← Chapters

အပိုင်း(၂၄၀)-တန်ဖိုးကြီးပစ္စည်းအား ရှာတွေ့ခြင်း

Vol. 003 Ch. 240

အပိုင်း(၂၄၀)-တန်ဖိုးကြီးပစ္စည်းအား ရှာတွေ့ခြင်း

Vol. 003 Ch. 240

ရှီမာယူယူနှင့် တခြားသူများသည် ငှက်လေးပေါ်တွင်ထိုင်က ထိုနေရာသို့ အလျင်စလို ဦးတည်သွားလေသည်။

“ရေပုတ်သင်၊ ဧရာမအစိမ်းရောင်မိချောင်း၊ အနက်ရောင်ရေမြင်း…ကုန်းနေရေနေ ပင်လယ်သားရဲတွေ ဘာလို့ အဲလောက်များနေတာလဲ”

“ကုန်းနေ ပင်လယ်သားရဲတွေတောင်ပါသေးတယ်”

“သူတို့ ဒဏ်ရာရထားကြတာပဲ”

“ငှက်လေး မြန်မြန်” ရှီမာယူယူသည် ပြောသည်နှင့်တပြိုင်နက် ငှက်လေးကျောအား ပုတ်လိုက်သည်။

“ဘိုးဘိုးကြီး ၁၀လည်း ရှိနေတယ်၊ သူက အဲဒီအစောင့်တွေကို ကာကွယ်ပေးထားတယ်” ရှီမာယူလန် ပြောလိုက်သည်။

“စာချုပ်သားရဲတွေကို ခေါ်ထုတ်လိုက်တော့ သူတို့ကို အတူသွားကယ်ကြမယ်”

ငှက်လေးသည် မြေပြင်ပေါ်သို့ဆင်းကာ အားလုံးသည် တိုက်ပွဲဝင်မည့်ပုံ ပြင်ဆင်လိုက်ကြသည်။

အားလုံးသည် ကိုယ်ပိုင် စာချုပ်သားရဲများကို ခေါ်ထုတ်လိုက်ပြီး အထဲမှ လူများကို ကယ်ဆယ်ရန် တာဝန်ပေးလိုက်ကြသည်။

ရှီမာယူယူ ရာဟွောင်နှင့် ဟိန်းသံထောင်ချီအား ခေါ်ထုတ်လိုက်သည်။ ငှက်လေးနှင့်ဆိုလျှင် သူမတွင် အံ့ဖွယ်သားရဲသုံးကောင်ရှိသည်။ ထိုသည်မှာ ရှီမာမျိုးနွယ်မှပင် အလွန်အမင်းအံ့သြလောက်အောင် အကြီးဆုံး တပ်ဖွဲ့ဖြစ်သည်။

ရှီမာမျိုးနွယ်နှင့်အတူ တိုက်ပွဲဝင်ခဲ့သည့် ဝိညာဉ်သားရဲများ တစ်ရာကျော်ရှိသည်။ ထိုအထဲတွင် အံ့ဖွယ်သားရဲ တစ်ဝက်၊ သူတော်စင်သားရဲအနည်းငယ်နှင့် စံတင်ဝိညာဉ်အနည်းငယ်ပါဝင်သည်။ သို့သော် သူတို့သည် တိုက်ပွဲတွင် ကျဆုံးခဲ့သည်။

ငှက်လေးသည် လေထဲတွင်ရှိနေကာ ထူးခြားသော အခွင့်အရေးအတွက် ပျော်ရွှင်နေသည်။ သူသည် အားထို မျှလောက် မသန်မာသော်လည်း အောက်ရှိ ပင်လယ်သားရဲများကြောင့် ထိန်းမနိုင်သိမ်းမရ ဖြစ်နေသည်။

ဟိန်းသံထောင်ချီသည် သူ၏ အမြီးခုနှစ်ချောင်းကို ထုတ်ကာ တစ်ချောင်းစီသည် ဝိညာဉ်သားရဲတစ်ကောင်စီကို ရိုက်ချနေသည်။ သူ၏ ဦးဆောင်မှုနှင့်အတူ သူတို့သည် လျင်မြန်စွာလွတ်မြောက်ကာ အလယ်သို့ရောက်သွား လေသည်။

“အမြီးခုနှစ်ချောင်းမြေခွေး” အကုန်လုံးအား သတ်ပြီး လမ်းရှင်းနေသော အမြီးခုနှစ်ချောင်းမြေခွေးအား မြင်သောအခါ ရှီမာမျိုးနွယ်ဝင်များသည် ပျော်ရွင်စွာ အော်လိုက်ကြသည်။

“အဲဒီ ဝိညာဉ်သားရဲက ဘယ်သူ့ဟာလဲ” တစ်စုံတစ်ယောက်ကမေးလိုက်သည်။

“အဲဒါ ဘယ်သူ့သားရဲလဲဆိုတာကို ဘာလို့ဂရုစိုက်နေသေးတာလဲ အရေးအကြီးဆုံးက ဒီကနေလွတ်ဖို့မလား” တစ်စုံတစ်ယောက်မှ ပြောလိုက်သည်။

“ဟုတ်တယ် မြန်မြန်ပြေးရအောင်”

ဟိန်းသံထောင်ချီ၏ အားနှင့် သေဆုံးပြီးသော လူများမှလွဲ၍ အားလုံး လွတ်မြောက်ကြသည်။ ထို့နောက်တွင် ရှီမာယူယူသည် ငှက်လေးကျောပေါ်သို့ အားလုံးအား တင်ခေါ်ကာ ထိုနေရာမှ ခေါ်ထုတ်သွားလေသည်။

အောက်မှ ဝိညာဉ်မိစ္တာများသည် သူတို့ထွက်သွားသည်ကို မျက်လုံးများပြူးကာကြည့်ပြီး သူတို့နောက်သို့ မလိုက်တော့ပဲ မရပ်မနားအော်နေလေသည်။ သူတို့သည် အလောင်းများကို ခွဲဝေ ကိုက်ဖြတ်နေခဲ့ကြသည်။

ငှက်လေးကျောပေါ်တွင် ထိုနေကြသော ရှီမာမျိုးနွယ်ဝင်များသည် ကျန်ခဲ့သော ရဲဘော်ရဲဘက်များ ဝိုင်းအုံခံနေရသည်ကိုကြည့်ရင်း မျက်လုံးများနီရဲလာခဲ့သည်။

ငှက်လေးသည် သူတို့အား လုံခြုံသော နေရာသို့ ချပေးလိုက်သည်။ အားလုံးသည် ထိုနေရာရောက်မှပင် စိတ်အေးသွားရတော့သည်။

“ဘယ်လိုလုပ် မင်းတို့အားလုံး ဝိညာဉ်သားရဲတွေ အဲလောက်အများကြီးနဲ့ တွေ့သွားတာလဲ” သက်ကြီးဝါကြီး ပုဂ္ဂိုလ်မေးလိုက်သည်။

“ကျွန်တော်တို့လည်း မသိဘူး၊ အစတုန်းက ကျွန်တော်တို့သွားတော့ ဝိညာဉ်သားရဲတွေအဲလောက်မများသေးဘူး၊ ဒါပေမယ့် ဒီနေ့ကျွန်တော်တို့ သွားတော့ ရုတ်တရပ် ဝိညာဉ်သားရဲတွေများလာတာပဲ၊ ပြီးတော့ သူတို့အားလုံးက အံ့ဖွယ်အဆင့်တွေ” သက်ကြီးပုဂ္ဂိုလ် ၁၀ ကပြောလေသည်။

“ကျွန်မ တိမ်ပန်းနေဝင်အပင် အနံ့ရတာနဲ့ အဲဒီကို သွားလိုက်တာပဲ” ရှီမာယူလန် ပြောလိုက်သည်။

“တိမ်ပန်းနေဝင်အပင်ကြောင့် အဲဒီ ဝိညာဉ်သားရဲတွေရောက်လာတာများလား” တစ်စုံယောက်က မေးလိုက်သည်။

“မဖြစ်နိုင်ဘူး၊ တိမ်ပန်းနေဝင်က အဲဒီဝိညာဉ်သားရဲတွေကို မဆွဲဆောင်နိုင်ဘူး” ရှီမာယူယူ ခေါင်းရမ်းလိုက်သည် “တခြားကြောင့် ဖြစ်နိုင်တယ်”

“တိမ်ပန်းနေဝင်ရှိနေတော့ အနီးနားမှာ လရှုရှိုက်ပင် ရှိရမယ်” ရှီမာယူလင်း ပြောလိုက်သည်။

ရှီမာယူယူ ခေါင်းညိတ်ကာ ပြောလိုက်သည် “အဲဒါဆိုရင် အညိုရောင်ပျားတွေလည်း ရှိမှာပဲ”

ထိုအချက်အား ပြောလိုက်ချိန်တွင် သူမမျက်လုံးများပင့်လာကာ ပြောလိုက်သည် “ဘာလို့ အဲဒီဝိညာဉ်သားရဲတွေ ရှိတာလဲဆိုတာကို ကျွန်တော်သိပြီ”

“မင်းအကြောင်းအရင်းကို သိတယ်ဟုတ်လား” ရှီမာယူလန်သည် ရှီမာယူယူအား ကြည့်ကာ မေးလိုက်သည်။

“ဟုတ်တယ်၊ ကျွန်တော်မှန်းတာမမှားဘူးဆိုရင် တကယ်ကောင်းတဲ့တစ်ခုခုကို ကျွန်တော်တို့ရတော့မယ်” ရှီမာယူယူ ပြောလိုက်သည် “ဟိန်းသံထောင်ချီ၊ ရာဟွောင်၊ ငှက်လေး သွားရအောင် အဲဒီနေရာကို ငါတို့်ပြန်သွားကြမယ်”

ထိုသို့ပြောပြီးနောက် သူမသည် ဟိန်းသံထောင်ချီနှင့် ရာဟွောင်အားခေါ်ကာ ငှက်လေးကျောပေါ်သို့ တွယ်တက်ကြသည်။

“ငါလည်း လိုက်မယ်” ရှီမာယူလင်းလည်း တွယ်တက်သည်။

“မင်းတကယ်ပဲ သွားချင်တာလား” သက်ကြီးဝါကြီးပုဂ္ဂိုလ် သူတို့နှစ်ယောက်အား ကြည့်လိုက်သည်။

ရှီမာယူယူ ခေါင်းညိတ်ကာ ပြောလိုက်သည် “တကယ်သွားရဖြစ်မယ့် တစ်ခုရှိတယ်၊ ကျွန်တော်တို့နောက်ကျရင် မရှိတော့ပဲဖြစ်တော့မယ်၊ အဘိုးတို့အားလုံး ကျွန်တော်တို့ ပြန်လာတာကို ဒီမှာစောင့်လို့ရပါတယ်၊ ငှက်လေး သွားရအောင်”

“ငါလည်း သွားချင်တယ်” ရှီမာယူလန် အော်လိုက်သည်။

ရှီမာယူယူ လှည့်ကြည့်ကာ သူမအား ပြောလိုက်သည် “အဲဒီမှာ အန္တရာယ်များတယ်၊ မင်းရဲ့ ကိုယ်ရောင်ကို ဘယ်လိုဖျောက်ရမလဲ မင်းမသိဘူးလေ၊ ဒီမှာနေတာ ပိုကောင်းမယ်”

သူမ ပြောသည်နှင့်တစ်ပြိုင်နက် ငှက်လေးအား ပုတ်လိုက်သည်နှင့် သူအတောင်ပံဖြန့်ကာ ပျံတက်သွားတော့သည်။

“အစ်ကိုကြီး သူတို့နှစ်ယောက်ကို တကယ်ပဲ လွှတ်လိုက်တော့မှာလား” သက်ကြီးပုဂ္ဂိုလ် ၁၀ ကမေးလိုက်သည်။

သက်ကြီးဝါကြီးပုဂ္ဂိုလ်သည် တဖြည်းဖြည်းဝေးသွားသော သူတို့အရိပ်အားကြည့်ပြီး ပြောလိုက်သည် “သူတို့ သွားတောင်သွားလိုက်ပြီ”

သူဆိုလိုသည်မှာ သူတို့သည် ထွက်သွားပြီဖြစ်၍ သူသွားခွင့်မပြုတောင် တခြားနည်းလမ်းမရှိတော့ပေ။

“ဘိုးဘိုးကြီး အစ်ကိုကြီးနဲ့ တခြားသူတွေ အန္တရာယ်မများနိုင်ဘူးလား” ရှီမာယူလန်သည် သူတို့ထွက်သွားသော ဘက်သို့ စိုးရိမ်စွာ ကြည့်လိုက်သည်။

“ပြဿနာမဖြစ်လောက်ပါဘူး” သက်ကြီးဝါကြီးပုဂ္ဂိုလ် ပြောလိုက်သည် “သခင်လေးက အန္တရာယ်ကို နားလည်တယ်၊ ပြီးတော့ သူတွေဝေတာ မရှိပဲ သွားခဲ့တာပဲ၊ ဒါက သူက ယူယူအပေါ်မှာ ယုံကြည်ချက်အပြည့်ရှိလို့ဖြစ်မယ်”

“အင်း အဲဒီသခင်လေးယူယူက ရောက်လာခါစ ကထပ် ပိုပြီးသတ္တိရှိလာတယ်” သက်ကြီးပုဂ္ဂိုလ် ၁၀ ကပြောလိုက်သည် “သူ့မှာ အံ့ဖွယ်အဆင့် စာချုပ်သားရဲသုံးကောင်ရှိတဲ့အပြင် ငါတို့် တွေမရနိုင်တဲ့အားဖြစ်တဲ့ အဖြူရောင် အလုံးတောင်ရှိတယ်၊ ဒီလိုအားနဲ့ဆိုရင် သခင်လေးယူလင်းတောင် ယှဉ်လို့မရဘူး”

ရှီမာယူလန်သည် ဟိန်းသံလေး၏ စွမ်းအားကို မြင်ပြီးဖြစ်၍ ထိုသို့ပြောသည်ကိုကြားလိုက်သောအခါ အနည်းငယ် စိတ်အေးသွားရသည်။ ကိစ္စများအဆင်မပြေပါက သူတို့ ငှက်လေးကို စီးပြီး ထွက်ပြေးနိုင်သည်။ အနည်းဆုံးတော့ သူတို့အသက် အန္တရာယ်မရှိတော့ဘူးလေ။

“မျိုးနွယ်ကတော့ အင်အားလျော့နေပြီ သူတို့အလှည့်ကျရင်တော့ အပြောင်းအလဲလုပ်နိုင်မှာပါ” သက်ကြီးဝါကြီးပုဂ္ဂိုလ်သည် ဖျော့တော့စွာပြောလေသည်။

သူတစ်ယောက်တည်းကြောင့် မျိုးနွယ်တွင် အပြောင်းအလဲဖြစ်ကောင်းလည်း ဖြစ်နိုင်သည်။

ရှီမာယူလင်းသည် ရှီမာယူယူဘေးတွင်ထိုင်ကာ သူမ မျက်လုံးများ တောက်ပနေသည်ကို မြင်သည်နှင့် မေးလိုက်သည် “ဘယ်လိုပစ္စည်းမို့လို့ မင်းအဲလောက်စိတ်လှုပ်ရှားနေရတာလဲ”

ရှီမာယူယူ တဟီးဟီရယ်ရင်းပြောလိုက်သည် “အဲအဖိုးတန်ပစ္စည်းက ထုတ်လိုက်တာနဲ့ တိုင်းပြည်တစ်ခုလုံးကို တုန်လှုပ်သွားစေမယ့် ပစ္စည်းပဲ”

“ဘာပစ္စည်းလဲ”

“လရှုရှိုက်မြက်ပင်တွေ့ရင် တိမ်ပန်းနေဝင်အပင်ရှိမယ်၊ တိမ်ပန်းနေဝင်အပင်ရှိရင် အညိုရောင် ပျားရှိမယ်လို့ ငါပြောဖူးတယ်မလား” ရှီမာယူယူ ပြောလိုက်သည်။

“အင်း မင်းအရင်ကပြောတယ်လေ” ရှီမာယူလင်း ခေါင်းညိတ်လိုက်သည်။

“ဒါက ယေဘုယျအသိပဲရှိသေးတယ်၊ ဒါပေမယ့် မသိနိုင်တာတွေရှိသေးတယ်၊ အဲဒါဘာလဲဆိုတော့ အညိုရောင် ပျားဘုရင်မက အနီရဲပျားဘုရင်မအဖြစ်ပြောင်းမယ်၊ အဲဒီကမှ စံတင်ပျားဘုရင်မဖြစ်မယ်၊ ပြီးတော့ ပျားဘုရင်မတိုင်းက သူ့ရဲ့အမိန့်ကို နာခံရတယ်” ရှီမာယူယူ စိတ်လှုပ်ရှားစွာ ပြောလေသည်။

“ဒါကြောင့်ပဲ ဝိညာဉ်သားရဲတွေရဲ့ စိတ်ဝင်စားမှုကို ခံရတာလား” ရှီမာလင်း နားမလည်သေးပေ။

“အနီရဲပျားဘုရင်မကမွေးပေးတဲ့ အနီရဲပျားလေးတွေရဲ့ အထဲမှာ အတွင်းပိုင်း ဝိညာဉ်ချီကို မြင့်တက်စေတဲ့ ဆေးဖက်ဝင် အာနိသင်တစ်မျိုးပါတယ်၊ ပြီးတော့ အနီရဲပျားဘုရင်တွေကို စားရင် ဝိညာဉ်သားရဲတွေ သူတို့အင်အားကိုပိုတိုးတက်စေတယ်” ရှီမာယူယူ ပြောလိုက်သည်။

“ဒါကြောင့် ဝိညာဉ်သားရဲတွေ ဆွဲဆောင်ခြင်းခံရတာကိုး”

“အညိုရောင်ပျားက အနီရဲပျားဖြစ်သွားတာနဲ့ အနည်းဆုံးအံ့ဖွယ်အဆင့်တက် ပိုအားကောင်းတယ်၊ နောက်ဆိုရင် သူတို့က အထွတ်အထိပ်သားရဲအဖြစ်တောင် ပြောင်းနိုင်တယ်၊ ဝိညာဉ်သားရဲအများစုက မရောက်နိုင်ဘူးလေ”

“ဒါဆို ငါတို့အန္တရာယ်မများဘူးလား” ရှီမာယူလင်း မျက်မှောင်ကြုတ်သည်။

“သူပြောင်းလဲပြီးရင် အချိန်တိုတစ်ခုတော့ အားနည်းနိုင်တယ်၊ အဲအချိန်ကျရင် ငါတို့ စာချုပ်ချုပ်ရမယ်၊ အဲလိုမဟုတ်ရင် ငါတို့အစီအစဉ်ကျရှုံးနိုင်တယ်” ရှီမာယူယူ စိတ်မပူပေ။

“ငါတို့ စာချုပ်ချုပ်ရမယ်ဆိုရင်တောင် ငါတို့ သားရဲထိန်းကျောင်းသူ သခင်ရှိဖို့လိုတယ်၊ အခု ငါတို့နဲ့ ပါမလာဘူးလေ” ရှီမာယူလင်းသည် မပျော်ရွှင်နိုင်တော့ပေ။

ရှီမာယူယူသည် ဘာမှမပြောပဲ ပြုံးနေရာ ရှီမာယူလင်း အလွန်အမင်းအံ့သြသွားစေသည်။

“မင်းက သားရဲထိန်းကျောင်းသူသခင်လား” သူသည် သူမအား အံ့သြစွာကြည့်လိုက်သည် “အဲဒါကြောင့် မင်းမှာ အံ့ဖွယ်သားရဲသုံးကောင်ရှိတာကိုး၊ မင်းသာ သားရဲထိန်းကျောင်းသူသခင်မဟုတ်ရင် ဘယ်လိုလုပ် အဲလောက် အရည်အချင်းရှိမှာလဲ”

သူ ရှီမာယူယူနှင့် အချိန်များကုန်ဆုံးလေ အံ့သြရလေဖြစ်သည်။ သူ အနည်းငယ်စိတ်အေးသွားကာ သူမ နှင့် တွဲသွားတွဲလာလုပ်ရသည်ကို စိတ်အေးရသည်။

သူတို့သည် ပြီးခဲ့သည့်တစ်ခေါက်က ချောက်ကြီးကိုလာခဲ့ရာ ထိုဝိညာဉ်သားရဲများသည် ချောက်အတွင်းတွင် စောင့်နေဆဲဖြစ်သည်။

ချောက်ထဲရှိ ကြီးမားသောသစ်ပင်ပေါ်တွင် ပျားအုံသည် အနီရောင်အလင်းတန်းများ ထုတ်လွှတ်နေလေသည်။ အလင်းတန်းများသည် ပိုတောက်ပလာကာ ကောင်းကင်ကိုဖြတ်ပြီး ကောင်းကင်ဘုံသို့ ထိုးထွက်နေသည်။

All Chapters