← Chapters

အခန်း ၆၂

Vol. 7 Ch. 62

အခန်း ၆၂

Vol. 7 Ch. 62

အပိုင်း ( ၆၂ )

တောင်ခြေမှာ သူမ ကလေးဘဝတုန်းက အဖေနှင့်အတူ မကြာခဏ ငါးမျှားခဲ့တဲ့ ရေကန်တစ်ကန် ရှိသည်။ ကံကောင်း‌သော ‌နေ့တွေမှာ ငါးအကြီးကြီး နှစ်ကောင်လောက် ဖမ်းမိတတ်ပေမဲ့ ကံမကောင်းလျှင်တော့ ရွာငယ်လေးထဲမှာ လူရယ်စရာ ဖြစ်လေ့ရှိသည်။

ရေကန်ဘေးမှာ နာရီဝက်လောက် ထိုင်လိုက်တော့ ကျန်းပေါင်ရဲ့ နှလုံးသားထဲက ဝမ်းနည်းမှုတွေ ငြိမ်းအေးသွားသည်။ ထိုအချိန်မှာပဲ ဖူမင်ရှစ်က ( ၄ ) ကျင်း ၊ ( ၅ ) ကျင်းလောက် ရှိမည့် မြက်စားငါးကြင်းတစ်ကောင်ကို ဖမ်းမိတာမို့ ကျန်းပေါင် စိတ်လှုပ်ရှားစွာ ပြေးသွားလိုက်သည်။ ခုနတုန်းကအထိ ဘာငါးမှ မဖမ်းမိသေး၍ ငါးဟင်း ညစာမစားရတော့ဘူးလို့ ထင်နေတာပင်။

ဖူမင်ရှစ်က “ ကိုယ့်ကို ဆုချလို့ ရမလား။ ” ဟု ပြောကာ ခန္ဓာကိုယ်လေးကို ကျုံ့ထားတဲ့ သူ့ဇနီးလောင်းလေးကို ရင်ခွင်ထဲသို့ ကျွမ်းကျင်ပိုင်နိုင်စွာ ဆွဲခေါ်လိုက်သည်။

ကျန်းပေါင်သည် ဘေးဘီဝဲယာ ပတ်ဝန်းကျင်ကို ကျီးကန်းတောင်မှောက် မျက်လုံးများနှင့် ကြည့်ရင်း “ တော်တော့။ ” ဟု ပြောလိုက်၏။ ရွာထဲက အဘိုးတွေကလည်း ဒီနေရာကို မကြာခဏ ငါးလာမျှားတတ်တာမို့ လူမိသွားမှာ ကြောက်သည်။

“ မင်း ကိုယ့်ကို ဆုချမယ် ဆိုရင် လွှတ်ပေးမယ်။ ”

ဖူမင်ရှစ်က သူမနှင့် နဖူးချင်း ဖိကပ်ထားခဲ့ပြီး သူ့မျက်လုံးထဲမှာ ရယ်မြူးရိပ်တွေ ပြည့်နှက်နေသည်။ ကျန်းပေါင် မျက်လွှာချကာ ခဏလောက် စဉ်းစားပြီးမှ “ ကျွန်မ နေ့လယ်စာကို ငါးချိုချဉ် ချက်ကျွေးမယ်။ ” ဟု ပြောလိုက်သည်။

ဖူမင်ရှစ်က သူမရဲ့ နှုတ်ခမ်းလေးတွေကို နမ်းရှိုက်လိုက်သည်။ “ နေ့လယ်စာ ချက်ကျွေးတာက ဆုချတာ မဟုတ်ဘူးလေ။ ဘယ်လိုပဲဖြစ်ဖြစ် မင်း ကိုယ့်ကို ဆုချရမယ်။ ”

ကျန်းပေါင်က ခေါင်းလေးကို စောင်းငဲ့လိုက်တော့ သူ့နှုတ်ခမ်းတွေက သူမရဲ့ လည်ပင်းပေါ် ကျရောက်လာကာ ခပ်ဖွဖွ နမ်းစုပ်နေခဲ့သည်။ သူ့အနမ်း‌တွေကြောင့် သူမရဲ့ နှလုံးသားမှာ ကန်ရေပြင်လိုပဲ လှိုင်းဂယက်ထသွားသည်။ ထို့နောက် သူက သူမရဲ့ နားရွက်နားမှာ ကပ်ပြီး ဩရှသော အသံဖြင့် “ ကိုယ့်ကို ဒီည ဆုချပါ။ ” ဟု ပြောကာ သူ့ရဲ့ ဆုလာဘ်ကို တောင်းဆိုသည်။

ကျန်းပေါင်ကတော့ နှုတ်ဆိတ်နေမိသည်။ ဒါကလည်း အနမ်းလိုပဲ တစ်ခါ နမ်းပြီးတာနဲ့ ဘယ်တော့မှ မကျေနပ်နိုင်မယ့် အရာမျိုးလား … ။

ဖမ်းမိထားသော ငါးကို သယ်လျက် သူတို့ အိမ်ပြန်လာခဲ့ကြသည်။ ကျန်းပေါင်က အဘွားကောကို နေ့လယ်စာ ကူချက်ပေးနေစဉ်မှာ ဘာမှ မကူညီပေးနိုင်တဲ့ ဖူမင်ရှစ်က တံခါးဝမှာ ထိုင်ပြီး အဘွားကော ပြောပြတဲ့ ကျန်းပေါင်ရဲ့ ငယ်ဘဝဇာတ်လမ်းတွေကို နားထောင်ရင်း သူမဟာ ကလေးဘဝတုန်းက ဘယ်လို ပုံစံမျိုးလေး ဖြစ်ခဲ့မှာပါလိမ့်ဟု စိတ်ကူးယဉ်နေမိသည်။

နေ့လယ်စာက ငါးဟင်း ၊ အသားဟင်းတို့နှင့် အစုံအလင် အလျှံအပယ် ရှိသည်။ နေ့လယ်စာ စားပြီးနောက် အဘွားကော ပြန်သွားသောအခါ ဖူမင်ရှစ်က သူ ပန်းကန်ဆေးနေတုန်း ကျန်းပေါင်အား အရင်ဆုံး အနားယူခိုင်းထားလိုက်သည်။ နွေနေ့လယ်ခင်းက ပူလောင်အိုက်စပ်နေကာ ပန်ကာက ထုတ်လွှတ်တဲ့ လေတွေကတောင် လေပူတွေ ဖြစ်နေသည်။

ခုတင်ပေါ်မှာ ထိုင်နေသော ကျန်းပေါင်သည် ဒီနေရာမှာ နေ့လယ်ဘက် တစ်ရေးတမော အိပ်ဖို့ အန္တရာယ်များလွန်းသည်ဟု ခံစားရသော်လည်း မနေ့ညတုန်းက ပင်ပန်းထားတာမို့ အခု တကယ့်ကို ပင်ပန်းနေပြီ။ ထိုအချိန်မှာပဲ အပြင်ဘက်က ဖူမင်ရှစ်ရဲ့ ခြေသံ ထွက်ပေါ်လာသောကြောင့် ကျန်းပေါင် စိတ်လှုပ်ရှားစွာ ထရပ်လိုက်သည်။

ဖူမင်ရှစ် အခန်းတံခါးကို တွန်းဖွင့်လိုက်ချိန်မှာ ရန်သူတစ်ယောက်နှင့် ရင်ဆိုင်ရတော့မည့်အလား သတိအနေအထားဖြင့် မတ်တပ်ရပ်နေတဲ့ သူ့ဇနီးလောင်းလေးကို မြင်လိုက်ရ၍ ရယ်ချင်သွားသည်။ သူမ မလုပ်ချင်တဲ့ အရာကို သူကတော့ တစ်မနက်လုံး တွေးနေခဲ့တာမို့ လုပ်ချင်နေပေမဲ့ သူက တစ်ကိုယ်ကောင်းမဆန်ပါ။ သူမကိုလည်း အနားယူချိန် ပေးရပါဦးမည်။

ဖူမင်ရှစ်က အခန်းထဲကို ရောက်သည်နှင့် တစ်ပြိုင်နက် ကားထဲကနေ သူ ထုတ်ယူလာခဲ့သော ဝါးဖျာအသစ်လေးကို ကျန်းပေါင်ရဲ့ ခုတင်ဘေးမှာ ဖြန့်ခင်းလိုက်သည်။ “ မင်း ခုတင်ပေါ်မှာ အိပ်လိုက်။ ကိုယ် ကြမ်းပြင်ပေါ်မှာပဲ အိပ်လိုက်မယ်။ ”သူတို့ အတူတူ အိပ်နေလျှင် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်မှာ မဟုတ်ဘူး ဆိုတာ သိသည်။

ကျန်းပေါင်က ဖူမင်ရှစ်ရဲ့ စောင့်ထိန်းခြင်းကြောင့် အနည်းငယ် စိတ်သက်သာရာရသွားပြီး သူ့အတွက် ခေါင်းအုံးတစ်လုံး ပေးလိုက်ကာ နှစ်ယောက်လုံး အိပ်ပျော်သွားခဲ့ကြသည်။ နှစ်ခြိုက်စွာ အိပ်ပျော်သွားသော ကျန်းပေါင်သည် အပြင်မှာ မှောင်မည်းနေတဲ့ ညနေစောင်းအချိန် ရောက်တော့မှသာ နိုးလာတော့သည်။ ဖူမင်ရှစ်ကတော့ ကြမ်းပြင်ပေါ်မှာ မရှိတော့ပါ။

အကြာကြီး အိပ်ထား၍ သူမရဲ့ ခေါင်းထဲမှာ နောက်ကျိနေတာမို့ ထိုခံစားချက်ကို သက်သာစေရန်အလို့ဌာ နဖူးကို လက်ဖျားလေးတွေနှင့် နှိပ်နယ်ပြီးမှ အောက်ထပ်ကို ဆင်းလာကာ ဖူမင်ရှစ်ကို လိုက်ရှာသည်။ သူက မီးဖိုချောင်ထဲမှာ ညစာပြင်နေတာ ဖြစ်ပြီး ထမင်းပေါင်းအိုးနှင့် ဆန်ပြုတ် ပြုတ်ထားရင်း အာလူးကို အချောင်းလေးတွေ လှီးနေခဲ့သည်။

ဖူမင်ရှစ်မှာ ခေါက်ဆွဲပြုတ်တာက လွဲလို့ အချက်အပြုတ်စွမ်းရည် မရှိဘူး ဆိုတာ သိသော ကျန်းပေါင်က “ ကျွန်မ လှီးပေးမယ်။ ” ဟု ပြောလိုက်သည်။ သို့သော် ဖူမင်ရှစ်က လက်မခံပါ။ သူမကို လှည့်ကြည့်ပြီး “ မင်း အရင်ဆုံး မျက်နှာသွားသစ်လိုက်ပါဦး။ ” ဟု ပြောကာ အာလူးကို ဖြည်းဖြည်းချင်း ဂရုတစိုက် ဆက်လှီးနေခဲ့သည်။ သူ့ပုံစံက မီးဖိုချောင်သုံးဓါးနှင့် အကျွမ်းတဝင်မရှိတာ သိသာထင်ရှားသည်။

ကျန်းပေါင်က ဘာမှ မပြောတော့ဘဲ မျက်နှာသွားသစ်ပြီးမှ သူ့အခြေအနေကို နောက်တစ်ခေါက် ပြန်လာကြည့်လိုက်သည်။ ဖူမင်ရှစ် ထိုအာလူးကို လှီးနေတာ အခုထိ တစ်ဝက်တောင် မကျိုးသေးပေ။ ဗိုက်ဆာလှပြီ ဖြစ်တဲ့ ကျန်းပေါင်က သူ့ကို တွန်းဖယ်ကာ သူမကိုယ်တိုင်ပဲ လျှပ်စီးအလျင်နှင့် ကိုယ်တိုင်ကိုယ်ကျ ဝင်လှီးလိုက်တော့သည်။

သူမရဲ့ အမူအရာက အာရုံစူးစိုက်ထားပြီး ဓားကိုင်စွမ်းရည်ကလည်း သွက်လက်ကျွမ်းကျင်သည်။ အာလူးချောင်းတွေကလည်း ဖူမင်ရှစ် အချိန်ကုန်ခံပြီး ကြိုးစားအားထုတ်ထားတက် အများကြီး ပိုသေးပြီး အမြင်လှသည်။

“ ကိုယ့်ဇနီးလေးက အရမ်း တော်တာပဲ။ ” သူမ အာလူးလှီးပြီးသွားသည်နှင့် တစ်ပြိုင်နက် ဖူမင်ရှစ်က သူမကို အနောက်ကနေ လာဖက်သည်။

ဖူမင်ရှစ်ဟာ သူတို့ အတူတူ မအိပ်ခင်တုန်းကထက်တောင် သူမအပေါ် ပို၍ တွယ်ကပ်လာကြောင်း ကျန်းပေါင် ရုတ်တရက် သတိထားမိသည်။ မနက်တုန်းက အဘွားကော ပြောတဲ့ စကားတွေနှင့် လုံးဝ ဆန့်ကျင်ဘက်ပင်။

ညစာက အာလူးချောင်းချဉ်စပ် ၊ ကြက်ဥမွှေကြော်တို့နှင့် အလွန် ရိုးရှင်းသည်။

ညနေဘက် ခြံထဲမှာ လမ်းလျှောက်ပြီးနောက် ဖူမင်ရှစ်က ကျန်းပေါင်ကို အရင်ဆုံး ရေချိုးခိုင်းသည်။ ကျန်းပေါင်က သူမကို မနေ့ညတုန်းကလို ထပ်မလှည့်စားဖို့ ကတိပေးခိုင်းတော့ ဖူမင်ရှစ်က လက်မြှောက်ပြီး “ ကိုယ် ဘုရားကို တိုင်တည်တယ်။ ” ဟု ပြောသည်။

ကျန်းပေါင် ပြုံးလိုက်ပြီး အပေါ်ထပ်ကို တက်ကာ အဝတ်အစားတွေ သွားယူလိုက်သည်။ သို့သော်လည်း သူမ ရေချိုးရင်း အပြင်ဘက်က အသံဗလံတွေကို နားစွင့်မိထားဆဲ ဖြစ်သည်။ အပေါ်ထပ်ကနေ ဖူမင်ရှစ် နားထောင်နေတဲ့ သီချင်းသံတွေ ပျံ့လွင့်လာတော့မှ ကျန်းပေါင် စိတ်အေးသွားပြီး ဆပ်ပြာမြှုပ်တွေကို မျက်လုံးမှိတ်၍ ရေဆေးချလိုက်သည်။

သို့သော် ဆပ်ပြာမြှုပ်တွေ အားလုံးကို ရေမဆေးချရသေးခင်မှာ သစ်သားပြားတွေနှင့် ကာရံထားသော ရေချိုးခန်းလေးရဲ့ အပြင်ဘက်ကနေ ချောင်းဟန့်သံ သဲ့သဲ့ကို ရုတ်တရက် ကြားလိုက်ရ၏။ ကျန်းပေါင် ထိတ်လန့်တကြား အော်မိတော့မလို ဖြစ်သွားကာ ရေပန်းခေါင်းကို လှမ်းယူရမည့်အစား တဘက်ကိုသာ တုန်ယင်စွာ ယူလိုက်မိသည်။ တစ်ချိန်တည်းမှာပဲ အတွင်းခံလေး တစ်ထည်ကိုသာ ဝတ်ထားတဲ့ ဖူမင်ရှစ်က လိုက်ကာကို ဆွဲဖယ်၍ ရေချိုးခန်းထဲကို ဝင်ရောက်လာခဲ့သည်။

ကျန်းပေါင်က သူမရဲ့ ရင်ဘတ်ကို လက်တစ်ဖက်နှင့် အုပ်ပြီး ကျန်လက်တစ်ဖက်မှာ တဘက်ကို ကိုင်၍ ခန္ဓာကိုယ်အောက်ပိုင်းကို အုပ်ကာ ခေါင်းငုံ့ထားလိုက်သည်။ “ ကျေးဇူးပြုပြီး ထွက်သွားပေးပါ။ ” ဒါက စိတ်လှုပ်ရှားစရာကောင်းလွန်းတယ် … ။

“ တိုးတိုး ပြောလေ။ ” ဖူမင်ရှစ်က ရေပန်းခေါင်းလေးကို ပိတ်ကာ သူမကို နူးညံ့ညင်သာစွာ သတိပေးသည်။ ကျန်းပေါင် သူနှင့် စကားမပြောချင်ပါ။ ရေချိုးခန်းထဲက ထွက်သွားချင်ပေမဲ့ တစ်ခုတည်းသော ထွက်ပေါက်ကို ဖူမင်ရှစ်က ပိတ်ထားသည်။ ကျန်းပေါင်သည် နံရံကို အနေရခက်စွာ မှီထားရင်း နံရံပေါ်က အက်ကွဲကြောင်းလေးတစ်ခုကို ရှာတွေ့ပြီး ထိုအက်ကွဲကြောင်းထဲကို တွားသွားဝင်နိုင်ပါစေဟု ‌ဆုတောင်းနေမိသည်။

“ ကိုယ် မင်းကို ရေချိုးပေးမယ်။ ” ဖူမင်ရှစ်က သူ့ရဲ့ တုန်ယင်တောင့်တင်းနေသော ဇနီးလောင်းလေးဆီ လျှောက်သွားပြီး ပွေ့ဖက်လိုက်သည်။ ထို့နောက် သူ့လက်တွေကို သူမရဲ့ ပခုံးပေါ် တင်ကာ အမှန်တကယ်ပဲ ရေချိုးပေးနေခဲ့ပါသည်။ သို့သော်လည်း သူ့လှုပ်ရှားမှုတွေက ညင်သာလွန်းသည် ၊ ကျူးကျော်လွန်းသည်။

အများသုံး ရေချိုးခန်းအဆောက်အဦတွေမှာ ရှိတဲ့ ဝန်ထမ်းတွေသာ ဧည့်သည်တွေကို သူ့လိုပဲ ရေချိုးပေးပါက သူ့လို ကြွက်သားတောင့်တင်းသော ခန္ဓာကိုယ်နှင့် ချောမောသော ရုပ်ရည် မရှိလျှင် အချိန်ပြည့် ကွန်ပလိန်းတက်ခံရဖို့ သေချာသည်။

ဖူမင်ရှစ်ရဲ့ အကြည့်က သူမရဲ့ ကျောပြင်ပေါ်ကို ရောက်ားလာပြီး “ မင်း ( ၂ ) နှစ် ကျောင်းထွက်ထားတဲ့ အချိန်တုန်းက စိုက်ပျိုးရေးလုပ်သေးလား ဖန့်ပေါင်။ ” ဟု နူးညံ့စွာ မေးသည်။ ကျန်းပေါင်က သူ့ရင်ဘတ်မှာ နဖူးကပ်ကာ တင်းကြပ်စွာ မျက်လုံးမှိတ်ထားလျက် ခပ်ဖြည်းဖြည်း ခေါင်းညိတ်ပြလိုက်သည်။

“ အဲ့ဒါဆို ဘာလို့ မင်း အသားမညိုတာလဲ။ ” ဖူမင်ရှစ်က သူမကို ခါးကနေ ပွေ့ချီကာ ရေပန်းအောက်ကို ခေါ်လာခဲ့လိုက်သည်။

ကျန်းပေါင် နွေရာသီမှာ စိုက်ပျိုးရေးလုပ်တုန်းက နည်းနည်းလေး အသားညိုခဲ့ပေမဲ့ ဆောင်းရာသီ ရောက်တော့ အသားပြန်ဖြူသွားသည်။ သို့သော်လည်း ဘယ်လိုပဲ ဖြေဖြေ ၊ သူမရဲ့ အဖြေကို ဖူမင်ရှစ် ဂရုမစိုက်မှန်း သိပါသည်။

“ မင်းအသားလေးက ဖြူဥနေတာပဲ။ ”

သူက ရေပန်းခေါင်းကို ဖွင့်လိုက်တော့ ရေပူတွေ မိုးရွာချသလို စီးကျလာကာ သူတို့နှစ်ယောက်ကို ရွှဲရွှဲစိုသွားစေသည်။ ဖူမင်ရှစ်က သူမရဲ့ နားရွက်လေးကို နမ်းလိုက်သည်။ “ ဖြူဥပြီး နူးညံ့နေတာပဲ။ မင်းက အရမ်း လှတယ်။ ”

ဖူမင်ရှစ်က မရပ်မနား လှုံ့ဆော်နေတာမို့ ကျန်းပေါင် သူ့လည်ပင်းကို လက်နှစ်ဖက်နှင့် သိုင်းဖက်ထားလိုက်သည်။ သူမရဲ့ မျက်နှာပေါ်ကို ရေတွေ အဆက်မပြတ် စီးကျနေတာမို့ အသက်လုရှူနေရသည်။ သူမရဲ့ အခက်အခဲကို သတိထားမိပုံပေါ်သော ဖူမင်ရှစ်က သူမခြေထောက်တွေကို ရုတ်တရက် မြှောက်လိုက်သည့်အခါ ကျန်းပေါင်သည် သူ့ပခုံးကို အလန့်တကြား ကုပ်တွယ်ပြီး ရေနစ်တော့မည့် လူတစ်ယောက်လို ပင့်သက်ရှိုက်မိသည်။

ရေချိုးခန်းထဲမှာ ခုံသေးသေးလေး တစ်လုံး ရှိသည်။ ဖူမင်ရှစ်က ထိုခုံလေးကို ခြေထောက်နှင့် ဆွဲယူပြီး သူမကို ပွေ့ဖက်လျက် ထိုင်လိုက်သည်။ ထို့နောက် သူမရဲ့ လက်ကို ဆုပ်ကိုင်၍ သူ့ကျောပေါ် တင်ပေးကာ မျက်ဝန်းနက်နက်များဖြင့် စိုက်ကြည့်ပြီး “ ကိုယ့်ကို ရေချိုးပေး။ ” ဟု ပြောသည်။ ရေစိုနေတဲ့ သူ့ဆံပင်တိုတိုဟာ ညို့ဓာတ်တစ်မျိုးကို ထုတ်လွှတ်ပေးနေသည်။

ကျန်းပေါင်သည် သူ့ပခုံးကို မောပန်းစွာ မှီတွယ်ထားရင်း “ အခန်းထဲကို ပြန်သွားရအောင်။ ” ဟု အသနားခံလိုက်သည်။ သို့သော် ဖူမင်ရှစ်က သူမကို နမ်းပြီး “ အခန်းထဲမှာ အရမ်း ပူတယ်။ ဒီထဲမှာဆို အေးတယ်။ ” ဟု ပြန်ပြောသည်။

ကျန်းပေါင်က သူ့ကို ထပ်စည်းရုံးချင်သေးသော်လည်း သူ့လက်တွေက သူမရဲ့ မသင့်လျော်တဲ့ အစိတ်အပိုင်းတွေကို စတင်ထိတွေ့လာခဲ့သည်။ ဘေးအိမ်က အဘွားကော ကြားသွားမှာ စိုး၍ တင်းကြပ်စွာ နှုတ်ခမ်းကိုက်ထားရုံက လွဲလို့ ကျန်းပေါင်မှာ ရွေးချယ်စရာ မရှိတော့ပေ။ ဒုတိယထပ်ရှိ သီချင်းသံက တစ်ကြိမ်သာ ဖွင့်ပြီး ရပ်သွားသည်။

ရေချိုးခန်းထဲရှိ ရေသံတွေက ဆူညံသံ အကာအကွယ် တချို့ကို ပေးသော်လည်း ကျန်းပေါင်ကတော့ ပါးစပ်ကို လက်နှင့် အုပ်ထားရင်း မျက်နှာချင်းဆိုင်ရှိ ရေချိုးခန်းနံရံဟာ သူမရဲ့ လက်က အင်အားကို တောင့်မခံနိုင်ဘဲ ပြိုလဲသွားမှာကို မကြာခဏ စိတ်ပူနေမိသည်။

သူတို့နှစ်ယောက် ရေချိုးခန်းထဲမှာ အကြာကြီး နေခဲ့သည်မှာ ရေပူကန်ထဲက ရေတွေ ခမ်းခြောက်သွားသည်အထိပင်။ နောက်ဆုံးတော့ ဖူမင်ရှစ်က ကျန်းပေါင်ကို အပေါ်ထပ်ကို ပွေ့ချီလာပေးခဲ့သည်။ ကျန်းပေါင်က အိပ်ရာပေါ်မှာ ပင်ပန်းနွမ်းနယ်စွာ ခြေပစ်လက်ပစ် လဲလျောင်းနေမိသည်။ သူမရဲ့ ခြေထောက်တွေက အားကစားခန်းမမှာ ( ၁ ) ကီလိုမီတာ ပြေးခဲ့တာထက်တောင် နာကျင်ကိုက်ခဲနေသည်။

“ ဒီမှာ အကြာကြီး နေလို့ ရရင် ကောင်းမယ်နော်။ ” ဖူမင်ရှစ်က အိပ်ရာပေါ်မှာ လဲလျောင်းကာ သူမကို ပွေ့ဖက်လိုက်သည်။ “ ဒီပတ်ဝန်းကျင်က ကိုယ့်အတွက် အသစ်အဆန်း ဖြစ်တယ်။ ”

ကျန်းပေါင် သူ့ကို ထုရိုက်လိုက်မိသည်။

ဖူမင်ရှစ်က သူမရဲ့ လက်ကလေးကို ဆုပ်ကိုင်ပြီး နမ်းသည်။ “ ဒီမှာ ကိုယ်နဲ့ အတူတူ နေပါလား ဖန့်ပေါင်။ ” ဟု နူးညံ့ညင်သာစွာ မေးသောအခါ ကျန်းပေါင်ရဲ့ ရင်ထဲမှာ ခုန်လှုပ်သွားသည်။ သူက သူမရဲ့ ခန္ဓာကိုယ်ပေါ်ကို ဖြည်းညင်းစွာ အုပ်မိုးပြီး အရည်စိုလဲ့သော မျက်လုံးလေးတွေကို ကြည့်၍ လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။

“ မင်းကို ထပ်မထားခဲ့နိုင်တော့ဘူး။ ”

သူ့ရဲ့ ယောက်ျားဆန်သော ဆွဲဆောင်မှုနှင့် ရင်ခုန်ဖွယ်ရာ ချိုမြိန်သော စကားလေးတွေက အလွန် စိတ်လှုပ်ရှားစရာကောင်းသော်လည်း စဉ်းစားချင့်ချိန်နိုင်စွမ်း ရှိသေးတဲ့ ကျန်းပေါင်က “ ကျွန်မ ဘွဲ့ရတဲ့အထိ အဆောင်မှာပဲ နေမယ်။ ” ဟု ပြတ်သားစွာ ပြောလိုက်သည်။ နေ့တိုင်း သူနှင့်အတူ ရှိနေခြင်းက သူမကို အာရုံပျက်ပြားစေလိမ့်မည်။ ကျန်းပေါင် ပညာသင်ဆု လိုချင်သေးသည်။

ဖူမင်ရှစ်က သူမရဲ့ မျက်နှာလေးကို ကြင်နာစွာ ပွတ်သပ်လိုက်သည်။ “ မင်း မရှိတဲ့ အချိန်မှာ ကိုယ် မင်းကို လွမ်းရင် ဘယ်လို လုပ်ရမလဲ။ ”

ကျန်းပေါင် ပြုံးချင်စိတ်လေးကို ထိန်းချုပ်ထားလိုက်သည်။ “ ရှင် အရင်တုန်းက လုပ်ခဲ့တဲ့အတိုင်း လုပ်ပေါ့။ အဲ့အတိုင်းပဲ ဆက်သွား။ ” အချစ်မှာ အရူးအမူး နစ်မျောပျော်ဝင်ခြင်းက သူမကို ထိခိုက်စေလိမ့်မည်။ သူ့အကျိုးအတွက် ရှေးရှူသောအားဖြင့်လည်း သဘောမတူနိုင်ပါ။

ဒီနေ့က ကျားရှောင်ယုရဲ့ မွေးနေ့ ဖြစ်ပြီး ကျားရှောင်ယုက အခန်းဖော်တွေကို သူမတို့မိသားစုရဲ့ ပင်လယ်စာ စားသောက်ဆိုင်မှာ ပိတ်ရက်တွင် တွေ့ဆုံဖို့အတွက် ဖိတ်ခေါ်ထားသည်။ ဖန်ရွှမ်းကတော့ နိုင်ငံခြားကို ခရီးသွားနေတာမို့ အဝေးမှ ဆုမွန်ကောင်းတောင်းပေးရုံသာ တတ်နိုင်ကာ ကျန်းပေါင်နှင့် ချန်းလီလီသာ ထိုမွေးနေ့ပွဲကို လူကိုယ်တိုင် တက်ရောက်နိုင်၏။

ကျားရှောင်ယုက ကျန်းပေါင်အား ချစ်သူကိုပါ အတူ ခေါ်လာနိုင်သည်ဟု ပြောထားပေမဲ့ ကျန်းပေါင်ကတော့ ဖူမင်ရှစ်ကို ခေါ်လာလျှင် ရှက်စရာကောင်းသည်ဟု ခံစားရပြီး သူမရဲ့ အခန်းဖော်တွေလည်း အနေရခက်မည်ကို စိုးရိမ်သောကြောင့် ဖူမင်ရှစ်ကို ခေါ်မလာခဲ့ပေ။

ကျားရှောင်ယုတို့မိသားစုရဲ့ ပင်လယ်စာ စားသောက်ဆိုင်ဟာ ကျန်းပေါင်ရဲ့ တက္ကသိုလ်နှင့် အတော်လေး ဝေး၍ ကျန်းပေါင်သည် ရထားလိုင်း နှစ်လိုင်း ပြောင်းစီးခဲ့ရကာ ဆယ့်တစ်နာရီ မခွဲခင် အချိန်ကွက်တိလေးမှာ ရောက်သွားခဲ့သည်။

ကျားရှောင်ယုနှင့် ချန်းလီလီတို့က ပထမထပ်ရှိ ပြတင်းပေါက်ဘေး ထိုင်ခုံမှာ ထိုင်ကာ စကားစမြည်ပြောနေတုန်းမှာပဲ ဆိုင်တံခါးကို တွန်းဖွင့်ဝင်လာသော ကျန်းပေါင်ကို မြင်လိုက်ရသည်။ သူမကို အရင်ဆုံး မြင်တဲ့ ကျားရှောင်ယု လက်ဝှေ့ယမ်းပြလိုက်တော့ ချန်းလီလီကလည်း လှည့်ကြည့်သည်။ စားပွဲနားကို ကျန်းပေါင် ရောက်လာသောအခါ ချန်းလီလီက သူမကို အံ့အားသင့်စွာ စိုက်ကြည့်နေခဲ့သည်။

“ ငါတို့ တစ်ယောက်နဲ့ တစ်ယောက် မတွေ့ရတာ တစ်လကျော်လေးပဲ ရှိသေးတာပါ။ ကျန်းပေါင်က ဘာလို့ ဒီလောက်တောင် ပြောင်းလဲသွားတာလဲ။ ”

ကျားရှောင်ယုရဲ့ ဘေးမှာ ဝင်ထိုင်လိုက်သော ကျန်းပေါင်က သူမကို ဝိုင်းကြည့်နေသော အကြည့်တွေကြောင့် နည်းနည်းလေး ရှက်ကိုးရှက်ကန်း ဖြစ်သွားပြီး “ ငါက ဘာတွေများ ပြောင်းလဲသွားလို့လဲ။ ” ဟု မေးလိုက်သည်။

“ နင့်အသားအရေက ပိုပြီး ချောမွေ့နုဖတ်လာသလိုပဲ။ ” ကျားရှောင်ယုက ကျန်းပေါင်ရဲ့ ပါးလေးကို ဖျစ်ညှစ်ရင်း ထိုသို့ စစနောက်နောက် ပြောလိုက်သော်လည်း ကျန်းပေါင်က ပါးရဲရဲလေးတွေနှင့် ရှောင်လိုက်တာမို့ ထိရုံသာ ထိကာ လက်ကို ပြန်ရုတ်လိုက်သည်။

ချန်းလီလီကတော့ အဓိပ္ပာယ်ပါပါ ရယ်မောပြီး “ အချစ်ရဲ့ စွမ်းအားက တကယ် ထူးခြားတာပဲ။ နင် ဒီနွေရာသီ ကျောင်းပိတ်ရက် တစ်လျှောက်လုံး ဘော့စ်ဖူနဲ့ အတူ ရှိနေတာမလား ကျန်းပေါင်။ ” ဟု မေးသောအခါ ကျန်းပေါင်က ချက်ချင်းပဲ အသည်းအသန် ဖြေရှင်းချက်ထုတ်ရလေသည်။

“ မဟုတ်ပါဘူး။ ငါ အချိန်ပိုင်းအလုပ် တစ်ခု လုပ်နေတော့ တစ်နွေရာသီလုံး ကျောင်းအဆောင်မှာပဲ နေခဲ့တာပါ။ ”

“ ငါက နင့်ကို အဆောင်မှာ နေတာ မဟုတ်ဘူးလို့ မပြောမိပါဘူးနော်။ ဘာလို့ ငါတို့ကို နင် ဘယ်မှာ နေလဲ ဆိုတာ ရှင်းပြနေတာလဲ။ ” ချန်းလီလီက အမှန်တရားကို ချက်ချင်း ဖောက်ထွင်းမြင်သည်။

ကျန်းပေါင်က ဘာမှ ပြန်မပြောတော့ဘဲ ဖျော်ရည်တချို့ကိုသာ ဖန်ခွက်ထဲ လောင်းထည့်နေလိုက်ပါသည်။ ကျားရှောင်ယုနှင့် ချန်းလီလီက သူမကို ခဏလောက် စနောက်ပြီးသောအခါ အစားအသောက်တွေကို စတင်မှာယူခဲ့ပြီး နွေရာသီ ကျောင်းပိတ်ရက်အတွင်းမှာ သူတို့ လုပ်ခဲ့တဲ့ အစီအစဉ်တွေအကြောင်း စားမြုံ့ပြန်နေခဲ့ကြသည်။

ပင်လယ်စာတွေကို စားသောက်ပြီးနောက် ကျားရှောင်ယုက သူတို့ကို ရုပ်ရှင်လိုက်ပြသည်။ အဲ့ဒီနောက် ကိုယ်စီ လမ်းခွဲ၍ အိမ်ပြန်လာခဲ့ကြသည်။ ကျန်းပေါင်ကတော့ မြေအောက်ရထားလိုင်းကိုပဲ ထပ်စီးရသည်။ နွေရာသီ ပိတ်ရက် ဖြစ်၍ မြို့တော်မှာ ကမ္ဘာလှည့်ခရီးသွားတွေ အများကြီး ရောက်နေတာမို့ ခါတိုင်းထက် လူပြည့်ကြပ်နေ၏။ ကျန်းပေါင်က လက်ကိုင်တန်းလေးကို လက်တစ်ဖက်နှင့် ကိုင်ကာ ပိုက်ဆံအိတ်ကို ကျန်လက်တစ်ဖက်နှင့် ခပ်တင်းတင်း ဆုပ်ကိုင်ထားရင်း ဖုန်းအခိုးခံရမှာ စိတ်ပူနေမိသည်။

မှတ်တိုင် နှစ်မှတ်တိုင် ကျော်လာချိန်မှာတော့ ဖူမင်ရှစ်ရဲ့ ဖုန်းကောလ်လေး ဝင်လာခဲ့သည်။

“ အပြင်ရောက်နေတာလား။ ”

ကျန်းပေါင် ခေါင်းညိတ်ပြလိုက်သည်။ “ ဒီနေ့က ရှောင်ယုရဲ့ မွေးနေ့လေ။ ကျွန်မတို့ အခုလေးတင် ရုပ်ရှင်ကြည့်ပြီးတာ။ အဲ့ဘက်မှာ ဘယ်အချိန်လဲ။ ”

ဖူမင်ရှစ်ဟာ အလုပ်ရှုပ်တဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက် ဖြစ်တဲ့အလျောက် လွန်ခဲ့တဲ့ ရက်ပိုင်းတုန်းက နိုင်ငံခြားကို သွားပြီး အဘိုးဖြစ်သူထံ သွားရောက်လည်ပတ်ခဲ့သည်။ မနက်ဖြန် ပြန်လာမည်ဟု သူ့ပြောစကားအရ သိရသည်။

“ ကိုယ် မင်းအဆောင်ရဲ့ အောက်ထပ်မှာ ရောက်နေပြီ။ ” ဖူမင်ရှစ်က မိန်းကလေးဆောင် အပြင်ဘက်ရှိ အရိပ်ရ သစ်ပင်တစ်ပင်အောက်မှာ ရပ်ပြီး အားလျော့စွာ မေးလိုက်သည်။ “ မင်း ဘယ်အချိန် ပြန်ရောက်မှာလဲ။ ” သူမကို စပရိုက်တိုက်ဖို့ ရည်ရွယ်ထားသော်လည်း သူမမှာ အစီအစဉ်တွေ ရှိနေလိမ့်မည်ဟု မျှော်လင့်မထားခဲ့။

ကျန်းပေါင်တစ်ယောက် နှလုံးခုန်မြန်လာကာ မြေအောက်ရထားလိုင်း အချိန်ဇယားကို ကြည့်ပြီး အကြမ်းဖျင်း တွက်ဆလိုက်သည်။ “ ကျွန်မ နောက်ထပ် ရထားတစ်စီးကို ပြောင်းစီးရဦးမယ်။ ဆယ်မိနစ်လောက်ဆို ရောက်မယ် ထင်တယ်။ ”

“ ကိုယ် မြေအောက်ရထားထွက်ပေါက်မှာ စောင့်နေမယ်။ ” ဖူမင်ရှစ်က ဖုန်းချလိုက်ပြီး ကျောင်းဂိတ်သို့ ချက်ချင်း လျှောက်သွားခဲ့သည်။

***

All Chapters