← Chapters

အခန်း ၂၅

Vol. 3 Ch. 25

အခန်း ၂၅

Vol. 3 Ch. 25

အခန်း (၂၅) ပုစဉ်းရင်ကွဲကို ဖမ်းသည့် ပုရစ်၊ နောက်ကချောင်းနေသည့် ငှက်ကိုမသိ

​မျောက်ဝံဖြူက ရှုချန်အား ဝိညာဉ်သစ်သီးကို အလွယ်တကူ ယူခွင့်ပေးမည်မဟုတ်ပေ။ ၎င်းက ရရှိထားသော ဒဏ်ရာများကို ဂရုမစိုက်ဘဲ တုတ်ရှည်ကြီးကို မြှောက်ကာ ရှုချန်ထံသို့ လွှဲရိုက်လိုက်သည်။

​"ရား..."

​လောကကြီးကို ဖျက်ဆီးပစ်တော့မည့် အော်ရာ မျိုးဖြင့် မျောက်ဝံဖြူ၏ တုတ်ရှည်ကြီးက ကောင်းကင်ကို ဖြတ်သန်းကာ ကျရောက်လာသည်။

ဤတုတ်ချက်ကြောင့် ရှုချန်၏ နောက်လိုက်များအားလုံး လွင့်ထွက်သွားကြပြီး ရှုချန်အပေါ်သို့ တိုက်ရိုက်ကျရောက်သွားသည်။

ပြင်းထန်လွန်းသော စွမ်းအားကြောင့် ချောက်ကမ်းပါး တစ်ခုလုံးတွင် ဖုန်မှုန့်များ တထောင်းထောင်း ထသွားတော့သည်။

​ထိုအချိန်တွင် မျောက်ဝံဖြူ၏ မျက်နှာ၌ လူသားတစ်ဦးကဲ့သို့ လှောင်ပြုံးတစ်ခု ပေါ်လာသည်။

သို့သော် ၎င်း၏ ပျော်ရွှင်မှုမှာ ကြာရှည်မခံခဲ့ပေ။

​အခြေအနေမှာ ရုတ်ခြည်း ပြောင်းလဲသွားသည်။

ဖုန်မှုန့်များ လွင့်စင်သွားသောအခါ ရှုချန်မှာ ဘာဒဏ်ရာမှမရဘဲ မတ်တတ်ရပ်နေသည်ကို တွေ့လိုက်ရပြီး မျောက်ဝံဖြူ၏ တုတ်ရှည်ကြီးမှာမူ ရှုချန်၏ ဓားချက်တစ်ချက်အောက်တွင် နှစ်ပိုင်းပြတ်သွားခဲ့ပြီဖြစ်သည်။

​"ဒီလောက် အစွမ်းလေးနဲ့ ဝိညာဉ်သစ်သီးကို ယူဖို့ ထိုက်တန်တယ်လို့ ထင်နေတာလား"

​ရှုချန်က လျှို့ဝှက်ပညာရပ်ကို အသုံးပြုလိုက်သဖြင့် သူ၏ ကျင့်ကြံခြင်းမှာ 'သေမျိုးအဆင့်ကျော်လွန်ခြင်းနယ်ပယ်' အဆင့် ၃ သို့ ထိုးတက်သွားခဲ့သည်။

သူက ဓားဖြင့် ခုတ်ပိုင်းလိုက်ရာ ဒဏ်ရာအပြင်းအထန် ရထားပြီးသားဖြစ်သော မျောက်ဝံဖြူမှာ နောက်တစ်ကြိမ် ထိမှန်သွားပြီး မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။

​သူက လဲကျနေသော သူ၏နောက်လိုက်များနှင့် အနီးနားရှိ အပြင်စည်းတပည့်များကို လုံးဝ ဂရုမစိုက်ဘဲ မှည့်နေပြီဖြစ်သော ဝိညာဉ်သစ်သီးကို ခူးယူရန် လက်လှမ်းလိုက်သည်။

​"နေဦး"

"ဒီဝိညာဉ်သစ်သီးကို ငါ လိုချင်တယ်"

​ထိုအချိန်တွင် ရှုချွမ်း ပေါ်လာပြီး ရှုချန်၏ လုပ်ရပ်ကို တားဆီးလိုက်သည်။

တစ်စုံတစ်ယောက်က သူ့ကို ဤမျှ ရဲတင်းစွာ တားဆီးပြောဆိုလိမ့်မည်ဟု ရှုချန် မထင်ထားသဖြင့် မည်သူဖြစ်သည်ကို ကြည့်လိုက်သည်။

​ဒဏ်ရာရနေသော အပြင်စည်းတပည့်များမှာလည်း မျှော်လင့်ချက်အရိပ်အယောင်လေး မြင်လိုက်ရသဖြင့် ရောက်လာသူထံသို့ အကြည့်ချင်းဆုံကာ ကြည့်လိုက်ကြသည်။

သို့သော် ရောက်လာသူမှာ ရှုချွမ်းဖြစ်နေသည်ကို မြင်သောအခါ သူတို့အားလုံး စိတ်ပျက်သွားကြပြန်သည်။

​ပထမအဆင့် စစ်ဆေးမှုတွင် ပထမရထားသူဖြစ်သဖြင့် ရှုချွမ်းအကြောင်းကို သူတို့ စုံစမ်းထားကြပြီး ဖြစ်သည်။ ရှုချွမ်း၏ ကျင့်ကြံခြင်းမှာ 'ချီစုစည်းခြင်းနယ်ပယ်' အဆင့် ၄ သာ ရှိသည်ဟု သူတို့ သိထားကြသည်။

သို့သော် ယခု ရှုချန်မှာ 'သေမျိုးအဆင့်ကျော်လွန်ခြင်းနယ်ပယ်' အဆင့် ၃ သို့ ရောက်နေပြီ ဖြစ်သည်။

ရှုချွမ်းအတွက် အနိုင်ရရန် အခွင့်အရေး လုံးဝမရှိပေ။

​"မင်းကိုး"

​ရောက်လာသူမှာ ရှုချွမ်းဖြစ်နေသည်ကို မြင်သောအခါ ရှုချန်က စိတ်ဝင်တစားဖြင့် ပြောလိုက်သည်။

သူက ရှုချွမ်းကို ဆုံးမရန် အခွင့်အရေး ရှာနေခဲ့သည်မှာ ကြာပြီဖြစ်သည်။ ရှုချွမ်းက သူ့ခြေထောက်နဲ့သူ အလိုအလျောက် ရောက်လာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

​"ကောင်းတယ်၊ အရမ်းကောင်းတယ်"

"ငါက လိုက်မရှာရဘဲ မင်းကိုယ်တိုင် ရောက်လာတာပဲ"

" ကဲ... မင်းမှာ တကယ်တမ်း ဘယ်လောက် သန်မာ လဲဆိုတာ ငါ့ကို ပြစမ်းပါဦး"

​ပြောရင်းနှင့် ရှုချန်၏ မျက်နှာမှာ အေးစက်သွားသည်။

ရှုချွမ်းကမူ ဘာမှပြန်မပြောဘဲ သူ၏ခန္ဓာကိုယ်အတွင်းရှိ 'နေမင်း မူလချီ' များကို တိတ်တဆိတ် လှုံ့ဆော်နေလိုက်သည်။

​ဤဝိညာဉ်သစ်သီးအတွက် သူတို့နှစ်ဦး တိုက်ခိုက်ကြရမည်မှာ ရှောင်လွှဲ၍မရပေ။

ထို့ပြင် ရှုချွမ်းသည်လည်း ဤ 'ကံကြမ္မာ၏ သားတော်' မှာ ဘာတွေ ထူးခြားနေသလဲဆိုသည်ကို ကိုယ်တိုင်ကိုယ်ကျ စမ်းသပ်ကြည့်လိုနေသည်မှာ ကြာပြီဖြစ်သည်။

​ရှုချန်က အရင်စတင် တိုက်ခိုက်လိုက်သည်။ သူက ရှေ့သို့ တစ်လှမ်းတိုးကာ လက်ထဲမှ ဓားရှည်ကို ဝေ့ယမ်းလိုက်ရာ ဓားကွက်များ ထွက်ပေါ်လာသည်။

​"မိုးတိမ်တုန်ဟည်းးခြင်း"

​ခြောက်ခြားဖွယ် စွမ်းအားများ ပါဝင်နေသော 'ဓားချီ' များမှာ လေတိုးသံနှင့်အတူ ရှုချွမ်းထံသို့ ပြေးဝင်သွားသည်။

​"ဓားသိုင်းက တကယ် ကောင်းတာပဲ"

​ဤဓားကွက်ကို မြင်သောအခါ ရှုချွမ်းက ချီးကျူးလိုက်မိသည်။

အကယ်၍ အခြား အပြင်စည်းတပည့်သာဆိုလျှင် ကျင့်ကြံခြင်းအဆင့် တူညီနေပါစေဦးတော့၊ ဤဓားချက်ကို တားဆီးရန် ခက်ခဲပေလိမ့်မည်။

သို့သော် ရှုချွမ်း၏ မျက်လုံးထဲတွင် ကြောက်ရွံ့မှု အလျဉ်းမရှိဘဲ ပြင်းထန်သော တိုက်ခိုက်လိုစိတ်များသာ ပေါက်ကွဲထွက်လာသည်။

​သူက အစွမ်းထက်သော ပြိုင်ဘက်ကောင်းတစ်ဦးနှင့် တိုက်ခိုက်ချင်နေသည်မှာ ကြာပြီဖြစ်သည်။

ယခု 'သေမျိုးအဆင့်ကျော်လွန်ခြင်းနယ်ပယ်' အဆင့် ၃ သို့ ရောက်နေသော ကံကြမ္မာ၏သားတော် ရှုချန်မှာ အကောင်းဆုံး ရွေးချယ်မှုပင်။

​ဓားချီများက သူ့ကို ထိမှန်တော့မည့် အချိန်တွင် ရှုချွမ်းက တည်ငြိမ်စွာဖြင့်ပင် ကိုယ်ကို တစ်ချက် လှုပ်လိုက်ရာ ဓားချီများကို လျင်မြန်စွာ ရှောင်တိမ်းနိုင်ခဲ့ပြီး ရှုချန်၏ ဘေးသို့ ရောက်သွားသည်။

​"ဓားဆွဲထုတ်၍ ခုတ်ပိုင်းခြင်း"

​'နတ်ဘုရားသတ်ဓား' နှင့် ရှုချန်၏ ဓားရှည်တို့ ထိမှန်သွားပြီး သံချောင်းချင်း ရိုက်သံနှင့်အတူ မီးပွင့်များ လွင့်စင်သွားသည်။

ဤတစ်ချီ တိုက်ခိုက်မှုတွင် နှစ်ဦးစလုံး အသာစီး မရခဲ့ကြပေ။

​ဘေးပတ်ဝန်းကျင်ရှိ တပည့်များမှာလည်း အံ့အားသင့်သွားကြသည်။

သူတို့အမြင်တွင် ကျင့်ကြံခြင်းအဆင့်မှာ အလွန်ကွာခြားလွန်းသဖြင့် တစ်ဖက်သတ် တိုက်ပွဲဖြစ်မည်ဟု ထင်ထားသော်လည်း ယခုမူ အင်အားချင်း ညီမျှနေသည်။

​"မင်းမှာ အစွမ်းအစ အတန်အသင့် ရှိသားပဲ၊ ဒါကြောင့်လည်း ထွက်လာရဲတာကိုး"

​ရှုချွမ်း၏ အစွမ်းမှာ သူ မျှော်လင့်ထားသည်ထက် ပိုနေကြောင်း ရှုချန် ဝန်ခံလိုက်ရသည်။ သို့သော် ထိုမျှသာ ဖြစ်သည်။

​"ဒါကို အဆုံးသတ်ဖို့ အချိန်တန်ပြီ"

"ကောင်းကင်တံခါးဖွင့် ဓားချက်"

​ရှုချန်၏ လက်ထဲမှ ဓားရှည်က ကြောက်မက်ဖွယ်ကောင်းသော ဓားချီများကို ထုတ်လွှတ်လိုက်ပြီး ကောင်းကင်သို့ တည့်တည့် ထိုးတက်သွားသည်။ ဓား၏ မြည်ဟည်းသံမှာ လူတိုင်း၏ နားထဲတွင် ပဲ့တင်ထပ်သွားသည်။

​"ခုတ်ပိုင်းစမ်း"

​ရှုချန်၏ အမိန့်နှင့်အတူ ဓားချီကြီးမှာ ရှုချွမ်းထံသို့ ကျရောက်လာသည်။

ရှုချန်၏ မျက်နှာတွင် ရှုချွမ်းကို သူ၏ ဓားချက်အောက်တွင် ပိုင်းဖြတ်ခံလိုက်ရသည်ကို မြင်နေရသည့်အလား ယုံကြည်မှုအပြည့်ရှိသော အပြုံးတစ်ခု ပေါ်လာသည်။

​"အချိန်ကိုက်ပဲ"

"သတ်ဖြတ်ခြင်း ဓားသိုင်း၊ ထွက်လာစမ်း"

​ရှုချွမ်းက အော်ဟစ် လိုက်ရာ သူ၏ 'နေမင်း မူလချီ' များမှာ ပေါက်ကွဲထွက်လာပြီး တစ်ကိုယ်လုံးကို တောက်ပသော ရွှေရောင်အလင်းတန်းများဖြင့် ဖုံးလွှမ်းသွားစေသည်။

အဝေးကကြည့်လျှင် သူက နေမင်းငယ်လေး တစ်စင်းအလားပင်။

​ဤသည်မှာ 'မဟာယန် ကျင့်စဉ်' ၏ စွမ်းအားပင် ဖြစ်သည်။

တိုက်ခိုက်ချိန်တွင် သူက နေမင်း ၏ ကိုယ်ပွားတစ်ခုအဖြစ် ပြောင်းလဲသွားကာ ရန်သူအားလုံးကို ပြာကျစေနိုင်သည်။

'ချီစုစည်းခြင်းနယ်ပယ်' အဆင့် ၉ သို့ ရောက်ရှိမှသာ ဤသိုင်းကွက်ကို သူ မနည်း အသုံးပြုနိုင်ခြင်း ဖြစ်သည်။

​ဝှစ်... ဝှစ်... ဝှစ်...

​ရှုချွမ်းက လက်ကို ဝေ့ယမ်းလိုက်ရာ ရွှေရောင်အလင်းများ ရောယှက်နေသော 'ဓားချီ' များ ထွက်ပေါ်လာပြီး ရှုချန်၏ ဓားချီနှင့် ရောယှက်သွားသည်။

​ဘုန်း... ဘုန်း... ဘုန်း...

​သူတို့ ထိတွေ့မိသည်နှင့် ရှုချန်၏ ဓားချီမှာ ရုတ်တရက် အားနည်းသွားပြီး ရှုချွမ်း၏ ဓားချီမှာမူ သိသိသာသာ အရှိန်မြင့်တက်လာသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ရှုချန်၏ ဓားချီကြီးမှာ အရိပ်အယောင်မျှ မကျန်ဘဲ ပျောက်ကွယ်သွားပြီး ရှုချွမ်း၏ ဓားချီထဲသို့ စုပ်ယူခြင်း ခံလိုက်ရသည်။

​ရှုချန် ကြောင်အမ်းသွားစဉ်မှာပင် ၎င်းဓားချီမှာ သူ၏ထံသို့ ကျရောက်လာတော့သည်။

​"ဒါ... ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ"

​ရှုချန်မှာ လုံးဝ ဆွံ့အသွားသည်။

သူ အားအကိုးဆုံး ဓားကွက်ကို ရှုချွမ်းက ဤမျှ လွယ်ကူစွာ ချေဖျက်နိုင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။

ထို့ပြင် သူ၏ ဓားချီအတွင်း ပါဝင်သော စွမ်းအားများကိုပင် ရှုချွမ်း၏ ဓားချီက ဝါးမြိုသွားပြီး ပိုမို အစွမ်းထက်လာစေသည်။

​သူက ဤလက်တွေ့ကို လက်ခံရန် ခက်ခဲနေပြီး ကြောင်ကြည့်နေမိရာ ပြင်းထန်သော ဓားချီကြီးမှာ သူ့ထံသို့ ခုတ်ပိုင်းလာတော့သည်။

​"တောက်..."

​သတိပြန်ဝင်လာချိန်တွင် ရှောင်ရန် အချိန်မရှိတော့ပေ။

ဤဓားချက်ကို သူ မတားနိုင်တော့။

အခြားနည်းလမ်းမရှိသဖြင့် သူက မိမိ၏ 'တာဝန်တိုကင်' ကို ချိုးလိုက်ရာ စမ်းသပ်ခြင်းမျှော်စင် ၏ ဆယ်ထပ်မြောက်မှ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။

​"ရှုချွမ်း... ဟုတ်လား ငါတို့ ယှဉ်ပြိုင်မှု က ဒီမှာတင် အဆုံးသတ်မှာ မဟုတ်ဘူး"

​ထိုစကားကို ချန်ထားခဲ့ပြီး ရှုချန်မှာ ထွက်ပြေးသွားတော့သည်။ မြေပြင်ပေါ်တွင် ကျန်ရစ်ခဲ့သော သူ၏ နောက်လိုက်အနည်းငယ်ကိုလည်း ဂရုမစိုက်တော့ပေ။

ဘိ​...

​'နတ်ဘုရားသတ်ဓား' မှာ တုန်ခါသွားပြီး ရှုချန်ကို မသတ်လိုက်ရသဖြင့် မကျေမနပ်ဖြစ်နေပုံရသည်။ ဤအချိန်တွင် ဘေးပတ်ဝန်းကျင်ရှိ လူတိုင်းမှာ ကြောင်အမ်းနေဆဲပင်။

​ဤလူက မတရား အစွမ်းထက်လွန်းနေသည် မဟုတ်ပါလား

သူက တကယ်ပဲ အပြင်စည်းတပည့် တစ်ယောက်လား

သူတို့အားလုံး သံသယများစွာ ဝင်နေကြသည်။

​ရှုချွမ်းက ထိုလူများကို ဂရုမစိုက်ဘဲ ဝိညာဉ်သစ်သီးဆီသို့သာ အာရုံစိုက်လိုက်သည်။

ရှုချန် ထွက်ပြေးသွားပြီဖြစ်ရာ ဤဝိညာဉ်သစ်သီးမှာ သူ၏ပိုင်ဆိုင်မှု ဖြစ်သွားပြီဖြစ်သည်။

သူက လက်ကို တစ်ချက် ဝေ့ယမ်းလိုက်ရာ ဝိညာဉ်သစ်သီးပင်ပေါ်ရှိ အသီး ဒါဇင်ပေါင်းများစွာမှာ ရှုချွမ်း၏ သိုလှောင်လက်စွပ်ထဲသို့ ရောက်ရှိသွားသည်။

​သို့သော် ဒဏ်ရာအပြင်းအထန် ရထားသော မျောက်ဝံဖြူမှာ ရှုချွမ်းကို အလကား အကျိုးအမြတ် ခံစားခွင့် မပေးလိုပေ။

​"ရား... လူသား၊ သေပေတော့"

​ထိုအချိန်တွင် မျောက်ဝံဖြူမှာ လူစကားကို ပြောလိုက်သည်။ ၎င်း၏ အသံတွင် ဒေါသနှင့် သေချင်စေ သည့် သတ်ဖြတ်လိုစိတ်များ ပါဝင်နေသည်။

ချက်ချင်းဆိုသလိုပင် မျောက်ဝံဖြူ၏ ကျိုးကြေနေသော ခန္ဓာကိုယ်မှာ လျင်မြန်စွာ ဖောင်းကားလာပြီး မျက်လုံးများမှာ နီရဲလာကာ ၎င်း၏ အော်ရာ မှာလည်း ခဏအတွင်း အမြင့်ဆုံးသို့ ပြန်ရောက်သွားသည်။

​"မကောင်းတော့ဘူး၊ သူ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲတော့မယ်"

​ရှုချွမ်းက မျောက်ဝံဖြူ၏ ရည်ရွယ်ချက်ကို ချက်ချင်း ရိပ်မိသွားပြီး မျက်နှာပျက်ကာ အမြန် နောက်ဆုတ်လိုက်သည်။

မျောက်ဝံဖြူက ခေတ္တမျှ ခွန်အားအမြင့်ဆုံးသို့ ပြန်ရောက်ပြီးမှ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲမည်ဖြစ်ရာ ထိုပေါက်ကွဲမှုဒဏ်မှ ဘေးကင်းကင်း လွတ်မြောက်နိုင်ရန် ရှုချွမ်း မသေချာပေ။

​အနီးနားရှိ အခြားသူများလည်း မျောက်ဝံဖြူ၏ ရည်ရွယ်ချက်ကို မြင်သွားကြပြီး မျက်နှာများ ဖြူလျော့သွားကြသည်။

ဆယ့်တစ် ထပ်သို့ တက်နိုင်သူများက တက်သွားကြပြီး မတက်နိုင်သူများမှာမူ စစ်ဆေးပွဲမှ ချက်ချင်း နုတ်ထွက်လိုက်ကြသည်။

​မျက်စိတစ်မှိတ်အတွင်းမှာပင် ချောက်ကမ်းပါး တစ်ခုလုံးတွင် လူသားတစ်ဦးနှင့် မိစ္ဆာတစ်ဦးဖြစ်သော ရှုချွမ်းနှင့် မျောက်ဝံဖြူတို့သာ ကျန်ရစ်တော့သည်။

​ဘုန်း...

​မျက်စိတစ်မှိတ်အတွင်းမှာပင် မျောက်ဝံဖြူမှာ အကန့်အသတ်အထိ ဖောင်းကားလာပြီးနောက် ကမ္ဘာမြေကြီး တုန်ခါသွားမတတ် ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။

မျောက်ဝံဖြူကို ဗဟိုပြုကာ အလွန်ပြင်းထန်သော စွမ်းအားလှိုင်းကြီး ပေါက်ကွဲထွက်လာပြီး အရာအားလုံးကို ဖျက်ဆီးပစ်တော့သည်။

​ပတ်ဝန်းကျင်ရှိ မြေပြင်များ အက်ကွဲကုန်ပြီး ရှုချွမ်း ယူရန် အချိန်မရလိုက်သော ဝိညာဉ်သစ်သီးပင်ကြီးမှာလည်း ပေါက်ကွဲမှုအတွင်း ပျက်စီးသွားသည်။

ပေါက်ကွဲမှုဗဟိုတွင် ရှိနေသော ရှုချွမ်းသည်လည်း ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားဒဏ်ကို ခံလိုက်ရပြီး ခဏချင်းမှာပင် သွေးအိုင်ထဲသို့ ရောက်သွားတော့သည်။

All Chapters