အပိုင်း(၂၄၄)-မမြင်နိုင်သော အန္တရာယ်
Vol. 003 Ch. 244
ရှီမာလင်းနှင့် တခြားသူများသည် သူမအကြောင်းဆွေးနွေးနေသော်လည်း သူမ မပါဝင်ပေ။ သူမ စိတ်ဝင်စားသည်မှာ နီရဲပျားဘုရင်မဖြစ်သည်။
“အစ်ကိုကြီး အဲဒီနီရဲပျားဘုရင်မက တကယ်ပဲ အင်အားကြီးတာလား” တုလေးသည် စားပွဲတွင် လဲနေကာ ရှီမာယူယူ ပုခုံးပေါ်ရှိ နီရဲပျားဘုရင်မကို ကြည့်ပြီး သိချင်စိတ်ဖြင့် မေးလိုက်သည်။
“ဒါပေါ့” ရှီမာယူယူ ဂုဏ်ယူစွာပြောလိုက်သည် “အချိန်ကျရင်တော့ သူမ ဘယ်လောက်အင်အားကြီးလဲ သိလာလိမ့်မယ်”
“ဘယ်လောက် ကြာမှလဲ” တုလေး နှုတ်ခမ်းတွန့်လိုက်သည်။
“ဟားဟား မြန်မြန်ရောက်လာလိမ့်မယ်၊ နောက်ရက်ပိုင်းအတွင်း သူမ ဥ,ဥ လိမ့်မယ်၊ အဲဒါတွေက နီရဲပျားလေးတွေ ပေါက်လာမယ်၊ အဲအချိန်ကျရင် မင်းပျားရည်သောက်လို့ရမယ်” ရှီမာယူယူ ပြုံးပြီး ပြောလိုက်သည်။
“မင်းတို့ ထွက်လာတော့ ဘာနဲ့တွေ့ခဲ့တာလို့ ပြောလိုက်တာလဲ” ဝေကျိရွှီ မေးလိုက်သည်။
“အရမ်းထူးဆန်းတဲ့ အနက်ရောင် အလင်းတန်းက ကောင်းကင်ကို ထိုးဖောက်သွားတာ၊ အဲဒါက ကျွန်းပေါ်ကရှိတဲ့ သက်ရှိတွေကို စုပ်ယူသွားတာ” ရှီမာယူယူ ထိုအကြောင်းအားပြောနေချိန်တွင် သူမ အကြည့်များသည် လေးနက်နေကာ ပြောလိုက်သည် “အဲအနက်ရောင်အလင်းတန်းက အရမ်းကြောက်ဖို့ ကောင်းတယ်၊ အဲအောက်မှာနေတဲ့ ဟာကြီးက ဟာစွန့်ထက် ပိုအားကောင်းတယ်လို့ သူပြောတယ်”
“အဲဒီမှာ ပိတ်မိနေတာလား” ဖက်တီးကျူ မေးလိုက်သည်။
“ငါတို့လည်း မသိဘူး” ရှီမာယူယူ ပြောလိုက်သည် “ဒါပေမယ့် အဲဒါထွက်လာတာနဲ့ ပွက်လောရိုက်သွားမှာပဲ၊ အဲဒါကြောင့် ငါတို့ မြန်မြန်သန်မာလာမှဖြစ်မယ်”
“အင်း ကျွန်တော်လည်း ကြိုးကြိုးစားစား ကျင့်ကြံနေပါတယ်” တုလေးသည် ခေါင်းညိတ်ရင်း ပြောလေသည်။
“ပင်လယ်ဧရိယာဘက်မှာ ဝရုန်းသုန်းကားဖြစ်ရင်တော့ ကုန်းဘက်တိုင်းပြည်မှာလည်း ငြိမ်းချမ်းမှာမဟုတ်ဘူး” ရှီမာယူယူ ပြောလိုက်သည် “အရင်မျိုးဆက် ရှီမာမျိုးနွယ်ခေါင်းဆောင်က ဒဏ်ရာရထားတယ်၊ ပြီးတော့ သူ့ကို တိုက်ခိုက်ခဲ့တဲ့ဟာက သာမာန်အားတော့မဟုတ်ဘူး ရှီမာမျိုးနွယ်က သေချာပေါက် လက်စားချေမှာပဲ အချိန်ကျရင် သေချာပေါက် ကြီးမားတဲ့အပြောင်းအလဲဖြစ်လာမှာပဲ”
“မင်း အခု နှစ်နှစ် တွေ့ဆုံပွဲကိုသွားမှာလား” ဘေဂုန်ထန်ပြောလိုက်သည်။
“ကြည့်ရဦးမယ်” ရှီမာယူယူ ပြောလိုက်သည် “အခုတော့ ငါ ပိုသန်မာလာအောင် လုပ်ရဦးမယ်”
“ရှီမာခစ်က ရှီမာယူယီကို သူနဲ့အတူ နာလန်မျိုးနွယ်ထဲဝင်ဖို့ ခေါ်သွားတယ်လို့ ငါကြားတာပဲ” ဝူရန်ဖေ ပြောလိုက်သည်။
“နာလန်မျိုးနွယ်က အမြဲတမ်း ရှီမာမျိုးနွယ်ကို ကန့်လန်တိုက်နေတာ၊ ငါတို့နဲ့ အမြဲလိုက်ပြိုင်နေတာ၊ ငါတို့်မျှော်လင့်ထားတဲ့အတိုင်း သူတို့ဆီမှာ ခိုလုံသွားတာပဲ” ရှီမာယူယူ ပြောလိုက်သည် “ဒါပေမယ့် နာလန်မျိုးနွယ်က ငါတို့ရှီမာမျိုးနွယ်ရဲ့ လျှို့ဝှက်ချက်တော်တော်များများကို သိနေပြီ၊ နှစ်နှစ်တွေ့ဆုံပွဲ မှာတော့ ကောင်းမယ့်ပုံမပေါ်ဘူး”
“ယူယူ မင်း ဝင်ပါမလို့လား” ဖက်တီးကျူသည် သူမအား ကျိတ်ရယ်ပြီး ကြည့်လိုက်သည်။
“ငါက ဝင်စွက်ဖက်တယ်ဆိုတာ ဘာကိုဆိုလိုချင်တာလဲ” ရှီမာယူယူသည် သူမ ဘာလုပ်မည်ကို ဖက်တီးကျူ ခန့်မှန်းမိနေသောကြောင့် မကျေမနပ်နှင့် ကြည့်လိုက်သည်။
“မင်းက ဒီအချိန်အတွင်းမှာ စစ်သူကြီးနဲ့ တစ်ခြားသူတွေ ဒီမှာနေဖို့ သင့်တော်လား မသင့်တော်လားကို လေ့လာနေတာမလား၊ အခုတော့ မင်း အသိအမှတ်ပြုသင့်နေပြီ” ဝေကျိရွှီ ပြောလိုက်သည်။
ဘေဂုန်ထန် လိုက်ပြောသည် “မင်း သူတို့ကို နေဖို့ဆုံးဖြတ်ပြီးမှာတော့ သူတို့ကို တည်ငြိမ်တဲ့ ပတ်ဝန်းကျင်မှာ နေစေချင်မှာပဲ၊ ဒါပေမယ့် အခုတော့ ရှီမာမျိုးနွယ်က အင်အားကြီးတွေ မျက်စိကျနေတဲ့ အဆီပြည့်နေတဲ့အသားတုံးပဲ”
“ဒါကြောင့်ပဲ မင်းလှုပ်ရှားတော့မယ်လို့ ငါတို့ခန့်မှန်းနေကြတာ” ဖက်တီးကျူ နိဂုံးချုပ်လိုက်သည်။
“ငါက ဘယ်လိုလုပ်ရမလဲ ငါက သာမာန်လူပဲဟာကို… ငါဘာလုပ်နိုင်မှာလဲ” ရှီမာယူယူ ပြောလိုက်သည်။
“အစ်ကိုကြီးကတော့ ကျိတ်ကြံနေပြန်ပြီ” တုလေးသည် ရယ်မောကာ ပြောလိုက်သည်။
“ငါဘယ်တုန်းက ကျိတ်ကြံဖူးလို့လဲ” ရှီမာယူယူသည် လက်ဆန့်ကာ သူ့ခေါင်းအား ခေါက်ကာ ပြောလိုက်သည် “အစ်ကိုကြီးက ဖြူစင်ပြီး ရိုးသားတယ်၊ ငါ့ကို စွပ်စွဲလို့မရဘူး နားလည်လား”
“တော်ပြီ သူ့ကို မဟုတ်တာတွေသင်မပေးနဲ့” ဘေဂုံထန် ရှီမာယူယူအား ကြည့်လိုက်သည်။ ဒီကောင်ရဲ့ အရေခွံကတော့ အကြိမ်တိုင်း ပိုထူလာတယ်။
“ဒီအကြောင်းကို အရင်မပြောကြနဲ့ဦး၊ မင်းတို့အားလုံး ကျင့်ကြံဖို့ ဝိညာဉ်စေတီထဲ သွားစေချင်တယ်၊ အဲဒါမှ မင်းတို့အားလုံး ထွက်လာရင် အဆင့်တွေတက်လာကြမှာ” ရှီမာယူယူ ပြောလိုက်သည် “မင်းတို့ မသွားချင်ရင် အပြင်မှာလုပ်လည်းရတယ်”
“ငါသွားချင်တယ်” ကြေညာချက်ပထမဆုံး ထုတ်သူမှာ ဖက်တီးကျူဖြစ်သည် “ငါတို့ အတွေ့အကြုံတွေ မလောက်သေးဘူူးလို့ မင်းအရင်ကပြောတယ်မလား၊ အခုအရေးအကြီးဆုံးက ကျင့်ကြံဖို့ အတိတ်ဆိတ်ဆုံး နေရာလိုတာပဲ၊ မင်းနေရာက အရမ်းကောင်းတယ် ငါသွားချင်တာပေါ့”
“ငါတို့လည်း သွားချင်တယ်” ဝေကျိရွှီ ပြောလိုက်သည်။
“မမ ကျွန်တော်တို့ဘယ်သွားကြမှာလဲ” တုလေး မေးလိုက်သည်။
“နေရာကောင်းတစ်ခုကို” ဖက်တီးကျူပြောလိုက်သည် “အဲနေရာက ငါတို့လျှို့ဝှက်ချက်ပဲ မင်း ဘယ်သူ့မှ မပြောရဘူးနော်၊ အဲလိုမဟုတ်ရင် မင်းကို ခေါ်မသွားဘူး”
“အင်း ကျွန်တော် သေချာဖုံးကွယ်ထားပါမယ် ဒီမှာတော့ တစ်ယောက်တည်း ပစ်မထားသွားပါနဲ့” တုလေး ပြောလိုက်သည်။
“ငါတို့ မင်းကို ပစ်မသွားပါဘူး” ဘေဂုံထန်သည် သူ့ခေါင်းအား ပုတ်ပြီး ပြောလိုက်သည်။
“ဒါဆို မင်းသွားမယ်ဆိုတာ မင်းအစေခံတွေကို သွားပြောလိုက်ဦး”
“ကောင်းပြီ”
ရှီမာယူယူသည် သူတို့အားခေါ်ကာ ထွက်သွားတော့သည်။ ထို့နောက်တွင် သူမ ချောင်ကျသော နေရာရောက်သောအခါ သူတို့အား ဝိညာဉ်စေတီထဲသို့ ထည့်လိုက်တော့သည်။
တုလေး အထဲသို့ရောက်သောအခါ အလွန်အမင်းပျော်နေခဲ့သည်။ သူ့တစ်ယောက်တည်း လှည့်ပတ်ကြည့်ရန် လွှတ်ပေးထားပြီး ဘေဂုံထန် ကျင့်ကြံရန် သွားလိုက်သည်။
ရှီမာယူယူသည် ရှီမာအိမ်တော်သို့ပြန်ရာ မိန်းဝင်ပေါက်ရောက်သည်နှင့် ရှီမာလင်း သူမအားရှာနေသည်ကို တစ်စုံတစ်ယောက်ပြောလာသည်။ သူမ ခန်းမကြီးဆီသို့ အစောင့်နောက်မှ လိုက်ခဲ့လေသည်။
ခန်းမကြီးတွင် သူတို့နှစ်ယောက်သာရှိလေသည်။ ရှီမာယူယူ လက်အုပ်ချီကာ အရိုအသေပေးလိုက်သည် “မျိုးနွယ်ခေါင်းဆောင် ဘိုးဘိုးကြီး ကျွန်တော့်ကို ရှာလားလို့ပါ”
“ယူယူ ဒီတစ်ခေါက် မင်းကို ငါတို့တကယ်ကျေးဇူးတင်တယ်၊ မဟုတ်ရင် ငါတို့်လူတွေအများကြီး ဆုံးရှုံးရမှာ” ရှီမာလင်း ပြောလိုက်သည်။
“အဲဒါ ဘာမှမဟုတ်ပါဘူး၊ အဲအချိန်က ကျွန်တော်ကိုယ့်ဘာသာ ကာကွယ်လိုက်တာပါ” ရှီမာယူယူ ပြန်ပြောလိုက်သည်။
“ငါတို့ မင်းပြောတဲ့ ဆေးဖက်ဝင်ပစ္စည်းတွေအကုန် စုပြီးပြီ၊ ဘယ်အချိန်အစီအစဉ်စမလဲ”
“အချိန်မရွေးစလို့ရပါတယ်” ရှီမာယူယူ ပြောလိုက်သည် “ဒါပေမယ့် ကျွန်တော် ဆေးအရင်ဆုံး ဆေးဖော်ရဦးမယ်”
“ဒါဆို အဲဆေးဖက်ဝင်ပစ္စည်းတွေ မင်းကို ပေးလိုက်တော့မယ်၊ မင်းပြီးရင် လိုအပ်တာမှန်သမျှ ပြောလို့ရတယ်” ရှီမာယူလင်းသည် သူမ တောင်းဆိုထားသော ဆေးဖက်ဝင်ပစ္စည်းများထည့်ထားသော မှော်ဝင်လက်စွပ်အား ပေးလိုက်လေသည်။
ရှီမာယူယူ လက်စွပ်ယူပြီး ပြောလိုက်သည် “ဟုတ်ကဲ့ပါ”
ထို့နောက်တွင် သူမ နှုတ်ဆက်ကာ သူမ နေသောအိမ်သို့ ပြန်သွားလေသည်။
ထိုအိမ်သည် ရှီမာဂျွန်ပိုင်သောအိမ်ဖြစ်သော်လည်း သူ့ဒဏ်ရာများပျောက်သွားအချိန်တွင် အပြင်ထွက်ကာ လောကအားကြည့်ချင်သည်ဟုဆိုကာ ထွက်သွားလေသည်။ သူမ ထွက်ခွာသွားပြီး နှစ်ရက်အကြာတွင် သူထွက်သွားခဲ့သည်။ အခုတောာ့ ထိုအိမ်ထဲတွင် ရှီမာလိုင်နှင့် မြေးများနေထိုင်လေသည်။
“အဘိုး သမီးပြန်လာပြီ” ရှီမာလိုင် ကျင့်ကြံနေခြင်းမရှိသည်ကို မြင်သောအခါ ရှီမာယူယူ ပြောလိုက်သည်။
“အဲဒီကလေးတွေ ဘယ်လိုနေလဲ” ဝေကျိရွှီနှင့် တခြားသူများကို သူမ သွားရှာသည်ကို ရှီမာလိုင် သိသောကြောင့် မေးလိုက်ခြင်းဖြစ်သည်။
“မဆိုးပါဘူး” ရှီမာယူယူ ပြောလိုက်သည် “အဘိုး အစ်ကိုတွေဘယ်သွားကြတာလဲ”
“သူတို့အကုန်လုံး အိမ်ထဲမှာ ဘာလို့လဲ” ရှီမာလိုင်မေးလိုက်သည်။
“သူတို့ကို သမီးပြောစရာရှိလို့” ရှီမာယူယူ ပြောလိုက်သည် “သမီးသွားခေါ်လိုက်ဦးမယ်”
ရှီမာယူမင် နှင့် တခြားသူများသည် ကျင့်ကြံခြင်းတွင် အာရုံပြုနေကြသည်။ သူတို့ အလယ်ပိုင်းဝူတိုင်းပြည်မှ ထွက်ခွာလာမှပင် အပြင်မှလူများသည် ဒုံချန်းတိုင်းပြည်မှလူများထက် ပိုအင်အားကောင်းသည်ကို သိခဲ့ရသည်။ သူတို့၏ အရင်အဆင့်များသည် မနိမ့်သော်လည်း သူတို့လက်ရှိအင်အားမှာ မလုံလောက်သေးကြောင်းကို ခံစားမိကြသည်။
“ယူယူ ငါတို့ကို ရှာတယ်ဆို ဘာလို့လဲ” ရှီမာယူရန် မေးလိုက်သည်။
“အင်း” ရှီမာယူယူသည် သူတို့အား အနက်ရောင်အလင်းတန်းအကြောင်းနှင့် ပင်လယ်ဧရိယာဘက်ရှိ ဝရုန်းသုန်းကား အခြေအနေများကို ပြောပြပြီး ပြောလိုက်သည် “အစ်ကိုတို့ အင်အားတွေ မြန်မြန် တိုးနိုင်အောင် လုပ်ပေးမယ့် နေရာတစ်ခုကို ကျွန်တော်ခေါ်သွားမယ်”
သူမ ပြောပြီးနောက် တွင် သူတို့အား ဝိညာဉ်စေတီအတွင်းသို့ခေါ်သွားလေသည်။
ပတ်ဝန်းကျင်သည် တိတ်ဆိတ်နေသောကြောင့် ရှီမာလိုင်နှင့် တခြားသူများ အံ့သြသွားရသည်။ ရှီမာယူယူလည်း ရှိပြီး သူတို့လည်း မလှုပ်ရှားခဲ့ပေ။
“ယူယူ ဒါဘယ်နေရာလဲ” ရှီမာယူလီ မေးလိုက်သည်။
“ဒါက ဝိညာဉ်စေတီပဲ၊ ဒီက သုံးရက်က အပြင်က တစ်ရက်နဲ့ညီတယ်၊ ပြီးတော့ ဒီမှာ ဝိညာဉ်ချီပိုထူထပ်ပြီး အစ်ကိုတို့အားလုံး ဒီမှာကျင့်ကြံလို့ရတယ်၊ အစ်ကိုတို့အင်အားတွေ သေချာပေါက်သန်မာလာမှာပါ”