← Chapters

အခန်း ၂၅၅

Vol. 26 Ch. 255

အခန်း ၂၅၅

Vol. 26 Ch. 255

အခန်း (၂၅၅) ဒီကျောက်စိမ်းဆွဲပြားက ဘယ်သူ့ဟာလဲ [၁]

"ဒါကတော့ တော်ဝင်မျိုးနွယ်စုက မျိုးဆက်အဆက်ဆက် သိမ်းဆည်း လက်ဆင့်ကမ်းလာခဲ့တဲ့ နောက်ဆုံး မြေပုံအပိုင်းအစပါ။"

ချန်ဟွမ်ယွီသည် သူ့ရင်ခွင်ထဲမှ မြေပုံအပိုင်းအစတစ်ခုကို ထုတ်ယူပြီး ပိုင်ချူးရန်ထံသို့ လက်နှစ်ဖက်ဖြင့် ရိုသေစွာ ကမ်းပေး၏။ "ဆရာနဲ့ ဦးလေးနဂါးတို့ရဲ့ အသက်ကို ဓားသခင်ဆီကနေ လဲလှယ်ဖို့အတွက် ကျွန်တော် ချန်ဟွမ်ယွီက ဒီမြေပုံအပိုင်းအစကို အသုံးပြုခွင့်ပြုပါ။"

ပိုင်ချူးရန်သည် ကျီရှန်း ခေါင်းခွံကို မြှောက်ကာ ဤမြေပုံအပိုင်းအစကို အတုအစစ် စစ်ဆေးစေသည်။ ကျီရှန်းထံမှ သေချာသောအဖြေကို ရရှိပြီးနောက် ပိုင်ချူးရန်သည် ရတနာသေတ္တာထဲရှိ မြေပုံအပိုင်းအစနှင့် ချန်ဟွမ်ယွီပေးသော အပိုင်းအစကို အတူတကွ သိမ်းဆည်းပြီး ပြော၏။

"သဘောတူညီချက် အောင်မြင်တယ်။ ငါတို့ရဲ့ အစီအစဉ်တွေကိုသာ ဆက်ပြီး စောင့်နေလိုက်တော့။"

ပိုင်ချူးရန် မြေအောက်ရေကန်ထဲသို့ ငုပ်ဆင်းသွားကာ ပျောက်ကွယ်သွားသည်ကို စောင့်ကြည့်ပြီးနောက် ချန်ဟွမ်ယွီသည် အလျင်အမြန် လျှောက်သွားကာ မြေပြင်ပေါ်ရှိ ဝန်ကြီးချုပ်ယွင်ခွန်းအား ထူမပေးသည်။

"အရှင်မင်းကြီး။ ကနဦးဘိုးဘေး နတ်ဆိုးဧကရာဇ်ရဲ့ ဂူဗိမာန်မြေပုံကို သူ့ကို အလွယ်တကူ မပေးလိုက်သင့်ဘူး။"

ဝန်ကြီးချုပ်ယွင်ခွန်းသည် မောဟိုက်စွာဖြင့် နှစ်ကြိမ်ခန့် အသက်ရှူလိုက်ပြီးနောက် စိတ်မကောင်းစွာ ပြောလေသည်။

အဲ့ဒါက နတ်ဆိုးဧကရာဇ်ရဲ့ ခေါင်းကိုးလုံးနဂါး သွေးသားမျိုးနွယ်အတွက် အရင်းအမြစ်ပဲ။"

"နတ်ဆိုး တော်ဝင်မျိုးနွယ်စုရဲ့ ဂုဏ်ကျက်သရေဆိုတာ ဘာများလဲ။ ကျွန်တော် အဲ့ဒီအရာတွေကို နားမလည်ဘူး။ ကျွန်တော်က တရားမဝင်တဲ့ သွေးနှောကလေးတစ်ယောက် သက်သက်ပဲလေ။"

ချန်ဟွမ်ယွီက တည်ငြိမ်စွာ ပြန်ဖြေ၏။

"လောလောဆယ် နတ်ဆိုးကမ္ဘာကြီးက အန္တရာယ်များတဲ့ အချိန်ကာလကို ရောက်နေပြီဆိုတာကိုပဲ ကျွန်တော် သိတယ်။ စိတ်ကူးယဉ်ဆန်တဲ့ ကနဦးဘိုးဘေး နတ်ဆိုးဧကရာဇ် ဂူဗိမာန်နဲ့ ယှဉ်ရင် ခင်ဗျားလို အရည်အချင်းရှိတဲ့သူတွေကို ကျွန်တော်က ပိုပြီး တန်ဖိုးထားတယ်။ ခင်ဗျားတို့က နတ်ဆိုးကမ္ဘာ ပြန်လည်ရှင်သန်ရေးအတွက် သော့ချက်တွေပဲ။ သေသွားတဲ့လူတစ်ယောက်ရဲ့ ဂူဗိမာန်ထက် အများကြီး ပိုပြီး အရေးကြီးတယ်။"

——————

ပိုင်ချူးရန်သည် ယခင်မြို့ဟောင်းလေးဆီသို့ ပြန်လည်ရောက်ရှိလာချိန်တွင် စုရှန်ရွှယ်တစ်ယောက် မြို့ထဲသို့ အောင်မြင်စွာ ဝင်ရောက်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း တွေ့ရှိလိုက်သည်။

ပိုင်ချူးရန်အား အောင်မြင်စွာ နှိမ်နင်းနိုင်ခဲ့ခြင်း မရှိဘဲ အစကတည်းက ဟန်ဆောင်နေခြင်းသာ ဖြစ်ကြောင်းကို ရိပ်မိသွားပြီးနောက် အခြေအနေ မဟန်တော့မှန်း သိသော မြေခွေးဖြူူည် မြို့စားအိမ်တော်ထဲသို့ ခိုးဝင်ကာ သတိလစ်နေသော ဝက်ဝံဖြူအား ကယ်ဆယ်ခေါ်ဆောင်သွား၏။

ထိုအရာကို မြင်သောအခါ နဂါးနှင့် မျောက်ဝံတို့သည်လည်း ချန်ဟွမ်ယွီကို ရှာဖွေရန် မြို့ထဲမှ အလျင်စလို ထွက်ပြေးသွားကြသည်။ ဝန်ကြီးချုပ်ယွင်ခွန်းအား ကယ်တင်ရန် နတ်ဆိုးဧကရာဇ်ငယ်ကို ရှာတွေ့သွားပြီးပါက ပိုင်ချူးရန်က သူတို့ကိုပါ သတ်ပစ်နိုင်ကြောင်းကို နတ်ဆိုးဘုရင်နှစ်ပါးစလုံး သိရှိနေကြသဖြင့် နောက်ကြောင်းကိုပင် ပြန်မလှည့်ရဲကြတော့ချေ။ ထိုအစား သူတို့သည် သီးခြားစီ ပုန်းအောင်းရန် နေရာတစ်ခုကိုသာ အသဲအသန် ရှာဖွေကြ၏။

ထို့ကြောင့် မြို့တွင်း၌ ကျန်ရစ်ခဲ့သော မြောက်ပိုင်း နတ်ဆိုးနယ်မြေ တပ်မတော်နှင့် ဧကရာဇ်မြို့တော် တပ်မတော်တို့သည် နတ်ဆိုးဘုရင်အဆင့် စွမ်းအားကို ပိုင်ဆိုင်ထားသည့် စုရှန်ရွှယ်နှင့် ရင်ဆိုင်ရသောအခါ ပြတ်သားစွာပင် လက်နက်ချ အရှုံးပေးရန် ရွေးချယ်လိုက်ကြသည်။

မြို့စားအိမ်တော်သို့ သူ ပြန်ရောက်လာချိန်တွင် စုရှန်ရွှယ်သည် အနောက်ပိုင်း နတ်ဆိုးနယ်မြေမှ နောက်ဆုံးကျန်နေသော စစ်သည်နှစ်ဆယ်ကို ခေါ်ဆောင်ကာ မြို့စားအိမ်တော် အပျက်အစီးပုံကြီးပေါ်တွင် ရန်သူများထံမှ စစ်သုံ့ပန်းများကို လက်ခံရယူနေ၏။

ဤစစ်ပွဲကြီးတွင် မြောက်ပိုင်း နတ်ဆိုးနယ်မြေ၏ ဝက်ဝံဖြူသည် ရွှေအမြုတေ အဆင့်အထက်ရှိ နတ်ဆိုးစစ်သည် နှစ်သောင်းခန့်ကို ခေါ်ဆောင်လာပြီး ဧကရာဇ်မြို့တော်မှလည်း ထိပ်တန်း ဧကရာဇ်တပ်မတော် အင်အား တစ်သောင်းကျော်ကို စေလွှတ်လေသည်။ သို့သော်လည်း စစ်ပွဲအတွင်း ပိုင်ချူးရန်က ပေါ့ပေါ့ပါးပါးပင် ဓားမိုးများ ရွာချကာ စစ်တလင်းပြင်တစ်ခုလုံးကို တံမြက်လှည်း ရှင်းလင်းပစ်ခဲ့သဖြင့် တပ်နှစ်တပ် ပြန်လည်စုစည်းချိန်တွင် သူတို့တပ်ဖွဲ့ဝင် အများစုကို ဆုံးရှုံးခဲ့ရ၏။

ထို့အပြင် စုရှန်ရွှယ်၏ အသေခံ ဝင်တိုက်မှုများကိုလည်း ရက်ပေါင်းများစွာ ခုခံခဲ့ရသဖြင့် သူတို့အနေဖြင့် အလွန်ကြီးမားသော တန်ဖိုးများကို ပေးဆပ်လိုက်ရသည်။

ယခုအခါ ပြာအဖြစ် မီးလောင်ကျွမ်းနေသော ဤမြေပြင်ထက်တွင် ဧကရာဇ်မြို့တော်နှင့် မြောက်ပိုင်း နတ်ဆိုးနယ်မြေမှ နတ်ဆိုးစစ်သည် တစ်ထောင်၊ နှစ်ထောင်ခန့်သာ ရပ်တည်နေနိုင်ကြ၏။ ဤသည်မှာ အဆိုပါ မဟာအင်အားစုကြီး နှစ်ခု၏ နောက်ဆုံး ကျန်ရစ်သည့် အင်အားများပင် ဖြစ်လေတော့သည်။

အချိန်တိုအတွင်း လူသားတို့၏ ကျိုးကျိုးပြည်နယ်ကိုးခုနှင့် နယ်မြေဆယ်ခုကို တိုက်ခိုက်ရန်ဆိုသည်မှာ အိပ်မက်သာသာ ဖြစ်သွား၏။ နတ်ဆိုးမျိုးနွယ်စုများသည် ဤလက်ကျန် အင်အားမျှဖြင့် နတ်ဆိုးကမ္ဘာအတွင်းရှိ ပရမ်းပတာ ပုန်ကန်မှု အခြေအနေများကို ဖြေရှင်းရန်ပင် အခက်အခဲများ ကြုံတွေ့ရနိုင်သည်။

ပိုင်ချူးရန်သည် သူ၏ သွားလာလှုပ်ရှားမှုများကို ဖုံးကွယ်ထားခြင်း မရှိပေ။

All Chapters