← Chapters

အခန်း ၅၁

Vol. 6 Ch. 51

အခန်း ၅၁

Vol. 6 Ch. 51

အပိုင်း ( ၅၁ )

ဖူမင်ရှစ်က တစ်ညလုံး မတွေ့ခဲ့ရတဲ့ ဇနီးလောင်းလေးကို ငုံ့ကြည့်ပြီး ရင်ဘတ်ချင်း အပ်ကာ တင်းကြပ်စွာ ပွေ့ဖက်ထားသည်။ သူ့မျက်လုံးထဲမှာ ရယ်မြူးရိပ်တို့နှင့် တောက်ပနေသည်။ “ ကိုယ် မင်းကို ပွေ့ချီသွားမယ်။ စိတ်မပူပါနဲ့။ အဒေါ်ဝမ်က ပြန်အိပ်သွားပြီ။ ”

သူ့ပုံစံဟာ မနေ့ညတုန်းက သူမရဲ့ ဝန်ဆောင်မှုကြောင့် အလွန် ပျော်ရွှင်နေပုံမို့ ကျန်းပေါင်က သူ့ကို မျက်နှာလွှဲကာ လျစ်လျူရှုထားလိုက်သည်။ ဖူမင်ရှစ်က ကျန်းပေါင်ကို ပွေ့ချီထားလျက် လှေကားသုံးထပ်ကို တစ်ထစ်ချင်း ဆင်းလာခဲ့သည်။ ဧည့်ခန်းထဲကနေ ထမင်းစားခန်းထဲထိ သူမကို ပွေ့ချီလာတဲ့ သူ့နောက်ကို ခွေးမည်းလေး တစ်ကောင်နှင့် မျက်လုံးစိမ်းလေးတွေ ရှိသော ကြောင်မည်းလေး တစ်ကောင်လည်း လိုက်ပါလာသည်။

လေထုက အလွန် လိုက်လျောညီထွေရှိပြီး သာယာပျော်ရွှင်ဖွယ်ကောင်းသည်။ ကျန်းပေါင်က ထိုင်ခုံမှာ ထိုင်ပြီးသည်နှင့် ဖူမင်ရှစ်ကို တစ်ချက်လေးတောင် မကြည့်ဘဲ မနက်စာကို ငုံ့စားနေပေမဲ့ ဖူမင်ရှစ်ကတော့ သူမကို တစ်ချိန်လုံး အရိပ်တကြည့်ကြည့် ကြည့်နေခဲ့ပါသည်။ ကြည့်ရင်း ကြည့်ရင်းနှင့်လည်း သူမလေးဟာ ပိုမြတ်နိုးဖွယ်ကောင်းလာသည်ဟု ခံစားရသည်။

ကားထဲကို ရောက်တော့မှသာ ကျန်းပေါင် စိတ်အေးသွားပြီး အပြင်ဘက်က ရှုခင်းတွေကို တိတ်ဆိတ်စွာ ငေးကြည့်နေမိသည်။ ကားက A တက္ကသိုလ်ဂိတ်ပေါက်နားကို ရောက်လာတဲ့အခါ ကျန်းပေါင်က လမ်းဆုံကို လက်ညိုးထိုးပြီး “ အဲ့ဒီမှာပဲ ရပ်ပေးပါ။ ” ဟု ပြောလိုက်သည်။

ဖူမင်ရှစ်က သူမ ပြောတဲ့ နေရာမှာပဲ နာခံစွာ ကားရပ်ပေးသည်။ သို့သော် သူမနှင့်အတူ သူပါ ခါးပတ်ကြိုး ဖြုတ်နေတာကို တွေ့သောအခါ ကျန်းပေါင် အံ့ဩသွားရ၏။ ဖူမင်ရှစ်က ကားတံခါးကို ဖွင့်ရင်း “ အရမ်း မှောင်နေသေးတယ်။ ကိုယ် မင်းကို ကျောင်းပေါက်ဝထိ လိုက်ပို့ပေးမယ်။ ” ဟု ပြောသည်။ မနက် ( ၆ ) ခြောက်နာရီ ဆိုတဲ့ အချိန်က မြို့တော်မှာတော့ မှောင်မည်းနေဆဲပင်။

ကျန်းပေါင်ရဲ့ နှလုံးသားထဲမှာ နွေးသွားသည်။

ဖူမင်ရှစ်က သူမဘက်ကို လျှောက်လာကာ သူမရဲ့ လက်ကလေးကို ပိုင်ပိုင်နိုင်နိုင် ဆုပ်ကိုင်လိုက်သည်။ အနေရခက်နေသော ခံစားချက်တွေလည်း မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားပုံပေါ်သည်။ ကျန်းပေါင်က သူတို့ရဲ့ ဆုပ်ကိုင်ထားတဲ့ လက်တွေကို ကြည့်ပြီး ရုတ်တရက်ပဲ ခွဲခွာချင်စိတ် မရှိတော့ပေ။

ဖူမင်ရှစ်က သူမကို ရင်ခွင်ထဲ ဆွဲခေါ်ရင်း နားရွက်နားမှာ ကပ်၍ “ ကိုယ် မင်းကို ဒီည လာခေါ်မယ်။ ” ဟု တိုးတိုးလေး ပြောလိုက်သည်။

ကျန်းပေါင်ကတော့ သူ့စကားကို ငြင်းလိုက်သည်။ သူ ပြောချင်တဲ့ အဓိပ္ပာယ်ကို သူမ နားလည်ပေမဲ့ အရမ်းကြီး အကြိမ်ရေ မစိပ်စေချင်ပါ။ ဖူမင်ရှစ်ကလည်း စမ်းသပ်ကြည့်ရုံသာ ဖြစ်ပြီး သူမဘက်က လက်မခံတဲ့အတွက် ဆံနွယ်ရှည်လေးတွေကို ပွတ်သပ်ရင်း နောက်ထပ် အကြံပြုချက် တစ်ခုကို ပေးလိုက်သည်။ “ မင်းရဲ့ မွေးနေ့ညကို အပန်းဖြေစံအိမ်မှာ‌ နေမလား။ ”

မနေ့ညတုန်းက ကိစ္စက ကြိုတင် ပြင်ဆင်ထားခြင်း မရှိဘဲ စိတ်ရဲ့ လှုံ့ဆော်မှုအရ ရုတ်တရက် ဖြစ်သွားခြင်း ဖြစ်သည်။ အခုမှ သေချာ ပြန်စဉ်းစားကြည့်လိုက်တော့ သူတို့ရဲ့ ပထမဆုံးအကြိမ်အတွက် ထူးခြားသော နေ့တစ်နေ့ကို ရွေးချယ်သင့်သည်ဟု ထင်သည်။

မွေးနေ့ရောက်ဖို့ အချိန် တစ်လ လိုသေးတဲ့ ကျန်းပေါင်က ဒီတစ်ခေါက်တော့ ဖြည်းညင်းစွာ ခေါင်းညိတ်သည်။ ဖူမင်ရှစ်သည် သူမရဲ့ နဖူးလေးကို နမ်းလိုက်၏။ “ စာကြိုးစားနော်။ ”

ဘွဲ့မရသေးခင်မှာ ပညာရေးကသာ ပထမဦးစားပေး ဖြစ်သင့်သည်။ သူက တစ်ခါတလေ စိတ်အလိုလိုက်ပြီး ပျော်နိုင်ရုံနှင့်ပဲ ကျေနပ်လှပါပြီ။

အချိန်က မနက် ခြောက်နာရီစွန်းစွန်းမို့ မိန်းကလေးအဆောင် တစ်ဆောင်လုံး တိတ်ဆိတ်နေသည်။ အရှေ့တံခါးက ဟင်းလင်းပွင့်နေပြီး အဆောင်စောင့် လုံခြုံရေးအန်တီကြီးကိုတော့ ဘယ်နေရာမှာမှ မတွေ့ရပါ။ ကျန်းပေါင်က တတိယထပ်ကို ခြေသံလုံလုံနှင့် တက်လာခဲ့လိုက်သည်။

တစ်လမ်းလုံး ဘယ်သူနှင့်မှ မတွေ့ခဲ့ဘဲ သူမရဲ့ အခန်းတံခါးရှေ့ကို ရောက်သောအခါ အတတ်နိုင်ဆုံး ညင်ညင်သာသာ တွန်းဖွင့်ဝင်၍ ဂရုတစိုက် ပြန်ပိတ်လိုက်သည်။ ကောင်မလေး သုံးယောက်ဟာ အိပ်မောကျနေဆဲပင်။ ကျန်းပေါင်က သူမရဲ့ အိပ်ရာဘက်ကို တိတ်ဆိတ်စွာ လျှောက်သွားပြီး စာအုပ်ဖတ်နေလိုက်သည်။

ဒါပေမဲ့ အသေအချာပဲ စာဖတ်ခြင်းမှာ အာရုံစုစည်းလို့ မရပါ။ သူမရဲ့ စိတ်ထဲမှာ ဖူမင်ရှစ်က နေရာယူထားသည်။ တစ်ချိန်တုန်းက ဝေးကွာတယ်လို့ ခံစားခဲ့ဖူးတဲ့ အရာက အခုတော့ အရမ်းကို သဘာဝဆန်ဆန် ဖြစ်ပျက်လာခဲ့ပြီ။ ထိတ်လန့်စရာ ၊ ရှက်ရွံ့စရာကောင်းပြီး တစ်ချိန်တည်းမှာ ရင်ခုန်စရာလည်းကောင်းသည်။

“ အယ် … နင် ဘယ်တုန်းက ပြန်ရောက်တာလဲ ကျန်းပေါင်။ ” မနေ့ညတုန်းက ရေအများကြီး သောက်ထားတဲ့ ကျားရှောင်ယုတစ်ယောက် သန့်စင်ခန်းသွားဖို့ အရေးပေါ် လိုအပ်လာသောကြောင့် ထလိုက်ချိန်မှာ ထိုင်ခုံတွင် ရှိမနေသင့်တဲ့ လူတစ်ယောက် ရှိနေတာကို တွေ့လိုက်ရ၏။ ကျားရှောင်ယု အတော်လေး အံ့အားသင့်သွားသလို သူမရဲ့ အာမေဋိတ်အသံက ချန်းလီလီနှင့် ဖန်ရွှမ်းကိုလည်း နိုးသွားစေခဲ့သည်။

အိပ်ရာထဲကနေ ခေါင်းပြူထွက်ပြီး သူမကို ဝိုင်းကြည့်နေတဲ့ သုံးယောက်ရှေ့မှာ ကျန်းပေါင်က တည်ငြိမ်ဟန်ဆောင်လျက် စာရွက်လှန်ရင်း ခပ်တိုးတိုး ပြောလိုက်သည်။ “ အခုလေးတင် ပြန်ရောက်တာပါ။ မနေ့ညတုန်းက ရုပ်ရှင်ကြည့်တာနဲ့ နောက်ကျသွား … ”

သူမရဲ့ စကားမဆုံးသေးခင်မှာပဲ ချန်းလီလီက တခစ်ခစ် ရယ်မောပြီး “ ရှင်းပြနေစရာ မလိုပါဘူးဟယ်။ ငါတို့ နားလည်ပါတယ်။ ” ဟု ပြောသဖြင့် ကျန်းပေါင် ပါးစပ်ပိတ်လိုက်ရသည်။

ကျားရှောင်ယုသည်လည်း အိပ်ရာထဲကနေ တွားသွားထွက်ပြီး ကျန်းပေါင်ရဲ့ ဘေးကို ရောက်လာကာ “ ဥက္ကဌဖူက နင့်ကို အချိန်ကောင်းလေးတွေ ပေးခဲ့ရဲ့လား။ ” ဟု အဓိပ္ပာယ်ပါပါ မေး၏။ ကျန်းပေါင်က သူမကို တွန်းထုတ်ပြီး “ ပေါက်ကရ စကားတွေ လျှောက်ပြောမနေနဲ့။ ” ဟု ပြောလိုက်သည်။

ကျားရှောင်ယုက သူငယ်ချင်းကို စနောက်နေခြင်းသာ ဖြစ်သည်။ ဒီကိစ္စမျိုးက အနှေးနှင့် အမြန် ဖြစ်လာမှာပဲမို့ တစ်ခုခု ဖြစ်ခဲ့သည်ဖြစ်စေ ၊ မဖြစ်ခဲ့သည်ဖြစ်စေ အရေးမကြီးပါ။ ဖန်ရွှမ်းနှင့် ချန်းလီလီကလည်း ကျန်းပေါင် ရှက်နေတာကို သိသည်။ တချို့ ကိစ္စတွေဟာ အပြောင်အပျက် စနောက်မှုအဖြစ် ကျန်ရစ်နိုင်သော်လည်း ဒီလိုမျိုး အတွင်းကျကျ ကိုယ်ရေးကိုယ်တာကိစ္စ တချို့ကတော့ ကျန်းပေါင်ကို စနောက်ဖို့ မသင့်တော်ပေ။

ခဏလောက် စနောက်ပြီးတဲ့နောက် ကောင်မလေး နှစ်ယောက်က အိပ်ရာထဲကို ပြန်ဝင်သွားကြသည်။ ကျန်းပေါင်နှင့် ကျားရှောင်ယုကို သူတို့အတွက် မနက်စာ ယူလာပေးရန် ပြောဖို့တော့ မမေ့လျော့ခဲ့။

ကျန်းပေါင်သည် ဖူမင်ရှစ် ခန့်မှန်းထားတဲ့အတိုင်း တုံ့ပြန်သော သူမရဲ့ အခန်းဖော်လေးတွေကို ကြည့်ကာ စိတ်သက်သာရာရသွားပြီး အတန်းမသွားခင် မနက်တိုင်း လုပ်နေကျ လုပ်ငန်းစဥအတိုင်း ဆက်လုပ်နေလိုက်သည်။

ပိတ်ရက်က ကျန်းပေါင်နှင့် ဖူမင်ရှစ်အတွက် ချိန်းတွေ့ဖို့ သတ်မှတ်ထားသော အချိန် ဖြစ်သည်။ ဖူမင်ရှစ် အလုပ်အားလျှင် စနေနေ့တိုင်း A တက္ကသိုလ်ကို လာပြီး သူမနှင့် လာတွေ့လေ့ရှိသည်။ တစ်ခါတလေ အပြင်ထွက် လျှောက်လည်ပြီး တခြား အချိန်တွေမှာတော့ သူမ စာလုပ်နေတာကို ဘေးကနေ အဖော်ပြုပေးတတ်သည်။ ကျန်းပေါင်မှာ အချိန်ပိုင်းအလုပ် ရှိတဲ့အတွက် ဖူမင်ရှစ်က နေ့လယ်ပိုင်းဆို သူမကို တက္ကသိုလ်ပရဝုဏ်ထဲကို ပြန်လိုက်ပို့ပေးသည်။

ဒီစနေနေ့မှာတော့ ဖူမင်ရှစ်က အတော်လေး အလုပ်ရှုပ်နေတာမို့ နေ့လယ်စာ စားချိန်ထိသာ နေပေးနိုင်သည်။ သူတို့နှစ်ယောက်က ကျောင်းကန်တင်းမှာ နေ့လယ်စာ စားဖို့ ထွက်လာခဲ့ကြသည်။ ခန္ဓာကိုယ်ချင်း ရင်းနှီးလာပြီးနောက်ပိုင်း ပထမဆုံးဒိတ်မို့ ကျန်းပေါင်က အနည်းငယ် အနေရခက်နေမိသည်။

ဖူမင်ရှစ်က ပုဇွန်တစ်ကောင်ကို အခွံနွှာကာ သူမရဲ့ ပန်းကန်လုံးထဲ ထည့်ပေးရင်းမှ “ ကိုယ့်ကို မမြှူဆွယ်နဲ့နော်။ ” ဟု ပြောကာ ကျန်းပေါင်ရဲ့ လက်ကိုင်ပဝါလေးနှင့် လက်သုတ်လိုက်သည်။ ထို့နောက် သူမကို ကြည့်ပြီး ဆက်ပြောလိုက်သည်။ “ မင်းမျက်နှာလေး နီရဲနေတာကို မြင်ရတော့ ဟိုညအကြောင်းကို သတိမရဘဲ မနေနိုင်ဘူး။ ”

ကျန်းပေါင်ရဲ့ မျက်နှာဟာ ပိုလို့တောင် နီရဲသွားလေသည်။ ဖူမင်ရှစ်က သူမ ရှက်နေတာကို မြင်ရတာ သဘောကျသည်။ ရှက်နေတဲ့ မျက်နှာလေးက ကိုက်ဆွဲချင်စရာကောင်းသည်။ သူက ကျန်းပေါင်ရဲ့ ပါးလေးကို လိမ်ဆွဲဖို့ လုပ်နေတုန်းမှာပဲ သူ အရင်တုန်းက သုံး ၊ လေးခါလောက် တွေ့ဖူးတဲ့ တစ်စုံတစ်ယောက်က အစားအသောက်လင်ဗန်းနှင့် လျှောက်လာတာကို သတိထားမိသွားသည်။ ဖူမင်ရှစ်ရဲ့ အပြုံးတွေ မှေးမှိန်ပျောက်ကွယ်သွားကာ ထိုလူကို မမြင်လိုက်သလိုပဲ ဆက်စားနေလိုက်သည်။

ဖန့်ရွယ်ကတော့ သူမကို ဖူမင်ရှစ် တကယ် သတိမထားမိတာလို့ ထင်ပြီး နည်းနည်းလေး စိတ်ပျက်သွားသည်။ သို့သော် ကျန်းပေါင်ရဲ့ ဘေးကို လျင်မြန်စွာ လျှောက်သွားပြီး “ ကျန်းပေါင်။ ” ဟု အပြုံးလေးဖြင့် နှုတ်ဆက်လိုက်သည်။

ကျန်းပေါင် အံ့ဩစွာ မော့ကြည့်လိုက်တော့ ဖန့်ရွယ်ကို မြင်ရသည်။ ဖန့်ရွယ်က ဒီနေ့ အထူးတလည် လှပနေသည်။ သူမရဲ့ ဆံပင်ကို ခပ်ကြီးကြီး အခွေအလိပ်တွေ ပုံဖော်ထားပြီး မိတ်ကပ်ကိုလည်း အနုစိပ် လိမ်းခြယ်ကာ သေသပ်စွာ မျက်တောင်မွေးဆွဲထား၏။ နှုတ်ခမ်းကိုလည်း တောက်ပစွာ အရောင်တင်ထားသောကြောင့် ကြွကြွရွရွနှင့် ဆွဲဆောင်မှုရှိနေသည်။ မီးခိုးရောင်ဖျော့ဖျော့ ကုတ်အင်္ကျီအတိုကို ဝတ်ဆင်ထားပြီး ခြေထောက်က ဒေါက်မြင့်ဖိနပ်ကလည်း အသားကပ် ဘောင်းဘီအောက်က ခြေတံရှည်တွေကို ထင်ရှားပေါ်လွင်စေသည်။

ကြည့်ရတာ ရေမွှေးလည်း စွတ်ထားပုံပေါ်သည်။ ဖန့်ရွယ် မိတ်ကပ်စလိမ်းချိန်ကတည်းက သူမနှင့် တဖြည်းဖြည်း စိမ်းသက်လာသည်ဟု ကျန်းပေါင် ခံစားရသည်။ ကျန်းပေါင်က “ နင်လည်း မနက်စာ လာစားတာကိုး။ ” ဟု ခပ်တောင့်တောင့် ပြောလိုက်သည်။ ပြန်လည် အဆင်ပြေသွားပြီးနောက်ပိုင်းမှာ ကျန်းပေါင်ရဲ့ ဖန့်ရွယ်အပေါ် သဘောထားက ဒီလိုပဲ ဖြစ်သည်။ ယဉ်ကျေးမှုအရ တခြား သာမန် အတန်းဖော်တစ်ယောက်လို အခြေခံ စကားတွေ ပြောတာက လွဲလို့ အပိုစကား မပြောဖြစ်။

ဖန့်ရွယ်က “ အင်း။ နင်တို့နှစ်ယောက်နဲ့ အမှတ်မထင် တွေ့ရလိမ့်မယ်လို့ မျှော်လင့်မထားဘူး။ ” ဟု လေညှင်းကဲ့သို့ ညင်သာသော အသံလေးဖြင့် ပြောကာ ကျန်းပေါင်ဘေးမှာ လင်ဗန်းကို ချပြီး ဝင်ထိုင်လိုက်သည်။ အဲ့ဒီနောက် ဖူမင်ရှစ်ကို ပြုံးပြရင်း “ ရှင် ဒီကို လာတာ ကျန်းပေါင်နဲ့ လာတွေ့တာလား ၊ ဒါမှမဟုတ် A တက္ကသိုလ်ရဲ့ ကန်တင်းက အစားအသောက်တွေကို စားချင်လို့လား မင်ရှစ်။ ” ဟု မေးသည်။

ဖူမင်ရှစ်က တသီးတခြားနေတတ်ပုံပေါ်သော်လည်း တကယ်တော့ သူ့မှာ မီဒီယာတွေက ကောက်ချက်ချထားသလို မောက်မာထောင်လွှားသည့် သဘောထား မရှိပါ။ အရင်တုန်းက တက္ကသိုလ်ပရဝုဏ်ထဲမှာ ကျန်းပေါင်ကို အဖော်ပြုကာ လမ်းပတ်လျှောက်သည့် အချိန်တိုင်း ကျန်းပေါင်ရဲ့ အတန်းဖော်တွေနှင့် တွေ့ပါက ကျန်းပေါင်က နှုတ်ဆက်သလို သူကလည်း ယဉ်‌ကျေးစွာ ပြုံးပြလေ့ရှိသည်။ တစ်ခုတည်းသော ခြွင်းချက်က ဖန့်ရွယ်ပဲ ဖြစ်ပြီး အကြိမ်အနည်းငယ် ထိတွေ့ဆက်ဆံပြီးနောက်မှာပဲ ဖူမင်ရှစ်က ဖန့်ရွယ်ကို “ ယဉ်ကျေးပြနေစရာ မလိုအပ်သော ” အမှိုက်စာရင်းထဲသို့ ထည့်ပြီးသား ဖြစ်လေသည်။

ဖူမင်ရှစ်က တူတွေကို ချပြီး ကျန်းပေါင်အား “ သွားရအောင်။ ” ဟု ပြောလိုက်သည်။ သူ ထိုစကားကို ပြောချိန်မှာ သူတို့ ထိုင်နေတာ မိနစ်ပိုင်းသာ ရှိသေးပြီး မနက်စာ,စစားရုံသာ ရှိသေးသည်။ ကျန်းပေါင်က သူမနှင့် ဖန့်ရွယ်တို့ အရင်က ပြဿနာတက်ဖူးတာကို ဖူမင်ရှစ်အား ပြောမပြထားသည့်အတွက် သူ ဘာလို့ ဖန့်ရွယ်ကို သဘောမကျတာလဲ ဆိုတာ နားမလည်ပါ။ သို့သော် ဖူမင်ရှစ်က ဖန့်ရွယ်ကို သဘောမကျတာမို့ ကျန်းပေါင်က သဘာဝကျစွာပဲ သူမရဲ့ ကောင်လေးကိုသာ ရွေးချယ်လိုက်သည်။

ကျန်းပေါင်သည် အိတ်ကို လွယ်ရင်း ဖန့်ရွယ်အား ဆင်ခြေတစ်ခုခု ပေးချင်သော်လည်း ဖူမင်ရှစ်က ကျန်းပေါင်ရဲ့ ပခုံးပေါ် လက်တင်ကာ သူမကို ခေါ်ထုတ်သွားခဲ့ပြီ ဖြစ်သည်။ ဖန့်ရွယ်ကတော့ သူတို့နှစ်ယောက် ထွက်သွားတာကို လှည့်မကြည့်ဘဲ ဖူမင်ရှစ် ထိုင်သွားသော ခုံကို မျက်နှာမူထားလျက် ရှက်ရွံ့မှုကြောင့် မျက်နှာနီရဲတက်လာပြီးမှ လျင်မြန်စွာ ဖြူဖတ်ဖြူရော်ဖြစ်သွားခဲ့သည်။

ဖန့်ရွယ်က ဖူမင်ရှစ် ဒီနေ့ လာနိုင်တယ် ဆိုတာ ခန့်မှန်းပြီး လသာဆောင်ကနေ ခိုးကြောက်ခိုးဝှက် ချောင်းကြည့်ကာ သူတို့နောက် ခပ်ဝေးဝေးကနေ ကန်တင်းကို လိုက်လာခဲ့တာ ဖြစ်ပါသည်။ တောက်ပကြော့မော့နေအောင် ဝတ်စားထားသလို လိမ်းထားတဲ့ မိတ်ကပ်ကိုလည်း ယုံကြည်မှုရှိပေမဲ့ သူမကို ဖူမင်ရှစ် တစ်ချက်တောင် လှည့်မကြည့်ဘဲ ထွက်သွားတဲ့ထိ အထင်တသေး စော်ကားခံရလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။

“ ကျွန်တော် ဒီလင်ဗန်းတွေကို ဖယ်သွားလို့ ရတယ်မလား မိန်းကလေး။ ” ကန်တင်းရဲ့ သန့်ရှင်းရေးဝန်ထမ်း အဒေါ်ကြီးတစ်ယောက် ရောက်လာပြီး ဖူမင်ရှစ်နှင့် ကျန်းပေါင်ရဲ့ လင်ဗန်းတွေကို ညွှန်ပြရင်း မေးသည်။

ဖန့်ရွယ်ရဲ့ စိတ်ထဲမှာ ဘယ်လိုပဲကြည့်ကြည့် ထိုသန့်ရှင်းရေးအဒေါ်ကြီးက သူမကို လှောင်ပြောင်သရော်နေသည်ဟု ခံစားရသည်။ ထို့ကြောင့် သူမလည်း စကားတစ်ခွန်းမှ မပြောဘဲ ထထွက်လာခဲ့လိုက်သည်။ ဟိုနှစ်ယောက်နှင့် မတူညီသော ထွက်ပေါက်ကနေ ထွက်လာရင်း လူတစ်ယောက်နှင့်တောင် ဝင်တိုက်မိတော့မလိုပင်။

လူအရှုပ်ဆုံး ကန်တင်းထွက်ပေါက်ကနေ ထွက်လာတော့မှ ဖူမင်ရှစ်ရဲ့ နောက်ကျိအုံ့မှိုင်းနေသော စိတ်တို့ ပြန်လည်ကြည်လင်သွားသည်။ သူက ကျန်းပေါင်ရဲ့ လက်ကို ဆုပ်ကိုင်ထားလျက် “ ကိတ်မုန့်ဆိုင် တစ်ဆိုင်ဆိုင် သွားမလား။ ” ဟု မေးလိုက်သည်။

သူ ဗိုက်မပြည့်သေးပါ။

ကျန်းပေါင်က ခေါင်းညိတ်ပြလိုက်ပြီး နှစ်ယောက်အတူ လမ်းလျှောက်လာရင်း “ ရှင် ဘာဖြစ်လို့ ဖန့်ရွယ်ကို အဲ့ဒီလို ဆက်ဆံခဲ့တာလဲ။ ” ဟု သိချင်စိတ်ကို မထိန်းချုပ်နိုင်ဘဲ မေးမိသည်။

ကျန်းပေါင် ဆိုလိုချင်တဲ့ အဓိပ္ပာယ်ကို နားလည်တဲ့ ဖူမင်ရှစ်က သူမရဲ့ လက်ကလေးကို ဖျစ်ညှစ်လိုက်သည်။ “ ကိုယ် ကျောင်းတက်တုန်းကရော ၊ လုပ်ငန်းခွင်ထဲမှာရော အဲ့ဒီလို မိန်းမတွေ အများကြီး တွေ့ဖူးတယ်။ ” အများကြီး ထိတွေ့ဆက်ဆံစရာ မလိုဘဲ တစ်ချက်လောက် ကြည့်လိုက်ရုံနှင့် ထိုမိန်းကလေးတွေရဲ့ အတွေးကို တန်းသိသည်။

“ ဘယ်လို မိန်းမမျိုးတွေလဲ။ ”

ကျန်းပေါင်လည်း ရိပ်ဖမ်းသံဖမ်း သံသယဝင်မိပေမဲ့ အရမ်းကြီး သေချာလှတယ်တော့ မဟုတ်ပါ။ ဖူမင်ရှစ်က “ သူက ကိုယ့်ကို ဆွဲဆောင်ချင်နေတာ။ ” ဟု ခပ်တိုးတိုး ပြောသည်။ သူ့နှုတ်ခမ်းတွေက သူမရဲ့ နားရွက်ဖျားလေးကို မရည်ရွယ်ဘဲ ပွတ်တိုက်သွားသည်။ “ မင်း အနာဂတ်မှာ သူနဲ့ အပေါင်းအသင်းမလုပ်ဘဲ ခပ်ကင်းကင်း နေပါ။ ”

ဖန့်ရွယ် မြှူဆွယ်ချင်နေတဲ့ ပစ်မှတ်ကို သူမ ခန့်မှန်းထားတာ မှန်နေသောအခါ ကျန်းပေါင်ရဲ့ ရင်ဘတ်ထဲမှာ အလွန် နေလို့ထိုင်လို့ကောင်းသွားသည်။ ကျားရှောင်ယုကလည်း ဖန့်ရွယ်ဟာ ဖူမင်ရှစ်ရဲ့ သရုပ်မှန်ကို ရိပ်စားမိထားလို့ သူမနှင့် ပြန်လည်ပေါင်းစည်းပြီး ဖူမင်ရှစ်ဆီကနေ ရုပ်ဝတ္ထုအကျိုးအမြတ်တွေ ရယူချင်နေတာလို့ ပြောဖူးသည်။ ကျန်းပေါင်လည်း အဲ့လိုပဲ ထင်ထားလို့ အခြေခံ ယဉ်ကျေးမှုစကားတွေက လွဲလို့ ဖန့်ရွယ်အပေါ် သူမဘက်က အရင် စကားမပြောဘဲ အေးစက်နေခဲ့တာ ဖြစ်သည်။

ဖန့်ရွယ်ရဲ့ ရည်ရွယ်ချက်က အဲ့ဒီထက်တောင် ပိုနေလိမ့်မည်ဟု မထင်ခဲ့မိ။ ဒါပေမဲ့ သူက မင်ကျစ်နျဉ်ကို ကြိုက်နေတာ မဟုတ်ဘူးလား … ။

ဖူမင်ရှစ်က သူမကို “ မင်း ဒေါသထွက်သွားတာလား။ ” ဟု မေးတော့ ကျန်းပေါင် ခေါင်းခါယမ်းပြလိုက်သည်။ ဖန့်ရွယ်ကို သူငယ်ချင်းလို့ သူမဘက်က မသတ်မှတ်ထားတော့ပါ။ သူငယ်ချင်း မဟုတ်လျှင် သိပ်အရေးစိုက်နေစရာ မလိုတော့သော်လည်း ကျန်းပေါင်ရဲ့ စိတ်ထဲမှာ နည်းနည်းလေး စိတ်အချဉ်ပေါက်နေ၍ “ ရှင့်ကို မြှူဆွယ်ဖို့ ကြိုးစားနေတဲ့ မိန်းမလှလေးတွေ အများကြီး ရှိတယ်လား။ ” ဟု မကျေမချမ်း မေးလိုက်၏။ ‘ မြှူဆွယ်ဖို့ ကြိုးစားနေတဲ့ ’ ဟူသော စကားလုံးကို တမင်တကာ အသံဖိ၍ ပြောလိုက်သည်။

ဖူမင်ရှစ်က အသံထွက် ရယ်ချမိတော့မလို ဖြစ်သွားသော်လည်း ပတ်ဝန်းကျင်မှာ ဖြတ်သွားဖြတ်လာ ကျောင်းသူ ‌၊ ကျောင်းသားတွေ အများကြီး ရှိနေသောကြောင့် စိတ်ထိန်းလိုက်ရသည်။ သူက ကျန်းပေါင်ရဲ့ မေးခွန်းကို အရင် မဖြေဘဲ လက်ကလေးကို တင်းကြပ်စွာ ဆုပ်ကိုင်ကာ သူမရဲ့ နှလုံးသားထဲက သဝန်တိုမှုတွေကို ချေဖျက်ပေးလိုက်သည်။

သူတို့ ကိတ်မုန့်ဆိုင်ကို ရောက်တော့ ကျန်းပေါင်က ပြင်သစ် ပေါင်မုန့်ရှည်ကြီးတွေကို အမှတ်မထင် မြင်သွားပြီး မျက်နှာ ခပ်ရဲရဲနှင့် မလုံမလဲ ဖြစ်သွားမိသည်။ ဖူမင်ရှစ်က ပေါင်မုန့်ရွေးတာကို ဘာရှက်စရာ လိုလို့လဲ ဟူသော အတွေးဖြင့် ပေါင်မုန့်ကောင်တာဘက်ကို လှည့်ကြည့်ချိန်မှာ သံသယဖြစ်စရာကောင်းသော ပစ်မှတ်ကို လျင်မြန်စွာ အမျိုးအစားခွဲခြားနိုင်သွားသည်။

ထိုပေါင်မုန့်ရှည်ကြီးတွေကို ကြည့်ရင်း ရုတ်တရက်ပဲ သူ့ခန္ဓာကိုယ်အောက်ပိုင်းမှာ မီးတောက်တွေ ထတောက်လာသလို ခံစားရသည်။ ဖူမင်ရှစ်က သူမရဲ့ နားရွက်နားကို ကပ်၍ “ ဒါဆို မင်းရဲ့ အတွေးတွေက အရမ်းကြီး မဖြူစင်ဘူးပဲ။ ” ဟု ခပ်တိုးတိုး ပြောလိုက်သည်။ အမှန်တကယ်လည်း တူညီမှု တချို့ ရှိနေတာမို့ ကျန်းပေါင်ရဲ့ ရှက်ရွံ့နီရဲနေတဲ့ မျက်နှာလေးကို မြင်ရခြင်းက ဖူမင်ရှစ်အား ရယ်ချင်ပက်ကျိဖြစ်စေသည်။

***

All Chapters