← Chapters

အပိုင်း(၂၄၃)-ပိတ်မိနေသော လျှို့ဝှက်သတ္တဝါ

Vol. 003 Ch. 243

အပိုင်း(၂၄၃)-ပိတ်မိနေသော လျှို့ဝှက်သတ္တဝါ

Vol. 003 Ch. 243

အားလုံးကြည့်လိုက်ရာ ကျွန်းသည် စတင်ယိမ်းထိုးကာ ဝိညာဉ်သားရဲများသည် ကောင်းကင်သို့မျှော် ကာ အော်ကြလေသည်။ အော်သံများသည် ထိန်းမရ နိုင်လောက်အောင် ကြောက်သံများပါနေကြပြီး မျှော်လင့်ချက်မဲ့နေသလိုပင်။

ကျွန်းပေါ်မှ ဝိညာဉ်သားရဲများသည် ထွက်ပြေးချင်သော်လည်း သူတို့သည် ကျွန်းမှ ထွက်မရပေ။ မသဲကွဲသော တောင်းအတွင်း၌ သက်ရှိသတ္တဝါများ ပိတ်မိနေသလိုပင်။

ရုတ်တရက်ဆိုသလိုပင် အနက်ရောင်အလင်းတန်းသည် ကျွန်းအလယ်မှ ကောင်းကင်ပေါ်သို့ ထိုးထွက်သွားပြီး သက်ရှိများကို စုပ်ယူတော့သည်။ စံတင်ဝိညာဉ်အဆင့်ရှိသာ အံဖွယ်သားရဲများပင်လျှင် ထိုဘေးဒုက္ခကို မရှောင်ရှားနိုင်ပေ။

“အဲအလင်းတန်းက သရဲစီးနေသလိုပဲ”

“အဲကြောက်ဖို့ကောင်းတဲ့ ကိုယ်ရောင်ကိုယ်ဝါက ထွက်လာတာဖြစ်မယ်”

“ဘာတွေဖြစ်နေကြတာလဲ အဲဒီသတ္တဝါတွေအကုန် သေသွားတာလား”

“ငါတို့သာ အဲမှာရှိနေရင်တော့….”

အားလုံး၏ စိတ်များ တုန်လှုပ်လာသည်။ ရှီမာယူယူ သူတို့အား ခေါ်ထုတ်လာလို့သာ တော်သေးသည်။ သူသည် အားလုံး၏ အသက်ကို ကယ်တင်ခဲ့သည်။

“အဲဒါဘာကြီးလဲ” ရှီမာယူယူသည် အတွေးမဲ့စွာ ပြောလိုက်သည်။

ရှီမာယူလင်း၏ မျက်နှာသည် ကြောက်ရွံ့မှု ရောဖက်ကာ ပြောလိုက်သည် “အဲဒါဘာပဲဖြစ်ဖြစ် ငါတို့ဆန့်ကျင်နိုင် တဲ့ ဟာတော့မဟုတ်ဘူး”

ဟိန်းသံလေးသည် ထိုအလင်းတန်းအားမြင်သည်နှင့် အလွန်အမင်း မတည်မငြိမ်ဖြစ်ကာ ရှီမာယူယူ၏ ရင်ခွင်ထဲသို့ လွှတ်ခနဲ ခုန်တက်ကာ ကျွန်းဘက်သို့ ဟိန်းလိုက်လေသည်။

ဟိန်းသံပေါ်ထွက်လာသည်။

ထိုအလင်းတန်းသည် ခဏတာမျှ ရပ်တန့်သွားသော်လည်း ထိုသတ္တဝါများကို ဆက်လက်စုပ်ယူနေလေသည်။

ဟိန်းသံလေးသည် မတည်မငြိမ်ဖြစ်နေသောကြောင့် ကမူးရှုးထိုးဖြစ်နေသည်ကို ရှီမာယူယူခံစားမိသဖြင့် သူ့အား ဝိညာဉ်စေတီထဲသို့ ထည့်ထားလိုက်သည်။

ရုတ်တရက်ပင် ထိုကျွန်းဆီသို့ သက်ရှိတစ်ကောင်လာနေသည်ကို သူမ ခံစားမိလိုက်သည်။ သူမ ခေါင်းမော့ကြည့်ရာ ဧရာမငှက်ကြီးကိုတွေ့လိုက်ရတော့သည်။

“ဟာစွန်လား”

ဟာစွန်သည် သင်္ဘောဆီသို့ဆင်းသက်ကာ သူမအား ကြည့်လိုက်သည်။ ထို့နောက်တွင် သူသည် အလွန်အမင်း လေးနက်သော ပုံဖြင့် ကျွန်းဘက်သို့ကြည့်လိုက်သည်။

သူရုတ်တရက်ပင် လှုပ်ရှားကာ လေထဲသို့ပျံသွားပြီး ထိုအလင်းတန်းသည် ပိုမိုကျယ်ပြန့်လာမည်စိုးသောကြောင့် အလင်းတန်းအား ပြင်းပြင်းထန်ထန် တိုက်ခိုက်တော့သည်။

ထိုအနက်ရောင်အလင်းတန်းများ ပွင့်လာသည်ကို အားလုံး ခံစားမိပြီး သူတို့သည် အပြင်တွင်ရှိနေသော်လည်း စုပ်ယူခံနေရသည်။

ဟာစွန်၏ တိုက်ခိုက်မှုသည် အတားအဆီးအား ထိုးဖောက်ပြီး အနက်ရောင်အလင်းတန်းကို ထိမှန်သည်ကို ရှီမာယူူယူ မြင်လိုက်ရသည်။ အနက်ရောင်အလင်းတန်းသည် အန္တရာယ်အား ခံစားမိပြီး ရုတ်တရက်ပင် ဦးတည်ချက်ပြောင်းကာ ဟာစွန်၏ မီးတောက်အား တိုက်ခိုက်တော့သည်။

“ဘုန်း”

ကောင်းကင်တစ်ခုလုံး လှုပ်ခတ်သွားသလိုပင် အားလုံးခံစားလိုက်ရသည်။ သူတို့သာ ထိုတိုက်ခိုက်မှု ထိမှန်ပါက ငရဲသို့ အလည်သွားရမည်သာဖြစ်သည်။

“အားကောင်းလိုက်တာ….” တစ်စုံတစ်ယောက်သည် အချိန်အတော်ကြာမှပင် အသံတိုးတိုးလေး ပြောလိုက်သည်။

ထိုအလင်းတန်းသည် ဟာစွန်၏ တိုက်ခိုက်ခြင်းကို ခံရပြီးနောက် အားနည်းလာခဲ့သည်။ ထို့နောက်တွင် ထိုကြောက်စရာကောင်းလောက်သော အခြေအနေဘယ်တော့မှ မဖြစ်ခဲ့သလိုပင် သက်သေ တစ်စွန်းတစ်စမျှ မကျန်ခဲ့ဘဲ ထိုအလင်းတန်းသည် ကျွန်းဆီသို့ နောက်ပြန်ဆုတ်သွားလေသည်။

ထိုမှသာ သင်္ဘောပေါ်မှလူများသည် သူတို့စိတ်ထဲမှ အကြောက်တရားများ လျော့ပါးသွားကာ အသက်ပြင်းပြင်း ရှုနိုင်တော့သည်။

“အဲဒီ အနက်ရောင်အလင်းတန်း ပျောက်သွားပြီ”

“အခု ငါသေမင်းကိုတွေ့လိုက်ရသလိုပဲ”

“သူလာလို့ ကံကောင်းသွားတယ်၊ မဟုတ်ရင် ငါတို့်တော့ ဒီနေ့ ဒီမှာပဲ သေသွားတော့မှာ”

“စီနီယာကြီး ကူညီတဲ့အတွက် အများကြီးကျေးဇူးတင်ပါတယ်” သက်ကြီးဝါကြီးပုဂ္ဂိုလ်သည် ကျေးဇူးတင်စွာ အရိုအသေပေးလိုက်လေသည်။

ဟာစွန်ခေါင်းညိတ်ကာ ပြောလိုက်သည် “သင်္ဘော ထွက်ဖို့ပြင်လိုက်တော့ ဒီနေရာကနေ ထွက်ရအောင်”

“ဟုတ်ကဲ့” သက်ကြီးဝါကြီးပုဂ္ဂိုလ်သည် ချက်ချင်းပင် သူ့လူများကို သင်္ဘောအား ပြင်ဆင်ကာ ထိုကျွန်းမှ လျင်မြန်စွာ ထွက်ခွာတော့သည်။

အားလုံး ကျွန်းမှထွက်ခွာသည်နှင့် ရှီမာယူယူသည် ဟာစွန်အားကြည့်ကာ ပြောလိုက်သည် “မင်းဒီမှာ ဘာလုပ်နေတာလဲ”

“ငါပြန်လာတော့ မင်း ဝေဒနာမေ့ပျောက်ကျွန်းကို လာမယ်လို့ကြားခဲ့တယ်” ဟာစွန်ပြောလိုက်သည် “မင်း ဒီတိုင်းပြည်အတွင်းရှိတုန်းမှာ ငါမင်းကို ကာကွယ်မယ်လို့ပြောခဲ့တယ်မလား… ငါပြောတာကို ကတိတည်ရမှာ အသေချာပဲလေ”

သူမ ထိုကျွန်းသို့လာမည်ဟု ကြားသည့်အချိန်တွင် သူ တဟုန်ထိုးဒေါသထွက်ခဲ့သည့် အကြောင်းကိုတော့ သူထည့်မပြောတော့ပေ။ ဒီလူ အရေးပေါ်အချိန်အတွင်းတွင် သူရောက်သွားလိမ့်မည်ဆိုသည်ကို သူ ထင်မထားခဲ့ပေ။

“မင်း ငါ့ကိုစိုးရိမ်လို့ လာတာမလား” ရှီမာယူယူသည် ဟာစွန်အား အားရပါးရပြုံးပြလိုက်သည်။

“ကိုယ့်ကိုယ်ကို အထင်ကြီးနေ” ဟာစွန်သည် ထိုစကားသာပြောသည်။

“ဘယ်လို ကိုယ့်ကိုယ်ကို အထင်ကြီးတာလဲ၊ မင်း ငါ့ကိုစိုးရိမ်တာမဟုတ်ရင် ဘာစိုးရိမ်တာလဲ… ဘာတွေရှက်နေတာလဲ” ရှီမာယူယူသည် ရှေ့တိုးကာ အရှက်မရှိပဲ ဟာစွန်၏ လက်မောင်းကို ဆွဲလိုက်သည်။ သူမသည် သူ့အား လုံးဝမကြောက်ပေ။

ယူယူသည် အထွတ်အထိပ်သားရဲနှင့် ရင်းနှီးသည်ကို မြင်သောအခါ သင်္ဘောပေါ်မှ လူများသည်အလွန်အမင်း အားကျကြသည်။

ဒီကောင်လေးမှာ အံ့ဖွယ်သားရဲတွေလည်း အများကြီးရှိတယ်၊ ပြီးတော့ အထွတ်အထိပ်သားရဲနဲ့လည်း အပေးအယူတွေဖြစ်နေတယ်… အားကျစရာကောင်းလိုက်တာ…

“ဟာစွန် မင်းပြီးခဲ့တဲ့တစ်ခေါက်က ဒဏ်ရာရလာခဲ့တာ ဒီကိုလာခဲ့လို့လား” ရှီမာယူယူ မေးလိုက်သည်။

“ဟုတ်တယ်”

“အောက်မှာ ကြောက်စရာကောင်းတဲ့ သက်ရှိနေတယ်လို့ နီရဲပျားဘုရင်မပြောတယ်၊ အဲဒါဘာလဲ မင်းသိလား” ရှီမာယူယူ မေးလိုက်သည်။

ဟာစွန် ခေါင်းရမ်းကာ ပြောလိုက်သည် “ငါ ပြီးခဲ့တဲ့တစ်ခေါက်က သူငယ်ချင်းတစ်ယောက်က အကူအညီတောင်းခဲ့တယ်၊ ပြီးတော့ ငါသူ့မျိုးဆက်တွေကို ယူဖို့လာပြီး အဲဒီဟာနဲ့ တိုက်ခိုက်ခဲ့တယ်၊ ငါ မတိုက်နိုင်ခဲ့ဘူး”

“မင်းတောင်မှ သူ့ကို မနိုင်ဘူးလား” ရှီမာယူယူသည် အေးစက်စွာ ပင့်သက်ရှိုက်လိုက်သည်။

“အဲဒါက ဒီမှာအပိတ်ခံထားရတာဖြစ်မယ်၊ ငါလည်း ကြိုးစားပြီး လောင်းကြေးစားမလို့ပဲ၊ ငါတကယ်တမ်း တွေ့တော့ ငါက သူ့ပြိုင်ဘက်မဖြစ်နိုင်ဘူး” ဟာစွန်ပြောလိုက်သည်။

“ကြောက်ဖို့ကောင်းလိုက်တာ” ရှီမာယူယူသည် ကြောက်ရွံ့သည့် သဘောအနေနှင့် သူမ ရင်ဘတ်အား ဖိထားလိုက်သည်။

သူမ မျက်လုံးထဲတွင် ကြောက်ရွံ့မှုမရှိသည်ကို ခံစားရသူမှာ ရှီမာယူလင်း တစ်ယောက်သာဖြစ်သည်။ ဟာစွန် မရောက်လာခဲ့လျှင်လည်း သူမ အဆင်ပြေနိုင်ကြောင်းကို သူ သိသည်။

“မင်း နီရဲပျားဘုရင်မကို ရလာတာလား” ဟာစွန် မေးလိုက်သည်။

“ဟုတ်တယ်၊ ငါကတော့ ကံကောင်းနေတယ်” ရှီမာယူယူ ပြောလိုက်သည်။

ဟာစွန် ခေါင်းညိတ်ပြီး သူမ လက်အား မဖယ်ပဲ ပြောလိုက်သည် “ပြီးခဲ့တဲ့တစ်ခေါက်က ငါလာတော့ နီရဲပျားဘုရင်မ ပြောင်းလဲတာကို သိခဲ့တယ်၊ မင်း သူမကို ရလာလိမ့်မယ်လို့ ထင်မထားဘူး”

“ဒါက မင်းနဲ့ငါကြားက ရေစက်ပဲ” ရှီမာယူယူသည် ပြုံးပြီးပြောလိုက်သည်။

ဟာစွန် ဘာမှမပြောပဲ ပြုံးလိုက်သည်။

သူမ ကံကောင်းလွန်းသည်။ မဟုတ်ဘူး၊ သူမ ကံကြမ္မာက ကောင်းနေတာ။ ထိုကံကောင်းသူသည် အခွင့်အရေးကောင်းများကို ဆက်လက်ရရှိမည်။ ထိုကဲ့သို့ လူမျိုးများသည် ကံကောင်းစွာ မွေးဖွားလာခဲ့သည်။

သူ ကျွန်းဘက်ဦးတည်ကြည့်ပြီး ရေရွှတ်လိုက်သည် “ပြဿနာတော့ ဖြစ်နေပြီ…”

သူပြောသည်ကို ကြားသောအခါ ရှီမာယူယူနှင့် ရှီမာယူလင်းတို့သည် စိတ်ထင့်သွားကြသည်။

ပြန်လမ်းတစ်လျှောက်တွင် ပင်လယ်သည် မူမမှန်သည်ကို ရှီမာယူယူခံစားမိလိုက်သည်။ အပြန်လမ်းတွင် တွေ့ရသော ပင်လယ်သားရဲများသည် အလာတုန်းကတွေ့ခဲ့ရသည်ထက် ပိုများခဲ့သည်။ အင်အားလည်း ပိုမိုကြီးမားသော အကောင်များဖြစ်ကြသည်။ စံတင်ဝိညာဉ်အဆင့် အံ့ဖွယ်သားရဲများပါ ပါဝင်လာခဲ့သည်။

ထိုပင်လယ်သားရဲများ နီးကပ်လာတိုင်းတွင် ဟာစွန်သည် သူ၏ အထွတ်အထိပ်သားရဲကိုယ်ရောင်ကိုယ်ဝါကို အသုံးပြုလိုက်သဖြင့် သူတို့နောက်ဆုတ်သွားကြသည်။

ရှီမာမျိုးနွယ်ဝင်များသည် ပင်လယ်သားရဲများအုပ်စုလိုက် နောက်ပြန်ဆုတ်သွားသည်ကို ကြည့်ပြီး ဝမ်းမြောက်စွာဖြင့် “သူ ရှိနေလို့ တော်သေးတာပေါ့၊ မဟုတ်ရင် ငါတို့ချည်းပဲဆိုရင် အပြန်လမ်းမှာ ဘာဖြစ်မလဲ မပြောတတ်ဘူး”

လတစ်ဝက်ကျိုးသွားသောအခါ သူတို့သည် အန်းမြို့တော်သို့ ရောက်သည်နှင့် ပျံသန်းနိုင်သော သားရဲများဖြင့် လဲလှယ်ကာ အန်းယန်းမြို့တော်သို့ ခရီးဆက်ကြလေသည်။

သူတို့ လရှုရှိုက်မြက်ပင်နှင့် တိမ်ပန်းနေဝင်ပန်းတို့ ရှာတွေ့ခဲ့သည်ကိုသာ ရှီမာလင်းသိပါက သူ သေချာပေါက် ပျော်မည်ဖြစ်သည်။ ဝေဒနာမေ့ပျောက်ခြင်းကျွန်းတွင် ဖြစ်ခဲ့သော အဖြစ်အပျက်များကို သူကြားသောအခါ မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည် “အဲဝရုန်းသုန်းကားဖြစ်စေတဲ့ဟာက ပင်လယ်ဧရီယာဘက်ကို ရောက်သွားတာလား”

“မျိုးနွယ်ခေါင်းဆောင် ပင်လယ်ဧရိယာဘက်မှာ ဖြစ်တဲ့အုံကြွမှုက တိုင်းပြည်ကို အကျိုးသက်ရောက်တာ တစ်ခုခုတော့ဖြစ်စေလိမ့်မယ်၊ ကျွန်တော်တို့ အချိန်ယူပြီး ပြင်ဆင်ရလိမ့်မယ်” သက်ကြီးဝါကြီးပုဂ္ဂိုလ် ပြောလိုက်သည်။

“ဒါကတော့ သေချာတာပေါ့ ဒါပေမယ့် ငါတို့်အခြေအနေကလည်း အခုလောလောဆယ် အရမ်းမကောင်းသေးဘူး၊ ငါတို့ အဲဒါကို အမိဖမ်းဖို့ဆိုရင် လက်နှစ်ဖက်လုံးသုံးမှရမယ်” ရှီမာလင်း ပြောလိုက်သည် “ဒါပေမယ့် အဲဒါက ငါတို့နောက်လာမယ့် မျိုးဆက်တွေ ပုခုံးပေါ်မှာလည်း တာဝန်ရှိတယ်”

“မျိုးနွယ်ခေါင်းဆောင် ကျွန်တော်တို့ရှီမာမျိုးနွယ်မှာ ရုတ်တရက်ပေါ်လာတဲ့ ကလေးရှီမာယူယူက အထောက်အပံ့ ကောင်းကောင်းပေးနိုင်မယ်လို့ ထင်တယ်” သက်ကြီးပုဂ္ဂိုလ် ၁၀ ကပြောလိုက်သည်။

“ဘာလို့အဲလို ထင်တာလဲ” ရှီမာလင်း မေးလိုက်သည်။

“အဲကလေးက ဉာဏ်ကောင်းတယ်၊ သတ္တိရှိတယ်၊ စိတ်ဆတ်တဲ့သခင်လေး ယူလင်းတောင်မှ သူနဲ့ဆိုရင် အေးဆေးပြီး တည်ငြိမ်တယ်” သက်ကြီးပုဂ္ဂိုလ် ၁၀ ပြောလိုက်သည် “ဒီအချိန်မှာ သူ့ကြောင့်သာမဟုတ်ရင် လရှုရှိုက်မြက်ပင်နဲ့ တိမ်ပန်းနေဝင်တို့ မပြောနဲ့ ကျွန်တော်တို့အားလုံး ဝေဒနာမေ့ပျောက်ခြင်းကျွန်းမှာ သေနေလောက်ပြီ”

“အဲကလေးက ကမ္ဘာကြီးရဲ့ ဖွဲ့စည်းပုံကိုပြောင်းပေးမယ့် ကောင်းကျိုးပေးမယ့်သူလို့ ခံစားရတယ်” သက်ကြီးဝါကြီးပုဂ္ဂိုလ်လည်း ပြောလိုက်သည်။

“ငါတို့ သူ့အပေါ်မှာ မူတည်တာလည်း ဖြစ်နိုင်တယ်” ရှီမာလင်းပြောလိုက်သည် “သူရောက်လာတာနဲ့ ဦးလေးငယ်ရဲ့ နှစ်တစ်ရာခံစားရတဲ့ နေမကောင်းတာလဲ ပျောက်သွားတယ်ပြီးတော့ အဲနှစ်ကဖြစ်ခဲ့တဲ့ အဖြစ်အပျက်အမှန်တရားလည်း ပေါ်လာတယ်၊ အရင်မျိုးနွယ်ခေါင်းဆောင်ရဲ့ ဒဏ်ရာတွေလည်း ကုလို့ရမယ်လို့ မျှော်လင့်ပါတယ်၊ သူက ကျွန်တော်တို့ အသက်တွေလည်းကယ်ခဲ့တယ်၊ သူက ကံကောင်းတဲ့ ကြယ်လေးလို့ အဂ္ဂိရတ်ပညာရှင်ပြောတာ မလွန်ပါဘူး”

All Chapters