← Chapters

နန်းတွင်းသို့ ဝင်ရောက် ဂါရဝပြုခြင်း

Vol. 13 Ch. 126

နန်းတွင်းသို့ ဝင်ရောက် ဂါရဝပြုခြင်း

Vol. 13 Ch. 126

နောက်တစ်နေ့ မနက်စောစော…။

အမတ်ချုပ်အိမ်တော်၏ တံခါးဝတွင် နန်းတွင်းမှ လူလာကြိုသော မြင်းလှည်းများ ရပ်နားထားလေသည်။

ဤတစ်ကြိမ်တွင် လာကြိုသူများမှာ မင်းသမီးရုံခန့်၊ ပထမသခင်မကြီးဝမ်ရှီနှင့် ဒုတိယသခင်မကြီးတို့ ဖြစ်ကြပေသည်။

လာကြိုသူများ ပေါ့ဆမည်ကို စိုးရိမ်သဖြင့် ချင်အန်း ကိုယ်တိုင် လာရောက်ခဲ့ခြင်း ဖြစ်၏။

မင်းသမီးရုံခန့် အမတ်ချုပ်အိမ်တော် တံခါးမှ ထွက်လာသည်ကို တွေ့လိုက်ရသော်လည်း သူမ၏ နောက်တွင် မည်သည့် သခင်မကြီးမျှ ပါမလာသည်ကို မြင်သောအခါ…။

ချင်အန်း၏ မျက်မှောင်များ အနည်းငယ် ကြုတ်သွားလေပြီး ကြိုတင်၍ အမိန့်လွှာ ပို့ထားပြီးပြီ မဟုတ်လားဟု တွေးလိုက်မိသည်။

လင်ချန်ကျိုက်၏ မိခင်ဖြစ်သူ ပထမသခင်မကြီးကို ဘာကြောင့် မတွေ့ရသနည်း။

သူ ဤသို့ တွေးနေသော်လည်း စည်းကမ်းအတိုင်း အရိုအသေပေးရမည်သာ ဖြစ်ပေသည်။

"ဒီအစေခံ ချင်အန်း မင်းသမီးရုံခန့်ကို ဂါရဝပြုပါတယ်… မင်းသမီး ကျန်းမာပါစေ"

မင်းသမီးရုံခန့်က လာရောက်သူမှာ ချင်အန်း ဖြစ်နေကြောင်း တွေ့လိုက်ရသောအခါ သူမ၏ မျက်ဝန်းများထဲတွင် နားလည်သွားသည့် အရိပ်အယောင်များ ပေါ်လာလေ၏။

ကြည့်ရသည်မှာ လင်ကွေ့ဖေး ပြောခဲ့သည်က မှန်ပေသည်။

အရှင်မင်းကြီးက လင်ဝမ်ယိအပေါ် အတော်လေး ဂရုစိုက်ပုံရပြီး နန်းတွင်းရေးရာဌာန၏ လက်ထောက်မိန်းမစိုးချုပ်ကိုပင် ကိုယ်တိုင် လာကြိုခိုင်းလိမ့်မည်ဟု မင်းသမီးရုံခန့်က ထင်မထားခဲ့ချေ။

ထို့ကြောင့် သူမ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခုကို ဆင်မြန်းကာ ပြောလိုက်လေသည်။

"ချင်ကုန်းကုန်း တကယ့်ကို ဒုက္ခခံပြီး လာရတာပဲ"

"မင်းသမီးကလည်း စကားတွေ ပိုနေပါပြီ… အမတ်ချုပ်ကြီးက အရှင်မင်းကြီးအတွက် အစွမ်းကုန် ကြိုးစားပေးနေသလို… ကွေ့ဖေးမယ်မယ်နဲ့ ချန်ကျိုက်သခင်မလေးတို့ကလည်း မောင်းမဆောင်မှာ အရှင်မင်းကြီးကို အဖော်ပြုပေးနေကြတာပဲ… ဒါက တခြားသူတွေ မရနိုင်တဲ့ ကံကောင်းမှုတွေလေ… ဒီအစေခံ အခုလို လာကြိုရတာကလည်း ဒီအစေခံရဲ့ ကံကောင်းမှုပါပဲ"

ချင်အန်း၏ စကားများမှာ အလွန်ပင် သေသပ်လှပေသည်။

သူ လာရသည့် အဓိက ရည်ရွယ်ချက်မှာ ပထမသခင်မကြီးအတွက် ဖြစ်သော်လည်း မင်းသမီးရုံခန့်နှင့် လင်ကွေ့ဖေးတို့ကိုလည်း မထိခိုက်စေရန် ဂရုစိုက်ပြောဆိုခဲ့ခြင်း ဖြစ်၏။

သူ၏ ဤကဲ့သို့သော အပြုအမူကို မြင်သောအခါ မင်းသမီးရုံခန့်က သူမ၏ စိတ်ထဲတွင် တိုးတိုးလေး ရေရွတ်လိုက်မိသည်။

"လူလည်ကြီး"

ထို့နောက် သူမက စကားဆက်လိုက်လေသည်။

"သွားကြစို့… ကွေ့ဖေးမယ်မယ်ကို သွားတွေ့ဖို့ နန်းတွင်းကို ဝင်ကြရအောင်"

"ဟုတ်ကဲ့… ဒါပေမဲ့ သခင်မကြီး နှစ်ယောက်က အတူတူ မသွားကြဘူးလား… ဒီအစေခံ မလာခင်တုန်းက လင်သခင်မလေးက ပထမသခင်မကြီးလင်ကို ဘယ်အချိန် တွေ့ရမလဲလို့ လူလွှတ်ပြီး မေးခိုင်းထားလို့ပါ"

"အို… အိမ်မှာ လွန်ခဲ့တဲ့ နှစ်ရက်က ကိစ္စတစ်ခု ဖြစ်သွားလို့… သူတို့နှစ်ယောက်စလုံး နေမကောင်းဖြစ်သွားကြတယ်… အခု အတူတူ သွားလို့ မဖြစ်တော့ဘူးလေ… မဟုတ်ရင် သူတို့ဆီက ရောဂါတွေ နွေရာသီအပန်းဖြေနန်းတော်ထဲကို ကူးစက်သွားရင်… ငါတို့ အမတ်ချုပ်အိမ်တော်က လူတွေ စည်းကမ်းမသိဘူးလို့ အပြောခံရလိမ့်မယ်"

မင်းသမီးရုံခန့်၏ ဤရှင်းပြချက်မှာ ကြားသူတိုင်း တစ်ခုခု မှားယွင်းနေကြောင်း သိနိုင်ပေသည်။

သို့သော် ယခုအချိန်တွင် မည်သူကမျှ ဘာမှ ဝင်ပြော၍ မရချေ။ အိမ်ထဲသို့ ဝင်ပြီး လူကို အတင်းအကျပ် ဆွဲခေါ်လာရန်လည်း မဖြစ်နိုင်ပေ။

ထို့ကြောင့် အနည်းငယ် စဉ်းစားပြီးနောက် ချင်အန်းက ခါးညွှတ်ကာ ပြောလိုက်လေသည်။

"ဒီလိုဆိုရင်လည်း… မင်းသမီး အရင် ကြွပါ… ကွေ့ဖေးမယ်မယ်က အဲဒီမှာ စောင့်နေတာ ကြာလှပြီ"

"အင်း… သွားကြစို့"

သူမ မြင်းလှည်းပေါ်သို့ တက်ကာ ထွက်ခွာရန် ပြင်လိုက်စဉ်မှာပင် အဝေးမှ အရှိန်ဖြင့် ပြေးနှင်လာသော သုန်မိသားစု၏ မြင်းလှည်းတစ်စီး ရောက်ရှိလာခဲ့လေသည်။

ထိုမြင်းလှည်းပေါ်မှ ဆင်းလာသူ နှစ်ဦးမှာ ပထမသခင်ကြီးလင် ဇနီးမောင်နှံပင် ဖြစ်ပေသည်။

သူတို့ ခန့်မှန်းထားသည့်အတိုင်း မင်းသမီးရုံခန့်က သူတို့ကို နန်းတွင်းသို့ အတူ ခေါ်သွားရန် လုံးဝ ရည်ရွယ်ထားခြင်း မရှိခဲ့ချေ။

အကယ်၍ သူတို့သာ စောစောမရောက်လာခဲ့ပါက နန်းတွင်းမှ လူများကိုပင် တွေ့ခွင့်ရမည် မဟုတ်ပေ။

"မင်းသမီးကို ဂါရဝပြုပါတယ်"

"ယောက္ခမကြီးကို ဂါရဝပြုပါတယ်"

ပထမသခင်ကြီးလင်တို့ လင်မယား နှစ်ယောက်က အရိုအသေပေးလိုက်သော်လည်း မင်းသမီးရုံခန့်ထံမှ မည်သည့် တုံ့ပြန်မှုမျှ မရရှိခဲ့ချေ။

သူမက စကားကို ပြောပြီးသွားပြီ ဖြစ်ရာ ဤအချိန်တွင် သူတို့ လင်မယား နှစ်ယောက် ရောက်လာခြင်းက သူမ၏ မျက်နှာကို ရိုက်ချလိုက်ခြင်း မဟုတ်လား။

ဘယ်လိုလုပ်ပြီး ကောင်းသော မျက်နှာထားဖြင့် ဆက်ဆံနိုင်မည်နည်း။

မင်းသမီးရုံခန့်က သူတို့ကို ထရန် မပြောဘဲ အချိန်အတော်ကြာအောင် စောင့်ဆိုင်းနေခဲ့လေသည်။

ချင်အန်းကမူ ကြားဝင် ဖြေရှင်းပေးရန် ရှေ့သို့ ထွက်လာခဲ့၏။

သူသည် ပထမသခင်ကြီးလင်တို့ လင်မယားကို တစ်ခါမျှ မမြင်ဖူးသော်လည်း သခင်မသုန်၏ မျက်နှာသွင်ပြင်က လင်ချန်ကျိုက်နှင့် အနည်းငယ် ဆင်တူနေသည်ကို မြင်သောအခါ… သူ၏ စိတ်ထဲတွင် ချက်ချင်းပင် ရိပ်မိသွားတော့သည်။

"ဒီသခင်မက လင်ချန်ကျိုက်ရဲ့ မိခင် ပထမသခင်မကြီးလင်များလား ခင်ဗျာ"

"ကုန်းကုန်း အကဲခတ် တော်လှပါတယ်… ကျွန်မပါပဲ"

သခင်မသုန်သည် ယနေ့တွင် အလွန် လှပစွာ ပြင်ဆင်ထားသဖြင့် ကြည့်ရသူများ၏ မျက်စိကိုပင် ကျိန်းသွားစေနိုင်ပေသည်။

အမှန်တကယ်တော့ ဤသည်မှာ သူမ၏ ရည်ရွယ်ချက် မဟုတ်ချေ။ အဓိကအားဖြင့် ဆေးများကို ဖုံးကွယ်ပြီး နန်းတွင်းသို့ ယူဆောင်သွားနိုင်ရန်အတွက် လက်ဝတ်ရတနာများနှင့် ဆံထိုးများကို ကြီးကြီးမားမား ပြုလုပ်ထားရခြင်း ဖြစ်၏။

အထူးသဖြင့် ခါးတွင် ပတ်ထားသော ကျောက်မျက်ရတနာများ စီခြယ်ထားသည့် ခါးပတ်မှာ အလွန်ပင် မျက်စိကျစရာ ကောင်းလှပေသည်။

မင်းသမီးရုံခန့်က လိုက်ကာကို လှန်ကာ တစ်ချက် ကြည့်လိုက်ပြီး မျက်ဝန်းထဲတွင် သရော်လှောင်ပြောင်မှုများ ပြည့်နှက်သွားလေသည်။

ဒီကုန်သည်မိသားစုတွေက တကယ်ကို အဆင့်မရှိတာပဲဟု သူမက တွေးလိုက်မိ၏။

နန်းတွင်းဝင်ရမည်ဟု ကြားသည်နှင့် ချက်ချင်းပင် အလှပြင်လာကြတော့သည်တကား။

သူမရဲ့ ဝတ်စားဆင်ယင်မှုကို ကြည့်လိုက်ပါဦး… ဥဒေါင်းမွေးများ စိုက်ထားသည့် တောကြက်မတစ်ကောင်နှင့် တူနေပြီး ဇာမဏီငှက်အဖြစ် ဟန်ဆောင်ချင်နေသေးတာလားဟု မင်းသမီးရုံခန့်က ဆက်တွေးလေသည်။

ချင်အန်းသည်လည်း အနည်းငယ် ထူးဆန်းနေသည်ဟု ခံစားရလေသည်။

ဤပထမသခင်မကြီးသည် လင်ချန်ကျိုက် နန်းတွင်းသို့ စတင် ဝင်ရောက်လာစဉ်က ဝတ်စားဆင်ယင်မှုနှင့် အတော်လေး ကွဲပြားခြားနားနေပေသည်။

သို့သော် ဤသည်မှာ သူတစ်ပါး၏ မိသားစုကိစ္စ ဖြစ်သဖြင့် သူသည် အလွယ်တကူ ဝင်ရောက်စွက်ဖက်မည် မဟုတ်ချေ။

ထို့ကြောင့် ပြုံးလျက် ပြောလိုက်လေ၏။

"ဒီလိုဆိုရင်လည်း… ပထမသခင်မကြီးက ဒီအစေခံနဲ့အတူ နန်းတွင်းကို လိုက်ခဲ့ပါ… လင်သခင်မလေးက စောင့်နေတာ ကြာလှပြီ"

"ဟုတ်ကဲ့ပါ… ကျေးဇူးတင်ပါတယ် ကုန်းကုန်း"

ချင်အန်း လာစဉ်က မြင်းလှည်း သုံးစီး ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်၏။

ရှေ့ဆုံးမှ မြင်းလှည်းတွင် မင်းသမီးရုံခန့်က စီးနင်းပြီး နောက်မှ လိုက်လာသော မြင်းလှည်းတွင်မူ ပထမသခင်မကြီးသုန်က စီးနင်းလေသည်။

ဒုတိယသခင်မကြီးဝမ်ရှီအတွက် ရည်ရွယ်ထားသော မြင်းလှည်းမှာမူ အသွားရော အပြန်ပါ အလွတ်အတိုင်းသာ ဖြစ်နေတော့၏။

အရာရာက အတည်ဖြစ်သွားပြီ ဖြစ်သလို နန်းတွင်းမှ လူများလည်း ရှိနေသဖြင့် မင်းသမီးရုံခန့်အနေဖြင့် မျက်နှာချင်းဆိုင်၍ ပြဿနာရှာရန် မသင့်တော်တော့သဖြင့် အေးစက်စွာသာ ပြောလိုက်လေသည်။

"သွားကြစို့"

ဘာမှ မဖြစ်ခဲ့သကဲ့သို့ ဟန်ဆောင်ကာ ချင်အန်းကလည်း မသိဟန်ဆောင်ပေးလိုက်တော့၏။

မည်သို့ပင်ဆိုစေ လူများကို နန်းတွင်းသို့ ခေါ်ဆောင်သွားရန်မှာ အရေးအကြီးဆုံး တာဝန်ဖြစ်ပြီး ကျန်သောအရာများကိုမူ မမြင်မကြားဟန် ဆောင်ထား၍ ရပေသည်။

မြင်းလှည်းများက နွေရာသီအပန်းဖြေနန်းတော်ဆီသို့ ဖြည်းဖြည်းချင်း ထွက်ခွာသွားကြပြီး အနောက်တွင် လူအုပ်ကြီးကလည်း လိုက်ပါသွားကြလေသည်။

ပထမသခင်ကြီးလင်သည် အမတ်ချုပ်အိမ်တော် တံခါးဝတွင် ရပ်ကာ မြင်းလှည်းများ ဝေးကွာသွားသည်အထိ ကြည့်နေပြီး မမြင်ရတော့မှသာ နောက်လှည့်ပြန်လာခဲ့လေ၏။

ယနေ့သည် သူ၏ ရုံးပိတ်ရက် ဖြစ်သော်လည်း အခြား လုပ်စရာကိစ္စများ ရှိနေသေးပေသည်။

ထို့ကြောင့် သူက ဤနေရာတွင် အချိန်မဖြုန်းတော့ချေ။

သခင်မသုန်သည် မြင်းလှည်းထဲတွင် ထိုင်ရင်း အသက်ကို ပြင်းပြင်းရှူသွင်း ရှူထုတ် လုပ်နေမိလေသည်။

သူမ၏ စိတ်ခံစားချက်များကို တည်ငြိမ်သွားစေရန် ကြိုးစားနေခြင်း ဖြစ်ပြီး အကယ်၍ အလွန်အမင်း စိတ်လှုပ်ရှားလွန်းပါက အခြားသူများ ရိပ်မိသွားမည်ကို စိုးရိမ်နေရပေသည်။

မျက်လုံးများက မြင်းလှည်းအတွင်းရှိ အလှဆင်ထားမှုများကို ဟိုဟိုဒီဒီ ကြည့်ရှုနေမိ၏။

သိပ်မကြီးမားလှသော်လည်း နေရာတိုင်းတွင် သပ်ရပ်လှပမှုများ ပြည့်နှက်နေပေသည်။

မည်သို့ပင်ဆိုစေ နန်းတွင်းမှ ထွက်လာသော မြင်းလှည်းဖြစ်ရာ အပြင်ဘက်မှ အရာများနှင့် နှိုင်းယှဉ်၍ ရမည်မဟုတ်ချေ။

ကိုယ့်သမီးလေးက နန်းတွင်းမှာ ဘယ်လိုတွေ နေထိုင်နေရလဲ မသိပါဘူးဟု သူမက တွေးလိုက်မိသည်။

လူတွေက ဇာတိမြေနဲ့ နီးလာလေ ပိုပြီး စိုးရိမ်ကြောက်လန့်လာလေလို့ ပြောကြတာ… သူမလည်း အဲဒီလိုပဲ ဖြစ်နေတာပဲ။

လင်ဝမ်ယိနှင့် နီးကပ်လာလေလေ သူမ၏ စိုးရိမ်မှုများက ပို၍ ကြီးမားလာလေလေ ဖြစ်နေတော့၏။

နေ့လယ်အချိန်သို့ ရောက်ရှိလာပြီး နေ့လယ်စာ စားရန် အချိန်နီးကပ်လာမှသာ ဤမြင်းလှည်းသည် နွေရာသီအပန်းဖြေနန်းတော်၏ တံခါးပေါက်သို့ ဖြည်းညင်းစွာ ဝင်ရောက်သွားလေသည်။

သူမသည် မြင်းလှည်းထဲတွင် ထိုင်နေရင်း အသက်ကိုပင် ပြင်းပြင်း မရှူရဲလောက်အောင် ဖြစ်နေပေသည်။

သူမ၏ အမှားအယွင်း အနည်းငယ်က သမီးဖြစ်သူအတွက် မလိုအပ်သော ပြဿနာများ ဖြစ်လာမည်ကို စိုးရိမ်နေရခြင်း ဖြစ်၏။

အပြင်ဘက်မှ အသံတစ်ခု ထွက်ပေါ်လာသည်အထိ သူမက စောင့်နေရလေသည်။

"ပထမသခင်မကြီး… ကျွန်တော်တို့ မြင်းလှည်းပေါ်က ဆင်းရမယ့် အချိန်ရောက်ပါပြီ"

"ဟုတ်ကဲ့… ဟုတ်ကဲ့… ကျွန်မ အခု ဆင်းလာပါပြီ"

ရုတ်တရက် မတ်တပ်ရပ်လိုက်မှသာ သူမ၏ ခြေထောက်များပင် ထုံကျင်နေကြောင်း သတိထားမိလိုက်လေသည်။

သို့သော် ယခုအချိန်သည် ခြေထောက်ကို နှိပ်နယ်နေရန် အချိန်မဟုတ်သဖြင့် အံကြိတ်ကာ မြင်းလှည်းပေါ်မှ ဆင်းလာခဲ့ရပေသည်။

ပထမဆုံး မြင်လိုက်ရသည်မှာ မြင့်မားခန့်ညားသော နန်းတော်ရိုးများ မဟုတ်ဘဲ စိမ်းလန်းစိုပြည်နေသော သစ်ပင်ပန်းပင်များပင် ဖြစ်ပေသည်။

၎င်းက သခင်မသုန်၏ ရင်ထဲတွင် တထိတ်ထိတ် ဖြစ်နေသော စိုးရိမ်မှုများကို အနည်းငယ် ပြေလျော့သွားစေခဲ့၏။

ချင်ကုန်းကုန်းက မည်မျှ အကဲခတ်တော်သနည်းဆိုလျှင် သူမ၏ စိုးရိမ်ပူပန်မှုများကို ချက်ချင်းပင် ရိပ်မိသွားလေသည်။

ထို့ကြောင့် သူက အသံချိုချိုဖြင့် နှစ်သိမ့်လိုက်၏။

"ပထမသခင်မကြီး စိတ်အေးအေးထားပါ… ဒီနွေရာသီအပန်းဖြေနန်းတော်မှာ စည်းကမ်းချက်တွေ သိပ်မကြီးပါဘူး… သခင်မကြီးအနေနဲ့ ဒီအစေခံရဲ့ နောက်ကနေ လိုက်ခဲ့ရုံပါပဲ… မင်းသမီးရုံခန့်ကိုတော့ ကျန်းကုန်းကုန်းက လာကြိုသွားပါပြီ… သခင်မကြီးကိုတော့ ဒီအစေခံက ဟွေ့ဖန်းယာခြံဝင်းအထိ လိုက်ပို့ပေးမှာပါ"

"ဟုတ်ကဲ့ပါ… ကျွန်မက အခုမှ ပထမဆုံး ရောက်ဖူးတာဆိုတော့ စည်းကမ်းတွေကို နားမလည်ပါဘူး… အမှားအယွင်း တစ်ခုခုရှိခဲ့ရင် ချင်ကုန်းကုန်းက သတိပေးပါဦးနော်"

သူမက စိတ်တည်ငြိမ်အောင် ကြိုးစားထားသော်လည်း အနည်းငယ် စိုးရိမ်ထိတ်လန့်နေဆဲပင် ဖြစ်ပေသည်။

ချင်အန်းသည် ဤပထမသခင်မလင်၏ နောက်ခံကို သိထားပြီး ဖြစ်ရာ သူမသည် အမတ်ချုပ်အိမ်တော်သို့ ချွေးမအဖြစ် ဝင်ရောက်လာသည်မှာ နှစ်ပေါင်း နှစ်ဆယ်ကျော်နေပြီ ဖြစ်သဖြင့် ဤကဲ့သို့သော အခြေအနေမျိုးကို ရိုးအီနေလောက်ပြီဟု ထင်မှတ်ထားခဲ့ခြင်း ဖြစ်၏။

သို့သော် ယခု ဖြစ်နေသည်ကို ကြည့်ခြင်းအားဖြင့် ပထမသခင်မကြီးသည် အမတ်ချုပ်အိမ်တော်အတွင်း ပွဲလမ်းသဘင်များတွင် သိပ်ပြီး ပါဝင်ပတ်သက်ခွင့် မရခဲ့ကြောင်း သိသာလှပေသည်။

ထိုအကြောင်းကို တွေးမိလေ ပထမသခင်မကြီး၏ အခြေအနေကို ပို၍ သနားမိလာလေ ဖြစ်တော့၏။

"ပထမသခင်မကြီး စိတ်ချပါ… ဒီအစေခံ သတိပေးပါ့မယ်… ဒီဘက်ကို ကြွပါ"

"ကျေးဇူးတင်ပါတယ် ကုန်းကုန်း"

သခင်မသုန်သည် အမတ်ချုပ်အိမ်တော်တွင် နေထိုင်စဉ်က အိမ်တွင်းပွဲလမ်းသဘင်များ ရှိလျှင်ပင် မင်းသမီးရုံခန့်က သူမအား ခြံဝင်းအတွင်းရှိ အခြား မြို့၏မျက်နှာဖုံးများဖြစ်သော သခင်မကြီးများနှင့် စကားပြောဆိုခွင့် ပေးလေ့မရှိခဲ့ချေ။

အချိန်အများစုတွင် သူမသည် မီးဖိုချောင်ထဲ၌သာ အမိန့်ပေး ကြီးကြပ်နေရပြီး မဟုတ်လျှင်လည်း အရှေ့ဆောင်သို့ စောစောစီးစီး ပြန်လွှတ်ခံရလေ့ရှိပေသည်။

ထို့ကြောင့် ဤကဲ့သို့ ကြီးကျယ်ခမ်းနားသော နေရာများသို့ သွားရောက်ကာ လူမှုဆက်ဆံရေးကို သင်ယူခွင့် မရခဲ့သည်မှာ ပြောစရာပင် မလိုတော့ပေ။

ယခုအခါ သူမသည် ချင်ကုန်းကုန်း၏ နောက်မှ တကောက်ကောက် လိုက်ပါနေရပြီး ခြေတစ်လှမ်းမျှပင် အမှားမခံရဲအောင် ဖြစ်နေတော့၏။

နန်းတွင်းမှ နန်းတွင်းသူများနှင့် အစေခံများ ဖြတ်သွားသည်ကို မြင်သောအခါ သူမ၏ ရင်ထဲတွင် တထိတ်ထိတ် ဖြစ်နေရပေသည်။

အလွန်အမင်း စိုးရိမ်ထိတ်လန့်နေသဖြင့် ထိုသူများကိုပင် အရိုအသေပေးမိလုနီးပါး ဖြစ်သွားခဲ့ချေသည်။

ချင်အန်းက ဤအရာအားလုံးကို အကဲခတ်မိနေပြီး ပထမသခင်မကြီး၏ အခြေအနေကို စိတ်ထဲမှ နှမြောသနားသွားမိလေ၏။

လင်မိသားစု၏ ပထမအိမ်တော်က ဘာကြောင့် နာမည်မထွက်ခဲ့ရသနည်း ဆိုသည်မှာ အံ့ဩစရာ မဟုတ်တော့ပေ။

အခြားသူများ၏ ဖိနှိပ်မှုကို ခံနေရလျှင် ဘယ်လိုလုပ်ပြီး နာမည်ထွက်လာနိုင်မည်နည်း။

သို့သော် ဤလင်သခင်မလေးမှာမူ မွေးရာပါ အေးချမ်းတည်ငြိမ်သော အငွေ့အသက်များ ပါရှိနေပြီး မည်သူနှင့် တူသနည်းဆိုသည်ကိုတော့ မသိရပေ။

All Chapters