အခန်း (၁၆၃-၁၆၄)
Vol. 17 Ch. 163-164
အခန်း (၁၆၃)
မကိုင်နှင့်၊ ဒါက အတော်လေး ဈေးကြီးတယ်
ရှန်းဆန်းအာမှာ ပညာမတတ်သော်လည်း ပခုံးပေါ်တွင် ကြယ်သုံးပွင့်တပ်ထားသော ရဲအရာရှိတစ်ဦး၏ အဓိပ္ပာယ် ကိုမူ ကောင်းစွာ သိရှိလေသည်။ သူသိထားသော အဖွဲ့ခေါင်းဆောင်ကုန်း၏ ပခုံးပေါ်တွင် ကြယ်တစ်ပွင့်သာ ရှိလေသည်။
ရှန်းဆန်းအာ၏ အထစ်ထစ်အငေါ့ငေါ့ စကားများကို ကြားပြီးနောက် ဖုန်းထဲမှ အဖွဲ့ခေါင်းဆောင်ကုန်းမှာ တံတွေး ကို ခပ်ပြင်းပြင်း မျိုချလိုက်မိပြန်သည်။
"တကယ်ပဲ ညွှန်ကြားရေးမှူးတန် ကိုယ်တိုင် လာတာလား...။"
ထိုအခိုက်တွင် အချိန်အတန်ကြာ တိတ်ဆိတ်နေခဲ့သော လျန်ထျန်းက နောက်ဆုံး၌ စကားစတင် ပြောဆိုလိုက် လေသည်။
"သခင်ကြီးရှန်း...၊ ကျွန်တော် ခေါ်လိုက်တဲ့ ရဲအရာရှိက သူ့အဆင့်အတန်းနဲ့ ထိုက်တန်ရဲ့လား...။"
ရှန်းဆန်းအာမှာ ပြင်းထန်စွာ တုန်ရီသွားပြီး လျန်ထျန်းထံသို့ ခေါင်းကို တောင့်တင်းစွာ လှည့်ကြည့်ကာ အထစ် ထစ်အငေါ့ငေါ့ဖြင့် မေးလိုက်လေသည်။
"မင်း...၊ မင်းက တကယ်တော့ ဘယ်သူလဲ...။"
ယခုအချိန်တွင် တစ်စုံတစ်ယောက်က လျန်ထျန်းကို အစားအသောက်ပို့ဆောင်သူဟု လာပြောလျှင်ပင် ရှန်းဆန်းအာ အနေဖြင့် လုံးဝ ယုံကြည်မည် မဟုတ်တော့ပေ။
အစားအသောက်ပို့ဆောင်သူ တစ်ဦးကို စော်ကားမိရုံဖြင့် ထိုလူက ရဲမှူးချုပ်ကို မည်သို့မည်ပုံ ခေါ်ယူနိုင်ခဲ့သနည်း ဆိုသည်ကို သူ နားမလည်နိုင်အောင် ဖြစ်နေရလေသည်။
ဤသည်မှာ လုံးဝကို အဓိပ္ပာယ်မရှိလှပေ။
တန်ကော်ဟွာက လျန်ထျန်းအနီးသို့ လျှောက်လာကာ ပြုံးလျက် ပြောလိုက်လေသည်။
"မစ္စတာလျန်... ဒီတစ်ခါလည်း ခင်ဗျားက ကျွန်တော့်ကို လက်ဆောင်ကြီးတစ်ခု ပေးလိုက်ပြန်ပြီပဲ...။"
"အခု အခြေအနေကို ကြည့်ရမယ်ဆိုရင် ဒီနယ်မြေမှာ ကင်းလှည့်အဖွဲ့ခေါင်းဆောင်က ဒီလူမိုက်တွေနဲ့ ပူးပေါင်း နေတာ အတော်ကြာနေပြီထင်တယ်...။"
"ဒီလမ်းကြောင်းကနေ တစ်ဆင့် ငါးကြီးကြီးတွေကို ထပ်ဖမ်းမိနိုင်သေးတယ်ဗျ...။ ကျွန်တော် ထပ်မပြောတော့ ဘူး...။ ခုနက ဖုန်းထဲက ကောင်ဆိုရင် လန့်ပြီး ချက်ချင်း ဖုန်းချသွားပြီ...။"
"ကျွန်တော့်လူတွေကို စီစဉ်ပြီး ဒီကောင်တွေကို စခန်းကို အရင်ခေါ်သွားခိုင်းလိုက်မယ်...။ ပြီးမှ ကျွန်တော် ကိုယ်တိုင် အဖွဲ့ကို ဦးဆောင်ပြီး ဟိုကောင်ကို သွားဖမ်းမယ်...။"
"အခုဆိုရင် သူ ထွက်ပြေးဖို့ သေချာပေါက် ကြိုးစားနေလောက်ပြီ...။ ကျွန်တော်တို့ရဲ့ အရေးကြီးဆုံး ငါးကြီးကို အလွတ်ခံလို့ မဖြစ်ဘူး...။"
လျန်ထျန်းက ပြုံးလျက် ခေါင်းညိတ်ပြလိုက်ပြီးနောက် မှတ်တမ်းတင်ထားသော သက်သေအထောက်အထား များကို တန်ကော်ဟွာထံသို့ ကမ်းပေးလိုက်လေသည်။
ကိစ္စရပ်များက ထိုအခြေအနေသို့ ရောက်ရှိလာခဲ့ပြီဖြစ်ရာ တစ်ချိန်က သစ္စာစောင့်သိမှု အပြည့်ဖြင့် အစ်ကိုရှန်း အတွက်ဆိုလျှင် ရေထဲမီးထဲ ဆင်းရဲခံမည်ဟု ဆိုခဲ့ကြသော တက်တူးများနှင့် လူမိုက်များမှာ ယခုအခါတွင် မူကား...၊
တစ်ယောက်ပြီးတစ်ယောက် ဒူးထောက်ကာ ကရုဏာသက်ရန် တောင်းပန်လာကြပြီး ရှန်းဆန်းအာနှင့် လုံးဝ ပတ်သက်မှုမရှိကြောင်း ငြင်းဆိုကြကာ ရဲများက သူတို့ကို လွှတ်ပေးလိမ့်မည်ဟု မျှော်လင့်နေကြလေသည်။
ရှန်းဆန်းအာမှာ ဒေါသတကြီးဖြင့် သူ၏ တပည့်များကို ကျိန်ဆဲတော့လေသည်။
သို့သော် ခေတ္တမျှ ကျိန်ဆဲပြီးနောက် သူက တွေဝေတုံ့ဆိုင်းစွာဖြင့် ဆိုလိုက်သည်။
"ကျွန်တော့်ကိုယ်ကျွန်တော်တောင် မသိဘူးလို့ ပြောရင်...။ ကျွန်တော့်ကိုရော လွှတ်ပေးလို့ ရမလားဟင်...။"
သိသာထင်ရှားစွာပင် ထိုအရာမှာ မဖြစ်နိုင်ပေ။ ထိုတက်တူးများနှင့် လူမိုက်များထဲမှ တစ်ဦးတစ်ယောက်မျှ လွတ်မြောက်ခြင်းမရှိဘဲ အားလုံး ရဲကားများပေါ်သို့ အတင်ခံလိုက်ရလေတော့သည်။
တန်ကော်ဟွာသည် မူလက လျန်ထျန်းကို ကာကွယ်ပေးရန် ရဲအရာရှိ နှစ်ဦးကို ချန်ထားရစ်ချင်ခဲ့သော်လည်း လျန်ထျန်းက ငြင်းဆန်ခဲ့လေသည်။
လျန်ထျန်းက ဤအဖွဲ့နှင့် တွေ့ဆုံရခြင်းမှာ တိုက်ဆိုင်မှုသက်သက်သာဖြစ်ပြီး အခြားသော အဖွဲ့အစည်းများနှင့် ယခင်ကတည်းက ပဋိပက္ခမရှိခဲ့ကြောင်း ရှင်းပြခဲ့လေသည်။
ညွှန်ကြားရေးမှူးတန် အနေဖြင့် ဤလူများကို လွတ်မြောက်သွားခြင်းမျိုး အဖြစ်မခံသရွေ့ သူ၏ လုံခြုံရေးမှာ ပြဿနာ မရှိနိုင်သကဲ့သို့ ယခုနယ်မြေမှာလည်း အနာဂတ်တွင် များစွာ ပိုမို တည်ငြိမ်လာမည် ဖြစ်သည်။
ရက်အနည်းငယ် အကြာတွင် အယ်လ်မြို့တော် တစ်ခွင်၌ တုန်လှုပ်ချောက်ချားဖွယ်ရာ သတင်းတစ်ပုဒ် ပျံ့နှံ့သွားခဲ့ လေတော့သည်။
သတင်းများအရ အယ်လ်မြို့တော်ရှိ ရာဇဝတ်ဂိုဏ်း အတော်များများကို နှိမ်နင်းနိုင်ခဲ့ပြီး အဂတိလိုက်စားသော အရာရှိ အတော်များများကိုလည်း ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရလေသည်။
ဤစစ်ဆင်ရေးကြောင့် အယ်လ်မြို့တော်၏ လူမှုပတ်ဝန်းကျင် အခြေအနေမှာ များစွာ တိုးတက်လာခဲ့ပြီး ဒေသခံများ၏ ဘဝနှင့် အလုပ်အကိုင်များ ပိုမို တည်ငြိမ်လာစေခဲ့လေသည်။
ဤကိစ္စရပ်များ အားလုံး၏ အကြောင်းရင်းကို နေရာအနှံ့အပြားတွင် ပြောဆိုဆွေးနွေးနေကြလေတော့သည်။
ဤကဲ့သို့ နှိမ်နင်းမှုကြီး ဖြစ်ပေါ်လာရခြင်းမှာ လူတစ်စုက အစားအသောက်ပို့ဆောင်သူ တစ်ဦးကို အမှတ်မထင် စော်ကားမိခဲ့ရာမှ စတင်ခဲ့ခြင်း ဖြစ်လေသည်။
သို့သော် ရဲတပ်ဖွဲ့က ထိုပို့ဆောင်သူ၏ မည်သူမည်ဝါဖြစ်ကြောင်းကို ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့သောကြောင့် လူအများစုက ထိုအစားအသောက်ပို့ဆောင်သူမှာ ရဲတပ်ဖွဲ့မှ လျှို့ဝှက်စုံထောက် တစ်ဦး ဖြစ်နိုင်ကြောင်း ခန့်မှန်း ပြောဆိုနေကြလေတော့သည်။
ဤသတင်း ထွက်ပေါ်လာပြီးနောက် အယ်လ်မြို့တော်ရှိ နှိမ်နင်းမှုကို လွတ်မြောက်ကာ ပုန်းအောင်းနေခဲ့ကြသော ဂိုဏ်းငယ်တချို့မှာ အစားအသောက်ပို့ဆောင်သူများကို ကြောက်ရွံ့လာကြပြီး ပါဆယ်မှာယူရန်ပင် မဝံ့မရဲ ဖြစ် လာကြတော့သည်။
အယ်လ်မြို့တော်ရှိ ဒေသခံများမှာမူ ဤအကြောင်းကို စိတ်ဝင်တစား ပြောဆိုနေကြပြီး လက်ဖက်ရည် သောက်ရင်း၊ ထမင်းစားပြီးချိန်များတွင် ချီးကျူးပြောဆိုနေကြလေသည်။
"အစားအသောက်ပို့ဆောင်ရေး လုပ်ငန်းက တကယ့်ကို ပုန်းကွယ်နေတဲ့ လူတော်တွေနဲ့ ပြည့်နှက်နေတာပဲ...။ နောင်ကျရင် အစားအသောက် မှာတဲ့အခါ ပို့ဆောင်သူတွေကို ပိုပြီး ယဉ်ယဉ်ကျေးကျေး ဆက်ဆံပြီး နားလည် ပေးသင့်တယ်...။"
"ဟုတ်တယ်...၊ မဟုတ်ရင် ငါတို့ဆီကို အစားအသောက် လာပို့တဲ့သူရဲ့ တကယ့်အထောက်အထားကို ဘယ်လို လုပ် သိနိုင်မှာလဲ...။ တစ်ခါတလေ ပါဆယ်ပို့တာ နည်းနည်း နောက်ကျတယ်ဆိုတာ သူတို့က အမှုတစ်ခုကို သွားရှင်းဖို့ လမ်းကြုံနေလို့ ဖြစ်ချင်ဖြစ်နေမှာ...။"
ဤနည်းဖြင့် လျန်ထျန်းသည် မသိမသာပင် သူ၏ အစားအသောက်ပို့ဆောင်သူ အလုပ်အကိုင်ကို ပို၍ လျှို့ဝှက်ဆန်းကြယ်လာစေခဲ့လေသည်။
ဤအချက်ကပင် လူအများအပြားကို ပို့ဆောင်သူများအပေါ် ပို၍ ယဉ်ကျေးလာစေခဲ့သည်။
သို့သော် လျန်ထျန်းမှာမူ အစားအသောက်ပို့ဆောင်ရေး ကုမ္ပဏီတစ်ခုလုံးကို ဝယ်ယူမည့် သူ၏ ရည်မှန်းချက် အပေါ် မယိမ်းမယိုင် ရပ်တည်လျက် တစ်နေ့ပြီးတစ်နေ့ မမောနိုင်မပန်းနိုင် ဆက်လက် လုပ်ကိုင်နေဆဲပင် ဖြစ် လေသည်။
ထိုနေ့တွင် လျန်ထျန်းသည် ပုံမှန်အတိုင်းပင် အစားအသောက်များ လိုက်လံ ပို့ဆောင်နေခဲ့၏။
အမှာစာ အတော်များများကို လက်ခံရရှိခဲ့ပြီး နောက်ဆုံးတစ်ခုမှာ အယ်လ်မြို့တော်ရှိ နာမည်ကြီး ကျောက်စိမ်း ဈေးကွက်သို့ ပို့ဆောင်ရမည် ဖြစ်ပေသည်။
ဤနေရာရှိ ကျောက်စိမ်းဈေးကွက်မှာ အလွန် တရားဝင်ပြီး အပြင်ဘက်ရှိ ဈေးနှုန်း အဆမတန် တောင်းကာ အရည်အသွေး မသေချာသော လမ်းဘေးဈေးသည်များနှင့် မတူပေ။
ဤကျောက်စိမ်းဈေးကွက်ရှိ ဆိုင်တိုင်းတွင် ဈေးနှုန်းများကို ရှင်းလင်းစွာ သတ်မှတ်ထားလေသည်။ ဈေးနှုန်းများ အနည်းငယ် မြင့်မားသော်လည်း အနည်းဆုံးတော့ ပစ္စည်းများမှာ အစစ်အမှန်ဖြစ်ကြောင်း သေချာနိုင်ပြီး ဘောင်ချာများလည်း ထုတ်ပေးနိုင်လေသည်။
လျန်ထျန်းက ဆိုင်သို့ ပါဆယ်သွားပို့သောအခါ ဆိုင်ရှင်ဖြစ်သူမှာ ဖုန်းဂိမ်းကစားရာတွင် စိတ်နှစ်ထားပြီး သူ့ကို လျစ်လျူရှုကာ ပါဆယ်ကို ကောင်တာပေါ်တွင်သာ တင်ထားခဲ့ရန် ပြောလိုက်လေသည်။
လျန်ထျန်းသည် မှာကြားထားသည့်အတိုင်း ပါဆယ်ကို ကောင်တာပေါ်တွင် တင်လိုက်ပြီးနောက် ကောင်တာ ပေါ်ရှိ ဘူးတစ်ခုအတွင်းမှ အဝိုင်းပုံစံ ကျောက်စိမ်းဆွဲသီးလေး တစ်ခုကို သတိပြုမိသွားလေသည်။
ထိုကျောက်စိမ်းဆွဲသီးလေးမှာ ကြည်လင်တောက်ပကာ နွေးထွေးချောမွေ့နေပြီး ၎င်း၏ မျက်နှာပြင်ပေါ်ရှိ ထွင်းထုထားသော ပုံစံများမှာလည်း အလွန် လှပလွန်းသဖြင့် လျန်ထျန်းမှာ မသိစိတ်မှပင် လက်လှမ်းကာ ယူငင်၍ သေချာစွာ ကြည့်ရှုလိုစိတ် ပေါ်လာမိလေသည်။
သို့သော် သူ၏လက်က ကျောက်စိမ်းဆွဲသီးကို မထိရသေးမီမှာပင် ဆိုင်ရှင်က သူ့ကို ရုတ်တရက် အော်ဟစ်လိုက် လေသည်။
"မကိုင်နဲ့... အဲဒါ တော်တော်လေး ဈေးကြီးတယ်...။"
"မင်းလို မွဲတေနေတဲ့ ပါဆယ်ပို့သမားက နေရာအနှံ့ လျှောက်ကိုင်ပြီး ဘာလုပ်မလို့လဲ...။ ကျိုးပဲ့သွားရင် မင်း လျော်နိုင်လို့လား...။"
ထိုစကားကို ကြားသောအခါ လျန်ထျန်းမှာ အမြန်ပင် လက်ကို ပြန်ရုတ်လိုက်သော်လည်း ဆိုင်ရှင်၏ နောက်ပိုင်း စကားများအတွက်မူ အနည်းငယ် ဒေါသထွက်ခြင်းကို မထိန်းချုပ်နိုင်ခဲ့တော့ပေ။
"ကျွန်တော်က အစားအသောက် ပို့တာ မှန်ပေမဲ့ ဆင်းရဲတယ်လို့ မဆိုလိုပါဘူး...။ ခင်ဗျားတို့အနေနဲ့ ကျွန်တော်တို့ လို ပို့ဆောင်သူတွေကို အထင်အမြင်သေးတဲ့ အကြည့်တွေနဲ့ မကြည့်ဘဲ နေပေးလို့ မရဘူးလား...။"
ဆိုင်ရှင်က လျန်ထျန်း၏ ချေပစကားကို လှောင်ပြောင်လိုက်လေသည်။
"မင်းတို့ ပါဆယ်ပို့သမားတွေမှာ ပိုက်ဆံ ဘယ်လောက်များ ရှိလို့လဲ...။ ဒီနေရာက ရိုးရှင်းတဲ့ ကျောက်စိမ်းတစ် တုံးကိုတောင် ကျောင်အနည်းငယ်လောက် ပေးရတာ...။ မင်း ဝယ်နိုင်လို့လား...။"
လျန်ထျန်းသည် ဆိုင်ရှင်၏ မောက်မာသော အပြုအမူကို လုံးဝ သည်းမခံနိုင်တော့သဖြင့် ဘူးထဲရှိ ကျောက်စိမ်း ဆွဲသီးကို လက်ညှိုးထိုးကာ ပြောလိုက်လေသည်။
"ဒီကျောက်စိမ်းဆွဲသီးက ဘယ်လောက် ဈေးပေးရလဲ...။"
ဆိုင်ရှင်မှာ အထင်အမြင်သေးနေဆဲ ဖြစ်သော်လည်း အဖြေကိုမူ ပေးလိုက်လေသည်။
"ခြောက်ဆယ့်ရှစ်ကျောင်...၊ ဘယ်လိုလဲ...။ လန့်သွားပြီမလား...၊ ငါ ပြောသားပဲ...။"
သို့သော် ဆိုင်ရှင် စကားမဆုံးမီမှာပင် လျန်ထျန်းက ပြတ်သားစွာဖြင့် ဘဏ်ကတ်တစ်ခုကို ဆွဲထုတ်လိုက်လေ သည်။
"ကတ် ဖြတ်လိုက်...။"
ထိုစကားကို ကြားသောအခါ ဆိုင်ရှင်၏ အပြုအမူမှာ ချက်ချင်းပင် သိသိသာသာ ပြောင်းလဲသွားလေတော့သည်။
"အို... ကျွန်တော် အထင်လွဲသွားမိပါတယ်...။ လူကြီးမင်း ခဏလောက် စောင့်ပါ...၊ ကျွန်တော် အခုပဲ ထုပ်ပိုးပေး ပါ့မယ်...။"
ဆိုင်ရှင် ဤမျှအထိ ပြောင်းလဲသွားသည်မှာ အံ့ဩစရာ မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ယခုလက်ရှိ ၆၈ ကျောင်မှာ ကမ္ဘာ့ကုန်ဈေးနှုန်းများ အဆတစ်သန်း မကျဆင်းမီက ယွမ် (၆၈၀,၀၀၀) နှင့် ညီမျှနေသောကြောင့် ဖြစ် ပေသည်။
တစ်ချိန်တည်းမှာပင် သူက ကျောက်စိမ်းတစ်တုံးကို ထိုဈေးနှုန်းဖြင့် ရောင်းချလိုက်ရသဖြင့် အနည်းဆုံး အမြတ် တစ်ဝက်ခန့် ရရှိမည် ဖြစ်သည်။ သုံးနှစ်တိတိ အရောင်းအဝယ် မဖြစ်ခဲ့လျှင်တောင် တစ်ခါ အရောင်းအဝယ် ဖြစ် ပါက သုံးနှစ်စာ ထိုင်စားနိုင်သည်ဟု ဆိုနိုင်ပေသည်။
သို့သော် သူက ပြုံးရွှင်စွာဖြင့် ကျောက်စိမ်းဆွဲသီးကို ဘူးထဲထည့်ကာ ထုပ်ပိုးပြီး လျန်ထျန်းထံသို့ ပေးရန် ပြင်ဆင် နေစဉ်မှာပင်...။
သူ၏လက်က ကျောက်စိမ်းပြားကို ထိမိရုံရှိသေးချိန်၌ လျန်ထျန်း၏ စကားကို ရုတ်တရက် ကြားလိုက်ရ လေသည်။
"ဟေး... မကိုင်နဲ့...။ ခင်ဗျား ကိုင်လိုက်ရင် ကျွန်တော် မယူတော့ဘူး...။"
ထိုစကားကို ကြားလိုက်ရသောအခါ ဆိုင်ရှင်မှာ ရုတ်တရက် ရပ်တန့်သွားပြီး သူ၏ မျက်နှာပေါ်ရှိ အပြုံးများမှာ လည်း ချက်ချင်း ခဲအေးသွားလေသည်။
သူ၏ တုံ့ပြန်မှုကို မြင်သောအခါ လျန်ထျန်းက အားရပါးရ ရယ်မောလိုက်လေသည်။
သို့သော် နောက်တစ်စက္ကန့်တွင် ဆိုင်ရှင်၏ မျက်နှာမှာ တစ်ဖန် ပြန်လည် တင်းမာသွားပြီး သူ့ကို အထင်အမြင် သေးစွာ ကြည့်လိုက်လေသည်။
"မင်းလို မွဲတေနေတဲ့ ပါဆယ်ပို့သမားက ဟန်ရေးပြနေမယ်ဆိုတာ ငါ သိသားပဲ...။ မဝယ်နိုင်ရင်လည်း မဝယ်နိုင် ဘူးလို့ ပြောပေါ့...။ ယူမယ်လုပ်ပြီးမှ မယူတော့ဘူးလို့ လုပ်လို့မရဘူး...။"
"ထွက်သွားစမ်း... ပိုက်ဆံမရှိဘဲနဲ့ ကျောက်စိမ်းကို ဘာလာကြည့်တာလဲ...။ နောက်ဆိုရင် ဒီတံခါးဝကို မြင်တာနဲ့ ရှောင်သွား...၊ ကြားလား...။"
အခန်း (၁၆၄)
လှပသော ဆိုင်ရှင်
ဆိုင်ရှင်၏ အထင်အမြင်သေးသော အကြည့်ကို မြင်သောအခါ လျန်ထျန်းက ပြုံးလိုက်ပြီး လမ်းတစ်ဖက်ရှိ ဆိုင်တစ်ဆိုင်သို့ ဝင်သွားခဲ့လေသည်။
ဤဈေးကွက်အတွင်းရှိ ဆိုင်များမှာ အရပ်ရှစ်မျက်နှာမှ ဓနဥစ္စာများကို ကြိုဆိုသည့် သင်္ကေတအဖြစ် တံခါးများ ကို ကျယ်ဝန်းစွာ ဖွင့်ထားကြလေသည်။
ထို့ကြောင့် လျန်ထျန်း မျက်နှာချင်းဆိုင်ရှိ ဆိုင်သို့ ဝင်သွားသောအခါ မျက်နှာထားတင်းကျပ်နေသော ဆိုင်ရှင်က သူ့ကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရပြီး သူ၏အသံကို ကြားနိုင်မည်ကို သိသဖြင့် ချက်ချင်းပင် လှောင်ပြောင်လိုက် လေသည်။
"မွဲတေနေတဲ့ ပါဆယ်ပို့သမား...။ မင်းက ဒီနေရာမှာ ဟန်ရေးပြလို့ မရတော့ တခြားနေရာတွေမှာ သွားလုပ်ဖို့ ကြိုးစားနေတာလား...။ မင်းကိုယ်မင်း မရှက်ဘူးလား...။"
လျန်ထျန်းသည် ထိုကျိန်ဆဲသံကို ရှင်းလင်းစွာ ကြားလိုက်ရသော်လည်း ဂရုမစိုက်ပေ။ သူက ဆိုင်အတွင်းရှိ ကောင်တာရှေ့မှ ကျောက်စိမ်းများကိုသာ ကြည့်ရှုနေလိုက်လေသည်။
မကြာမီပင် လျန်ထျန်းသည် သူစောစောက မြင်တွေ့ခဲ့ရသော ကျောက်စိမ်းဆွဲသီးထက် ပို၍လှပသော ကျောက်စိမ်းတစ်တုံးကို တွေ့ရှိသွားခဲ့လေသည်။
တစ်ချိန်တည်းမှာပင် ထူးခြားသော ရုပ်ရည်နှင့် အမူအရာရှိသည့် အမျိုးသမီးတစ်ဦးက ဆိုင်နောက်ဘက်မှ ထွက် လာခဲ့လေသည်။ သူမသည် လျန်ထျန်း ကျောက်စိမ်းများကို ကြည့်နေသည်ကို မြင်သောအခါ ချက်ချင်းပင် ပြုံး လျက် နှုတ်ဆက်လိုက်လေသည်။
"မင်္ဂလာပါရှင်... လူကြီးမင်း သဘောကျတဲ့ ကျောက်စိမ်းမျိုး တွေ့ပါသလား...။"
ရှင်းလင်းစွာပင် ထိုအမျိုးသမီးမှာ ဤဆိုင်၏ ပိုင်ရှင်ဖြစ်ပြီး အလွန်လှပသူ တစ်ဦးလည်း ဖြစ်လေသည်။
လျန်ထျန်းက ခေါင်းညိတ်လိုက်ပြီး သူမျက်စိကျနေသော ကျောက်စိမ်းကို လက်ညှိုးထိုးပြကာ ၊
"ကျွန်တော် ဒီတစ်တုံးကို သေချာ ကြည့်လို့ ရမလား...။"
လှပသော ဆိုင်ရှင်လေးက ခေါင်းအနည်းငယ် ညိတ်ပြကာ ပြုံးလိုက်ပြီး လျန်ထျန်း လက်ညှိုးထိုးပြသော ကျောက်စိမ်းကို ယူကာ ကျောက်စိမ်းများ ကြည့်ရှုရာတွင် အသုံးပြုသည့် အထူးသေတ္တာလေးထဲသို့ ထည့်ပြီး နောက် ဖြည်းညင်းစွာ တွန်းပေးလိုက်လေသည်။
ဤအချိန်တွင် လမ်းတစ်ဖက်ရှိ မျက်နှာထားတင်းကျပ်နေသော ဆိုင်ရှင်က သူတို့ကို အဆက်မပြတ် လှောင် ပြောင်တော့လေသည်။
"နင်ယွဲ့...၊ အလှလေး... အချိန်တွေ ဖြုန်းမနေပါနဲ့.... သူက မွဲတေနေတဲ့ ပါဆယ်ပို့သမားဆိုတာ မင်း မမြင်ဘူး လား...။ ငါ့ဆိုင်မှာ ဟန်ရေးပြလို့ မရလို့ မင်းဆိုင်ကို ရောက်လာတာလေ...။"
"မင်းက အဲ့ဒီလို ဆင်းရဲမွဲတေနေတဲ့ ကောင်ပေါ်မှာ အချိန်တွေ ဖြုန်းတီးနေတာပဲ...။ ပြီးတော့ မင်းဆီက ကျောက်စိမ်းတွေက ဒီနေရာက ကျောက်စိမ်းတွေထက် ဈေးပိုကြီးတယ်လေ...။"
"သေချာ တွက်ကြည့်မယ်ဆိုရင် မင်းမှာ အရောင်းအဝယ် မဖြစ်တာ နှစ်ဝက်ကျော်လောက်တောင် ရှိနေပြီ မဟုတ်လား...။ ငါပြောရရင်တော့ မင်းက ငယ်လွန်းတော့ ဒီလုပ်ငန်းရဲ့ သဘောသဘာဝတွေကို နားမလည် သေးတာပါ...။"
"မင်း မြန်မြန် အရောင်းအဝယ် မဖြစ်ဘူးဆိုရင် နောက်လ ဆိုင်လခပေးဖို့တောင် ပိုက်ဆံ လောက်မှာ မဟုတ် ဘူး...။"
"ပြီးခဲ့တဲ့ အကြိမ်က ငါအကြံပေးခဲ့တာကို ပြန်စဉ်းစားကြည့်ပါလား...။ မင်း ငါနဲ့ ရက်အနည်းငယ်လောက် အတူ နေပေးမယ်ဆိုရင် မင်း ဒီအခက်အခဲကို ကျော်ဖြတ်နိုင်ဖို့ ငါ ဖန်အနည်းငယ်လောက် အကုန်ခံပြီး မင်းဆီက ကျောက်စိမ်းတစ်တုံး ဝယ်ပေးမယ်လေ...။ ဟားဟားဟား...။"
စကားပြောနေရင်း မျက်နှာထားတင်းကျပ်နေသော ဆိုင်ရှင်မှာ လှပသော ဆိုင်ရှင်လေး နင်ယွဲ့ကို လောဘတကြီး စိုက်ကြည့်ကာ မလိုမုန်းထားစွာဖြင့် ပြုံးဖြီးဖြီး လုပ်နေခဲ့လေသည်။
ထိုစကားများကို ကြားသောအခါ နင်ယွဲ့၏ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး ဒေါသတကြီးဖြင့် ပြန်လည် တုံ့ပြန်လိုက်လေသည်။
"ငါ့ရဲ့ အခက်အခဲကို အခွင့်ကောင်းယူဖို့ မစဉ်းစားနဲ့...။ ငါ့အတွက် ကျောင်အနည်းငယ်လောက် အရင်းရှိတဲ့ ကျောက်စိမ်းကို နင်က ကျောင်အနည်းငယ်နဲ့ ဝယ်ချင်ပြီး ငါက နင်နဲ့ အတူနေပေးရမယ် ဟုတ်လား...။ ထွီ..."
တံတွေးဖြင့် အထွေးခံရသော်လည်း မျက်နှာထားတင်းကျပ်နေသော ဆိုင်ရှင်မှာ တုန်လှုပ်ခြင်းမရှိဘဲ သူ၏ ရိုင်းစိုင်းသော စနောက်မှုများကို ဆက်လက် ပြုလုပ်နေခဲ့လေသည်။
"မင်းက လူမှုဆက်ဆံရေး ညံ့လွန်းလို့ ကျောက်စိမ်း တစ်တုံးတောင် မရောင်းရတာပေါ့...။"
"ပြီးခဲ့တဲ့ အကြိမ်က သူဌေးတစ်ယောက်က ညဘက် သူနဲ့အတူ ညစာစားပေးရင် မင်းရဲ့ ကျောက်စိမ်းကို တစ်ယွမ် ရှစ်ကျောင်နဲ့ ဝယ်မယ်လို့ ပြောခဲ့တယ်လေ...။"
"ကျွတ်ကျွတ်... တစ်ယွမ် ရှစ်ကျောင်ကိုတောင် မင်းက ငြင်းလိုက်တယ် ဟုတ်လား...။ ငါသာ မင်းနေရာမှာဆိုရင် မင်းရဲ့ လုပ်ငန်းက အခုလောက်ဆို တိုးတက်နေလောက်ပြီ...။"
"မင်းကို သေချာ ပြန်စဉ်းစားကြည့်ဖို့ ငါ အကြံပေးချင်တယ်...။ မင်းသာ ငါ့နည်းလမ်းအတိုင်း လုပ်မယ်ဆိုရင် မင်းရဲ့ စီးပွားရေး တိုးတက်လာမယ်လို့ ငါ အာမခံတယ်...။ ပြီးတော့ မင်း ပေးဆပ်ရမယ့် တန်ဖိုးကလည်း အနည်း ငယ်လေးပါပဲ...။"
ထိုနားမခံသာသော စကားများကို ကြားရသောအခါ နင်ယွဲ့၏ မျက်နှာမှာ ပျက်ယွင်းသွားလေသည်။ သူမသည် မျက်နှာထားဆိုးဝါးနေသော ဆိုင်ရှင်ကို လျစ်လျူရှုလိုက်ပြီး လျန်ထျန်းအား ကျောက်စိမ်းအကြောင်း မိတ်ဆက် ပေးရန်သာ အာရုံစိုက်ထားလိုက်လေသည်။
နင်ယွဲ့က သူ့ကို လျစ်လျူရှုထားသည်ကို မြင်သောအခါ မျက်နှာထားတင်းမာနေသော ဆိုင်ရှင်မှာ နောက်ဆုံးတွင် မကျေမနပ်ဖြင့်သာ ရေရွတ်နေတော့သည်။
"တကယ့်ကို ဘာမှ နားမလည်တဲ့ မိန်းမပဲ...။ ကိုယ့်မှာရှိတဲ့ အရင်းအနှီးကို ဘယ်လိုသုံးရမလဲ ဆိုတာကို မသိ ဘူး...။ သူ့ရဲ့ ရုပ်ရည်နဲ့ ခန္ဓာကိုယ်ကို အလကား ဖြုန်းတီးနေတာပဲ...၊ သူ ဘာများ ဆုံးရှုံးသွားမှာမို့လို့လဲ...။"
"စောင့်ကြည့်နေလိုက်...။ မင်း ဆိုင်လခတောင် မပေးနိုင်တဲ့ အချိန်ရောက်ရင် ကူညီပါလို့ ငါ့ကို လာတောင်းပန် ရလိမ့်မယ်...။ ဟားဟား...။"
လမ်းတစ်ဖက်ရှိ ဆိုင်အတွင်းတွင်မူ လှပသော ဆိုင်ရှင်လေး နင်ယွဲ့သည် လျန်ထျန်းအား ကျောက်စိမ်း၏ မူလ အစ၊ ဖွဲ့စည်းပုံနှင့် ကျောက်စိမ်းပုံစံ၏ သင်္ကေတ အဓိပ္ပာယ်များကို စိတ်ရှည်လက်ရှည် ရှင်းပြနေလေသည်။
စကားပြောနေရင်း တစ်ဝက်ခန့်အရောက်တွင် လျန်ထျန်းက သူမကို မေးလိုက်လေသည်။
"ခင်ဗျားက ဒီလောက် အသေးစိတ် ရှင်းပြနေတာ နောက်ဆုံးကျ ကျွန်တော် မဝယ်ဖြစ်ရင် ခင်ဗျားရဲ့ အားထုတ်မှု တွေ အလကားဖြစ်သွားမှာကို မကြောက်ဘူးလား...။"
ထိုစကားကို ကြားသောအခါ နင်ယွဲ့က ခေါင်းခါပြလိုက်ပြီး ချိုသာစွာ ပြုံးလိုက်လေသည်။
"ရပါတယ်... ကျွန်မတို့ ဆိုင်ကလည်း အရောင်းအဝယ် ပါးနေတော့ အားနေတာပဲလေ...။"
"ရှင့်အနေနဲ့ ကျောက်စိမ်းကို စိတ်ဝင်စားပြီး သဘောကျနေသရွေ့ ကျွန်မက ရှင့်ကို ပိုပြီး ရှင်းပြချင်တာပါ...။ ရှင် ဝယ်သည်ဖြစ်စေ မဝယ်သည်ဖြစ်စေ ကိစ္စမရှိပါဘူး...။"
ဤအဖြေကို ကြားရသောအခါ လျန်ထျန်းမှာ များစွာ သက်သောင့်သက်သာ ဖြစ်သွားရလေသည်။
"ခင်ဗျားနဲ့ ဟိုဆိုင်ရှင်က ကျောက်စိမ်း ရောင်းတဲ့ပစ္စည်းချင်း တူပေမဲ့ တော်တော်လေး ကွာခြားတာပဲ...။ သူက ကျွန်တော် ပါဆယ်ပို့တဲ့ ဝတ်စုံ ဝတ်ထားတာကို မြင်တာနဲ့ ချက်ချင်း နှင်ထုတ်တာပဲ...။"
ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် လျန်ထျန်းက ရည်ရွယ်ချက်ရှိရှိဖြင့် ခါးသက်သက် ရယ်မောလိုက်လေသည်။
"ကျွန်တော် သူ့ဆိုင်မှာ ရပ်နေတာကပဲ သူ့ရဲ့ စီးပွားရေးကို ပိတ်ဆို့နေသလို ခံစားရတယ်...။ ဟူး...၊ ဒီခေတ်မှာ ပစ္စည်းရောင်းတဲ့ လူအများစုက သူတစ်ပါးကို အပြင်ပန်း အသွင်အပြင်နဲ့ပဲ ဆုံးဖြတ်တတ်ကြတာ ထင်ပါရဲ့...။"
နင်ယွဲ့က တစ်ဖန် ပြုံးလိုက်ပြန်ပြီး အပြစ်အနာအဆာကင်းသော ကျောက်စိမ်းဖြူလေးကို သူမ၏ ကျောက်စိမ်း ကဲ့သို့ ဖြူစင်ချောမွေ့သော လက်လေးများဖြင့် ညင်သာစွာ မယူလိုက်ကာ ကြည်လင်သော မျက်ဝန်းများဖြင့် ပြောလိုက်လေသည်။
"ကျောက်စိမ်းက မွေးရာပါ ဖြူစင်ပါတယ်...။ ဒါပေမဲ့ ဒီနေ့ခေတ်မှာ ဒီဖြူစင်မှုကို ပိုင်ဆိုင်ထားတဲ့ သူတွေကတော့ အညစ်အကြေး ကင်းစင်ဖို့ အာမမခံနိုင်ဘူးပေါ့...။"
"ဒါပေမဲ့ ကျွန်မကတော့ ဒီဖြူစင်မှုလေးကို နောက်ဆုံးမှာ ထိုက်တန်တဲ့သူ တစ်ယောက်ရဲ့ လက်ထဲကို ရောက်စေ ချင်သေးတယ်...။ ဒါက မိုက်မဲတဲ့ အတွေးတစ်ခုမှန်း သိပေမဲ့လည်း ကျွန်မ ကြိုးစားကြည့်ချင်သေးတယ်...။"
"ရှေးစကား ရှိတယ်လေ...။ လူကြီးလူကောင်းဆိုတာ ကျောက်စိမ်းနဲ့ တူတယ်တဲ့...။"
"ကျောက်စိမ်း ဝတ်ဆင်ရခြင်းရဲ့ ရည်ရွယ်ချက်က ကိုယ့်ရဲ့ ကိုယ်ကျင့်တရားနဲ့ ဖြောင့်မတ်မှုတွေဟာ ကျောက်စိမ်း လို တောက်ပနေပေမဲ့ ပလွှားခြင်းမရှိဘဲ နှိမ့်ချတတ်ရမယ် ဆိုတာကို ကိုယ့်ကိုယ်ကိုယ် အမြဲ သတိပေးဖို့ ဖြစ်သင့် တယ်လေ...။"
"အခု လူအများစု လုပ်နေသလို ကျောက်စိမ်းရဲ့ အပေါ်ယံ တန်ဖိုးကိုပဲ ကြည့်ပြီး နာမည်ဂုဏ်သတင်းနဲ့ ဥစ္စာဓန တွေကို မျက်ကန်းတစ္ဆေလို လိုက်ရှာရင်း ကျောက်စိမ်းရဲ့ မူလ အဓိပ္ပာယ်ကို လုံးဝ မေ့လျော့ပစ်လိုက်တာမျိုး မဖြစ်သင့်ဘူးပေါ့...။"
လျန်ထျန်းသည် နင်ယွဲ့၏ စကားများကို တိတ်ဆိတ်စွာ နားထောင်ရင်း နက်ရှိုင်းစွာ ခံစားသွားရလေသည်။
သို့သော် ထိုခံစားချက်လေး အပြည့်အဝ မပျံ့နှံ့နိုင်မီမှာပင် လမ်းတစ်ဖက်ရှိ မျက်နှာထားတင်းကျပ်နေသော ဆိုင်ရှင်၏ အဖျက်အဆီးကို ခံလိုက်ရလေသည်။
နားမခံသာသော လှောင်ပြောင်ရယ်မောသံကြီး ထွက်ပေါ်လာလေသည်။
"လူကြီးလူကောင်းက ကျောက်စိမ်းနဲ့ တူတယ် ဆိုတာ ဘာအဓိပ္ပာယ်လဲ...။ ပလွှားခြင်း မရှိဘူးဆိုတာကရော ဘာအဓိပ္ပာယ်လဲ...။"
"ဒီခေတ် ဒီအခါမှာ နာမည်ဂုဏ်သတင်းနဲ့ ဥစ္စာဓနကို မရှာဖွေဘဲ ဘယ်လိုလုပ် ချမ်းသာလာနိုင်မှာလဲ...။ ပိုက်ဆံမှ မရှိရင် ကိုယ်ကျင့်တရားနဲ့ စရိုက်လက္ခဏာတွေ အကြောင်း ပြောနေလည်း ဘာအဓိပ္ပာယ် ရှိမှာလဲ...။"
"မင်းရဲ့ ယုတ္တိဗေဒကိုသာ လိုက်ရမယ်ဆိုရင် ကျောက်စိမ်းတွေ အားလုံးက ဒီဆင်းရဲသားတွေ ဆီကိုပဲ ရောက်သွား ရမှာပေါ့...။ ဒါပေမဲ့ ဒီဆင်းရဲသားတွေက ကျောက်စိမ်းကို ဝယ်နိုင်လို့လား...။"
"တခြားသူတွေ အကြောင်း မပြောနဲ့ဦး...။ မင်းရှေ့က မွဲတေနေတဲ့ ပါဆယ်ပို့သမားကိုပဲ ကြည့်လိုက်...။ မင်း သူ့ကို စကားတွေ အများကြီး ပြောနေပေမဲ့ သူ ပိုက်ဆံထုတ်လာအောင်တော့ တကယ် မလုပ်နိုင်ပါဘူး...။"
"သူ့ကို ဒီကျောက်စိမ်းရဲ့ ဈေးနှုန်းကို ပြောပြလိုက်စမ်းပါ...။ သူ လန့်ပြီး သွေးပျက်သွားမလားဆိုတာ ကြည့်ရ သေးတာပေါ့...။ မင်းက နေ့တိုင်း ဒီလို အလကား အလုပ်တွေ လုပ်ရင်း အာပေါက်ခံနေတာ...။ မင်း ငတ်သေ တော့မှာပဲ...။"
မျက်နှာထားဆိုးဝါးနေသော ဆိုင်ရှင်၏ ဗြောင်ကျကျ လှောင်ပြောင်မှုကို ကြားရသောအခါ နင်ယွဲ့၏ လှပသော မျက်နှာလေးမှာ ဒေါသကြောင့် နီရဲသွားလေသည်။ သူမက တစ်ခုခု ပြန်လည် ချေပပြောဆိုချင်သော်လည်း ဘယ်က စပြောရမည်ကို မသိအောင် ဖြစ်နေလေသည်။
အဘယ်ကြောင့်ဆိုသော် ယခုအချိန်အထိ သူမအနေဖြင့် 'လူကြီးလူကောင်း' ဟု ခေါ်ဆိုနိုင်ပြီး သူမ၏ ကျောက်စိမ်း ကို ဝယ်ယူနိုင်စွမ်းရှိသော ဖောက်သည် တစ်ဦးတစ်ယောက်နှင့်မျှ မတွေ့ဆုံရသေးသောကြောင့် ဖြစ်သည်။
ဤအခိုက်တွင် လျန်ထျန်းက သူမကို တိုးညင်းစွာ မေးလိုက်လေသည်။
"ပြောပြပါဦး... ဒီကျောက်စိမ်းတစ်တုံးက ဘယ်လောက် ဈေးရှိလဲ...။"
နင်ယွဲ့မှာ ခေတ္တမျှ မှင်တက်သွားပြီးနောက် အမြန်ပင် လက်ယမ်းကာ ဆိုလိုက်လေသည်။
"ကျွန်မက ရှင့်အနေနဲ့ ဒီကျောက်စိမ်းကို တကယ် သဘောကျနေတာ သတိထားမိလို့ ရှင်နဲ့ စကား နည်းနည်း ပိုပြောဖြစ်သွားတာပါ...။ ရှင့်ကို အတင်းအကျပ် ဝယ်ခိုင်းဖို့ ရည်ရွယ်ချက် မရှိပါဘူး...။"
"အို... ကျွန်မက ရှင့်ကို အထင်အမြင်သေးဖို့ ရည်ရွယ်တာ မဟုတ်ပါဘူး...။ ဒိကျောက်စိမ်း တစ်တုံးက တကယ့် ကို အတော်လေး ဈေးကြီးတော့ ရှင့်အနေနဲ့ ဝယ်ဖို့ နည်းနည်း အခက်အခဲ ရှိနိုင်လို့ပါ...။"
"ဒီလို လုပ်ပါလား...။ ရှင့်အတွက် ပိုပြီး သင့်တော်မယ့် ဈေးနှုန်းလေးတွေရှိတဲ့ ကျောက်စိမ်းတချို့ကို ကျွန်မ အကြံပေးပါ့မယ်...။ ဘာပဲဖြစ်ဖြစ် ကျောက်စိမ်း ဝတ်ဆင်တယ်ဆိုတာက စိတ်နေသဘောထားနဲ့ပဲ ဆိုင်တာပါ...၊ ပိုက်ဆံ ဘယ်လောက်ရှိတယ်ဆိုတာနဲ့ ဘာမှ မသက်ဆိုင်ပါဘူး...။"
သို့သော် သူမ စကားမဆုံးမီမှာပင် လျန်ထျန်းက ပြတ်သားစွာဖြင့် ဆက်ပြောလိုက်လေသည်။
"ရပါတယ်...၊ ဒီကျောက်စိမ်းကိုပဲ ယူပါ့မယ်...။ ဈေးနှုန်းကိုသာ ပြောပါ...။ ကျွန်တော် ကတ်နဲ့ ရှင်းလိုက်ပါ့ မယ်..."
စကားပြောရင်း လျန်ထျန်းသည် သူ အမြဲတမ်း ဆောင်ထားလေ့ရှိသော ဘဏ်ကတ်ကို ထုတ်ယူလိုက်လေသည်။
ထိုအရာကို မြင်သောအခါ လမ်းတစ်ဖက်ရှိ မျက်နှာထားတင်းကျပ်နေသော ဆိုင်ရှင်မှာ တစ်ဖန် ရယ်မောလာပြန် လေသည်။
"ခုနက ငါ့ဆိုင်မှာလည်း သူ ဒီလိုပဲ ဟန်ရေးပြနေခဲ့တာ...။"
"ဒါပေမဲ့ မင်းက သူ့အတွက် ကျောက်စိမ်းကို ထုပ်ပိုးဖို့ ကြိုးစားလိုက်ရင် မင်း ကိုင်လိုက်တာနဲ့ သူ မယူတော့ဘူး လို့ သေချာပေါက် ပြောလိမ့်မယ်...။"
"ကလိန်ကကျစ် နည်းလမ်းတစ်ခုတည်းကို နှစ်ကြိမ်တောင် သုံးရတယ်လို့...။ တကယ့်ကို အရှက်မရှိတဲ့ ကောင် ပဲ...။"
"အလှလေး နင်ယွဲ့... မင်းသာ ဒီစကားကို ယုံလိုက်ရင်တော့ မင်း ရူးနေလို့ပဲ ဖြစ်ရမယ်...။ ဟားဟားဟား...။"