← Chapters

အခန်း ၂၅၈

Vol. 26 Ch. 258

အခန်း ၂၅၈

Vol. 26 Ch. 258

အခန်း (၂၅၈) တောင်းပန်ပါတယ်။ မင်းတို့ရဲ့ စစ်သည်တွေ အားလုံး ပြောင်သလင်းခါသွားပြီ။ [၂]

အနည်းဆုံးတော့ လက်ရှိ ကျိုကျိုး နယ်မြေဆယ်ခုတွင် အမှန်တရားတာအို မဟာမိတ်အဖွဲ့နှင့် နတ်ဆိုးဂိုဏ်းတို့မှ ထိပ်တန်းဂိုဏ်းကြီးများ အားလုံး အတူတကွ ပေါင်းစည်းထားသည့် အခြေအနေမျိုးမှလွဲ၍ ဤပြည်တွင်းစစ်ကဲ့သို့ ရွှေအမြုတေ အဆင့်အထက်ရှိ နတ်ဆိုးစစ်သည် တစ်သောင်းကျော်ကို ဆွဲထုတ်ကာ တပ်မတော်တစ်ခုအဖြစ် ဖွဲ့စည်းတိုက်ခိုက်ရန်ဆိုသည်မှာ လူသားတို့အတွက် မဖြစ်နိုင်ပေ။

လူသားမျိုးနွယ်စုများ အေးချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရန် အခွင့်အလမ်းရရှိစေရေးအတွက် နတ်ဆိုးမျိုးနွယ်စုကို ဤကဲ့သို့သော အင်အားချည့်နဲ့ကာ သေလုမျောပါး အခြေအနေမျိုးသို့ ဆိုက်ရောက်အောင် ဖန်တီးထားမှသာလျှင် စိတ်ချရမည်။

အစပိုင်းတွင် ပိုင်ချူးရန်သည် ဤမျှအထိ တွေးတောမိခြင်း မရှိပေ။ သို့သော် ပြည်တွင်းစစ် စတင်ချိန်တွင် မြောက်ပိုင်း နတ်ဆိုးနယ်မြေနှင့် ဧကရာဇ်တပ်မတော်တို့သည် အနောက်ပိုင်း နတ်ဆိုးနယ်မြေ၌ လူသားဓားဘိုးဘေး ဟူသော ပြိုင်ဘက်ကင်း သူရဲကောင်းတစ်ဦး ရှိနေနိုင်ကြောင်းကို သိလျက်နှင့်ပင် အနောက်ပိုင်း နတ်ဆိုးနယ်မြေကို သူတို့ အစွမ်းကုန် အင်အားသုံး၍ တိုက်ခိုက်ရန် ရွေးချယ်ကြသည်။

ဤသည်မှာ သူ့ကို ပုန်းအောင်းနေရာမှ အတင်းအကျပ် ထွက်လာစေလိုကြောင်း သိသာလွန်းလှသည်။ ဤသို့ ရဲတင်းစွာ ပြုမူရခြင်း အကြောင်းရင်းမှာ သူတို့တွင် ပိုင်ချူးရန်အား ကိုင်တွယ်ဖြေရှင်းရန် လျှို့ဝှက်လက်နက်တစ်ခုခု ရှိနေသောကြောင့် သို့မဟုတ် ပိုင်ချူးရန်အား ကိုင်တွယ်နိုင်မည်ဟု သူတို့ကိုယ်တိုင် ယုံကြည်နေသောကြောင့်ပင်။

ပိုင်ချူးရန်သည် ထိုလျှို့ဝှက်နည်းလမ်းမှာ မည်သည့်အရာဖြစ်ကြောင်း အတိအကျ မခန့်မှန်းနိုင်သော်လည်း ၎င်းသည် သာမန် နတ်ဆိုးဘုရင်များ ကိုင်တွယ်နိုင်မည့် အရာမျိုး မဟုတ်သည်ကိုတော့ သိထား၏။

ထို့ကြောင့် ယန်ရှန်းတောင်ကြား တိုက်ပွဲတွင် ပိုင်ချူးရန်သည် ရန်သူ အင်အားအများစုကို တစ်ချက်တည်းဖြင့် ချေမှုန်းပစ်ခဲ့သည်။ မြေခွေးဖြူမှလွဲ၍ ကျန်ရှိနေသော တိုက်ခိုက်ရေးအင်အားစုအားလုံးကို ပြင်းထန်စွာ ဒဏ်ရာရစေခဲ့ပြီးနောက် သူသည် တမင်တကာ အလျော့ပေးဟန်ဆောင်ကာ ဝက်ဝံဖြူအား သူ့ကို အင်မော်တယ်ပန်းချီကားထဲသို့ သိမ်းယူခွင့် ပြု၏။

အဘယ်ကြောင့်ဆိုသော် သူ့ကို ဖမ်းဆီးလိုက်လျှင်ပင် ဤသို့သော အခြေအနေမျိုးအောက်တွင် အနောက်ပိုင်း နတ်ဆိုးနယ်မြေ၌ စုရှန်ရွှယ် အပါအဝင် အထိအခိုက်မရှိသေးသော နတ်ဆိုးဘုရင်ငါးပါး ကျန်ရှိနေဦးမည်ကို တွက်ချက်ထားသောကြောင့် ဖြစ်သည်။ စုရှန်ရွှယ်အနေဖြင့် သူမ၏ လက်အောက်ရှိ ထိုအင်အားစုများဖြင့် ရန်သူများကို အသေအလဲ တိုက်ခိုက်ရဦးမည်။

ထို့ကြောင့် သူ ပန်းချီကားထဲမှ ထွက်လာပြီးနောက်တွင် စုရှန်ရွှယ်ကို ဆုတ်ခွာရန် အမိန့်ပေးခဲ့ပြီး ဝက်ဝံဖြူက နတ်ဆိုးဘုရင်လေးပါးကို အလဲထိုး ဖမ်းဆီးသွားပြီးသည့် အချိန်မှသာလျှင် ခေါင်းဆောင်မဲ့နေသော အနောက်ပိုင်း နတ်ဆိုးနယ်မြေ တပ်မတော်ကို စုရှန်ရွှယ်အား လွှဲပြောင်းရယူစေခဲ့ခြင်းပင်။

နောက်ဆက်တွဲ လုပ်ရမည့်အရာများမှာ အလွန် ရိုးရှင်း၏။ ပိုင်ချူးရန်သည် အားအင်ကုန်ခမ်းနေဟန် ဟန်ဆောင်ကာ ကျန်ရှိနေသော မြေပုံအပိုင်းအစများကို ဆွဲထုတ်ရန် သူ၏ ပြောင်မြောက်လှသော သရုပ်ဆောင်စွမ်းရည်များကို အသုံးပြုခဲ့သည်။ စုရှန်ရွှယ်ကမူ အနောက်ပိုင်း နတ်ဆိုးနယ်မြေ တပ်မတော်ကြီး တစ်ခုလုံး အင်အားကုန်ခမ်းသွားစေရန် မြေခွေးဖြူင့် ကျန်ရှိနေသော ရန်သူ့တပ်များကို အသုံးချလျက် ရည်ရွယ်ချက်ရှိရှိဖြင့် ပရမ်းပတာ ကွပ်ကဲပြသည်။

နတ်ဆိုးကမ္ဘာ၏ အဓိက အင်အားစုကြီး သုံးခုစလုံး ပြင်းထန်စွာ ထိခိုက်ချည့်နဲ့သွားပြီးနောက် စုရှန်ရွှယ်သည် နတ်ဆိုးဧကရာဇ်သစ်အဖြစ် တရားဝင် နန်းတက်လာတော့မည်။ နတ်ဆိုးကမ္ဘာရှိ အခြေအနေများကို စနစ်တကျ ရှင်းလင်းစီစဉ်ပေးပြီးနောက် သူမသည် နန်းစွန့်သွားမည်ဖြစ်ရာ ကျိုးကျိုး နယ်မြေဆယ်ခုရှိ လူသားများမှာ အနည်းဆုံး နှစ်ပေါင်း နှစ်ထောင်ခန့်မျှ စစ်ဘေးစစ်ဒဏ်မှ ကင်းဝေးကာ စိတ်အေးချမ်းသာစွာ နေထိုင်နိုင်မည်ဖြစ်၏။

ထို့နောက်ပိုင်းတွင် နတ်ဆိုးမျိုးနွယ်စုမှ ဉာဏ်အမြော်အမြင်ရှိသူများက ပိုင်ချူးရန်နှင့် စုရှန်ရွှယ်တို့၏ လှည့်ကွက်များကို သိရှိသွားပြီး မည်ကဲ့သို့ ကျိန်ဆဲကြမည်ကိုတော့ ဆိုဖွယ်ရာ မရှိတော့ပေ။ မည်သို့ပင်ဖြစ်စေကာမူ ပိုင်ချူးရန်က နတ်ဆိုးဘုရင်လေးပါးကို ဤစစ်ပွဲကြီး၏ ရလဒ်အမှန်ကို ပြောပြပြီးနောက်တွင်မူ နတ်ဆိုးဘုရင်လေးပါး မျက်နှာအမူအရာများမှာ အလွန်တရာကို ကြည့်ကောင်းသွား၏။

ထိုမျက်နှာအမူအရာများမှာ မိသားစုတစ်စုလုံး ကောင်းကင်ယံသို့ လွင့်စင်သွားကာ မျက်စိရှေ့တွင်ပင် ပေါက်ကွဲပျက်စီးသွားသည်ကို မြင်လိုက်ရသည့်အလား ထိတ်လန့်ကြေကွဲဖွယ် ကောင်းနေသည်။

"မနက်ဖြန် မနက်စောစော ငါတို့တပ်ဖွဲ့တစ်ခုလုံး ဧကရာဇ်မြို့တော်ဆီကို ချီတက်မယ်။"

ပိုင်ချူးရန်သည် အလွန်တည်ငြိမ်စွာပင် ပြောသည်။

"အဲ့ဒီမှာ ရှန်ရွှယ် နန်းတက်လိမ့်မယ်။ အဲ့ဒီအချိန်ကျရင် မင်းတို့ နတ်ဆိုးဘုရင်အားလုံး အဲ့ဒီမှာ ရှိနေရမယ်။"

နတ်ဆိုးဘုရင်လေးပါးသည် တစ်ယောက်မျက်နှာ တစ်ယောက် အဓိပ္ပာယ်မဲ့စွာ ကြည့်မိ၏။ ဒေါသအကြီးဆုံးဖြစ်သော မိကျောင်းဖြူသည် ထိုနေရာတွင်ပင် ပေါက်ကွဲရန် ဟန်ပြင်သော်လည်း မျက်စိလျင်သော လင်းယုန်က သူ့အား အလျင်အမြန် ဆွဲဟန့်တားသည်။

လင်းယုန်သည် မိကျောင်းဖြူ၏ ဘေးတွင် စကားအနည်းငယ် တီးတိုးပြောလိုက်ပြီးနောက် ဇီးကွက်နှင့်အတူ သူ့ကို ဘေးသို့ အတင်းဆွဲခေါ်သွားသည်။

ထိုစဉ် နတ်ဆိုးမြွေဟောက်သည် ပိုင်ချူးရန် ရှိရာဘက်သို့ မျက်နှာမူကာ ဒူးထောက်၍ အရိုအသေပေးလာ၏။

"အရှင်မင်းမြတ် ရှန်ရွှယ်အနေနဲ့ သူပုန်တွေကို နှိမ်နင်းပြီး ကျွန်တော်မျိုးတို့ရဲ့ နတ်ဆိုးကမ္ဘာကြီးကို ဖြောင့်မတ်မှန်ကန်တဲ့ လမ်းကြောင်းပေါ် တင်ပေးလိုက်တဲ့အတွက် ကျွန်တော်မျိုး အောက်ကျို့စွာဖြင့် ဝမ်းမြောက်ဝမ်းသာ ဆုမွန်ကောင်း တောင်းအပ်ပါတယ်။ ဧကရာဇ်မင်းမြတ်ရဲ့ အသက်ရှည်ကျန်းမာခြင်းက ကောင်းကင်နဲ့ ထပ်တူကျပြီး သာယာဝပြောတဲ့ ခေတ်ကာလကြီး ထာဝစဉ် တည်တံ့ပါစေ။"

"မင်းက ငါ့ကို ဘာလို့ လာရှိခိုးနေတာလဲ။"

ပိုင်ချူးရန် အနည်းငယ် ကြက်သီးထသွားပြီး ပြောလာသည်။

"မင်း ရှိခိုးရမယ့်သူက အခု အပြင်မှာလေ။"

"ကျွန်တော်မျိုးက သတင်းကောင်းကို ကြားလိုက်ရလို့ ခဏလောက် ဝမ်းသာလွန်းသွားလို့ပါ။"

နတ်ဆိုးမြွေဟောက်မင်းက သွားဖြဲကာ ပြုံးပြလာရာ သူ့မျက်နှာတွင် ဖားယားလိုသော အမူအရာများ ဖုံးလွှမ်းနေ၏။

"လေတိုက်တဲ့ဘက်ကို ကြည့်ပြီး ရွက်လွှင့်တဲ့နေရာမှာတော့ မင်းက တော်တော် မြန်တာပဲ။"

ပိုင်ချူးရန်သည် သူတို့ကို တစ်ချက်စောင်းကြည့်ပြီး အကျဉ်းခန်းထဲမှ ထွက်သွားသည်။

"ဒီမှာ ဆက်မနေကြနဲ့တော့။ အပြင်ကို အရင်ထွက်ခဲ့ကြ။"

သူ ထွက်သွားသည်ကို မြင်ပြီးနောက် အခြားသော နတ်ဆိုးဘုရင်သုံးပါးသည် နတ်ဆိုးမြွေဟောက်ထံသို့ အလျင်စလို ရောက်လာကြပြီး မိကျောင်းဖြူက ဒေါသတကြီး မေးလာသည်။ "မြွေဟောက်။ အောင်ပွဲရဲ့ အသီးအပွင့်တွေကို ဒီလိုလွယ်လွယ်လေး ထိုးအပ်လိုက်တော့မလို့လား။ အဲ့ဒီ နေရာအတွက် အနောက်ပိုင်း နတ်ဆိုးနယ်မြေက ငါတို့ ညီအစ်ကိုတွေ ဘယ်လောက်တောင် အသက်ပေးခဲ့ရလဲဆိုတာ မင်း သိရဲ့လား။"

"မိကျောင်းဖြူ။ ငါက မင်းသားတစ်ပါးရဲ့ တရားမဝင် သားတစ်ယောက် အဖြစ်ကနေ အခုလို ဘုရင်တစ်ပါးနေရာကို ဘယ်လိုရောက်လာလဲဆိုတာ မင်း သိလား။"

နတ်ဆိုးမြွေဟောက်မင်းက သူ၏ မျက်နှာကို လက်ညှိုးထိုးပြကာ ဂုဏ်ယူဝင့်ကြွားစွာ ပြောလေ၏။ "အရှက်မရှိလို့ပဲကွ။ လက်ရှိ အခြေအနေကို နားလည်ပြီး အရှက်မရှိတဲ့ လူတွေကမှ အသက်ရှည်ရှည် နေရတာ။”

All Chapters