အပိုင်း(၂၄၂)-ကျွန်းငယ်ပေါ်မှ အံ့သြမှု
Vol. 003 Ch. 242
ပျားအုပ်တစ်ခုလုံး ပျောက်သွားသည်ကို မြင်လိုက်သောအခါ ရှီမာယူလင်း၏ မျက်နှာသည် အလွန်အမင်း အံ့သြသွားလေသည်။ သို့သော် သူ ဘာမှမမေးပဲ ပေါ့ပေါ့ပါးပါး မေးရုံမျှသာမေးလေသည် “ငါတို့ အခုပြန်လို့ ရပြီလား”
“မရသေးဘူး” ရှီမာယူယူ ပြောလိုက်သည် “ငါတို့ စောင့်ရမယ်၊ ပြီးမှ ငါတို့ လရှုရှိုက်ပင်နဲ့ တိမ်ပန်းနေဝင်အပင်ကို ရှာရဦးမယ်၊ အဲအပင်တွေကို အဲဒီဝိညာဉ်သားရဲတွေ စားမသွားပါစေနဲ့လို့ မျှော်လင့်ပါတယ်”
“ဒါဆို ငါတို့နည်းနည်းထပ်စောင့်ကြတာပေါ့ အဲဒီဝိညာဉ်သားရဲတွေ သွားတော့မှ သွားကြတာပေါ့” ရှီမာယူလင်း ပြောလိုက်သည်။
“အင်း”
သူတို့သည် တောင်ထိပ်တွင် အချိန်ကြအောင်စောင့်ပြီးနောက် ငှက်လေးအားစီးကာ ချောက်ဆီသို့ ဦးတည်သွား လေသည်။
ချောက်အတွင်းမှာ ကမောက်ကမဖြစ်နေခဲ့သည်။ ရှည်လျားသော မြက်ပင်များသည် ပြားနေကာ သစ်ပင်များသည် အလယ်မှ ထက်ပိုင်းကျိုးနေခဲ့သည်။ တိုက်ပွဲ၏ ရလဒ်ပင်ဖြစ်သည်။
ရှီမာယူယူသည် ချောက်အား အတော်ကြာအောင် ကြည့်ပြီးမှ နောက်ဆုံးတွင် လရှုရှိုက်မြက်ပင်ရိုးတံကို တွေ့လေသည်။ ထို့နောက်တွင် သူမသည် တိမ်ပန်းနေဝင်ပင်ကိုတွေ့သော်လည်း ထိုပန်းသည် ဝိညာဉ်သားရဲများ ကြောင့် ညှိုးသွားပြီဖြစ်သည်။
“နှမြောဖို့ကောင်းလိုက်တာ” သူမသည် တစ်ဝက်ကျိုးနေသော လရှုရှိုက်မြက်ပင်ကို ကိုင်ပြီး ကြေကွဲနေသည်။
“ငါတို့ ဒီထက်ကျယ်တဲ့နေရာမှာ သွားရှာမယ် ထပ်ပြီးရှာတွေ့ဖို့ ဆုတောင်းပါတယ်” ရှီမာယူလင်း ပြောလိုက်သည်။
“မင်းလိုတဲ့ ဆေးဖက်ဝင်ပစ္စည်းတွေ ဘယ်မှာရှိလဲ ငါသိတယ်” နီရဲပျားဘုရင်မသည် ရုတ်တရပ်ပြောလိုက်သည်။
“မင်းသိလား၊ ဘယ်မှာလဲ” ရှီမာယူယူ ပြောလိုက်သည်။
“ငါတို့တပ်ဖွဲ့က ပျားရည်တွေစုဆောင်းရတော့မှာ အဲတော့ ဘယ်ကိုသွားရှာရမလဲဆိုတာကို သေချာပေါက်သိ တယ်” နီရဲပျားဘုရင်မပြောလိုက်သည် “ငါ မင်းတို့ကို အဲဒီကိုခေါ်သွားမယ်”
ရှီမာယူယူ အညိုရောင်ပျားအား ခေါ်ထုတ်ကာ သူမအာ ကြည့်ပြီးပြောလိုက်သည် “မင်းကို အဲဒီကိုခေါ်သွားမယ်”
ရှီမာယူယူ သူတို့အတွက် ထားပေးသော နေရာအား သူတို့အားလုံး ကြိုက်ကြသည်။ အခုတော့ သူမအား အားလုံး နှစ်သက်သွားကြသည်။
ရှီမာယူယူသည် နီရဲပျားဘုရင်မနှင့် စာချုပ်ချုပ်လိုက်သည့်အတွက် သူမသည် ပျားများ၏ စကားကို နားလည်ပြီးသားဖြစ်သည်။
“သွားရအောင် သူက ငါတို့်ကို လရှုရှိုက်မြက်ပင်နဲ့ တိမ်ပန်းနေဝင်ဆီခေါ်သွားပေးလိမ့်မယ်” သူမသည် ရှီမာယူလင်းအားခေါ်ကာ အညိုရောင်ပျားနောက်လိုက်ပြီး ချောက်အပြင်သို့ထွက်ခဲ့ကြသည်။
အညိုရောင်ပျားသည် သူတို့အား ရှာတွေ့ရန်ခက်ခဲသော အနီးအနားနေရာသို့ ခေါ်သွားလေသည်။ သူတို့သည် ကွေ့ပတ်ပြီးနောက်ဆုံးတွင် နောက်ထပ်ချောက်ဆီသို့ ဝင်သွားလေသည်။
“မင်းတို့လိုချင်တဲ့ ပန်းတွေအများကြီးပဲ” အညိုရောင်ပျားပြောလိုက်သည်။
ချောက်ကမ်းပါးပေါ်တွင် တွဲလောင်းကျနေသော တိမ်ပန်းနေဝင်နှင့် လရှုရှိုက်မြက်ပင်တို့ကို ရှီမာယူယူကြည့်ပြီး အညိုရောင်ပျားကား ပုတ်ကာ ပြောလိုက်သည် “ကျေးဇူးပဲ”
“အပြစ်အနာအဆာမရှိတဲ့ လရှုရှိုက်မြက်ပင်တွေပဲ၊ ငါတို့တွေ့ခဲ့တာတွေထက် ပိုပြီးလည်း ရင့်တယ်” ရှီမာယူလင်း ပြောလိုက်သည်။
“ဒီနေရာက ရှာရလည်းခက်တယ်၊ ပြီးတော့ ထူးထူးခြားခြား တန်ဖိုးကြီးပစ္စည်းလည်းမရှိတော့ အဲဒီဝိညာဉ်သားရဲတွေ ရောက်မလာနိုင်ဘူး” အညိုရောင်ပျား ပြောလိုက်သည် “ပြီးတော့ ဒီကျွန်းပေါ်မှ ပျံသန်းခွင့်မရှိတော့ ဒီကိုလာတဲ့ ဝိညာဉ်သားရဲတွေ နည်းတယ်၊ ငါတို့လို ပျားတွေပဲ ပျားရည်စုဖို့ ဒီကိုလာကြတာ”
“သူတို့ ကျွန်းတချို့နေရာတွေမှာ ပျံကြတာ ငါမြင်ပါတယ်၊ ဘာလို့ ဒီမှာ ပျံလို့မရတာလဲ” ရှီမာယူယူ မေးလိုက်သည်။
“မသိဘူး၊ ဒီမှာ ကြောက်ဖို့ကောင်းတဲ့သက်ရှိတွေ ရှိတယ်လို့ ဘုရင်မကတော့ ပြောဖူးတယ်၊ အဲဒါကြောင့် ကောင်းကင်မှာ ပျံလို့မရတာနေမှာပေါ့” အညိုရောင်ပျားသည် တောင်ပံခတ်ရင်း ပြန်ဖြေလေသည်။
“ကြောက်စရာကောင်းတဲ့ သက်ရှိဟုတ်လား၊ အနီရဲပျားဘုရင်မက ဘာလဲဆိုတာ ပြောလား” ရှီမာယူယူသည် အညိုရောင်ပျားပြောသည့်အရာကို ရှီမာယူလင်းအား မေးရန် ကြည့်လိုက်သည်။ သူပြန်ကြည့်သည့်ပုံအရ သူသည်လည်း ထိုအကြောင်းကို သိသည့်ပုံမပေါ်ပေ။
“မပြောဘူး၊ ဘုရင်မက ငါတို့်ကို တွေ့ကရာမပျံနဲ့လို့ ပြောထားတာ၊ ငါတို့ ပျားရည်ကိုပဲ မြန်မြန်စုရမယ်လို့ ပြောတာ” အညိုရောင်ပျားပြောလိုက်သည်။
“အင်းပါ ငါနားလည်ပါပြီ” ရှီမာယူယူသည် အညိုရောင်ပျားအား သိမ်းကာ ပြောလိုက်သည် “အပင်တွေ ခူးရအောင်”
သူမသည် ကျောက်စိမ်းသေတ္တာအား ရှီမာယူလင်းအား ပေးကာ ပြောလိုက်သည် “လရှုရှိုက်မြက်ပင်ကို ငါ့ကို အပ်ထားပြီး မင်း တိမ်ပန်းနေဝင်ပန်းကို ယူပြီး သေတ္တာထဲထည့်ပေး”
ရှီမာယူလင်း ခေါင်းညိတ်ကာ သေတ္တာယူပြီး ချောက်ကမ်းပါးပေါ်သို့ ဦးတည်သွားလေသည်။
ရှီမာယူယူ ထိုင်ချကာ သံလက်ထုတ်ကာ လရှုရှိုက်မြက်ပင်ကို တူးတော့သည်။
ထိုအပင်များသည် ရင့်လှသည်ဖြစ်၍ သူမ ပျော်ရွှင်နေသည်။
“ဝိညာဉ်စေတီထဲမှာ ပင်လယ်ဆေးဖက်ဝင်အပင်တွေမရှိသေးဘူး၊ ငါဒါတွေကို စိုက်ထားရမယ်၊ မဟုတ်ရင် ငါလိုတဲ့အချိန်ကို မသုံးရပဲဖြစ်နေမယ်”
ရှီမာယူလင်းသည် သေတ္တာအားယူပြီး လျင်မြန်စွာပင်ပြန်လာကာ ရှီမာယူယူ လရှုရှိုက်ပင်တူးနေသည်ကို ကူညီပေးလိုက်သည်။
သူတို့နှစ်ယောက်သည် နေရာတစ်ခုလုံးရှိ အပင်များကို အောင်မြင်စွာယူပြီးနောက် ငှက်လေးအားစီးပြီး အလျင်စလိုပင် ပြန်လာလိုက်သည်။ ဝေဒနာမေ့ပျောက်ခြင်းကျွန်း အောက်ခြေမှ ကြောက်မက်ဖွယ် ကိုယ်ရောင်ကိုယ်ဝါထွက်လာသည်ကို ရုတ်တရက်ခံစားလိုက်ရသည်။ အားလုံးသော ပျံသန်းနိုင်သော သတ္တဝါများသည် ရုတ်တရက် ကျွန်းမှထွက်ခွာသွားကြသည်။ ထိုငှက်များသည် အားလုံး လေထဲတွင် ပျံဝဲကြသည်။
ရှီမာယူယူနှင့် ရှီမာယူလင်တို့သည် အကြည့်ချင်းမလှယ်ကာ ငှက်လေးအား မြန်မြန်ပင် ပျံသန်းစေလိုက်သည်။ သူတို့သည် စခန်းသို့ လျင်မြန်စွာပင် ပြန်လာလိုက်သည်။
“သခင်လေး ပြန်လာပြီလား” သက်ကြီးဝါကြီးပုဂ္ဂိုလ်သည် သူတို့ပြန်လာသည်ကို မြင်သောအခါ သက်ပြင်းချမိသည်။
“ဘာတွေဖြစ်နေတာလဲ အဲဒီဝိညာဉ်သားရဲတွေက ဘာလို့အဲလောက် တုန်လှုပ်နေကြတာလဲ” တစ်စုံတစ်ယောက်က မေးလိုက်သည်။
“ကျွန်တော်တို့ အရမ်းအန္တရာယ်များတဲ့ ကိုယ်ရောင်ကိုယ်ဝါကိုခံစားမိတယ်၊ ဒီကနေ အမြန်ထွက်မှဖြစ်မယ်၊ ကျွန်တော်တို့ မသွားရင် အန္တရာယ်တစ်ခုခုဖြစ်လိမ့်မယ်လို့ ခံစားနေရတယ်” ရှီမာယူယူ ပြောလိုက်သည်။
“ဒါပေမယ့် လရှုရှိုက်မြက်ပင်နဲ့ တိမ်းပန်းနေဝင်နဲ့က….”
“ကျွန်တော်တို့ ယူလာခဲ့ပြီ၊ အခုအချိန်မရှိဘူး၊ ကျွန်တော်တို့အားလုံး ငှက်လေးပေါ်တက်ပြီး ထွက်သွားမှဖြစ်မယ်” ရှီမာယူယူပြောလိုက်သည်။
သက်ကြီးဝါကြီးပုဂ္ဂိုလ်သည် ရှီမာယူလင်းအား ကြည့်ရာ သူခေါင်းညိတ်ပြသည်ကို မြင်လိုက်သည်။ သူပြောလိုက်သည် “အားလုံး အံ့ဖွယ်သားရဲရဲ့ကျောပေါ်တက်ကြ၊ ငါတို့ချက်ချင်း သင်္ဘောဆီသွားကြမယ်”
အစောင့်များသည်လည်း ကြောက်မက်ဖွယ်ကိုယ်ရောင်ကိုယ်ဝါကို ခံစားမိကာ ငှက်လေး၏ ကျောပေါ်သို့တက်ကြလေသည်။ ငှက်လေးသည် တောင်ပံဖြန့်ကာ သူတို့အား သင်္ဘောကျောက်ချ ရာ နေရာသို့ ခေါ်ဆောင်သွားလေသည်။
များစွာသော ပျံသန်းနိုင်သော ဝိညာဉ်သားရဲများသည်လည်း အန္တရာယ်အားခံစားမိကာ အတောင်ပံဖြန့်ကာ ထွက်ပြေးကြလေသည်။ သို့သော် သူတို့သည် မမြန်ဆန်သောကြောင့် ငှက်လေးက ကျော်တက်သွားလေသည်။
ပင်လယ်ဘက်သို့ပျံသန်းသွားရာ သူတို့သည် ပင်လယ်အော်တွင် ရပ်တန့်နေသော သင်္ဘောအားမြင်လိုက်ရ သည်။
“မလှုပ်ကြနဲ့” ပျံသန်းနိုင်သောသတ္တဝါများသည် အရှေ့တွင် အေးခဲနေသည်ကို မြင်သောအခါ ရှီမာယူယူ ပြောလိုက်သည်။
“သခင် အရှေ့ကဟာတွေက အေးခဲနေပြီ ကျွန်တော်ထွက်လို့မရဘူး” ငှက်လေးပြောလိုက်သည်။
ရှီမာယူယူသည် သူမ ဝိညာဉ်ချီအား ပစ်လွှတ်သော်လည်း သူမ တိုက်ခိုက်ချက်သည် တစ်စုံတစ်ရာနှင့် ကြုံတွေ့ခဲ့ရသည့်နှယ် ပျောက်ကွယ်သွားလေသည်။
ထိုအရာအား မြင်လိုက်သောအခါ အားလုံးသည် ကြောက်ရွံ့မှုကြောင့် ဖျော့တော့သွားတော့သည်။
“ငါလုပ်မယ်” သက်ကြီးဝါကြီးပုဂ္ဂိုလ်သည် ကျယ်လောင်စွာ အော်လိုက်ကာ သူ၏ ဝိညာဉ်ချီကို ပစ်လွှတ်လိုက်လေ သည်။ သို့သော် ရလဒ်ကတော့ အတူတူပင်။ ပျောက်ကွယ်သွားဆဲပင်။
“ဘာတွေ ဖြစ်နေတာလဲ” တစ်စုံတစ်ယောက်က အော်လိုက်သည်။
ရှီမာယူယူသည် ငှက်လေးအား မြေပေါ်ဆင်းသက်စေကာ အရိပ်အယောင်မမြင်ရသော ဖြစ်ပွားရာနေရာသို့ ကြည့်လိုက်သည်။ သူမသည် ဟိန်းသံလေးအားခေါ်ကာ ထိုနေရာသို့ပစ်လိုက်ပြီး ပြောလိုက်သည် “သွားကြည့်”
“ဝါးဝါး ယူယူ မင်းဘာလုပ်တာလဲ” ဟိန်းသံလေးသည် အခုလေးတင်ထွက်လာပြီး ဘာဖြစ်နေသည်ကို မသိသောကြောင့် ကျယ်လောင်စွာအော်လိုက်သည်။
“ငါတို့် တစ်ခုခုကြောင့် အပိတ်ခံနေရတယ်၊ ဘာလဲဆိုတာ မင်းသွားကြည့်လိုက်” ရှီမာယူယူ ပြောလိုက်သည်။
“သေလောက်အောင်နာလိုက်တာ” ဟိန်းသံလေးသည် အဝေးတစ်နေရာသို့ ပျံသွားပြီး မြေပေါ်တွင် လှဲကာ ရှီမာယူယူအား မကျေနပ်သလို ကြည့်နေသည်။
သို့သော် သူသည် အန္တရာယ်ရှိသော ကိုယ်ရောင်ကိုယ်ဝါကို ချက်ချင်းပင်ခံစားရပြီး အချိန်မဆွဲတော့ပဲ ခုန်ထွက်လိုက်သည် “သေစမ်း ဘာတွေဖြစ်နေတာလဲ ကြောက်ဖို့ကောင်းလိုက်တဲ့ ကိုယ်ရောင်ကိုယ်ဝါပဲ”
ရှီမာယူယူသည် ဟိန်းသံလေးပျံသွားသည်ကို မြင်လိုက်ရာ သူ့အားမတားနိုင်သည်ကို သိသဖြင့် သတိပေးလိုက် သည် “ငါတို့ကို မြန်မြန်ထွက်ရအောင်လုပ်ပေး”
“ကောင်းပြီ” ဟိန်းသံလေးသည် သူ၏ တိုသောခြေထောက်များဖြင့် ပြေးသွားသော်လည်း မြန်မြန်မပြေးနိုင်ပေ။ အချိန်အတော်ကြာမှ သူပြန်ရောက်လာသည်။ သူ လက်သည်းများထုတ်ကာ နီးစပ်ရာနေရာတွင် အပြာရောင်စက်ဝိုင်းကိုဆွဲလိုက်သည်။ “ပြိုင်ဘက်ကတော့ အရမ်းသန်မာတယ်၊ ငါလည်း ဒီလောက်ကြီးတာပဲ လုပ်နိုင်တယ်”
ရှီမာယူယူသည် အပြာရောင်စက်ဝိုင်းအားကြည့်ကာ ဝင်လိုက်ပြီး စိတ်လှုပ်ရှားနေမိသည်။
ရှီမာမျိုးနွယ်ဝင်တို့သည်လည်း အချိန်မဖြုန်းတော့ပဲ ဝင်လိုက်ကာ စက်ဝိုင်းထဲတွင် စိတ်လှုပ်ရှားနေကြသည်။
“သင်္ဘောပေါ်တက်ကြ” သက်ကြီးဝါကြီးပုဂ္ဂိုလ်သည် နောက်ဆုံးတစ်ယောက်ဖြစ်ကာ အမိန့်ပေးလိုက်သည်။
သင်္ဘောပေါ်တွင် ကျန်ခဲ့သောလူများသည် ထိုနေရာတွင် ဖြစ်နေသည်မှာ အခြေအနေမဟန်သည်ကို မြင်နေရ၍ ချက်ချင်းပင် ပြင်ဆင်ကာ ရွက်လွင့်တော့သည်။
သင်္ဘောသည် ဆိပ်ကမ်းမှထွက်ခွာသည်နှင့် သူတို့သည် အသက်လုနေရသည်ကို ရှီမာမျိုးနွယ်တို့ခံစားမိ တော့သည်။
“ဟိတ်လူတွေ ကြည့်ကြ အဲဒါဘာကြီးလဲ” အစောင့်တစ်ယောက်သည် ဝေဒနာမေ့ပျောက်ခြင်းကျွန်းဆီသို့ ညွှန်ပြလိုက်သည်။ သူ့အသံသည် တုန်ယင်နေခဲ့သည်။