိသားစုအား သက်ရောက်မှု မရှိချေ။ ချန်လောင်စန်းနှင့်အဖွဲ့ ပျောက်သွားပြီးနောက် ယိုကျင့်သည် အိမ်တွင် ရက်အနည်းငယ်ခန့် နေလိုက်ပြီး မိသားစုလုပ်ငန်းကို တစ်ဖန်စတင် စီမံလေတော့သည်။ တစ်ဖက်တွက်လည်း ချန်ရှောင်ဟုန်က ချန်လောင်စန်း ပျောက်ဆုံးသွားပြီး တတိယညတွင် ငွေလာတောင်းလေသည်။ သည်တစ်ကြိမ်တွင် သူမက ခါးကိုကော့ကာ ထိပ်တွင် ထိုင်နေသည့်ယိုကျင့်ကို ကြည့်ရင်း ပြောလိုက်၏။

“ ငါ ငွေစ လျန်၁၀၀၀ လိုချင်တယ်”

ယိုကျင့်သည် ချန်မိသားစု၏ အရှက်မဲ့သည့်ဗီဇကို ဟက်ခနဲအော်ရယ်မိတော့သည်။

“ ငါက နင့်ကို လျန်၁၀၀၀ ပေးမယ်လို့ ဘာလို့ ထင်နေတာလဲ”

အစပိုင်းတွင် ယိုကျင့်သည် ချန်ရှောင်ဟုန်တို့ညီအစ်မမှာ သူမနှင့် တွေ့ကြုံရသည့် အခက်အခဲချင်း တူကြသည်ဖြစ်၍ ကိုယ်ချင်းစာမိသေးသည်။ တကယ်လို့များ သူမက အရည်အချင်းရှိတဲ့သူဆိုရင်တော့ အကူအညီပေးမယ်လို့ စဥ်းစားထားလိုက်သေးတယ်။ ဒါပေမဲ့ အခုတော့ သူမက ချန်လောင်စန်းနဲ့ ဘာမှကွာခြားတဲ့ပုံ မပေါ်ဘူးမလား။ တစ်ယောက်က ပြန်ပေးဆွဲပြီး ငွေညစ်တယ်။ နောက်တစ်ယောက်ကတော့ နာမည်ဖျက်နေတယ်။

“ နင် ငါ့ကို မပေးဘူးဆိုရင် ငါ နင့်လျှို့ဝှက်ချက်ကို တခြားလူတွေဆီ ပြောပြလိုက်မယ်”

ချန်ရှောင်ဟုန်သည် စုယိုကျင့်၏အားနည်းချက်ကို ကိုင်ထားသည်ဟု ထင်နေပြီး သူမ၏ စိတ်ဓာတ်ကျသွားသည့် ပုံစံကို မြင်နိုင်လျှင် ပျော်ရွှင်မှုတစ်မျိုး ဖြစ်လိမ့်မည်ဟု တွေးထားလေသည်။

“ နင် ချန်လောင်စန်းနဲ့ တခြားလူတွေကို သတ်ခဲ့တယ်လေ၊ ငါ မသိဘူးလို့ ထင်မနေနဲ့၊ ဒီလျှို့ဝှက်ချက်သာ တခြားသူတွေ သိသွားရင် ဘာဖြစ်သွားမလဲ စဥ်းစားကြည့်လိုက်”

“ ငါက ချန်လောင်စန်းကို သတ်တယ်လို့ နင်ကဘာလို့ထင်နေတာလဲ”

ယိုကျင့်သည် အစကတော့ သူမ ပြောနေသည့်လျှို့ဝှက်ချက်ကို နားမလည်ခဲ့ချေ။ ဒါကို တခြားလူတွေက ‘လျှို့ဝှက်ချက်ကြီးတစ်ခု’လို့ ထင်မယ်လို့ ထင်တောင်မထားမိဘူး။ မဲ့ပြုံးတစ်ခုသည် ထိန်းမနိုင်တော့ဘဲ ပေါ်ထွက်လာတော့သည်။

“ နင်နဲ့ ချန်လောင်စန်းတို့က တကယ့်မိသားစုစစ်စစ်ပဲနော်”

ချန်ရှောင်ဟန်သည် သူမမျက်နှာ ပြောင်းမသွားဘဲ သရော်သည့်ဟန် ပေါ်လာသည်ကို မြင်လိုက်ရတော့ သူမ၏စိတ်မချမ်းမြေ့မှုတို့က တိုးထွက်လာတော့သည်။ ရှက်ရွံ့ခြင်းကြောင့် ဒေါသထွက်သွားပြီး

“ စုယိုကျင့် နင် လူသ-တ်ပြီးမှ ပျော်ပျော်ရွှင်ရွှင်နေနိုင်မယ်လို့ ထင်မနေနဲ့၊ နင်ငါ့ကို ငွေစ လျန်၁၀၀၀ မပေးရင် ငါ ပြန်ရောက်ရင် ငါ့အမေကို ပြောပြလိုက်တော့မယ်”

ယခုအချိန်အထိပင် သူမသည် စုယိုကျင့်၏အားနည်းချက်ကို ကိုင်ထားသည်ဟု အခိုင်အမာ ယုံကြည်နေဆဲ။ သူမသည် ရတော့မည့် ငွေပမာဏအများကြီးကို လက်မလွှတ်နိုင်သည်မှာ ပြောရန်ပင် မလိုချေ။

ယိုကျင့်က လက်ဖက်ရည်ခွက်ကို ကောက်ကိုင်လိုက်ပြီး ဖြည်းဖြည်းချင်း တစ်ငုံလောက်သောက်ကာ ပြန်ဖြေလိုက်တော့သည်။

“ ငါ မလုပ်ခဲ့တဲ့ကိစ္စကို ငါက ဘာလို့ ကြောက်ရမှာလဲ၊ ချန်ရှောင်ဟုန် နင်ဟာလေ တကယ်ဦးနှောက်မရှိဘူးလို့ပဲ ပြောရတော့မယ်၊ နင့်ဦးနှောက်ကို သုံးပြီး စဥ်းစားကြည့်စမ်းပါ၊ အရွယ်မရောက်သေးတဲ့ မိန်းမငယ်လေးတစ်ယောက် ချန်လောင်စန်းနဲ့ တခြားလူတွေကို တိုက်ခိုက်နိုင်မှာလဲ၊ ပြီးတော့ သူတို့ကို သ-တ်တယ်တဲ့လား”

သူမသည် ခေါင်းခါလိုက်တော့သည်။ ရည်ရွယ်ချက် ရှိတာတော့ ကောင်းပါရဲ့။ ဒါပေမဲ့ သူမက ရည်ရွယ်ချက်ကို မှားယွင်းတဲ့နေရာမှာ အသုံးချခဲ့တာတော့ နှမြောစရာပဲ။

ယိုကျင့်သည် ချန်ရှောင်ဟုန်နှင့် ဆက်ပြီးစကားမပြောချင်တော့ပေ။ သူမက ဦးလေးစုန့်အား သူမကို လိုက်ပို့ပေးရန် ပြောလိုက်တော့သည်။

ဦးလေးစုန့်သည် ချန်ရှောင်ဟုန်ကို အပြင်သို့ လိုက်ပို့ပေးလိုက်၏။ သူ့မျက်နှာသည် အလွန်ဒေါသထွက်နေလေသည်။ အစပိုင်းတွင် သည်ကလေးမလေးက လူကောင်းတစ်ယောက်ဖြစ်ပြီး အကြီးဆုံးမမလေးက အနည်းငယ်ခက်ထန်သည်ဟုပင် ထင်ခဲ့သေးသည်။ ဒီမိန်းကလေးက သူမ၏ စိတ်ကောင်း မရှိသည့်အဖေနှင့် မခြားသည်ကို လုံးဝမျှော်လင့်မထားခဲ့ချေ။ အလိုလိုပင် သူသည် သဘောထားမကြီးနိုင်တော့ပေ။ လူကို အပြင်သို့ပို့ပေးပြီးနောက် သူသည် တံခါးကို ချက်ချင်း ပိတ်လိုက်ပြီး မျက်လုံးထဲတွင် အမုန်းများပြည့်နေသည့် ချန်ရှောင်ဟုန်က စုမိသားစု၏ အနီရောင် သုတ်ထားသည့်တံခါးကြီးကို ကြည့်ကာ ကျန်နေခဲ့တော့သည်။

“ အကြီးဆုံးမမလေး ချန်မိသားစုက ဒီကလေးမက ကျွန်တော်တို့ကို ဘာပြဿနာမှ မပေးလောက်ပါဘူးနော်”

ပြန်ရောက်လာသ ဦးလေးစုန့်က သူအခုလေးတွင် ထွက်လာချိန် ချန်ရှောင်ဟုန်၏မျက်လုံးထဲမှ အမုန်းတရားကို စဥ်းစားမိသွားတော့သည်။ သူသည် သူမက ပြဿနာရှာမည်ကို မစိုးရိမ်ဘဲ မနေနိုင်ဖြစ်သွားတော့သည်။

“ ဒီအစေခံအိုကြီးက သိပ်တော့ ဘဝင်မကျဘူး”

ထရပ်ကာ အကြောဆန့်လိုက်သည့် ယိုကျင့်ကတော့ အတွေးမတူချေ။

“ ချန်ရှောင်ဟုန်က ဒီသတင်းကို မလွှင့်ရဲပါဘူး၊ သူ တခြားလူတွေကို ပြောပြလိုက်ရင် သူ စိတ်သန့်သန့်နေ နိုင်တော့မှာ မဟုတ်ဘူးလေ၊ ပြီးတော့ သူ ဒီနေ့ ဒီစကားကို ပြောလိုက်တာဆိုတော့ နောက်ပိုင်း အတင်းအဖျင်းတွေ ကောလာဟလတွေ ထွက်လာရင် ကျွန်မအရင်ဆုံး အပြစ်တင်စကားပြောမဲ့သူက သူဖြစ်နေလိမ့်မယ်၊ သူက တုံးအ,တယ်ဆိုပေမဲ့ အဲလောက်တော့ မအ,သင့်ဘူးလေ”

ခဏလောက် သေချာချာစဥ်းစားလိုက်ပြီးနောက် စိတ်မကောင်းဖြစ်သည်ထက် ကြိုတင်ပြင်ဆင်ထားသည်က ပိုကောင်းပေလိမ့်မည်။ သူမက ဆက်ပြောလိုက်၏။

“ ဒါပေမဲ့ ဦးလေးစုန့် ဦးလေးနဲ့ အဒေါ်စုန့်တို့က အိမ်မှာပဲနေ၊ သေသေချာချာ စောင့်ကြည့်ထားလိုက်၊ သူ ကျွန်မတို့မိသားစုဝင်ကို ပစ်မှတ်ထားရဲရင်တော့ ကျွန်မက ဆက်ပြီး သည်းခံပေးမှာမဟုတ်တော့ဘူး”

နောက်ဆုံးတွင် ချန်ရှောင်ဟုန်၏ စောစောက သတင်းအစအနမှာ အသုံးမဝင် ဖြစ်သွားတော့သည်။ သည်နှစ်တိုင်ဖွန်းမုန်တိုင်း တစ်ခုရှိလိမ့်မည်ဆိုသည့် ယုံကြည်လို့မရနိုင်သည့် ရာသီဥတု ကြိုတင်ခန့်မှန်းချက် ပြောနေသကဲ့သို့ပင်။ သို့သော် မုန်တိုင်းလည်းလာရော ဘယ်ကိုတိုက်သွားမှန်းမသိ အားလုံးက ဘာမှမသိလိုက်သလို။ သတင်းကလည်း အခြေခံအားဖြင့် အဓိပ္ပာယ်မရှိချေ။ ချန်ရှောင်ဟန်သည် သည်ယုံကြည်လို့မရနိုင်သည့်သတင်းဖြင့် ငွေစ လျန်၁၀၀၀ ငွေညှစ်မည့်အကြောင်းကို တွေးရင်းပင် ထင်ယောင်ထင်မှားဖြစ်လာတော့သည်။ ရူးလိုက်သည့်စိတ်ကူးပင်။

သေချာပါသည်။ ချန်ရှောင်ဟုန်က ယိုကျင့်ရှေ့တွင်သာ သည်လို ထုတ်ဖော်ကြေညာဖို့ သိလေသည်။ စုမိသားစုက ချန်လောင်စန်းကို သ-တ်ခဲ့ပါသည် ဟူသည့်သတင်းကို မဖြန့်ရဲခဲ့ချေ။ သို့သော် သူမ၏စိတ်ထဲတွင်တော့ စုမိသားစု၏ ‘ကျေးဇူးကန်းပုံ’ကို မှတ်ထားလိုက်ေသည်။

သည်ဖြစ်ရပ်က စုမိသားစုဝင်အားလုံးကို နိုးကြားသွားစေတော့သည်။ လေ့ကျင့်ခန်းလုပ်လျှင် အမြဲလိုလို လေးကန်နေတတ်သည့် ရှောင်လျို့နှင့် ရှောင်ချီတို့ကပင် နာကျင် ပင်ပန်းခြင်းများကို မညည်းညူကြတော့ချေ။ သူတို့အားလုံးသည် အံကြိတ်လျက် လေ့ကျင့်ရေးကို အားစိုက်လုပ်နေကြတော့သည်။ အခြေခံသိုင်းပညာ ဖြစ်သော်လည်း အရေးပေါ်အခြေအနေ ဖြစ်လာလျှင် အမှန်ပင် အသုံးဝင်လေသည်။ လိုရမယ်ရအခြေအနေတွင် ခုခံကာကွယ်နိုင်ရန် ယိုကျင့်ကလည်း ခက်ခဲသည်ဆိုသော်ငြား စိတ်မအေးရဲချ။

ရှောင်မိသားစုတွင်တော့ ရှောင်လင်ဖုန်းသည် အမျိုးသမီးစု၏အချက်အပြုတ်လက်ရာကို အရသာတွေ့သွားပြီးကတည်းက ရှောင်မိသားစုအိမ်တော်၏ စားဖိုမှူးလက်ရာကို စားလိုက်တိုင်း တစ်ခုခု လိုနေသည်ဟု ခံစားနေရလေသည်။ ထို့ကြောင့် သူသည် မကြာခဏဆိုသလို စုမိသားစုထံသို့လာရောက်ကာ စားလိုက်သောက်လိုက် လုပ်နေတော့သည်။ အစပိုင်းတွင် စုမိသားစုသည် အနည်းငယ် အသားမကျသော်လည်း နောက်ပိုင်းတွင်တော့ သူတို့သည် တဖြည်းဖြည်း အသားကျလာတော့သည်။

ရှောင်လင်ဖုန်း ရောက်လာလျှင် ယိုကျင့်က ကြိုဆိုပေးသည်။ နောက်ဆုံး ပေါများလှသည့် ပါဝင်ပစ္စည်းများနှင့် ညစာတစ်ခုသည် သာမန်မဟုတ်ချေ။ ယိုကျင့်သည် ရှောင်မိသားစု၏ ချမ်းသာကြွယ်ဝမှုကို မသိသော်လည်း ညီအစ်ကိုနှစ်ယောက် အပြင်ထွက်လျှင် အစောင့် အယောက်၂၀လောက် ခေါ်လာပြီး လော့ဟယ်မြို့တရားသူကြီးနှင့် အဆက်အသွယ် ရှိသည်ဆိုကတည်းက သူတို့သည် အင်အားကြီးသည့် ကာကွယ်ပေးသူများဖြစ်မှန်း သူမ ခံစားမိလေသည်။ သူမသည် ထွေးပွေ့ပေးရမည်ဆိုလျှင် မှန်မှန်ကန်ကန် လုပ်ရပေလိမ့်မည်။

…

အပိုင်း (၈၃) ဖရဲသီး

ရှောင်လင်ယွီသည် ညီဖြစ်သူ၏ အကျင့်ဆိုးကို သိသော်လည်း သိပ်အရေးမထားခဲ့ပေ။ သို့သော် လ၀က်မျှပင် ရှိသေးသော်လည်း ညီဖြစ်သူမှာ ၀ဖြီးလာလေသည်။ “လင်ဖုန်း လ၀က်လောက်ပဲ ရှိသေးတယ်။ ဘာလို့အဲ့လောက် ဝိတ်တက်လာတာလဲ”

‌အချိုးအစားကျသော ခန္ဓာကိုယ်နှင့် ထောင့်ကျနေသည့် မူလမျက်နှာချောချောလေးသည် ဝိုင်းစက်လာပေသည်။ လင်ဖုန်းသည် စုမိသားစုမှ ပိုကောင်းအောင် ပြုလုပ်ထားသည့် ပဲနီကိတ်တစ်ခုကို ယူကိုက်လိုက်ကာ ကျေနပ်စွာဖြင့် မျက်လုံးမှေးလိုက်လေသည်။ “အဲဒါ အစ်ကိုက နေ့တိုင်း အလုပ်များနေလို့လေ။ မဟုတ်ရင် ကျွန်တော်နဲ့အတူ စုမိသားစုအိမ်မှာ အတူတူစားလို့ရမှာ”

စုမိသားစုမှ အသစ်ပြုလုပ်ထားသော ပဲနီကိတ်သည် အမှန်ပင် အရသာကောင်းမွန်လှသည်။ နူးညံ့အိစက်ကာ အရသာလည်းရှိလှသည်။ ပန်းကန်တစ်ချပ်၌ ကိတ်ပိုင်းလေးငါးခုသာ ပါရှိပြီး လင်ဖုန်းသည် ထိုကိတ်များကို ခဏလေးဖြင့် အပြီးသတ်လိုက်သည်။

ရှောင်လင်ယွီသည် ညီဖြစ်သူ၏ ခနဲ့တဲ့တဲ့စကားကို ကြားရသည့်အခါ ညီဖြစ်သူ၏ဆန္ဒအတိုင်း အတူမနေပေးနိုင်သည့်အတွက် စိတ်မကောင်းမဖြစ်ဘဲ မနေနိုင်ချေ။ သူ၏ပခုံးပေါ်၌ ရှောင်မိသားစု၏အကြီးဆုံး မြေးအနေနှင့် မိသားစု၏အနာဂတ်အတွက် တာ၀န်များသယ်ပိုးထားရသည်။ သူသည် ငယ်စဉ်ကတည်းကပင် အခြားသူများကဲ့သို့ ကလေးဘ၀၌ မပျော်ရွှင်ခဲ့ရပေ။ အထီးကျန်လက်စနှင့် အထီးကျန်လိုက်တာကောင်းသည် မဟုတ်လား။

ရှောင်လင်ယွီသည် အပြုံးလေးဖြင့် ညီဖြစ်သူ၏ခေါင်းကို အသာအယာပုတ်လိုက်သည်။ “အစ်ကိုက အလုပ်တွေရှိလို့ မင်းနဲ့အတူမလိုက်နိုင်ပေမဲ့ စုမိသားစုဆီကို မသွားရဘူးလို့ မင်းကိုတားတာ မဟုတ်ဘူး။ ဒါပေမဲ့ သူတို့ကို ပြဿနာမပေးမိစေနဲ့ နားလည်လား”

ရှောင်လင်ယွီသည် ညီဖြစ်သူ၏ဆန္ဒအတိုင်း လက်ခံကာ အတူစားသောက်ပေးချင်သော်လည်း ယခုအချိန်၌ ထိုအရာများသည် အတွေးသက်သက်သာဖြစ်သည်။

ရှောင်လင်ဖုန်းသည် စုမိသားစုမှ အရသာရှိသည်များကို အစ်ကိုဖြစ်သူမှ မစားနိုင်ကြောင်း သိရသည့်အခါ သူ၏အစ်ကိုကို သနားသလိုကြည့်လိုက်သည်။ ထို့နောက် ပန်းကန်ပြားထဲမှ နောက်ဆုံးကျန်နေသော ပဲနီကိတ်လေးကို အစ်ကိုဖြစ်သူဆီ ကမ်းပေးလိုက်သည်။ “အစ်ကိုကြီး စားကြည့် စုမိသားစုက ကလေးမ လုပ်ထားတဲ့ ပဲနီကိတ်အသစ်က မဆိုးဘူး”

ထိုမုန့်သည် စုမိသားစုမှ ရှောင်လင်ဖုန်းစားရန် သီးသန့်ပြုလုပ်ပေးထားခြင်းဖြစ်သည်။ အသုံးပြုထားသော ပါ၀င်ပစ္စည်းများသည် သူမတို့တတ်နိုင်သည့် အကောင်းဆုံးပစ္စည်းများကို ထည့်သွင်းထားလေသည်။ အမျိုးသမီးစု၏စွမ်းရည်နှင့် မုန့်သည် အပြစ်ပြောစရာမရှိ သေသပ်အရသာရှိလှပေသည်။

ရှောာင်လင်ယွီသည် ပန်းကန်ထဲရှိ ကိတ်ကို ယူကာ စားလိုက်သည်။ ပဲနီ၏အနံ့နှင့် မွှေးပျံ့သည့်ပန်းရနံ့တို့သည် ရောနှောသွားလေသည်။ အေးမြသည့်ခံစားချက်သည် တစ်မျိုးထူးခြားကာ အရာသာရှိလှသည်။ ရှောင်လင်ယွီသည် သဘောတူစွာဖြင့် ခေါင်းညိတ်လေသည်။

“တကယ်ကောင်းတာပဲ”

လှပသည့်မျက်လုံးများကို ကွေးတက်သွားအောင် ပြုံးတတ်သည့် မျက်နှာသေးသေးလေးကို စဉ်းစားမိကာ ထိုသို့ ဉာဏ်များကာ ရဲစွမ်းသတ္တိရှိသည့် မိန်းကလေးမျိုးကို မည်သို့သောမိသားစုကများ ပျိုးထောင်ခဲ့သည်ကို သိချင်မိလာသည်။

အစ်ကိုဖြစ်သူ နှစ်သက်သည်ကို မြင်သည့်အခါ ရှောင်လင်ဖုန်းသည် စိတ်ပိုင်းဖြတ်ကာ လက်ဖျောက်တီးလိုက်သည်။ “စုမိန်းကလေးက ပြောလိုက်တယ်။ မနက်ဖြန်ကျ ကိတ်အသစ် လုပ်ဦးမှာတဲ့။ သူ့ကို ပိုလုပ်ဖို့ပြောပြီး အပြန်ကျ အစ်ကိုစားဖို့ ယူလာခဲ့မယ်”

ရှောင်လင်ဖုန်းသည် အစ်ကိုဖြစ်သူ၏ခက်ခဲမှုကို နားလည်ပေသည်။ သူသည် တခါတရံ ကလေးဆန်သော်လည်း အလိုက်သိရမည့်အချိန်၌ အလိုက်တသိ ပြုမူ‌တတ်သည့်သူဖြစ်သည်။

တူးမြောင်းလုပ်ငန်းစဉ်သည် အချိန်တစ်နှစ်မျှ ကြာမြင့်နေပြီဖြစ်သည်။ ဘုရင်မင်းမြတ်၏ အရှိန်မြှင့်တင်စေလိုသည့် အမိန့်ကြောင့် ရေလမ်းသွားလာရေး၏ ကြီးကြပ်ရေးတစ်ဦးဖြစ်သူ ရှောင်မိသားစု၏ ဒုတိယဦးလေးဖြစ်သူမှာ ထိုတာ၀န်ကို တာ၀န်ယူရပေသည်။ ရှောင်လင်ယွီ၌လည်း ဂုဏ်အာဏာရှိပေသည်။ သူသည် ရုံးတော်၌ လုပ်အားပေးအနေနှင့် ကူညီလုပ်ကိုင်ပေးခဲ့သည်။ ထို့ကြောင့် သူသည် အပြင်၌ လွတ်လပ်စွာ လုပ်ကိုင်နိုင်လေသည်။ ထို့ကြောင့် ရှောင်လင်ယွီသည် လော့ဟယ်စီရင်စုသို့ ‌လာကာ ရေမြောင်းတူးဖော်ရေးကို ဦးလေးဖြစ်သူအစား ကြီးကြပ်လုပ်ကိုင်နိုင်ခြင်းဖြစ်သည်။

လော့ဟယ်စီရင်စု၌ ပြုလုပ်နေသည့် တူးမြောင်းမှာ အကွာအဝေး မကြီးမားဘဲ နှစ်ဆယ့်ငါးကီလိုမီတာမျှသာ ရှိပေသည်။ ထို့အပြင် အသွန်းနှစ်ဖက်လုံးအား တစ်ပြိုင်နက် တူးထားခြင်းဖြစ်သည်။ အချိန်သည်တစ်နှစ်မျှ လူအားနှင့်ငွေအားများ လုံလုံလောက်လောက် စိုက်ထုတ်ထားခဲ့သည်။ လက်ရှိအရှိန်ဖြင့် ယခုနှစ်ပိုင်းဆောင်းတွင်းတွင် အစွန်းနှစ်ဖက်အား ဆက်၍ပြီးစီးမည်ဟု ယူဆနိုင်သည်။ နှင်းမှုန်နှင်းခဲများ အရည်ပျော်သည့် နောက်နှစ်နွေဦးတွင် အသုံးပြုလို့ရနိုင်ပြီဖြစ်သည်။

လက်ရှိရှောင်မိသားစု၏ခေါင်းဆောင်မှာ ရှောင်ညီအစ်ကိုတို့၏ အဖေဖြစ်၍ သူတို့ညီအစ်ကိုနှစ်ဦးမှာ အဓိကကျနေသည်။ ရှောင်လင်ယွီသည် အိမ်တော်၏စီးပွားရေး အများစုကို စီမံခန့်ခွဲရသည်။ လော့ဟယ်စီရင်စုသို့ မလာမီအချိန်က နေ့စဉ်နေ့တိုင်း ဖခင်ဖြစ်သူနှင့် စီးပွားရေးကို လေ့လာသင်ကြားခဲ့ရသည်။ သူ့အတွက် နှစ်၀က်မျှ အလေလိုက်ခြင်းဟာလည်း ပြဿနာမရှိပါချေ။ ညီအစ်ကိုနှစ်ဦး လော့ဟယ်စီရင်စုသို့ မသွားခင် မိသားစုခေါင်းဆောင်မှ သီးသန့်တွေ့ဆုံကာ သူတို့နှစ်ဦး၏ လေ့လာသင်ကြားရေးပိုင်းအတွက် အချိန်ကြာဆွေးနွေးခဲ့ရသည်။

“မင်းတို့တွေ အပြင်မှာ သွားလေ့လာလည်း ကောင်းပါတယ်။ ငါနဲ့ရှောင်မိသားစုက မင်းတို့ကို တစ်သက်လုံး ကာကွယ်မပေးနိုင်ဘူးလေ။ အပြင်မှာနေရတာတော့ ကိုယ့်အိမ်ကိုယ့်ရာနဲ့ မတူဘူး။ အမြဲသတိနဲ့စဉ်းစားတွေးခေါ်နေရပြီး အလျင်စလို မလုပ်ရဘူး။ အထူးသဖြင့် လင်ဖုန်း သူက ကလေးစိတ်ပဲရှိသေးတယ်။ မင်းက အစ်ကိုကြီးတစ်ယောက်အနေနဲ့ သူ့ရဲ့အမှားတွေကို သည်းခံပေးဖို့ တာ၀န်ရှိတယ်”

ယခုအခေါက် လော့ဟယ်စီရင်စုသို့ သွားရောက်ချိန်မှာ ဆောင်းတွင်း ဖြစ်သောကြောင့် ရှောင်မိသားစု အကြီးအကဲသည် မြေးဖြစ်သူများအတွက် စိုးရိမ်ပူပန်နေခဲ့သည်။ ထို့အတွက် ငယ်စဉ်ကတည်းက ခစားခဲ့သည့် လူဟောင်းများကိုသာ ရွေးချယ်စေလွှတ်ခဲ့သည်။ အစောင့်နှစ်ဆယ့်ငါးဦးနှင့် လူသုံးဆယ့်ခြောက်ဦးရှိသော အုပ်စုတစ်ခုသည် လော့ဟယ်စီရင်စုသို့ လိုက်ပါလာခဲ့သည်။

“နှစ်ကုန်မှာ သားပြန်ရောက်လာရင် အမေတို့ရဲ့ ကျင့်၀တ်အရ ဓလေ့ထုံးတမ်းကလည်း ပြီးလောက်ပြီ။ ပိုင်မိသားစုရဲ့သမီးလည်း တစ်ဆယ့်ခြောက်နှစ်လောက် ရှိပြီပေါ့။ သားရဲ့လက်ထပ်ပွဲအတွက် စီစဉ်ဖို့အချိန်ရောက်လာပြီ” ရှောင်မိသားစု၏သခင်မသည် သားဖြစ်သူအဝေးသို့မသွားခင် ထိုကိစ္စကို အလျင်အမြန်ပြောကြားခဲ့သည်။

ရှောင်မိသားစု၏ဘိုးဘေးသည်လည်း ခေါင်းညိတ်ကာ ထောက်ခံလေသည်။ “ပိုင်မိန်းကလေးက တကယ့်ကို တော်တယ်။ စာပေမှာလည်းနှံ့စပ်ပြီး အပြုအမူလည်းသိမ်မွေ့တယ်။ သူ့အနေအထိုင်နဲ့ ရုပ်ရည်သွင်ပြင်ကလည်း ထိပ်တန်းပဲ။ ဒီလက်ထပ်ပွဲက မင်းငယ်ငယ်လေးကတည်းက စီစဉ်ထားတာ။ မင်းအဘိုးသာမဆုံးဘဲ မင်းလည်း ဓလေ့ထုံးတမ်း၀တ်ပြုမှု မရှိဘူးဆို ငါက ငါ့မြေးရဲ့မင်္ဂလာပွဲကို ကျင်းပနေရမှာ”

ပိုင်မိသားစု၏ ခေါင်းဆောင်သည် ရုံးတော်အရာရှိဖြစ်ပေသည်။ အဆင့်ငါးရှိသော ပြည်သူ့အရာထမ်းဖြစ်သည့်တိုင် အရာထမ်းမိသားစုဖြစ်နေသေးသည်။ ရှောင်မိသားစုခေါင်းဆောင်နှင့် ပိုင်မိသားစုခေါင်းဆောင်တို့သာ မိတ်ဆွေအရင်းအချာ မဖြစ်ခဲ့ပါက ထိုစေ့စပ်မှုမှာ မတည်ရှိနိုင်ပေ။ အဆုံး၌ ပိုင်မိသားစုသည် မြင့်မြတ်သည့် အရာထမ်းမိသားစုဖြစ်နေသေးပေသည်။ သူတို့သည် ရှောင်မိသားစုအပေါ် ငွေမက်သည်ဟု မြင်နိုင်သည်။

ရှောင်လင်ယွီသည် ပြတင်းပေါက်ရှေ့၌ ရပ်ကာ ညကောင်းကင်ယံရှိ ကြယ်များကို ငေးကြည့်ရင်း အတွေးလွန်မိသည်။ ပိုင်မိန်းကလေးသည် ဆိုးရွားသောကြောင့်မဟုတ်ပေ။ သူတို့နှစ်ဦးမှာ တစ်ဦးနှင့် တစ်ဦး တွေ့ဆုံဖူးခြင်း မရှိသောကြောင့်ဖြစ်သည်။ သူမသည်လည်း စာပေလိုက်စားသည့် မျိုးရိုးမှ မွေးဖွားလာသည့်အခြားသူများကဲ့သို့ ငွေရှာရန်သာအာရုံထားသည့် ရှောင်မိသားစုအပေါ် အထင်သေးမည်လား။

ရှောင်လင်ယွီသည် ပိုင်ယအာအပေါ် မျှော်လင့်ချက် သိပ်မထားပါချေ။ ရှောင်မိသားစု၏ ဘိုးဘေးကြီးမှ သူအသက်ရှ်စဉ်က စီစဉ်သွားသော လက်ထပ်ပွဲသာဖြစ်သည်။ ပိုင်မိန်းကလေးသာ အမျှော်အမြင်ရှိကာ အကျိုးအကြောင်းသင့်သ၍ ရှောင်မိသားစုအတွက် သခင်မကောင်းတစ်ယောက် ဖြစ်လာနိုင်သည်။ ရှောင်လင်ယွီ၏ဘ၀၌ ကိုယ်တိုင်ဆုံးဖြတ်လို့မရသည့် အရာများရှိပေသည်။ ထိုထဲ၌ တစ်ဘ၀စာလုံးနှင့် သက်ဆိုင်သည့် လက်ဆက်ခြင်းလည်း အပါအ၀င်ဖြစ်သည်။ သူသည် ယခင်က ထိုကိစ္စအား မတွေးတောဖူးသည် မဟုတ်ပေ။ ယခုအချိန်၌ ထိုပြဿနာကို ထူးဆန်းစွာ တွေးတော‌မိနေသည်။

“သူသာဆိုရင် ဘယ်လိုလုပ်လောက်မလဲ” ရုတ်တရက်ပင် ကြီးမားသော နီရဲသည့် အမှတ်ရာနှစ်ခုနှင့် စုယိုကျင့်၏မျက်နှာသည် သူ၏အတွေးပုံရိပ်၌ ပေါ်ထွက်လာခဲ့သည်။ ရှောင်လင်ယွီသည် ပြုံးလိုက်ကာ တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။ “သူသာဆို အစကတည်းက ဒီကိစ္စကို လက်မခံမှာ ကြောက်ရတယ်”

အခြားတစ်ဖက်၌ ညစာစားပြီးပြီဖြစ်သော စုယိုကျင့်သည် ညီမများကို ခြံထဲ၌ လေ့ကျင့်‌ပေးနေရင်း နှာချေကာ နှာခေါင်းကိုပွတ်လိုက်သည်။ “ထူးဆန်းတာ အဲ့လောက်လည်း မအေးပါဘူး”

ထို့နောက် သူမသည် ထိုကိစ္စကို။ အဲ့လောက်အာရုံမထားတော့ချေ။

..........

လွန်ခဲ့သည်နှစ်နှစ်က နွေဥတုများမှာ အလွန်ပူပြင်းလှသည့်အတွက် အနောက်ပိုင်းကုန်သည်အချို့သည် မြေပြန့်ဒေသသို့ အနောက်တိုင်း၏ထုတ်ကုန်ဖြစ်သော အသီးများကို လာရောက်ရောင်းချခဲ့သည်။ ထိုထဲ၌ ဖရဲသီးလည်း အပါအ၀င်ဖြစ်သည်။ မြေပြန့်ဒေသ၌ မည်သူမျှ ဖရဲသီးမစိုက်ပျိုးနိုင်သည့်အပြင် အနောက်ပိုင်းလွင်ပြင်ဒေသမှာလည်း ဝေးကွာလှ‌ပေသည်။ ထို့အပြင် ဖရဲသီ၏အရသာမှာ ချိုမြကာ အပူလျှော့ချပေးနိုင်သည့်အတွက် လော့ဟယ်စီရင်စု၌ ကျော်ကြားလျက်ရှိသည်။

ယခင်ဘ၀၌ ဖရဲသီးသည် ယွမ်အနည်းငယ်ဖြင့် ၀ယ်စား၍ရသော်လည်း ယခု၌ ခုနှစ်ချန်းရှစ်လျန်းမျှ ကုန်ကျပေမည်။ ယိုကျင့်သည် ဈေးနှုန်းကြောင့် မျိုမကျမည်ကို တွေးမိကာ ၀ယ်ယူရန် လက်လျှော့လိုက်သည်။ သိူ့သော် ၀ယ်ပေးချင်သည့် တစ်စုံတစ်ယောက်တော့ အမြဲရှိမည်မလား။ ထိုတစ်စုံတစ်ယောက်သည် သူ၏ယပ်တောင်ကို တဖျတ်ဖျတ်ခတ်ကာ ဂုဏ်ယူ၀င့်ကြွားစွာ ၀င်ရောက်လာခဲ့သည်။ “ဟိုကလေးမ ငါနင့်အတွက် ဘာယူလာလဲကြည့်လိုက်စမ်း”

သူသည် ဖရဲသီးငါးလုံးကို ၀ယ်ယူကာ စုအိမ်သို့မပေးမီ သူ၏အိမ်ရာ၌ ရေခဲဖြင့် အေးအောင် စိမ်ထားခဲ့လေသည်။

ယိုကျင့်သည် ရှောင်လင်ဖုန်း၏ဂုဏ်မောက်နေသော မျက်နှာကို ကြည့်ကာ မခနဲ့ဘဲ မနေနိုင်တော့ချေ။

“ရှောင်လင်ဖုန်း နင်က ငွေပေါတဲ့အရူးပဲ”

တစ်လမျှ အတူရှိခဲ့ကြပြီးနောက် နှစ်ဦးကြားရှိ ဆက်ဆံရေးသည် ယခင်ကကဲ့သို့ အနေခက်ကာ ယဉ်ကျေးမနေတော့ဘဲချေ။ လက်ရှိ၌ စုမိသားစုရှိ ကလေးငယ်များသည် ငွေပေါသည့် ရှောင်မိသားစုမှ အစ်ကိုကြီးကို နှစ်သက်ကြလေသည်။ ထိုအရာက မောင်နှမမရှိသော ရှောင်လင်ဖုန်းကို ဂုဏ်တက်‌စေသည်။ သူစိတ်ခုနေရသည့်သူမှာ ယိုကျင့်သာ ဖြစ်သည်။ သူမသည် သူ့ထက် နှစ်၀က်မျှ ငယ်သော်လည်း စုမိသားစုရှိ အခြားကလေးမများကဲ့သို့ အစ်ကိုဟု တစ်ခွန်းမျှမခေါ်ဘဲ သူ၏နာမည်အပြည့်စုံကိုသာ ထည့်ခေါ်လေသည်။

“စကားကို သတိထားပြော” အမျိုးသမီးစုသည် သမီးဖြစ်သူကို အနည်းငယ်ဟန့်လိုက်သည်။ မည်သို့ပင်ဖြစ်စေ သခင်လေးရှောင်သည် ဧည့်သည်ဖြစ်နေသေးသည်။ သမီးဖြစ်သူသည် အခု‌တလော၌ စည်းဘောင်ပျက်လာနေပြီဖြစ်သည်။ သူမအား ထိုသို့ စိတ်ရှိသလို လွှတ်ထား၍မရပေ။

ယိုကျင့်က ဘာမျှမပြောခင်ပင် ရှောင်လင်ဖုန်းသည် အမျိုးသမီးစု၏ဘေး၌ သွားရပ်ကာ သူမအား ထိုင်ခုံပေါ်၍ ထိုင်ခိုင်းကာ ယပ်တောင်ကို ဂုဏ်ယူစွာ ဝေ့ရမ်းလိုက်သည်။ “‌ဒေါ်လေးစုပြောတာမှန်တယ်။ ငါက မင်းထက်ကြီးတယ်လေ။ ထားတော့ မြန်မြန်အစ်ကိုကြီးလို့ ခေါ်ကြည့်”

ယိုကျင့်သည် သူမ၏အပြုအမူအတွက် ရှောင်လင်ဖုန်းအား မတောင်းပန်ဘဲ အဒေါ်စုန့်မှ ဆေးကြောကာ ခွဲပေးထားသည့် ဖရဲသီးတစ်စိတ်ကို ယူကာ အနည်းငယ်စားလိုက်သည်။ ချိုမြိန်အေးမြသည့် ဖရဲသီးအရည်လေးသည် သူမ၏ခံတွင်း၌ ပျံ့နှံ့သွားလေသည်။ ယိုကျင့်သည် ဇိမ်ကျနေလျက် သက်ပြင်းချလိုက်သည်။ “ရေခဲစိမ်ထားတဲ့ဖရဲသီးက အကောင်းဆုံးပဲ”

ရှောင်လင်ဖုန်းသည် ဒေါင်းကဲ့သို့ ဂုဏ်မောက်နေသော်လည်း ယခုအခေါက် သူ၀ယ်လာသည့် ဖရဲသီးမှာ အမှန်ပင် ကောင်းမွန်ပေသည်။ အေးမြလတ်ဆတ်ကာ ချိုမြိန်လှသည်။

စုမိသားစုသည် သူ့အလိုလိုဖြင့် ရှောင်လင်ဖုန်းအပေါ်၌ အပိုအပြုအမူများ မပြုမူတော့ပေ။ ထို့အပြင် ရှောင်လင်ဖုန်းသည် စုအိမ်သို့ ပစ္စည်းများနှင့်စားစရာများ သယ်လာသည်မှာ ပထမဆုံးအကြိမ် မဟုတ်တော့ပေ။ သို့သော်လည်း အမျိုးသမီးစုစည် အကျင့်အရ အချို့စကားလုံးများကို ပြောမိနေသေးသည်။ “ဒီဖရဲသီးက ဈေးကြီးလွန်းတယ်။ အဲတော့ သခင်လေးရှောင်ကိုပဲ အကုန်အကျခံခိုင်းလို့မဖြစ်ဘူးလေ....”

“အဆင်ပြေပါတယ် အဒေါ်စု။ မဟုတ်လည်း အဒေါ်တို့အိမ်ကို နေ့တိုင်းလာပြီး စားသောက်နေတာပဲ။ တကယ်လို့ အဒေါ်တို့ဆီကို လက်ဗလာနဲ့သွားမှန်း ကျွန်တော့်အစ်ကို သိသွားရင် ကျွန်တော်တော့ ဒဏ်ပေးခံရမှာ” ရှောင်လင်ဖုန်းသည် သူယူလာသည့်ဖရဲသီးစိတ်ကို တစ်ကိုက်ကိုက်လိုက်ရင်း ကျေနပ်အားရစွာ မျက်လုံးမှေးလိုက်သည်။ “ငါတို့ ဖရဲသီးစိုက်လို့ရတာပဲ။ စုမိန်းကလေးရော မစမ်းကြည့်ချင်ဘူးလား။ မင်းတို့ဆီမှာ မြေတွေအများကြီးရှိနေတာပဲကို”

ရှောင်လင်ဖုန်း၏အကြံကြောင့် ယိုကျင့်၏မျက်၀န်းများမှာ တောက်ပ‌သွားတော့သည်။

“ငါတို့စမ်းကြည့်လို့ရတာပဲ။ တကယ်လို့ ငါစိုက်လို့ရရင် နင်တို့ဆီ နှစ်တိုင်း ဖရဲသီးပို့ပေးမယ် ဘယ်လိုလဲ”

ထို့နောက် သူမသည် အဒေါ်စုန့်ကို အမြန်ခေါ်ကာ ပန်းကန်ပေါ်ရှိ ထွေးထုတ်ထားသော ဖရဲသီးစေ့များကို ဆေးကြောခိုင်းလိုက်လေသည်။

“မမကြီး သမီးတို့တကယ် ဖရဲသီးစိုက်လို့ရလား။ အဲ့လိုဆို သမီးတို့က နှစ်တိုင်းဖရဲသီးစားရတော့မှာပေါ့”

ယိုကျင့်၏ဘေး၌ ထိုင်နေသော ရှောင်ချီသည် ဖရဲသီးစိုက်မည်ဖြစ်ကြောင်း ကြားသည်နှင့် သူမ၏ မျက်လုံးဝိုင်းဝိုင်းလေးများမှာ ပြူးကျယ်လာကာ တောက်ပနေတော့သည်။ ဖရဲသီးသည် အရသာရှိလှသော်လည်း ဈေးကြီးသည့်အတွက် သူမတို့ မတတ်နိုင်ကြောင်း အစ်မဖြစ်သူမှ ပြောဖူးပေသည်။ အကယ်၍သာ အိမ်၌ ဖရဲသီးစိုက်နိုင်လျှင် အကောင်းဆုံးဖြစ်သည်။

ယိုကျင့်သည် သူမ၏သန့်စင်ပြီးသောလက်ထြင့် ညီမဖြစ်သူ၏ ချောမွေ့လှသော ပါးဖောင်းဖောင်းလေးကို ညှစ်လိုက်ရင်း ပျော်ရွှင်စွာပြောလေသည်။ “ဒါပေါ့။ မမကြီးသာ ဖရဲသီးစိုက်နိုင်သွားရင် ရှောင်ချီလေးတော့ ဗိုက်မပြည့်မချင်း ဖရဲသီးစားလို့ရပြီ”

“စုမိန်းကလေး ပြောတာကျ လွယ်လိုက်တာ။ တကယ်လို့မင်းမစိုက်နိုင်လို့ ငါလှောင်ရင် အပြစ်မတင်နဲ့နော်” ရှောင်လင်ဖုန်း၏အမြင်၌ လော့ဟယ်စီရင်စုတွင် မည်သူမျှ ဖရဲသီး မစိုက်နိုင်ဖူးကြပေ။ ထို့အတွက် ငယ်ရွယ်သည့် မိန်းကလေးယိုကျင့်သည် မည်သို့ အောင်မြင်စွာ စိုက်ပျိုးနိုင်မည်နည်း။

“စမ်းတောင်မစမ်းရသေးဘဲ ဘယ်လိုသိမှာလဲ” သူမသည် ထိုသို့ပြောလိုက်သည်ဖြစ်သေယ်လည်း ရှောင်လင်ဖုန်းမှာ သူမ၏ယုံကြည်ချက်ရှိမှုကြောင့် ကြက်သေသေသွားရသည်။ ‌ထိုမိန်းကလေးသည် အမှန်ပင် ငယ်ရွယ်လှသေးသည်။ သူမ၌ အဘယ်ကြောင့် ထိုသို့စိတ်အားဖက်သန်မှုနှင့် ယုံကြည်ချက်များ ရှိနေရသည်နည်း။

သူမသည် ဖရဲသီးစိုက်ချင်ကြောင်း ပြောသည့်တိုင် စိုက်ပျိုး၍မရနိုင်သေးပေ။ နွေဦးကို ကျော်လွန်ကာ နွေရာသီသို့ရောက်ပြီဖြစ်၍ ပျိုးပင်ကျဲသည့်ရာသီမှာ ကျော်လွန်သွားပြီဖြစ်သည်။ ဖရဲသီးငါးလုံးမှ အစေ့များအား ဆေး၍သိမ်းထားကာ အညှောင့်ပေါက်သည်အထိ ပျိုးရုံသာ တတ်နိုင်ပေသည်။ နောက်နှစ်နွေဦးကို စောင့်ကာ စိုက်ရုံသာရှိတော့သည်။

…

အပိုင်း ( ၈၄) ‘ပြုပြင်ပြောင်းလဲ’ဖို့အတွက် ဖုံးကွယ်ထားခြင်း

ဟိုကျားဝမ်ဘက်တွင် ဟို့ဝေသည် မြန်မြန်ဆန်ဆန် လှုပ်ရှားလိုက်လေသည်။ တစ်လအတွင်း သူသည် ကြက်ပေါက် အကောင် တစ်ရာကို ဝယ်ခဲ့ပြီး အားလုံးကို စုမိသားစု၏ မြေရိုင်းဧက၁၀၀ပေါ်တွင် မွေးထားလိုက်တော့သည်။

သို့သော် ကြက်ပေါက်များသည် အစပိုင်းတွင် ငယ်သေးသည်ဖြစ်ရာ သူတို့ကို ကျတ်တီးမြေတောင်ကုန်းပေါ် ခြံထဲတွင် တစ်လနီးပါး မွေးထားပြီးမှာ တောင်ပေါ်တွင် လွှတ်ထားလိုက်လေသည်။ ကြက်ပေါက်များသည် ငယ်သေးသဖြင့် သဘာဝမြေဩဇာကို များများစားစား မထုတ်နိုင်သည်က သဘာဝပင်။ လက်ရှိတွင် ကျက်တီးမြေတောင်ကုန်းပေါ်က မြေဩဇာလုပ်သည့် ကုန်ကြမ်းပစ္စည်းများမှာ အများစုက ယိုကျင့်က လူငှားပြီး နှစ်ရက်တစ်ခါလောက် စုမိသားစုအလုပ်သမားဆောင်မှ ဆွဲခိုင်းထားသည့် မစင်များ ဖြစ်လေသည်။ ထိုအရာက အချိန်ခဏအတွက်သာ လုံလောက်ပေသည်။

ဆောင်းဦးရာသီ ရောက်လာပြီဖြစ်၏။ မျက်စိတစ်မှိတ်အတွင်း ရိတ်သိမ်းရမည့်ရာသီ ရောက်လာတော့သည်။ သည်နှစ်တွင် စုမိသားစုတွင် ရိတ်သိမ်းရမည့် နေကြာပန်း ၂ဧကထက် ပိုရှိနေသည်။ စိုက်ပျိုးမြေ ၄၆ဧကထဲက ဆန်နှင့် ဂျုံများကလည်း ရင့်မည့်နေပြီဖြစ်သည်။ စုမိသားစုသည် ယခုအခါ နှစ်ရှည် အလုပ်သမားငှားရမ်းနိုင်သော်လည်း စုမိသားစု၏ ရိတ်သိမ်းရမည့် အချိန်ကျလာတော့ ယိုကျင့်က ဟိုကျားဝမ်တွင် အလုပ်လုပ်ရန် ညီမငယ်တချို့ကို ခေါ်လာခဲ့သေးသည်။

သည်တစ်ကြိမ်တွင် စုမိသားစုက အချိန်ပိုင်းအလုပ်သမား ၁၂ယောက်ကို ငှားခဲ့လိုက်သည်။ အမှားအယွင်းမရှိလျှင် ကောက်နှံ ၄၆ဧကကို ရိတ်သိမ်းရန် ၂ရက် ၃ရက်လောက်သာ အချိန်ယူရလိမ့်မည်။ ညီအစ်များအတွင် မြေဧကဝက်ကို ချန်ထားလိုက်၏။

“ အစ်မတို့မိသားစုက အခုဆို ပိုပြီးအခြေအနေကောင်းလာပေမဲ့ အစ်မက နင်တို့ကို လယ်ထဲမှာ အလုပ်အတူတူလုပ်ဖို့ ခေါ်လာတယ်ဆိုတာက အစ်မတို့တွေ ခက်ခဲတဲ့ဘဝမှာ နေခဲ့ဖူးတယ်ဆိုတာကို အားလုံးကို သတိရနေစေချင်လို့ပဲ၊ အစ်မတို့တွေ အနာဂတ်မှာ ဘယ်လိုပဲ နေနေ ချွေ့ဖုန်းရွာမှာ နေတာထက်တော့ ပိုဆိုးမှာမဟုတ်ဘူး”

လက်ထဲတွင် တံစဥ်များကို ကိုင်ထားပြီး ချည်သား လက်ကျဥ်းအင်္ကျီ အထူကို ဝတ်ကာ မြက်ဦးထုပ် ဆောင်းသည့် စုမိသားစုညီအစ်မများက လေးလေးနက်နက်ဖြင့် ခေါင်းညိတ်လိုက်လေသည်။ သူတို့ထဲတွင် လက်ကျယ်ပိုးသားအင်္ကျီဝ တ်ထားသည့် လူငယ်တစ်ယောက်က မတ်တတ်ရပ်နေကာ မြက်ဦးထုပ်ကို ဆောင်းထားလေသည်။ သူသည် မောပန်းစွာဖြင့် ပြောလိုက်၏။

“ စုမိသားစုက ကလေးမ သခင်လေးက ဒီမှာ အစားလာစားတာလေ၊ ငါက ဘာလို့ လယ်ထဲမှာ အလုပ်လုပ်ရမှာလဲ”

ငယ်ငယ်ကတည်း ဝတ်ကောင်းစားလှဝတ်ကာ အစားကောင်းကေားင်း စားခဲ့သည့် ရှောင်လင်းဖုန်းမှာ ဤသို့သောအလုပ်ကြမ်းကို မည်သို့လုပ်နိုင်ပါမည်နည်း။ သူသည် လယ်ထဲသို့ မရောက်ခင်ကတည်း ပင်ပန်းလွန်းသဖြင့် စတင် ငိုယိုနေတော့သည်။

ယိုကျင့်သည် မျက်နှာပေါ်တွင် ညစ်ကျယ်ကျယ်အပြုံးတစ်ခု ဖြစ်သွားပြီး ပြန်ဖြေလိုက်လေသည်။

“ နင့်အစ်ကိုကြီးက ငါ့ကို အထူးတလည်မှာသွားတာလေ၊ နင် တစ်ခုခုငြင်းဆန်ချင်ရင် သူ့ကို သွားပြောပေါ့”

အစပိုင်းတွင် နူးညံ့သိမ်မွေ့သည့် အထက်တန်းစားသားလေးသည် အလုပ်သမားအဆင့်တွင် မပါချေ။ သို့သော် သူမသည် တမြန်နေ့က မြို့သို့သွားပြီး စျေးဝယ်ထွက်ချိန်၌ ရှောင်လင်ယွီနှင့် တွေ့ခဲ့သည်။ စုမိသားစုက ကောက်ရိတ်သိမ်းတော့မည်ကို သိထား၏။ ထို့ကြောင့် သူက ယိုကျင့်အား ရှောင်လင်ဖုန်းကို သူတို့နှင့်အတူခေါ်သွားရန် အထူးတလည်တောင်းဆိုခဲ့လေသည်။

ထိုအချိန်က ယိုကျင့်သည် ထိုစကားကိုကြားလိုက်ပြီး အနည်းငယ်လန့်ဖျပ်သွားခဲ့သေးသည်။

“သခင်လေးရှောင် လယ်ကွင်းထဲတွင် အလုပ်လုပ်ရတာ အပျော်မဟုတ်ဘူးနော်၊ ရှောင်လင်းဖုန်းက အရင်က တစ်ခါမှအလုပ်လုပ်ဖူးတာမဟုတ်ဘူး၊ သူ သည်းမခံနိုင်မှာ စိုးမိတယ်”

သူမသည် ရှောင်လင်ဖုန်းကို အထင်သေး၍မဟုတ်ပေ။ သူသည် အမှန်ပင် အားနည်းသည့် ကြက်ပေါက်လေးတစ်ကောင်နှင့် တူလေသည်။

“ ဒီအကြောင်းအကြောင့်ပဲ ကျွန်တော် မိန်းကလေးစုကို တောင်းဆိုချင်တာ၊ လင်ဖုန်းက နည်းနည်း အစအနောက်သန်တယ်၊ လုံးဝဆိုးသွမ်းနေတာ မဟုတ်ပါဘူး၊ သူ နည်းနည်းလောက်ပဲ အံကြိတ်ပြီး သည်းခံနိုင်ရင် သူ့အတွက် အထောက်အကူဖြစ်မှာပါ”

ရှောင်လင်ယွီက လက်နှစ်ဖက်ကို ယှက်ကာ သိမ်သိမ်မွေ့မွေ့ ပြုံးပြလိုက်လေသည်။

သူက ထိုသို့ပြောလာသဖြင့် ယိုကျင့်ကလည်း ထိုကိစ္စကို သဘောတူလိုက်တော့သည်။

“ သခင်လေးရှောင်က ဒီလိုပြောမှတော့ ကျွန်မ မငြင်းတော့ပါဘူး”

ရှောင်လင်ယွီသည် ကျက်သားရေရှိလှသည့် လူရည်မွန်တစ်ယောက်လို အလွန်ယဥ်ကျေးသိမ်မွေ့နေ၍လား မသိပေ ယိုကျင့်သည် သူ့ရှေ့ရောက်လျှင် အမြဲလိုလို ဖော်မပြတတ်သည့် ခံစားချက်တစ်ခု ပေါ်လာတတ်လေသည်။ အနည်းငယ်စိုးရွံ့ပြီး အနည်းငယ် သတိအနေအထား ရှိနေတတ်သည်။ ရင်းနှီးလာပြီးနောက် မောင်လေးတစ်ယောက်ကို အမြဲတမ်းဆက်ဆံတတ်သည့် ရှောင်လင်ဖုန်းနှင့် မတူပေ။ သူမသည် ပိုပြီး သက်သောင့်သက်သာ ဖြစ်ရလေသည်။

ထိုနေ့က သူတို့နှစ်ယောက်၏ စကားကြောင့် သက်သောင့်သက်သာခြေချိတ်ထိုင်ပြီး စုအိမ်ကခွေးများကို စနောက်နေရမည့် ရှောင်လင်ဖုန်းသည် ဟိုကျားဝမ်တွင် စပါးရိတ်ရန် မောင်းထုတ်ခံလိုက်ရတော့သည်။ အတွင်းအကြောင်းအရာများကို မသိဘဲ ရှောင်လင်ဖုန်းက မျက်ရည်မထွက်ဘဲ ငိုလေတော့သည်။ သူကရော ဘာလို့ စပါးရိတ်ဖို့ လိုက်လာခဲ့ရတာလဲ။ အစ်ကိုကြီးက သူ့ကို သတ်ဖို့ကြိုးစားနေတာလား။

“ အဲမှာပဲ ရပ်မနေနဲ့၊ အချိန်ဆွဲနေရင် အလကားပဲနော်၊ ဒီနေ့ ဒီမြေကွက်လေးကို ပြီးအောင်မရိတ်နိုင်ရင် ဘယ်သူမှ မပြန်ရဘူး”

ယိုကျူးသည် ရှောင်လင်ဖုန်း၏ပခုံးကို ညီအစ်ကိုဆက်ဆံရေးတစ်ခုလို ပုတ်ပေးလိုက်လေသည်။ လူငယ်လေးတစ်ယောက်က လူကြီးတစ်ယောက်လို ကြီးစွာသက်ပြင်းချရင်း ပြောလိုက်တော့သည်။

“ ကံပဲလေ”

သူမလို မြို့ထဲမှာ မုန့်လုပ်ပြီး အလုပ်ကြိုးစားနေတဲ့သူကို အလုပ်လုပ်ဖို့ ပြန်ဆွဲခေါ်လာခံရတာပဲ။ ရှောင်လင်ဖုန်းက ဒါကို ထွက်ပြေးချင်နေတာလား။ ဖြစ်မှာမဟုတ်ဘူး။

မြေဧကတစ်ဝက်နှင့် စုမိသားစုမှ ညီအစ်မ ၇ယောက်သာ ရှိလေသည်။ လေးနှစ်သာရှိသေးသည့် ရှောင်ချီကပင် တံစဥ်ကို ကိုင်ကာ လှုပ်လီလှုပ်လဲ့ဖြင့် မြေကြီးကို ပေါက်နေလေသည်။ ရှောင်လင်ဖုန်းက သူ့မျက်နှာကို သုတ်လိုက်ပြီး နောက်ဆုံးတွင် လယ်ကွင်းထဲသို့ ပြန်လိုက်လာခဲ့တော့သည်။ ရှောင်မိသားစုမှ အစေခံနှင့် အစောင့်များကလည်း အငယ်ဆုံးသခင်လေးနောက်မှ လိုက်လာကြ၏။ သူတို့သည် အငယ်ဆုံးသခင်လေးကကို မကြည့်ရက်ကြရာ မျက်နှာလွှဲထားကြတော့သည်။ သူတို့ရဲ့အဖိုးတန် အငယ်ဆုံးသခင်လေးက ဘယ်တုန်းက ဒီလိုအလုပ်တွေကို လုပ်တတ်သွားတာလဲ။ အကြီးဆုံးသခင်လေးက တကယ် အရမ်းရက်စက်တာပဲ။

သည်တစ်ကြိမ်တွင် အမျိုးသမီးစုမှ လွဲလျှင် ယွိလန်၊ ရှန်းနိုင်နှင့် မြို့ပေါ်တွင် ဆိုင်ဖွင့်နေကြ တခြားသူများက ပုံမှန်အတိုင်း ဆိုင်ဖွင့်ကြပြီး စုမိသားစု၏ အစေခံအားလုံးကိုလည်း လယ်ထဲတွင် အလုပ်လုပ်ရန် ဆွဲခေါ်လာခဲ့လေသည်။ ယိုကျင့်သည် သူတို့ကို အများကြီး လုပ်နိုင်မယ် မထင်ထားခဲ့သော်လည်း သူတို့၏စိတ်ကို တင်းထားနိုင်လျှင်ကောင်းပေလိမ့်မည်။

အလွန်ဝမ်းနည်းစရာကောင်းသည့် ဟိုကျားဝမ်မှ တစ်နေ့တာ ကုန်သွားပြီးနောက် ရှောင်လင်ဖုန်းသည် အဖြူရောင် အဝတ်အစား တလွင့်လွင့်နှင့် ချောမောသည့် ကောင်လေးတစ်ယောက်အသွင်မှ ချွေးများရွှဲနစ်ကာ ရွှံပေနေသည့် ကလေးတစ်ယောက်အသွင် ပြောင်းသွားတော့သည်။ မြေကြီးပေါ်တွင် ချိနဲ့စွာထိုင်ချလိုက်ပြီး အစောင့်လှမ်းပေးလိုက်သည့် ရေသန့်ထည့်ထားသည့် ဗူးသီးခြောက်ကို လှမ်းယူလိုက်ကာ တစ်ကျိုက်ထဲမော့သောက်လိုက်ပြီးနောက် သက်ပြင်းချလိုက်တော့သည်။

“နောက်ဆုံးတော့ ပြီးသွားပြီ”

ဦးလေးစုန့်က ကောက်နှံအားလုံးကို အချိန်ပိုင်းအလုပ်သမားများနှင့် စုအိမ်သို့ ပြန်သယ်လာခဲ့လေသည်။ ယိုကျင့်တို့ညီအစ်မများက ရှောင်လင်ဖုန်းလောက် မပင်ပန်းကြချေ၊ အကြောင်းမှာ သူတို့သည် ပြီးခဲ့သည့်နှစ်နှစ်လုံး လေ့ကျင့်ခန်းလုပ်လာကြသောကြောင့်ပင်။ ရှောင်ချီက လက်ကိုင်ပဝါအသန့်တစ်ထည်ကို ရှောင်လင်ဖုန်းအား ပေးလိုက်၏။

“ ကိုကြီး အိမ်ပြန်ပြီး မုန့်သွားစားကြမယ်”

အခုတော့ နေသည် အနောက်ဘက်သို့ ဝင်သွားပြီး အလုပ်သမားများကတော့ အလုပ်ဆက်လုပ်ရန် မီးအိမ်ထွန်းလိုက်ကြလေသည်။ ယိုကျင့်က သည်ဧကဝက်စာ စပါးများကို သိမ်းရန် လူတချို့ကို ခေါ်လာခဲ့၏။ ထို့နောက်မှ သူမသည် အားလုံးကို စုမိသားစုဆီသို့ ပြန်ခွင့်ပေးလိုက်တော့သည်။

ရှောင်လင်ဖုန်းသည် သူ့ကိုယ့်ပိုင်အစောင့်နှစ်ယောက်၏ အကူအညီဖြင့် ခက်ခက်ခဲခဲ ထရပ်လိုက်ပြီး တုန်တုန်ယင်ယင်ဖြင့် လှည်းပေါ်တက်သွားတော့သည်။ ထို့နောက် သူသည် အထဲတွင် ပစ်လဲလိုက်တော့သည်။ အရမ်းပင်ပန်းတာပဲ၊ ပင်ပန်းလွန်းလို့ သူ့လက်ချောင်းတွေတောင် လှုပ်ဖို့အားမရှိတော့ဘူး။ သူ ဘယ်တော့မှ ထပ်မလာတော့ဘူး။ လုံးဝပဲ။

သို့သော် ဆောင်းဦးရိတ်သိမ်းပြီးနောက် စုအိမ်တွင် စားရန် သောက်ရန်သာ ဆုံးဖြတ်ထားသည့် ရှောင်လင်ဖုန်းသည် သွားဖြီးဖြီးနှင့် သူ့အစ်ကိုကြီး ရှောင်လင်ယွီကြောင့် ချည်တုတ်ခံလိုက်ရကာ လှည်းပေါ်တင်ခံလိုက်ရပြီး မနက်စောစောမှာပင် ဝူလီချောင်က စုမိသားစုထံ ပို့ခံလိုက်ရတော့သည်။ မထွက်ခွာခင် ရှောင်လင်ယွီက သူ့ကို မှာလိုက်ဖို့ မမေ့ချေ။

“ မင်း အဲဒီကို ရောက်ရင် အလုပ်ကြိုးစားနော်၊ ပျင်းမနေနဲ့”

တစ်လျှောက်လုံး သူသည် အငယ်ညီလေး၏မျက်နှာပေါ်က စိတ်ပျက်နေသည့်အမူအရာကို မမြင်သလို ဟန်ဆောင်နေလိုက်လေသည်။ ရှောင်လင်ယွီက အငယ်ဆုံးညီလေးကို လွှတ်လိုက်ပြီးနောက် သူကိုယ်တိုင်လည်း လှည်းတစ်စီးပေါ် တက်လိုက်၏။ သည်နေ့ သူသည် အနောက်တိုင်းဒေသမှ ကုန်သည်တစ်ယောက်နှင့် အပေးအယူ ညှိနှိုင်းရန် ချိန်းထားလေသည်။

“ အကြီးဆုံးသခင်လေး အငယ်ဆုံးသခင်လေးအတွက် ကောက်သိမ်းရတာ အရမ်းပင်ပန်းမှာမလား၊ ဒီအစေခံအိုကြီးက အငယ်ဆုံးသခင်လေးရဲ့မျက်နှာပေါ် နေလောင်ပြီး အဖက်တွေ ကွာနေတာတောင် မြင်နေရတယ်”

အဒေါ်ဟယ့်သည် လှည်အပြင်ဘက်တွင် ရပ်ပြီး ဝမ်းနည်းပန်းနည်းဖြင့် အငယ်ဆုံးသခင်လေးအတွက် ပြောပေးရှာလေသည်။

လှည်းထဲတွင် ထိုင်နေသည့် ရှောင်လင်ယွီက အဒေါ်ဟယ့် စကားကို ကြားနေရ၏။ သူက လှည်းပြတင်းပေါက် ခန်းဆီးကို မ,ကာ ပြုံးလျက်ပြန်ဖြေလိုက်လေသည်။

“ လင်ဖုန်းက ငယ်ငယ်ကတည်းက အလိုလိုက်ခံထားရတာလေ၊ နည်းနည်းလောက် အပင်ပန်းခံလိုက်တာ ကောင်းပါတယ်၊ ပြီးတော့ သူက လော့ဟယ်မှာလည်း သူငယ်ချင်းကောင်းတွေမှ မရှိတာ၊ သူနဲ့ တည့်တဲ့သူတွေက စုမိသားစုက ကလေးမတွေပဲ ရှိတာ၊ စုမိသားစုက ဆင်းရဲတယ်ဆိုပေမဲ့ အဲဒီကလေးတွေက ပညာကောင်းကောင်းတတ်ကြပါတယ်၊ လင်ဖုန်းက သူတို့နဲ့ ကစားတာ မကောင်းတဲ့ကိစ္စမဟုတ်ပါဘူး”

“ ဒါပေမဲ့ ယောက်ျားနဲ့ မိန်းမကြားမှာ မတူတာတွေတော့ အမြဲရှိတယ်လေ၊ ပြီးတော့ အငယ်ဆုံးသခင်လေးကလည်း ဘယ်တုန်းက အခက်အခဲတွေ ရင်ဆိုင်ဖူးတာ မဟုတ်ဘူး”

အဒေါ်ဟယ့်သည် ရှောင်လင်ဖုန်း ကြီးပြင်းလာသည်ကို ကြည့်ရှုပေးခဲ့လေသည်။ သူမသည် သူ့ကို သူ့သွေးသားရင်းချာထက် ပိုအရေးကြီးသည်ဟု မှတ်ယူထားပြီး သူမအမြင်တွင်တော့ ပုလဲတစ်လုံးလို သူ့ကို ချစ်လေသည်။ သူမသည် အငယ်ဆုံးသခင်လေးက သည်လို့ခံစားနေရသည်ကို မည်သို့ ကြည့်ရက်နိုင်ပါမည်နည်း။

“အဒေါ်ဟယ့် မစိုးရိမ်ပါနဲ့၊ စုမိသားစုရဲ့ကလေးမက သိပါတယ်”

ရှောင်လင်ယွီသည် စုယိုကျင့်၏သဘောထားကို ရှင်းမပြတတ်အောင် ယုံကြည်မှု ရှိနေခဲ့သည်။ သူသည် အဒေါ်ဟယ့်ကို နည်းနည်းလောက်နှစ်သိမ့်ပေးလိုက်ပြီး လှည်းနှင့် ထွက်သွားတော့သည်။

***

ယိုကျင့်သည် ရှောင်လင်ယွီ၏ ယုံကြည်မှုကို မပျက်စီးစေပါချေ။ သည်နေ့တွင် ဦးလေးစုန့်တစ်ယောက်သာ ဟိုကျားဝမ်ဘက်က အလုပ်ကို ကြီးကြပ်ရန် စုန့်ဟွာကို ခေါ်သွားလိုက်လေသည်။ ကျန်လူများက အိမ်တွင် ကောက်နှံများကို အခြောက်ခံကြသည်။ ရှောင်လင်ဖုန်းက သတင်းကိုကြားတော့ စိတ်အေးသွားသလို သက်မချလိုက်၏။

“ ဘုရားမ,တာပဲ”

သူ့ကို လယ်ထဲမှာ အလုပ်သွားလုပ်ခိုင်းတာက သူ့အသက်တောင် ပါသွားနိုင်တယ်လေ။

ယိုကျင့်က ရှောင်လင်ဖုန်း၏လက်ထဲသို့ ဇကာတစ်ခုကို ထည့််လိုက်ပြီး ပြုံးဖြီးပြလိုက်ကာ

“ သခင်လေးရှောင်က နင့်ကို ဘာလို့ ဒုက္ခရောက်အောင်လုပ်မှာလဲ”

ရှောင်လင်ဖုန်း မပြောနှင့် ယိုကျင့်ပင် ရှောင်လင်ယွီသည် သူ့ကို ရက်ရက်စက်စက် ဒုက္ခခံခိုင်းသည်ဟု ခံစားရလေသည်။ ဒီလောက်ဒုက္ခခံထားတာ မနေ့ကတစ်ရက်ဆို တော်ရောပေါ့။ သူ ဒီနေ့လည်း ဒီကိုလာရမယ်လို့ လုံးဝ ထင်မထားခဲ့တာလေ။

ဇကာကို ကိုင်ကာ အလုပ်မလုပ်ဘဲ ရှောင်လင်ဖုန်းက သက်ပြင်းချလိုက်ပြီး

“ ဘယ်သိမှာလဲ”

မနေ့က ခက်ခဲပင်ပန်းတဲ့ နေ့တစ်နေ့ပြီးသွားတော့ ညဘက် အိမ်လည်းပြန်ရောက်ရော သူ့လက်မှာ ရေကြည်ဖုတွေ အများကြီး ထွက်လာတာ တွေ့လိုက်ရတယ်။ အခုတောင် နာနေတုန်းပဲ။ သူသည် ဇကာကို သည်အတိုင်း ပစ်ထုတ်လိုက်ပြီး အနားယူရန် ဧည့်ခန်းသို့ ပြေးသွားလိုက်တော့သည်။

ယိုကျင့်သည် ခေါင်းခါရင်း မတတ်နိုင်တော့ဘဲ တခစ်ခစ် ရယ်မောလိုက်တော့သည်။ ယိုကျင့် ရှောင်လင်ဖုန်းက သည်နေ့လည်း အလုပ်လုပ်ရန်လာလိမ့်မည်ဟု လုံးဝမထင်ထားချေ။ ထို့ကြောင့် သူမသည် သူ့ကို လွှတ်ထားလိုက်တော့သည်။

အခုတော့ စုမိသားစုနှင့်တင် အခြောက်လှန်းနေရာတွင်လူလောက်နေပြီဖြစသည်။ စိုက်ပျိုးမြ ၄၆ဧကကို သုံးရက်တည်းနှင့် အပြီးရိတ်သိမ်းခဲ့သည်။ အချိန်ပိုင်းအလုပ်သမားများက သည်နှစ် စုမိသားစုက နေကြာများ စိုက်ပျိုးထားသည့် ဧက ၂၀စာ ဟိုကျားဝမ်ရှိ ကျက်တီးမြေတောင်ကုန်းသို့ ပြောင်းရွှေ့သွားကြသည်။

ဆောင်းဦးရိတ်သိမ်းပြီးနောက် ကောက်ရိုးနှင့် နေကြာရိုးများကို မြေဩဇာလုပ်ရန် သိမ်းထားလိုက်သည်။ အားလုံးကို ပြန်သုံးလို့ရလေသည်။ လဝက်လောက် နေရောင်ကောင်းကောင်းရသဖြင့် သည်နှစ်တွင် ရိတ်သိမ်းထားသည်များအားလုံးကို အခြောက်ခံနိုင်ခဲ့ပြီး သိုလှောင်ခန်းတွင် သိမ်းထားလိုက်တော့သည်။ စုမိသားစုသည် လွတ်နေသည့် စပါးကျီကို ဝယ်ဖြည့်စရာ မလိုသည်မှာ ပထမဆုံးအကြိမ်ဖြစ်၏။

“နောက်ဆိုရင် ငါတို့တွေ ထပ်ပြီး ဆန်ဝယ်စရာမလိုတော့ဘူး”

ယိုကျင့်က ခါးထောက်ကာ ပြည့်နေပြီးသားဖြစ်သည့် စပါးကျီကို ကြည့်လိုက်၏။ အခုတော့ မိသားစုတွင် လူဦးရေလည်း တိုးလာရာ ကုန်ခြောက်ချည်း သက်သက်ပင် တစ်နေ့ကို ငွေအများအပြား ကုန်ကျလေသည်။ သူမသည် ဆောင်းဦးကောက်ရိတ်ကို စောင့်စားလာခဲ့သည့် ကြာမြင့်လာပြီဖြစ်၏။

အခုတော့ စုကျားရှန်း၏စီးပွားရေးကလည်း ကောင်းသည်ထက် ပိုကောင်းလာသည်။ အခြေခံအားဖြင့် တစ်နေ့လျှင် အသားတင်အမြတ် လျန်၂၀ ရနေ၏။ ယိုကျင့်၏သဘောကျတော့ ဒါသည် မလုံလောက်သေးချေ။ သူမသည် ဆင်းရဲမည်ကို အမှန်ပင်ကြောက်လေသည်။ သူမသည် ဆင်းရဲပြီး အဆင့်နိမ့်သည့်စုံတွဲက ဝမ်းနည်းမှုမျိုးစုံကို ခံစားရမည်မှန်း သိလေသည်။ သူမ၏ ညီမလေး ၇ယောက်အတွက် သူမသည် မိသားစုစီးပွားရေးကို ချဲ့ထွင်ရန် လိုလေသည်။

ဧက ၂၀စာပျိုးပင်များသည် ဟိုကျားဝမ်၏ ကျက်တီးမြေတောင်ကုန်းပေါ်တွင် ရှင်သန်နေကြပြီဖြစ်၏။ တစ်ပင်မှ အပွင့်မပွင့်ကြသေးသော်လည်း သူတို့သည် ကောင်းကောင်း ကြီးပြင်းနေကြလေသည်။ ပန်းပွင့်ပွင့်ရန် နောက်ထပ် တစ်နှစ် နှစ်နှစ်လောက် စောင့်ရအုံးမည်။ ထိုအချိန်ရောက်လျှင် စုကျားရှန်းက လိုအပ်သည့် ကုန်ကြမ်းပစ္စည်းများကို ရရှိနိုင်လိမ့်မည်။

ရာသီဥတုကောင်းမွန်သည့် လတစ်ဝက်ကုန်သွားပြီးနောက် ဆောင်းဦးတွင် မိုးဆက်တိုက်ရွာတော့သည်။ စုမိသားစုက လူတိုင်းသည်အခုတော့ ဆောင်းမိုး၏ အအေးဓာတ်ကို အံ့တုရန် ဂွမ်းသားအဝတ်အစားများကို ပြောင်းဝတ်ကြလေသည်။ ဆောင်းဦးကောက်ရိတ်ပြီးနောက် ယိုကျင့်က ပွဲစားကို အရင်ကတည်းက ရှာခိုင်းထားသည့် စိုက်ပျိုးမြေ ဧက ၃၀သည် အရာထင်လာတော့သည်။ သည်တစ်ကြိမ်တွင် စိုက်ပျိုးမြေ ဧက၃၀သည် လော့ဟယ်၏အနောက်ဘက် ၅ကီလိုမီတာ ကျော်ကျော်ဝေးသည့် ရွာအစွန်တွင် ရှိလေသည်။ ဝူလီချောင်နှင့်ဆိုလျှင် ၁၀ကီလိုမီတာနီးပါးဝေးသည်။

သည်တစ်ကြိမ်မြေကို ယိုရင်၏နာမည်နှင့် ဝယ်ထားလိုက်၏။ သူမသည် ထိုအကြောင်းကို မိသားစုအား မပြောပြခဲ့ချေ။ စုမိသားစုဝင်အားလုံးက သည်တစ်ကြိမ် မြေဝယ်လျှင်လည်း ယိုကျင့်၏နာမည်နှင့် ဝယ်လိမ့်မည်ဟု ထင်ထားကြလေသည်။ လက်ရှိတွင် စုမိသားစု၏အိမ်ထောင်ဦးစီးမှာ ယိုကျင့်ဖြစ်၏။ ထို့ကြောင့် သူမနာမည်နှင့်ဝယ်သည်က ပုံမှန်ပင်ဖြစ်သည်။

“မိန်းကလေးစု နင် မြေဝယ်လိုက်၊ လူဝယ်လိုက်နဲ့၊ နင့်အခြေအနေက တဖြည်းဖြည်း ကောင်းပြီးရင်း ကောင်းနေတာပဲ၊ နောက်ပိုင်း မင်းမှာ ဘာအလုပ်ပဲရှိရှိ ကျေးဇူးပြုပြီး ငါ့ကို ဂရုစိုက်ပေးပါအုံးနော်”

ပွဲစားချန်သည် အခုတော့ စုမိသားစု၏လုပ်ငန်းကို ပိုပိုစိတ်ဝင်စားလာလေသည်။ ယိုကျင့်က သူ့ကို အလုပ်အပ်နေသ၍ အရည်အသွေးနှင့် အရေအတွက် စိတ်တိုင်းကျဖြစ်စေရမည်။ နောက်ဆုံး ဒါသည် ရေရှည်လုပ်ငန်းတစ်ခု ဖြစ်လာဟန်တူသည်။ ထို့ကြောင့် သူသည် သည်အလုပ်ကို သေသေချာချာ ထိန်းသိမ်းထားရမည်။

ယိုကျင့်က မြေစာချုပ်ကို သူမ၏အင်္ကျီလက်ထဲ ထည့်လိုက်ပြီး ဝမ်းသာအားရ ခေါင်းညိတ်ပြလိုက်လေသည်။

“ ဒါပေါ့ရှင့် ကျွန်မနောက်ဆိုရင် ဦးလေးချန်ကိုပဲ ဒုက္ခပေးရမှာ”

ဟိုကျားဝမ်တောင်ပေါ်က သစ်ပင်များ ပန်းပွင့်လာပြီးနောက် ယိုကျင့်သည် ပျားမွေးမြူရေးသမားဟောင်းတချို့ကို ရှာချင်ခဲ့လေသည်။ သည်နေ့တွေ့ဆုံမှုကို အမြတ်ယူကာ သူမသည် ထိုအကြောင်းကို ပွဲစားချန်အား ပြောပြလိုက်၏။

“ ပျားမွေးသမားတွေက ရှာဖို့ သိပ်မလွယ်ဘူး၊ ဒါပေမဲ့ အကောင်းဆုံးဖြစ်အောင်တော့ ရှာပေးမှာပါ”

ယိုကျင့်၏တောင်းဆိုချက်ကို ကြားလိုက်ပြီးနောက် ပွဲစားချန်သည် တော်တော်ကြာအောင် စဥ်းစားလိုက်လေသည်။

ယိုကျင့်က နားလည်သွားပြီး ပြန်ပြောလိုက်၏။

“ ရပါတယ်၊ ရှင်သာ ပျားမွေးမြူရေးသမားတွေကို တကယ်ရှာပေးနိုင်တယ်ဆိုရင် သူတို့ကိုယ်တိုင် ရောင်းချစရာမလိုပါဘူး၊ ကျွန်မကလည်း သူတို့ကို စျေးမြင့်မြင့်ပေးပြီး ငှားနိုင်ပါတယ်”

လူဘယ်နှစ်ယောက်လောက်ကများ သူတို့ကိုယ်တိုင် ရောင်းချဖို့ ဆန္ဒရှိပါမည်နည်း။ ယိုကျင့်သည် သည်အချက်ကို သတိထားမိလေသည်။ ထို့ကြောင့် သူမသည် တဖက်လှည့်နည်းလမ်းကို သုံးခဲ့ခြင်းပင်။ သူတို့ကို ငှားနိုင်သ၍ အလုပ်ဖြစ်ပေလိမ့်မည်။

All Chapters