← Chapters

အခန်း ၁၈၇

Vol. 19 Ch. 187

အခန်း ၁၈၇

Vol. 19 Ch. 187

အခန်း (၁၈၇)

မီးပုံပွဲ

နဂါးလှေပွဲတော်တွင် ရိုးရာဓလေ့ များပြားကြောင်း ဟွာကျွင်း မသိခဲ့ပေ။ သူမအတွက်တော့ နဂါးလှေပွဲတော်ဆိုသည်မှာ မနက်နိုးရင် မုန့်ဖက်ထုပ်တစ်ထုပ်ဝယ်ပြီး မနက်စာအဖြစ် စားလိုက်ရုံသာ ဖြစ်၏။

လူတိုင်း အလုပ်ရှုပ်နေကြသည်ကို ကြည့်ရင်း သူမ ရင်ထဲတွင် နွေးထွေးမှုကို ခံစားရပြီး ပွဲတော်အငွေ့အသက်မှာလည်း ချက်ချင်းပင် သိသိသာသာ မြင့်တက်လာသည်။

မီးပုံပွဲအတွက် ထင်းများကို ပုံထားပြီးဖြစ်သလို ဆိုင်ခန်းငယ်လေးများကိုလည်း သတ်မှတ်ထားသည့် နေရာများတွင် အသီးသီး နေရာချထားသည်။

ဟွာကျွင်းသည် ပတ်ပတ်လည် လမ်းလျှောက်ကြည့်ရာ အခြားဆိုင်ခန်းများစွာကိုလည်း တွေ့ရသည်။ မျက်နှာဖုံးရောင်းသည့်ဆိုင်၊ မြားပစ်ကစားနည်းဆိုင်၊ မီးအိမ်ရောင်းသည့်ဆိုင် စသည်ဖြင့် စုံလင်လှ၏။

ဆိုင်ရှင်အချို့မှာ ဟွာကျွင်း မြင်ဖူးသူများဖြစ်သော်လည်း အချို့မှာမူ မမြင်ဖူးသူများ ဖြစ်ကြသည်။ သို့သော် ဟွာကျွင်းကို မြင်သည်နှင့် သူတို့အားလုံး ရိုရိုသေသေ နှုတ်ဆက်ကြသည်။ “သူဌေးမဟွာ၊ ပျော်ရွှင်စရာ နဂါးလှေပွဲတော်ဖြစ်ပါစေ”

ဟွာကျွင်းကလည်း တစ်ယောက်ချင်းစီကို ပြန်လည်နှုတ်ဆက်၏။

စွန်းရှို့ချိုက်သည်လည်း ဆိုင်တစ်ဆိုင် ဖွင့်ထားပြီး ယပ်တောင်များပေါ်တွင် မင်္ဂလာရှိသော စာသားများ ရေးပေးသည့်အလုပ်ကို အထူးပြုလုပ်နေသည်။

ဟွာရှန့် သူ့ဘေးတွင်ရှိနေပြီး သူမရှာထားသည့် စကားထာများကို စက္ကူစလေးများပေါ်တွင် ရေးခိုင်းနေသည်။ ထိုစက္ကူစများကို နောက်ပိုင်းတွင် သူမ ဆိုင်ခန်း၌ ချိတ်ဆွဲထားမည်ဖြစ်၏။

လီနျန်၏ ဆိုင်ခန်းမှာလည်း ဤနေရာမှာပင်ရှိပြီး သူမ ရိုးရိုးရှင်းရှင်း ပန်းထိုးထားသည့် လက်ကိုင်ပုဝါလေးများကို ရောင်းချနေသည်။

အားမန်က လီနျန် ဘေးတွင် စားပွဲတစ်လုံးကို ရွှေ့ထား၏။ ထို့နောက် သူမနှင့် ဟွာကျွင်းတို့အတူတကွ အချိုရည် ပုံးကြီးများကို သယ်လာပြီး ပန်းကန်နှင့် ဇွန်းများကို စီလိုက်ကြသည်။

ယခုလို ပျော်စရာကောင်းသည့် ပွဲမျိုးတွင် ဟွာကျွင်းလည်း ပါဝင်လို၏။ ထို့ကြောင့် သူမ မုန့်ဆိုင်ကို ပိတ်လိုက်ပြီး ကိတ်မုန့်များကို ယူဆောင်လာကာ အားလုံးနှင့်အတူ ရောင်းချတော့၏။

မော့ချွမ်းကတော့ မီးရှူးမီးပန်းများ ဖောက်ရန် လူသူကင်းဝေးသည့် နေရာတစ်ခုကို သွားရှာနေပြီး ကင်းလှည့်အဖွဲ့နှင့် ရဲမက်များကလည်း ကင်းစောင့်ရန် ပြင်ဆင်နေကြပြီဖြစ်သည်။

ဟွာကျွင်း ကင်းလှည့်အဖွဲ့နှင့် ရဲမက်များ စားချင်သမျှကို သူမ စာရင်းထဲတွင်သာ ထည့်ထားရန် မှာကြားထား၏။

လူတိုင်း အလုပ်များနေကြသော်လည်း သူတို့၏မျက်နှာထက်တွင် စိတ်လှုပ်ရှားပြီး ပျော်ရွှင်နေသော အပြုံးများ ရှိနေကြသည်။

မှောင်စပြုလာသည်နှင့် ရွာသားများသည် မြို့တံခါးအထိ လမ်းတစ်လျှောက်လုံး လင်းထိန်သွားစေရန် မီးအိမ်များကို စတင်ထွန်းလိုက်ကြသည်။

မြို့ထဲ၌ ယနေ့တွင် ဘောလုံးကန်ခြင်း ပြိုင်ပွဲများနှင့် ဘုရားပွဲများကဲ့သို့ စည်ကားသော လှုပ်ရှားမှုများ ရှိနေသဖြင့် မြို့သူမြို့သားများမှာ နောက်ကျမှ ရောက်လာနိုင်ပေသည်။

ဟွာကျွင်းကတော့ မလောပေ။ ဖောက်သည်မရှိလျှင်တောင် ရွာသားများ သူမကို ဝန်းရံပေးကြပေလိမ့်မည်။

ရွာသားများမှာ မစောင့်နိုင်တော့ဘဲ ဆိုင်ခန်းအသီးသီးသို့ လျှောက်ကြည့်နေကြပြီဖြစ်၏။ လူငယ်များက မြားပစ်ကစားနည်းရှေ့တွင် စုရုံးနေကြပြီး ကလေးငယ်များမှာ မျက်နှာဖုံးရွေးရန် အလုပ်ရှုပ်နေကြသည်။

ဟွာရှန့်၏ စကားထာဆိုင်ခန်းတွင်လည်း လူများ ဝိုင်းနေပြီး အဖြေရရန် ခေါင်းစားနေကြသည်။

တစ်စုံတစ်ယောက်က အဖြေမှန်ကို ခန့်မှန်းမိလျှင် ဟွာရှန့် သူမကိုယ်တိုင်ဖုတ်ထားသည့် ကွတ်ကီးလေးတစ်ချက်ကို ဆုအဖြစ် ပေးသည်။ အကယ်၍ မှားသွားပါက ဟွာရှန့် စုတ်တံကို အသုံးပြုကာ သူတို့မျက်နှာပေါ်တွင် မျဉ်းတိုလေးတစ်ကြောင်း ဆွဲလိုက်၏။

ယင်းက ရယ်မောသံများကို ထွက်ပေါ်စေပြီး မျက်နှာတွင် အမှတ်အသား အဆွဲခံရသူမှာလည်း စိတ်မဆိုးဘဲ လိုက်၍ ရယ်မောနေသည်။

ဟွာကျွင်း၏ ကိတ်မုန့်ဆိုင်မှာ အရောင်းရဆုံးပင် ဖြစ်၏။ ရွာသားများသည် ပုံမှန်အားဖြင့် ဤကိတ်မုန့်များကို စားရန် အခွင့်အရေးနည်းသဖြင့် ယနေ့တွင် ထူးခြားသော ပုံသဏ္ဌာန်ရှိသည့် မုန့်များကို မြည်းစမ်းကြည့်ရန် အခွင့်အရေးကို လက်မလွှတ်ကြပေ။ ဟွာကျွင်းကလည်း သူတို့အတွက် ဈေးနှုန်းကို သီးသန့်လျှော့ပေးထားသည်။

ထိုအချိန်တွင် မိန်းကလေးတစ်ဦးက ဟွာကျွင်း၏ ကိတ်မုန့်ကို လီနျန်၏ လက်ကိုင်ပုဝါဆိုင်သို့ ယူသွားပြီး ကိတ်မုန့်နှင့် လက်ကိုင်ပုဝါကို လဲလှယ်ချင်ကြောင်း ပြောသည်။

လီနျန် ပြုံးလျက် သဘောတူလိုက်ရာ အားလုံးက ပစ္စည်းချင်းလဲလှယ်သည့် ဂိမ်းကို စတင်ကစားနေကြတော့၏။

တစ်စုံတစ်ယောက်က အချိုရည်နှင့် စွန်းရှို့ချိုက် ရေးပေးသည့် ယပ်တောင်ကို လဲလှယ်ကြပြီး လေထုမှာ ပို၍ပင် ပျော်စရာကောင်းလာသည်။

နောက်ဆုံးတွင် ပထမဆုံးသော ဧည့်သည်အုပ်စု ရောက်လာကြသည်။ မီးပုံကြီးကို အချိန်ကိုက်ပင် မီးရှို့လိုက်ရာ တောက်လောင်နေသော မီးလျှံများ ကောင်းကင်ယံကို လင်းထိန်သွားစေပြီး နေရာတစ်ခုလုံး ရုတ်တရက် လင်းထိန်သွားတော့၏။

လူအုပ်ကြီး တစ်ဖွဲဖွဲ ရောက်လာကြပြီး စပ်စုချင်စိတ်ဖြင့် မီးပုံကြီးအနားတွင် စုရုံးလာကြသည်။

ဂီတသံများ စတင်ထွက်ပေါ်လာပြီး ရွာကလေးငယ်များက စည်းချက်အတိုင်း လက်ခုပ်တီးကာ ဧည့်သည်များကို သူတို့နှင့်အတူ မီးပုံဘေးတွင် ကခုန်ရန် ဖိတ်ခေါ်ကြသည်။

ယခုလိုအခြေအနေမျိုးတွင် မပါဝင်ဘဲ ငြင်းဆန်နိုင်သူ မည်သူရှိမည်နည်း။

ထို့ကြောင့် တစ်ဖက်တွင် မီးပုံဘေး သီဆိုကခုန်နေကြပြီး အခြားတစ်ဖက်တွင်မူ ဆိုင်ခန်းများမှာလည်း အလုပ်ရှုပ်နေကြသည်။

ရုတ်တရက် ကောင်းကင်ယံတွင် ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာ၏၊ မော့ချွမ်းက မီးရှူးမီးပန်းများကို စတင်ဖောက်လိုက်ခြင်းပင်။ အရောင်စုံ မီးရှူးမီးပန်းများက ညကောင်းကင်ယံကို လင်းစေပြီး လူအုပ်ကြီးထံမှ အံ့ဩချီးကျူးသံများ ထွက်ပေါ်လာသည်။

မီးရှူးမီးပန်းများ ပို၍များပြားသော လူအုပ်ကြီးကို ဆွဲဆောင်လာရာ အလွန်ပင် စည်ကားလှပေသည်။ ခဏတာအတွင်း မြို့ထဲနှင့် မြို့ပြင်ကို ခွဲခြားရရန်ပင် ခက်ခဲသွားတော့သည်။

အားလုံး ပျော်နေကြသော်လည်း ရဲမက်များနှင့် ကင်းလှည့်အဖွဲ့မှာမူ တစ်ညလုံး မနားတမ်း လုပ်နေရသဖြင့် အတော်ပင် ပင်ပန်းနေကြသည်။ ရှုပ်ထွေးနေသည့်ကြားမှ တစ်စုံတစ်ယောက်က ငွေအိတ်ကို ခိုးယူသွားမည် စိုးသဖြင့် လမ်းသွားလမ်းလာများကို မျက်တောင်မခတ် စောင့်ကြည့်နေရ၏။

သူတို့သည် နေ့လယ်ကတည်းက အလုပ်ရှုပ်နေကြသဖြင့် ယခုအခါ အလွန် ဆာလောင်နေကြပြီ ဖြစ်သည်။ သို့သော် ဟွာကျွင်း၏ဆိုင်က ဈေးကြီးပုံရသည့် ကိတ်မုန့်များကို ဝယ်မစားနိုင်ကြသဖြင့် ဦးလေးကျန်း၏ ပန်ကိတ်ဆိုင်ကို ဖြတ်သွားသည့်အခါ လှမ်းခေါ်လိုက်ကြသည်။

“ကျွန်တော့်ကို ပန်ကိတ် နှစ်ခုလောက် ပေးပါ၊ အခုကတည်းက စလုပ်ထားပါဦး၊ ခဏနေရင် ပြန်လာယူမယ်”

ပြောပြီးနောက် သူ ကြေးပြားများကို ချပေးရန် ပြင်သည်။

ဦးလေးကျန်း စကားမပြောဘဲ ကြေးပြားများကို သူတို့လက်ထဲ ပြန်ထည့်ပေးလိုက်ပြီး လက်ကာပြကာ ပန်ကိတ်ကိုသာ ဆက်လုပ်နေ၏။

“ဟော… အဘိုးကြီး ခင်ဗျားက ဘာဖြစ်တာလဲ၊ ကျွန်တော်တို့ကို မရောင်းချင်လို့လား”

အနီးနားရှိ ဆိုင်ရှင်တစ်ဦးက အမြန်ရှင်းပြ၏။

“သူက မရောင်းတာ မဟုတ်ဘူး။ သူဌေးမဟွာက ရှင်တို့စားသမျှအတွက် ငွေပေးစရာမလိုဘူးလို့ မှာထားလို့ပါ။ ဆိုင်ခန်းအားလုံးက ကြိုက်တာစားလို့ ရပါတယ်၊ အကုန်လုံးကို သူဌေးမဟွာရဲ့ စာရင်းထဲမှာပဲ ထည့်ထားတာပါ”

ကင်းလှည့်အဖွဲ့ကတော့ နားလည်နိုင်သော်လည်း ရဲမက်များမှာ အံ့ဩသွားကြသည်။

“ကျွန်တော်တို့က ဒီကို တာဝန်အရ လာတာပါ၊ အစိုးရရိက္ခာကိုပဲ စားနေကြတာ။ သူဌေးမဟွာက တကယ့်ကို စိတ်ကောင်းရှိလွန်းပါတယ်”

ပုံမှန်အားဖြင့် သူတို့သည် ဈေးသည်များထံမှ အသေးအဖွဲ လက်ဆောင်များကို လက်ခံလေ့ရှိသော်လည်း သူဌေးမဟွာက ဆိုင်ခန်းအားလုံးမှ အစားအစာများကို အခမဲ့ကျွေးမွေးလောက်အောင်အထိ ရက်ရောလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။

ကင်းလှည့်အဖွဲ့ကတော့ ဂုဏ်ယူစွာ ရင်ကိုကော့လိုက်၏။

“တို့ရွာရဲ့ သက်သာချောင်ချိရေးက ဒီလောက်အထိ ကောင်းတာပေါ့”

ရဲမက်များသည် အရာအားလုံးကို မြည်းစမ်းကြည့်ချင်နေသော်လည်း သူတို့တာဝန်ကို သတိရနေကြသည်။ တိုင်ပင်ပြီးနောက် ဗိုက်ပြည့်စေရန် ပန်ကိတ်ကို အရင်စားပြီး လူတွေရှင်းသွားမှသာ ဆိုင်ခန်းတိုင်းကို သွားပြီး သေသေချာချာ စားသောက်ကြရန် ဆုံးဖြတ်လိုက်ကြ၏။

ထိုသို့တွေးမိသည်နှင့် သူတို့ ပို၍ပင် တက်ကြွလာကာ ဓားကို ခပ်လျှော့လျှော့ကိုင်ရင်း လူအုပ်ကြားထဲတွင် ခန့်ညားစွာ လှုပ်ရှားနေကြတော့သည်။

ဟွာကျွင်းသည် သူမ၏ ဆိုင်ခန်းငယ်လေးတွင် ရှိနေရသဖြင့် ဘယ်မှမသွားနိုင်ပေ။ ဤပျော်ပွဲရွှင်ပွဲမှာ ကိုယ်တိုင်ပါဝင်ဆင်နွှဲမိသည်ကို သူမ အနည်းငယ် နောင်တရမိ၏၊ မုန့်ဆိုင်ကို ပိတ်ပြီး လျှောက်ပတ်သွားခဲ့လျှင် ပိုကောင်းမည်ဟု တွေးနေမိသည်။

ကံကောင်းသည်မှာ သူမ ဆိုင်ရှေ့တွင် ရပ်တန့်နေသူများမှာ အဝတ်အစား လှလှပပ ဝတ်ဆင်ထားသည့် မိန်းကလေးငယ်များ ဖြစ်နေခြင်းပင်။ အလှအပကို ကြည့်ရခြင်းမှာ မျက်စိပသာဒဖြစ်စေ၏။

မိန်းကလေးအချို့မှာ မုန့်ဆိုင်က ကိတ်မုန့်များကို မမြည်းစမ်းဖူးသေးသဖြင့် ဟွာကျွင်း မိတ်ဆက်ပေးလိုက်သည်။ သူတို့အတွက် ဈေးနှုန်းက ပြဿနာမဟုတ်သဖြင့် လူတိုင်းနီးပါး ကိတ်မုန့်တစ်လုံးစီ ဝယ်ကြသည်။

ထို့နောက် ဟွာကျွင်းသည် သူမဘေးရှိ အပူထိန်းသေတ္တာကို ဖွင့်လိုက်သည်။

အထဲတွင် နီရဲတောက်နေသော မီးတောက်ခေါက်ဆွဲ များ ရှိနေ၏။ သူမ လျှို့ဝှက်သလိုမျိုး ပြောလိုက်သည်။

“ကျွန်မတို့ မုန့်ဆိုင်ရဲ့ အသစ်စက်စက် မီးတောက်ခေါက်ဆွဲကို မြည်းစမ်းကြည့်ချင်ကြလား၊ ဒါ ပထမဆုံး ထွက်ရှိတာနော်”

မီးတောက်ခေါက်ဆွဲ၏ အရောင်မှာ ရဲနေပြီး ကြည့်လိုက်ရုံနှင့် အလွန်အရသာရှိမည့် ပုံပေါ်နေသည်။ ထို့ပြင် နှမ်းဖြူနှင့် ရေညှိစလေးများ ဖြူးထားသဖြင့် ပို၍ပင် ဆွဲဆောင်မှုရှိနေသည်။

“မီးတောက်ခေါက်ဆွဲဆိုတာ ဘာလဲ၊ အထဲမှာ ကြက်သားပါလား”

“မီးတောက်ခေါက်ဆွဲထဲမှာ ကြက်သားမပါသလို၊ လမုန့်ထဲမှာလည်း လမပါဘူးလေ၊ ဒါက နာမည်ပေးထားတာပဲ ရှိတာပါ”

ဟွာကျွင်း ထပ်ဖြည့်ပြော၏။

“ဒီခေါက်ဆွဲက အရမ်းစပ်တယ်၊ ဒါပေမဲ့ ကိတ်မုန့်နဲ့ တွဲစားရင်တော့ တကယ်ကို စွဲလမ်းသွားမှာပါ။ မြည်းစမ်းကြည့်လို့ ရပါတယ်”

“အရမ်းစပ်တယ်” ဆိုသည့် စကားကို ကြားသည်နှင့် သူတို့အားလုံးမှာ မြည်းစမ်းရန် တွန့်ဆုတ်သွားကြပြီး နောက်သို့ပင် ဆုတ်လိုက်ကြသည်။

ဟွာကျွင်းသည် သူတို့၏ အစပ်ခံနိုင်ရည်ကို လျှော့တွက်မိသွား၏။ အမှန်ပင်။ သူတို့သည် နေ့တိုင်း အရသာပေါ့ပေါ့ပါးပါး အစားအစာများကိုသာ စားနေကြသူများဖြစ်ရာ မီးတောက်ခေါက်ဆွဲကို ဘယ်လိုလုပ် ခံနိုင်ရည်ရှိပါမည်နည်း။

အပူထိန်းသေတ္တာထဲရှိ ခေါက်ဆွဲအပြည့်ကို ကြည့်ရင်း မရောင်းရဘဲ ကျန်ခဲ့မည်ကို ဟွာကျွင်း စိုးရိမ်လာသည်။

သူမ အကြံတစ်ခုရသွားပြီး အော်လိုက်၏။

“အစပ်စားပြိုင်ပွဲ၊ တစ်ပန်းကန်ကို ကြေးပြား ၅ ပြားပဲ၊ အကုန်ကုန်အောင် စားနိုင်ရင် အလကားကျွေးမယ်”

ယင်းက လူအများအပြားကို ဆွဲဆောင်လိုက်သည်။ ထို့စဉ် တစ်စုံတစ်ယောက်ကလာ မေးသည်။

“ကုန်အောင်စားရင် ခေါက်ဆွဲက အလကားလား။ ဒါ တကယ်လား”

“ကုန်အောင်စားနိုင်မှ အလကားပါ။ ဒါပေမဲ့ ဒီခေါက်ဆွဲက အရမ်းစပ်တာမို့ ကိုယ့်ရဲ့ ခံနိုင်ရည်အလိုက် စားကြပါနော်”

လူတစ်ယောက်က အကျယ်ကြီး ရယ်မောလိုက်၏။

“ဘယ်လောက်အထိ စပ်မှာမို့လို့လဲ၊ အလကားဆိုရင် ကျွန်တော် ကြိုက်သလောက် စားလို့ရလား”

ဟွာကျွင်းကလည်း ပြုံးလိုက်သည်။

“ရှင် စားနိုင်သရွေ့တော့ ဒီသေတ္တာထဲက ကြိုက်သလောက် စားလို့ရပါတယ်”

“ကောင်းပြီလေ”

သူ ကြေးပြား (၅) ပြားကို ရဲရဲဝံ့ဝံ့ ချလိုက်သည်။

“ကျွန်တော့်ကို အရင်မြည်းဖို့ တစ်ပန်းကန် ပေးပါဦး”

All Chapters