← Chapters

အခန်း ၅၉

Vol. 6 Ch. 59

အခန်း ၅၉

Vol. 6 Ch. 59

အပိုင်း ( ၅၉ )

ဖူမင်ရှစ် အလျှံအပယ် ပေးသော လက်ဆောင်တွေကို ကျန်းပေါင် လက်ခံနိုင်သော်လည်း သူမရဲ့ ကျောင်းစရိတ်ကိုတော့ ကိုယ်တိုင် ရှာချင်သည်။ ကောင်လေးတွေက ကောင်မလေးတွေကို လက်ဆောင်ပေးတာ မထူးဆန်းပေမဲ့ ကျူရှင်စရိတ်တွေ ၊ နေထိုင်စားသော က်စရိတ်တွေကအစ သူ့အပေါ် မှီခိုနေခြင်းက ကိုယ့်ကိုယ်ကိုယ် အရည်အချင်းမဲ့သလို ခံစားရစေသည်။ ကျန်းပေါင်က ဖူမင်ရှစ်နှင့် တွဲချင်ရုံသက်သက်သာ ဖြစ်ပြီး သူ့ကိုရော ၊ တခြား လူတွေကိုရော ဘယ်သူ့ကိုမှ မမှီခိုချင်ပေ။

ကြဲဖြန့်ထားသော လမ်းမီးတိုင် အလင်းရောင်အောက်မှာ ချစ်စရာကောင်းသော မျက်နှာလှလှလေးပေါ်က သူ ရင်းနှီးနေသည့် စိတ်ဆုံးဖြတ်ထားမှု ၊ ခေါင်းမာမှုတို့ကို အတိုင်းသား မြင်နေရသည်။ ဖူမင်ရှစ် အနည်းငယ် နောင်တရပေမဲ့ လက်လျှော့ကာ သူမကို ပွေ့ဖက်၍ “ အိမ်မပြန်တော့ဘူးလား။ ” ဟု မေးလိုက်သည်။

ကျန်းပေါင်က သူမရဲ့ နွေရာသီ အချိန်ပိုင်းအလုပ်ကို ဖူမင်ရှစ် မကန့်ကွက်သည့်အတွက် အတော်လေး အံ့အားသင့်သွားပြီး ပြုံးပြလိုက်သည်။ “ ကျွန်မတို့ရဲ့ ဌာနက စာမေးပွဲ စောစော စစ်တော့ ကျွန်မတို့က စောစော အိမ်ပြန်လို့ ရတယ်။ ကျွန်မ တွက်ပြီးသွားပြီ။ အချိန်ပိုင်းအလုပ် မစခင် တစ်ပတ် အချိန်ရတယ်။ ရှင်ရော အားရဲ့လား။ ” အိမ်မှာ သူမကို ဘယ်သူမှ စောင့်မနေလျှင်တောင် တစ်နှစ်ကျော် ခွဲခွာပြီးနောက် အိမ်လွမ်းလှပါပြီ။

ဖူမင်ရှစ်က စိတ်သက်သာရာရသွားပြီး သူမရဲ့ နဖူးလေးကို နမ်းလိုက်သည်။ “ ကိုယ် စီစဉ်စရာရှိတာတွေ စီစဉ်လိုက်မယ်။ မင်း စာမေးပွဲကိုပဲ အပြည့်အဝ အာရုံစိုက်ထားပါ။ ”

ကျန်းပေါင် ခေါင်းညိတ်လိုက်သည်။

ဖူမင်ရှစ်က အလုပ်ရှုပ်နေတာမို့ ကျန်းပေါင်အတွက် သုံးရက်သာ အချိန်ပေးနိုင်သော်လည်း ကျန်းပေါင်ကတော့ အဲ့ဒါကို စိတ်ထဲ ဘယ်လိုမှ မနေဘဲ သူနှင့်အတူ လေယာဉ်ပေါ်ကို စိတ်လှုပ်ရှားစွာ တက်ခဲ့သည်။ လေယာဉ်က မနက် ( ၁၀ ) နာရီမှာ C မြို့တော်ကို ဆိုက်ရောက်ပြီး ဖူမင်ရှစ်ရဲ့ လက်ထောက်က သူတို့အတွက် ကားတစ်စီး ကြိုတင်ပြင်ဆင်ပေးထားသည်။

ပြုပြင်ထိန်းသိမ်းမှု မရှိဘဲ တစ်နှစ်ကျော်အောင် ပစ်ထားတဲ့ မိသားစုအိမ်ဟောင်းမှာ ပြန်လည်ဖြည့်စွက်စရာ ပစ္စည်းတွေ ( အထူးသဖြင့် စားသောက်ကုန်တွေ ) သေချာပေါက် လိုအပ်နေတာမို့ ဖူမင်ရှစ်က ကျန်းပေါင်ကို လိုအပ်တာတွေ ဝယ်ဖို့ အရင်ဆုံး ခေါ်သွားခဲ့သည်။ ပလပ်ခုံနှင့် ဒီဂျစ်တယ်မီးဖိုလို ပစ္စည်းအသစ်တွေ အပါအဝင် သူတို့ ဝယ်လာတာတွေ များလွန်း၍ နောက်ခန်း တစ်ခန်းလုံး ပြည့်ကြပ်နေသည်။

ကျေးလက်ဒေသရှိ ကျန်းပေါင်ရဲ့ အိမ်လေးကို ရောက်ဖို့ အချိန်ကြာမြင့်စွာ ကားမောင်းခဲ့ရပြီး ရွာအနီးကို ရောက်လာချိန်မှာတော့ ညနေ ( ၃ ) နာရီထိုးနေခဲ့ပြီ ဖြစ်သည်။ အိမ်နီးချင်း အဘွားကောက ဖူမင်ရှစ်နှင့် ကျန်းပေါင်ကို မြင်တော့ အားရဝမ်းသာဖြစ်သွားပြီး စကားတွေ ရေပက်မဝင်အောင် ပြောနေခဲ့လေသည်။

“ နင်တို့ ဒီတစ်ခေါက် ဘယ်နှရက် နေမှာလဲ။ ”

ကျန်းပေါင်ကလည်း အဘွား‌ကောကို လွမ်းနေတာမို့ တစ်နှစ်ကျော် ဆိုတဲ့ အချိန်အတွင်း သူမ ကြုံတွေ့ခဲ့သမျှ အရာအားလုံးကို ပျော်ရွှင်စွာ ပြန်ပြောပြရင်း အလွမ်းသယ်နေခဲ့ကြသည်။

ရွာလမ်းက ကျဉ်းမြောင်းလွန်းသောကြောင့် ကားဖြတ်မောင်းလို့ မရပါ။ ဖူမင်ရှစ်က ကျန်းပေါင်ကို အဘွားကောနှင့် ထားခဲ့ပြီး ပစ္စည်းတွေကို ကျန်းပေါင်ရဲ့ အိမ်ထဲသို့ သူတစ်ယောက်တည်း နေရာချ‌နေခဲ့သည်။ အရာအားလုံးကို ခြံထဲ ရွှေ့နိုင်ဖို့ သုံးခေါက်တိတိ ခေါက်တုံ့ခေါက်ပြန် သွားလိုက်ရသည်။ ဒီနေရာမှာ ဆောင်းရာသီက မြို့တော်ထက် ပိုပူနွေးသော်လည်း နွေရာသီကတော့ ပူပြင်းစိုထိုင်းလွန်းလှသည်။

ဖူမင်ရှစ်ရဲ့ ရှပ်အင်္ကျီတစ်ခုလုံး ချွေးတွေ ရွှဲနစ်နေတာကို မြင်တော့ ကျန်းပေါင်က အဘွားကောကို ယာယီ နှုတ်ဆက်ခဲ့ကာ ဖူမင်ရှစ်ကို အထုပ်အပိုးတွေ ကူချပေးလိုက်သည်။ အဘွားကောကတော့ လူငယ်စုံတွဲလေး ချစ်ချစ်ခင်ခင် အလုပ်,လုပ်နေတာကို တံခါးဝကို မှီပြီး သဘောတကျ ကြည့်နေခဲ့သည်။

တစ်နှစ်လောက် လူမနေခဲ့တာမို့ အခန်းတွေထဲမှာ ဖုန်တွေ ပြည့်နေသည်။ ကျန်းပေါင်က ဝယ်လာတဲ့ ပစ္စည်းအသစ်တွေကို ခြံထဲမှာ ထားခဲ့ပြီး အခန်းတွေကို အရင်ဆုံး သန့်ရှင်းရေးလုပ်ဖို့ အကြံပြုလိုက်သည်။ ပထမထပ်ရှိ မီးဖိုချောင်နှင့် ဧည့်ခန်းကို သန့်ရှင်းရေးလုပ်ဖို့ လိုသည်။ ဒုတိယထပ်မှာ အိပ်ခန်း လေးခန်း ရှိပြီး ကျန်းပေါင်က သူမရဲ့ အိပ်ခန်းနှင့် ထိုအခန်းဘေးက သူမအဖေရဲ့ အိပ်ခန်းကို ညွှန်ပြလိုက်သည်။

“ ဒီအခန်း နှစ်ခန်းကိုပဲ သန့်ရှင်းရေးလုပ်မယ်နော်။ ကျန်တာတွေကိုတော့ ဒီတိုင်းပဲ ထားလိုက်မယ်။ ”

ချွေးတွေ ရွှဲနစ်နေတဲ့ ကျန်းပေါင်က အခန်းတံခါးကို ငုံ့ကိုင်း၍ သော့ဖွင့်လိုက်သည်။ ဖူမင်ရှစ်က ရုတ်တရက်ပဲ သူမကို အနောက်ကနေ ဖက်၍ ဆံနွယ်လေးတွေကို နမ်းရှိုက်ရင်း ဩရှတိုးလျသော အသံဖြင့် ပြောလိုက်သည်။ “ ဘာလို့ နှစ်ခန်းလဲ။ ”

ကျန်းပေါင်ရဲ့ လက်က တုန်ယင်သွားတာမို့ သော့ပေါက်နှင့် သော့ လွဲချော်သွားသလို မျက်နှာကလည်း ချက်ချင်း ရဲတက်လာခဲ့သည်။ ဖူမင်ရှစ်သည် သူမရဲ့ ဆံနွယ်တွေကနေ နီရဲနေတဲ့ နားရွက်ဖျားလေးနှင့် လည်ပင်းအထိ တရွေ့ရွေ့ ဆင်း၍ နမ်းရှိုက်လိုက်၏။ သူမလည်း ချွေးစိုနေတာမို့ အနည်းငယ် ငန်ကျိကျိ အရသာရှိပေမဲ့ ထိုအရသာကို သူ သဘောကျသည်။

သွေးတိုးစမ်းသည့်အနေဖြင့် ပြောသည့် “ အခန်း တစ်ခန်းပဲ သန့်ရှင်းရေး လုပ်ရအောင်လေ။ ” ဟူသော ဩရှရှ စကားသံက အလွန် ဆွဲဆောင်မှုရှိသောကြောင့် ကျန်းပေါင်ရဲ့ နှလုံးသားထဲမှာ တုန်ယင်သွားသလို လွန်ခဲ့သည့် လပေါင်းများစွာတုန်းက နီးစပ်ရင်းနှီးခဲ့သော အထိအတွေ့ကိုလည်း ပြန်သတိရသွားသည်။

ဖူမင်ရှစ်က ပြုံးလိုက်သည်။

“ ကိုယ် ရေသွားခပ်လိုက်ဦးမယ်။ ”

ရေအကြောင်းကို ပြောတော့မှ ကျန်းပေါင် တစ်စုံတစ်ခုကို ဖျတ်ခနဲ သတိရသွားသည်။ နေမဝင်သေးတာမို့ တစ်ဝက်တစ်ပျက် လင်းကျန်ရစ်သော နေရောင်အောက်မှာ မနှစ်တုန်းက သူမ ထွက်လာစဉ်တုန်းက ယူလာခဲ့သော ရေနွေးအိတ်ကလေးကို ထုတ်ယူ၍ ဖူမင်ရှစ်ကို ပေးလိုက်သည်။ ထို့နောက် ဖူမင်ရှစ်ရဲ့ အဓိပ္ပာယ်ပါသော အကြည့်ကို သတိမထားမိချင်ယောင်ဆောင်ကာ အိပ်ခန်းကို သန့်ရှင်းရေး ဆက်လုပ်သည် ၊ အိပ်ရာကို ထုရိုက်ဖုန်ခါသည် ၊ အိပ်ရာခင်းတွေကို လှန်းသည် ၊ ပင့်ကူမျှင်တွေကို တံမြက်စည်းလှည်းသည် ၊ ဖုန်တက်‌နေတဲ့ စားပွဲခုံတွေကို ဆေးကြောသည်။

အိပ်ခန်းထဲမှာ သန့်ရှင်းသပ်ရပ်သွားတော့မှ ကျန်းပေါင်က အောက်ထပ်ဆင်းပြီး ဖူမင်ရှစ်နှင့်အတူ မီးဖိုချောင်ကို သန့်ရှင်းရေး ကူလုပ်ပေးလိုက်သည်။ အရာအားလုံး ပြီးဆုံးသွားချိန်မှာတော့ မှောင်ရိပ်သမ်းခဲ့ပြီ ဖြစ်သလို နှစ်ယောက်လုံးလည်း ပင်ပန်းနွမ်းနယ်သွားခဲ့ကြသည်။ နွေညမို့ အပူရှိန်တွေကတော့ တရိပ်ရိပ် ကျန်နေဆဲပင်။

ဖုန်မှုန့်တွေ ကပ်နေသော ဖူမင်ရှစ်ရဲ့ မျက်နှာချောချောက နီရဲနေသည်။ ကျန်းပေါင်ကတော့ ပိုလို့တောင် ဖရိုဖရဲ ဖြစ်နေပြီး မျက်နှာပေါ်မှာ ဆံပင်တွေ ကပ်ငြိနေကာ ချွေးစိုရွှဲသော ရှပ်အင်္ကျီအဖြူက ခန္ဓာကိုယ်မှာ စိုကပ်လျက် ပင့်သက်တစ်ချက် ရှိုက်လိုက်တိုင်း နိမ့်ချည် ၊ မြင့်ချည် လှုပ်ရှားသွားသည်။ ဖူမင်ရှစ်က ကျန်းပေါင်ကို ခိုးကြည့်ရင်း လွန်ခဲ့သော လပေါင်းများစွာတုန်းက နီးစပ်ရင်းနှီးခဲ့သော အထိအတွေ့ကို ပြန်သတိရသွားသည်။

ကျန်းပေါင်က ထိုင်ခုံမှာ ထိုင်ကာ နဖူးပေါ်က ချွေးတွေကို လက်ဖမိုးနှင့် သုတ်ရင်း “ ရေချိုးပြီးမှ ညစာစားမလား ၊ ညစာစားပြီးမှ ရေချိုးမလား။ ” ဟု မေးလိုက်တော့ ဖူမင်ရှစ်က “ အရင်ဆုံး ညစာ စားကြတာပေါ့။ ကိုယ်တို့ စားပြီးရင်လည်း ချွေးပြန်ထွက်ဦးမှာပဲ။ ” ဟု ပြန်ပြောသည်။ ထို့နောက် သူမကို သတ္ထုရေတစ်ဘူး ကမ်းပေးကာ သူ ညစာပြင်နေတုန်း ထိုင်စောင့်နေခိုင်းသည်။

အသေးစိပ် ချက်ပြုတ်ပြင်ဆင်ဖို့အတွက် ပင်ပန်းလွန်းနေပြီမို့ ညစာအတွက် ခေါက်ဆွဲနှင့် ကြက်ဥ လေးလုံးကိုသာ စားဖြစ်ပါသည်။

ကျန်းပေါင်က ကျောပေးထားသော ဖူမင်ရှစ်ကို “ ကျွန်မအတွက် ကြက်ဥတစ်လုံးလောက်ဆို လုံလောက်ပါပြီ။ ” ဟု လှမ်းပြောလိုက်သည်။ ဖူမင်ရှစ်ကလည်း သူမ စားချင်စိတ် သိပ်မရှိဘူး ဟူသော အထင်ဖြင့် ခေါင်းညိတ်လိုက်သည်။

“ ရှင်က ကြက်ဥ သုံးလုံးတောင် စားမလို့လား။ ” ကျန်းပေါင်က သူ ကြက်ဥ သုံးလုံး ခွဲနေတာကို ကြည့်ပြီး အံ့အားသင့်စွာ မေးလိုက်တော့ ဖူမင်ရှစ်က ထူးဆန်းသော အကြည့်နှင့် လှည့်ကြည့်သည်။

“ ကိုယ်က ကြက်ဥ သုံးလုံး စားလို့ မရဘူးလား။ ” သူ့ကို ကြက်ဥ တစ်လုံးတောင် ပိုမကျွေးချင်လောက်တဲ့ထိ တွန့်တိုနေတာလား … ။

ထိုအဓိပ္ပာယ်မျိုးနှင့် ပြောချင်တာ မဟုတ်တဲ့ ကျန်းပေါင်သည် “ ကြက်ဥတွေ အများကြီး စားတာက ကျန်းမာရေးအတွက် မကောင်းဘူးလို့ ကျွန်မ ကြားဖူးတယ်။ ” ဟု အိုးတိုးအမ်းတမ်းနှင့် ပြန်ပြောလိုက်ရ၏။ ဖူမင်ရှစ်က ခပ်တိုးတိုး ရယ်မောပြီး သူမကို စူးစူးနစ်နစ် ကြည့်သည်။

“ ခန္ဓာကိုယ်ကို သုံးရတဲ့ ပင်ပင်ပန်းပန်း အလုပ်တွေကို လုပ်ရတဲ့ လူတွေအတွက်တော့ ကြက်ဥ များများ စားလို့ အဆင်ပြေပါတယ်။ ”

ကျန်းပေါင်က သူ့ခင်ပွန်းလောင်းရဲ့ စနောက်မှုကို နားလည် သဘောပေါက်ဖို့ရာ ရိုးသားလွန်းသည်။ ခုနတုန်းက ဖူမင်ရှစ် အခန်းသန့်ရှင်းရေးလုပ်ထားလို့ ပင်ပန်းနေသည်ဟုသာ ထင်သွားပြီး ဘာမှ ဆက်မမေးတော့ပါ။ ဖူမင်ရှစ် ချက်ပြုတ်ထားသော ခေါက်ဆွဲ သုံးထုပ်နှင့် ကြက်ဥ လေးလုံးမှာ အများစုက သူ့ဗိုက်ထဲကိုသာ ရောက်သွားခဲ့သည်။

ခေါက်ဆွဲစားပြီးနောက် နှစ်ယောက်လုံးရဲ့ ခန္ဓာကိုယ်ပေါ်မှာ ချွေးတွေ ပို၍ ထွက်လာသည်။ ကျန်းပေါင်က ဖူမင်ရှစ်ကို ခေါ်ကာ ခြံထဲမှာ ခဏ လမ်းလျှောက်ပြီးမှ သူ့ကို အရင် ရေချိုးခိုင်းထားလိုက်ပြီး သူမက အဘွားကောနှင့် တွေ့ရန် ဘေးအိမ်ကို ထွက်လာခဲ့လိုက်သည်။

ဖူမင်ရှစ်က သူမရဲ့ လက်ကောက်ဝတ်ကို ဖမ်းဆုပ်ရင်း “ ကိုယ် အလွန်ဆုံး ဆယ်မိနစ်အတွင်း ပြန်ရောက်မှာနော်။ ” ဟု ပြောသည်။ အဓိပ္ပာယ်ကတော့ သူမ အဲ့ဒီမှာ အကြာကြီး နေလို့ မရဘူး ဆိုတဲ့ အဓိပ္ပာယ်ပဲ ဖြစ်သည်။ ကျန်းပေါင်သည် ထိုစကားကြောင့် မျက်နှာရဲရဲလေးနှင့် ပြေးထွက်လာခဲ့လိုက်၏။

ဖူမင်ရှစ်က လဲလှယ်စရာ အဝတ်တစ်စုံ ယူပြီး နောက်ဖေးခြံထဲမှာ ရေချိုးဖို့ ထွက်လာခဲ့သည်။ ရေပန်းခေါင်းကို ဖွင့်လိုက်တော့ ရေနွေးနွေးလေး စီးကျလာသည်။ သူက ကျန်းပေါင်အတွက် ရေပူ မလောက်မှာ စိုးသောကြောင့် ရေအေး နှစ်ပုံးကို ခပ်ယူလာကာ ရေပူကို သူမအတွက် ချန်ထားလိုက်သည်။ ရေမချိုးခင်ကတည်းက အချိန်ကို တမင် စစ်ကြည့်ထားတာမို့ ရေချိုးပြီးနောက် ထပ်စစ်ကြည့်လိုက်တော့ သူ ( ၁၅ ) မိနစ် အသုံးပြုခဲ့ကြောင်း တွေ့ရသည်။

ရေချိုးချိန်ကို ထို့ထက် လျှော့ဖို့လည်း မဖြစ်နိုင်ပါ။ သူ ဒီနေ့ ချွေးတွေ အများကြီး ထွက်ထားတာမို့ သေချာ ရေချိုးဖို့ လိုသည်။ ဖူမင်ရှစ်သည် ဘောင်းဘီတိုနှင့် တီရှပ်ကို လဲဝတ်ပြီးနောက် ကျန်းပေါင်ထံ စာပို့လိုက်၏။ ဘေးအိမ်မှာ အဘွားကောနှင့် စကားလက်ဆုံကျနေတဲ့ ကျန်းပေါင်က မက်ဆေ့ခ်ျဝင်သံကြောင့် ဖုန်းဖွင့်ကြည့်လိုက်တော့ ဖူမင်ရှစ်ရဲ့ ရေချိုးရန် သတိပေးထားသော မက်ဆေ့ခ်ျကို မြင်ရသည်။

ကျန်းပေါင်တစ်ယောက် ရင်ခုန်သံမြန်လာကာ အဘွားကောအား ခပ်တိုးတိုး နှုတ်ဆက်လိုက်သည်။ အဘွားကောက “ မင်ရှစ်က တကယ် လူကောင်းသူကောင်းလေးပါ။ နင်တို့နှစ်ယောက် ဘယ်တော့ လက်ထပ်မှာလဲ။ ” ဂရုတစိုက် မေးသောအခါ သူမ ရှက်သွားရသည်။

“ ကျွန်မ ဘွဲ့ရပြီးတဲ့ အချိန် ဖြစ်မယ် ထင်တယ်။ ”

ကျန်းပေါင်က အလျင်မလိုသော်လည်း အဘိုးဖူက အသက် ( ၈၀ ) ကျော်နေပြီ ဖြစ်သည်။ ပြီးတော့ ဖူမင်ရှစ်ရဲ့ မိဘတွေရဲ့ ပြောစကားအရ ဖူမင်ရှစ်ဟာလည်း အသက်မငယ်တော့ပေ။

အဘွားကောက ခွင့်ပြုသလို ခေါင်းညိတ်သည်။ “ ကောင်းတယ် ကောင်းတယ်။ မင်ရှစ်က တကယ် အမျိုးကောင်းသားလေးပဲ။ နင် သူ့ကို မြဲနေအောင် မလွှတ်တမ်း ‌ဆွဲထားရမယ်နော် ကျန်းပေါင်။ ”

ကျန်းပေါင်သည် အဘွားကောကို ပြုံးရုံသာ ပြုံးပြပြီး အိမ်ပြန်လာခဲ့သည်။ ဖူမင်ရှစ်က ဧည့်ခန်းထဲမှာ ထိုင်နေတာမို့ ကျန်းပေါင် အိမ်တံခါးကို တွန်းဖွင့်ဝင်လာချိန်မှာ သူ တဖတ်ဖတ်နှင့် ခြင်ရိုက်နေသံကို ကြားရသည်။

“ မင်း အပေါ်ကို အရင် တက်နှင့်လေ။ ” ဟု ဖူမင်ရှစ်က သူမအတွက် စဉ်းစားပေး၍ ပြောလိုက်သည်။ သူက လျှပ်စစ်ပန်ကာနှင့် ခြင်နိုင်စပရေးတွေ ဝယ်ထားသည်။ သူ့စကားအဆုံးမှာ အပေါ်ထပ်ကို တက်သွားသော သူမနောက်ကို သူပါ လိုက်လာခဲ့လိုက်သည်။

ကျန်းပေါင်က အပေါ်ထပ်ကို ရောက်တော့ လဲလှယ်စရာ အဝတ်အစား တချို့ကို ယူကာ တံခါးပိတ်ရင်း “ ရှင့်ဘာသာ ရုပ်ရှင်သွားကြည့်ရင် ကြည့်နေလေ။ ” ဟု မဝံ့မရဲလေး ပြောလိုက်သည်။ ဖူမင်ရှစ်က ဘာမှ ပြန်မပြောဘဲ သူမ ပိတ်ထားတဲ့ တံခါးကိုသာ အပြင်ကနေ စိုက်ကြည့်နေသည်။

ကျန်းပေါင်က အခန်းထောင့်လေးမှာ ခဏလောက် ရပ်နေပြီးမှ အောက်ထပ်ကို ဆင်းခဲ့လိုက်သည်။ ကျန်းမိသားစုအိမ်မှာ အသေးစိပ် ပြင်ဆင်ထားသော ရေချိုးခန်းရယ်လို့ မရှိပါ။ ထောင့်တစ်နေရာမှာ သစ်သားပြားတွေကို တပ်ဆင်ထားပြီး အပေါက်အဟတွေကို ကာကွယ်ရန်နှင့် အထဲကို မမြင်နိုင်စေရန်အတွက် အပေါ်ကနေ ဂွမ်းစောင်ဟောင်းတစ်ထည်နှင့် အုပ်ထားသည်။

အရင်တုန်းကတော့ အိမ်မှာ ကျန်းပေါင် တစ်ယောက်တည်း ရှိတာကြောင့် ဘာမှ စိတ်ပူစရာ မလိုခဲ့ပေမဲ့ အခုတော့ ဖူမင်ရှစ်လည်း ရှိနေတာမို့ အဝတ်လဲရင်း အသံတွေကို သူများ ကြားနိုင်မလားဟု ဂရုတစိုက် နားထောင်နေမိသည်။ ဖူမင်ရှစ်က အဲ့ဒီလောက် ဉာဏ်များမှာ မဟုတ်မှန်း သိပေမဲ့ ဖြစ်ကတတ်ဆန်း ရေချိုးခန်းလေးက အမှန်တကယ်ပင် စိတ်လုံခြုံမှု မပေးနိုင်ပေ။

ကျန်းပေါင်သည် အဝတ်တွေကို ဘေးမှာ ချကာ ရေပန်းခေါင်းကို ဖွင့်ပြီး သူမရဲ့ ခန္ဓာကိုယ်ပေါ်ကို ကျဆင်းလာသော ရေစက်တွေကို ခံယူနေမိသည်။ အရင်ဆုံး ခေါင်းလျှော်ပြီးမှ ခန္ဓာကိုယ်တစ်ခုလုံးကို ရေစိုစေလိုက်သည်။ ကျန်းပေါင်က ဆပ်ပြာရည် တချို့ကို လောင်းချကာ ကိုယ့်ကိုယ်ကိုယ် ပွတ်တိုက်နေတုန်းမှာပဲ အပြင်ဘက်က ခြေသံတွေကို ရုတ်တရက် အနီးကပ် ကြားလိုက်ရသောကြောင့် ကြောက်လန့်တကြား ထခုန်ကာ ရင်ဘတ်ကို အုပ်ထားလိုက်သည်။

ဖူမင်ရှစ်က အထဲက အရာအားလုံးကို မြင်နိုင်နေသကဲ့သို့ “ ကိုယ် အဝတ်လျှော်နေတာပါ။ ” ဟု ခပ်တိုးတိုး ရှင်းပြသည်။ သူက ထိုသို့ ရှင်းပြပြီးနောက် ဘုံပိုင်ခေါင်းဆီ သွားကာ အဝတ်လျှော်ဇလုံထဲကို ရေထည့်လိုက်သည်။

သူ့ကို အမြန်ဆုံး အပေါ်တက်စေချင်နေတဲ့ ကျန်းပေါင်က “ ရှင် အဝတ်တွေကို အဲ့မှာပဲ ထားခဲ့လိုက်ပါ။ ကျွန်မ ခဏနေရင် လျှော်လိုက်မယ်။ ” ဟူ၍ ခြင်တစ်ကောင်လို ညှောင်နာနာ အသံလေးနှင့် ပြောလိုက်သည်။

“ မလိုပါဘူး။ ” ဖူမင်ရှစ်က အဝတ်လျှော်ဇလုံကို ‘ ရေချိုးခန်း ’ နှင့် ခြေလှမ်း အနည်းငယ်သာ ကွာဝေးသော နေရာမှာ တမင် ချပြီး ခွေးခြေခုံလေးပေါ်မှာ ထိုင်ကာ အဝတ်လျှော်နေလိုက်သည်။ ထို့နောက် အထဲက ဘာလှုပ်ရှားသံမှ မကြားရတော့သဖြင့် ရယ်ချင်စိတ်ကို ထိန်းချုပ်ရင်း “ အေးအေးဆေးဆေး ချိုးပါ။ ကိုယ် ချောင်းမကြည့်ပါဘူး။ ” ဟု ပြောလိုက်သည်။

ကျန်းပေါင်က နှုတ်ခမ်းကိုက်လိုက်ပြီး သူမကို ဖူမင်ရှစ် တမင်သက်သက် စနောက်နေခြင်း ဖြစ်ကြောင်း ခန့်မှန်းမိသွားသည်။ သူ့ကို နှင်မထုတ်နိုင်သည့်အတူတူ သူ အပေါ်ထပ် တက်သွားတာကို စောင့်ပြီးမှ ဆပ်ပြာမြုပ်တွေကို ရေဆေးချဖို့အတွက် ဖြည်းဖြည်းချင်း ဆပ်ပြာတိုက်နေလိုက်သည်။ အဲ့ဒါမှသာ တကယ်လို့ ဖူမင်ရှစ် တစ်ခုခု လုပ်ဖို့ ကြိုးစားလျှင် ကိုယ့်ကိုယ်ကိုယ် ဖုံးအုပ်ကာကွယ်နိုင်လိမ့်မည်။

ခြံထဲမှာ ခြင်တွေ ပေါတာမို့ ဖူမင်ရှစ်က ရေချိုးခန်းထဲရှိ ကျန်းပေါင်ကို စိတ်ပူလာပြီး “ မင်း ရေချိုးတာ အရမ်း နှေးလွန်းတယ်။ ခြင်ကိုက်ခံရမှာ မကြောက်ဘူးလား။ ” ဟု မေးသောအခါ ကျန်းပေါင်က “ ခြင်တွေက ကျွန်မကို မကိုက်ဘူး။ ” ဟု အထက်စီးဆန်ဆန် ပြန်ပြောလိုက်သည်။

ဖူမင်ရှစ်က အသံတိတ်သွားပြီးနောက် ရုတ်တရက်ပဲ မတ်တပ်ရပ်ကာ သူမဆီ လျှောက်လာသည်။ ကျန်းပေါင်ကလည်း တစ်နေ့လုံး သူမ ဝတ်ထားတဲ့ ရှပ်လက်တိုကို တင်းကြပ်စွာ ဆုပ်ကိုင်ထားမိသည်။

“ မင်းအဝတ်တွေလည်း ပေးပါ။ ကိုယ် အတူတူ ရောလျှော်မယ်။ ” ဟု ဖူမင်ရှစ်က ရေချိုးခန်းထဲကို လက်လှမ်ရင်း ပြောသည်။ သူ့အသံက တည်ငြိမ်နေသော်လည်း ကျန်းပေါင်ကတော့ ရေချိုးခန်းထဲထိ ရောက်လာသော သူ့လက်ကြီးကို ကြည့်ကာ ပရမ်းပတာ နှလုံးခုန်မြန်လာသည်။

“ ရှင် လျှော်ပေးစရာ တကယ် မလိုအပ်လို့ပါ။ ကျေးဇူးပြုပြီး အပေါ်ထပ်ကိုပဲ သွားပေးပါလား။ ”

“ အဲ့ဒါဆို ကိုယ့်ကို မင်းရဲ့ အဝတ်တွေ ပေးလိုက်။ ကိုယ် လျှော်ပြီးတာနဲ့ တန်းထွက်သွားပေးမယ်။ ”

နောက်ဆုံးမှာတော့ ကျန်းပေါင်သည် ခဏလောက် တွန့်ဆုတ်‌နေပြီးနောက်မှာ သူ့ကို မတွန်းလှန်နိုင်ဘဲ သူမရဲ့ ဂျင်းဘောင်းဘီတိုနှင့် ရှပ်အင်္ကျီ လက်တိုလေးကို မပေးချင်ဘဲ ပေးလိုက်ရ၏။ ဖူမင်ရှစ်က သူ့လက်ကို ပြန်ရုတ်သိမ်းလိုက်သည်။ သူ့မှာ လျှော်စရာ အဝတ်နှစ်ထည် ကျန်သေးသော်လည်း သူမကို စနောက်ချင်စိတ်အား မထိန်းချုပ်နိုင်တာကြောင့် ရေချိုးခန်းလေးရှေ့က ပြန်ထွက်လာကာ အဝတ်ဆက်လျှော်နေလိုက်သည်။

ကျန်းပေါင်က ဆပ်ပြာတိုက်ရင်း ရင်တမမ ဖြစ်နေခဲ့ရပြီး ဖူမင်ရှစ် ထွက်သွားတော့မှသာ ဆပ်ပြာမြုပ်တွေကို ရေဆေးချနိုင်သည်။ သူမရဲ့ အတွင်းခံကိုလည်း တစ်ခါတည်း လျှော်လိုက်သည်။

ရေချိုးခန်းထဲမှာ တစ်ယောက်တည်း အလုပ်ရှုပ်နေပြီးနောက် ထွက်လာချိန်တွင် ခပ်ဝေးဝေးမှာ ယောင်လည်လည် လုပ်နေသည့် လူရိပ်တစ်ခုကို မျှော်လင့်မထားစွာဖြင့် မြင်လိုက်ရသည်။ အနီးကပ် ကြည့်လိုက်တော့ ဖူမင်ရှစ်ပင်။ ကျန်းပေါင်က “ ရှင် ဘာလို့ အပေါ်ထပ်ကို မတက်သေးတာလဲ။ ” ဟု ခပ်တိုးတိူ မေးလိုက်တော့ သူမကို ကြည့်ပြီး “ မင်းကို စောင့်နေတာ။ ” ဟု ပြန်ပြောသည်။ သူ့အသံဟာ တစ်နေ့တာရဲ့ ပူလောင်မှုတွေကို တိုက်ခတ်ဖယ်ရှားပေးနိုင်သော လေပြည်အေးအေးလို ညင်သာနူးညံ့သည်။

ကျန်းပေါင်က ခေါင်းငုံ့ထားလိုက်သည်။ “ ကျွန်မ လျှော်ထားတဲ့ အဝတ်တွေ လှန်းမလို့ပါ။ ”

ဖူမင်ရှစ်က သူမရဲ့ ခေါင်းလေးကို ပုတ်ပြီး “ အဲ့ဒါဆိုလည်း မြန်မြန် လုပ်။ ” ဟု ပြောကာ ဧည့်ခန်းထဲကို အရင်ဆုံး လျှောက်သွားသည်။

ကျန်းပေါင် စိတ်ရှုပ်ထွေးနေသလို တစ်ခုခုကိုလည်း တွေးကြောက်နေမိသည်။ အဝတ်လှန်းသည့် ကြိုးတန်းဆီ ရောက်သွားတော့ အတွင်းခံ သုံးထည် အပါအဝင် ဖူမင်ရှစ်ရဲ့ အဝတ်အစားတွေကို လှန်းထားတာ တွေ့ရသည်။ ဖူမင်ရှစ်ရဲ့ အတွင်းခံ ဘောင်းဘီတိုလေးတွေဆီ ဖျတ်ခနဲ အကြည့်ရောက်သွားချိန်မှာတော့ ကျန်းပေါင်သည် သူမရဲ့ အတွင်းခံ လေးထည်ကို တမင်တကာ ခပ်ဝေးဝေးမှာ သွားလှမ်းထားလိုက်သည်။ မနက်ဖြန်မနက် စောစော ထ၍ သူ့ထက် အရင် အဝတ်ရုတ်ဖို့လည်း ဆုံးဖြတ်လိုက်သည်။

***

All Chapters