အခန်း ၆၀
Vol. 6 Ch. 60
အပိုင်း ( ၆၀ )
အဝတ်လှန်းပြီးနောက် တစ်ဖက်ကို လှည့်လိုက်တော့မှသာ တံခါးဝမှာ ရပ်နေသည့် ဖူမင်ရှစ်ကို ကျန်းပေါင် မြင်သွားလေသည်။ ဒါဆို ခုနတုန်းက သူမရဲ့ အပြုအမူတွေကို … ။ ကျန်းပေါင်တစ်ယောက် နေရာမှာ အေးခဲရပ်တန့်သွားသည်။ သူမ ဘာလို့ ထပ်ပြီး အရူးထမိပြန်တာလဲ ဆိုတာ မသိတော့။
ဖူမင်ရှစ်က သူမကို လက်ယပ်ခေါ်သည်။
ကျန်းပေါင်သည် ဖူမင်ရှစ်ကို “ တံခါးပိတ်လိုက်။ ” ဟု ခပ်တည်တည် ပြောကာ သူနှင့် လောလောဆယ် စကားပြောချင်စိတ် မရှိ၍ အပေါ်ထပ်ကို ပြေးတက်လာခဲ့လိုက်သည်။ အိပ်ခန်းဟာ ဖူမင်ရှစ် သူမကို ဖမ်းမိမယ့် မရှောင်လွှဲနိုင်သော ပန်းတိုင် ဆိုတာကိုတော့ သူမ မေ့လျော့နေခဲ့သည်။
ယုန်လေးက လှောင်အိမ်ထဲကို ရောက်သွားပြီမို့ ဖူမင်ရှစ်ရဲ့ စိတ်ရှည်မှုက ပြန်လည်မြင့်တက်လာကာ လှေကားပေါ်ကို ပြေးတက်သွားတဲ့ သူမရဲ့ ခြေသံပြင်းပြင်းကို နားထောင်နေမိသည်။ အောက်ထပ်တံခါးကို စိတ်လက်ပေါ့ပါးစွာ ပိတ်လိုက်ပြီး မီးပိတ်ကာ လှေကားထစ်တွေကို တစ်ထစ်ချင်း နင်းတက်လာခဲ့သည်။ သက်တမ်းရင့်နေပြီ ဖြစ်တဲ့ လှေကားထစ်တွေက တစ်ချက် နင်းလိုက်တိုင်း နားထောင်၍ ကောင်းသော အသံတိုးတိုး ထွက်ပေါ်လာသည်။
အပေါ်ထပ်မှာတော့ အခန်း တစ်ခန်းတည်းမှာသာ မီးရောင်လင်းနေခဲ့သည်။ ဖူမင်ရှစ်က အခန်းတံခါးကို တွန်းဖွင့်ဝင်လာခဲ့လိုက်တော့ အရှေ့ဘက် နံရံမှာ ကပ်ထားသော စားပွဲတွင် သူ့ကို ကျောပေး၍ ခပ်တောင့်တောင့် ထိုင်နေသည့် သူ့ဇနီးလောင်းလေးကို မြင်လိုက်ရသည်။ စားပွဲပေါ်မှာ လက်ပ်တော့ ပွင့်နေပြီး ကာတွန်းကားတစ်ကားကို ပြသနေသည်။
ဖူမင်ရှစ်က သူ့နောက်က အိပ်ခန်းတံခါးကို လော့ခ်ချကာ ကျန်းပေါင်ကို တစ်ချက် ကြည့်ပြီးနောက် ခုတင်သို့ တန်းတန်းမတ်မတ် လျှောက်သွားလိုက်သည်။ ကျန်းပေါင်ရဲ့ အိပ်ခန်းက ( ၁၂ ) စကွဲယားပေသာ ကျယ်ဝန်းပြီး မီးသီးတွေကလည်း မနှစ်ကတည်းက မီးသီးတွေမို့ သိပ်မလင်းတော့ပါ။ အလင်းရောင် မှိန်ပျပျ အခန်းလေးထဲမှာ ဖူမင်ရှစ်က ခေါင်းအုံးကို မှီရင်း ကျန်းပေါင်ကို လှမ်းခေါ်လိုက်သည်။
“ ဒီကို ယူလာခဲ့ပါလား။ အတူတူ ကြည့်မယ်။ ”
အိပ်ခန်းထဲမှာ ထိုင်ခုံ တစ်လုံးတည်းသာ ရှိတာမို့ ခုတင်ပေါ်မှာသာ နှစ်ယောက်အတူ ကြည့်နိုင်သည်။
ကျန်းပေါင်က လက်ပ်တော့ကို ပွေ့ပိုက်ကာ သူ့ဆီ လျှောက်သွားချိန်မှာ တစ်ချိန်လုံး မျက်လွှာချထားခဲ့သည်။ ခုတင်ဘေးကို ရောက်တော့ ခုတင်ပေါ်ကို မတက်သေးဘဲ ဖူမင်ရှစ်ကို လက်ပ်တော့ လှမ်းပေးလိုက်သည်။
မျှော်လင့်မထားစွာဖြင့် ဖူမင်ရှစ်က သူမအား ခုတင်ပေါ် တက်လာဖို့သာ လက်ဟန်ခြေဟန်နှင့် ပြောပါသည်။ သူ့ခန္ဓာကိုယ်အလှုပ်မှာ သစ်သားခုတင်က တကျွီကျွီ အသံမြည်သွားသည်။ ဒီခုတင်ကို သူမရဲ့ အဖေကိုယ်တိုင် တောင်ပေါ်က ခုတ်လာသည့် သစ်တွေနှင့် ပြုလုပ်ထားတာ ဖြစ်ပြီး ဆယ်စုနှစ် တစ်ခုကျော် အသုံးပြုခဲ့တာကြောင့် ဒီလို အသံမျိုးတွေ ထွက်တာ မထူးဆန်းပေ။
သို့သော်လည်း ဒီညတော့ ထိုအသံက အလွန် စိတ်လှုပ်ရှားစရာကောင်းပြီး စိတ်ကူးအတွေးတွေကို တောင်တောင်အီအီ ထွေပြားလှုံ့ဆော်စေနိုင်သည်။
အခုအချိန်မှာ ကျန်းပေါင် ခုတင်ပေါ်မှာတောင် မထိုင်ရဲပါ။ ဖူမင်ရှစ်ကတော့ သူမကို စိုက်ကြည့်ရင်း အကျိုးသင့် အကြောင်းသင့် ရှင်းမပြနိုင်လောက်အောင် တစ်စုံတစ်ခုကို စိတ်ပူသွားသည်။ “ ဒီခုတင်က … ကိုယ်တို့နှစ်ယောက်ကို ထိန်းနိုင်ပါ့မလား။ ”
ကျန်းပေါင်ရဲ့ မျက်နှာလေး ပူထူသွားကာ ရှက်ကိုးရှက်ကန်းနှင့် မျက်နှာလွှဲလိုက်သည်။ ဖူမင်ရှစ်က သူမ ထွက်ပြေးချင်နေသည်ဟု ထင်သွားတာမို့ လက်ပ်တော့ကို ချက်ချင်း အောက်ချလိုက်သည်။ သူ့ပုံစံက သူမ ခြေတစ်လှမ်း လှမ်းလျှင် ခုန်အုပ်ဖမ်းဆုပ်တော့မည့် ပုံစံ ဖြစ်နေတာမို့ ဖူမင်ရှစ်က ကိုယ့်ကိုယ်ကိုယ် စိတ်အေးအေးထားဖို့ ထိန်းချုပ်ကာ ဩရှသော အသံနှင့် “ လာလေ။ ” ဟု ခေါ်လိုက်သည်။
ကျန်းပေါင်က မီးတွေကို အရင်ဆုံး ပိတ်သည်။
ဖူမင်ရှစ်က လက်ပ်တော့ကို သူ့ပေါင်ပေါ် တင်လိုက်သည်။ ကျန်းပေါင်က အတတ်နိုင်ဆုံး ညင်ညင်သာသာ လှုပ်ရှားဖို့ ကြိုးစားသော်လည်း တစ်ချက် လှုပ်လိုက်တိုင်းမှာ သစ်သားခုတင်က တကျွီကျွီ အသံတွေ မြည်နေ၏။ နောက်ဆုံးတော့ ဖူမင်ရှစ်ဘေးကို တရွေ့ရွေ့နှင့် ရောက်သွားချိန်မှာ သူမရဲ့ နဖူးပေါ်မှာ ချွေးစက်တွေ စို့နေခဲ့သည်။
ဖူမင်ရှစ်က ဗီဒီယိုဖွင့်ရင်း သူ့ညာဘက်လက်ကို ဆန့်တန်းပေးတာမို့ ကျန်းပေါင်က သူ့ရင်ခွင်ကို တောင့်တင်းစွာ မှီလိုက်သည်။ သူတို့နှစ်ယောက်ကြားမှာ အဝတ်ပါးပါးလေး ခြားထားသော်လည်း ဖူမင်ရှစ်ရဲ့ ခန္ဓာကိုယ်ဟာ ပိုလို့တောင် ပူပြင်းနေသည်ဟု ခံစားရသည်။
ကျန်းပေါင် ကြွက်သားလေးတစ်ခုကိုတောင် မလှုပ်ရဲပေ။ ဖူမင်ရှစ်က တည်ငြိမ်ပုံဖြင့် သူမရဲ့ ပခုံးလေးကို ဖျစ်ညှစ်ထားသော်လည်း ကျန်လက်တစ်ဖက်ကတော့ လက်သီးဆုပ်လိုက် ၊ ပြန်ဖြည်လိုက် ဖြစ်နေခဲ့လေသည်။ ရုပ်ရှင်က နှစ်နာရီနီးပါး ကြာမြင့်ခဲ့ပြီး ရုပ်ရှင်ပြီးသွားချိန်မှာ အချိန်က ည ( ၉ ) နာရီစွန်းစွန်း ရှိပါပြီ။
ကျန်းပေါင်က တဖြည်းဖြည်း လှုပ်ရှားလာသော ဖူမင်ရှစ်ရဲ့ လက်ကို မသိချင်ယောင်ဆောင်ပြီး သူ့ပခုံးကို ဆက်မှီထားဆဲ ဖြစ်သည်။ ဘာ့ကြောင့်မှန်း မသိဘဲ သူမ စိတ်အားထက်သန်နေကာ “ အခုမှ ( ၉ ) နာရီပဲ ရှိသေးတာ။ ဒုတိယပိုင်းကို ဆက်ကြည့်ရအောင်။ ” ဟု ပြောလိုက်သည်။ ဒီကာတွန်းစီးရီးက အပိုင်း သုံးပိုင်း ရှိသည်။ သူတို့ရဲ့ အချစ်ရေးကို လူတွေ သိသွားတဲ့ အရင်တစ်ခေါက်တုန်းကလည်း ဖူမင်ရှစ်က သူမနှင့်အတူ ဇာတ်ကား ( ၃ ) ကားလုံးကို ဆက်တိုက် ကြည့်ပေးခဲ့သည်။
သို့သော် ဒီတစ်ခေါက်တော့ ဖူမင်ရှစ်က အလျှော့မပေးတော့ဘဲ သူမရဲ့ ဆံနွယ်လေးတွေကို ငုံ့နမ်းကာ “ ကိုယ် ပင်ပန်းနေပြီ။ ” ဟု ပြောပါသည်။ အချိန်ဆွဲဖို့ ဆင်ခြေ မရှိတော့သောကြောင့် ကျန်းပေါင် နာခံစွာ ဘေးဖယ်ပေးလိုက်သည်။ ထို့နောက် ဖူမင်ရှစ် စားပွဲပေါ်မှာ လက်ပ်တော့ သွားထားနေတာကို အခွင့်ကောင်းယူပြီး စောင်ခြုံ၍ စောင်အောက်မှာ မျက်နှာလွှဲထားလိုက်၏။
ဖူမင်ရှစ်က ရေသန့်ဘူးတစ်ဘူးနှင့်အတူ ပြန်ရောက်လာပြီး “ ရေဆာလား။ ” ဟု မေးသည်။ ကျန်းပေါင်က တကယ်လည်း ရေဆာနေတာမို့ အိုးတိုးအမ်းတမ်းနှင့် သေချာ ပြန်ထိုင်ကာ ရေဘူးကို တကျိုက်ကျိုက် မော့သောက်လိုက်သည်။ ရေသောက်လို့ ဝတော့မှ ခုတင်ပေါ်မှာ ပြန်လှဲနေလိုက်သည်။
ဖူမင်ရှစ်က ရေဘူးကို ခုတင်အောက်က ကြမ်းပြင်ပေါ် တင်ကာ ခုတင်ပေါ်မှာ လှဲချလိုက်သည်။ သူကတော့ တကျွီကျွီ အသံမြည်တာကို ကျန်းပေါင်လောက် ဂရုမစိုက်ပါ။ မျက်နှာကျက်ရှိ ပန်ကာက ဖူမင်ရှစ်ဘက်ကို ရည်ရွယ်ထားပြီး တဝီဝီ လည်ပတ်နေသည်။
လျှပ်စစ်ပန်ကာရဲ့ တဝီဝီ အသံက အခန်းထဲမှာ ဖုံးလွှမ်းထားဆဲမှာပဲ ဖူမင်ရှစ်က သူ့နံဘေးရှိ ကျန်းပေါင်ကို လှည့်ကြည့်သည်။ သူမ ခြုံထားသော စောင်လေးကို စမ်းသပ်ကာ “ ဒီလို ရာသီဥတုမျိုးမှာ စောင်ခြုံထားတာ မပူဘူးလား။ ” ဟု မေးတော့ ကျန်းပေါင်က ခေါင်းခါပြလိုက်သည်။ သူမ ပူအိုက်နေလျှင်တောင် သူ့ကို ပြောမှာ မဟုတ်။
ဖူမင်ရှစ်သည် သူမရဲ့ နဖူးကို စမ်းကြည့်လိုက်သောအခါ ချွေးတို့နှင့် စိုစွတ်နေတာကို တွေ့ရသည်။ သူက ကျန်းပေါင်ရဲ့ စောင်လေးကို အမြော်အမြင်ရှိရှိ ဖယ်ရှားပေးလိုက်၏။ သူမကတော့ သူ့ကို မတားဘဲ မျက်လုံးတွေကို တင်းကြပ်စွာ မှိတ်ထားသည်။
ဖူမင်ရှစ်ကတော့ ခန္ဓာကိုယ်တစ်ခုလုံး ပူလောင်အိုက်စပ်နေသည်။ လျှပ်စစ်ပန်ကာ ရှိနေ၍သာ အနည်းငယ် သက်သာရာရခြင်း ဖြစ်သည်။ သူက ဝတ်ထားတဲ့ တီရှပ်ကို ချွတ်ကာ သူ့ဇနီးလောင်းလေးရဲ့ ခန္ဓာကိုယ်ကို အုပ်မိုးပြီး သူမရဲ့ ဘေးကို လက်နှစ်ဖက်ဖြင့် ထောက်ထားလိုက်သည်။ ထို့နောက် သူမရဲ့ မျက်ခုံးလေးကို နမ်းလိုက်လျှင် အသက်ရှူသံတွေ ပြင်းထန်လာသလို မျက်တောင်ရှည်လေးတွေလည်း တဖျတ်ဖျတ် လှုပ်ရှားသွားလေသည်။
“ ကိုယ်တို့ရဲ့ ပထမဆုံးအကြိမ်က ဒီနေရာမှာ ဖြစ်လိမ့်မယ်လို့ မင်း တွေးကြည့်ဖူးလား။ ” ဟု ဖူမင်ရှစ်က ခပ်တိုးတိုး ပြောသည်။ သူ့နှုတ်ခမ်းတွေက သူမရဲ့ နှုတ်ခမ်းပေါ်မှာ ရစ်ဝဲရပ်တန့်နေသည်။ သူ့မျက်နှာချောချောပေါ်က စီးကျလာသော ချွေးတစ်စက်က မေးစေ့မှာ စုဆုံနေပြီးမှ သူမအပေါ်ကို ပြုတ်ကျလာသည်။
ကျန်းပေါင်ရဲ့ လည်ချောင်းထဲမှာ ပြန်လည်ခြောက်သွေ့လာ၍ စိတ်လှုပ်ရှားစွာ နှုတ်ခမ်းသပ်လိုက်မိသည်။ ဖူမင်ရှစ်ကတော့ အဲ့ဒါကို အချက်ပြသင်္ကေတအဖြစ် မှတ်ယူပြီး မျက်ဝန်းတွေ မှောင်မည်းသွားကာ သူမရဲ့ နှုတ်ခမ်းလေးကို ပြင်းပြစွာ ဖိကပ်လိုက်သည်။
အသစ်စက်စက် ဝယ်ယူထားသော လျှပ်စစ်ပန်ကာလေးက ကျယ်လောင်စွာ တဝီဝီ မြည်နေသလို ခနော်ခနဲ့ သစ်သားခုတင်လေးကလည်း သူတို့ တစ်ချက် လှုပ်ရှားလိုက်တိုင်း တကျွီကျွီ မြည်နေသည်။
ဆူညံသံတွေကို မခံနိုင်တော့သော ကျန်းပေါင်က “ ဖြည်းဖြည်း လုပ်ပါ။ ” ဟု လေသံပျော့လေးနှင့် ပြောလိုက်သည်။ သူမရဲ့ လက်တွေက သူ့ပခုံးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး ငိုရှိုက်သံလေးတွေ စတင်ထွက်ပေါ်လာခဲ့သည်။
ဖူမင်ရှစ်က ခေါင်းညိတ် သဘောတူပြီး အရှိန်လျှော့လိုက်ပေမဲ့ အချည်းနှီးပင်။ ခုနတုန်းကလောက် အသံမကျယ်တော့ပေမဲ့ တကျွီကျွီ မြည်သံကတော့ ထွက်နေဆဲ။ ကျန်းပေါင်တစ်ယောက် ရှက်လာကာ သူမရဲ့ မျက်နှာလေးကို လက်နှင့် အုပ်ထားလိုက်သည်။
“ ဘယ်သူမှ ကိုယ်တို့ကို မကြားနိုင်ပါဘူး။ ” ဖူမင်ရှစ်က ကျယ်လောင်သော တကျွီကျွီ မြည်သံတွေကို တမင် ပြုလုပ်ရင်း သူမရဲ့ မျက်နှာပေါ်က လက်လေးကို ဆွဲဖယ်လိုက်သည်။ ကျန်းပေါင်က စိုးရိမ်ပူပင်စွာ ငိုရှိုက်ရင်း သူ့ကို အားအင်လျော့နည်းစွာ တွန်းထုတ်နေခဲ့သည်။
“ အဘွားကော ကြားသွားရင် ဘယ်လို လုပ်မလဲ။ ”
“ သူ့အကြားအာရုံက အဲ့လောက် မကောင်းပါဘူး။ ”
“ တကယ်လို့ ကြားသွားရင် ဘယ်လို လုပ်မလဲ။ ”
ဖူမင်ရှစ်သည် ကျန်းပေါင်ရဲ့ တိုးဖွသော ငိုရှိုက်သံလေးတွေကြောင့် ဘယ်လိုမှ မတတ်နိုင်တော့ဘဲ သူမကို ပွေ့ချီကာ နှစ်ယောက်လုံး ဘေးတစောင်း အနေအထားကို ပြောင်းလဲလိုက်သည်။ အနေအထား ပြောင်းလိုက်တာက သစ်သားခုတင် ယိမ်းယိုင်ခြင်းနှင့် အသံမြည်ခြင်းကို ကံကောင်းစွာ လျှော့ချပေးသော်လည်း ကျန်းပေါင်က ဘာ့ကြောင့်မှန်းမသိဘဲ စိတ်ပူနေဆဲ ဖြစ်သည်။
ဖူမင်ရှစ်ကတော့ အဲ့ဒါကို ဂရုမစိုက်တော့ဘဲ အကြိမ်တိုင်းမှာ ပိုပြင်းထန်လာခဲ့သည်။ အခုလို အရှိန်ကောင်းနေတဲ့ အချိန်မှာ ဘယ်သူက အဘွားကြီးတစ်ယောက်ကို ဂရုစိုက်နိုင်မှာလဲ … ။
…
ဆယ့်ငါးမိနစ်မျှသော အချိန်လေးသည် ကျန်းပေါင်အတွက်တော့ အဆုံးမရှိသော သံသရာလို ခံစားခဲ့ရသည်။ ခန္ဓာကိုယ်ထဲက သက်သောင့်သက်သာမရှိသော ခံစားချက်ထက် တကျွီကျွီ မြည်နေတဲ့ သစ်သားခုတင်ရဲ့ အသံကသာ သူမရဲ့ စိတ်ကို ကြီးစိုးနေသည်။ ကိစ္စဝိစ္စ ပြီးဆုံးသွားချိန်မှာ မီးဖွင့်ဖို့ လက်လှမ်းနေသော ဖူမင်ရှစ်ကို သူမက တားဆီးလိုက်သည်။
ဖူမင်ရှစ်က သူမကို ပွေ့ဖက်ကာ သူမရဲ့ နဖူးနှင့် ပါးပေါ်ကို အနမ်းမိုးလေးတွေ ရွာချရင်း “ နာနေလား။ ” ဟု မေးတော့ ကျန်းပေါင် ခေါင်းခါယမ်းပြလိုက်သည်။ အနည်းဆုံးတော့ သူမ ထင်ထားသလောက် နာကျင်မှု မရှိခဲ့ပါ။
သို့သော် ဖူမင်ရှစ်ကတော့ သူမရဲ့ နာကျင်စွာ ငိုညည်းသံလေးတွေကို သတိရနေဆဲ ဖြစ်သည်။ ထိုငိုညည်းသံလေးတွေက သနားစရာကောင်းလွန်း၍ သူတောင် တစ်ဝက်တစ်ပျက် ရပ်တန့်လိုက်ရသည်လေ။ သူက သူမရဲ့ နာမည်လေးကို နူးညံ့စွာ ခေါ်လိုက်သည်။
“ ဖန့်ပေါင် … ”
သူမရဲ့ မျက်တောင်လေးတွေ တဖျတ်ဖျတ် လှုပ်ခတ်သွားသည်။ ဖူမင်ရှစ်က သူမရဲ့ ပါးလေးကို ပျော်ရွှင်ကျေနပ်စွာ နမ်းပြီး “ မင်း သဘောကျလား။ ” ဟု မေးလိုက်သည်။ ကျန်းပေါင်ကတော့ ထိုမေးခွန်းကို မဖြေဘဲ မျက်နှာလွှဲထားသည်။
“ ကိုယ်ကတော့ အရမ်း သဘောကျတယ်။ ” ဖူမင်ရှစ်သည် သူမရဲ့ မျက်နှာလေးကို ဆွဲလှည့်ပြီးး နမ်းလိုက်သည်။ သူ့အနမ်းတွေကို မရပ်တန့်နိုင်ပေ။ “ ကိုယ် သဘောကျတယ်။ ထပ်လုပ်ချင်တယ်။ ”
ကျန်းပေါင် ထိတ်လန့်စွာ မျက်လုံးပြူးသွားတာကို ကြည့်ပြီး ဖူမင်ရှစ် ရယ်မောလိုက်သည်။ သူမကို ပြင်းပြသော အနမ်းများဖြင့် လွှမ်းမိုးထားသော်လည်း လောလောဆယ်တော့ ခဏလောက် အိပ်ဖို့ ဆုံးဖြတ်ထားပါသည်။
အစပိုင်းမှာ ကျန်းပေါင်က သတိရှိရှိ နိုးနိုးကြားကြား ရှိနေပေမဲ့ ခဏအကြာမှာတော့ ပင်ပန်းနွမ်းနယ်မှုကြောင့် သူမလည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့သည်။ အိပ်ပျော်သွားချိန်မှာ သူမရဲ့ ခန္ဓာကိုယ်ပေါ်ကို အလေးချိန်တစ်ခု ပိကျလာခဲံပြီး ဖူမင်ရှစ်ရဲ့ ခပ်မြန်မြန် အသက်ရှူသံက သူမရဲ့ နားရွက်ဘေးမှာ ကပ်၍ ထွက်ပေါ်လာခဲ့သည်။ မီးလို ပူပြင်းသော အနမ်းတွေကလည်း သူမရဲ့ မျက်နှာနှင့် လည်ပင်းတစ်လျှောက် ရွာသွန်းလာ၏။ ကျန်းပေါင်သည် အိပ်တစ်ဝက် နိုးတစ်ဝက်နှင့် ရုန်းကန်ဖို့ ကြိုးစားသော်လည်း သနားညှာတာမှုကင်းမဲ့သော ဖူမင်ရှစ်က သူမကို နေရာလပ်မကျန် နမ်းဖို့ ဆုံးဖြတ်ထားပုံပေါ်သည်။
တဖြည်းဖြည်း ပြင်းထန်လာသော အနမ်းတွေကြောင့် ကျန်းပေါင် အိပ်ချင်စိတ်ပြယ်ကာ အပြည့်အဝ နိုးလာချိန်မှာတော့ ဖူမင်ရှစ်တစ်ယောက် သူ့ခေါင်းအုံးအောက်မှာ ဝှက်ထားသော တစ်စုံတစ်ခုကို လက်နှိုက်ယူနေတာကို နောက်ဆုံးအနေဖြင့် မြင်လိုက်ရသည်။
သုံးမိနစ်အကြာမှာတော့ ကျေးလက်အိမ်ခန်းလေးထဲရှိ ခနော်ခနဲ့ သစ်သားခုတင်လေးထံမှ တကျွီကျွီမြည်သံများ ကျယ်ကျယ်လောင်လောင် ပြန်လည်ထွက်ပေါ်လာလေသည် … ။
တောင်ပေါ်ရွာလေးရဲ့ အေးချမ်းသာယာသော နွေရာသီ မနက်ခင်း ဖြစ်သည်။ ထုံးစံအတိုင်း အဘွားကော အိပ်ရာနိုးတော့ မျက်နှာသစ် ၊ သွားတိုက်ရင်း မနက်စာအတွက် ဘာစားရင် ကောင်းမလဲဟု တွေးနေမိသည်။ ဟင်းသီးဟင်းရွက်ဥယျာဉ်ထဲမှာ မကြာခင် မစားလျှင် ပုပ်သွားတော့မည့် သခွားသီး တချို့ ရှိသည်။ တစ်ယောက်တည်း ကုန်အောင် မစားနိုင်သည့် အတူတူ ဖန့်ပေါင်တို့လင်မယားကို မနက်စာ လာစားဖို့ ခေါ်လိုက်ရင် ကောင်းမလား … ။
ကလေးတွေကလည်း မနေ့တုန်းက အိမ်သန့်ရှင်းရေးလုပ်ထားရလို့ ပင်ပန်းပြီး ကိုယ်တိုင် မနက်စာ ချက်ချင်မှာ မဟုတ်လောက်။ ခေါက်ဆွဲကြော်နှင့် သခွားသီး ဆိုလျှင် အရသာရှိသော မနက်စာတစ်နပ်ကို ဖန်တီးနိုင်ပါပြီ။
အဘွားကောသည် မျက်နှာသစ်ပြီးနောက် ဆံပင်တွေကို သပ်သပ်ရပ်ရပ် စည်းနှောင်ပြီးသောအခါ လန်းဆန်းသွားခဲ့သည်။ တစ်ယောက်တည်း အချိန် အကြာကြီး နေခဲ့ပြီးမှ အဖော်ရလာခြင်းက သူမကို ရွှင်လန်းတက်ကြွစေသည်။ အိမ် နှစ်အိမ်ကြားမှာ ခြံစည်ရိုး ခတ်ထားသော်လည်း အိမ်လည်ဖို့အတွက် တံခါးပေါက်လေး ဖောက်ပေးထားသည်။
ကျန်းမိသားစုခြံဝင်းထဲသို့ လျှောက်ဝင်လာသော အဘွားကောသည် ပထမထပ်ရှိ တံခါးပွင့်နေတာကို မမြင်ရသေးခင်ကတည်းက အပေါ်ထပ်က တကျွီကျီ မြည်သံတွေကို ရုတ်တရက် ကြားရသည်။
ဒီအသံက … ။
အဘွားကောသည် အပေါ်ထပ်ကို မော့ကြည့်ပြီး မိနစ် အနည်းငယ်လောက် နားထောင်ပြီးမှ သဘောပေါက်သွားသည်။ သူမ ခပ်ပြုံးပြုံးနှင့် ခေါင်းခါယမ်းကာ မနက်စာ ပြင်ဆင်ရန်အတွက် သခွားသီးတွေကို အရင်ဆုံး သွားခူးလိုက်သည်။
သခွားသီးတွေကို လှီးချွတ်သည် ၊ ဟင်းခတ်အမွှေးအကြိုင်တွေကို ပြင်ဆင်သည် ၊ ရေနွေးအိုးတည်သည် ၊ ခေါက်ဆွဲတွေကို ဖြန့်ခင်းထားသည်။ ကလေးတွေ ဆင်းလာတာကို စောင့်ပြီး သွက်လက်စွာ ချက်ပြုတ်စားသောက်ရုံပဲ ကျန်တော့သည်။ အဘွားကောအတွက် အဲ့ဒီလို အသေးအဖွဲ တာဝန်လေးတွေကို လုပ်ဖို့ နာရီဝက်ကျော်လောက် အချိန်ယူလိုက်ရသော်လည်း ဒီအချိန်ဆို ပြီးလောက်ပါပြီဟု တွက်ဆမိသည်။
ထို့ကြောင့် ကျန်းပေါင်တို့အိမ်ကို နောက်တစ်ခေါက် ထပ်ထွက်လာခဲ့သည်။ ဒီတစ်ခေါက်တော့ အဘွားကောသည် ကျန်းမိသားစုခြံဝင်းထဲကို ခြေချစရာတောင် မလိုလိုက်ဘဲ ခုတင် တကျွိကျွိမြည်သံနှင့် ကျန်းပေါင်ရဲ့ ညည်းသံလေးတွေကို ကြားလိုက်ရလေသည်။
လူငယ် ဖြစ်ရတာ ကောင်းလိုက်တာ … ။
အဘွားကောတစ်ယောက် စိတ်ထဲကနေ သက်ပြင်းချပြီး အိမ်ပြန်ကာ တီဗီပဲ ကြည့်နေလိုက်တော့သည်။ သူမရဲ့ သားက သူမအတွက် ကြည်လင်ပြတ်သားသော ရုပ်သံအရည်အသွေးရှိသည့် တီဗီအသစ်တစ်လုံး ဝယ်ပေးထားသည်။ အဘွားကောက ချန်နယ်တွေကို တစ်ခုပြီး တစ်ခု ပြောင်းရင်း မနေ့ညတုန်းက ပြခဲ့သော ဇာတ်လမ်းတွဲ အပိုင်းသစ်ကို ပြန်လည်ပြသနေတာ တွေ့လိုက်ရသည်။
ထိုအပိုင်းသစ်ကို သူမလည်း ညတုန်းက မကြည့်လိုက်ရတာမို့ စိတ်ဝင်တစား ကြည့်နေမိပြီး ဘယ်အချိန်မှာ အပိုင်းတစ်ပိုင်းလုံး ပြီးသွားတာလဲ ဆိုတာတောင် မသိလိုက်ပေ။ အပိုင်းတစ်ပိုင်း ပြီးဆုံးတိုင်းမှာ ထွက်ပေါ်လာသည့် ဇာတ်ဝင်တေးကို ကြားတော့မှ အဘွားကော တံခါးကို လှည့်ကြည့်လိုက်သည်။ တစ်နာရီတောင် ကျော်သွားပြီ ဆိုတော့ ဒီအချိန်လောက်ဆို သူတို့ သေချာပေါက် ပြီးလောက်ပြီ မဟုတ်လား … ။
အဘွားကောသည် ကျန်းပေါင်ရဲ့ အိမ်ကို တတိယအကြိမ်မြောက် ထပ်သွားပြီး အသံဗလံတွေကို နားစွင့်နေမိသည်။ နောက်ဆုံးတော့ အပေါ်ထပ်က လှုပ်ရှားသံတွေ မကြားရတော့ပါ။ အဘွားကော စိတ်သက်သာရာရသွားသော သက်ပြင်းလေးကို မှုတ်ထုတ်လိုက်သည်။ ကလေးတွေက ဗိုက်မဆာသေးပေမဲ့ သူမကတော့ ဗိုက်ဆာလှပြီ။
အဘွားကောက အပေါ်ထပ်ကို မော့ကြည့်ရင်း ကလေးတွေကို မနက်စာစားဖို့ အော်ခေါ်လိုက်ရင် ကောင်းမလားလို့ တွေးနေတုန်းမှာပဲ အိမ်ရှေ့တံခါးက ခပ်ဟဟလေး ပွင့်လာသောကြောင့် အထိတ်တလန့် ထခုန်မိသွားပြီး တံခါးဖွင့်သူကို ပျာယီးပျာယာ ကြည့်လိုက်တော့ ဖူမင်ရှစ်ကို တွေ့ရသည်။
လူငယ်လေးက အနက်ရောင် တီရှပ်ဗြောင်နှင့် ဒူးအထိ ရှည်လျားသော ဘောင်းဘီတိုကို ဝတ်ဆင်ထားသည်။ အဝတ်လွတ်နေတဲ့ လက်မောင်းနှင့် ခြေထောက်တို့က အလွန် ကြွက်သားတောင့်တင်းပုံပေါ်ပြီး မျက်နှာကလည်း အဘိုးဖူ လူငယ်ဘဝတုန်းကထက်တောင် ပိုချောသည်။ အဘွားကောသည် ဖူမင်ရှစ်ကို အံ့ဩထိတ်လန့်စွာ စိုက်ကြည့်နေမိလေသည်။
ဖူမင်ရှစ်က ခြံထဲမှာ လူတစ်ယောက်ကို သတိထားမိသွားသောကြောင့် ထွက်လာချိန်မှာ အဘွားကောကို တွေ့လိုက်ရခြင်း ဖြစ်သည်။ မနေ့ညနှင့် ဒီမနက်တုန်းက ကျန်းပေါင်ရဲ့ ညည်းသံလေးတွေကို ပြန်သတိရချိန်မှာ အနည်းငယ် မလုံမလဲ ဖြစ်သွားသော်လည်း သူ့မျက်နှာပေါ်မှာတော့ ဘာအမူအရာကိုမှ မဖော်ပြဘဲ ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။
“ အဘွား တစ်ခုခု လိုလို့လားဗျ။ ”
သတိပြန်ဝင်လာသော အဘွားကောက လျင်မြန်စွာ ပြုံးပြလိုက်သည်။ “ မောင်ရင်တို့ မနက်စာ မစားရသေးဘူး မဟုတ်လား။ အဘွား ခေါက်ဆွဲကြော် ပြင်ထားတယ်။ ခဏလောက် ပြုတ်လိုက်ရုံနဲ့ ကျက်ပြီ။ ခဏနေရင် ကျန်းပေါင်နဲ့ နှစ်ယောက် အတူတူ လာစားပါလား။ ”
ဖူမင်ရှစ်က အမှန်တကယ် ဗိုက်ဆာနေတာမို့ အိမ်ထဲကို တစ်ချက် လှည့်ကြည့်ပြီး ခေါင်းညိတ်ပြလိုက်သည်။ “ ကျေးဇူးပါ။ ဖန့်ပေါင်နဲ့ ကျွန်တော်က ဒီမနက် ငါးမျှားထွက်မှာ ဆိုတော့ အဘွားကို နေ့လယ်စာ ပြန်ချက်ကျွေးပါ့မယ်။ ”
အဘွားကောတစ်ယောက် ဝမ်းသာပျော်ရွှင်သွားပြီး အပြုံးတွေကို မရပ်တန့်နိုင်တော့ပေ။ “ ကောင်းတယ် ကောင်းတယ်။ ဒါဆို ဖန့်ပေါင်ကို သွားခေါ်ချေ။ အဘွားလည်း ခေါက်ဆွဲသွားကြော်လိုက်ဦးမယ်။ ”
***