← Chapters

အခန်း (၁၀၀-၁၀၂)

Vol. 7 Ch. 100-102

အခန်း (၁၀၀-၁၀၂)

Vol. 7 Ch. 100-102

အပိုင်း (၁၀၀) ပေါများကြွယ်ဝတဲ့ ကောက်ရိတ်ရာသီ

သားဖြစ်သူ၏စကားကို နားထောင်လိုက်ပြီးနောက် ရှောင်ဟိုင်ရူသည် အနည်းငယ် အံ့ဩသွားတော့သည်။ သူ့သားက လော့ဟယ်တွင် အချိန်အကြာကြီးနေခဲ့သည့် အကြောင်းအရင်းမှာ သူ့စိတ်နှလုံးကို တစ်ယောက်ယောက်ကဖမ်းစားထားပြီး သူ့ကို ပီတဖြာနေနေစေသောကြောင့်ဟု ထင်ထားခဲ့မိ၏။ သူက တစ်ဖက်လူကို ညီမလေးတစ်ယောက်လို တွေးလိမ့်မည်ဟု လုံးဝထင်မထားခဲ့ချေ။ သားအဖနှစ်ယောက်သည် ဘယ်တုန်းကမှ စိတ်ချင်းနီးစပ်လာသည်အထိ စကားမပြောခဲ့ကြပေ။ သားဖြစ်သူက ထိုသို့ပြောလာသဖြင့် ရှောင်ဟိုင်ရူကလည်း ဘာမှမပြောတော့ပေ။ ထို့ကြောင့် သူသည် စုတ်တံကို ကောက်ကိုင်လိုက်ကာ မှင်ရည်ထဲတွင် နစ်လိုက်ပြီး စာရွက်ပေါ်တွင် ပြတ်ပြတ်သားသား ဖိချလိုက်လေသည်။

“ သီးခြင်းခြင်း” ဟူသည့်စကားလုံးကို စုတ်တံဖြင့် ချရေးလိုက်၏။ ထို့နောက် သူက ပြောလိုက်တော့သည်။

“ မင်းက အမြဲတမ်း ဆုံးဖြတ်ချက်ပြတ်မင်းပါတယ်၊ ပိုင်မိသားစုရဲ့ကိစ္စကို ဆင်ခြင်ပေးပြီး မြို့တော်က ထွက်သွားမှန်း အဖေသိတယ်၊ မင်း အပြင်မှာ အနေကြာသွားပြီဆိုတော့ အခြေချဖို့ အချိန်တန်ပြီနော်”

“အဖေ ကျွန်တော့်တစ်ဘဝလုံး အဖေ့စိတ်ကူးအတိုင်း တစ်ဆင့်ခြင်း နေလာခဲ့ပါတယ်၊ အဖေက တော်ဝင်စာမေးပွဲ ဖြေခိုင်းတော့လည်း ကျွန်တော် နေ့နေ့ညည ကြိုးစားပြီး ကျွီရန် အဆင့်ယူပေးခဲ့တယ်၊ အဖေက မိသားစုလုပ်ငန်းတွေကို အမွေဆက်ခံစေချင်တယ်ဆိုလို့ ကျွန်တော် စာဖတ်တတ်တာနဲ့ ပေသီးသုံးနည်းကို သင်ယူခဲ့တယ်.... အဖေ ကျွန်တော် ပင်ပန်းနေပါပြီ၊ ပြီးတော့ အနားယူချင်ပြီ၊ ကျွန်တော် ဒီအတိုင်း အနားယူလိုက်လို့မရဘူးလား”

ရှောင်လင်ယွီသည် တော်တော်မသက်မသာ ခံစားလိုက်ရသည်။ သူ့မျက်နှာပေါ်က အပြုံးက ပိုပြီးခါးသက်လာလေသည်။

ရှောင်ဟိုင်ရူမှာ သားဖြစ်သူက သည်လိုစကားမျိုး ပြောလိမ့်မည်ဟု လုံးဝမထင်ထားခဲ့ချေ။ သူသည် လက်ထဲက စုတ်တံကို ချထားလိုက်ပြီး မျက်နှာပေါ်တွင် ဝမ်းနည်းသည့်အမူအရာဖြင့် သူ့ကို ကြည့်လိုက်လေသည်။

“မင်းကို မွေးလာကတည်း မင်းဟာ ရှောင်မိသားစုရဲ့ နောက်တက်မဲ့ခေါင်းဆောင် ဖြစ်ဖို့ ကံပါလာပြီးမင်းပဲ၊ ရှောင်မိသားစုတစ်ခုလုံးရဲ့ အနာဂတ်က မင်းနဲ့ ဆက်နွယ်နေတယ်၊ အခု မင်းက တကယ့်ကို ပိုပြီး ကိုယ့်ဟာကိုယ် စိတ်ကြီးဝင်လွန်းနေပြီ၊ ဘိုးဘွားခန်းမဆီသွားပြီး မင်းရဲ့ဘိုးဘွားတွေဆီမှာ အပြစ်သွားခံယူချေ၊ မင်း မှားမှန်းသိရင် ထလာလို့ရတယ်”

ရှောင်လင်ယွီသည် တစ်ခုခုကို ထပ်ပြောလိုက်ချင်နေသည်။ သို့သော် သံက သံမဏိ မဖြစ်ရကောင်းလား ဟူသည့် မုန်းတီသည့် အဖေဖြစ်သူ၏မျက်နှာထားကို မြင်လိုက်ရသဖြင့် သူသည် သက်ပြင်းချလိုက်ကာ လက်နှစ်ဖက်ယှက်ပြီး သဘောတူကြောင်း ဦးညွှတ်လိုက်ပြီးနောက် ပြန်လာခဲ့တော့သည်။

နောက်ဆုံးတွင် ရှောင်လင်ယွီသည် ဘိုးဘွားခန်းမထဲတွင် ခုနှစ်ရက်လောက် ဒူးထောက်ခဲ့ရတော့သည်။ အကြီးအကဲက အကြီးဆုံးမြေးလေးအတွက် စိတ်မကောင်းဖြစ်သွားလေသည်။ သူမသည် ဆက်သည်းမခံနိုင်တော့ဘဲ ရှောင်ဟိုင်ရူကို ခေါ်ကာ ဆုံးမတော့သည်။ ထိုအခါမှ ဘိုးဘွားခန်းမထဲတွင် ဒူးထောက်နေသည့် ရှောင်လင်ယွီသည် လွတ်ငြိမ်းခွင့်ရတော့သည်။

***

လော့ဟယ်မြို့က စုမိသားစုကတော့ ဆောင်းဦးပွဲတော်ပြီးသွားသည့်နောက်တွင် ဟန်လီက ဦးလေးစုန့်နှင့် ချာရှန်းသို့ လိုက်သွားပြီး ဟန်အားဟွာကို စုမိသားစုထဲတွင် ဦးလေးဝမ်နှင့် ထားခဲ့လိုက်သည်။

ယိုကျင့်၏အကူအညီဖြင့် ယိုဟယ်က ကိုယ်ပိုင်ငွေလေးကို သုံးကာ လော့ဟယ်မြို့တွင် ကုန်စုံဆိုင်လေးတစ်ဆိုင် ဖွင့်လိုက်သည်။ အိမ်သုံးပစ္စည်းတချို့၊ အပ် နှင့် အပ်ချည်များ စသည်တို့ကို ရောင်းချလေသည်။ လုပ်ငန်းကြီးတစ်ခု မဟုတ်သော်လည်း အိမ်သုံးစရိတ်တော့ ရှာနိုင်လေသည်။ တင်းယွင်သို့ သွားရောက်စုံစမ်းရန် ယိုကျင့်တာဝန်ပေးထားသည့်လူက အမျိုးသမီးဟန်၏စာကို ယူပြန်လာခဲ့သည်။

“ဒေါ်လေးက စာထဲမှာ သူ့အကြောင်း မပြောထားဘူး၊ တခြားလူတွေအကြောင်းပဲ ပြောထားတယ်၊ ဒေါ်လေး ပြောစကားအရအဆို အခုတော့ တင်းယွင်မှာ အစ်မယိုဟယ် မရှိလို့ စိတ်ပူစရာ မရှိတော့ဘူးတဲ့၊ သူ ဦးလေးနဲ့ ရန်ဖြစ်ချင်ရင်တောင် ပြဿနာမရှိတော့ဘူးတဲ့”

ယိုကျင့်၏အမြင်တွင်တော့ အမျိုးသမီးဟန်သည် အလွန်ဉာဏ်ကောင်းကာ ပြတ်သားသည့် အမျိုးသမီးတစ်ယောက်ပင်။ ယွဲ့ချန်ရှို့မှာ သူမနှင့် ယှဥ်လျှင် အနည်းငယ်အရည်အချင်း မရှိပေ။ သူ့ကို ကိုင်တွယ်ရန် လွယ်ကူလောက်ပေသည်။

အမျိုးသမီးစုက အခုမှ စကားတချို့ သတိရသွားတော့သည်။ အမျိုးသမီးဟန်၏စာကို အကြမ်းဖျဥ်း ဖတ်လိုက်ပြီးနောက် သမီးဖြစ်သူ၏စကားကို ခေါင်းညိတ်ကာ ထောက်ခံလိုက်၏။

“ ဒါပေမဲ့ အမေတို့က ပိုပြီး အာရုံစိုက်နေဖို့လိုတယ်၊ သမီးရဲ့ဒေါ်လေးဆီမှာ တစ်ခုခုဖြစ်ခဲ့ရင် အမေတို့က တတ်နိုင်သလောက် ကူညီပေးရမယ်”

“ စိတ်မပူပါနဲ့ အမေ၊ သမီးမှာ ကိုယ်ပိုင်အစီအစဥ်ရှိပါတယ်”

ယိုကျင့်သည် တင်းယွင်သို့ သွားရောက်စုံစမ်းရန် လူတစ်ယောက်ကို ရှာခဲ့ချိန်က ယွဲ့မိသားစု၏ ကိစ္စများကိုလည်း စောင့်ကြည့်အတွက် လူတစ်ယောက်ကို ထပ်ရှာထားခဲ့သည်။ တစ်ခုခု မူမမှန်လျှင် သတင်းကို တတ်နိုင်သလောက် မြန်မြန်ရပြီး မည်သို့ဖြေရှင်းရမည်ကို သိလိမ့်မည်။ အမျိုးသမီးစုသည် ယွဲ့ချန်လုနှင့် ကွဲသွားပြီဖြစ်သော်လည်း ယွဲ့မိသားစုဝင်များက အိမ်၏လက်ရှိအခြေအနေကို သိသွားလျှင် သူတို့အားလုံးက သူတို့သွေးကို စုပ်ယူရန် အပြေးအလွှားရောက်လာကြပေလိမ့်မည်။

ဆောင်းဦးပွဲတော် ပြီးသွားသည့်နောက် ရွှေရောင်ကွေ့ဟွာပန်းရာသီ တစ်ဖန်ရောက်လာပြန်တော့သည်။

စုမိသားစု၏ ကွေ့ဟွားပန်းများသည် သည်နှစ်တွင် အလွန်ဝေဆာနေအောင် ပွင့်လန်းလေသည်။ တောင်ခြေက လူများပင် လတ်ဆတ်သည့်ဆောင်းဦးလေနှင့် အတူရောပါလာသည့် ကွေ့ဟွားပန်းနံ့ သင်းသင်းလေးကို ရနိုင်သည်။ ဒါသည် စုမိသားစုက ကလေးမလေးများအားလုံး၏ အနှစ်သက်ဆုံးအလုပ်လည်း ဖြစ်လေသည်။ ကွေ့ဟွားပန်းများကို ခါချရခြင်းပင်။ ထို့ကြောင့် သည်မနက်စောစော၌ မြို့တွင် ဆိုင်ဖွင့်ရမည့် ယိုရင်နှင့် ယိုကျူးကလွဲလျှင် မိန်းကလေးငယ်များအားလုံးသည် မနက်စောစောထကြပြီး လှုပ်ရှားရလွယ်ကူသည့် လက်ကျဥ်းအင်္ကျီနှင့် ဘောင်းဘီများကို အမျိုးသမီးစုက သတိမပေးရဘဲ လဲဝတ်ထားလေသည်။ အပျိုရံများနှင့် အမျိုးသမီးအစေခံများက သူတို့ကို ဖြီးလိမ်းပေးပြီး ဆံပင်နှစ်ကျစ်ပေးလိုက်ကြသည်။ ထို့နောက် သူတို့အားလုံးသည် အရှေ့ဘက်ခြံထဲတွင် ရပ်ကာ မကြီးက ထွက်ကြမည်ဟု ကြေညာသံကို စောင့်စားနေကြတော့သည်။

သည်နေ့တွင် ယိုကျင့်သည် ဝါးစိမ်ရောင် လက်ကျဥ်းဂါဝန်တစ်ထည်ကို ဝတ်ဆင်ထားပြီး ဆံပင်နှစ်ဖက်ကျစ်ထားသည်။ သာမန်ဝတ်စားဟန်ဖြစ်သော်လည်း မိန်းကလေးသည် တောက်ပကာ လှပနေလေသည်။ ကျက်သရေရှိလှသည့် ဝါးစိမ်းရောက်က သူမကို ပြီးပြည့်စုံသွားအောင် ဖြည့်စွက်ပေးနေသည်။

ရှောင်ပါ့ကို လက်တွဲထားပြီး ဖြည်းဖြည်းချင်း ရှောက်လာ၏။ သူမသည် ညီမငယ်လေးများကို မမေ့မလျော့ သတိပေးလိုက်လေသည်။

“ ငါတို့တွေ ခဏနေ တောင်ပေါ်ရောက်ရင် ပတ်ပြေးပြီး ပြဿနာမလုပ်ရဘူးနော် နားလည်ကြလား”

“မကြီး မနေ့ကလည်း ပြောပြီးပြီလေ၊ ညီမလေးတို့အားလုံး မှတ်မိပါတယ်၊ သွားရအောင်ပါ”

စိတ်လှုပ်ရှားနေသည့် ရှောင်ချီက ရှေ့ကယိုလင်၏လက်ကို ဆွဲလိုက်ပြီး ဖြတ်ပြောလိုက်လေသည်။

“မကြီး မြန်မြန်လုပ်ပါ၊ ဦးလေးစုန့်နဲ့ ဦးလေးနျိုတို့နှစ်ယောက်လုံး စောင့်နေကြပြီ”

ဦးလေးနျိုသည် စုမိသားစု၏ လှည်းမောင်းသမားအသစ်ဖြစ်သည်။ အခုတော့ စုမိသားစုတွင် လှည်းမောင်းသမား သုံးယောက်ရှိလာပြီ။ တစ်ယောက်က ယိုရင်နှင့် ယိုကျူးတို့ကို နေ့တိုင်း လော့ဟယ်သို့ အကြိုအပို့လုပ်ပေးရသည်။ တစ်ယောက်ကတော့ ယိုကျင့်အတွက်ဖြစ်၏။ အမျိုးသမီးစုကို ကြိုပို့ပေးသည့် တခြားလူများမှာ ဦးလေးစုနှင့် ပုံမှန်နေ့များတွင် ကြုံသည့်သူက ကြိုပို့ပေးရသည်။

တဟားဟားရယ်ရင်း ဦးလေးနျိုက လှည်းရှေ့တွင် ရပ်နေ၏။ မမလေးခုနှစ်က အရင်ဆုံးပြေးလာသည်ကို မြင်လိုက်ရသဖြင့် သူသည် သူမကို ကောက်ချီကာ လှည်းပေါ်သို့ ဂရုတစိုက်တင်ပေးလိုက်လေသည်။

“ မမလေးခုနှစ် ငြိမ်ငြိမ်လေး ထိုင်နော်”

“ကျေးဇူးပါ ဦးလေးနျို “

ရှောင်ချီက ဦးလေးနျိုကို အလွန်ယဥ်ယဥ်ကျေးကျးဖြင့် ကျေးဇူးတင်စကား ပြောလိုက်ပြီးနောက် လှည်းပေါ်က ခုံတွင် ထိုင်ချလိုက်ပြီး တံခါးမှ ထွက်လာသည့် ယိုကျင့်နှင့် တခြားသူများကို လက်ယမ်းပြလိုက်လေသည်။

“မကြီး မြန်မြန်လာ”

ချန်လောင်စန်းနှင့်အဖွဲ့က ဓားပြဟန်ဆောင်ပြီး ယိုကျင့်ကို လမ်းတွင် တားပြီးကတည်းက အမျိုးသမီးစုနှင့် ယိုကျင့်တို့သည် မိသားစုက ကလေးများ၏ လုံခြုံရေးကို ပိုဂရုစိုက်ခဲ့ကြသည်။ နေရက်အများစုတွင် ကလေးများအတွက် အပြင်ထွက်ကာ လွှတ်လွှတ်လပ်လပ် ကစားနိုင်မည့် အခွင့်အရေးများများ မရှိချေ။ ထို့ကြောင့် သည်နေ့လိုမျိုးတွင် အတူတူအပြင်ထွက် ကစားနိုင်သည်မှာ အမှန်ပင် စိတ်လှုပ်ရှား ပျော်ရွှင်စရာကောင်းလေသည်။

ရှောင်လင်ယွီ ပို့ထားသည့် သက်တော်စောင့်များအပြင် ယိုကျင့်က လေ့ကျင့်ရန်အတွက် ခေါ်ထားသည့် အရည်အချင်းရှိသည် ကောင်လေး ၇ယောက် ၈ယောက်ကိုလည်း သက်တော်စောင့် ခေါင်းဆောင်အား ရွေးထားခိုင်းလိုက်သည်။ သူတို့သည် နောက်ပိုင်းတွင် သက်တော်စောင့်များ ဖြစ်လာလိမ့်မည်။ အခုတော့ အိမ်တွင် မိသားစုလုံခြုံရေးသည် အရင်ကထက် အဆင့်တစ်ခု ပိုမြင့်လာပြီး ယိုကျင့်ကလည်း ညီမငယ်လေးများကို အပြင်ထွက်ကစားရန် စိတ်အေးလက်အေး ခေါ်လာနိုင်ပေသည်။

ဟိုကျားဝမ်၏ တောင်ပေါ်တွင် နှစ်ရှည်အလုပ်သမား အုပ်စုက မနေ့က အမိန့်ရထားခဲ့သည်။ ပိုင်ရှင်မိသားစု၏ မိန်းကလေးများက တောင်ပေါ်သို့ လာကာ ကွေ့ဟွားပန်းကို ခါချကြလိမ့်မည်။ သူတို့သည် ခါချထားသည့်ကွေ့ဟွားပန်းများကို သိမ်းဆည်းရန် အဝတ်အိတ်များကို ကြိုတင်ပြင်ဆင်ထား ကြလေသည်။ မိန်းကလေးများ ရေဆာလျှင် သောက်နိုင်ရန သကြားရည်များကိုလည်း ပြင်ဆင်ပေးထားပြီး တောင်ခြေက တဲရှေ့တွင် ပိုင်ရှင်မိသားရောက်အလာကို စောင့်နေသည့် ကြီးကြပ်သူမှလွဲလျှင် တခြား နှစ်ရှည်အလုပ်သမားများသည် တောင်ပေါ်သို့ တက်နှင့်ကာ ကွေ့ဟွားပန်းများကို ခူးနေကြပြီဖြစ်သည်။

“ မင်္ဂလာပါ အကြီးဆုံးမမလေး မနေ့က မမလေး လာမယ်လို့ ကြားတော့ ကျွန်တော်တို့တွေ ဝမ်းသာနေကြတာ၊ အားလုံးက မမလေးကို စောင့်နေကြတာ”

ကြီးကြပ်သူသည် အဝေးမှ လှည်းကို မြင်လိုက်ရပြီး စုမိသားစုမှန်း သိလိုက်သည်။ သူသည် သွားများပေါ်သည်အထိ ပြုံးဖြီးကာ သွားရောက်ကြိုဆိုလိုက်ချိန်အထိ လှည်းက မရပ်သေးချေ။

ယိုကျင့်က အရင်ဆုံး လှည်းထဲမှ ထွက်လာ၏။ ထို့နောက် သူမသည် ရှောင်ပ့ါကို ချပေးလိုက်သည်။ ကျန်ညီမငယ်လေးများကလည်း လှည်းပေါ်မှ တစ်ယောက်ပြီးတစ်ယောက် ဆင်းလာကြ၏။ ကြီးကြပ်သူ ရှေ့တွင်ရပ်ရင်း ယိုကျင့်က မျက်နှာပေါ်တွင် ခပ်ဖျော့ဖျော့အပြုံးတစ်ခုကို ဆောင်ထားလိုက်လေသညည်။

“ အပြင်ထွက် ကစားချင်နေကြတဲ့ ကလေးတချို့လောက်ပါပဲ ၊ ဦးလေးဟို ပြင်ဆင်ဖို့ အချိန်အများကြီး အကုန်ခံစရာမလိုပါဘူး”

ရှောင်ပါ့အား ယိုပေါင်ကို လွဲပေးလိုက်ပြီး သူမက စကားတစ်ခွန်းနှစ်ခွန်း မှာလိုက်လေသည်။

“ ငါ ဦးလေးကြီးကြပ်သူနဲ့ စကားခဏလောက်ပြောလိုက်အုံးမယ်၊ ယိုပေါင် နင်က အစ်မကြီးနော် ညီမလေးတွေကို ဂရုစိုက်ရမယ်"

ပြီးခဲ့သည့် နှစ်နှစ်လောက်က ကျတ်တီးမြေသည် သန့်ရှင်းသပ်ရပ်နေတော့သည်။ မြေတစ်ဝက်ကျော်ပေါ်တွင် အပင်အမျိုးမျိုးကို စိုက်ထားလေသည်။ သူတို့ထဲတွင် ကွေ့ဟွား၊ စံပယ် နှင့် ဆူးနှင်းဆီ တို့ကို အဓိကစိုက်ပျိုးထား၏။ သည်နေ့တွင် ဧက ၂၀နီးပါးရှိသည့် ကွေ့ဟွားပင်များက ပွင့်လန်းနေကြသည်။ ကွေ့ဟွားပန်းများကို ခူးရခြင်းကလည်း ကြီးမားသည့်အလုပ်တစ်ခုပင်။

“ စိတ်မပူပါနဲ့ မကြီး၊ ညီမလေး အငယ်လေးတွေကို စောင့်ရှောက်လိုက်ပါ့မယ်”

ယိုပေါင်းက အားတက်သရော ခေါင်းညိတ်ပြလိုက်ပြီးနောက် လှည့်ပတ်ကြဖို့ အသင့်ဖြစ်နေကြသည့် ရွှင်မြူးနေသည့် ညီမငယ်လေးများကို ခေါ်သွားလိုက်တော့သည်။ ခေါ်လာသည့် အစေခံများလည်း သူတို့သခင်က တစ်ခုခုနှင့် တိုက်မိမည်စိုးသဖြင့် နောက်က မြန်မြန်လိုက်သွားကြလေသည်။

ညီမငယ်လေးများ ဝမ်းသာရွှင်မြူးကာ တရုန်းရုန်းနှင့် ထွက်သွားသည်ကို ကြည့်လိုက်ပြီး ယိုကျင့်က သတိပြန်ဝင်လာကာ ဦးလေးစုန့်နှင့် ဟိုကျားဝမ်၏ကြီးကြပ်သူနှင့် ဆက်ပြီး တိုင်ပင်လိုက်ကြသည်။

“ အခု ကွေ့ဟွားပန်းတွေ ဘယ်လောက် ခူးဖို့လိုတာလဲ”

သူတို့သုံးယောက်သည် တောင်ပေါ်က မြေညီလမ်းပေါ် လျှောက်လာကြ၏။ ယိုကျင့်က နှင်းဆီနံ့ကွေ့ဟွားပန်းကို ခူးလိုက်ပြီး သူမနောက်က ခြေလှမ်းတစ်ဝက်အကွာတွင်လိုက်လာသည့် ကြီးကြပ်သူဟို ကို မေးလိုက်လေသည်။

ကြီးကြပ်သူဟိုသည် မူလက စုမိသားစုက ငှားထားသည့် နှစ်ရှည်အလုပ်သမားတစ်ယောက် ဖြစ်လေသည်။ အလုပ်လုပ်ရာတွင် တည်ကြည်ပြီး တာဝန်ယူတတ်သည့်အတွင် သူ့ကို ကြီးကြပ်သူတစ်ယောက်အဖြစ် တိုးမြင့်ပေးခဲ့သည်။ သူသည် တလေးတစားဖြင့် ပြန်ဖြေလိုက်၏။

“ မမလေးကို ပြန်ဖြေပါတယ်၊ အခုတော့ တစ်ဝက်ကျော်လောက် ခူးပြီးသွားပါပြီ၊ နှစ်ရက်လောက် အများဆုံးခူးရပါလိမ့်မယ်၊ ခူးပြီးသား ကွေ့ဟွားပန်းတွေကို အခြောက်ခံ၊ ထုပ်ပိုး အိတ်ထဲထည့်ပြီး ဂိုဒေါင်ထဲမှာ သိမ်းထားပါတယ်”

ယိုကျင့်က ကျေနပ်ကာ ခေါင်းညိတ်ပြလိုက်၏။ သူမသည် ဘေးက ဦးလေးစုန့်ဖက် လှည့်လိုက်ပြီး

“ ဒီနှစ် ကွေ့ဟွားပန်းတွေအားလုံး ခူးပြီးသွားရင်း စံပယ်ပန်းခြောက်နဲ့ ဆူးနှင်းဆီခြောက်တို့နဲ့အတူတူ သုံးလို့ရအောင် မုန့်ဆိုင်အတွက် လုံလောက်အောင်ချန်ထားလိုက်နော်၊ ကျန်တာတွေကိုတော့ သူတို့ကို စီစဥ်ပြီး ချာရှန်းကို ပို့လိုက်၊ စုန့်ဟွာကိုလည်း သူ့ဖက်မှာ ပြင်ဆင်ထားခိုင်းလိုက်အုံး၊ ကျွန်မတို့တွေ အရင်ဆုံး ဆောင်းဦးလက်ဖက်ခြောက် ကိုစမ်းထုတ်ပြီး ပစ္စည်းကောင်းရအောင် ထုတ်ကြည့်ရမယ်၊ နောက်နှစ်ကျရင် ကျွန်မတို့တွေ ပစ္စည်းကောင်းတစ်ခု ထပ်စမ်းကြည့်ရလိမ့်မယ်”

ချာရှန်းက စုမိသားစု၏ လက်ဖက်ခြံသည် လက်ဖက်များ မြန်မြန်ဆန်ဆန် မထုတ်နိုင်သည်မှာ သဘာဝပင်။ ထို့ကြောင့် ချာရှန်းရှိ စုန့်ဟွာနှင့် ဟန်လီတို့၏တာဝန်က လက်ဖက်ခြံနှင့် လက်ဖက်လုပ်သားများကို နေ့စဥ်စီမံရုံသာမကဘဲ နောက်နှစ်နှစ်အတွက် ထောက်ပံ့ပေးရန် ကောင်းမွန်သည့်လက်ဖက်ခြံများကိုလည်း ရှာဖွေရလေသည်။ လိုအပ်သည့်လက်ဖက်ကို သူတို့လက်ဖက်ခြံက ထွက်ကုန်မရှိတော့သည့် အထူးကာလတွင် သုံးရန်ဖြစ်သည်။

“ မမလေး စိတ်မပူပါနဲ့၊ ဒီအစေခံအိုကြီးက တစ်ယောက်ယောက်ကို ဆက်သွယ်ထားပြီးပါပြီ၊ ကျွန်တော် ဒီက ကွေ့ဟွားပန်းတွေအားလုံး ခူးပြီးတာနဲ့ ကွေ့ဟွားပန်းတွေကို တောင်ပိုင်းကို ပို့ဖို့ စီစဥ်ပေးနိုင်ပါတယ်”

ဦးလေးစုန့်သည် သူ၏အကြီးဆုံးမမလေး လုပ်မည့်အရာများကို အမြဲလိုလို သိနေလေသည်။ ထို့ကြောင့် အရာအားလုံးကို သေသေချာချာ စီစဥ်ပေးထားသည်။ ထို့ကြောင့်ပင် အပြီးသတ်အပိုင်းကို အရင်ကတည်းက စီစဥ်ထားပြီးဖြစ်နေတော့သည်။

“ ပြီးတော့ ဒီနှစ် မွေးထားတဲ့ ကြက်ပေါက်တွေကလည်း မဆိုးဘူး၊ ကျွန်မတို့တွေ နောက်မှ ယွင်ဝေ့ရွှမ်းကို တစ်ခေါက်လောက်သွားရလိမ့်မယ်၊ ဒုတိယသခင်ကြီးဟွမ်က ဒီနှစ်ဘယ်လောက်လိုချင်လဲ သိရအောင်၊ သူ အများကြီးမလိုချင်ဘူးဆိုလည်း ရှင်က တခြားစားသောက်ဆိုင်တွေကို ဆက်သွယ်ထားလိုက်”

သည်တောင်ပေါ်တွင် ကြက်ပေါက်ပေါင်း ထောင်ချီကို ရောင်းရန်အသင့်ဖြစ်နေသည်။ ကြက်ပေါက်အားလုံးကို တောင်ပေါ်တွင် မွေးထားခြင်းဖြစ်၏။ အရသာက သာမန်အိမ်မွေးကြက်များထက် အများကြီးပိုကောင်းသည်။ ထို့အပြင် အနီးအနားတွင် သည်လောက် ကြီးမားသည့် ကြက်ခြံမျိုးလည်း မရှိပေ။ သာမန် စားသောက်ဆိုင်များက ပုံမှန်ထောက်ပံ့ပေးနိုင်သည့် သည်လိုကြက်ခြံများနှင့် လက်တွဲလုပ်လိုကြသည်။ ယွင်ဝေ့ရွှမ်းသည် အမြဲတစေ စုမိသားစုအတွက် လက်တွဲလုပ်ရန် ပထမဆုံးရွေးချယ်မှုဖြစ်ခဲ့သည်။

“ ကောင်းပါပြီ၊ ကျွန်တော် နောက်နှစ်ရက်နေလို့ အားတဲ့အချိန်ရရင် လော့ဟယ်ကို သွားလိုက်ပါ့မယ်”

ထိုစကားကို ကြားလိုက်ပြီးနောက် ဦးလေးစုန့်က ထိုကိစ္စကို စိတ်ထဲတွင် မှတ်ထားလိုက်၏။ သူသည် ယွင်ဝေ့ရွှမ်း ကြီးကြပ်သူနှင့် တွေ့ဆုံရန် အားမည့်အချိန်ကို တွက်ချက်လိုက်လေသည်။

သုံးယောက်သားသည် တောင်ကို ပတ်ကာ လျှောက်လာကြ၏။ နှစ်ရှည်အလုပ်သမားအားလုံးသည် ပိုင်ရှင်မိသားစု၏ အကြီးမမလေးကို သိကြသည်။ အကြီးမမလေး ရောက်လာသဖြင့် သူတို့အားလုံး လုပ်လက်စကို ရပ်ထားလိုက်ပြီး အကြီးမမလေးကို နှုတ်ဆက်လိုက်ကြလေသည်။

“အားလုံးက အလုပ်ကြိုးစားပေးကြပါတယ်၊ ဒီအလုပ်များတဲ့ ကာလပြီးရင်တော့ နားလို့ရပါပြီ၊ ကျွန်မက အားလုံးကို ဆောင်းတွင်းအတွက် သီးသန့် အားလပ်နည်းနည်းပိုပေးပါ့မယ်”

ဆောင်းတွင်းတွင် တောင်ပေါ်၌ အလုပ်ပါးလေသည်။ ထို့ကြောင့် ယိုကျင့်ကလည်း အလုပ်သမားကို အားလပ်ရက် လိုလိုလားလား ပေးလိုက်၏။ နောက်ဆုံး သူတို့အားလုံးသည် အလုပ်ကြိုးစားခဲ့ကြသည်။ တစ်နှစ်လောက် အလုပ်လုပ်ပြီးနောက် သည်လိုအေးခဲသည့်ဆောင်းတွင်းနေ့ရက်များတွင် အားလုံးကို အနားယူခွင့်ပေးရမည့် အချိန်ရောက်လာတော့သည်။

“ ကျေးဇူးတင်ပါတယ် အကြီးဆုံးမမလေး”

နှစ်ရှည်အလုပ်သမားအားလုံးက ဝမ်းသာရွှင်မြူးကာ ကျေးဇူးတင်စကားဆိုလိုက်ကြပြီး သူတို့၏အလုပ်ကို ပြန်အာရုံစိုက်လိုက်ကြတော့သည်။ အဝတ်အိတ်သည် မြေပေါ်တွင် ပျံ့ကျဲနေ၏။ ထို့နောက် လူတစ်ယောက်က အပင်ကြီးအရွယ်မရောက်သေးသည့် ကွေ့ဟွားပင်ကို လှုပ်ခါလိုက်လေသည်။ အကိုင်းများပေါ်တွင် တွဲလောင်းခိုနေကြသည့် ကွေ့ဟွားကန်းများသည် လူလုပ်အားအောက်တွင် ပြင်းထန်စွာရွာလိုက်သည့်မိုးအလား ကြွေကျလာတော့သည်။ ခဏကြာပြီးနောက် မူလက ဝေဝေဆာဆာပွင့်နေသည့် ရွှေရောင်ကွေ့ဟွားပင်ကြီး၏ သစ်ရွက်များကြားတွင် အဖူးငယ်လေးများသာ ကျန်တော့သည်။ ကွေ့ဟွားပွင့်အများစုသည် မြေပေါ်တွင် ချထားသည့် အဝတ်အိတ်ထဲသို့ ကျသွားတော့သည်။

ယိုကျင့်သည် ဥယျာဥ်ကိစ္စ ဆောင်ရွက်ပြီးသည်နှင့် တပြိုင်နက် သူမ၏ညီမငယ်လေးများကို သွားရှာလိုက်၏။ ကလေးများသည် ပျော်ရွှင်မြူးထူးကာ ကစားနေကြလေသည်။

သူတို့ နဂိုက ကျေးလက်တွင် ကြီးပြင်းလာသူများ ဖြစ်ကြပြီး အိမ်တွင် အချိန်အကြာကြီး ပိတ်ခံထားခဲ့ရသည်။ မြင်းရိုင်းတစ်ကောင်က ကွင်းပြင်ကြီးထဲ လွတ်သွားသလို မဆော့ချင်ဘဲ ဘယ်မှာရှိပါမည်နည်း။ ဘေးတွင်ရပ်လျက် အစေခံများသည် တစ်ခုခုဖြစ်မည်စိုးရိမ်သဖြင့် မိန်းကလေးများကို ဂရုတစိုက် စောင့်ကြည့်ပေးနေလေသည်။

ယိုကျင့်က ပြုံးလိုက်ပြီး အားလုံးကို စိတ်ချနေဖို့ ပြောလိုက်၏။

“ ရပါတယ်၊ သူတို့တွေက ငယ်ငယ်ကတည်းက တောင်ပေါ်မှာ ကြီးလာကြတာ ခလုတ်တိုက်မိတာက ပြဿနာတစ်ခုမဟုတ်ပါဘူး၊ သူတို့ ကစားကြပါစေ”

အကြီးဆုံးမမလေးက ထိုသို့ပြောလိုက်သည်ကို တွေ့လိုက်ရသဖြင့် အစေခံများသည် အလွန်စိတ်ပူခြင်းမျိုး မဖြစ်ကြတော့ပေ။ သို့တိုက် သူတို့သည် အမှန်တကယ် အေးအေးမနေရဲကြဘဲ စည်ကမ်းတကျ ဘေးတွင် ရပ်နေကြလေတော့သည်။

…

အပိုင်း (၁၀၁) ပဋိပက္ခ

ကွေ့ဟွားပန်းများကို ခူးရန် ဆယ်ရက်လောက် အချိန်ယူလိုက်ရသည်။ ထို့နောက်တွင်တော့ ဆောင်းဦးကောက်ရိတ်ရာသီ ရောက်လာတော့သည်။

သည်နှစ်တွင် လေနှင့်မိုးတို့က သူတို့ဘက်တွင် ရှိသည်။ အထွက်ကောင်းသည့်နှစ်တစ်နှစ်ပင်။ မနှစ်ကတည်းက စုမိသားစု အပြင်တွင် ဆန်စပါးဝယ်ရန်မလိုတော့ပေ။ သူတို့၏ကိုယ်ပိုင်မြေပေါ်မှ ထွက်ကုန်များက စုမိသားစု စားသောက်ဖို့လုံလောက်သည့်အပြင် စုမိသားစု၏ဆိုင်အတွက် လူတချို့ကိုလည်း ထောက်ပံ့ပေးနိုင်သည်။ သည်နှစ်၏ ရိတ်သိမ်းခဲ့ရသည့် စပါးများသည် ဂိုဒေါင်အပြည့်ပင်။ လက်ရှိတွင် စိုက်ပျိုးမြေ တစ်ရာနီးပါးရှိသည့် စုမိသားစုအတွက် အကောင်းဆုံးသတင်းလည်း ဖြစ်လေသည်။

ဆောင်းဦးရိတ်သိမ်းပွဲသည် စုမိသားစုအတွက် ပွဲကြီးတစ်ခုပင်။ ဆောင်းဦးကောက်ရိတ်ချိန်မှာ သူတို့အတွက် လယ်ကွင်းထဲတွင် ပြန်ကစားနိုင်သည့် အဓိပ္ပာယ်ပင်။

လော့ဟယ်ပြည်နယ်သို့ ရောက်လာပြီးနောက်တွင် ယိုကျင့်၏ တိုက်တွန်းမှုအောက်တွင် ချရေးမထားသည့် စည်းကမ်းတစ်ခုကို ထပ်ဖြည့်ထားပြီး အမျိုးသမီးစုနှင့် အငယ်ဆုံးနှစ်ယောက်သာ ကင်းလွတ်ခွင့်ရကာ အားလုံးက သူတို့ကိုယ်သူတို့ ‘ ပြုပြင်ပြောင်းလဲ’ရန် လယ်ထဲ ဆင်းရလေသည်။ ထိုအကြောင်းကို ‘ ခါးသီးမှုကို ပြန်အမှတ်ရကာ ချိုမြိန်မှုကို တွေးတောခြင်း’ ဟု တင်စားခေါ်ဝေါ်လေသည်။

စုမိသားစု၏လက်ရှိ အခြေအနေသည် အရင်ကထက်စာလျှင် တစ်ဝက်ခန့် တိုးတက်လာပြီး ကြယ်တစ်ပွင့်ထက် သာလာသည် ဆိုသော်လည်း ယိုကျင့်က ညီမငယ်လေးများကို ထက်အောင် သွေးပေးရန် လယ်ထဲဆင်းခိုင်းနေဆဲ။ ညီမငယ်အားလုံးသည် ငယ်ရွယ်ပြီး မိသားစုကလည်း ယခုဆိုလျှင် သူဌေးပေါက်စတစ်ခုဟု မှတ်ယူနိုင်သည်။ သူတို့ကို လျော့တိလျော့ရဲဖြင့် ပျိုးထောင်မိနိုင်ချေ ရှိလေသည်။ ယိုကျင့်သည် ညီမလေးများကို ဂရုစိုက်သည်မှာ အမျိုးသမီးစုထက်တော့ မလျော့ပေ။ အမျိုးသမီးစုကလည်း သူမကိုယ်တိုင်က အလွန်စိတ်ပျော့မှန်း သိနေသည်။ သူမသည် ယိုကျင့်ကို ကလေးများအား သင်ကြားခွင့်ပေးထားရသည်ကိုပင် စိတ်အေးနေလေသည်။

ပြီးခဲ့သည့်နှစ်နှစ်အတွင်း အကြီဆုံးမှ ရှောင်ချီအထိ အားလုံး လယ်ထဲဆင်းရသည်။ သို့သော် အခုတော့ ရှောင်ပါ့နှင့် ခမ်းအာတို့သည် လမ်းလျှောက် ပြေးလွှားတတ်သေးသော်လည်း နှစ်ရှည်အလုပ်သမားများက သူတို့သည် ဆောင်းဦးကောက်ရိတ်ချိန်အတွက် ပြင်ဆင်ပေးနိုင်သည်ဟု သတင်းပို့လာချိန်တွင်တော့ ယိုကျင့်က အငယ်ဆုံးနှစ်ယောက်ကို ထည့်တွက်ထားလေသည်။

အငယ်ဆုံးနှစ်ယောက်သည် ဆောင်းဦးကောက်ရိတ်ပွဲကို တစ်ခါမှ မပါခဲ့ဖူးချေ။ သို့သော် သူတို့သည် သူတို့အစ်မများ ပြောကြသည့်အကြောင်းကိုတော့ ကြားဖူးကြသည်။ ဆောင်းဦးကောက်ရိတ်ချိန်တွင် လယ်ထဲ၌ နှံကောင်နှင့် စာကလေးများ ရှိသည်ဟု ကြားဖူးကြသည်။ မျှော်လင့်ချက်အပြည့်ဖြင့် သူတို့သည် ချက်ချင်းပင် ထသွားချင်နေတော့သည်။ သို့သော် အမျိုးသမီးစုတစ်ယောက်ကတော့ အင်တင်တင် ဖြစ်နေဆဲ။

“ရှောင်ပါ့နဲ့ ခမ်းအာက ငယ်ပါသေးတယ်ကွယ်၊ ခမ်းအာက ကျန်းမာရေးမကောင်းဘူး၊ အမေတို့တွေ နောက်နှစ်မှ သွားခိုင်းကြမလား”

အမျိုးသမီးစုက အကြီးဆုံးသမီးကို မဝံ့မရဲ မေးလိုက်လေသည်။ သူမမှာ ဒီသားလေး ခမ်းအာတစ်ယောက်ပဲ ရှိတာလေ။ ပြီးတော့ သူ့ကို အောက်ပြုတ်ကျမှာစိုးလို့ လက်ပေါ်မှာပဲ အမြဲချီထားခဲ့ရတာ။ အခုက ဆောင်းဦးရောက်ပြီပေမဲ့ ဆောင်းဦးနေကလည်း ပြင်းပါဘိနဲ့။ ခမ်းအာ အပူရှပ်ရင် ဘယ်လိုလုပ်မလဲ။

ယိုကျင့်သည် အမျိုးသမီးစုက သူမကို ခေါ်လိုက်တော့ မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်သွားတော့သည်။ သို့သော် အမျိုးသမီးစု၏ စကားများကို နားထောင်လိုက်ပြီးနောက် ယိုကျင့်၏ မျက်နှာပေါ်က အပြုံးမှာ တဖြည်းဖြည်း မှေးမှိန်သွားတော့သည်။

“ ခမ်းအာ မသွားရင် ရှောင်ပါ့ကရော”

“ ရှောင်ပါ့ရဲ့စိတ်နဲ့ဆိုရင် သူ့ကို ဆွဲထားလို့မရမှာ စိုးတယ်၊ ဒီတော့ သူ့ကို ပေးသွားလိုက်ပါ”

အမျိုးသမီးစုသည် သူမသမီး၏သဘောထားကိုက တဖြည်းဖြည်း အေးစက်လာသည်ကို သတိမပြုမိဘဲ သူမ၏စိတ်ကူးကို သဘောတူလိုက်သည်ဟုသာ ထင်နေလေသည်။ သူမက ဆက်ပြောလိုက်၏။

“ ယိုကျင့် သမီး မသိလို့နော်၊ ခမ်းအာက ပုံမှန်ဆိုရင် နှစ်လမ်းလောက်လျှောက်ပြီးတာနဲ့ ချော့မော့ပြောရတော့တာ၊ သူက ဒီလိုအကြမ်းပတမ်းကို ဘယ်လိုခံနိုင်ရည်ရှိမှာလဲ၊ သူက ကျန်းမာရေး ကောင်းတာလည်း မဟုတ်ဘူး၊ သူ တစ်ခုခုနဲ့ တိုက်မိတာတွေ ဖြစ်ရင် ဘယ်လိုလုပ်မလဲ”

အမျိုးသမီးစု၏ သားအတွက် ပူပင်သောကရောက်နေသည့် အမူအရာကို နားထောင်လိုက်ပြီးနောက် ယိုကျင့်၏ စိတ်တို့သည် လုံးဝအေးစက်သွားတော့သည်။ သူမက ပြောလိုက်၏။

“ သမီးတို့မိသားစုမှာ နှစ်တိုင်း ဆောင်းဦးကောက်ရိတ်ပွဲ ရှိတယ်၊ ခမ်းအာကလည်း သမီးတို့ စုမိသားစုဝင်တစ်ယောက်ဆိုတော့ သူ သမီးတို့နဲ့ လယ်ကွင်းထဲ လိုက်ဆင်းသင့်တယ်၊ သမီး ခမ်းအာကို ဂရုစိုက်လိုက်ပါ့မယ်၊ အမေက ကိုယ့်ဟာကိုယ်ပဲ ဂရုစိုက်ပါ”

ထိုသို့ပြောလိုက်ပြီးနောက် သူမက အမျိုးသမီးစု၏ မပြီးသေးသည့် စကားကို ဂရုမစိုက်တော့ဘဲ တစ်ယောက်ထဲ ထွက်လာခဲ့တော့သည်။

အမျိုးသမီးစုသည် မည်မျှပင် နုံအသည်ဖြစ်စေ သည်အခိုက်အတန့်တွင် သမီးဖြစ်သူက စိတ်ဆိုးသွားမှန်း သူမ သိနေလေသည်။ ဒါပေမဲ့ သမီးဖြစ်သူက ဘာလို စိတ်ဆိုးသွားမှန်း နားကိုမလည်ဘူး။ သူမမှာ ဒီသားလေး ခမ်းအာတစ်ယောက်ပဲ ရှိပြီး ခမ်းအာကလည်း ကျန်းမာရေးကောင်းတာ မဟုတ်ဘူး။ သူ့ကို သူမက နည်းနည်းပိုချစ်တာ ဘာမှားသွားလို့လဲ။

သည်တစ်ကြိမ်တွင် ယိုကျင့်သည် အမျိုးသမီးစုကိုသာ စိတ်ဆိုးသွားခြင်း မဟုတ်ပေ။ သူမက သည်ကိစ္စတွင် ခမ်းအာကို မည်သို့ ဆုံးမရမည့်အကြောင်းကိုလည်း စဥ်းစားလိုက်လေသည်။ လက်ရှိအမျိုးသမီးစုသည် စာလုံးအနည်းငယ်ကို ဖတ်နိုင်ပြီဖြစ်သော်လည်း သူမသည် အားအင်ချိနဲ့နေသည့် ပန်းတစ်ပွင့်နှယ် အသက်ရှင်သန်ဖို့ရာ တခြားသူများကို အားကိုးနေသေးသည်။ အရင်က ယွဲ့ချန်လုကို အားကိုးခဲ့ပြီး အခုတော့ သူမကို အားကိုးနေတယ်။ သူမရဲ့ အနာဂတ်မျှော်လင့်ချက်က သုံးနှစ်တောင် မပြည့်သေးတဲ့ ခမ်းအာအပေါ် ထားပြီးနေပြီ ထင်ပါတယ်။

သူမရှေ့က ပြဿနာကို ဖြေရှင်းရမည့်နည်းလမ်းကို စဥ်းစားနေစဥ်မှာပင် ခြံထဲတွင် ပြေးလွှားဆော့ကစားရင်း မတော်တဆ ချော်လဲသွားသည့် ခမ်းအာကို တွေ့လိုက်ရတော့သည်။ သူသည် သူ့ကို တွဲထူပေးလိုက်သည့် အစေခံမိန်းမ၏ ပါးကို ရိုက်ပစ်လိုက်လေသည်။ ယိုကျင့်၏မျက်နှာပေါ်က အမူအရာမှာ ရုတ်ခြည်း လေးနက်သွားတော့သည်။

“ စုခမ်း နင်ဘာလုပ်တာလဲ”

ခမ်းအာသည် အချိန်အကြာကြီး အမေဖြစ်သူ၏ အဆုံးစွန်အလိုလိုက်ခံထားရလေသည်။ အခုလေးတင် သူသည် ချော်လဲသွားပြီး အလွန်နာကျင်သွားသည်။ ထို့ကြောင့် သူက သူ့ကိုလာထူပေးသည့် အဒေါ်ကျန်း၏မျက်နှာကို ရိုက်ပစ်လိုက်တော့သည်။ အဒေါ်ကျန်းသည် အရိုက်ခံရသည်မှာ ပထမဆုံး မဟုတ်တော့ပေ။ သခင်လေးခမ်းသည် စုမိသားစု၏ တစ်ဦးတည်းသောသား ဖြစ်ပြီး ငယ်သေးသည်ဟု တွေးထားလိုက်သဖြင့် သူမသည် စိတ်ထဲတွင် ညည်းညူမိသော်လည်း ဘာတစ်ခွန်းမှ မပြောရဲချေ။ သည်တစ်ကြိမ်တွင် အရိုက်ခံလိုက်ရခြင်းက ကိစ္စတုံးပြီဟု သူမ တွေးထားလိုက်တော့သည်။ မျှော်လင့်မထားဘဲ အကြီးဆုံးမမလေးက ပြဿနာလုပ်တော့သည်။ သူမက ချက်ချင်းဆိုသလို ဒူးထောက်ချလိုက်ပြီး

“ အာလုံးက ဒီအစေခံရဲ့အမှားပါ၊ ဒီအစေခံက အမှားကို သိပါပြီ၊ အကြီးဆုံးမမလေး ကျေးဇူးပြုပြီး ဒီအစေခံကို ချမ်းသာပေးပါ”

ယိုကျင့်သည ခွေးခြေခုံလေးပေါ် တက်သွားပြီးပြီး မုန့်စားနေသည့် စုခမ်းကို ကြည့်လိုက်တော့သည်။ သည်ကိစ္စမှာ အရင်ကတည်း ဖြစ်နေကျပုံစံကဲ့သို့ မြေပေါ်တွင် ဒူးထောက်နေသည့် အဒေါ်ကျန်းကို တစ်ချက်လေးပင် မကြည့်ပေ။ ထိုအခါမှ သူမသည် ပုံမှန်နေ့များတွင် မောင်အငယ်ဆုံးလေးကို ဆုံးမသင်ကြားပေးမည့်အရေးအတွက် လုံးဝလျစ်လျူရှုထားခဲ့မိမှန်း သဘောပေါက်သွားတော့သည်။ ထိုအရာက သည်လောက်ငယ်ငယ်လေးနှင့် သူ့ထံတွင် သည်လိုအကျင့်မျိုး ရှိလာစေခဲ့လေသည်။

သူမက ကိုယ်တိုင် အဒေါ်ကျန်းကို တွဲထူပေးလိုက်ပြီး

“အဒေါ် ဘာတွေလုပ်နေတာလဲ၊ ဘာလို့ အလကားနေရင်း ဒူးထောက်နေတာလဲ”

သူမ၏ဘယ်ဖက်ပါးက အနည်းငယ်နီရဲသွားပြီး ရိုက်ခံလိုက်ရသဖြင့် ရောင်ကိုင်းလာသည်ကို တွေ့လိုက်ရသဖြင့် ယိုကျင့်သည် အခုလေးတင် စုခမ်းရိုက်လိုက်သည့် ရိုက်ချက်က အားကုန်သုံးလိုက်မှန်း သိလိုက်ရပြီး ဒေါသတို့ ဖောင်းတက်လာတော့သည်။ သို့သော် သူမက ပြုံးကာ အဒေါ်ကျန်းကို ပြောလိုက်လေသည်။

“ အဒေါ် ပြန်သွားပြီး အရောင်ကျသွားအောင် ဆေးလိမ်းလိုက်နော်၊ ဒီနေ့ လာပြီး အလုပ်လုပ်ပေးစရာ မလိုဘူးနော်၊ ကျွန်မ အဒေါ့်ကို တစ်ရက် ပေးနားပါမယ်”

အဒေါ်ကျန်းသည် အကြီးဆုံးမမလေးက သခင်လေးကို ကောင်းကောင်း ဂရုမစိုက်သဖြင့် သူမကို အပြစ်တင်ပြီး အပြစ်ပေးတော့မည်ဟု ထင်ခဲ့လေသည်။ မျှော်လင့်မထားဘဲ အကြီးဆုံးမမလေးက သူမ၏မျက်နှာပေါ်က ဒဏ်ရာကို မြင်သွားပြီး နားရက်တစ်ရက်ပေးခဲ့သည်။ အကြီးဆုံးမမလေးက စိတ်ဆိုးနေသည်ကို တွေ့လိုက်ရသဖြင့် သူမက ဘာမှ ထပ်မပြောတော့ဘဲ ယိုကျင့်တို့မောင်နှမနှင့် ယိုကျင့်ကို အလုပ်အကျွေးပြုနေသည့် အစေခံမလေးနှစ်ယောက်ကို ထားခဲ့ကာ ခြံအနောက်ဘက်သို့ မြန်မြန် လျှောက်ထွက်သွားလိုက်တော့သည်။

စုခမ်းသည် သည်ကိစ္စများကို ဂရုမစိုက်ပေ။ သူသည် အကြီးဆုံးအစ်မက သူနှင့်မျက်နှာချင်းဆိုင်တွင် လာထိုင်ပြီး သူ့ကို စိုက်ကြည့်နေသည်အထိပင် မမြင်သလို နေလိုက်သေးသည်။ သူ့နောက်လုပ်ရပ်မှာ စားပွဲပေါ်က မုန့်အားလုံးကို ယိုကျင့်က လုစားသွားမည်ကို စိုးသဖြင့် မုန့်အားလုံးကို သိမ်းလိုက်လေသည်။

“ခမ်းအာ ဘာလို့ အဒေါ်ကျန်းကို ရိုက်တာလဲ”

ယိုကျင့်သည် အနည်းငယ် စိတ်ပျက်သွားတော့သည်။ သို့တိုက် သူမသည် ငယ်ရွယ်ပြီး မသိမလိမ္မာသေးသည့် မောင်လေးကို သူ့ကိုယ်သူ ခုခံရန် အခွင့်အရေးတစ်ခု ပေးသင့်သည်ဟု ခံစားမိသည်။

စုခမ်း၏ ချောမောလှသည့်မျက်နှာသေးသေးလေးက အထင်သေးရွံ့ရှာမှုအပြည့် ဖြစ်နေပြီး

“ အဲဒီမိန်းမက သားကို အောက်ကျသွားအောင် လုပ်ခဲ့တာပဲ၊ ဒါကြောင့် သား သူ့ကို နည်းနည်းလောက် ရိုက်တာဘာဖြစ်လဲ၊ ဘာပဲဖြစ်ဖြစ် သူတို့တွေက သားတို့မိသားစုရဲ့အစေခံတွေပဲလေ မဟုတ်ဘူးလား”

“ နင့်ကို ဒီလိုဘယ်သူ သင်ပေးတာလဲ”

အခုလေးတင် ယိုကျင့်၏ အသေးစားနားလည်ပေးမှုလေးမှာ စုခမ်း၏စကားများကြောင့် လုံးဝ ပျောက်ကွယ်သွားတော့သည်။

စုခမ်းသည် ငယ်သေးသဖြင့် သည်ကိစ္စများကို စိတ်ထဲတွင်မထားတတ်သည်က သဘာဝပင်။ ဝါးထားသည့်မုန့်များကို မျိုချလိုက်ပြီး သူ့လည်ပင်းကို ဆွဲဆန့်လိုက်ပြီး

“ သားမမှားဘူး၊ သူတို့တွေတွေ သားတို့အိမ်က အစေခံတွေပဲ”

“စုခမ်း သေသချာချာရပ်စမ်း”

ယိုကျင့်၏ မျက်လုံးလှလှလေးများသည် သုန်မှုန်နေသည့်ဒေါသတို့ ပြည့်သွားတော့သည်။ မောင်လေးကဖြင့် သုံးနှစ်သားလေးပဲ ရှိသေးတယ်။ ဒီလို ပေကပ်ကပ်နဲ့အကျင့်တွေ ဘယ်လိုရလာတာလဲ။ သူ့ကို မလှုပ်မယှက်တွေ့လိုက်ရသဖြင့် ယိုကျင့်က လက်ကို ဆန့်ထုတ်လိုက်ပြီး မုန့်တစ်ခုကို ကိုင်ထားဆဲဖြစ်သည့် စုခမ်း၏ စိတ်ဆိုးနေသည့်လက်များကို နာနာလေး ရိုက်လိုက်တော့သည်။

“ရပ်စမ်း”

စုခမ်းသည် သုံးနှစ်အရွယ်အထိ အမျိုးသမီးစု၏ တယုတယဂရုစိုက်ပြီး အကာအကွယ်အောက်တွင် ကြီးပြင်းလာခဲ့သ်။ သူသည် သည်လိုဝမ်နည်းမှုမျိုးကို အဘယ်မှာ ခံစားနိုင်ပါမည်နည်း။ သူ့လက်သေးသေးလေသည် ချက်ချင်း နီရဲသွားပြီး ယောင်ကိုင်းလာကာ ကျိန်းစပ်သည့်နာကျင်မှုတို့ ထွက်ပေါ်လာတော့သည်။ စုခမ်း၏မျက်ရည်များသည့် စီးကျလာပြီး အကျယ်ကြီး အော်ငိုလေတော့သည်။

စုခမ်းသည် ခြံထဲတွင် ကစားနေခြင်းဖြစ်သည်။ လှုပ်ရှားမှုတစ်ခု ဖြစ်သွားသည်နှင့်ချက်ချင်း အမျိုးသမီးစုက ပင်မဆောင်အတွင်းမှ အပြေးရောက်ပြီး သူမ၏ တစ်ဦးတည်းသော အဖိုးတန်သားလေးက အသားများ နီရဲနေသည်အထိ ငိုကြွေးနေသည်ကို သွားတွေ့လေသည်။ ချက်ချင်းလိုပင် သူမက အပြေးဝင်သွားလိုက်ပြီး သားဖြစ်သူကို ပွေ့ထားလိုက်၏။ သူမက သူ့မျက်ရည်များကို သုတ်ပေးရင်း ဘေးတွင်ရပ်နေသည့် ယိုကျင့်ကို အပြစ်တင်တော့သည်။

“ကျင့်အာ ဘာလုပ်တာလဲ၊ မောင်လေးက အခုမှ သုံးနှစ်ပဲရှိသေးတာ ၊ ကိစ္စရှိရင်လည်း စကားနဲ့ပြောလေ၊ သူ့ကို ငိုရလောက်အောင် ဘာလို့ ရိုက်တာလဲ”

သူမသည် တစ်ချက်ကြည့်လိုက်ရုံနှင့် သားဖြစ်သူ၏ နီရဲနေသည့်လက်ကို သတိထားမိသွားပြီး ရင်နာသွားတော့သည်။

“ အမေ့ကို ဘေးမှာဆွဲထားလိုက်”

ယိုကျင့်က သည်မြင်ကွင်းကို အေးစက်စက် သဘောထားလိုက်၏။ ကိုယ်အတွင်းက ဒေါသတို့သည် ဆူပွက်နေတော့သည်။ သူမသည် ရုတ်ရုတ်သဲသဲ အသံကို ကြားလိုက်ကာ ထွက်လာကြသည့် ညီမငယ်များကို အမိန့်ပေးလိုက်လေသည်။

ယိုပေါင်နှင့် တခြားသူများ အချင်းချင်း ကြည့်လိုက်ကြပြီးနောက် အမျိုးသမီးစု၏ဘေးသို့ လျှောက်လာပြီး သူမကို လေသံပျော့ပျော့ဖြင့် ချော့မောလိုက်လေသည်။

“အမေ စိတ်မလှုပ်ရှားပါနဲ့၊ ခဏလောက်ထိုင်ပြီး နားလိုက်ပါအုံး”

သို့သော် အမျိုးသမီးစုက သူမကိုအင်္ကျီလက်ကို လာဆွဲသည့် သမီးတချို့ကို ခါချလိုက်ပြီး

“ သူက ငါ ဒီမှာရှိနေတောင်တောင် နင်တို့မောင်လေးကို ရိုက်ရဲတယ်လေ၊ ငါသာ ထွက်သွားရင် သူ ခမ်းအာကို သေအောင်ရိုက်တော့မှာမလား”

“ သခင်မကို ဆွဲခေါ်သွားကြ”

ညီမငယ်လေးများက အမျိုးသမီးစုကို နားမချနိုင်သည်ကို တွေ့လိုက်ရသဖြင့် ယိုကျင့်၏ဒေါသတို့က အမြင့်ဆုံးသို့ ရောက်သွားပြီး အဒေါ်စုန့်ကို သူမအား ဆွဲခေါ်သွားရန်ပြောလိုက်တော့သည်။

အဒေါ်စုန့်နှင့် ကျန်လူများက အနည်းငယ် အကျပ်ရိုက်သွားကြသော်လည်း အကြီးဆုံးမမလေးက စုမိသားစုတွင် ဆုံးဖြတ်ချက်ချသူမှန်း သိကြလေသည်။ ထို့ကြောင့် သူသည် မဝံ့မရဲဖြင့် ရှေ့သို့ လှမ်းသွားကြပြီး အမျိုးသမီးစုအား ဆွဲခေါ်သွားကြတော့သည်။ အမျိုးသမီးစုက စိတ်ဆိုးဆိုးနှင့် ယိုကျင့်ကို ကြည့်လိုက်ပြီး

“ ယိုကျင့် ဒါ ဘာလုပ်တာလဲ”

အကြီးဆုံးသမီးက ခံယူချက်ရှိတဲ့သူမှန်း သိထားတာပါ။ ဒီနေ့ကျမှာ သူမက မိသားစုရဲ့ အစေခံအားလုံးရှေ့မှာ သူမကို တကယ်ပဲ ဒီလိုအရှက်ခွဲရသတဲ့လား။

ယိုကျင့်က သူမကို အေးစက်စက် လှမ်းကြည့်လိုက်ပြီး အဒေါ်စုန့်နှင့် တခြားသူများကို ထွက်သွားဖို့ အချက်ပြလိုက်တော့သည်။

“ အဒေါ်စုန့် အားလုံးကို ခေါ်ထွက်သွားလိုက်”

အစေခံများသည် နားလည်မှု မရှိသူများ မဟုတ်ကြပေ။ သူတို့သည် သခင်များကြားက နောက်ကွယ်က ဖြစ်ရပ်ကို အလိုလို တွေ့မြင်ခဲ့ကြပြီးဖြစ်လေသည်။ အကြီးဆုံးမမလေးဆီက အမိန့်လက်ခံလိုက်ကြပြီးနောက် သူတို့သည် အလိုလို မြန်မြန်ထွက်သွားလိုက်ကြတော့သည်။ ဇရပ်ထဲတွင် အမျိုးသမီးစု၊ ယိုကျင့်၊ ယိုပေါင်၊ ရှောင်လျို့၊ ရှောင်ချီနှင့် စုခမ်းတို့သာ ကျန်ခဲ့သည်။ အားလုံးသည့် ခဏကြာသည်အထိ တိတ်ဆိတ်သွားလေသည်။ အငယ်များက ဘာဖြစ်နေမှန်း မသိကြပေ။ နှုတ်ဆိတ်နေကြ၏။ သူတို့၏အကြည့်များသည် အကြီးဆုံးအစ်မနှင့် အမေတို့ကြားတွင် ခေါက်တုံ့ခေါက်ပြန် သွားလာနေကြလေသည်။

“ စုခမ်း နင့်အမှားကို သိပြီလား”

ယိုကျင့်က မျက်နှာပေါ်တွင်မျက်ရည်များနှင့်ထိုနေရာတွင် စိတ်ပျက်ပျက်နှင့် ရပ်နေသည့် စုခမ်းကို တည်တည်ကြည်ကြည်ဖြင့် မေးလိုက်ပြီး စိုက်ကြည့်နေလိုက်သည်။

“ သားအမှားကို သိပါပြီ....”

ဘယ်သူမှ သူ့ကို မကူညီပေးနိုင်တော့မှန်း သိလိုက်သည့် စုခမ်းသည် ငယ်သေးသော်လည်း အစ်မအကြီးဆုံးက မိသားစုတွင် ပြောရေးဆိုခွင့်ရှိမှန်း သိလေသည်။ သူမှားသည်ဟု မထင်ခဲ့မိသော်လည်း သူ့အမှားကို ချက်ချင်းဝန်ခံရမည့် ပါးနပ်မှုက ရှိနေ၏။

သို့သော် ယိုကျင့်က သည်အခက်အခဲအခြေအနေကို ကမောက်ကမဖြစ်အောင် လုပ်ရန် အခွင့်အရေးတစ်ခု မပေးဘဲ မလျှော့တမ်းမေးခွန်း ဆက်မေးနေလိုက်သည်။

“ နင်ဘာမှားတာလဲ”

“ယိုကျင့်”

စုခမ်းက ခေါင်းလေးကို ပုထားတော့သည်။ သူ ဘာမှမပြောနိုင်ခင်မှာပင် အမျိုးသမီးစုက ထပ်သည်းမခံနိုင်တော့ပေ။ သူမက စုခမ်းကို သူမနောက်သို့ ပို့ကာ အကာအကွယ်ပေးရန် ရှေ့သို့တက်လာခဲ့သည်။

“ခမ်းအာက အခုမှ သုံးနှစ်ပဲရှိသေးတယ်၊ သူက ဘာသိမှာလဲ၊ ဘာအတွက်နဲ့များ ဒီလိုတွေလုပ်နေတာလဲ”

“ သူ သုံးနှစ်ရှိနေပြီဆိုတာ အမေလည်း သိသားပဲ”

ယိုကျင့်၏အမူအရာက သူမသည် နောက်ဆုံး ပြိုကွဲတော့မည့်အရေးကို ထိန်းသိမ်းရန် ကြိုးစားနေသည့်အလား။ သူမ၏အသံက အနည်းငယ်ဒေါသသံ ပိုထွက်လာပြီး အပြန်အလှန် စိုက်ကြည့်လိုက်

“ ရှောင်ဝူ၊ ရှောင်လျို့၊ ရှောင်ချီတို့ဆိုရင် သူတို့တွေ သုံးနှစ်အရွယ်ကတည်း သမီးတို့နောက် စပါးနှံတွေ လိုက်ကောက်ဖို့ သိနေပြီ။ သူကျတော့ရော”

အမျိုးသမီးစုသည် သမီးဖြစ်သူ၏ ရုတ်တရက် ဒေါသမီးကြောင့် လန့်ဖျပ်တုန်လှုပ်သွားတော့သည်။ သူမ၏စိတ်အားသည် မနေသာတော့ဘဲ အနည်းငယ်ချိနဲ့သွားပြီး ပျော့ပြောင်းသွားကာ တတွတ်တွတ် ပြောလိုက်တော့သည်။

“မတူဘူးလေ၊ ခမ်းအာက ယောက်ျားလေး၊ သူ့ခန္ဓာကိုယ်က အားနည်း......”

“အမေ အမေနဲ့ ယွဲ့မိသားစုက လူတွေနဲ့ ဘာကွာသေးလဲ”

အမျိုးသမီးစု၏မှတ်ချက်ကို ကြားလိုက်ရပြီးနောက် ယိုကျင့်၏ နှလုံးသားသည် အနည်းငယ် မအေးစက်ဘဲ မနေနိုင်အောင် ဖြစ်သွားတော့သည်။

အငယ်များသည်လည်း လွန်ခဲ့သည့်သုံးနှစ်က ဖြစ်ပျက်ခဲ့သည်များကို မေ့လုနီးနီး ဖြစ်သွားကြသည်။ သို့သော် ယိုပေါင်ကတော့ မှတ်မိနေသေး၏။ သူမသည် အကြီးဆုံးအစ်မက ယွဲ့မိသားစုကလူများကို မည်မျှမုန်းတီးကြောင်း အလိုလို သိထားလေသည်။ သူမသည် သည်စကားကို ပြောလိုက်ကတည်းက အမေက အကြီးဆုံးအစ်မကို ရင်ကွဲအောင် လုပ်နေမှန်း ရှင်းလင်းသွားတော့သည်။ သူမက ယိုကျင့်ဘေးသို့ ခြေလှမ်းအနည်းငယ် ရွေ့သွားလိုက်ပြီး ဝမ်းနည်းရသည့်လေသံဖြင့် ပြောလိုက်၏။

“ မကြီး....”

အမျိုးသမီးစုသည် သားဖြစ်သူအတွက် ခုခံပြောဆိုပေးခြင်းက သမီးဖြစ်သူ၏ စိမ်းကားမှုကို ပြန်ရလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။ သူမသည် တစ်ချိန်ထဲတွင် ဝမ်းနည်းဒေါသ ဖြစ်သွားတော့သည်။

“ယိုကျင့် နင်ဒီနေ့ ဘာဖြစ်နေတာလဲ၊ ခမ်းအာကို ရိုက်ပြီးတော့ အခု ငါ့ကို စွပ်စွဲနေတာလား”

အမျိုးသမီးစု ယွဲ့မိသားစုတွင် ခံစားခဲ့ရသည့် အခက်အခဲများကို မေ့မသွားသည်က ပြောရန်ပင်မလိုချေ။ သူမသည် ယွဲ့မိသားစုနှင့် အတူတူပဲဟု သမီးဖြစ်သူ၏သတ်မှတ်ခံလိုက်ရသဖြင့် ရင်ထဲမှ အော့နှလုံးနာစရာကောင်းလောက်အောင် ဖြစ်သွားလေတော့သည်။

…

အပိုင်း (၁၀၂) ထိန်းသိမ်းကြပ်မတ်ရမယ်

“အမေက ပြောတယ် ခမ်းအာက ယောက်ျားလေးတဲ့၊ သူက သမီးတို့နဲ့ မတူဘူးတဲ့”

ယိုကျင့်သည် အမျိုးသမီးကို တည့်တည့် စိုက်ကြည့်လိုက်၏။ သူမ၏လေသံသည် လုံးဝ အတက်အကျ မရှိ ဖြစ်နေသော်လည်း ယိုပေါင်၏စိတ်ထဲတွင် အပ်တစ်ချောင်းနှင့် ထိုးသလို နာကျင်သွားတော့သည်။ အငယ်များက အတိတ်က အသေးအဖွဲကိစ္စများကို မမှတ်မိသော်လည်း သူတို့မိသားစု လော့ဟယ်မြို့သို့ အဘယ်ကြောင့် ရောက်လာရမှန်းကိုတော့ အားလုံးက ရှင်းရှင်းလင်းလင်း မှတ်မိနေသည်။ ယွဲ့မိသားစုက သူတို့ကို မိန်းကလေး ဖြစ်နေသည့်အတွက် မနှစ်မြို့သလို သားတစ်ယောက် မမွေးပေးနိုင်ခဲ့သည့်အတွက် သူတို့အမေကို အထင်ခဲ့ပြီး သူတို့မောင်လေး ဖျားနာနေသည်ကို မကြိုက်သောကြောင့်ပင်။

မိန်းကလေးငယ်များ၏ မျက်လုံးများသည် ကျိန်းစပ်သွားကြတော့သည်။ သူတို့၏နီရဲနေသည့် မျက်လုံးများက အမျိုးသမီးစုအား လူသားစားသည့် မိစ္ဆာကြီးတစ်ကောင်သို့ ပြောင်းသွားသည့်နှယ် ကြည့်နေကြ၏။

သမီးဖြစ်သူများ၏ သူမအပေါ် သဘောထားက ချက်ချင်း ပြောင်းလဲသွားသည်ကို မြင်လိုက်ရဖြင့် အမျိုးသမီးစုသည် အနည်းငယ် အလန့်တကြား ဖြစ်သွားတော့သည်။

“ မဟုတ်ဘူး ယိုကျင့် အမေက ဒီသဘောပြောတာမဟုတ်ပါဘူး၊ ဒီမိသားစုက သမီးတို့ရဲ့မောင်လေးကို ဒီအိမ်ရဲ့ ခေါင်းဆောင်အဖြစ် မှီခိုရအုံးမှာမလို့ပါ၊ အမေက သူ နစ်နာတယ်လို့ ခံစားသွားရမှာစိုးလို့ပါ”

အမျိုးသမီးစု၏ အမြင်တွင်တော့ သူမသည် မမှားပေ။ အခု မိသားစုရဲ့ပိုင်ဆိုင်သမျှကို နောင်တစ်ချိန်ကျရင် သူမရဲ့သားကိုပဲ လွှဲပေးရမှာမလား။ သူမမှာ ဒီသားလေးတစ်ယောက်ပဲ ရှိတာလေ။ မိသားစုအခြေအနေကလည်း မလုပ်ပေးနိုင်စရာအကြောင်းမှ မရှိဘဲနဲ့ သူ့ကို နည်းနည်းလောက် အလိုလိုက်ထားတော့ ဘာဖြစ်မှာမလို့လဲ။

“ သမီးရဲ့ညီမလေးတွေနဲ့ သမီးက မိသားစုစီးပွားရေးကို တည်ထောင်ဖို့ အရမ်းကို ခက်ခက်ခဲခဲ ကြိုးစားလာရတာ၊ နောက်ပိုင်း ညီမလေးတွေ လက်ထပ်တဲ့အချိန်ကျရင် ဒါတွေက သူတို့ရဲ့လက်ဖွဲ့ ပစ္စည်း ဖြစ်သွားမှာ၊ ဒါကို ခမ်းအာကို ပေးမယ်လို့ ဘယ်သူပြောလို့လဲ”

ယိုကျင့်သည် အမျိုးသမီးစုကို တည့်တည့်ကြည့်ရင်း ဖြည်းဖြည်းချင်း ပြောလိုက်လေသည်။

“သမီးကတော့ အမေဟာ ဒီလောက်ပင်ပန်းဆင်းရဲတဲ့ ဘဝမှာ နှစ်ပေါင်းများစွာနေလာပြီးပြီဆိုတော့ ယွဲ့မိသားစုလို လူတွေကို မုန်းတီးသွားလောက်ပြီလို့ ထင်ထားတာ၊ နောက်ဆုံးတော့ အမေက အဲလိုလူစားမျိုး ဖြစ်သွားမယ်လို့ ထင်မထားခဲ့မိဘူး”

“ ရှေးခေတ်ကတည်းက ယောက်ျားတွေက အမြဲတမ်း အိမ်ထောင်ဦးစီး လုပ်ခဲ့ကြတာပဲ၊ အမေတို့အိမ်ကျမှ ဘာလို့ ကွဲပြားနေရမှာလဲ”

အမျိုးသမီးစုသည် သမီးဖြစ်သူထံတွင် ဤမျှထိတ်လန့်ဖွယ်ရာ အတွေးများ ရှိနေလိမ့်မည်ဟု လုံးဝ မသိခဲ့ချေ။ သူမသည် အနည်းငယ် ဒေါသ မထွက်ဘဲ မနေနိုင်အောင် ဖြစ်သွားတော့သည်။ စိုးရိမ်ကြောက်လန့်သည့် အရိပ်တစ်ခုကလည်း ရှိနေ၏။

“ယိုကျင့် ဒီနေ့ ဒီစကားတွေ ပြောနေတာ ဘာအဓိပ္ပာယ်လဲ၊ မဟုတ်မှလွဲရော ဒီလောက်ကြီးတဲ့ လုပ်ငန်းကို မင်းရဲ့မောင်လေးထက် အပြင်လူတွေကို ပေးလိုက်မလို့လား”

“ အပြင်လူ ဟုတ်လား၊ ဘယ်သူက အပြင်လူလဲ၊ သမီးက ဒီမိသားစုရဲ့ချမ်းသာမှုကို ညီမလေးတွေဆီ လက်ဖွဲ့ပစ္စည်းအဖြစ် ချန်ထားပေးချင်တာ၊ ညီမလေးတွေက အပြင်လူတွေမှ မဟုတ်တာ”

ယိုကျင့်သည် အမျိုးသမီးစု၏ မှတ်ချက်ကိုကြားလိုက်ရချိန်၌ ပို၍ပင် ဒေါသထွက်လာတော့သည်။

“ အမေလည်း မိန်းမတစ်ယောက်ပဲ၊ အဲလိုစကားပြောတာ ကိုယ့်ဟာကိုယ် အဆင့်ချနေသလို ဖြစ်မနေဘူးလား၊ ဒီနေ့ ခမ်းအာက သူ ခြေချော်သွားတာလေးနဲ့ အဒေါ်ကျန်းကို ရိုက်နိုင်တယ်၊ မနက်ဖြန်ကျရင် သူ့ချမ်းသာမှုကို အခွင့်ကောင်းယူပြီး လူသတ်မှုပါ ကျူးလွန်တော့မှာလား၊ မောင်လေးသာ ဒီလိုဖြစ်လာမယ်ဆိုရင် အစကတည်းက သူ့ကို မွေးခဲ့မှာ မဟုတ်ဘူး”

ယိုကျင့်၏စကားများသည် အလွန်ရက်စက်သွားတော့သည်။ အမျိုးသမီးစုမှာ ထိုစကားကို ကြားလိုက်ရပြီးနောက် အလန့်တကြား ဖြစ်သွားပြီး နောက်သို့ ခြေလှမ်းတော်တော်များများ ဆုတ်မိသွားတော့သည်။ နောက်ဆုံးတွင် သူမသည် ခြေချော်သွားပြီး မြေကြီးပေါ်သို့ ပုံလျက်သား ထိုင်ကျသွားတော့သည်။ သူမ၏မျက်လုံးများထဲတွင် လန့်ဖျပ်ကာ ဒေါသများ ဖြစ်နေတော့၏။

ကလေးများသည် ပုံမှန်ဆိုလျှင် အမျိုးသမီးစုနှင့် အလွန်ရင်းနှီးကြလေသည်။ သို့သော် သည်နေ့တွင် သူတို့အမေက မြေကြီးပေါ် လဲကျသွားသည့်မြင်ကွင်းကို မြင်လိုက်ကြသော်လည်း မည်သူကမှ ရှေ့သို့တက်လာကာ သူမကို မထူပေးကြပေ။ အခုတော့ သူတို့အားလုံးသည် စိတ်လှုပ်ရှားကာဖြင့် မြေကြီးပေါ်တွင် မလှုပ်မယှက် ဖြစ်နေလေသည်။ စိတ်လွတ်သွားပြီး မကြီးဘက်သို့ လှည့်ကြည့်လိုက်ကြ၏။ သူတို့သည် ဘာလုပ်လို့ ဘာကိုင်ရမည်မှန်း မသိတော့ပေ။

“ မင်း ယိုကျင့်”

လက်ရှိတွင် မြေကြီးပေါ်တွင် ပုံလျက်သားဖြစ်နေသည့် အမျိုးသမီးစုသည် သမီးဖြစ်သူကို အမှန်ပင် တစ်ချက်လောက်ရိုက်ပြီး ပိုသိတတ်လာအောင် ဆုံးမချင်နေတော့သည်။

“ မင်က မင်းရဲ့မောင်လေးကို သေသွားစေချင်တဲ့အထိ အဲလောက်ရက်စက်ရလား”

စုခမ်းသည် အမေဖြစ်သူက သည်နည်းဖြင့် မကြီးကို ဝေဖန်ပြစ်တင်နေသည်ကို ကြားလိုက်ရပြီး မကြီးက တရားမျှတသည့်အသွင်ဖြင့် မားမားမတ်မတ်ရပ်နေသည်ကို မြင်လိုက်ရသဖြင့် မကြီးက အမေ့ကို အနိုင်ကျင့်နေသည်ဟု ခံစားလိုက်ရလေသည်။ သူ့ပြည့်ဖောင်းဖောင်းကိုယ်လေးက ရှေ့သို့ အတင်းတိုးလာပြီး ယိုကျင့်ကို စတင် ရိုက်တော့သည်။

“ အမေ့ကို အနိုင်ကျင့်တယ်၊ အမေ့ကို အနိုင်ကျင့်တယ်”

ယိုကျင့်က စုခမ်း၏ ရန်လိုနေသည့် လက်သည်းလေးများကို ဖမ်းလိုက်ပြီး အေးတိအေးစက် ပြောလိုက်၏။

“သမီးကြောင့်သာ မဟုတ်ရင် စုခမ်းက ဒီနေ့အထိ အသက်ရှင်မှာတောင် မဟုတ်ဘူးမလား၊ အခုချိန်လောက်ဆိုရင် သူမြေကြီးတောင် ဖြစ်သွားလောက်မှာ စိုးရတယ်”

သူမသည် စုခမ်း၏ဖင်ကို ခပ်နာနာလေးရိုက်လိုက်ပြီး

“ ခမ်းအာက လူတွေကို ရိုက်ရတာ ပျော်စရာကောင်းတယ်လို့ ထင်တယ်ဆိုတော့ မကြီးက မင်းနဲ့ နေ့တိုင်းကစားပေးမယ်လေ ဘယ်လိုလဲ”

ယိုကျင့်သည် သူမ၏အားကို ထိန်းထားသော်လည်း စုခမ်းကို နာကျင်မှုကြောင့် အော်ငိုသွားစေလေသည်။ လူကြီး၏ ဆူပူသံနှင့် ကလေးများ၏ငိုယိုသံများက ရောသွားတော့သည်။ အပြင်ဘက်တွင် ပုန်းကွယ်နေကြသည့် အစေခံများနှင့် ဝင်မလာရဲကြသည့် အစေခံများအားလုံး လန့်ဖျပ်သွားကြတော့သည်။ ဘယ်သူက ဝင်လာပြီး ဘာမှမပြောရဲကြပေ။ နောက်ဆုံး ဒါသည် သခင်၏ ကိုယ်ရေးကိုယ်တာ ကိစ္စဖြစ်လေသည်။ သူတို့လို အစေခံများက အဘယ်မှာ ဝင်ပါရဲကြပါမည်နည်း။

“ ဘာသဘောလဲ၊ မင်း ခမ်းအာကို ဘာလုပ်ချင်နေတာလဲ”

အမျိုးသမီးစုသည် ကျောက်စားပွဲကို အားပြုပြီး ကိုယ့်ဟာကိုပြန်ထလိုက်ကာ မျက်လုံးနီများဖြင့် ယိုကျင့်ကို ကြည့်လိုက်လေသည်။ ထိုအခါမှ အကြီးဆုံးသမီးဖြစ်သူသည် သူမ၏ထိန်းချုပ်မှုအောက်တွင် မရှိတော့မှာ သဘောပေါက်သွားတော့သည်။ သူမတွင် သမီးဖြစ်သူကို ခုခံနိုင်စွမ်းလုံးဝမရှိပေ။

အော်ဟစ်ငိုကြွေးနေရာ တရှုံ့ရှုံ့ငိုနေသည့် စုခမ်းကို ကြည့်လိုက်ပြီး ယိုကျင့်က ခပ်ယဲ့ယဲ့ ပြုံးလိုက်တော့သည်။

“ သမီး ဘာမှမလုပ်ချင်ပါဘူး၊ သမီးတို့ရဲ့ တစ်ဦးတည်းသော အမွေဆက်ခံသူလေးကို ထိန်းကွပ်ပေးချင်ရုံပါ၊ ဒါပါပဲ၊ အဲလိုမှ မဟုတ်ရင် နောင်တစ်ချိန်မှာ သူက မိသားစုကို ဘယ်လိုရပ်တည်နိုင်အောင် လုပ်ပေးနိုင်မှာလဲ”

ထိုစကားများ ထွက်လာပြီးနောက်တွင် လေးလေးပင်ပင်နှင့် အလေးပေးပြောလိုက်သည့် ‘ တစ်ဦးတည်းသော ဆက်ခံသူ’ ဟူသည့် စကားလုံးက အမျိုးသမီးစု၏မျက်ခုံးများကို တွန့်ချိုးသွားစေတော့သည်။

“ သုံးနှစ်အရွယ်လေးက အသက်ကြီးလာရင် ဘာဖြစ်မယ်ဆိုတာ သိနိုင်ပါတယ်၊ အခု ခမ်းအာ ဒီအရွယ်ရောက်လာပြီ၊ သူ အိမ်ကလူတွေကို စပြီး ရိုက်နက် ကန်ကျောက်နေပြီ၊ နောက်ဆိုရင် လမ်းပေါ်မှာ တခြားလူကို စိတ်ရှိတိုင်း ရိုက်နှက်ဆဲရေးတော့မှာ မလား၊ သမီးတို့က အမေသူ့ကို အဲလို အလိုလိုက်နေတာကို လွှတ်ထားရင် သမီးတို့မိသားစုရဲ့ အိမ်တိုင်ကြီးက ယိုယွင်းလာလိမ့်မယ်၊ သမီးက ညီမလေးတွေကို ကောင်းကောင်း သင်ကြားပေးနိုင်တာမလို့ ခမ်းအာကိုလည်း ကောင်းကောင်း သင်ပေးနိုင်မှာပဲ၊ အခု သမီးတို့တွေ ဒီကိစ္စကို ထုတ်ပြောလိုက်ကြပြီဆိုတော့ သမီးအနေနဲ့ အမေစိတ်ဆိုးမှာလည်း မကြောက်တော့ဘူး၊ ခမ်းအာက ဒီလို ဆက်အလိုလိုက်ခံရပြီး ကြီးလာရင် သူက နောက်ဆို ယွဲ့မိသားစုနဲ့ ချန်လောင်စန်းတို့နဲ့ ဘာကွာအုံးမှာလဲ”

သည်အချိန်တွင်တော့ ယိုကျင့်သည် စိတ်တည်ငြိမ်သွားပြီဖြစ်သည်။ သူမသည် တည်ကြည်သည့် မျက်လုံးများက တစ်နည်းနည်းဖြင့် တွေဝေနေသည့်အမျိုးသမီးစုထံ ကျရောက်သွားပြီး သူမကို တည့်တည့်ကြည့်လိုက်ကာ

“အမေ ခမ်းအာကို ဒီလိုလူမျိုးဖြစ်လာအောင် ပျိုးထောင်ခဲ့မယ်ဆို အစကတည်းက သူ့ကိုမမွေးခဲ့တာမှ ပိုကောင်းသေးတယ်”

“ အဲလောက် မပြင်းထန်.....”

သမီးဖြစ်သူ၏ စကားကို ကြားလိုက်ရသဖြင့် သူမ၏အမူအရာသည် အလွန်လေးနက်လာတော့သည်။ သူမသည် အသက်ရှူကြပ်လာသလို မလုံမလဲ ခံစားလိုက်ရတော့သည်။ သူမသည် အထစ်ထစ် အငေါ့ငေါ့ဖြင့် ပြောလိုက်၏။

“ ခမ်းအာက အခုထိ ဘာမှမသိသေးပါဘူး၊ အမေ ဖြည်းဖြည်းချင်း သင်ပေးပါ့မယ်....”

“အမေက ခမ်းအာကို ဘာမှမသိသေးဘူးလို့ပြောနေတာ ရှောင်ပါ့ဆို ဘယ်တုန်းကမှ လူတွေကို မရိုက်ဖူးဘူး”

ယိုပေါင်၏ ကလေးဆန်ဆန်အသံက ထွက်လာလေသည်။ သူမသည် မကြီး၏ဘက်တွင် ပြတ်ပြတ်သားသား ရပ်တည်လိုက်လေသည်။ အထူးသဖြင့် ခမ်းအာက အခုလေးတင် မကြီးကို ရိုက်လိုက်သည်ကို မြင်လိုက်ရပြီးနောက် သူမသည် မောင်လေးဖြစ်သူကို အလွန်စိတ်ပျက်သွားတော့သည်။ ရှောင်လျို့နှင့် ရှောင်ချီတို့သည် ပုံမှန်နေ့များတွင် မကြာခဏဆိုသလို ခမ်းအာ၊ ရှောင်ပါ့တို့နှင့် ကစားတတ်လေသည်။ အစ်မရှောင်စစ်က ထုတ်ပြောလိုက်သည်ကို ကြားလိုက်ရချိန်၌ အားလုံးက တစ်ပြိုင်ထဲ ခေါင်းညိတ်လိုက်ကြတော့သည်။

“ ဟုတ်တယ် မောင်လေးက လူတွေကို ရိုက်ရတာ ကြိုက်တယ်၊ သူ သမီးကို တောင် ရိုက်ခဲ့သေးတယ်”

သမီးငယ်လေးများ၏ မျက်နှာပေါ်တွင် သူတို့၏မောင်ဖြစ်သူကို သဘောမကျကြသည့်အမူအရာကို မြင်လိုက်ရသဖြင့် အမျိုးသမီးစုသည် မောင်နှမများကို စိတ်ဝမ်းကွဲသွားစေသည်မှာ အမှန်ပင် သူမ၏ အမှားလားဟု မစဥ်းစားဘဲ မနေနိုင်ဖြစ်သွားတော့သည်။ သို့သော် သားဖြစ်သူကို တခြားလူအား ထိန်းကွပ်ပေးခွင့်ပေးလိုက်ရန်က ထိုလူသည် မိသားစု၏ ကျောရိုးဖြစ်နေပါစေ သူမသည် တုံ့ဆိုင်းနေလေသည်။

“ယိုကျင့် သမီး အမေ့ကို တကယ်ပဲ မယုံဘူးလား၊ အမေ ကတိပေးပါတယ် အခုချိန်ကစပြီး အမေ ခမ်းအာကို ကောင်းကောင်း ကြပ်မတ်ပါ့မယ်”

သားဖြစ်သူက သူမဘေးတွင် ရှိနေသ၍ အမျိုးသမီးစုသည် မည်သည့်အခက်အခဲကိုမဆို ကျော်လွှားနိုင်သည်ဟု သတ်မှတ်ထားလေသည်။

“ ဘာပဲဖြစ်ဖြစ်လေ အမေက သမီးတွေကို မွေးခဲ့တာပဲ၊ ပြီးတော့ ယိုကျင့် သမီးက အရမ်းအလုပ်များတယ်၊ ဒါတွေအားလုံးကို စီမံဖို့ ဘယ်မှာ အချိန်ရှိမှာလဲ”

ယိုကျင့်သည် သူမ၏လက်ကို ကိုက်ထားသည့် စုခမ်းအား ဂရုမစိုက်သလို စိန်းစိန်းဝါးဝါး ကြည့်လိုက်တော့သည်။ သူမက အားနေသည့်လက်တစ်ဖက်ဖြင့် စုခမ်း၏ရန်လိုနေသည့် ပါးစပ်ကို ဆွဲဆိတ်လိုက်ပြီး

“ မင်း လူတွေကို ကိုက်ရတာ အရမ်းကြိုက်တယ်ဆိုမှတော့ မင်းကို ရှောင်ဟေးနဲ့ ဝမ်ချိုင်တို့နေရာနား ပြောင်းပေးပြီး သူတို့နဲ့ အတူတူနေခိုင်းလိုက်ရမလား”

အခုတော့ ရှောင်ဟေးနှင့် ဝမ်ချိုင်တို့သည် ကိုယ်ခွေးအိမ်လေးများ ရှိကြသည်။ စုမိသားစု၏လက်ရှိ လုပ်ငန်းကြီးများကြောင့် အိမ်စောင့်ထားရန် ဝံပုလွေခွေး ၆ကောင် ၇ကောင်လောက် မွေးထားလျှင် တော်တော်အဆင်ပြေသည်။

စုခမ်း၏ ဝိုင်းစက်နေသည့်မျက်လုံးများက တစ်ဝက်ဒူးထောက်ထိုင်နေသည့် မကြီးကို ဒေါသတကြီး ကြည့်နေလေသည်။ ညစ်ပတ်နံစေနေသည့် ခွေးအိမ်ကို တွေးမိသွားပြီး သူက ချက်ချင်း ခေါင်းခါပြလိုက်၏။

“ဟင့်အင်း ခွေးတွေနဲ့မနေဘူး”

ယိုကျင့်၏ ဆွဲဖျစ်ခံထားရသည့် မျက်နှာလေးနှင့် စကားကို သေသေချာချာ မပြောတတ်သေးသည့် စုခမ်းက မကြီး၏ ‘စေတနာ’ကို မြန်မြန် ငြင်းပယ်လိုက်လေသည်။

“ မင်း နောက်ပိုင်း ထပ်ကိုက်ရင် မင်းအိပ်ရာကို ခွေးအိမ်ထဲ ပြောင်းခိုင်းလိုက်မယ်”

စုခမ်းက မာန်ကျသွားသည်ကို မြင်လိုက်ရသဖြင့် ယိုကျင့်က ကျေနပ်သွားကာ သူ့ကို လွှတ်ပေးလိုက်တော့သည်။

“ယိုပေါင် မောင်လေးကို ခေါ်သွားပြီး သန့်ရှင်းရေးလုပ်ပေးလိုက်၊ ပြီးရင် အရှေ့ဘက်ခြံက စာကြည့်ခန်းဘေးက အခန်းလွတ်ကို တစ်ယောက်ယောက်ခေါ်ရှင်းခိုင်းလိုက်၊ အခုချိန်ကစပြီး ခမ်းအာ အဲမှာပြောင်းနေရမယ်”

သမီးဖြစ်သူ၏ အရေးမလုပ်သည့် ချစ်ခြင်းကို မြင်လိုက်ရပြီး သူမ၏သားကို ပင်မဆောင်မှ ပြောင်းခိုင်းလိုက်သည်ကို တွေ့လိုက်ရတော့ အမျိုးသမီးစုမှာ အနည်းငယ်စိတ်ဓာတ်ကျသွားတော့သည်။ အကြီးတစ်ယောက်အနေဖြင့် သူမသည် သမီးဖြစ်သူကို ခေါင်းလေးချကာ အသနားခံခဲ့ရသည်။ သို့တိုင် သမီးဖြစ်သူက သူမကို သည်လိုဖြစ်အောင် တိုက်တွန်းနေဆဲ။ မကျေမနပ်ဖြင့် သူမက ပြောလိုက်၏။

“ ယိုကျင့် မင်း ခမ်းအာကို ပြောင်းဖို့ အမိန့်ပေးတယ်၊ အမေ့ကိုရော မေးရဲ့လား၊ အမေ ဒီကိစ္စကို သဘောမတူဘူး”

“ အမေ ကိုယ့်ကလေးကို အရာရှိတွေ ရိုက်တာ ခံခိုင်းတာထက် ကိုယ့်ဟာကိုယ် ပြန်ရိုက်တာ ပိုကောင်းပါတယ်၊ သမီးတို့ ဒီနေ့ သူ့ကို မဆုံးမထားရင် မနက်ဖြန် သူ လူသတ်မှု ကျူးလွန်တော့မယ်၊ အဲဒီအခါကျမှ အရာရှိတွေက သူ့ကို ရိုက်တာကို အမေက ကျေနပ်နေတော့မှာလား”

ယိုကျင့်သည် ဂရုမစိုက်စွာဖြင့် အမျိုးသမီးစုကို ဝေ့ကြည့်လိုက်လေသည်။

“ သားကို ကောင်းကောင်း မဆုံးမပေးခဲ့ရင် အဖေ့အပြစ်ပဲ၊ သမီးတို့မှာ အဖေမရှိဘူး၊ ဒီတော့ အမေက ကလေးတွေကို ဒီလိုပျိုးထောင်လာတဲ့အတွက် အမြဲတမ်း တာဝန်ယူနိုင်မှာလား၊ ခမ်းအာက ငယ်သေးတယ်၊ သူ့ကို အသားလွတ်ချစ်ပေးရမယ်လို့ အမေ အမြဲစဥ်းစားလာတာ၊ ခမ်းအာရဲ့ လက်ရှိ အမူအကျင့်တွေက ဒီလိုဖြစ်နေတာတောင် အမေက မဆင်ခြင်မိသေးဘူး၊ အဲဒီအစား အမေက သမီးကို အပြစ်တင်နေတယ်၊ ခမ်းအာသာ ကျင့်ဝတ်တွေမသိ၊ ရိုက်ရ ကိုက်ရတာကို ကြိုက်တဲ့ တခြားလူရဲ့ ကလေးဖြစ်နေရင် အမေက သူ့ကို လိမ္မာတယ်လို့ တွေးအုံးမှာလား”

ယိုကျင့်သည် ထိုစကားကို ပေါ့ပေါ့ပါးပါး ပြောလိုက်သော်လည်း အမျိုးသမီးစု၏စိတ်ထဲတွင် မိုးကြိုးပစ်ခံလိုက်ရသလို ပေါက်ကွဲသွားတော့သည်။ သူမ၏အတွေးများသည် ဦးနှောက်ထဲ ပြေးလွှားနေ၏။ အကြီးများက မိသားစုကို ထောက်ပံ့ရန် တာဝန်ယူထားပြီး အငယ်များက အလွန်လိမ္မာသိတတ်မှန်း တွေးမိသွားတော့သည်။ ခမ်းအားတစ်ယောက်သာလျှင် ပြဿနာအရှာတတ်ဆုံး စိတ်နေစိတ်ထား ဖြစ်နေ၏။

အချိန်တော်တော်ကြာအောင် အမျိုးသမီး၏ ကိုယ့်ကိုယ်ကို ရုန်းကန်နေပုံကို မြင်လိုက်ရသဖြင့် ယိုကျင့်သည် စိတ်အေးသွားကာ သက်ပြင်းတစ်ချက်ချလိုက်တော့သည်။ အမျိုးသမီးစု၏ ရုန်းကန်မှုက သူမသည် ထိုကိစ္စကို သေသေချာချာတွေးနေမှန်း ဖော်ပြနေ၏။ သူမရဲ့သားက မိသားစုရဲ့ အိမ်တိုင်မလို့ ဆိုးမိုက်တဲ့သူအဖြစ် ကြီးလာရင် ...။ ယိုကျင့်ကတော့ သူမနဲ့ ညီမလေးတွေ ခက်ခက်ခဲခဲ လုပ်လာခဲ့တဲ့ မိသားစုလုပ်ငန်းကို စုခမ်း ဖျက်ဆီးပစ်မှာကို ခွင့်ပြုမှာမဟုတ်ဘူး။ ဒီခေတ်မှာ မိန်းမတွေအတွက် သတ်မှတ်ချက်တွေ အများကြီး မရှိပေမဲ့ မိန်းမတွေက အမြဲတမ်း အရေးနိမ့်တဲ့ဘက်မှာ ရှိနေတုန်းပဲ။ နောက်ပြီး ယိုကျင့်က အမြဲတမ်း သန်မာတဲ့စရိုက်တစ်ခု ရှိခဲ့တယ်။ မိသားစုပိုင်ဆိုင်မှုကို မိသားစုဝင်တွေကြားမှာ ဝေစုကိုးခု ခွဲဖို့ ဆုံးဖြတ်ထားပြီးသား။

ဒါပေမဲ့ အမျိုးသမီးစုက အားနည်းတဲ့ စိတ်နေသဘောထား ရှိနေတယ်။ သူမရဲ့အကျင့်အတိုင်းဆိုရင် ‘လင်သေသွားရင် သားရဲ့စကားကိုနားထောင်မယ်’ ဆိုတဲ့အတိုင်း ကျင့်သုံးတော့မှာပဲ။ စုခမ်းကိုသာ လွဲမှားပြီး ပျိုးထောင်ပေးခဲ့ရင် နောက်ပိုင်း သူတို့ညီအစ်မတွေကိုတောင် သေချာပေါက် ဝင်စွက်ဖက်လိမ့်မယ်။ သူတို့ညီအစ်မတွေအတွက် ဆိုးသွမ်းတဲ့မောင်လေးကို ထောက်ပံ့ပေးတာမျိုး မဖြစ်ရအောင် ယိုကျင့်က အမျိုးသမီးစုကို ဆက်ပြီး ခွင့်ပြုပေးတော့မှာ မဟုတ်လေဘူး။

***

သည်ဝရုန်းသုန်းကားအခြေအနေသည် အမျိုးသမီးစု၏ အပေးအယူနှင့် ယိုကျင့်၏ လိုက်လျောချက်တို့ကြောင့် ပြီးဆုံးသွားတော့သည်။ စုခမ်းသည် ပင်မဆောင်တွင် ဆက်နေရသော်လည်း အမျိုးသမီးစု၏ ဘေးမှထွက်လာရပြီး ပင်မဆောင်ခြံဝင်း၏ အနောက်ဘက်ဆောင်တွင် တစ်ယောက်ထဲ နေရသည်။ ထို့အပြင် ယိုကျင့်က တတိယသခင်ကြီးဟွမ်ကို အကူအညီတောင်းက အသက်၅၀ ဝန်းကျင်တွင် အိမ်လိုက်သင်ပေးသည့် ဆရာဖြစ်လာသည့် ချန်းမျိုးနွယ် ရှို့ချိုင်( ကျွီရန် အောက်အဆင့်) တစ်ယောက်ကို ရှာတွေ့ခဲ့သည်။

တတိယသခင်ကြီးဟွမ်သည် ပြီးခဲ့သည့်နှစ်နှစ်အတွင်း စုမိသားစုနှင့် စီးပွားရေးအများအပြား တွဲလုပ်ခဲ့သည်။ ထို့အပြင် ပိုင်ရှင်မိသားစု၏ အကြီးဆုံးသားကလည်း မပြန်ခင် စုမိသားစုကို စောင့်ရှောက်ပေးဖို့ သူ့ကို မှာသွားသည်။ အခုတော့ ယိုကျင့်က အကူအညီလာတောင်းသဖြင့် သူကလည်း အကောင်းဆုံးဖြစ်အောင် ကူညီပေးခဲ့သည်။ ရက်အနည်းငယ်အတွင်း အစောပိုင်းနှစ်များတွင် ကိုယ်တိုင် ကိုယ်ပိုင်ကျောင်းတစ်ခု ဖွင့်ခဲ့သော်လည်း ပြီးခဲ့သည့် နှစ်နှစ်က အသက်အရွယ် ကြီးလာတာကြောင့် ကျောင်းဆက်မဖွင့်တော့သည့် တစ်စုံတစ်ယောက်ကို ရှာတွေ့ခဲ့သည်။ သူသည် အငှားဆရာတစ်ယောက် အဖြစ်သာ အလုပ်လက်ခံပြီး သခင့်အိမ်တွင် နေထိုင်စားသောက်ခဲ့သည်။ တစ်နှစ်လျှင် သခင့်မိသားစုအတွက် ငွေပမာဏအနည်းသာ ကျသင့်လေသည်။ သည်ရှို့ချိုင်အိုကြီးသည် အနည်းငယ်အရည်အချင်းရှိသည်။ အစောပိုင်းက သူသည် လော့ဟယ်မြို့က ချမ်းသာသည့်မိသားစုတစ်ခုတွင် စာသင်ပေးခဲ့သော်လည်း အိမ်ထောင်စုကြီးတွင် စည်းမျဥ်းများစွာရှိနေ၏။ ထို့ကြောင့် ပညာသင်ဟောင်းက အနားယူသွားတော့သည်။

ကျေးလက်မှ ချမ်းသာသည့်မိသားစုတစ်ခုဖြစ်ပြီး သင်ပေးရမည့်ကျောင်းသားများကလည်း မိသားစု၏ ကလေးများ ဖြစ်သည်ဟု ကြားလိုက်ရသဖြင့် ချန်းရှို့ချိုင်သည် အနည်းငယ် အံ့ဩသွားတော့သည်။ များသောအားဖြင့် ချမ်းသာသည့်မိသားစုများကသာ သူတို့၏သမီးများကို အရေးအဖတ် သင်ပေးရန် စဥ်းစားတတ်ကြသည်။ ကျေးလက်က လူများသည် မည်သို့များ ဤသို့အမြော်အမြင် ရှိကြပါသနည်း။ ထို့ကြောင့် သူသည် စုမိသားစု၏ကလေးများကို တွေ့ရန် တောင်းဆိုလိုက်တော့သည်။

ယိုကျင့်က ရှို့ချိုင်ချန်းနှင့် တွေ့ပေးရန် အငယ်လေးများကို ဦးဆောင်ကာ ခေါ်သွားလိုက်တော့သည်။ ချန်းရှို့ချိုင်က ကလေးများ၏ ဗဟုသုတကို တစ်ယောက်ပြီးတစ်ယောက် စစ်ဆေးလိုက်တော့သည်။ ထို့နောက် သူက ကလေးများကို စာလုံးအနည်းငယ် ရေးခိုင်းလိုက်သည်။ ထို့နောက် သူသည် စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး ရှောင်ချီကို ချီးကျူးပေးလိုက်တော့သည်။

“ မဆိုးဘူး၊ မဆိုးဘူး၊ စာလုံးရေးတဲ့နေရာမှာ အားမပါသေးဘူးဆိုပေမဲ့ ဒီလိုငယ်ငယ်လေးနဲ့ ကောင်းကောင်းရေးနိုင်တာပဲ တော်တော်လေးကို တော်နေပါပြီ”

ရှောင်ချီသည် အခုတော့ အပြုအမူ အပြောအဆိုများကို နားလည်နေပြီဖြစ်သည်။ သူမသည် လူငယ်တို့ယဥ်ကျေးမှုအတိုင်း တရိုတသေဖြင့် ပြုမူလိုက်လေသည်။

“ ဆရာ ချီးကျူးပေးလို့ ကျေးဇူးတင်ပါတယ်ရှင့်”

အသက် ၅ - ၆ နှစ်လောက်သာ ရှိသေးသည့် ကလေးမလေးက အလွန်ယဥ်ယဥ်ကျေးကျေး ပြုမူနေသည်ကို တွေ့သလိုက်ရသဖြင့် ရှို့ချိုင်အိုကြီးက ခေါင်းညိတ်ကာ စုမိသားစု၏ဖိတ်ကြားချက်ကို သဘောတူလိုက်လေသည်။

ချန်းရှို့ချိုင် ရောက်လာခြင်းက နေ့တိုင်း အရေး အဖတ်လုပ်နေကြဖြစ်သည့် စုမိသားစု၏ မိန်းကလေးငယ်များကို ကြီးကြီးမားမား သက်ရောက်မှုမဖြစ်ချေ။ သို့သော်ငြား ငယ်ငယ်လေးကတည်း ချစ်ခင်အလိုလိုက်ခံလာရသည့် စုခမ်းအတွက်တော့ အမှန်ပင် သနားစရာကောင်းလေသည်။

သူသည် ဆရာစာသင်နေသည်ကို အာရုံစိုက်ကာ နားမထောင်မိလျှင် အရိုက်ခံရတော့သည်။ သူ့အိမ်စာများ မပြီးလျှင် အရိုက်ခံရသည်။ အတန်းလစ်ဖို့ ကြိုးစားလျှင်လည်း အရိုက်ခံရသည်... အဆိုးဆုံးအချက်မှာ သူ့ကို တင်းကြပ်ထားရန် နေ့တိုင်း စောင့်ကြည့်ဖို့ အိမ်တွင် သက်တော်စောင့်နှစ်ယောက်ကို မကြီးက ရွေးထားခဲ့လေသည်။ သူမက သူ အကြောင်းအရင်းမရှိ အတန်းပျက်ခဲ့လျှင် သက်တော်စောင့်များ၏ လစာတစ်ဝက်နုတ်မည်ဟု ညွှန်ကြားထားခဲ့သည်.... ဒါတွေအားလုံးရဲ့အဓိပ္ပာယ်က တပည့်မကောင်း ဆရာခေါင်းပေါ့လေ။

နေ့တိုင်း အရိုက်ခံနေရသည့် သားဖြစ်သူ၏ နီရဲနေသည့်လက်များကို မြင်ရတော့သည် အမျိုးသမီးစုမှာ အလွန် စိတ်ဆင်းရဲရတော့သည်။ သို့သော် အကြီးဆုံးသမီးဖြစ်သူ ပြောခဲ့သည့် ထိုနေ့ကစကားကို ပြန်စဥ်းစားလိုက်မိချိန်၌ ခံစားချက်များကို စိတ်ထဲတွင်သာ မျိုသိပ်ထားရုံကလွဲပြီး မတတ်နိုင်ခဲ့ချေ။ သူမသည် နေ့တိုင်းလိုလို သားဖြစ်သူ၏ ရောင်ကိုင်းနေသည့်လက်ကို ဆေးလိမ်းပေးရုံသာ တတ်နိုင်တော့သည်။

ပြောရမည်ဆိုလျှင်တော့ ဆရာချန်းတွင်လည်း နည်းလမ်းကောင်းတချို့ ရှိပေသည်။ ဆောင်းဦးပွဲတော်မှ ၁၂လပိုင်းအထိ လအနည်းငယ်အတွင်း စုခမ်းသည် ပြောင်းလဲလာခဲ့သည်။ သူသည် ယိုကျင့် သတ်မှတ်ထားသည့် စံနှုန်းအထိ မရောက်သေးသော်လည်း အရင်ကနှင့်ယှဉ်လျှင် အများကြီး ပိုလိမ္မာလာလေတော့သည်။

All Chapters