အခန်း (၁၆၇-၁၆၈)
Vol. 17 Ch. 167-168
အခန်း (၁၆၇)
နုပျိုသန်စွမ်းခြင်း
လျန်ထျန်းသည် သေသပ်လှပသော ကျောက်စိမ်းသေတ္တာလေးကို လက်ခံယူလိုက်ပြီး ဖွင့်ကြည့်ကာ အတွင်း၌ ရှိနေသော အံ့မခန်းလှပသည့် ဟယ်ထျန်းကျောက်စိမ်းတုံးလေးကို ကြည့်လိုက်လေသည်။ ထို့နောက် ကျေနပ် အားရစွာ ပြုံးလိုက်ပြီး အလှပိုင်ရှင် ဆိုင်ရှင်မလေး နင်ယွဲ့ကို ပြောလိုက်လေသည်။
"အခုလိုမျိုး ကျောက်စိမ်းကောင်းလေးကို ရောင်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်...။ ခင်ဗျားလည်း ကျောက်စိမ်းတွေကို မြတ်နိုးတယ်ဆိုတာ ထင်ရှားပါတယ်...။"
"တကယ်တော့ ဒီကျောက်စိမ်းလေးကို တန်ဖိုးနားလည်တဲ့သူ တစ်ယောက်ယောက် ရှေ့မှာသာ ပြလိုက်မယ် ဆိုရင် သူ့ရဲ့တန်ဖိုးက ကျွန်တော် ခုနက ပေးခဲ့တဲ့ ဈေးထက် သေချာပေါက် ပိုများနေမယ်ဆိုတာ ကျွန်တော် သိပါတယ်...။"
"နှစ်ယွမ်ကျော်ကျော်လေးနဲ့ ဝယ်လိုက်ရတာ ကျွန်တော့်အတွက် တကယ်ကို တန်ပါတယ်...။ အခု ကျွန်တော် တကယ်ကို သိချင်နေတာက ဒီလောက်ကောင်းတဲ့ ကျောက်စိမ်းတွေကို ခင်ဗျား ဘယ်ကများ ရလာတာလဲ...။"
လျန်ထျန်း၏ စကားများကို ကြားသောအခါ နင်ယွဲ့က အလျင်အမြန် လက်ကာပြရင်း ဆိုလိုက်သည်။
"မဟုတ်ရပါဘူး...၊ ရှင်ပေးတဲ့ဈေးက အတော်လေးကို မြင့်နေပါပြီ...။ အရင်က လူအများကြီး ဒီကျောက်စိမ်းကို လာကြည့်ဖူးပေမဲ့ သူတို့က အမြဲတမ်း ဈေးနှိမ်ဖို့လောက်ပဲ ကြိုးစားကြတာပါ...။"
"ဒီကျောက်စိမ်းတွေရဲ့ ဇာစ်မြစ်နဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင်တော့...၊"
ထိုနေရာတွင် နင်ယွဲ့သည် စကားကို ခေတ္တရပ်တန့်သွားပြီး သူမ၏ လှပသော မျက်လုံးများတွင် ဝမ်းနည်းမှု အရိပ် ယောင်များ ပေါ်လာကာ ဆက်ပြောလိုက်လေသည်။
"ဒီပစ္စည်းတွေက ကျွန်မတို့ မိသားစုမှာ မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာခဲ့တာပါ...။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ ကျွန်မလက်ထက်ကို ရောက်လာချိန်မှာတော့ မတတ်သာဘဲ ရောင်းထုတ်နေရတာပါ...။"
ထိုစကားကို ကြားသောအခါ လျန်ထျန်းမှာ အံ့အားသင့်သွားရလေသည်။
"ဒါဆိုရင် မိသားစု အမွေအနှစ်တွေပေါ့...။ ဒီနေရာက ကျောက်စိမ်းတိုင်း အရည်အသွေး ကောင်းနေတာ မဆန်း တော့ပါဘူး...။ ဒါပေမဲ့ ခင်ဗျားက ဘာလို့ ရောင်းချင်ရတာလဲ...၊ အခက်အခဲ တစ်ခုခုများ ကြုံနေရလို့လား...။"
နင်ယွဲ့သည် ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် ဖြည်းညင်းစွာ ခေါင်းညိတ်ပြလိုက်လေသည်။
"ကျွန်မ မိသားစုက အခက်အခဲတွေနဲ့ ကြုံတွေ့ခဲ့ရပြီးတဲ့နောက် ကျွန်မလည်း နောက်ထပ် ကံဆိုးမှုတစ်ခုနဲ့ ထပ်ကြုံခဲ့ရတယ်...။ အခုတော့ မိသားစုထဲမှာ ကျွန်မ တစ်ယောက်တည်း ကျန်တော့တာပါ...။"
"မိသားစု အဆင်ပြေ ကြီးပွားနေချိန်တုန်းကတော့ လူတိုင်းနဲ့ အဆင်ပြေခဲ့ပေမဲ့ ဒုက္ခတွင်းထဲ ကျသွားတဲ့ အချိန် မှာတော့ အကြွေးလာတောင်းတဲ့ နာကြည်းနေတဲ့ တစ္ဆေတွေပဲ ရောက်လာကြတော့တာပါ...။"
"အတိတ်က ကြီးပွားချမ်းသာမှုတွေ အကုန်လုံး ပျောက်ကွယ်သွားခဲ့ပါပြီ...။ ဒီကျောက်စိမ်းတွေကိုတော့ ကျွန်မ အစွမ်းကုန် ကြိုးစားပြီး ကယ်တင်နိုင်ခဲ့ပေမဲ့ အကြွေးနွံထဲမှာ နစ်နေဆဲပါပဲ...။"
"ဒါကြောင့် သူတို့ကို ရောင်းဖို့ နည်းလမ်းရှာနေရတာပါ...။ တကယ်လို့ အကြွေးလာတောင်းတဲ့သူတွေသာ ယူ သွားမယ်ဆိုရင် သူတို့က ဈေးကို ဒီထက်ပိုပြီး နှိမ်ကြမှာပါ...။ သူတို့အကုန်လုံးက အောက်ခြေလွတ်နေတဲ့ လူယုတ်မာတွေချည်းပါပဲ...။"
"ဒါပေမဲ့ ဒီကျောက်စိမ်းတွေကို ရောင်းချချိန်မှာ ကြုံရတဲ့ သူတွေကလည်း အရှက်မရှိတဲ့ လူယုတ်မာတွေ ချည်းပါပဲ...။"
"တစ်ချို့က ကျွန်မကိုမြင်ပြီး မကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှိကြသလို တစ်ချို့ကလည်း ဘာမှမသိသလို ဟန်ဆောင်ပြီး လက်ခံနိုင်စရာမရှိတဲ့ အနေအထားထိ ဈေးနှိမ်ကြတယ်...။"
"ကျွန်မကို ကူညီနိုင်မလားဆိုတဲ့ မျှော်လင့်ချက်နဲ့ အရင်က မိသားစုနဲ့ ရင်းနှီးခဲ့တဲ့သူတွေဆီ ဒီကျောက်စိမ်းတွေကို ယူသွားပြရင်တောင်မှလေ...၊"
"သူတို့က ကျွန်မတို့ မိသားစု အခြေအနေကို အသိဆုံးပါ...။ ကူညီဖို့ လက်မကမ်းပေးတဲ့အပြင် ကျွန်မတို့ရဲ့ ကံဆိုး မှုအပေါ် အခွင့်ကောင်းယူဖို့တောင် ကြိုးစားကြသေးတယ်...။ သူတို့က အဲ့ဒီ လူယုတ်မာတွေ အရှက်မရှိတဲ့သူ တွေနဲ့ ဘာမှမကွာခြားတဲ့အပြင် ပိုလို့တောင် ဆိုးပါသေးတယ်...။"
"အဲ့ဒီနောက်ပိုင်း ကျွန်မ ဒီနေရာမှာ ဆိုင်လာဖွင့်ခဲ့ပေမဲ့ အခြေအနေက ဘယ်တော့မှ တိုးတက်မလာခဲ့ပါဘူး...။ ရှင်လည်း ခုနက အဲ့ဒီလိုလူမျိုးကို မြင်တွေ့ခဲ့ရပြီးပြီပဲ...၊ ပြီးတော့ သူပြောသွားတာတွေက အမှန်ချည်းပါပဲ...။"
"တစ်ခါတလေတော့ ကျွန်မ ဆက်ပြီး မတောင့်ခံနိုင်တော့ဘူးလို့ တကယ် ခံစားရတယ်...။ ရှင့်ကို မတွေ့ခင်အချိန် ထိပေါ့...။"
စကားပြောဆိုအပြီးတွင် နင်ယွဲ့၏ အသံမှာ တိုးလျသွားကာ သူမ၏ လှပသော မျက်နှာလေးမှာ အနည်းငယ် နီမြန်းသွားခဲ့လေသည်။
ထိုအရာကို မြင်သောအခါ လျန်ထျန်းက အလျင်အမြန် ခေါင်းခါပြလိုက်သည်။
"ကျွန်တော် ဘာမှ မလုပ်ခဲ့ပါဘူး...။ ကျောက်စိမ်းအတွက် သင့်တော်တဲ့ ဈေးတစ်ခု ပေးခဲ့ပြီး အမြင်မကြည်တဲ့သူ တစ်ယောက်ကို ရှင်းထုတ်ပေးခဲ့ရုံပါ...။"
ထို့နောက် ချက်ချင်းပင် လျန်ထျန်းက စကားလမ်းကြောင်း လွှဲလိုက်လေသည်။
"ဒါနဲ့ နေပါဦး...၊ ကျွန်တော့်မှာ ဘယ်ကနေ ဘယ်လို ရလာမှန်းမသိတဲ့ ဆိုင်တစ်ဆိုင် ရုတ်တရက် ရှိလာခဲ့တယ်...။ ဒါပေမဲ့ အဲ့ဒီဆိုင်ကို စီမံခန့်ခွဲဖို့ အချိန်ရော ခွန်အားပါ ကျွန်တော့်မှာ မရှိဘူး...။ ဒီဆိုင်ကို ခင်ဗျားပဲ ဦးစီးပြီး လုပ် ပေးရင်ရော ဘယ်လိုလဲ...။"
"အဲ့ဆိုင်မှာရှိတဲ့ ကျောက်စိမ်း အရံပစ္စည်းတွေက ခင်ဗျားဆိုင်မှာ လိုအပ်နေတဲ့ အဆင့်နိမ့် ကျောက်စိမ်းတွေကို ဖြည့်တင်းပေးနိုင်ပါလိမ့်မယ်...။ တကယ်လို့ ခင်ဗျားသာ ဒီအတိုင်း ဆက်ပြီး လည်ပတ်သွားမယ်ဆိုရင် စီးပွား ရေးက တဖြည်းဖြည်း တိုးတက်လာလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်...။"
နင်ယွဲ့သည် အပြင်ပန်းတွင် တိတ်ဆိတ်ကာ နူးညံ့သိမ်မွေ့ပုံ ပေါ်သော်လည်း တကယ်တမ်းတွင်မူ အတော်လေး ပွင့်လင်းဖြောင့်မတ်သူ ဖြစ်လေသည်။ လျန်ထျန်း၏ အကြံပြုချက်ကို ကြားပြီးနောက် သူမက လိုလိုလားလားပင် သဘောတူလိုက်လေသည်။
"ကောင်းပြီလေ...၊ ဒါဆိုရင် ကျွန်မအပေါ် ရှင့်ရဲ့ ရင်းနှီးမြှုပ်နှံမှုအဖြစ် သဘောထားလိုက်ပါ့မယ်...။ အနာဂတ်မှာ ကျွန်မရဲ့ စီးပွားရေး ဘယ်လောက်ပဲ ကောင်းလာပါစေ ရှင်က တစ်ဝက် ရပါလိမ့်မယ်...။"
လျန်ထျန်းသည် နင်ယွဲ့၏ စကားကို သိပ်အာရုံမစိုက်ဘဲ သဘောတူသည့်အနေဖြင့် ခေါင်းညိတ်ကာ ပြုံးပြလိုက် လေသည်။
ထိုအချိန်တွင် သူသည် အမျိုးသမီး၏ မိသားစု အခက်အခဲ ကြုံတွေ့နေရသည်ဟုသာ ခံစားမိပြီး သူမကို တတ်နိုင် သမျှ ကူညီပေးချင်ရုံသာ ဖြစ်လေသည်။ ကျေးဇူးဆပ်ခံရမည်ဆိုသည့် အကျိုးအမြတ် တစ်စုံတစ်ရာကိုတော့ သူ တွေးပင် မတွေးခဲ့ပေ။
သို့သော် လာမည့် နှစ်အနည်းငယ်အတွင်း နင်ယွဲ့သည် ဤဆိုင်ငယ်လေး နှစ်ဆိုင်မှနေ၍ နိုင်ငံအတွင်း လူသိများ ထင်ရှားသော ကျောက်စိမ်းကုန်သည်ကြီး ဖြစ်လာလိမ့်မည်ဟု သူ ဘယ်သောအခါမှ ထင်မှတ်ထားခဲ့မည် မဟုတ် ပေ။
သူမ ဖွင့်လှစ်ခဲ့သော ဆိုင်ခွဲများမှာ မြို့ပေါင်း ရာနှင့်ချီ၍ ပျံ့နှံ့သွားခဲ့ပြီး နင်ယွဲ့သည် သူမ၏ ကတိစကားအတိုင်း တကယ်ပင် တည်ခဲ့လေသည်။ သူမ၏ စီးပွားရေးလုပ်ငန်း မည်မျှပင် ကြီးမားလာပါစေ လျန်ထျန်းအတွက် အမြဲ တမ်း ရှယ်ယာတစ်ဝက်ကို ဖယ်ချန်ထားပေးခဲ့လေသည်။
သို့သော် ထိုအရာများက အနာဂတ်မှ ဇာတ်လမ်းတစ်ပုဒ် ဖြစ်လေသည်။ လတ်တလောတွင်မူ လျန်ထျန်းသည် အမှာစာများ ဆက်လက် လက်ခံကာ အစားအသောက်များကိုသာ ပို့ဆောင်ချင်နေသေးသည်။
ထို့ကြောင့် သူသည် အလှပိုင်ရှင် ဆိုင်ရှင်မလေးနှင့် ဆက်၍ စကားမပြောတော့ပေ။ သူသည် ဟယ်ထျန်း ကျောက်စိမ်းတုံးလေး ပါဝင်သော ကျောက်စိမ်းသေတ္တာငယ်ကို ယူဆောင်ကာ ဆိုင်ထဲမှ ထွက်လာခဲ့လေသည်။
သို့သော် လျန်ထျန်း ဆိုင်အပြင်ဘက်သို့ ခြေမချနိုင်မီမှာပင် လူတစ်ယောက်က ဝင်လာပြီး သူ၏လမ်းကို ပိတ်ရပ် လိုက်လေသည်။
အစပိုင်းတွင် လျန်ထျန်းက ဂရုမစိုက်ဘဲ ရှောင်ကွင်းသွားနိုင်မည်ဟု တွေးလိုက်လေသည်။ သို့သော် လမ်းပိတ် ရပ်နေသူက လျန်ထျန်း ရွေ့သွားသည့်အတိုင်း လိုက်ရွေ့ကာ တမင်တကာ ပိတ်ဆို့နေခြင်း ဖြစ်လေသည်။
လျန်ထျန်းက 'ဒီလူ ရောဂါများ ရှိနေတာလား' ဟု စိတ်ထဲမှ တွေးလိုက်မိချိန်မှာပင် ထိုပရမ်းပတာနိုင်ပြီး အကျင့် စာရိတ္တ ပျက်ပြားနေပုံရသော လူငယ်လေးက ဆိုင်ကောင်တာ အနောက်ဘက်ရှိ နင်ယွဲ့ကို အရင်စကားပြော လိုက်လေသည်။
"ဟေး... မစ်(စ်)နင်... ဆိုင်ဖွင့်ထားတာပဲ...။ ဒီပို့ဆောင်ရေးသမားဆီက အစားအသောက်တွေ ဝယ်လိုက်တာ လား...။"
"ကျွန်တော် ဒီနေရာကို အကြိမ်ပေါင်းများစွာ လာခဲ့ပြီး အလှပိုင်ရှင် နင်ဆီကနေ ဈေးလျှော့ပေးဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပေမဲ့ သူမက ကျွန်တော့်ကို တစ်ပြားမှတောင် မလျှော့ပေးခဲ့ဘူး...။"
"ဒီပို့ဆောင်ရေးသမားက နင်ရဲ့ဆိုင်ကနေ ကျောက်စိမ်းကို ဝယ်နိုင်လောက်အောင် ဘယ်လိုလုပ် တတ်နိုင်ရ တာလဲ... ။သူက နင့်ရဲ့ ချစ်သူများလား...။"
လူငယ်၏ မလေးမစား စကားများကို ကြားသောအခါ နင်ယွဲ့က ရှက်ရွံ့ဒေါသထွက်စွာဖြင့် ချက်ချင်းပင် ပြန်လည် ချေပလိုက်လေသည်။
"ချိုးကျိဟယ်... ရှင် ကျွန်မဆိုင်ကို လာတာကို ကြိုမဆိုဘူးလို့ ကျွန်မ အရင်ကတည်းက ပြောထားပြီးပြီပဲ...။ ဒါကြောင့် ခဏခဏ ဒီနေရာကိုလာပြီး လူမိုက်တစ်ယောက်လို ပြုမူနေတာတွေကို ရပ်လိုက် ပါတော့....။"
ချိုးကျိဟယ် အမည်ရှိသော လူငယ်သည် နင်ယွဲ့၏ စကားများကို ကြားသောအခါ ဆင်ခြင်ထိန်းသိမ်းခြင်း မရှိသည့်အပြင် ပို၍ပင် ရိုင်းစိုင်းလာကာ အရှက်မရှိ ပြုံးဖြဲဖြဲ လုပ်နေခဲ့လေသည်။
"မစ်(စ်)နင်... ခင်ဗျားက စီးပွားရေး လုပ်နေတာလေ...။ ဘယ်လိုလုပ် ဒီလိုမျိုး လုပ်လို့ရမှာလဲ...။ ကျွန်တော်က ကျောက်စိမ်းလာကြည့်ပြီး ဝယ်ဖို့ စီစဉ်နေတဲ့ ဖောက်သည်တစ်ယောက်ပါ...။"
"ပြီးတော့ ဒီနေ့ ကျွန်တော် ပိုက်ဆံတွေ အများကြီး ယူလာတယ်...။ ဒါကြောင့် ဈေးဆစ်ဖို့ အစီအစဉ်မရှိပါဘူး...၊ ကျွန်တော့်မှာ တောင်းဆိုစရာ သေးသေးလေးတစ်ခုပဲ ရှိတယ်...။ အလှပိုင်ရှင် မစ်(စ်)နင်က ခွင့်ပြုပေးမယ်လို့ မျှော်လင့်ပါတယ်...။"
သူသည် တမင်တကာ စကားကို ခေတ္တရပ်လိုက်ပြီးနောက် သူ၏ ရိုင်းစိုင်းယုတ်ညံ့သော စကားများကို ဆက်၍ ပြောဆိုလေတော့သည်။
"ကျောက်စိမ်းဝယ်ဖို့ ဒီလောက် ပိုက်ဆံတွေ အများကြီး သုံးထားမှတော့ မစ်(စ်)နင် ခင်ဗျားအနေနဲ့ ကျွန်တော် ဘယ်လို ကျောက်စိမ်းအမျိုးအစားကို အလိုချင်ဆုံးလဲ ဆိုတာ သိသင့်တယ်...။"
"ဟီးဟီး...၊ ဟုတ်တယ်...။ တကယ်တမ်း ကျွန်တော် အလိုချင်ဆုံးက နွေးထွေးပြီး နူးညံ့တဲ့ ကျောက်စိမ်းလေး ဖြစ်တဲ့ ခင်ဗျားကိုပဲ...။"
"ဒါကြောင့် ဒီနေ့ ကျွန်တော့်ရဲ့ တောင်းဆိုမှုကိုသာ ခင်ဗျား သဘောတူမယ်ဆိုရင် ကျွန်တော် ထပ်ပြီး ဈေးမဆစ် တော့ဘဲ အရင်က မျက်စိကျခဲ့တဲ့ ကျောက်စိမ်းကို ဝယ်လိုက်မယ်...။"
"အင်း... ခင်ဗျား မကြာသေးခင်က ငွေကြေးပြတ်လပ်နေတယ် ဆိုတာကို ကျွန်တော် သိတယ်...။ နောက်လ အတွက် ဆိုင်လခတောင် ပေးနိုင်မှာ မဟုတ်ဘူးလို့ ကျွန်တော် လောင်းရဲတယ်...။"
"လက်ခံလိုက်ပါတော့ ဟုတ်ပြီလား...။ ကျွန်တော်က လမ်းတစ်ဖက်က ဆိုင်မှာရှိတဲ့ အဲ့ဒီ အကျင့်ပျက်ကောင် ထက် အများကြီး ပိုကောင်းပါတယ်...။ အနည်းဆုံးတော့ ကျွန်တော်က နုပျိုပြီး သန်စွမ်းသေးတယ်လေ...။"
စကားပြောနေရင်းနှင့် လူငယ်သည် သူ၏ တင်ပါးကို အရှက်မရှိ ရှေ့သို့ ကော့ပြလိုက်ရာ ကြည့်ရသည်မှာ လုံးဝကို အမြင်မတော်စရာပင် ဖြစ်လေသည်။ နင်ယွဲ့သည် ရွံရှာစက်ဆုပ်စွာဖြင့် မျက်နှာလွှဲလိုက်ပြီး စိတ်ဆိုး မာန်ဆိုးဖြင့် ပြောလိုက်လေသည်။
"ကျွန်မ အခု ငွေကြေးပြတ်လပ်မနေဘူး...။ ဒါကြောင့် အိပ်မက်မက်နေတာကို ရပ်လိုက်ပြီး ကျွန်မဆိုင်ထဲကနေ ထွက်သွားစမ်း...။"
နင်ယွဲ့၏ စကားများကို ကြားသောအခါ လူငယ်မှာ ခေတ္တမျှ ကြက်သေ သေသွားပြီးနောက် ဆက်စပ်တွေးတော မိသွားဟန်ဖြင့် ဘေးတွင် ရပ်နေဆဲဖြစ်သော လျန်ထျန်းအား အလျင်အမြန် လှည့်ကြည့်လိုက်လေသည်။
"ဒီပို့ဆောင်ရေးသမားက ခင်ဗျားကို အရောင်းအဝယ်တစ်ခု ရအောင် ကူညီပေးလိုက်ရုံနဲ့ ခင်ဗျားက ငွေကြေး မပြတ်လပ်တော့ဘူးလား...။ ပို့ဆောင်ရေးသမား တစ်ယောက်မှာ ပိုက်ဆံ ဘယ်လောက်များ ရှိနိုင်မှာမို့လို့လဲ..။"
စကားပြောရင်းနှင့် လူငယ်သည် လျန်ထျန်း၏ လက်ထဲမှ ကျောက်စိမ်းသေတ္တာကို လုယူကာ ဖွင့်ကြည့်လိုက်ရာ အတွင်းရှိ ကျောက်စိမ်းပြားလေးကို မြင်သွားလေသည်။ ခေတ္တမျှ ကြည့်ရှုပြီးနောက် သူက နှုတ်ခမ်းကို စုပ်သပ် ကာ ပြောလိုက်လေသည်။
"ဒီကျောက်စိမ်းတုံးလေးက သေးလွန်းတယ်...။ အရင်က ကျွန်တော် ကြည့်ခဲ့တဲ့ တစ်တုံးလောက်တော့ မကောင်း ဘူး...။"
ထို့နောက် သူက လှည့်ကာ လျန်ထျန်းကို အလွန် ရိုင်းစိုင်းသော အမူအရာဖြင့် လှောင်ပြောင်လိုက်လေသည်။
"ဟေး... ပို့ဆောင်ရေးသမား...။ မင်းက အလှပိုင်ရှင် နင်ရဲ့ ဖားယားတဲ့သူ ဖြစ်ချင်တယ်ဆိုရင်တောင် အနည်းဆုံး တော့ ပိုကြီးတဲ့ ကျောက်စိမ်းတစ်တုံးကို ဝယ်သင့်တယ်...။"
"ဒီလောက် သေးငယ်တဲ့ ကျောက်စိမ်းတုံးလေးနဲ့ဆိုတော့ အရှက်တကွဲနဲ့ အမြီးကုပ်ပြီး ထွက်သွားရတာ မဆန်း ပါဘူး...။ ပြီးတော့ သူတို့က ဆင်းရဲလွန်းလို့ အစားအသောက်တောင် လိုက်ပို့နေရသေးတယ်...။ ဖားပြုတ်က ဟင်္သာကို စားဖို့ ကြိုးစားသလို မလုပ်စမ်းပါနဲ့...။"
အခန်း (၁၆၈)
ငွေလျော်ရခြင်း
လျန်ထျန်းသည် ထိုလူငယ်က သူ၏လက်ထဲမှ ကျောက်စိမ်းသေတ္တာငယ်ကို လုယူသွားသောအခါ မျက်မှောင် ကြုတ်သွားပြီး ချက်ချင်းပင် ပြန်ယူရန် လက်လှမ်းလိုက်လေသည်။
သို့သော် ထိုလူငယ်သည် အဆက်မပြတ် ရှောင်တိမ်းနေကာ သေတ္တာထဲမှ ကျောက်စိမ်းဆွဲပြားကိုပင် ထုတ်ယူ လိုက်ပြီး အပေါ်သို့ မြှောက်ချည်ဖမ်းချည်ဖြင့် ကစားနေခဲ့လေသည်။
သိုးဆီအဆင့်ရှိ ဟယ်ထျန်းကျောက်စိမ်းပြားလေး အပေါ်သို့ မြှောက်ကာ ကစားခံနေရသည်ကို မြင်သောအခါ လျန်ထျန်းမှာ ချက်ချင်းပင် ဆက်မလုတော့ဘဲ ရပ်တန့်လိုက်လေသည်။ ဤမျှ လှပတင့်တယ်လှသော ကျောက်စိမ်းပြားလေး ပြုတ်ကျပြီး ကွဲကြေသွားမည်ကို သူ စိုးရိမ်သွားခြင်း ဖြစ်သည်။
ယခင်က နင်ယွဲ့ ပြောခဲ့သကဲ့သို့ပင် ကျောက်စိမ်းတစ်ခုကို ၎င်း၏ မျက်နှာပြင်တန်ဖိုးဖြင့် တိုင်းတာ၍ မရနိုင်ပေ။ ငွေကြေး မည်မျှပင် ပါဝင်ပတ်သက်နေပါစေ အဓိက စိုးရိမ်ရသည်မှာ တန်ဖိုးကြီးမားလှသော သယံဇာတများ အလဟဿ ဖြစ်သွားမည်ကိုပင် ဖြစ်သည်။
ထို့ကြောင့် လျန်ထျန်းက ဒေါသသံ အနည်းငယ် စွက်ကာ သတိပေးလိုက်လေသည်။
"မင်း ကျောက်စိမ်းကို ကြည့်လို့ရတယ် ဒါပေမဲ့ ဒီလိုမျိုးတော့ လုပ်လို့ မရဘူး...။ ကွဲသွားရင် မင်း တာဝန်ယူရ လိမ့်မယ်...။"
သို့သော် ထိုလူငယ်မှာ လျန်ထျန်း၏ စကားကို အလေးအနက် မထားသည့်အပြင် သူ၏ ပုံမှန် မလေးမစားဟန် ဖြင့်ပင် ကျောက်စိမ်းကို အပေါ်သို့ ဆက်လက် မြှောက်ကစားနေခဲ့လေသည်။
"ငါပဲ တာဝန်ယူလိုက်ပါ့မယ်...။ အစားအသောက်ပို့တဲ့ မင်းလိုလူတောင် ကျောက်စိမ်းဝယ်နိုင်သေးတာပဲ ငါက မဝယ်နိုင်စရာ အကြောင်းမရှိပါဘူး...။"
"ဒီနေ့ ငါ ပိုက်ဆံတွေ အများကြီး ယူလာတယ်...။ ငါ ဝယ်မယ့် ကျောက်စိမ်းက မင်းဟာထက် အများကြီး ပိုကြီး တယ်...။"
"ဟေ့ ပို့ဆောင်ရေးသမား မင်း အိပ်မက်တောင် မမက်နိုင်တဲ့ နတ်သမီးလေးကို ငါ အလွယ်တကူ လက်ဆွဲသွား တာကိုသာ ထိုင်ကြည့်နေလိုက်တော့ ဟားဟားဟား...။"
သို့သော် ထိုလူငယ်မှာ မောက်မာစွာ ရယ်မောနေစဉ်အတွင်း မသေချာမရေရာ ဖြစ်သွားကာ အပေါ်သို့ မြှောက် လိုက်သော ကျောက်စိမ်းပြားလေးမှာ သူ၏ လက်ထဲမှ လွတ်ကျသွားလေတော့သည်။
ဂျောက်ခနဲ အသံထွက်ပေါ်သွားလေသည်။
ကြည်လင်ပြတ်သားသော အသံတစ်သံနှင့်အတူ အကောင်းဆုံး အရည်အသွေးရှိသည့် ဟယ်ထျန်းကျောက်စိမ်း ဆွဲပြားလေးမှာ နှစ်ပိုင်း ကွဲကြေသွားလေတော့သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ တစ်ခန်းလုံး ချက်ချင်းပင် တိတ်ဆိတ်ငြိမ်သက်သွားလေသည်။
သို့သော် ထိုတိတ်ဆိတ်မှုမှာ စက္ကန့်အနည်းငယ်မျှသာ ကြာမြင့်ခဲ့ပြီးနောက် လူငယ်မှာ သူ၏ ဂရုမစိုက်သည့် ဟန်ပန်သို့ အလျင်အမြန် ပြန်လည် ရောက်ရှိသွားလေသည်။
"ဒုက္ခပါပဲ သည်ကျောက်စိမ်းကလည်း ပျက်စီးလွယ်လိုက်တာ... ။ အရည်အသွေးက သာမန်ပါပဲလို့ ငါ ပြောသား ပဲ...။"
"ကိစ္စမရှိပါဘူး ဒီနေ့ ငါ ပိုက်ဆံတွေ အများကြီး ယူလာတာဆိုတော့ ဒီကျောက်စိမ်းကိုပါ ဝယ်လိုက်ပါ့မယ်...။"
ထိုသို့ပြောရင်း လူငယ်သည် သူ၏ အိတ်ကပ်ထဲသို့ လက်နှိုက်လိုက်ကာ လျန်ထျန်းအား ခပ်တည်တည်ဖြင့် ဆက်ပြောလိုက်လေသည်။
"ဟေ့ ပို့ဆောင်ရေးသမား မင်း ဒီကျောက်စိမ်းကို ဘယ်လောက်ပေးလိုက်ရလဲ ပြောစမ်း...။ ကံကောင်းတာက ဒီနေ့ ငါ ငွေသားတွေပဲ ယူလာခဲ့တော့ မင်းကို အခုချက်ချင်း ပေးလိုက်လို့ ရပါတယ်...။"
ထို့နောက် သူသည် နင်ယွဲ့ဘက်သို့ လှည့်ကာ ပြုံးဖြီးဖြီးဖြင့် ပြောလိုက်လေသည်။
"အလှလေး နင်ယွဲ့ မင်းမြင်တဲ့အတိုင်းပဲ….၊ အခု ငါ ဒီကျောက်စိမ်းပြားကိုတောင် ဝယ်လိုက်ပြီဆိုတော့ ငါ့ရဲ့ တောင်းဆို ချက်ကို အနည်းဆုံးတော့ သဘောတူသင့်ပါတယ်...။"
သို့သော် သူ စကားမဆုံးမီနှင့် သူ၏ အိတ်ကပ်ထဲမှ ပိုက်ဆံများ မထုတ်နိုင်မီမှာပင် လျန်ထျန်း၏ အေးစက်စက် အသံ ထွက်ပေါ်လာခဲ့လေသည်။
"မင်းအမြင်မှာ ကျောက်စိမ်းတစ်တုံး ကွဲသွားတာက ပိုက်ဆံပေးလိုက်ရုံနဲ့ ပြီးသွားမယ့် ကိစ္စလို့ ထင်နေတာလား... ။ မင်းမှာ နည်းနည်းလေးတောင် နှမြောတဲ့စိတ် မရှိဘူးလား...။"
ထိုသို့ပြောရင်း လျန်ထျန်းသည် ကိုယ်ကိုကိုင်းကာ ကြမ်းပြင်ပေါ်တွင် နှစ်ခြမ်းကွဲနေသော ကျောက်စိမ်းဆွဲပြား လေးကို ကောက်ယူလိုက်ပြီး နှမြောတသစွာဖြင့် ကြည့်ရှုနေလေသည်။
ကျောက်စိမ်းကောင်းတစ်ခု၏ တန်ဖိုးကို နားလည်သူများသာလျှင် ယခုကဲ့သို့ ကွဲကြေသွားသောအခါ စစ်မှန်သော ဝမ်းနည်းမှုကို ခံစားရမည် ဖြစ်သည်။
သူသည် ကျောက်စိမ်းကို ပြန်လည် ဆက်စပ်ကြည့်ရန် ကြိုးစားခဲ့သော်လည်း အလယ်ရှိ အက်ကြောင်းမှာမူ ပြင်ဆင်၍မရနိုင်တော့ကြောင်း သိလိုက်ရသဖြင့် ဆက်ပြောလိုက်လေသည်။
"ဒါလည်း ဟုတ်တာပါပဲ...၊ ခုနက ဒီကျောက်စိမ်းအပေါ် မင်းရဲ့ အကဲဖြတ်မှုအရ မင်းက ကျောက်စိမ်းကို နားလည် တဲ့သူ မဟုတ်မှန်း ရှင်းနေတာပဲ ကျောက်စိမ်းကို မြတ်နိုးတဲ့သူ မဟုတ်တာတော့ ပိုဆိုးတာပေါ့...။"
"ကောင်းပြီ ဒီလိုဆိုမှတော့ ငါတို့ ပိုက်ဆံအကြောင်းပဲ ပြောကြတာပေါ့...။ ငါ ဒီကျောက်စိမ်းကို (၂) ယွမ်နဲ့ (၆၆) ကျောင် ပေးဝယ်ခဲ့တာမို့ မင်း ငါ့ကို ပြန်လျော်ပေးရမယ်...။"
'(၂) ယွမ်နှင့် (၆၆) ကျောင်' ဟူသော ကိန်းဂဏန်းကို ကြားလိုက်ရသောအခါ ယခင်က ဂရုမစိုက်ဘဲ အရေးမစိုက် ဟန် ပြနေခဲ့သည့် လူငယ်မှာ ချက်ချင်းပင် မှင်တက်သွားလေတော့သည်။
သူသည် သုံးစက္ကန့်ခန့်မျှ မှင်တက်သွားခဲ့ပြီးနောက် လျန်ထျန်း၏ လက်ထဲတွင် နှစ်ခြမ်းကွဲနေသော ကျောက်စိမ်း ကို ကြည့်ကာ မျက်လုံးများ ပြူးကျယ်သွားပြီး အံ့သြတကြီး အော်ဟစ်လိုက်လေသည်။
"ဘာ...၊ မင်း ဘာပြောလိုက်တယ်...။ ဒီကျောက်စိမ်းက (၂) ယွမ်ထက် ပိုများတယ် ဟုတ်လား...။ မင်း ငါ့ကို နောက်နေတာလား...။"
"ငါ ဝယ်ဖို့ စီစဉ်ထားတဲ့ လက်ဝါးအရွယ်အစားရှိတဲ့ ကျောက်စိမ်းကတောင် (၂) ကျောင် ကျော်ကျော်ပဲ ရှိတာကို... ။ မင်းရဲ့ သည်လောက်သေးငယ်တဲ့ ကျောက်စိမ်းလေးက ဘယ်လိုလုပ်ပြီး (၂) ယွမ်ကျော် တန်ရမှာလဲ...။"
"ပြီးတော့ မင်းက အစားအသောက်ပို့တဲ့သူ တစ်ယောက်ပဲလေ…။ ဒီလောက် ဈေးကြီးတဲ့ ကျောက်စိမ်းကို ဝယ်ဖို့ မင်းဆီမှာ အဲ့လောက် ပိုက်ဆံ အများကြီး ရှိစရာ အကြောင်းမရှိဘူး...။"
"ဪ... ငါ သိပြီ... မင်းတို့လို အစားအသောက်ပို့တဲ့သူတွေက ငါ့ကို လိမ်စားဖို့ ကြိုးစားနေတာ မဟုတ်လား...။ ငါက မတော်တဆ ကျောက်စိမ်းကို ခွဲမိသွားတော့ မတန်တဆ ပိုက်ဆံတွေ တောင်းပြီး လွတ်မြောက်သွားမယ်လို့ ထင်နေတာလား...။"
လူငယ်တစ်ယောက်အနေဖြင့် ဤမျှ ပြင်းထန်စွာ တုံ့ပြန်ပြီး မသင့်လျော်သော စကားများစွာကို ပြောဆိုမိသည် မှာလည်း အံ့သြစရာတော့ မဟုတ်ပေ။
ယနေ့ခေတ် သာမန်လူများအတွက် (၂) ယွမ်ဆိုသည်မှာ ကြီးမားသော ပမာဏတစ်ခု ဖြစ်ပြီး ကမ္ဘာ့ကုန်ဈေးနှုန်း များ အဆတစ်သန်း မကျဆင်းမီကဆိုလျှင် ယွမ် နှစ်သန်းကျော်နှင့် ညီမျှလေသည်။
သို့သော် လျန်ထျန်းက သူ၏အပေါ် မည်သည့် ကိုယ်ချင်းစာမှုမျှ မပြသဘဲ အေးစက်စက်ပင် ဆက်ပြောလိုက်လေ သည်။
"ငါ အစားအသောက်ပို့တာပဲဖြစ်ဖြစ် ငါ့မှာ ပိုက်ဆံ အဲ့လောက်ရှိတာပဲဖြစ်ဖြစ် မင်း ပူစရာ မလိုဘူး...။ ဘာပဲဖြစ် ဖြစ် ငါ ဒီကျောက်စိမ်းကို (၂) ယွမ်နဲ့ (၆၆)ကျောင် ပေးပြီး အခုလေးတင် ဝယ်လိုက်တာပဲ...။"
"ငါ့မှာ ပြေစာတွေနဲ့ ငွေပေးချေထားတဲ့ မှတ်တမ်းတွေ အကုန်ရှိတယ်...။ မင်း သေချာ ကြည့်လို့ရတယ်...။ ငါ မင်းဆီကနေ ပိုက်ဆံ တစ်ပြားမှ ပိုမတောင်းပါဘူး...။"
ထိုသို့ပြောရင်း လျန်ထျန်းသည် ပြေစာများနှင့် ငွေလွှဲမှတ်တမ်းများကို လူငယ်အား ပြသလိုက်လေသည်။
ထိုအရာများကို ဖတ်ကြည့်ပြီးနောက် လူငယ်မှာ ခြေထောက်များပင် ခွေကျသွားပြီး ကောင်တာနောက်ကွယ်ရှိ နင်ယွဲ့ကို သနားစရာ မျက်လုံးများဖြင့် လှည့်ကြည့်လာလေသည်။
ထိုအခါ နင်ယွဲ့က ဝင်ပြောလိုက်လေသည်။
"ဟုတ်ပါတယ်... မစ္စတာလျန်က သည်ကျောက်စိမ်းကို (၂) ယွမ်နဲ့ (၆၆) ကျောင် ပေးပြီး တကယ် ဝယ်ယူခဲ့တာ ပါ... ။ ရှင်မြင်တဲ့အတိုင်းပဲ ကျွန်မက ဘာမှ လုပ်ပေးလို့ မရဘူး...။ ရှင် အခု မစ္စတာလျန်အတွက် လျော်ကြေးကို ညှိနှိုင်းဖို့ပဲ လိုတော့တယ်...။"
ဤအချိန်တွင် မျှော်လင့်ချက်များ အားလုံး ပျောက်ဆုံးသွားသော လူငယ်မှာ လျန်ထျန်းနှင့် ပြန်လည် ရင်ဆိုင်ရ သောအခါ အလုံးစုံ ကြောက်ရွံ့တုန်လှုပ်သွားလေတော့သည်။
"ဘယ်... ဘယ်လို လုပ်ကြမလဲ...။"
သူ၏ ကြောက်ရွံ့နေသော ဟန်ပန်ကို မြင်သောအခါ လျန်ထျန်းမှာမူ ဒေါသထွက်ရမည့်အစား ရယ်မောလိုက်မိ လေသည်။
"ဘာလုပ်ရမှာလဲ...၊ ခုနက မင်းကိုယ်တိုင်ပဲ ပြောခဲ့တာ မဟုတ်ဘူးလား...။ မင်း ငါ့ကို ပြန်လျော်ပေးရမှာပေါ့...။"
"ငါ့ကို (၂) ယွမ်နဲ့ (၆၆) ကျောင် မြန်မြန် ပေးလိုက်...။ ပြီးရင် နှစ်ခြမ်းကွဲနေတဲ့ ဒီကျောက်စိမ်းပြားက မင်းဟာ ဖြစ်သွားပြီ...။"
ထိုသို့ပြောရင်း လျန်ထျန်းသည် သူ၏ လက်ထဲမှ နှစ်ခြမ်းကွဲနေသော ကျောက်စိမ်းများကို ကမ်းပေးလိုက် လေသည်။
သို့သော် လူငယ်မှာ ယူရန် တုံ့ဆိုင်းနေခဲ့လေသည်။ သူသည် ယခင်က ကျောက်စိမ်းကို ဂရုမစိုက်ဘဲ အပေါ်သို့ မြှောက်ကစားနေခဲ့သော်လည်း ယခုမူ ထိပင် မထိရဲတော့ဘဲ ကြောက်ရွံ့စွာဖြင့် ဆိုလိုက်လေသည်။
"ဒါဆို... နည်းနည်းလောက် လျှော့ပေးလို့ ရမလား...။ ငါ့အိတ်ကပ်ထဲမှာ (၂) ကျောင် ကျော်ကျော်လေးပဲ ရှိလို့ ပါ...။"
လျန်ထျန်းက မျက်နှာထား တင်းမာစွာဖြင့် သူ၏ စကားကို ဖြတ်ပြောလိုက်လေသည်။
"ကျောက်စိမ်းကို ဒီလိုမျိုး မကြည့်ဖို့ ငါ မင်းကို စောစောကတည်းက ပြောခဲ့တယ်လေ...။ ဒါပေမဲ့ မင်းက နား မထောင်ခဲ့ဘူး..။ ပြီးတော့ မင်းက မဝယ်နိုင်စရာ အကြောင်းမရှိပါဘူးလို့တောင် ပြောခဲ့သေးတာပဲ...။"
"အခု ဘာဖြစ်သွားလဲ ကြည့်လိုက်...၊ ကျောက်စိမ်းက ကွဲသွားပြီဆိုတော့ မင်း လျော်ပေးတာ အကောင်းဆုံးပဲ...။ ဒီနေ့ မင်း ပိုက်ဆံတွေ အများကြီး ယူလာတယ်လို့ ပြောခဲ့တယ် မဟုတ်လား...။"
ထိုအခါ လူငယ်မှာ စိုးရိမ်တကြီးဖြင့် ရှင်းပြလေသည်။
"ငါ ပိုက်ဆံ လုံလုံလောက်လောက် ယူလာသင့်တယ်လို့ ပြောခဲ့တာက ပြီးခဲ့တဲ့အကြိမ် ငါ မျက်စိကျခဲ့တဲ့ ကျောက်စိမ်းလေးက (၂) ကျောင် ကျော်ကျော်ပဲ ရှိလို့ပါ...။"
"ပြီးတော့... အစားအသောက်ပို့တဲ့ မင်းလိုလူတစ်ယောက်က ဒီလောက် ဈေးကြီးတဲ့ ကျောက်စိမ်းကို ဝယ်နိုင် လိမ့်မယ်လို့ ငါ တစ်ခါမှ မထင်ထားခဲ့ဘူး...။ အလွန်ဆုံးမှ ဖန်အနည်းငယ်ပဲ တန်မယ် ထင်ခဲ့တာ...။"
ထိုသို့ပြောရင်း လူငယ်၏ အသံမှာ တဖြည်းဖြည်း တိုးဝင်သွားလေသည်။ သူသည် အခြေအနေကို မှားယွင်းစွာ အကဲဖြတ်မိခဲ့သည့်အတွက် ယခုအခါ အမှန်တကယ် နောင်တရနေပြီ ဖြစ်သည်။
သို့သော် လျန်ထျန်းကမူ ခိုင်မာပြတ်သားလျက်ပင် ရှိနေလေသည်။
"အရင်က မင်း ဘယ်လိုပဲ ထင်ခဲ့ထင်ခဲ့ ငါ ဂရုမစိုက်ဘူး...။ ဒီနေ့တော့ (၂) ယွမ်နဲ့ (၆၆) ကျောင်ပဲ...။ တစ်ဖန် ဒါမှမဟုတ် နာနိုမီတာ တစ်စိတ်လောက်တောင် လျှော့ပေးမှာ မဟုတ်ဘူး...။"
လူငယ်သည် သူ၏ အိတ်ကပ်ထဲမှ ပိုက်ဆံများကို ကမန်းကတမ်း ဆွဲထုတ်ကာ လျန်ထျန်း၏ လက်ထဲသို့ အတင်း ထည့်ပေးလိုက်လေသည်။
"ဒီနေ့ ငါ စုဆောင်းထားတာတွေ အကုန်ထုတ်လာခဲ့တယ်...။ ပြီးတော့ နည်းနည်းပါးပါး ကြွားလုံးထုတ်ဖို့အတွက် ငွေသား (၂) ကျောင် ကျော်ကျော်လောက် စုမိအောင် နောက်ထပ်တောင် ချေးငှားလာခဲ့ရသေးတာပါ...။"
"ဒါ ငါ့ဆီမှာရှိတဲ့ ပိုက်ဆံ အကုန်ပါပဲ...။ ကျေးဇူးပြုပြီး...၊ ကျေးဇူးပြုပြီး ငါ့ကို ဈေးနည်းနည်းလောက် လျှော့ပေး ပါ...။ ဒါမှမဟုတ်ရင်လည်း ငါ ဘာမှ ဆက်လုပ်လို့ မရတော့လို့ပါ...။"
လျန်ထျန်းသည် လူငယ် အတင်းအကျပ် ပေးလာသော ငွေသား (၂) ကျောင် ကို ကြည့်ကာ ပြန်ပစ်ပေးလိုက်ပြီး တစ်လုံးချင်းစီ ခပ်ပြတ်ပြတ် ဆိုလိုက်လေသည်။
"မင်း အရင်က သိပ်မောက်မာနေခဲ့တာ မဟုတ်ဘူးလား...။ ငါက အစားအသောက်ပို့တဲ့သူမို့လို့ မင်းက ငါ့ကို အထင်သေးခဲ့တာလေ...။ ဒါပေမဲ့ တကယ်တမ်းကျတော့ မင်းရဲ့ အိတ်ကပ်ထဲမှာ (၂) ကျောင် ကျော်ကျော်လေးပဲ ရှိပြီး အဲ့ဒီအထဲက တချို့ကတောင် ချေးထားရတာတဲ့လား...။"
"မင်းမှာ လျော်စရာ ပိုက်ဆံမရှိရင် တခြားတစ်ယောက်ဆီကနေ ဖုန်းဆက်ပြီး ချေးလိုက် ဒါမှမဟုတ် တစ်ယောက် ယောက်ကို ပိုက်ဆံ လာပို့ခိုင်းလိုက်...။ အဲ့ဒီ (၂) ယွမ်နဲ့ (၆၆) ကျောင် ကို အကြေပေးပြီးမှ မင်း သွားလို့ရမယ်...။"
စိတ်ပျက်အားငယ်မှုကြောင့် မျက်နှာရှုံ့မဲ့နေသော လူငယ်သည် သူ၏ ဖုန်းကို ထုတ်ကာ အချိန်အတော်ကြာ အောင် ပွတ်ဆွဲကြည့်နေခဲ့သော်လည်း ပိုက်ဆံချေးရန် ဖုန်းခေါ်ဆိုနိုင်မည့် နံပါတ်တစ်ခုမျှ ရှာမတွေ့ခဲ့ချေ။