← Chapters

အခန်း ၄၉

Vol. 5 Ch. 49

အခန်း ၄၉

Vol. 5 Ch. 49

အပိုင်း ( ၄၉ )

ဖူမင်ရှစ်ရဲ့ လက်ပ်တော့ကို ဖွင့်ကြည့်လိုက်တော့ မိတ်ကပ် ကျူတိုရီရယ်တွေက ဖန်သားပြင်ပေါ်မှာ စောင့်ဆိုင်းနေလျက်သား ရှိတာကို မြင်ရသည်။ ကျန်းပေါင်က အမျိုးမျိုးသော အလှပြင်စ္စည်းတွေကို ထပ်ကြည့်လိုက်ပြီးနောက် မျက်နှာသစ်လိုက်ကာ ကျူတိုရီရယ်အတိုင်း စတင်လေ့လာခဲ့သည်။ Eye Makeup က အရမ်း လက်ဝင်တာမို့ ကျော်သွားချင်ပေမဲ့ ဖူမင်ရှစ်က သူမရဲ့ မျက်နှာ ၊ အထူးသဖြင့် မျက်လုံးနှင့် နှုတ်ခမ်းကို မိတ်ကပ်လိမ်းစရာ မလိုလောက်အောင် လှသည်ဟု ချီးကျူးဖူးတာကို သတိရသွားလျှင် စိတ်ရှည်လက်ရှည်နှင့် သင်ယူခဲ့လေသည်။

မိတ်ကပ်တွေ လိမ်းလိုက် ၊ ပြန်ဖျက်လိုက်နှင့် ထပ်တလဲလဲ လုပ်ရင်း အချိန်တွေ ဘယ်လောက်တောင် ကုန်ဆုံးသွားလဲ မသိခင်မှာပဲ ဖူမင်ရှစ်က တံခါးလာခေါက်သည်။ ကျန်းပေါင် နာရီကြည့်လိုက်တော့ ကိုးနာရီ ခွဲနေပါပြီ။

ဖူမင်ရှစ်က သူမကို “ တံခါးဖွင့်ပေးပါဦး။ ” ဟု လှမ်းပြောတာကို ကျန်းပေါင်က “ ကျွန်မကို နောက်ထပ် ဆယ်မိနစ်လောက် အချိန်ပေးပါဦး။ ” ဟု တိုးလျစွာ ပြန်ပြောလိုက်သည်။ ထို့ကြောင့် ဖူမင်ရှစ်ဟာ တံခါးကို မှီကာ ရပ်စောင့်နေရုံက လွဲလို့ ဘာမှ မတတ်နိုင်တော့ပေ။ ကျန်းပေါင်က အဆုံးသတ် ရလဒ်ကို ပြနိုင်သော်လည်း တစ်ဝက်တစ်ပျက် တိုးလို့တန်းလန်းတော့ မပြနိုင်။

ကျန်းပေါင်သည် မျက်လုံးနှင့် မျက်ခုံးကို ပြင်ဆင်ခြယ်သပြီးသောအခါ သဘာဝအတိုင်း ပန်းရောင်သန်းနေသော သူမရဲ့ နှုတ်ခမ်းလေးတွေကို ကြည့်ပြီး ဖန်ရွှမ်း သင်ပေးထားသော နည်းလမ်းအတိုင်း Makeup Look နှင့် ကိုက်ညီလိုက်ဖက်သည့် နှင်းဆီနီရောင် နှုတ်ခမ်းနီလေးကို ဆိုးလိုက်၏။ အရာအားလုံး ပြင်ဆင်ပြီးသောအခါ မှန်ရှေ့မှာ သွားရပ်ပြီး ကိုယ့်ကိုယ်ကိုယ် ကြည့်လိုက်သည်။ ဖန်ရွှမ်း ပြင်ပေးတဲ့ မိတ်ကပ်လောက် လှသည်ဟု မထင်သော်လည်း ဘာမှ မလိမ်းထားတာထက် စာရင်တော့ နည်းနည်း ပိုကြည့်ကောင်းသလိုပါပဲ။

ထိုအချိန်မှာပဲ ဖူမင်ရှစ်ရဲ့ တံခါးခေါက်သံလည်း နောက်တစ်ကြိမ် ထွက်ပေါ်လာခဲ့သည်။ ကျန်းပေါင်က တံခါးခေါက်သံကြောင့် စိတ်လှုပ်ရှားသွားပြီး မိတ်ကပ်ပစ္စည်းတွေနှင့် ရှုပ်ပွနေသည့် စားပွဲကို သပ်သပ်ရပ်ရပ်ဖြစ်အောင် အမြန် ပြန်စီလိုက်သည်။ ထို့နောက် သူမရဲ့ မျက်နှာကို ဖူမင်ရှစ်အား မပြရဲဘဲ ခေါင်းငုံ့ထားလျက် တံခါးဖွင့်ပေးလိုက်သည်။

ဖူမင်ရှစ်က အခန်းထဲကို အရင် ဝင်လာပြီးမှ သူ့နောက်က တံခါးကို ပိတ်ကာ ကျန်းပေါင်ကို သူ့ရင်ခွင်ထဲ ဆွဲခေါ်ပြီး မေးစေ့လေးကို ဆွဲမော့လိုက်သည်။ ကျန်းပေါင်က အထိတ်တလန့်နှင့် မျက်လုံးမှိတ်ထား၏။ သူမက မိန်းမလှလေးတစ်ယောက် ဖြစ်သည်။ မိတ်ကပ်လိမ်းရာမှာ ဘယ်လောက်ပဲ မကျွမ်းကျင်ပါစေ ၊ သူမ အရမ်း နမော်နမဲ့မနိုင်သရွေ့ ရုပ်ဆိုးသွားမှာ မဟုတ်ပါ။

သို့သော်လည်း ဖူမင်ရှစ်သည် ကျန်းပေါင်ရဲ့ စမ်းတဝါးဝါး လိမ်းခြယ်ထားသော လက်ရာလေးကို ကြည့်ပြီး ရယ်ချင်စိတ်ကို ထိန်းချုပ်မရနိုင်ပေ။ ဖန်ရွှမ်းရဲ့ မိတ်ကပ်စွမ်းရည်က ( ၁၀ ) မှတ်မှာ ( ၈ ) မှတ် ဆိုလျှင် ကျန်းပေါင်ရဲ့ လက်ရာကတော့ သိပ်ဆွဲဆောင်မှုမရှိတဲ့ မော်ဒယ်တစ်ယောက်ကိုတောင် သာလွန်မှာ မဟုတ်။ ဒါပေမဲ့ အရမ်းကို ဆွဲဆောင်မှုရှိတဲ့ နှုတ်ခမ်းလေးတွေက သူမရဲ့ ဖြူစင်မှုကို လျော့ကျစေပြီး ညို့ဓာတ်ကို တိုးလာစေသည်။

ဖူမင်ရှစ်က သူမရဲ့ နှုတ်ခမ်းထောင့်လေးတွေကို ညင်သာစွာ ပွတ်သပ်ပေးနေခဲ့ပြီး တစ်မိနစ်ကြာမှ လွှတ်ပေးလိုက်ကာ နဖူးလေးကို နမ်းလိုက်သည်။ “ အရင်ဆုံး ရုပ်ရှင် အတူတူ သွားကြည့်ရအောင်။ ”

ကျန်းပေါင်က စိတ်သက်သာရာရသွားသော သက်ပြင်းလေးကို မှုတ်ထုတ်လိုက်သော်လည်း စိတ်ထဲမှာတော့ နည်းနည်းလေး စိတ်ပျက်သွားမိသည်။ သူက သူမ မိတ်ကပ်လိမ်းဖို့အတွက် အများကြီး အလုပ်ရှုပ်ခံခဲ့ပေမဲ့ သူမကို ဘာလို့ ချီးကျူးစဂာားလေး တစ်ခွန်းတောင် ပြောမသွားရတာလဲ … ။ စာမေးပွဲအဖြေလွှာကို ကြိုးကြိုးစားစား ဖြေဆိုထားပေမဲ့ သူက တစ်ချက်လေးတောင် မကြည့်ဘဲ သိမ်းယူသွားသလိုပင် မချင့်မရဲ ခံစားရစေသည်။

ကျန်းပေါင်သည် အောက်ထပ်ကို ဆင်းလာရင်း ဖူမင်ရှစ်ရဲ့ အမူအရာ ၊ သို့မဟုတ် စကားထဲက သဲလွန်စလေးတွေကို ရှာဖွေဖို့ အသည်းအသန် ကြိုးစားနေမိသော်လည်း သူက ထုံးစံအတိုင်း တည်ငြိမ်လျက်သာ ဖြစ်ပါသည်။ သူ့အမူအရာကို ကြည့်ပြီး သူမရဲ့ မိတ်ကပ်ကို ဘယ်နှမှတ် ပေးထားလဲ ဆိုတာ အကဲခတ်လို့ မရပါ။

သို့သော် ဖူမင်ရှစ် ရွေးချယ်ထားတဲ့ နာမည်ကြီး ဟောလိဝုဒ် ရုပ်ရှင်က ခဏအကြာမှာပဲ ကျန်းပေါင်ရဲ့ စိတ်အာရုံကို ဖမ်းစားသွားခဲ့သည်။ မီးမှိန်မှန် ဧည့်ခန်းထဲမှာ စိတ်ဝင်စရားကောင်းသော ဇာတ်လမ်းနောက်ကို ကျန်းပေါင် မျောပါသွားပြီး အရာအားလုံးကို မေ့လျော့သွားခဲ့သည်။ နောက်ဆုံးမှာ ဇာတ်ကားပြီးသွားချိန်ထိ ကျန်းပေါင်ရဲ့ စိတ်ထဲမှာ မပြီးပြတ်သေးသော ခံစားချက် တစ်မျိုးကို ခံစားနေရပြီး ဆိုဖာကို မှီ၍ ခန့်မှန်းပြောဆိုလိုက်သည်။ “ နောက်ဆက်တွဲ ဇာတ်လမ်းတော့ ရှိလောက်တယ်မလား။ ”

ဖူမင်ရှစ်က သူမ ပြောတဲ့ စကားကို စိတ်ထဲ မထည့်ဘဲ ခေါင်းညိတ်ပြရင်း သူ့လက်ပတ်နာရီကို ငုံ့ကြည့်လိုက်သည်။ ( ၁၁ ) နာရီခွဲနေပါပြီ။ သူ့နှုတ်ခမ်းထောင့်စွန်းတွေ ကော့တက်သွားကာ တစ်စုံတစ်ခုကို အခုမှ သတိရသွားသကဲ့သို့ “ မင်းရဲ့ အဆောင်က ညဘက် ဘယ်အချိန် တံခါးပိတ်တာလဲ။ ” ဟု သူမကို မေးလိုက်သည်။

ရုပ်ရှင်ထဲမှာ မျောနေတဲ့ ကျန်းပေါင်က ဆတ်ခနဲ သတိပြန်ဝင်လာသည်။ ချက်ချင်းပဲ ဘောင်းဘီအိတ်ကို စမ်းလိုက်ပေမဲ့ သူမရဲ့ ဖုန်းကို အိပ်ခန်းထဲမှာ ထားခဲ့တယ် ဆိုတာ သတိရသွားသည်။ ဖူမင်ရှစ်ကို စိုးရိမ်ပူပန်စွာ မေးလိုက်၍ အဆောင်ပိတ်ချိန်ကို ကျော်သွားပြီ ဆိုတာ သိလိုက်ရသောအခါ ကျန်းပေါင်တစ်ယောက် ငိုချင်သွားသည်။

ဖူမင်ရှစ်က သူမကို သူ့ရင်ခွင်ထဲ ဆွဲခေါ်ပြီး နှစ်သိမ့်ပေးသည်။ သူ့အသံတိုးတိုးက စကားလုံးနှင့် ဖော်ပြလို့ မရလောက်အောင် ငြိမ့်ညောင်း‌အေးချမ်းပါသည်။ “ မင်း ဒီည မပြန်ဖြစ်ရင်လည်း ကိစ္စမရှိပါဘူး။ မနက်ဖြန် မနက်ကျ ကိုယ် မင်းကို ပြန်လိုက်ပို့ပေးမယ်လေ။ ”

ကျန်းပေါင်ကတော့ စိတ်ညစ်နေမိသည်။ “ ကျွန်မ အဆောင်ကို မပြန်ရင် သူတို့ ဘယ်လို ထင်မလဲ။ ”

“ မင်း ပိတ်ရက်တွေမှာလည်း ဒီမှာ နေတာပဲ။ သူတို့ အထင်လွဲချင်ရင် ဟိုးအရင်ကတည်းက အထင်လွဲပြီးနေလောက်ပြီ။ ” ဖူမင်ရှစ်က သူမရဲ့ မျက်နှာလေးကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ပြီး အပြုံးလေးဖြင့် ပြောလိုက်သည်။ ကျန်းပေါင်က နှုတ်ခမ်းတွေကို တင်းတင်း စေ့ပိတ်ထားသဖြင့် သူက သူမရဲ့ နှာခေါင်းလေးကို နမ်းလိုက်သည်။

“ အရူးမလေး ၊ အခုခေတ်ကို ဘာထင်နေတာလဲ။ ဘယ်သူမှ အဲ့လို ကိစ္စတွေကို ဂရုမစိုက်တော့ဘူး။ မင်း အဆောင်မှာ ညတိုင်း ပြန်အိပ်ရင်တောင် တခြား လူတွေက ပေါက်ကရတွေ လျှောက်မတွေးဘူးလို့ ထင်လို့လား။ အဲ့လို ကိစ္စမျိုးတွေက ကာယကံရှင်ကသာ ဆန္ဒရှိရင် အိပ်ခန်းထဲမှာပဲ လုပ်လို့ ရတာ မဟုတ်ဘူး။ ”

ညစ်ညမ်းသော သတင်းအချက်အလက်တွေ များလွန်းလှ၍ ကျန်းပေါင်ရဲ့ ခေါင်းထဲမှာ သတိပေးချက်အသံတွေ ဆူညံသွားကာ သူတို့နှစ်ယောက် အိပ်ခန်းထဲမှာ မဖြစ်မနေ ရှိဖို့ မလိုအပ်‌ကြောင်း နားလည်သွားသည်။ သူမရဲ့ မျက်နှာက သိသိသာသာ ပူနွေးလာချိန်မှာပဲ ဖူမင်ရှစ်က အနားကို တိုးကပ်လာပြီး ဖြားယောင်းသွေးဆောင်သော အသံဖြင့် “ မင်း ဘာတွေတွေးနေတာလဲ။ ” ဟု ပြောသည်။

ကျန်းပေါင်က အန္တရာယ်ကို ရုတ်တရက် သဘောပေါက်သွားသည်။ သူမရဲ့ မျက်နှာပေါ်က သူ့လက်ကို ဆွဲချရင်း အမြန်ဆုံး ခေါင်းခါယမ်းဖို့ ကြိုးစားလိုက်သည်။ “ စောစော အိပ်ရအောင်။ ”

“ ကောင်းပြီ။ ” ဖူမင်ရှစ်က သူမရဲ့ မျက်နှာလေးကို လွှတ်ပေးပြီး အပေါ်ထပ်ကို လိုက်ပို့ပေးခဲ့သည်။ တတိယထပ်ကို ရောက်တော့ တံခါးရှေ့အထိ လိုက်လာပြီး “ ဂွတ်နိုက်ပါ။ ” ဟု ပြောကာ အကျင့်ပါနေသည့်အတိုင်း ဂွတ်နိုက်အနမ်းလေး ပေးသည်။ ကျန်းပေါင်က မျက်လုံးလေး မှိတ်ထားပြီး သူ နမ်းတာကို ငြိမ်နေလိုက်သည်။

ဖူမင်ရှစ် နမ်းပြီးသွားတော့ သူမကလည်း နှုတ်ဆက်စကား ပြောကာ တံခါးကို တွန်းဖွင့်လိုက်သည်။ သို့သော် သူမ အခန်းထဲကို ဝင်လာပြီး တံခါးမပိတ်ရသေးခင်မှာပဲ ဖူမင်ရှစ်က သူမရဲ့ လက်ကို ရုတ်တရက် သောကြောင့် ကျန်းပေါင်ရဲ့ နှလုံးသားထဲမှာ ခုန်လှုပ်သွားကာ စိတ်လှုပ်ရှားစွာ ပြန်လှည့်ကြည့်မိသည်။

ဖူမင်ရှစ်က “ မင်း တစ်ခုခုကို မေ့နေတယ် ထင်တယ်။ ” ဟု ပြောကာ သူမကို အခန်းအပြင်သို့ ဆွဲခေါ်ပြီး နံရံနှင့် ဖိကပ်၍ နက်မှောင်သော မျက်လုံးများဖြင့် စိုက်ကြည့်နေခဲ့သည်။ ကျန်းပေါင် အသက်ပင် မရှူရဲတော့ပါ။ ဖူမင်ရှစ်ရဲ့ လက်တွေဟာ သူမရဲ့ မျက်လုံးထောင့်ကို ပွတ်သပ်နေရင်းမှ နှုတ်ခမ်းတွေဆီ တရွေ့ရွေ့ လျောဆင်းသွားသည်။ သူ့အကြည့်က လှပသော ကျောက်စိမ်းတုံးလေးကို သဘောကျနေသကဲ့သို့ ဂရုတစိုက်ရှိလှသည်။

ကျန်းပေါင် ပိုလို့တောင် စိတ်လှုပ်ရှားလာမိသည်။ ခုနတုန်းက သူမ မိတ်ကပ်လိမ်းထားတာကို ဘာတုံ့ပြန်မှုမှ မပြ၍ မကျေမနပ် ဖြစ်ခဲ့မိသော်လည်း အခုလို အလွန်အကျွံ တုံ့ပြန်မှုတွေ ပြချိန်မှာတော့ သူ ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်မှာကို ကြောက်ရွံ့မိသည်။

“ ကျွန်မ ဘာကို မေ့ခဲ့လို့လဲဟင်။ ”

ဖူမင်ရှစ်က သူမကို ခဏလောက် စိုက်ကြည့်နေပြီးမှ အဓိပ္ပါယ်အပြည့်ဖြင့် “ မင်းက မိတ်ကပ်လိုက်ရင် ပိုလူကြီးဆန်သွားတယ်။ ” ဟု ပြောလိုက်သည်။

လူကြီးဆန်တယ် … ။ လူကြီးဆန်တယ် ဆိုတာက သူမကို စားသုံးနိုင်တယ် ဆိုတဲ့ အဓိပ္ပာယ်လား … ။

ကျန်းပေါင် လူကြီးမဆန်ချင်ပါ။ သူ ထုတ်လွှတ်နေသည့် အားကောင်းသော ဖယ်ရိုမုန်းတွေကို ချိုးဖျက်ဖို့ တစ်ခုခု ပြောချင်သော်လည်း သူမရဲ့ နှင်းဆီရောင် နှုတ်ခမ်းလေးတွေကို မဖွင့်ဟနိုင်သေးခင်မှာပဲ ဖူမင်ရှစ်ရဲ့ ပူနွေးကာ ရုတ်တရက်ဆန်သော အနမ်းတို့က အညှာအတာကင်းမဲ့စွာ ကျရောက်လာခဲ့သည်။ သူနှင့် ယှဉ်လျှင် ကျန်းပေါင်မှာ အင်အားမဲ့သည်။ ပထမဆုံး အနမ်းကတည်းက သူ့ရဲ့ ပြင်းပြသော စိတ်အားထက်သန်မှုကို ခံနိုင်ရည်မရှိခဲ့ပါ။

သူမ ခုခံဖို့ ကြိုးစားနေတာ မဟုတ်ပေမဲ့ သူ့ကို တွန်းဖယ်လေ ၊ သူ့ရဲ့ ပွေ့ဖက်ဆုပ်ကိုင်မှုက ပိုတင်းကြပ်လာလေ ဖြစ်သည်။ သူမရဲ့ ခါးကို ပွေ့ဖက်ထားသော လက်တစ်ဖက်တည်းနှင့်ပင် သူမကို မြှောက်ချီနိုင်သလို ခံစားရသည်။ ကျန်းပေါင်က အရင်တုန်းကလိုပဲ ဖူမင်ရှစ် သူမကို စိတ်ကျေနပ်အောင် နမ်းပြီးတဲ့အခါ လွှတ်ပေးလိမ့်မည် ဟူသော မျှော်လင့်ချက်ဖြင့် ငြိမ်နေလိုက်၏။ သို့သော် သူတို့ ဆက်နမ်းနေရင်း ဖူမင်ရှစ်က သူမရဲ့ ခြေထောက်တွေကို ရုတ်တရက် မြှောက်ချီကာ သူမကို နံရံနှင့် ဖိကပ်လိုက်သည်။

ခြေထောက်နှစ်ဖက်လုံး လေထဲမှာ တွဲလွဲဖြစ်နေတဲ့ ခံစားချက်ကြောင့် အချိန်မရွေး ပြုတ်ကျသွားမှာကို စိုးရိမ်ကာ သူ့ပခုံးကို ပွေ့ဖက်ထားမိသည်။ ဖူမင်ရှစ်က အခွင့်အရေးကို မိမိရရ ယူကာ သူမကို နမ်းရှိုက်ရင်း အိပ်ခန်းထဲကို ဖြည်းဖြည်းချင်း လျှောက်ဝင်လာခဲ့သည်။ တံခါးပိတ်သွားပြီး လော့ခ်ချသံ ကလစ်ခနဲ မြည်တော့မှ ကျန်းပေါင် သတိဝင်လာပြီး သူ့ပခုံးကို အားလျော့စွာ မှီတွယ်ကာ လေးလံဖိစီးစွာ အသက်ရှူနေမိသည်။

ဖူမင်ရှစ်က တစ်ဖက်ကို လှည့်ကာ သူမကို တံခါးနှင့် ဖိကပ်လိုက်သည်။ သူ့ရဲ့ မျက်ဝန်းနက်နက်တွေက သူမကို စူးစူးရဲရဲ စိုက်ကြည့်နေသောကြောင့် ကျန်းပေါင်တစ်ယောက် မလုံမလဲနှင့် အကြည့်လွှဲလိုက်မိသည်။ သူက သူမနှင့် နဖူးချင်း ဖိကပ်ထားပြီး တိုးလျဩရှသော အသံဖြင့် “ ဂွတ်နိုက်လို့ ပြောတာနဲ့ ကိုယ် ချက်ချင်း ထွက်သွားပေးမယ်။ ” ဟု ပြောလိုက်သည်။ သူမကို လိုချင်ပေမဲ့ အတင်းအကြပ် ဖိအားပေးမှာတော့ မဟုတ်ပါ။ သူမဘက်က လုံခြုံသော စကားကို ပြောလိုက်ရုံနှင့် ဒီညက ဒီမှာပဲ ပြီးဆုံးသွားမည်။

ကျန်းပေါင်က သူ ပြောချင်တဲ့ အဓိပ္ပာယ်ကို နားလည်ပါသည်။ ဒါပေမဲ့ သူမ ဘာကို ရွေးချယ်ရမှာလဲ … ။ သူမရဲ့ နားရွက်ကို ပွတ်သပ်တိုးဝှေ့နေသည့် သူ့ရဲ့ မညီမညာ အသက်ရှူသံကို ကြားနေရသလို သူမရှေ့က တောင့်တင်းသော ရင်အုပ်ကျယ်ကျယ်ကိုလည်း ခံစားနေရသည်။ သန်မာလွန်းတဲ့ သူဟာ သူမကို အလွယ်တကူပင် ခပ်မြင့်မြင့် ပွေ့ချီထားခဲ့သည်။ သူမကို နမ်းချင်နေပုံဖြင့် တရွေ့ရွေ့ နီးကပ်လာသော သူ့မျက်နှာဟာ သူ့လက်တွေထက်တောင် ပူနွေး၏။ သူ့နှုတ်ခမ်းတွေက သူမနှင့် ထိကပ်တော့မည် …။

“ ဂွတ်နိုက်လို့ ပြော။ ” ဖူမင်ရှစ်က မျက်လုံးတွေကို မှိတ်ထားပြီး သူမအား ဒီကိစ္စကို ဒီမှာတင် အဆုံးသတ်ခိုင်းလိုက်သည်။ အလိုဆန္ဒတွေ ပြည့်နှက်နေသော သူ့ရဲ့ ဝင်လေထွက်လေက သူမရဲ့ နှုတ်ခမ်းကို တိုးဝှေ့နေသည်။ ကျန်းပေါင်ရဲ့ နှုတ်က ဘာစကားမှ ထွက်မလာနိုင်ပေ။ သူ့နှုတ်ခမ်းတွေက အရမ်း နီးကပ်နေသောကြောင့် သူ့ကို နမ်းဖို့ နည်းနည်းလေး ခေါင်းမော့ထားရုံသာ လိုအပ်သည်။

“ ပြောလေ။ ” ဖူမင်ရှစ်သည် သူမရဲ့ တောင့်တမှုကို နားလည်နေသကဲ့သို့ သူမရဲ့ နှုတ်ခမ်းရဲရဲလေးနှင့် ပိုလို့တောင် နီးကပ်လာခဲ့သည်။ ကျန်းပေါင်က သူ့ရဲ့ လည်ဇလုပ် လှုပ်ရှားနေတာကိုလည်း မြင်သည် ၊ သူ့ရဲ့ လျော့ရဲရဲ ရှပ်အင်္ကျီ ကော်လံလေးကိုလည်း မြင်သည် ၊ သူ့ရဲ့ ဘယ်ဘက် ညှပ်ရိုးအောက်က အနက်ရောင် မှည့်လေးကိုလည်း မြင်သည်။

“ စက္ကန့် ( ၃၀ ) ပဲ ကျန်တော့တယ်နော်။ ” ဖူမင်ရှစ်က သူမကို လက်တစ်ဖက်နှင့် ပွေ့ဖက်ထားပြီး သူ့ရဲ့ ဘယ်ဘက်လက်နှင့် ရှပ်အင်္ကျီ ဒုတိယကြယ်သီးကို ဖြုတ်လိုက်ချိန်မှာ လက်ဖျားလေးတွေက ထိုမှည့်နက်လေးကို ရှောင်လွှဲမရစွာ ပွတ်တိုက်သွားသည်။ ကျန်းပေါင် ကြည့်နေတာကို သူ မသိပေမဲ့ သူမရဲ့ တံထွေးမျိုချသံကိုတော့ သူ ကြားရသည်။ ဖူမင်ရှစ်က တည်ငြိမ်သော လှုပ်ရှားမှုဖြင့် ခေါင်းမော့ကြည့်လိုက်တော့ တင်းကြပ်စွာ စေ့ပိတ်ထားသော မျက်လုံးတွေကို မြင်ရသည်။ သူမရဲ့ ပါးလေး နှစ်ဖက်ကတော့ အရက်သောက်ထားသလို နီရဲနေပါသည်။

သူက မသိမသာ တုန်ရီနေသော မျက်တောင်လေးတွေကနေ နမ်းချင်စရာကောင်းသော နှုတ်ခမ်းရဲရဲလေးဆီ အကြည့်ရောက်သွားသည်။ “ မင်း ဘာမှ မပြောရင် ကိုယ် ရှေ့ဆက်တိုးမှာနော် ဖန့်ပေါင်။ ”

ကျန်းပေါင်က မျက်နှာလေး လှည့်လိုက်တော့ နီရဲနေသော ပါးပြင်နှင့် လည်ပင်းတို့ကို လှစ်ခနဲ ပေါ်လာသည်။ ဖူမင်ရှစ်ရဲ့ မျက်လုံးတွေက အုံ့မှိုင်းသွားကာ ခုနတုန်းကထက်တောင် ရုတ်တရက်ဆန်သော အနမ်းတို့ဖြင့် သူမရဲ့ နှုတ်ခမ်းတွေကို ထပ်မံနမ်းရှိုက်လိုက်သည်။ သူ့အနမ်းက အလောတကြီးဆန်လွန်း၍ ကျန်းပေါင်တောင် အလိုက်သင့် မတုံ့ပြန်နိုင်ဘဲ သူ့ကို ဦးဆောင်ခွင့်ပေးထားရသည်။ သူတို့ ဆက်နမ်းနေရင်း ဖူမင်ရှစ်က သူမကို လက်တစ်ဖက်ဖြင့် ပွေ့ဖက်ထားကာ သူ့ရဲ့ အားလပ်နေသော လက်တစ်ဖက်ကို သုံး၍ သူ့ရှပ်အင်္ကျီကြယ်သီးတွေကို အကြမ်းပတမ်း ဖြုတ်ပစ်လိုက်သည်။ ထို့နောက် ထိုရှပ်အင်္ကျီကို ကြမ်းပြင်ပေါ်သို့ ဆွဲချွတ်ပစ်လိုက်သည်။

ကျန်းပေါင်ရဲ့ လက်တွေက သူ့ပခုံးနှင့် ကျောပြင်ကို ရှောင်လွှဲမရဘဲ ထိတွေ့သွားသည်။ သူမက ရေနွေးပူလောင်သကဲ့သို့ ရုတ်ခနဲ လျင်မြန်စွာ နောက်ဆုတ်လိုက်ပေမဲ့ သူနှင့် တံခါးကြားမှာ ချောင်ပိတ်သွားသည်။ ထိုအချိန်မှာပဲ ဖူမင်ရှစ်က သူတို့ရဲ့ အနေအထားကို ရုတ်တရက် ပြောင်းလဲလိုက်ကာ သူမကို အိပ်ခန်းအလယ်ရှိ အိပ်ရာကြီးဆီသို့ ပွေ့ချီသွားခဲ့လေသည်။

“ မင်း ဒါကို နောင်တမရမှာ သေချာလို့လား။ ”

ဖူမင်ရှစ်က ကျန်းပေါင်ကို အိပ်ရာပေါ်မှာ တွန်းလှဲလိုက်ပြီး အပေါ်ကနေ အုပ်မိုးကာ သူမရဲ့ ဘေးတစ်ဖက်တစ်ချက်ကို လက်နှင့် ထောက်ထားခဲ့သည်။ သူက သူမရဲ့ နီရဲနေသော မျက်နှာရဲရဲလေးကို ကြည့်ပြီး နောက်ဆုံးအကြိမ်အဖြစ် အတည်ပြုလိုက်သည်။

ကျန်းပေါင်သည် ဖျတ်ခနဲ မျက်လုံးဖွင့်ချိန်မှာ ဖူမင်ရှစ်ရဲ့ ကျယ်ပြန့်သော ပခုံးတွေကို မြင်လိုက်ရသောကြောင့် အမြန် မျက်လုံးပြန်မှိတ်လိုက်၏။ ထို့နောက် မသိမသာ ခေါင်းခါယမ်းပြလိုက်သည်။ သူမ သူ့ကို သဘောကျသည် ၊ ယုံသည်။ ဒါက သူ လိုချင်တဲ့ အရာ ဆိုလျှင် သူမလည်း ဆန္ဒရှိပါသည်။

ကောင်မလေးက အရမ်းကို ရိုးသားဖြူစင်လွန်းသည်။ ဆန္ဒတွေကို ထိန်းချုပ်ရင်း ဖူမင်ရှစ်ရဲ့ လည်ချောင်းထဲမှာ တောင့်တင်းသွားသည်။ သူက ချက်ချင်း စကားမဆက်ဘဲ သူမရဲ့ ဘေးမှာ လှဲချကာ နှစ်ယောက်လုံးကို စောင်နှင့် လွှမ်းခြုံပြီး သူမကို ပွေ့ဖက်လိုက်သည်။ “ မင်း စိတ်လှုပ်ရှားနေလား။ ”

အမှန်တကယ်ပဲ ကျန်းပေါင်က စိတ်လှုပ်ရှားနေပါသည်။ ဖူမင်ရှစ်က သူမကို တင်းကြပ်စွာ ပွေ့ဖက်ထားတဲ့အတွက် သူမအပေါ်မှာ ပိကျနေသော သူ့ခန္ဓာကိုယ်ရဲ့ အင်အားကို ခံစားနိုင်သည်။ သူမရဲ့ နဖူးက သူ့ရင်ဘတ်နှင့် တစ်စွန်းတစ်စ ထိကပ်နေတာမို့ အားကောင်းသော ရင်ခုန်သံကိုပင် ပီပီသသ ကြားနေရသည်။ ကျန်းပေါင် သူမရဲ့ လက်တွေကို ဘယ်နေရာမှာ ထားရမှန်း မသိပါ။ ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းပြီး နှလုံးခုန်မြန်နေလိုက်ပုံမှာ နှလုံးသားဟာ သူမရဲ့ ရင်ဘတ်ထဲကနေ အချိန်မရွေး ခုန်ထွက်လာတော့မလိုပင်။

သိသာထင်ရှားလွန်းသော သူ့အကြည့်ကြောင့် ကျန်းပေါင်က “ မီးပိတ်လိုက်။ ” ဟု အသံတိုးတိုးလေးနှင့် ပြောလိုက်သည်။ ဖူမင်ရှစ်က “ ဟုတ်ပြီ။ ” ဟု တုံ့ပြန်ပြီး တစ်ဖက်ကို လှိမ့်သွားကာ လက်တစ်ဖက်နှင့် ထောက်၍ ကျန်လက်တစ်ဖက်နှင့် မီးခလုတ်ကို လှမ်းပိတ်သည်။ ကျန်းပေါင် လှစ်ခနဲ မျက်လုံးဖွင့်ကြည့်လိုက်တော့ ဖူမင်ရှစ်ရဲ့ ယောက်ျားပီသသော ကျောပြင်နှင့် ပခုံးကို မြင်ရသည်။ မှောက်ခုံ တြိဂံပုံသဏ္ဍာန်ရှိသော ခါးသွယ်သွယ်လေးက အလွန် ဆွဲဆောင်မှုရှိပြီး တင်ပါးနားမှာတော့ ကားထွက်သွားသည်။ အမျိုးသား စူပါမော်ဒယ်လ်တွေနှင့်တောင် ယှဉ်ပြိုင်နေသော ခန္ဓာကိုယ်ကို ကြည့်ကာ ကျန်းပေါင်တစ်ယောက် အာခြောက်လာသည်။

ကလစ်ခနဲ မီးခလုတ်ပိတ်သံနှင့်အတူ အခန်းက အမှောင်ထုထဲကို ရောက်သွား၏။ သူမဆီ ပြန်လျှောက်လာတဲ့ ဖူမင်ရှစ်ရဲ့ ခြေသံကို ကြားရသည်။ ကျန်းပေါင်က ခန္ဓာကိုယ်လေးကို အမြန် ကျုံ့လိုက်သော်လည်း သူမထက် ပိုမြန်တဲ့ ဖူမင်ရှစ်က ခုနတုန်းက သူ ခြုံခဲ့တဲ့ စောင်ကို ပြန်လွှမ်းခြုံလိုက်သည်။ သူ့တံတောင်ဆစ်မှာ အလေးချိန်ညီမျှနေသော်လည်း တင်ပါးနှင့် ရင်ဘတ်ကတော့ သူမနှင့် အနည်းငယ် ထိနေသည်။

ဝင်သက်ကို တစ်ခါ ရှိုက်လိုက်တိုင်း ထိုလေက သူ့ရင်ဘတ်ကို ပွတ်တိုက်သွားသောကြောင့် ကျန်းပေါင် အသက်ပင် ရဲရဲ မရှူပါ။ အခန်းဖော်တွေက သူမရဲ့ ခန္ဓာကိုယ်ကို အမြဲတမ်း အားကျခဲ့ပေမဲ့ ဘာက အဲ့လောက်တောင် အားကျစရာကောင်းတာလဲ ဆိုတာ ကျန်းပေါင် မသိခဲ့ပါ။ အခုတော့ အသေးငယ်ဆုံး လှုပ်ရှားမှုလေးကပင် သူတို့နှစ်ယောက်ကို အသားချင်း ထိသွားစေကာ အန္တရာယ်များသော ၊ အနေရခက်သော အခြေအနေကို ဖြစ်ပေါ်စေသည်။

“ မင်း ဘွဲ့ရပြီးတဲ့အထိ ကိုယ် စောင့်ချင်တယ် … ” ဟု ဖူမင်ရှစ်င သူမနှင့် နဖူးချင်း ထိကပ်ရင်း တိုးလျဩရှစွာ ပြောလိုက်သည်။ “ ဒါပေမဲ့ ထိန်းချုပ်ထားရတာက ဘယ်တော့မှ မလွယ်ခဲ့ဘူး။ ” သူ့ရဲ့ ညာလက်က သူမရဲ့ ချောမွေ့သော ပါးပြင်ကို နူးညံ့စွာ ပွတ်သပ်ပြီး ညို့ငင်ဖမ်းစားသော အသံတိုးတိုးနှင့် ပြောသည်။ “ မင်း ကိုယ့်ကို ကြည့်တဲ့ အချိန်တိုင်း ဘယ်လို မြင်လဲ ဖန့်ပေါင်။ ”

ကျန်းပေါင်က သူမရဲ့ အသိစိတ်ကို လွှမ်းမိုးဖို့ ကြိုးစားနေတဲ့ ဟော်မုန်းတွေကြားမှ ခက်ခက်ခဲခဲ စဉ်းစားကြည့်လိုက်သည်။ သူတို့ရဲ့ ပထမဆုံး တွေ့ဆုံမှုအကြောင်း ပြန်သတိရသည်။ အစပိုင်း နားလည်မှုလွဲပြီးနောက်မှာ သူမအပေါ် သူ ဘယ်လောက်တောင် ဂရုစိုက်ပေးခဲ့သလဲ … ။

***

All Chapters