အပိုင်း(၂၄၁)- အနီရဲပျားဘုရင်မ
Vol. 003 Ch. 241
ရှီမာယူယူသည် အဖြူရောင်အလင်းတန်းအားမြင်ပြီး ပြောလိုက်သည် “ငါတို့အခုမှရောက်တာ သူမ ပြောင်းလဲခြင်းဖြစ်စဉ် စနေပြီ”
ရှီမာယူလင်း ပတ်ဝန်းကျင်အား အကဲခတ်ကာ ပြောလိုက်သည် “ဝိညာဉ်သားရဲတွေအရမ်းများတယ်၊ အနားကပ်ဖို့ မလွယ်ဘူး၊ ပြီးတော့ အဲဒီ အနီရဲပျားက ပျားအုံထဲမှာ သူမကို ကာကွယ်ပေးနေတဲ့ပျားတွေ အများကြီးပဲနေမှာ”
“အနီရဲပျားဘုရင်မ အဖြစ်ပြောင်းတာနဲ့သူမက ပျားအုံကနေထွက်ပြီး ကမ္ဘာမြေက ဖြစ်ကဲဖြစ်စဉ် အရည်တိုင်းကို စုပ်ယူပြီး သူ့ကိုယ်သူ အဆင့်တက်ဖို့ အပြင်ထွက်ရလိမ့်မယ်၊ ငါတို့ အဲအခွင့်အရေးကို စောင့်ရုံပဲ”
ရှီမာယူယူသည် ကြီးမားသော ပျားအုံအား တည့်တည့်ကြည့်ပြီး အနီရောင်အလင်းတန်းများ အရောင်ဖျော့သွားသည် ကို စောင့်နေခဲ့သည်။ သူမ ငှက်လေးအား တွယ်ဆင်းပြီး ပြောလိုက်သည် “ဟိန်းသံထောင်ချီ၊ ရာဟွောင်၊ အဲဒီ ဝိညာဉ်သားရဲတွေကို ထိန်းထားဖို့ ငါ့ကိုကူညီပေး၊ ခဏဆိုပြီးမှာပါ”
ထိုဝိညာဉ်သားရဲများသည် စတင်လှုပ်ရှားကာ ပျားအုံဆီသို့ အလောတကြီးသွားကြလေသည်။
မရေမတွက်နိုင်သော ပျားများသည် တဟုန်ထိုးထွက်လာကာ ထိုသူတော်စင်သားရဲများကို တိုက်ခိုက်ကြလေ သည်။ သူတို့သည် စွမ်းအားမကြီးမားသော်လည်း သူတို့ ဘုရင်မအားကာကွယ်ရန် သူတို့အသက်အား စတေးကြသည်။
ပျားတစ်အုပ်စုသေသွားသည်နှင့် နောက်ထပ်ပျားအုပ်စု တစ်စုပြီးတစ်စု ထပ်ထွက်လာသည်။
ရှီမာယူယူ ချောက်ထဲရှိ သွေးများသုံးကာ ကိုယ်ရောင်ကိုယ်ဝါအား ဖျောက်ပြီး ပျားအုံဆီသို့ တွားသွားလိုက်သည်။
စိုထိုင်း၍ အနီရောင်ပျားများသည် အော်ကာ ပျားများဝန်းရံနေသော ပျားအုံတွင် နေရာယူလိုက်ကြသည်။
“သူမ ထွက်လာပြီ” သူမ စိတ်လှုပ်ရှားသော်လည်း ထိုထူထပ်သော ပျားအုံမှာ သူမအတွက် ခေါင်းကိုက်စရာ ဖြစ်သည်။
ပျားများစွာ ဘယ်လောက်ပင် သေပါစေ ထိုပျားဘုရင်မသည် မလှုပ်ရှားပေ။
“ဘုန်း”
ဝိညာဉ်စွမ်းအင် ပေါက်ကွဲထွက်ကာ ဖြည်းညင်းစွာလည်းမဟုတ်၊ ပြင်းထန်စွာလည်းမဟုတ် ပျားအုံသည် မြေပေါ်သို့ ယိမ်းထိုးစွာ ကျသွားလေသည်။
“ရွှီ ရွှီ ရွှီ…”
ထိုပျားများသည် စိတ်တိုစရာကောင်းလောက်အောင် ပျားဘုရင်မအား ကာကွယ်ရန် အနည်းငယ်ချန်ထားပြီး တစ်ချို့သည် အပြစ်လုပ်သူဆီသို့ ပျံသွားကြလေသည်။
ရှီမာယူယူသည် ရှီမာယူလင်းအား ကျေးဇူးတင်စွာကြည့်ပြီး သူမ ဝိညာဉ်ချီအား လက်ဖဝါးဖြင့် ဖုံးလိုက်သည်။ ထို့နောက် သူမသည် လက်ဆန့်ထုတ်ကာ ပျားဘုရင်မအား လက်ဖြင့် ဖမ်းလိုက်လေသည်။
သာမာန်ပျားသည် လက်ဆစ်တစ်ဆစ်ချိုးစာသာရှိသော်လည်း ထိုနေရာရှိပျားများသည် လက်ချောင်းတစ်ချာင်းစာ ရှိသည်။ ထို့အပြင် နီရဲပျားဘုရင်မသည် တစ်ပေစာလောက်ရှိသည်။
ပျားဘုရင်မသည် စိုထိုင်းနေဆဲဖြစ်ကာ သူမအား ဖမ်းရန် သူမ လက်နှစ်ဖက်အား အသုံးပြုလိုက်သည်။
“ရွှီ ရွှီ ရွှီ”
အညိုရောင်ပျားများသည် သူတို့ဘုရင်မ အဖမ်းခံရသည်ကိုတွေ့ပြီးနောက် ရှီမာယူယူဆီသို့ တဟုန်ထိုး ပြေးလာလေသည်။
“ဘုတ် ဘုတ် ဘုတ်”
ထိုအရေးကြီးလှသော အချိန်တွင် ဟိန်းသံထောင်ချီသည် အလောတကြီးပြေးလာကာ ရှီမာယူယူ ဘေးရပ်ပြီး သူ့အမြီး ခုနှစ်ချောင်းအား အသုံးပြု ကာ ထိုအညိုရောင်ပျားများကို ရိုက်ချလေသည်။
“ကျေးဇူးပဲ ဟိန်းသံထောင်ချီရေ” ရှီမာယူယူသည် ပြောပြီးသည်နှင့် မျက်စိမှိတ်ကာ ထိုနီရဲပျားဘုရင်မနှင့် စတင် စာချုပ်ချုပ်တော့သည်။
နီရဲပျားဘုရင်မသည် အနည်းငယ်အားနည်းသော်လည်း ပတ်ဝန်းကျင်အား သတိပြုမိတုန်းဖြစ်သည်။ သူမ၏ စိတ်စွမ်းအားသည် အင်အားကောင်းကာ ရှီမာယူယူ၏ စာချုပ်အား ငြင်းဆန်ချင်နေသည်။
သို့သော် သူမ ဘယ်လိုပင် ခက်ခက်ခဲခဲခုခံပါစေ အင်ပါယာမိစာ ္ဆထိန်းကျောင်းခြင်းကျမ်း၏ စွမ်းအားကို သူမ မတွန်းလှန်နိုင်ပေ။ ရှီမာယူယူ၏ ကြောက်မက်ဖွယ် စိတ်စွမ်းအားနှင့် ထပ်ပေါင်းလိုက်သောအခါ စာချုပ်ချုပ်ခြင်း ပြီးဆုံးသွားလေသည်။
“မင်း မင်းရဲ့ သတိကိုထိန်းနိုင်သားပဲ…” ရှီမာယူယူသည် နီရဲပျားဘုရင်မ၏ သန်မာသော စိတ်စွမ်းအားကို ခံစားမိပြီး သူမဘာသာပြောလိုက်သည် “ငါသာ အခုသူမကို စာချုပ်မချုပ်နိုင်ပဲ သူမ စွမ်းအားပြန်ရ တာကို စောင့်လိုက်ရင်၊ သူမက ငါ့စာချုပ်ကိုငြင်းဆန်မှာပဲ၊ ဒီလိုဖြစ်လာမှတော့ ငါမင်းနဲ့ အခုစာချုပ်ချုပ်မယ်”
ရှီမာယူလင်းသည်လက်ရှိတွင် ပျားများနှင့် တိုက်ခိုက်နေရာ လိုင်းတစ်ခုချင်းစီသည် သူ့အား စီးနင်းပြီး နာကျင်မှုကို ခံစားရချိန်တွင် ချောက်ထဲတွင် ရုတ်တရက် စာချုပ်အလင်းတန်းပေါ်ထွက်လာသည်။ ရှီမာယူယူနှင့် နီရဲပျားဘုရင်မတို့ ပြောင်းလဲသွားကာ အလင်းတန်းသည် နှစ်ခုခွဲကာ သားရဲနှင့် လူသားတို့၏ မျက်ခုံးကြားသို့ ဝင်သွားလေသည်။
စာချုပ်ချုပ်ခြင်းအောင်မြင်သွားသည်။
ထို့နောက်တွင် အဆင့်တက်သော အလင်းတန်းနှစ်ခု လက်လာသည်။ ရှီမာယူယူသည် အဆင့်ငါးဝိညာဉ် နယ်ရှင်ဖြစ်သွားကာ သူမသည် အဆင့်နှစ်ဆင့်တက်သွားသည်။
နီရဲပျားဘုရင်မသည် အဆင့်လေးအံဖွယ်အဆင့်မှ အဆင့်ငါး အံ့ဖွယ်အဆင့်တက်သွားသဖြင့် ရှီမာယူယူ အံ့သြရသည်။
“သူမက အဆင့်လေး အံ့ဖွယ်သားရဲပဲ… ငါသာ အခုသူမကို စာချုပ်မချုပ်ရင် သူမ ကိုဘယ်သူမှ ထိန်းချုပ်လို့ ရတော့မှာ မဟုတ်ဘူး” ရှီမာယူယူသည် ပါးစပ်အဟောင်းသားဖြင့်ကြည့်ကာ တံတွေးမျိုချလိုက်သည်။
လူသားနှင့် သားရဲတို့ အဆင့်တက်သည်ကို ရှီမာယူလင်းကြည့်နေခဲ့သည်။ သူမ အောင်မြင်စွာ စာချုပ်ချုပ်နိုင်လိမ့်မည်ဟု သူမထင်ထားခဲ့ပေ။ ဒီလို ပါရမီရှင်မျိုးက ဘယ်ကနေခုန်ထွက်လာခဲ့တာလဲ၊ သူက တကယ်ပဲ သူတော်စင်သားရဲအများကြီးနဲ့ စာချုပ်ချုပ်နိုင်တာပဲ။
နီရဲပျားဘုရင်မသည် အားနည်းနေသေးသဖြင့် ရှီမာယူယူ သူမအား ဝိညာဉ်စေတီထဲထည့်ထားလိုက်လေသည်။ သူမသည် ငှက်လေးအားခေါ်ကာ တွယ်တက်လိုက်ပြီး ရှီမာယူလင်းအား တင်ခေါ်လိုက်သည်။ ထို့နောက်တွင် သူမ စာချုပ်အားအသုံးပြုကာ ရာဟွောင်နှင့် ဟိန်းသံထောင်ချီအား တပ်ပြန်ဆုပ်ပြီး သူမ စာချုပ်နေရာတွင် ထားလိုက်သည်။ ထို့နောက်တွင် သူမသည် ငှက်လေးပေါ်တွင်ထိုင်ပြီး ပျံသန်းသွားလေတော့သည်။
ထိုအညိုရောင်ပျားများသည် သူတို့ဘုရင်မ ခေါ်သွားခြင်းခံရသည်ကို မြင်ပြီးနောက် ထိုဝိညာဉ်သားရဲများကို လက်လျော့ကာ သူတို့နောက်သို့ လိုက်ကြလေသည်။
ရှီမာယူယူသည် စခန်းသို့တိုက်ရိုက်မပြန်ပဲ တောင်ထိပ်တွင် နေလေသည်။ သူမ ဆေးဖက်ဝင်ပစ္စည်း အနည်းငယ် ထုတ်ကာ ကျောက်တုံးပေါ်တွင်တင်ပြီးနောက် နီရဲပျားဘုရင်မကို ထုတ်ကာ သူမအား ထိုဆေးဖက်ဝင် ပစ္စည်းများအပေါ်တွင် တင်လိုက်လေသည်။
နီရဲပျားဘုရင်မသည် ရှီမာယူယူအား အားပျော့စွာကြည့်ပြီး ဆေးဖက်ဝင်ဆေးများကို စုပ်ယူပြီးနောက် ကောင်းကင်နှင့် မြေကြီးမှ ဝိညာဉ်ချီများကို စုပ်ယူလေသည်။
ရှီမာယူယူ ထိုအရာကိုမြင်သောအခါ သူမ ဇလုံထုတ်ပြီး လိပ်ပြာအရည်နည်းနည်းကို ထည့်လိုက်သည်။ သူမသည် နီရဲပျားဘုရင်မကို အထဲသို့ ထည့်ပြီး ဆေးစတင်ဖော်တော့သည်။ သူမ ဆေးဖက်ဝင်ပစ္စည်းများမှ အဆီအနှစ်များကို ညှစ်ယူပြီး ဇလုံထဲသို့ ထည့်လိုက်သည်။
ရှီမာယူယူ ထိုဆေးဖက်ဝင်ပစ္စည်းများကို ထုတ်ယူသည်ကို ရှီမာယူလင်း ကြည့်ရင်း သူမ အရည်အချင်းအား အံ့သြသွားရသည်။ ထို့နောက်တွင် သူသည် သူမ နီရဲပျားဘုရင်မကို လိပ်ပြာအရည်ထဲထည့်သည်ကို ကြည့်ရင်း ထိုပစ္စည်းအသည် အလွန်ဈေးကြီးသည့်ပစ္စည်းဖြစ်မည်ဟု ခန့်မှန်းကြည့်နေသည်။ သူသည် သူမ ဆေးဖော်နေသည်ကို ဆက်ပြီးအာရုံစိုက်ရာ သူမသည် အဆင့်မနိမ့်သော အဂ္ဂိရတ်ပညာရှင်ဖြစ်ရမည်ဟု ခန့်မှန်းကြည့်နေသည်။
“အဂ္ဂိရတ်ပညာရှင်၊ သားရဲထိန်းကျောင်းမှုသခင်…ရွှန်းယွမ်ဆိုင်ရဲ့ အပြာကတ်ရတာမဆန်းတော့ပါဘူး” ရှီမာယူလင်း ရေရွတ်လိုက်သည်။ ထိုလူငယ်သည် သူမျှော်မှန်းထားသည်ထက် ပို၍အင်အားကြီးမားသည်ကို သူစိတ်ထဲမှ အသိအမှတ်ပြုမိသည်။
ထိုကဲ့သို့ အရည်အချင်းရှိသော လူတစ်ယောက်ကို မျိုးနွယ်မှ လူရွေးမမှားတာ ကံကောင်းသည်။ သို့မဟုတ်လျှင် ထိုလူသည် သေလောက်အောင် နောင်တရမည်ဖြစ်သည်။
သူ တင်ပျင်ခွေထိုင်ကာ အထဲတွင် ကျေနပ်စွာ တဖျပ်ဖျပ်ခတ်နေသာ နီရဲပျားဘုရင်မအား ကြည့်ပြီး မေးလိုက်သည် “အဲဒါဘာလုပ်တာလဲ”
“အခုချိန်မှာ သူမက ကလေးတစ်ယောက်လိုပဲ၊ အခု သူမက အများကြီးစုပ်ယူနိုင်လေ နောက်ကို သူမအတွက် ကောင်းလေပဲ” ရှီမာယူယူ ရှင်းပြသည် “ဒီဆေးဖက်ဝင်ပစ္စည်းတွေက သူမအတွက် ကောင်းတာတွေချည်းပဲ”
“ဇျွီ ဇျွီ ဇျွီ” အစောင့်အနေနှင့် လိုက်ပါလာသော ပျားများသည် ကြည့်နေကြသည်။
ရှီမာယူယူသည် သူတို့အားကြည့်ပြီး ပြောလိုက်သည် “အခု ငါ မင်းတို့ဘုရင်မနဲ့ စာချုပ်ချုပ်ပြီးသွားပြီ၊ မင်းတို့နေချင်ရင် သူမနဲ့နေလို့ရတယ်၊ မနေချင်ရင်လည်း ထွက်သွားလို့ရတယ်”
ထိုပျားများသည် ဒေါသထွက်နေသည်ကို ရှီမာယူလင်းမြင်ရသည်။ သို့သော် ဒီအခြေအနေဖြစ်လာ မှတော့ ပြောင်းလဲရုံအပြင်မရှိတော့ပေ။ သူတို့သည် ရှီမာယူယူဘေးတွင် နေရန် ရွေးချယ်လိုက်ကြသည်။
“မင်းဒီလောက် ပျားအများကြီးကို ထိန်းသွားမလို့လား” ရှီမာယူလင်းသည် များစွာသောအညိုရောင်ပျားများကို ကြည့်ကာ မေးလိုက်သည်။
“သူတို့အတွက် သင့်တော်မယ့်နေရာကို ရှာလိုက်ဦးမယ်” ရှီမာယူယူ ပြောလိုက်သည် “ဒါပေမယ့် နီရဲပျားဘုရင်မ အရင်ကောင်းအောင် လုပ်ရဦးမယ်”
နီရဲပျားဘုရင်မသည် နေရောင်အားကြိုဆိုပြီး ထိုမှအဆီအနှစ်ကို စုပ်ယူလေသည်။ သူမ စွမ်းအားများ နည်းနည်းစီ ကြီးထွားလာသည်ကို ရှီမာယူယူ ခံစားမိသည်။ အထူးသဖြင့် သူမ စိတ်စွမ်းအားသည် ၁၈၀ ဒီဂရီပြောင်းလဲသွားသည်။ အခြေအနေကောင်းသည်နှင့် သူမသည် ကြောက်စရာကောင်းလောက်အောင် ကြီးထွားလာခဲ့သည်။
တစ်နာရီခွဲကြာပြီးနောက် နီရဲပျားဘုရင်မသည် လိပ်ပြာရည်များကို စုပ်ယူပြီးသွားသည်။ သူမ တောင်ပံခတ်ကာ ဇလုံမှ ပျံထွက်လာသည်။
“ကောင်းပြီ ပြီးသွားပြီ” ရှီမာယူယူသည် ဇလုံးအားသိမ်းပြီး ပြောလိုက်သည် “နီရဲပျားဘုရင်မ အရင်ဆုံး မင်းရဲ့ ပျားတွေကို ခေါ်ပြီး တစ်နေရာမှာ နေရာချပေးလိုက်”
သူမသည် ပျားအားလုံးကို ဝိညာဉ်စေတီထဲထည့်လိုက်သည်။ ထိုနေရာမှ ပတ်ဝန်းကျင်သည် သူတို့အတွက်တော့ လုံလောက်အောင် ဆွဲဆောင်နိုင်သည်။
သူမ လျှို့ဝှက်ချက်ကို ရှီမာယူလင်း သိသွားမည်ကို သူမ မစိုးရိမ်ပေ။ အခုတော့ သူမ ကိုယ်ပိုင်ပစ္စည်းများကို ကာကွယ်ရန် သူမတွင် လုံလောက်သည့် အင်အားရှိနေပြီဖြစ်သည်။
ထိုအရာများသည် သူမ၏ ဝှက်ဖဲဖြစ်ရုံသာမကပေ။ တစ်စုံတစ်ယောက်မှ သူမအား ထိခိုက်အောင် လုပ်လျှင် ထိုလူအား သူမ သေချာပေါက်သတ်မည်ဖြစ်သည်။
ရှီမာယူလင်းသည် ဉာဏ်ပြေးသောသူဖြစ်သောကြောင့် ထိုကဲ့သို့ ကိစ္စမျိုးကို လုပ်မည်မဟုတ်ကြောင်းကို သူမ ယုံကြည်သည်။