← Chapters

အပိုင်း(၂၄၅)-ရှီမာယူလင်းအား စနောက်ခြင်း

Vol. 003 Ch. 245

အပိုင်း(၂၄၅)-ရှီမာယူလင်းအား စနောက်ခြင်း

Vol. 003 Ch. 245

“မင်းရဲ့ ကမ္ဘာဟုတ်လား” ရှီမာယူရန်သည် မရှင်းပေ၊ ဒီလိုနေရာမျိုးက သူမ ပိုင်ဆိုင်တာလား။

“ဒါက သမီးအဖေထားခဲ့တဲ့ ပစ္စည်းရဲ့ အထဲမှာမလား” ရှီမာလိုင်မေးလိုက်သည်။

“ဟုတ်တယ်” ရှီမာယူယူ ပြောလိုက်သည်။ “ဒါက သမီးအဖေထားခဲ့တဲ့ သေတ္တာရဲ့ အထဲမှာ၊ ဒါပေမယ့် အဲတုန်းက ဒီလောက်မကောင်းသေးဘူး၊ ဒါက စာကြည့်တိုက်နဲ့ပေါင်းစပ်လိုက်တော့ ဒီလိုဖြစ်သွားတာ”

“ငါတို့ စာကြည့်တိုက်ပြခန်းလား” ရှီမာယူမင် မေးလိုက်သည်။

ရှီမာယူယူ ခေါင်းညိတ်ကာ စေတီလေးရှိရာသို့ သူတို့အားခေါ်သွားပြီး ပြောလိုက်သည် “တကယ်တော့ အဲဒီစာကြည့်တိုက်က ရှေးဟောင်း ဘုံခုနှစ်ဆင့် စေတီပဲ၊ ဒါပေမယ့် အဲစေတီက ဝိညာဉ်ကုန်ဆုံးသွားပြီး ပစ္စည်းပဲသိမ်းထားလို့ရတော့တာ၊ ပြီးတာနဲ့ သမီးရဲ့ ဝိညာဉ်ပုလဲနဲ့ ပေါင်းစပ်ဖို့ အကြံရပြီး ဒီလိုဖြစ်လာတာပဲ”

“ဒါဆို စေတီထိပ်က ဘာနဲ့တူလဲ” ရှီမာယူလီ မေးလိုက်သည်။

“သမီးလည်း မသိဘူး၊ ဒုတိယအဆင့်ဖွင့်ဖို့ကို သမီးစွမ်းအားက မနိုင်သေးဘူး” ရှီမာယူယူ ပြောလိုက်သည် “အစ်ကိုတို့နေလို့ရမယ့်နေရာကို ခေါ်သွားပေးမယ်”

သူမ သူတို့အား သူမအိမ်သို့ခေါ်သွားရာ ဝေကျိရွှီ ကျင့်ကြံနေခြင်းမရှိသည်ကို တွေ့သည်နှင့် သူတို့ ထိုနေရာအား ခံစားရန် သူ့အားခေါ်သွားခိုင်းလိုက်သည်။ သူမ ဆေးဖော်ရန် ဆေးဖော်သည့်အခန်းသို့လာလိုက်သည်။

သူမ ဆေးဖော်ပြီးထွက်လာသည်နှင့် ရှီမာယူလီနှင့် တခြားသူများသည် ထိုနေရာရှိအရာဝတ္ထုများနှင့် ရင်းနှီးကာ သဟဇာတဖြစ်နေပြီဖြစ်သည်။

“အဘိုး အစ်ကိုတို့ အားလုံး အချိန်ရှိတိုင်းမှာ ဒီမှာ ကျင့်ကြံလို့ရပါတယ်၊ ဒါက အဘိုးတို့ အင်အား ကြီးထွားနှုန်းမြန်လာမယ်၊ အစ်ကိုတို့ ဒီနေရာကို ကြိုက်သလိုသုံးပြီး လိုအပ်တာရှိတာယူလို့ရပါတယ်”

“ကောင်းပါပြီ ကိုယ့်ကိစ္စကိုယ်သွားလုပ်လိုက်တော့” သူတို့ခေါင်းညိတ်ကာ ကိုယ့်အလုပ်ကိုယ်လုပ်ကာ သူမအား အာရုံမစိုက်ကြတော့ပေ။

သူတို့ထိုနေရာတွင် အဆင်ပြေနေသည်ကို ရှီမာယူယူကြည့်ပြီး ရယ်မောကာ ခေါင်းညိတ်ပြီး လျင်မြန်စွာ ထွက်ခဲ့လိုက်လေသည်။

ထို့နောက်တွင် သူမ ရှီမာလင်းအား ရှာပြီး ဆေးများပြင်ဆင်ပြီးဖြစ်ကြောင်းကို ပြောလိုက်လေသည်။ အခုတော့ သူုတို့ မျိုးနွယ်ခေါင်းဆောင်အဟောင်းကို ကုသ၍ ရတော့မည်ဖြစ်သည်။

ထို့နောက်တွင် သူမ၊ ရှီမာလင်း၊ သက်ကြီးဝါကြီးပုဂ္ဂိုလ်နှင့် သူတို့ မျိုးနွယ် အဂ္ဂိရတ်ပညာရှင်များသည် ဂူအတွင်းသို့ အတူတကွ ဝင်ရောက်ကြသည်။

ထိုအဂ္ဂိရတ်ပညာရှင်သည် ပြီးခဲ့သည့် မျိုးနွယ်သခင်၏ နောက်လိုက်ဖြစ်ကာ ရှီမာယူယူအား ကူညီပေးရန် လိုက်လာခြင်းဖြစ်သည်။

ရှီမာလင်းနှင့် သက်ကြီးဝါကြီးပုဂ္ဂိုလ်တို့သည် လက်ချင်းချိတ်ကာ အရင်မျိုးနွယ်ခေါင်းဆောင်၏ ခန္ဓာကိုယ်မှ လျှို့ဝှက်နည်းကို ဖွင့်လိုက်သည်။ သူ အသက်လုနေရသည်ကို ရှီမာယူယူ ချက်ချင်းပင် ခံစားလိုက်ရသည်။ ထို့ကြောင့်ပင် သူတို့သည် သူ၏ အသက်ကာကွယ်နိုင်ရန် လျှို့ဝှက်နည်းလမ်းသုံးရန် ရွေးချယ်ခဲ့ရခြင်းဖြစ်သည်။

သူမ ရှေ့ထွက်လာကာ သူ့အား ဆေးကျွေးလိုက်ပြီးနောက် ဆေးအပြည့်ဖြည့်ထားသော ဇလုံထဲသို့ သူ့အားနစ်လိုက်သည်။ ပြီးနောက် ထို့နောက်တွင် ဘေယွမ်ချွန်းအား ကယ်ခဲ့သည့်နည်းလမ်းအတိုင်းပင် သူ၏ ဆေးများသည် ကြွက်သားများနှင့် အရွတ်များကို အားဖြည့်ပေးသည်။ ထိုအဆင့်သည် အခက်ခဲဆုံးအဆင့်ဖြစ်သည်။

သူမ၊ သက်ကြီးဝါကြီးပုဂ္ဂိုလ်နှင့် တခြားသူများသည် သုံးရက်လုံး ဂူတွင်နေကြသည်။ သူ့ခန္ဓာကိုယ် ပြန်ကောင်းလာသည်နှင့် သူတို့သည် လူခေါ်ကာ သူ့အား ရှီမာဂျွန်အိမ်သို့ ပို့ထားလိုက်သည်။

ထိုအချိန်တွင် မျိုးနွယ်ခေါင်းဆောင်ဟောင်းသည် တစ်ပိုင်းသေလူနာနှင့် တူသည်။ ရှီမာယူယူ သူ့အား သတိရအောင် လုပ်ရန်လိုသည်။ မဟုတ်လျှင် သူ တစ်သက်လုံး သတိမေ့မြော၍ နေသွားရမည်။

သို့သော် အခုလောလောဆယ်တွင် သူမ အလွန်ပင်ပန်းကာ နားရန်လိုသည်။ မဟုတ်လျှင် နောက်တစ်ချီအတွက် သူမ မထနိုင်ပဲဖြစ်တော့မည်။ ထို့ကြောင့် သူမ လှဲနေခဲ့သည်။

သူမ စိတ်စွမ်းအင် ဖြည့်တင်းရာ နှစ်ရက်ကြပြီး ရှီမာယူလင်းနှင့် ရှီမာယူလန်တို့သည် သူမအား စောင့်ရှောက်ရန် စောင့်ကြည့်နေခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် သူတို့သည် မျိုးနွယ်ခေါင်းဆောင် အဟောင်းကို စောင့်ရှောက်ပြီးသားဖြစ်သွားသည်။

အကယ်၍ ရှီမာလင်းသာ ကျွမ်းကျင်သူတစ်ယောက်အား လွှတ်ခဲ့ပါက သူအသက်ရှင်နေသည့် အကြောင်းမှာ ပေါက်ကြားသွားမည်ဖြစ်သည်။ သို့သော် မျိုးဆက်လူငယ်များကို စေလွှတ်ခြင်းသည် အများ၏ အာရုံစိုက်ခြင်းကို မခံရတော့ပေ။

ရှီမာယူယူ မျက်လုံးဖွင့်လိုက်ရာ ရှီမာယူလန်နှင့် ရှီမာယူလင်းတို့အား မြင်လိုက်သောအခါ ကြောင်သွားကာ ပြောလိုက်သည် “မင်းတို့ ဒီမှာဘာလုပ်နေတာလဲ”

“မင်းကိုကာကွယ်ဖို့လာတာ” ရှီမာယူလန်ပြောလိုက်သည် “ပြီးတော့ အဘိုးကို နိုးအောင် မင်းဘယ်လိုလုပ်မလဲလို့ လာကြည့်တာ”

ရှီမာယူယူ အိပ်ရာပေါ်မှဆင်းလိုက်သည်။ ရှီမာတိုင်သည် သူမ ရှေ့တွင် အိပ်ပျော်နေလေသည်။

“ငါတို့ကို ကာကွယ်ဖို့ မင်းတို့ကို မျိုးနွယ်ခေါင်းဆောင်ကလွှတ်လိုက်တာဆိုတော့ သူက တကယ်ပဲ စိတ်ချလို့ဖြစ်မယ်” ရှီမာယူယူ ဖိနပ်စီးရင်း ပြောလိုက်သည်။

“မင်း ကာကွယ်ဖို့မလိုဘူးဆိုတာ အဘိုးသိပါတယ်” ရှီမာယူလန်သည် ပြုံးရင်းပြောလိုက်သည်။

ရှီမာယူယူ မျက်လုံးလှန်ကာ သူမ ဆေးဖိုအားထုတ်ပြီး လရှုရှိုက်မြက်ပင်နှင့် တိမ်ပန်းနေဝင်ပန်းများနှင့် အတူတခြားသော ဆေးဖက်ဝင်ပစ္စည်းဆယ်မျိုးကို ထည့်ကာ အဆီအနှစ်များကို ဖော်စပ်လေသည်။ ထို့နောက်တွင် သူမ အညိုရောင်ပျားရည်အားထည့်ကာ ဖော်စပ်ပြီး ဆေးများမကျန်တော့သည့်အချိန်တွင် သူမ မီးတောက်အား ပြန်ရုတ်သိမ်းလိုက်သည်။

“မင်း ဆေးဖော်တာ မအောင်မြင်ဘူးလား” ရှီမာယူလန် ပြေးလာကာ မေးလိုက်သည်။

“ငါ ဆေးဖော်တာ မအောင်မြင်ဘူးလို့ ဘယ်သူပြောလဲ” ရှီမာယူယူ အထဲမှ ဆေးအားထုတ်ကာ ရှီမာတိုင်၏ ပါးစပ်ထဲသို့ ထည့်ပေးလိုက်သည်။ သူမ ရှီမာယူလင်းအား ရေပုံးဖြင့် ရေဖြည့်စေပြီး ရေထဲသို့ အဆီအနှစ်များကို ထည့်လိုက်သည်။ ထို့နောက်တွင် ရှီမာတိုင်အား ထိုရေထဲတွင် စိမ်ထားပြီး သူမနှင့် ရှီမာယူလန် ထွက်သွားကြသည်။

ရှီမာယူလင်းသည် သူ့အား အစေခံသဖွယ် ရှီမာယူယူမှ ခိုင်းသည်ကို သိသော်လည်း အနည်းငယ် မျက်မှောင်ကြုတ်သော်လည်း လုပ်ပေးသည်။

အိမ်အလွတ်အား ရှီမာယူလန်မြင်သောအခါ မေးလိုက်သည် “အဘိုးနဲ့ တခြားသူတွေဘယ်သွားတာလဲ”

“ထွက်သွားကြတယ်” ရှီမာယူယူသည် မျက်တောင်မခတ်ပဲ ပြောလိုက်သည်။

“သြော်” ရှီမာယူလန် ခေါင်းညိတ်သည်။ ရှီမာယူယူသည် သူမအား ထူးဆန်းသောအကြည့်ဖြင့် ကြည့်နေသည်ကို မြင်သောအခါ သူမ မသိလိုက်ပဲနှင့် သူမလက်နှစ်ဖက်အား ရင်ဘတ်ပေါ်တင်ကာ ပြောလိုက်သည် “မင်းငါ့ကို ဘာလို့ အဲလိုကြည့်နေတာလဲ”

“မင်းမှာရှိတဲ့ ဝိညာဉ်သားရဲရဲ့သွေးသား ကဘာအမျိုးအစားလဲဆိုတာ သိလား” ရှီမာယူယူ မေးလိုက်သည်။

ရှီမာယူလန် ခေါင်းရမ်းကာ ပြောလိုက်သည် “မင်းဘာလို့မေးတာလဲ”

“ဘာမှမဟုတ်ပါဘူး ငါ မင်းကို စမ်းသပ်ချင်လို့ပါ” ရှီမာယူယူ ရှက်ရှက်နှင့် ပြောသည်။

သူမ သွေးသားအား မသိလျှင် အနည်းငယ်ခက်ခဲနိုင်သည်။

ရှီမာယူလန်သည် မျက်နှာပျက်သွားသည်ကို မဖုံးဖိနိုင်ပေ။ သူက သူမကို စမ်းသပ်ချင်တယ် ဟုတ်လားဒ

“မင်း အန္တရာယ်ပြုမယ့်အချိန်ဆို ဘယ်လိုခံစားရလဲ”

ရှီမာယူယူ အားရပါးရပြုံးကာ ပြောလိုက်သည် “မဖြစ်နိုင်တာ၊ ငါ့လို ရိုးသား ဖြူစင်ပြီး ချောတဲ့ယောက်ျား တစ်ယောက်ကို အန္တရာယ်ဆိုတဲ့ စကားလုံးနဲ့ တွဲပြီး တစ်ခါတည်းပြောနိုင်ရတာလဲ မင်းအထင်လွဲနေပြီ”

ရှီမာယူလန် မျက်မှောင်ကြုတ်လိုက်သည်။ သူ့စကားကို ယုံတာ သူတစ်ယောက်တည်းရှိမည်။

အိမ်ထဲတွင် ရှီမာယူလင်းသည် ရှီမာယူယူ ပြောခဲ့သည့်အတိုင်း ရှီမာတိုင်၏ အဝတ်အစားများကို ဖြဲကာ သူ့အား ဇလုံထဲတွင် ထည့်ထားလိုက်သည်။ ညွှန်ကြားထားသည့်အတိုင်း သူ့ခန္ဓာကိုယ်အား ထုတ်ယူလိုက်သည်။ သို့သော် ရေများကြည်သွားသည်အထိ သူ နိုးမလာပေ။

“သူ ပြောတဲ့အတိုင်း လုပ်လို့တကယ်ဖြစ်ပါ့မလား” ရှီမာတိုင် နိုးလာမည့်ပုံမပေါ်သည်ကို မြင်သောအခါ သူတွေဝေသွားသည်။

သူ သူ့လက်အား မြှောက်လိုက်၊ ချလိုက်၊ မြှောက်လိုက်၊ ချလိုက် လုပ်ကြည့်သည်။

“အဘိုးနိုးလာဖို့ဆိုရင် နောက်မှ အပြစ်ပေးခံရလည်းရတယ်”

ပြောပြီးနောက်တွင် သူ အံကြိတ်ကာ ရှီမာတိုင်၏ မျက်နှာအား ပြင်းထန်စွာရိုက်လေသည်။ ရိုက်သံမှာ အပြင်ကပင် ကြားရသည်။

“ဖြန်း ဖြန်း”

ရှီမာယူယူနှင့် ရှီမာယူလန်တို့သည် လန့်သွားကာ အိမ်ထဲဘက်သို့လှည့်ကာ ပြောလိုက်သည် “သူ အဘိုးကို ရိုက်နေတာ တကယ်မဟုတ်လောက်ပါဘူးနော်”

“ဖူး…” ရှီမာယူယူသည် ပါးစပ်ထဲမှ လက်ဖက်ရည်များ ပြန်ထွက်မတတ်ပင်။ သူမ ပြန်ပြောလိုက်သည် “မဟုတ်လောက်ပါဘူး၊ ငါနောက်နေတာပါ”

“ဖြန်း ဖြန်း”

နှစ်ချက်ရိုက်သံ ထွက်အပြီးတွင် ရှီမာယူယူ လက်ထဲမှ လက်ဖက်ရည်ပန်းကန်အား အလျင်စလိုချကာ တံခါးဖွင့်ပြီး ဝင်လိုက်သည်။ သူမ မြင်လိုက်ရသည်မှာ စီနီယာနှင့် ဂျူနီယာတို့ တစ်ယောက်နှင့် တစ်ယောက် ကြည့်နေကြသည်။

“သူတကယ်ပဲ နိုးလာတာပဲ…” သူမ ရေရွတ်လိုက်သည်။ နောက်မှပင် ရှီမာတိုင်သည်ဇလုံထဲတွင် ကိုယ်လုံးတီးရှိနေသေးသည်ကို သတိထားမိတော့သည်။ သူမ တံခါးမှ မမြင်ရသော်လည်း နောက်ဆုတ်လိုက်သည်။

“ကောင်စုတ်လေး ငါ့ကိုရိုက်ရဲတယ်” ရှီမာတိုင်သည် ရှီမာယူလင်းအားကြည့်လိုက်သည်။

ရှီမာယူလင်း ပူထူသွားပြီး ပြန်ဖြေလိုက်သည် “ရေကြည်သွားတဲ့အထိ အဘိုးနိုးမလာရင် အဘိုးခန္ဓာကိုယ်ကို နာကျင်အောင်လုပ်ပေးရမယ်လို့ ယူယူကပြောတယ်၊ မျက်နှာက ဦးနှောက်နဲ့အနီးဆုံးဆိုတော့ ရိုက်တာမျိုးက ကောင်းတယ်လို့ သူပြောတယ်”

“ယူယူက ဘယ်သူလဲ” ရှီမာတိုင်သည် မျက်နှာသုန်မှုန်ကာ ပြောလိုက်သည်။

“သူက အဘိုးလိုင်ရဲ့ မြေးပါ၊ သူက အဘိုးကို ဒီကိုခေါ်လာပြီးကယ်ခဲ့တာပါ” ရှီမာလင်း ပြန်ဖြေသည်။

ထိုအချိန်တွင် ရှီမာယူယူသည် အပြင်မှနေကာ ပြောလိုက်သည် “အစ်ကိုကြီးယူလင်း ကျွန်တော့်ကို လွှဲမချပါနဲ့ ရိုက်ရင်ကောင်းနိုင်ချေရှိတယ်လို့ ပြောတာပါ တကယ်ရိုက်ခိုင်းတာမှမဟုတ်တာ”

All Chapters