← Chapters

အပိုင်း(၂၃၉)-အန္တရယ်အတွင်း အကူအညီတောင်းခြင်း

Vol. 003 Ch. 239

အပိုင်း(၂၃၉)-အန္တရယ်အတွင်း အကူအညီတောင်းခြင်း

Vol. 003 Ch. 239

ရှီမာယူလင်း ပြောသည်ကိုကြားပြီးနောက် ရှီမာယူယူကြက်သေသေပြီးမှ ချက်ချင်းပြုံးကာ ပြောလိုက်သည် “ဘယ်လိုလုပ် ငါမင်းကိုကူညီရမှာလဲ၊ မင်းက အင်အားရှိပြီး နောက်မှာလည်း ရှီမာမျိုးနွယ်ရှိနေတာပဲကို”

ရှီမာယူလင်း ခေါင်းရမ်းကာ ပြောလိုက်သည် “မင်းငါ့ကို ကူညီနိုင်မယ်လို့ ငါ့အတွင်းစိတ်က ပြောနေတယ်”

“အဲလောက်တောင် ယုံကြည်ချက်ရှိတာလား” ရှီမာယူယူ ပြောလိုက်သည်။

“ငါ့ ထိုးထွင်းဉာဏ်ကထူးခြားတယ်၊ အဲဒါကပဲ ငါ့ကို အဖြစ်အပျက် အများကြီးကနေ ကယ်တင်နိုင်ခဲ့တယ်” ရှီမာယူလင်း ပြောလိုက်သည်။

“ငါ မင်းကို ဘယ်လိုကူညီရမလဲ” ရှီမာယူယူ မေးလိုက်သည်။

“မင်းရဲ့ လှုပ်ရှားမှုတွေက ငါ့ထက် ပိုအားကောင်းတာကို ငါသိပါတယ်၊ မင်း ငါ့ကို သင်ပေးစေချင်တယ်” ရှီမာယူလင်းသည် သူ့အတွေးအား တိုက်ရိုက်ပင် ပြောချလိုက်သည်။

“ဒီအတိုင်းလား” ရှီမာယူယူသည် ရှီမာယူလင်းအား ကြည့်လိုက်သည်။ သူ သူမကို လာရှာတာ ဒါကြောင့်လား။

သူသည် သူမ၏ လျှို့ဝှက်ချက်များကို ဖွင့်ဖော်လိုက်မည်ကို သူမ တွေးနေခဲ့သည်။

“ဒီအတိုင်းပဲ” ရှီမာယူလင်း ပြောလိုက်သည် “ငါ့လှုပ်ရှားမှု အရည်အချင်းကို တိုးတက်အောင်လုပ်နိုင်ရင် ငါ့တိုက်ခိုက်မှုစွမ်းရည်ကလည်း အဲအဆင့်အတိုင်း တိုးလာမှာပဲ၊ မင်း ငါ့ကို သင်ပေးနိုင်မလား”

“ငါ သင်တော့မပေးနိုင်ဘူး၊ ဒါပေမယ့် ဒီပညာကို သင်ပေးတဲ့စာအုပ်ကို မင်းကိုပေးနိုင်တယ်” ရှီမာယူယူ ပြောလိုက်သည်။

“ကျေးဇူးပါ”

“ငါ့ကို ကျေးဇူးတင်မစောနဲ့ဦး အဲဒါ အသုံးဝင်မလားကို မသိသေးဘူးလေ”

ထိုညတွင် သူတို့နှစ်ယောက်သည် တောင်ထိပ်တွင်ထိုင်ကာ လရောင်အောက်တွင် ရွှီ၏ မတူညီသော နည်းလမ်းများကို ဆွေးနွေးခဲ့ကြသည်။ သူတို့နှစ်ယောက်၏ အတွေးများ ဖလှယ်ပြီးနောက်တွင် ရှီမာယူယူသည် သတိလွှတ်လိုက်တော့သည်။ သူမ၏ သတ်ဖြတ်မှုရွှီ၏ အဓိကအချက်မှာ ပတ်ဝန်းကျင်မှတစ်ခုလုံးကို ရောမွှေခြင်းဖြစ်ပြီး ရှီမာယူလင်း၏ အဓိကအချက်မှာ အတွင်းပိုင်း ပုံစံဖြစ်သည်။ လူတစ်ယောက်၏ ခန္ဓာကိုယ်ထဲသို့ ရွှီများ စုပ်ယူပြီး သူတို့သည် တစ်ခုနှင့် တစ်ခု ပြိုင်ဘက်အဖြစ် တိုက်ခိုက်ကြသည်။

ရလဒ်ကတော့ ရှီမာယူလင်းသည် ရှီမာယူယူ၏ နည်းလမ်းအပေါ်တွင် သူနှင့် လိုက်ဖက်သည့် ပုံစံကို ရှာတွေ့ပြီး သူ၏ ရွှီအား ပြီးပြည့်စုံသည့်နည်းလမ်းကို စီမံနိုင်လေသည်။

အရှေ့အရပ်မှ နေရောင်ထွက်ပေါ်လာသည်နှင့် ရှီမာယူယူသည် ခေါင်းပေါ်တွင် နေရောင်ထွက်လာသည်ကို တိတ်ဆိတ်စွာ ကြည့်နေခဲ့သည်။ ကမ္ဘာမြေပေါ်မှ သက်ရှိများ၏ စိတ်ခံစားချက်များကို သူမခန္ဓာကိုယ်ပေါ်သို့ ကျရောက်သော အနွေးဓာတ်နှင့်အတူ ခံစားမိလိုက်ကာ သူမ ကိုယ်တိုင်သည်လည်း ရောနှောနေလိုက်သည်။

ရှီမာယူလင်းသည်လည်း သူ၏ ကျင့်ကြံခြင်းတွင် နစ်မြုပ်နေကာ ရုတ်တရက်ပင် ရှီမာယူယူ၏ ကိုယ်ရောင် ကိုယ်ဝါကို ခံစားနိုင်ခြင်းမရှိတော့ပေ။ သူ အံံသြစွာ ခေါင်းလှည့်ကြည့်ရာ သူ့ဘေးတွင် ထိုင်နေသေး သည်ကို မြင်မှပင် အသက်ရှုမိတော့သည်။

တစ်ချိန်တည်းမှာပင် သူ့စိတ်ထဲမှ အံ့အားသင့်စွာပြောမိသည် “သူက ငါ့ဘေးမှာရှိတာသေချာနေတာကို သူ့ကိုယ်ရောင်ကိုယ်ဝါကို မခံစားနိုင်ဘူး၊ သူ့ကိုယ်ရောင် ဖုံးကွယ်တဲ့ နည်းလမ်းက ငါ့ထက်မြင့်တာတော့ သေချာတယ်”

ရှီမာယူယူသည် ကမ္ဘာနှင့် တစ်သားတည်းဖြစ်ကာ သူ့ကိုယ်ရောင်ကို ဖြန့်ကျက်လိုက်ပြီဖြစ်ကြောင်းကို သူခံစားမိသည်။ ထိုသည်မှာ သူသည် တစ်စုံတစ်ရာအား ခံစားမိခြင်းဖြစ်ပြီး သူ့အား မနှောင့်ယှက်တော့ပေ။ သူသည် သူ့နည်းလမ်းအတိုင်း ထပ်ပြီး စတင်တော့သည်။

“သူက သူ့ကိုယ်ရောင်ကိုယ်ဝါကို ပတ်ဝန်းကျင်နဲ့ရောမွှေပြီး ငါ့ကိုယ်ရောင်ကတော့ အထဲမှာပဲ ထည့်ထားတုန်းပဲ၊ ငါ ငါ့ကိုယ်ငါ လေထုထဲက ဖုန်မှုန့်အဖြစ်ပြောင်းရမယ်…”

သူဖြည်းညင်းစွာ မျက်စိမှိတ်ရာ သူ့ကိုယ်ရောင်ကိုယ်ဝါသည်လည်း ကွယ်ပျောက်သွားလေသည်။ ထိုသည်မှာ သူသည် လေထုထဲမှ ဖုန်မှုန့်အဖြစ်ခံစားရလေသည်။

သူထုတ်လွှတ်လိုက်သော ကိုယ်ရောင်ကိုယ်ဝါမှာအားနည်းသည်။ သူသည် အခုသာ တစ်စုံတစ်ယောက်ရှေ့ တွင်ရပ်မိပါက သူအသတ်ခံရမည်ပင်။

ရှီမာမျိုးနွယ်ဝင်များသည် သူတို့အား မနှောင့်ယှက်တော့ပဲ အနီးနားရှိ တောင်အလယ်ပိုင်းတွင် လရှုရှိုက်မြက်ပင် ကို ဆက်လက်ရှာဖွေနေကြသည်။

နေ့လည်ရောက်သောအခါ ရှီမာယူယူ နိုးလာသည်။ သူမ ရှီမာယူလင်းအား တစ်စုံတစ်ရာပြောရန် ပြင်ဆင်လိုက်ချိန်တွင် သူမ ဘေးတွင် သူ မရှိတော့ပေ။

“ဘုန်း..”

ရှီမာယူလင်းသည် သူမ ရှိနေရာနှင့် မဝေးလှသောနေရာတွင် စပါးအုံးမြွေနှင့် တိုက်ခိုက်နေလေသည်။ စပါးအုံးမြွေမှာ သူတော်စင်အဆင့်ဖြစ်၍ သူ့အားမှာ အဆင့်နိမ့်သူတော်စင် အဆင့်နှင့် တူညီသည်။

သူမသည် အနီးနားမြေအားကြည့်ကာ ပြန့်သောမြေတွင် ထိုင်လိုက်သည်။ စပါးအုံးမြွေသည် သူတို့နှင့် နီးကပ်လာသော်လည်း ရှီမာယူလင်းသည် သူမ အာရုံပြုနေသည်ကို အနှောင့်အယှက်ဖြစ်မည်စိုး၍ မြွေနှင့် တိုက်ပွဲတိုက်နေခြင်းဖြစ်သည်။

ရှီမာယူလင်းသည် စပါးအုံးမြွေ၏ ပြိုင်ဘက်မဟုတ်ပေ၊ သို့သော် သူ၏ ဝိညာဉ်သားရဲကို မခေါ်ပဲ သူ့အကန့်အသတ်နှင့် ဆက်လက် စိန်ခေါ်နေသည်။

ရှီမာယူယူ တောင်ထိပ်တွင် ရပ်နေကာ သူ့အား မကူညီပေ။ သူ မလိုအပ်သည်ကို သူမ သိသောကြောင့်ပင်။

ကြမ်းတမ်းသော တိုက်ပွဲအပြီးတွင် ရှီမာယူလင်း မြွေအား သတ်လိုက်နိုင်သည်။ သို့သော် သူသည်လည်း ဒဏ်ရာရကာ မတ်တတ်ပင်မရပ်နိုင်တော့ပေ။ သူ့ဓားရှည်မှာ မြေတွင်ထောက်ထားလျက် သူ့ကိုယ်အလေးချိန်အား ထောက်ပံ့ပေးထားသည်။

ရှီမာယူယူသွားကာ အဆိပ်ဖြေနိုင်သော ဆေးထုတ်ပေးပြီး သူ့အားပေးလိုက်သည် “မင်းမှာရှိတဲ့ ဆေးက စပါးအုံးမြွေရဲ့ အဆိပ်ကို ဖြေနိုင်မှာမဟုတ်ဘူး”

ရှီမာယူလင်းသည် ဆေးစားပြီးနောက် ဆေးအသက်ဝင်စေရန် ထိုင်ချလိုက်သည်။

ရှီမာယူယူ လျှောက်သွားကာ စပါးအုံးမြွေအားရှင်းလင်းပြီး မြွေစွပ်ပြုတ်လုပ်ရန် အိုးထုတ်လိုက်သည်။

ရှီမာယူလင်းသည် ခန္ဓာကိုယ်ထဲမှ မြွေအဆိပ်ပြေသည်အထိ စောင့်ပြီးနောက် မျက်စိဖွင့်ကာ အိုးထဲတွင် စွပ်ပြုတ်အား ယောင်းမဖြင့်မွှေနေသော ရှီမာယူယူအား ကြည့်လိုက်သည်။

“မင်း ဘာမဆိုချက်ဖို့ကို တကယ်သိတာပဲ” ရှီမာယူယူ စားပွဲနှင့် ထိုင်ခုံများ ပြင်ဆင်ထားရာသို့ သူလျှောက်လာခဲ့သည်။

“အဲဒီ ဝိညာဉ်သားရဲတွေက အရသာရှိတယ်လေ” ရှီမာယူူယူ အရှိအတိုင်းပြန်ဖြေလိုက်သည်။ ထို့နောက်တွင် သူမ ရှီမာယူလင်းအားကြည့်ကာ ပြောလိုက်သည် “မင်းက အင်အားကြီးတယ်မလား၊ မင်းက အဆင့်တစ်အံ့ဖွယ် သားရဲကိုတောင် တစ်ယောက်တည်းအားနဲ့ နိုင်သေးတာပဲ၊ ဒါပေမယ့် မင်းက စိတ်စွမ်းအင်တွေ အလဟသ ဖြစ်သွားပြီး မင်းအားတွေ သုံးလိုက်တာပဲ၊ နောက်ဆုံးတော့ မင်းမှာ အဆိပ်မိတဲ့ ဒဏ်ရာတွေတောင် ရသွား သေးတယ်”

ရှီမာယူလင်းသည် ချက်ကောင်းမှန်သွားကာ သူမအား မေးလိုက်သည် “ငါဘယ်လို ဖြေရှင်းရမလဲ”

ရှီမာယူယူသည် သူ့အားမကြည့်ပဲ စွတ်ပြုတ်အားမွှေရင်း ပြောလိုက်သည် “မင်းက မြွေနဲ့ အသက်လုနေရတာပဲ ပြိုင်ပွဲပြိုင်နေတာ မဟုတ်ဘူး၊ ဘာလို့ အဲလောက်တောင် စဉ်းစားစရာတွေများနေတာလဲ၊ အဲဒါကြောင့်ပဲ မင်းရဲ့ အားပေါ်မှာမူတည်တဲ့ အကောင်းဆုံးနည်းလမ်းက သတ်ဖြတ်ခြင်းမဟုတ်ဘူး၊ ဒါပေမယ့် သူ့အသက်ကိုနှုတ်ဖို့ အကောင်းဆုံးနည်းလမ်းကို ရှာရမယ်”

“ငါလည်း သူ့အားနည်းချက်ကို တိုက်ခိုက်ခဲ့တာပဲ” ရှီမာယူလင်း ပြောလိုက်သည်။

ရှီမာယူယူ ခေါင်းရမ်းကာ ပြောလိုက်သည် “မင်းက သူ့ရဲ့ခုနှစ်လက်မ လောက်ရှိတဲ့နေရာ အားနည်းချက်ကို တိုက်ခိုက်ပေမယ့် အဲဒါက ကြီးလာရင် မင်းလည်း လိုက်ကြီးပဲ တိုက်ရမှာပဲ၊ မင်းရဲ့ ယေဘုယျ ဦးတည်ချက်ကတော့ မှန်တယ်၊ ဒါပေမယ့် မှန်ကန်တဲ့အချက်ကို မင်းမစီမံနိုင်သေးဘူး”

“အချက်ဟုတ်လား” ရှီမာယူလင်းသည် ရှီမာယူယူအား နားမလည်စွာကြည့်သော်လည်း ရုတ်တရပ် သဘောပေါက်သွားကာ ပြောလိုက်သည် “မင်းပြောတာက သူ့ရဲ့ အားနည်းချက်ကို အတိအကျရှာရမယ်၊ ယေဘုယျဦးတည်ချက်လိုမျိုးမဟုတ်ဘဲနဲ့.. ဟုတ်တယ်မလား”

ရှီမာယူယူ သူ့အားမငြင်းဆန်ဘဲ ဆက်ပြောသည် “ပြီးတော့ မင်းအားလျော့လာရင် အရှေ့မှာ ထင်းထင်းကြီး ရပ်မနေရဘူး၊ မင်း စပါးအုံးမြွေနဲ့တိုက်နေတုန်း မင်းသာ အစကတည်းက အနောက်ကို သွားလိုက်ရင် သူ့အစွယ်တွေကြောင့် အဆိပ်မိမှာမဟုတ်ဘူး၊ မင်းအားလျော့လာရင် အကောင်းဆုံးနည်းလမ်းက အနောက်ကနေတိုက်တာပဲ၊ ခိုးကြောင်ခိုးဝှက်တိုက်တာက အကောင်းဆုံးပဲ”

ရှီမာယူလင်းသည် ရှီမာယူယူ၏ သုံးသပ်ချက်ကိုနားထောင်ပြီးနောက် အခုတိုက်ပွဲတွင် သူ၏ အားနည်းချက်ကို နားလည်လိုက်သည်။ တိုက်ပွဲတွင် အားလိုအပ်သည့်အပြင် လူတစ်ယောက်၏ နည်းလမ်းသည်လည်း အလွန်အရေးကြီးသည်။

ရှီမာယူယူသည် ထပ်ပြီးမပြောတော့ပေ။ ရှီမာယူလင်းသည် ဉာဏ်ပြေးသောလူဖြစ်သည်ကို သူမ သိသောကြောင့် သူမဆိုလိုသည်ကို သူနားလည်နိုင်သည်။ သူမ ချက်ချင်းပင် ဆိုလိုရင်းကို ဖြတ်ချလိုက်သည်။

စွတ်ပြုတ် အဆင်သင့်ဖြစ်သည်နှင့် ဟိန်းသံလေးသည် ကျန်အရာများကို ရှင်းလင်းနေချိန်တွင် သူမ ပန်းကန်လုံးနှစ်လုံးထုတ်လိုက်သည်။

“စားရအောင်” သူစဉ်းစားနေချိန်မှာပင် သူမသည် မြွေစွတ်ပြုတ်ပန်းကန်အား သူ့ရှေ့သို့ ထားလိုက်သည်။

သူတို့ မြွေစွတ်ပြုတ်တစ်ပန်းကန် စားလို့မပြီးသေးခင်မှာပင် ကောင်းကင်တွင် အချက်ပြမီး လက်ခနဲထွက်လာ သည်။

“ဟိုမှာ အန္တရာယ်ဖြစ်နေပြီ” ရှီမာယူလင်းသည် အရေးပေါ်အချက်ပြမီးကို သတိပြုမိပြီး ချက်ချင်းပင် မတ်တတ်ရပ်လိုက်သည်။

ရှီမာယူယူသည် အားလုံးအားသိမ်းဆည်းပြီး ငှက်လေးအားခေါ်ကာ ပြောလိုက်သည် “အဲဒီကို ခေါ်သွားပေး”

ထိုကျွန်းတွင် ကောင်းကင်တွင် မပျံရဟူသည့် စည်းကမ်းရှိသည်။ ပျံသန်းနိုင်သည့် သားရဲများသာ သူတို့အတောင်ပံကိုသုံးပြီး ပျံခွင့်ရှိသည်။

ငှက်လေးသည် ကောင်းကင်သို့ဦးတည်ကာ သူတို့နှစ်ယောက်အား အချက်ပြမီးလာရာသို့ ခေါ်သွားလေသည်။

ထိုနေရာတွင် သက်ကြီးဝါကြီးပုဂ္ဂိုလ်နှင့် တခြားသူများကို တွေ့ရလေသည်။ ရှီမာယူယူသည် သူတို့အား ငှက်လေးအပေါ်တင်ကာ ဆက်လက်ပျံသန်းသွားလေသည်။

အဝေးတစ်နေရာတွင် အုပ်စုလိုက်ဖြစ်ဟန်တူသော ဝိညာဉ်သားရဲများ၏ ဟိန်းသံကိုကြားလိုက်ရသည်။ ရှီမာမျိုးနွယ် ဝင်များသည် ဝိညာဉ်သားရဲ တစ်ကောင် နှစ်ကောင်နှင့် တွေ့သည့်ပုံ မပေါ်ပေ။

All Chapters