← Chapters

အခန်း ၁၇၁

Vol. 18 Ch. 171

အခန်း ၁၇၁

Vol. 18 Ch. 171

အခန်း (၁၇၁)

တရားဝင် တို့ဟူးရောင်းသူ ဟုတ်ပါသလော

ထိုနေ့က လျန်ထျန်းသည် ထုံးစံအတိုင်း အမှာစာများလက်ခံကာ အစားအသောက်များ လိုက်လံပို့ဆောင်နေလေ သည်။

သူ၏ လျင်မြန်သော တုံ့ပြန်မှုများဖြင့် ကော်မရှင်ခ အမြောက်အမြားရမည့် အမှာစာတစ်ခုကို လုယူနိုင်ခဲ့လေ သည်။ သို့သော် ဝမ်းသာအားရ ဖြစ်မသွားမီမှာပင် မှတ်ချက်များကို ဖတ်ပြီးနောက် သူ မျက်မှောင်ကြုတ်သွား ရလေသည်။

"တောက်...၊ ဘယ်လိုလုပ်ပြီး နောက်ထပ် ထူးဆန်းတဲ့ အမှာစာတစ်ခုနဲ့ ထပ်ကြုံရပြန်တာလဲ...။"

အမှာစာရှိ မှတ်ချက်များတွင် အောက်ပါအတိုင်း ရေးသားထားခဲ့လေသည်။

[ပို့ဆောင်ရေးသမားကို အကြံပေးချင်တာက ငါ့အမှာစာကို လက်ခံပြီးရင် တခြား အမှာစာတွေ ထပ်မယူပါနဲ့...။ ငါ့နေရာက ရှာရခက်တယ်...။ ဒါကြောင့် နောက်ကျလို့ အစားအသောက်တွေ အေးကုန်ရင် ငါ့ကို အဆိုးမဆိုပါနဲ့ အဆိုးမြင် မှတ်ချက် ပေးပစ်မှာ...။]

အမှာစာ၏ လိပ်စာကို ပြန်ကြည့်လိုက်သောအခါ ရွှယ်ကျွန်းဈေး ဟု ရေးသားထားလေသည်။

အယ်လ်မြို့တော်တွင် သုံးနှစ်ကျော်ကြာ အစားအသောက်ပို့ဆောင်သူအဖြစ် အလုပ်လုပ်ကိုင်ခဲ့သော လျန်ထျန်း အနေဖြင့် ရွှယ်ကျွန်းဈေးကို သဘာဝကျကျပင် သိရှိနေပြီး ၎င်းမှာ တကယ်ကို ကြီးမားလှသော ဈေးကြီးတစ်ခု ဖြစ်ပေသည်။

ရွှယ်ကျွန်းဈေးကို လပြက္ခဒိန်၏ (၁) ရက်၊ (၃) ရက်၊ (၆) ရက်နှင့် (၉) ရက်များတွင် ကျင်းပလေ့ရှိပြီး ဈေးတန်း ကြီးမှာ အလျားရော အနံပါ ဆယ်မိုင်ခန့်အထိ ရှည်လျားကျယ်ဝန်းလှလေသည်။

ဤမျှ ကျယ်ဝန်းသော နေရာကြီးဖြစ်ရာ မည်မျှများပြားသော လူများက ဈေးဆိုင်ခန်းများ ဖွင့်လှစ်ကြမည်၊ မည်မျှ များပြားသော လူများ ဈေးဝယ်လာကြမည်ကို တွေးကြည့်၍ ရနိုင်ပေသည်။ ခန့်မှန်းခြေအားဖြင့် စုစုပေါင်း လူဦးရေ သောင်းဂဏန်းအထက်တွင် ရှိနေမည် ဖြစ်သည်။

ဤအမှာစာတွင် ရွှယ်ကျွန်းဈေး ဟုသာ ရေးသားထားပြီး ပို့ဆောင်သူအား လိုက်ရှာခိုင်းနေခြင်း ဖြစ်သည်။ ဤ သည်မှာ အစားအသောက်ပို့ဆောင်ခြင်း မဟုတ်ဘဲ သမုဒ္ဒရာထဲ၌ အပ်ကျပျောက်ရှာနေခြင်းနှင့် တူနေပေသည်။

တစ်ခဏမျှ လျန်ထျန်းသည် ဤအမှာစာကို အခြားကုမ္ပဏီသို့ လွှဲပြောင်းပေးရန် စဉ်းစားခဲ့သေးသော်လည်း အမှာစာများကို လုယူမည့်သူများပင် ဤအရာကို လိုချင်မည်မဟုတ်ဟု ပြန်လည် တွေးတောမိသွားလေသည်။

အမှာစာကို လက်ခံပြီးသည်နှင့် တစ်ပြိုင်နက် ငြင်းဆန်၍မရတော့ဘဲ ခက်ခဲကြမ်းတမ်းမှုကို အံတုကာ သွား ရောက်ပို့ဆောင်ရန်မှလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ပေ။ အချိန်ပြည့် အစားအသောက်ပို့ဆောင်သူအဖြစ် အလုပ်လုပ်ကိုင်နေသော လျန်ထျန်းသည် အမှာစာပေးပို့ခြင်း၏ ဒုက္ခကို အကောင်းဆုံး နားလည်ထားသူ ဖြစ် လေသည်။

ထို့ကြောင့် သေချာစဉ်းစားပြီးနောက် သူသည် အံကိုကြိတ်ကာ ခြေဆောင့်၍ ဆုံးဖြတ်ချက်ချလိုက်လေသည်။

"ကောင်းပြီလေ...။ ဒီလို ထူးဆန်းတဲ့ အမှာစာတွေကို တခြား ပို့ဆောင်တဲ့သူတွေဆီ ပစ်ချပြီး ဒုက္ခမပေးတော့ ပါဘူး...။ သူတို့က ငါ့ထက် အများကြီး ပိုပြီး ခက်ခဲကြမ်းတမ်းနေရှာတာပဲ...။"

ထိုသို့ရေရွတ်နေပြီးနောက် လျန်ထျန်းသည် အစားအသောက်များ သွားရောက်ယူဆောင်ရန် စားသောက်ဆိုင်သို့ ထွက်ခွာခဲ့ပြီး အခြား ပုံမှန်အမှာစာများ နောက်ကျသွားမည်ကို စိုးရိမ်သဖြင့် မည်သည့်အမှာစာကိုမျှ ထပ်မံလက် မခံတော့ပေ။

အစားအသောက်များကို ယူဆောင်ပြီးနောက် လျန်ထျန်းသည် ရွှယ်ကျွန်းဈေးဆီသို့ တတ်နိုင်သမျှ မြန်မြန် ထွက်ခွာလာခဲ့လေသည်။ ဈေးနှင့် လမ်းအနည်းငယ်သာ ကွာဝေးတော့သည့်အချိန်တွင် လျန်ထျန်းသည် ဖောက်သည်၏ ဖုန်းနံပါတ်ကို ကြိုတင်၍ ခေါ်ဆိုလိုက်လေသည်။

"ဟယ်လို... ကျွန်တော်က အစားအသောက်လာပို့တဲ့ ပို့ဆောင်သူပါ...။ အခု ရွှယ်ကျွန်းဈေးကို ရောက်တော့မှာမို့ ခင်ဗျားရဲ့ နေရာ အတိအကျလေးကို ပြောပြပေးလို့ ရမလားခင်ဗျ...။"

ဖုန်းထဲမှ အမျိုးသမီးတစ်ဦး၏ အသံထွက်ပေါ်လာလေသည်။ သူမ၏ အသံမှာ အနည်းငယ် ကြမ်းတမ်းနေ သော်လည်း အသက်သိပ်မကြီးသေးကြောင်းကိုမူ ခန့်မှန်းသိရှိနိုင်ပေသည်။ အသံသြသြကြီး ဖြစ်နေခြင်းသာ ဖြစ်သည်။

"ငါ့ရဲ့ နေရာအကျအနက ရွှယ်ကျွန်းဈေးပဲလေ...။ နင်က ပို့ဆောင်တဲ့သူ ဖြစ်ပြီးတော့ အမှာစာပေါ်က လိပ်စာကို မစစ်ကြည့်ဘူးလား...။ ဘာလို့ ဖုန်းဆက်ပြီး မေးနေရတာလဲ...။"

ထိုစကားကို ကြားသောအခါ လျန်ထျန်း၏ နဖူးပေါ်တွင် အမည်းရောင်မျဉ်းကြောင်းများစွာ ပေါ်လာခဲ့သော်လည်း သူက စိတ်ရှည်လက်ရှည်ဖြင့် ဆက်၍ ပြောလိုက်လေသည်။

"ကျွန်တော် အမှာစာကို ကြည့်ပြီးပါပြီ...၊ ရွှယ်ကျွန်းဈေးဆိုတာကိုလည်း သိပါတယ်...။ ဒါပေမဲ့ ရွှယ်ကျွန်းဈေးက အရမ်းကြီးလွန်းတော့ ခင်ဗျားရဲ့ နေရာအတိအကျကို သိဖို့ လိုအပ်နေလို့ပါခင်ဗျာ...။"

"အနီးအနားမှာ ဆိုင်တွေ ဒါမှမဟုတ် အိမ်နံပါတ်တွေ ရှိမရှိ ပတ်ဝန်းကျင်ကို ကြည့်ပေးပါ...။ တကယ်လို့ တွေ့ တယ်ဆိုရင် ကျွန်တော့်ကို ပြောပြပါ...။ ဒါမှ ရှာရတာ ပိုလွယ်ကူသွားမှာမို့လို့ပါ...။"

ထိုအမျိုးသမီးမှာ ခေတ္တမျှ တိတ်ဆိတ်သွားပြီး ပတ်ဝန်းကျင်ကို ကြည့်ရှုနေပုံရကာ အချိန်အနည်းငယ် ကြာပြီး နောက် ပြန်လည်ဖြေကြားလာခဲ့လေသည်။

"ဘယ်ဆိုင်ခန်း ဘယ်လိပ်စာမှ မရှိဘူး...။ ရောက်လာရင် တစ်ယောက်ယောက်ကိုသာ မေးကြည့်လိုက်တော့...။"

ထိုစကားကို ကြားသောအခါ လျန်ထျန်း၏ နဖူးပေါ်တွင် အမည်းရောင် မျဉ်းကြောင်းများ ပို၍ပင် ဖုံးလွှမ်းသွား လေတော့သည်။

"မဟုတ်သေးဘူးလေ...။ အဲ့ဒီ ဈေးကြီးထဲမှာ လူပေါင်း သောင်းချီပြီး ရှိနေတာ...။ လမ်းပေါ်မှာ ကျွန်တော်က ဘယ် သူ့ကို သွားမေးရမှာလဲ...။ လူတိုင်းက ခင်ဗျားကို သိနေကြတာလား...၊ ခင်ဗျားက ဘာအလုပ်လုပ်လို့ လဲ...။"

အမျိုးသမီး၏ အသံမှာ အနည်းငယ် စိတ်မရှည်တော့သည့်ဟန် ပေါက်လာလေသည်။

"အိုး... ကြုံတဲ့သူ တစ်ယောက်ယောက်ကိုသာ မေးလိုက်စမ်းပါ...။ တို့ဟူးရောင်းတဲ့သူကို လာရှာတာလို့ ပြော လိုက်ရင် သူတို့ သေချာပေါက် ငါ့ကို သိကြတယ်...။"

လျန်ထျန်းမှာ ချက်ချင်းပင် အံ့သြသွားရလေသည်။

"ခင်ဗျားက သည်ရွှယ်ကျွန်းဈေးမှာ တို့ဟူးရောင်းတာ အဲ့လောက်တောင် နာမည်ကြီးနေလို့လား...။ ဘယ်သူ့ကို မေးမေး ခင်ဗျားကို သိနိုင်တာလား...။"

ဤတစ်ကြိမ်တွင်မူ အမျိုးသမီးမှာ လုံးဝကို စိတ်မရှည်တော့ဘဲ အသံကို မြှင့်လိုက်ကာ ပို၍ သြသြကြီး ဖြစ်သွား ခဲ့လေသည်။

"နင်က အစားအသောက် လာပို့တာကို ဘာလို့ စကားတွေ အဲ့လောက်တောင် များနေရတာလဲ...။ ငါပြောတဲ့အ တိုင်းသာ လုပ်စမ်းပါ...။ အစားအသောက်ကို မြန်မြန် လာပို့စမ်းပါ...၊ ငါ ဗိုက်ဆာလှပြီ...။"

ထိုသို့ ပြောပြီးနောက် အမျိုးသမီးက ဖုန်းချသွားလေတော့သည်။

အတိအကျ နေရာအချက်အလက် မရှိသဖြင့် လျန်ထျန်းသည် အမျိုးသမီး၏ ညွှန်ကြားချက်ကိုသာ လိုက်နာနိုင် တော့ပြီး ရွှယ်ကျွန်းဈေးထဲသို့ ဝင်ရောက်ပြီးနောက် လမ်းပေါ်ရှိ လူများကို စတင်၍ မေးမြန်းရလေတော့သည်။

"မင်္ဂလာပါခင်ဗျာ...၊ ဒီဈေးထဲမှာ တို့ဟူးသည် တစ်ယောက် ရှိမရှိ သိပါသလား...။"

ပခုံးပေါ်တွင် ထမ်းပိုးကို ထမ်းထားသော ဦးလေးကြီးမှာ ရပ်တန့်သွားပြီး အတန်ကြာ စဉ်းစားနေလေသည်။

"တို့ဟူးသည် ဆိုတော့...၊"

သူ၏ မျက်နှာအမူအရာကို မြင်သောအခါ လျန်ထျန်းသည် အခွင့်အရေးရှိသည်ဟု ခံစားလိုက်ရပြီး စိတ်ထဲတွင် တွေးလိုက်လေသည်။

*တို့ဟူးသည်က လိမ်ပြောနေတာ မဟုတ်ဘူးထင်တယ်...။ သူမက သည်ရွှယ်ကျွန်းဈေးမှာ တော်တော်လေး နာမည်ကြီးတာပဲ...၊ ဘယ်သူ့ကို မေးမေး သူမကို သိကြတယ်ပေါ့...။*

*တို့ဟူးက တကယ်ကို အရသာရှိမှာပဲ...။ အစားအသောက် ပို့ပြီးသွားရင် စမ်းစားကြည့်ဖို့ တစ်ခုနှစ်ခုလောက် တော့ ဝယ်ရမယ်...။*

သို့ရာတွင် လျန်ထျန်းတစ်ယောက် နောက်ထပ် ထွက်ပေါ်လာမည့် အဖြေကို ကြားရန် မျှော်လင့်ချက်များ ပြည့် နှက်နေချိန်တွင်ပင် အချိန်အကြာကြီး စဉ်းစားနေခဲ့သော ထမ်းပိုးထမ်းထားသည့် ဦးလေးကြီးမှာ ခေါင်းခါလိုက် ပြီး ပြောလာလေသည်။

"ဘယ်သိမလဲကွာ...။"

ထိုအဖြေကို ကြားလိုက်ရသောအခါ လျန်ထျန်းမှာ ကားနှင့်လူပါ မြေပြင်ပေါ်သို့ ပြုတ်ကျမတတ် ဖြစ်သွားရ လေသည်။

ထို့နောက် သူသည် လျှပ်စစ်စကူတာကို အမြန်ထိန်းလိုက်ပြီး ဆိုင်ကယ်ဆောင်းဦးထုပ်ကို သေချာစွာ တပ်ဆင် ကာ ထမ်းပိုးထမ်းထားသည့် ဦးလေးကြီးကို ထပ်မံ၍ မေးလိုက်လေသည်။ သူ၏ အမူအရာမှာ အလွန်ပင် ကူကယ်ရာမဲ့နေပုံ ရလေသည်။

"ဦးလေးရယ်...၊ မသိဘူးဆိုရင်လည်း မသိဘူးလို့ပဲ ပြောပါလား...။ ဘာဖြစ်လို့ အဲ့ဒီလောက် အကြာကြီး စဉ်းစား နေရတာလဲ..."

လူလတ်ပိုင်းအရွယ် ဦးလေးကြီးက အလွန် တည်ကြည်လေးနက်သော လေသံဖြင့် ပြန်ဖြေလေသည်။

"အော်... ငါက လမ်းလျှောက်ရတာ နည်းနည်း ပင်ပန်းနေလို့ပါကွာ...။ မင်းက ငါ့ကို စကားလာပြောနေမှတော့ ခဏလောက် ရပ်ပြီး အနားယူလိုက်တာပေါ့...။"

"..."

လျန်ထျန်းမှာ တစ်ခဏမျှ ဆွံ့အသွားရပြီး ဦးလေးကြီးကလည်း သူ့ကို စကားတစ်ခွန်းမျှ မဆိုဘဲ စိုက်ကြည့်နေ လေသည်။ အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် လျန်ထျန်းသည် နောက်ဆုံးတွင် စကားတစ်ခွန်းကို ထုတ်ပြောလိုက်လေသည်။

"ကောင်းပါပြီ ဦးလေး...၊ ဦးလေးသာ ဆက်နားပါတော့...။ ကျွန်တော် တခြားတစ်ယောက်ယောက်ကို သွားမေး လိုက်ပါ့မယ်...။"

စကားပြော၍ မဆုံးမီမှာပင် လျန်ထျန်းသည် ထွက်ခွာသွားခဲ့ပြီး ဦးလေးကြီးကမူ သူ့နောက်မှ လှမ်းခေါ်ကာ ဆက် နေရန် ဖျောင်းဖျနေလေသည်။

"နောက်ထပ် ခဏလောက် ထပ်ပြောကြဦးမလား...။ ခဏလောက် နားလိုက်ကြရအောင်လေ...။"

လျန်ထျန်းတွင် ထိုဦးလေးကြီးနှင့်အတူ အနားယူနေရန် အချိန်မရှိပေ။ အတန်အသင့် ဝေးကွာသော နေရာသို့ ရောက်ပြီးနောက် သူသည် နောက်ထပ် ဟင်းသီးဟင်းရွက်ဆိုင် တစ်ဆိုင်ကို တွေ့ရှိသွားပြီး မေးမြန်းလိုက်လေ သည်။

"အန်တီ... ကျွန်တော်တို့ ဈေးထဲမှာ တို့ဟူးသည် ရှိမရှိ သိပါသလား...။"

ဟင်းသီးဟင်းရွက်သည် အဒေါ်ကြီးမှာ သူမရှေ့ရှိ တရုတ်နံနံစည်းများကို ကိုင်တွယ်နေရင်း လျန်ထျန်းကို မော့ ကြည့်ကာ ပြုံး၍ ပြောလေသည်။

"ဒီတရုတ်နံနံလေးတွေကို ကြည့်ပါဦး...၊ နုနေတာပဲ...။ အိမ်ရောက်လို့ ကြော်စားလိုက်ရင် သိပ်ကို အရသာရှိ မှာ...။"

ထိုစကားကို ကြားသောအခါ လျန်ထျန်းမှာ တစ်ခဏမျှ အံ့အားသင့်သွားပြီးနောက် ရုတ်တရက် သဘောပေါက် သွားခဲ့လေသည်။

"ကောင်းပြီလေ...၊ ဒါဆိုရင် ကျွန်တော့်ကို တစ်စည်းလောက် ပေးပါ...။"

လျန်ထျန်းသည် စိတ်ထဲတွင် တွေးတောနေခဲ့လေသည်။

*အဲ့ဒါလည်း မှန်တာပဲ...၊ ဘာမှမဝယ်ဘဲနဲ့ မေးခွန်းတွေ မေးနေတာက နည်းနည်းတော့ အရိုအသေမဲ့ရာ ကျတယ် လေ...။ ဓီအန်တီက တရုတ်နံနံအကြောင်း ပြောနေတယ်ဆိုတာ သေချာပေါက် ငါ့ကို ဝယ်ပြီးမှ ပြောပြမယ်လို့ သွယ်ဝိုက်ပြီး ပြောနေတာပဲ...။*

*ဒီတစ်ကြိမ်တော့ အဆင်ပြေလောက်ပါပြီ...။ ငါဝယ်ထားတဲ့ တရုတ်နံနံတွေလည်း အလကား မဖြစ်ပါဘူးလေ... ၊ တရုတ်နံနံနဲ့ အမဲသားကြော်လေး လုပ်စားပြီး ညစာကို နည်းနည်းလောက် ပိုကောင်းအောင် လုပ်လို့ရတာပေါ့...။ အရသာရှိမှာ သေချာတယ်...။*

သို့သော် လျန်ထျန်းက တရုတ်နံနံဝယ်၍ ပိုက်ဆံရှင်းပြီးနောက် သူသည် အဒေါ်ကြီး၏ အဖြေကို စိတ်အားထက် သန်စွာ စောင့်ဆိုင်းနေခဲ့လေသည်။ အဒေါ်ကြီးမှာ သူ့ကို မျှော်လင့်ချက်အပြည့်ဖြင့် စိုက်ကြည့်နေပြီး အတန်ကြာ သောအခါ မေးခွန်းတစ်ခုကို မေးလာလေသည်။

"ဘာဖြစ်လို့လဲ... တခြား ဝယ်ချင်တာတွေ ရှိသေးလို့လား...။ ဒီနေ့ အာလူးတွေ တော်တော်လေး ကောင်းတယ် နော်...။"

ထိုစကားကို ကြားသောအခါ လျန်ထျန်းမှာ စကူတာရောလူပါ နောက်တစ်ကြိမ် လဲကျမတတ် ဖြစ်သွားရပြန် လေသည်။

သူကိုယ်သူ ပြန်လည်မတ်တတ်ရပ်စေပြီးနောက် ယဉ်ကျေးသော်လည်း အနေခက်စွာဖြင့် လက်ကိုဝှေ့ယမ်း လိုက်ကာ သူ၏ မျက်နှာပေါ်တွင်လည်း တင်းမာသော အပြုံးတစ်ခု ပေါ်လွင်နေလေသည်။

"အန်တီ... ကျွန်တော်က တစ်ယောက်တည်း နေတာပါ...။ ဒီတရုတ်နံနံက ညစာအတွက် လုံလောက်ပါတယ်...။ ကျေးဇူးပြုပြီး တို့ဟူးသည် ဘယ်မှာရှိလဲဆိုတာလေး ပြောပြပေးပါလား...။ ကျွန်တော် သူမဆီကို အစားအ သောက် သွားပို့ရမှာမို့လို့ပါ...။"

ရလဒ်အနေဖြင့် အဒေါ်ကြီးမှာ သူမ၏ နားကို တစ်ဖက်သို့ လှည့်ကာ လက်ဖြင့်ထောက်ထားပြီး ကျယ်လောင်စွာ အော်ပြောလေသည်။

"ဘာပြောလိုက်တာလဲ...။ အာလူး ဘယ်နှစ်ပေါင် ယူမှာလဲလို့...။"

ထိုအရာကို မြင်သောအခါ လျန်ထျန်းမှာ အသက်ရှူမှားသွားရပြီး သူ၏ ရင်ထဲရှိ အသံတစ်ခုက မျှော်လင့်ချက်မဲ့ စွာဖြင့် အော်ဟစ်နေမိလေတော့သည်။

*ဘုရားရေ... ၊ ငါ ပြောလိုက်တဲ့ စကားတွေ အကုန်လုံးကို အဲ့သည် အဒေါ်ကြီးက တစ်ခွန်းမှ မကြားလိုက်ရ ဘူးပေါ့...။*

*ငါဝယ်ခဲ့တဲ့ တရုတ်နံနံက...၊ ငါတော့ ရူးနေတာ သေချာတယ်...။ ဒီနေ့ အပြင်မထွက်ခင် ပြက္ခဒိန်ကို သေချာ ကြည့်ခဲ့သင့်တာ...။*

သူ၏ စိတ်ထဲမှ အုံကြွမှုများ ငြိမ်သက်သွားပြီးနောက် လျန်ထျန်းသည် နောက်ဆုံး မျှော်လင့်ချက်ရောင်ခြည်လေး ကို ဆုပ်ကိုင်ထားဆဲဖြစ်ကာ ရှေ့သို့ ကိုင်းညွတ်၍ ကျယ်လောင်စွာ အော်ပြောလိုက်လေသည်။

"ဟေး... အန်တီ...၊ ဒီဈေးထဲမှာ တို့ဟူးသည် ရှိမရှိ သိပါသလား...။"

လျန်ထျန်းမှာ ယခုအချိန်တွင် သည်အဒေါ်ကြီးသည် နားလေးနေသော်လည်း သူမ၏ ရုပ်ဆင်းသွင်ပြင်အရ သဘောကောင်းမည့်သူဟု မျှော်လင့်နေမိလေသည်။ အကယ်၍ သူမက တို့ဟူးသည်ကို သိခဲ့မည်ဆိုပါက တရုတ်နံနံ ဝယ်လိုက်ရခြင်းမှာ လုံးဝ အလကား မဖြစ်သွားကြောင်းကို သူ့ကိုယ်သူ ပြန်ပြောပြနိုင်မည် ဖြစ်ပေ သည်...။

သို့ရာတွင် လျန်ထျန်း၏ မျှော်လင့်ချက်မှာ နောက်ဆုံးတွင် ပျက်စီးသွားခဲ့ရလေသည်။ သည်တစ်ကြိမ်တွင်မူ အဒေါ်ကြီးက ရှင်းလင်းစွာ ကြားသွားခဲ့သော်လည်း ချက်ချင်းပင် ခေါင်းခါပြလိုက်လေသည်။

"တို့ဟူးသည် ဟုတ်လား...၊ ငါမသိဘူး...။ မသိပါဘူးဆိုနေမှ...။"

ဆက်တိုက်ဆိုသလို အခက်အခဲ နှစ်ခုနှင့် ကြုံတွေ့ခဲ့ရသော်လည်း လျန်ထျန်းမှာ အရှုံးမပေးဘဲ အခြားလူအချို့ကို ဆက်လက်၍ မေးမြန်းနေခဲ့လေသည်။

"မင်္ဂလာပါခင်ဗျာ...၊ ဒီဈေးထဲမှာ တို့ဟူးသည် ရှိမရှိ သိပါသလား...။" ဟု လျန်ထျန်းက ငါးသည်တစ်ဦးကို မေးလိုက်ပြန်လေသည်။

"ကုန်သွားလို့ ပြန်တော့မှာ...။" ဟု ငါးသည်က ပြန်ဖြေလေသည်။

"ဟင်... ကုန်သွားလို့ ပြန်သွားပြီ ဟုတ်လား...။" လျန်ထျန်းက ထပ်မေးလိုက်သည်။

"အေးလေ... ခုနလေးတင် ငါ့ဘေးမှာ ရှိနေတာ...။ အဘိုးကြီး တစ်ယောက်က ငါးရောင်းနေတာ...၊ သူ့ငါးတွေ ရောင်းကုန်လို့ ပြန်သွားပြီ...။" ဟု ငါးသည်က ပြောလေသည်။

"အော်... မဟုတ်ပါဘူး...။ တခြား တို့ဟူးသည်တွေ ဘယ်မှာရှိလဲဆိုတာများ သလားလို့ပါ...။"

ငါးသည်က "မသိဘူး..." ဟု ပြတ်တောင်းတောင်းပင် ပြန်ဖြေလေသည်။

လျန်ထျန်းသည် အခြားလူတစ်ဦးအား ထပ်မံ မေးမြန်းပြန်သည်။

"မင်္ဂလာပါ ဦးလေး...။ ဒီဈေးထဲမှာ တို့ဟူးသည် ဘယ်မှာရှိလဲဆိုတာများ သိပါသလား...။"

အရက်ရောင်းနေသော အဘိုးကြီးက၊

"ဒီဈေးထဲမှာ တို့ဟူးရောင်းတဲ့သူ အတော်များများ ရှိတယ်ကွ...။ မင်းက ဘယ်တစ်ယောက်ကို ပြောတာလဲ...။"

"အမျိုးသမီး တစ်ယောက်ပါ...။ အသက်က သိပ်မကြီးလောက်ဘူး...၊ သုံးဆယ် ထက်တော့ မပိုပါဘူး...။ ဒါပေမဲ့ သူမရဲ့ အသံက တော်တော်လေး သြတယ်...။"

အရက်သည် အဘိုးကြီးက၊

"လူငယ်လေး... မင်းပြောတဲ့ တို့ဟူးသည်ဆိုတာက တရားဝင် တို့ဟူးရောင်းတဲ့သူ ဟုတ်ရဲ့လား...။"

"ဟင်... အဲ့ဒါက ဘာကို ဆိုလိုတာလဲ ဦးလေးရဲ့...။"

အရက်သည် အဘိုးကြီးက ပြန်ဖြေလေသည်။

"ငါက ဒီဈေးမှာ အရက်ရောင်းလာတာ ဆယ်နှစ်ကျော်ပြီ... သည်မှာ တို့ဟူးရောင်းတဲ့သူ အတော်များများ ရှိတာ ကို ငါသိတယ်... ဒါပေမဲ့ သည်နေရာမှာ တို့ဟူးရောင်းတဲ့ အမျိုးသမီးကိုတော့ တစ်ခါမှ မမြင်ဖူးပါဘူး...။"

"အာ... အနှောင့်အယှက် ပေးမိတဲ့အတွက် တောင်းပန်ပါတယ် ဦးလေး...။"

ထို့နောက် လျန်ထျန်းသည် အခြား ဖြတ်သွားဖြတ်လာများကိုလည်း ဆက်လက် မေးမြန်းနေခဲ့သည်။

"မင်္ဂလာပါ... ဒီဈေးကို မကြာခဏ လာဖြစ်ပါသလား...။ ဒီမှာ တို့ဟူးသည် တစ်ယောက် ရှိတာကိုများ သိပါ သလား...၊ အမျိုးသမီး တစ်ယောက်ပါ...။"

လမ်းသွားလမ်းလာ တစ်ဦးက "ငါ တို့ဟူးမကြိုက်ဘူး... မသိဘူး..." ဟု ပြန်ဖြေလေသည်။

မရေမတွက်နိုင်သော လူများစွာကို မေးမြန်းပြီးနောက်တွင်လည်း လျန်ထျန်းသည် တို့ဟူးသည်၏ အတိအကျ နေရာကို ရှာမတွေ့နိုင်သေးပေ။ သူသည် အကြားအာရုံ သို့မဟုတ် အမြင်အာရုံ မှားယွင်းနေသလားဟုပင် သံသယဝင်လာပြီး အမှာစာကို ထုတ်ကာ ထပ်ခါတလဲလဲ စစ်ဆေးရင်း ရှုပ်ထွေးစွာဖြင့် သူ့ကိုယ်သူ ရေရွတ် နေမိလေတော့သည်။

"မှန်ပါတယ်... အမှာစာမှာ အမျိုးသမီးတစ်ယောက်လို့ ရေးထားတာပဲ...။ ပြီးတော့ စောစောက ဖုန်းထဲမှာ ကြားလိုက်ရတဲ့ အသံကလည်း အမျိုးသမီး အသံဆိုတာ ငါ သေချာပေါက် သိပါတယ်...။"

"ဘုရားရေ... သူမက ဘယ်မှာပါလိမ့်...။"

ရူးသွပ်လုမတတ် အခြေအနေသို့ ရောက်ရှိသွားသော လျန်ထျန်းသည် ဖောက်သည်၏ ဖုန်းနံပါတ်ကို နောက် တစ်ကြိမ် ခေါ်ဆိုလိုက်လေသည်။

"အစ်မ... ကျွန်တော် လမ်းတစ်လျှောက်လုံး လိုက်မေးလာတာ...။ ဒါပေမဲ့ ဘယ်သူမှ ခင်ဗျားကို မသိကြဘူး...။ ခင်ဗျားက အဲ့လောက်ကြီးလည်း နာမည်မကြီးပါဘူးဗျာ...။"

အမျိုးသမီးက မယုံကြည်နိုင်သော လေသံဖြင့် ပြန်ပြောလေသည်။

"နင်က မေးတဲ့အခါ တို့ဟူးသည် ဖြစ်တဲ့ ငါ့ကို လာရှာတာလို့ ပြောရဲ့လား...။ ငါက သည်အနီးတစ်ဝိုက်မှာ နာမည် ကြီးတဲ့ အင်တာနက် ဆယ်လီ တို့ဟူးအလှမယ်လေ...။ ဘယ်လိုလုပ်ပြီး ဘယ်သူမှ ငါ့ကို မသိရမှာလဲ...။"

လျန်ထျန်း၏ နဖူးပေါ်ရှိ အမည်းရောင် မျဉ်းကြောင်းများမှာ ရှုပ်ထွေးလုမတတ် ဖြစ်သွားရလေသည်။

"ကျွန်တော် ဆယ်ယောက်ထက်မနည်း မေးပြီးသွားပြီ...။ ဒီဈေးထဲမှာ ဆယ်နှစ်ကျော် လုပ်ကိုင်လာတဲ့ အဘိုးကြီး တစ်ယောက်တောင် ပါသေးတယ်...။ သူတို့အားလုံးက ဒီမှာ တို့ဟူးရောင်းတဲ့ အမျိုးသမီး ဆိုတာကို တစ်ခါမှ မကြားဖူးဘူးလို့ ပြောကြတယ်...။"

"ကျေးဇူးပြုပြီး ခင်ဗျားကို တောင်းပန်ပါတယ်...။ ခင်ဗျား ဘယ်မှာရှိလဲ ဆိုတာလေးသာ ပြောပြပေးပါတော့...။"

ခေတ္တမျှ ရပ်နားပြီးနောက် လျန်ထျန်းသည် စိတ်ရှည်စွာဖြင့် ဆက်ပြောလေသည်။

"ဒါဆိုရင် ခင်ဗျားရဲ့ ပတ်ဝန်းကျင်မှာ အထင်ကရ နေရာတွေ ဘာရှိလဲဆိုတာကို ပြောပြပါ...။ ပြီးတော့ ခင်ဗျားက အဲ့ဒီအရာရဲ့ ဘယ်နားမှာ ရှိနေတာလဲ...။"

ဤတစ်ကြိမ်တွင်မူ တို့ဟူးသည်က အတော်လေး မြန်မြန်ဆန်ဆန်ပင် ပြန်ဖြေလာလေသည်။

"ဘယ်ဘက်မှာ..."

လျန်ထျန်းမှာ မျှော်လင့်ချက် ရောင်ခြည်ကို နောက်တစ်ဖန် ပြန်မြင်လိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး အမြန် ပြောလိုက်လေသည်။

"ဘာရဲ့ ဘယ်ဘက်မှာလဲ..."

တို့ဟူးအလှမယ်က ပြန်ဖြေလေသည်။

"ငါ့တို့ဟူးဆိုင်ရဲ့ ဘယ်ဘက်မှာပေါ့...။"

All Chapters