← Chapters

အခန်း ၁၇၃

Vol. 18 Ch. 173

အခန်း ၁၇၃

Vol. 18 Ch. 173

အခန်း (၁၇၃)

လက်ဆောင်များ ပေးပို့ခြင်း

လက်ကိုင်ဖုန်းစခရင်ပေါ်ရှိ 'တို့ဟူးအလှလေး' လိုက်ဖ်လွှင့်သူကို ကြည့်ရင်း လျန်ထျန်း၏ နှုတ်ခမ်းများက မဲ့ပြုံး တစ်ချက် ပြုံးသွားကာ စာတစ်ကြောင်း ရိုက်နှိပ်၍ ပေးပို့လိုက်လေသည်။

[အစီအစဉ်မှူး... မနေ့က အစားအသောက်ပို့တဲ့သူကို အဆိုးမြင်မှတ်ချက်ပေးပြီး တိုင်ကြားခဲ့တယ် မဟုတ်လား... ။ အဲ့ဒီ မှတ်ချက်နဲ့ တိုင်ကြားစာကို ပြန်ရုတ်သိမ်းဖို့ အခွင့်အရေးပေးမယ်...။ ပြီးရင် ကာနီဗယ်လက်ဆောင်တစ်ခု ပေးမယ်...။]

ဤတို့ဟူးအလှလေးသည် မနေ့က ဖုန်းထဲတွင် သူမကိုယ်သူမ နာမည်ကြီး အင်တာနက်ဆယ်လီတစ်ဦးဟု ကြွားဝါခဲ့သော်လည်း ယနေ့ လျန်ထျန်း ဝင်ကြည့်လိုက်သောအခါ ဤမျှ နာမည်ကြီးကြောင်းကို မတွေ့ရပေ။

ပင်မစာမျက်နှာရှိ ပရိသတ်အရေအတွက်မှာ ဆယ်ဂဏန်းမျှသာ ရှိပြီး သနားစရာကောင်းလောက်အောင် နည်းပါး လှသလို လိုက်ဖ်လွှင့်မှုထဲရှိ ကြည့်ရှုသူအရေအတွက်မှာလည်း ဂဏန်းတစ်လုံးတည်းသာ ရှိလေသည်။ ဤမျှ သာမန် လိုက်ဖ်လွှင့်သူလေးက သူမကိုယ်သူမ နာမည်ကြီး အင်တာနက်ဆယ်လီဟု ခေါ်ဝံ့သေးသည်လော...၊ သာမန် အင်တာနက်ဆယ်လီတစ်ဦး ဖြစ်ရန်ပင် အရည်အချင်း မပြည့်မီပေ။

လျန်ထျန်းအနေဖြင့် ဤကဲ့သို့ သာမန် လိုက်ဖ်လွှင့်သူမျိုးကို ကိုင်တွယ်ရန်မှာ သုံးဖန်သာ တန်ဖိုးရှိသော ကာနီဗယ် လက်ဆောင်တစ်ခုဖြင့် အဆိုးမြင်မှတ်ချက်နှင့် တိုင်ကြားစာကို ရုတ်သိမ်းစေရန် လုံလောက်ကြောင်း အပြည့်အဝ ယုံကြည်ချက် ရှိနေလေသည်။

လျန်ထျန်းသည် မနေ့က အလွန် ဒေါသထွက်ခဲ့သော်လည်း ယနေ့တွင် သူမအား အဘယ်ကြောင့် လက်ဆောင် ပေးရသနည်းဆိုသည့် ကိစ္စနှင့်ပတ်သက်၍ သူ၏ ကိုယ်ပိုင် အကြောင်းပြချက်များ ရှိနေသည်သာ ဖြစ်လေသည်။ ဖန်အနည်းငယ်ကို ယွမ်ရာချီသော ဒဏ်ကြေးငွေနှင့် လဲလှယ်လိုက်ရခြင်းမှာ အလွန်တန်သော အပေးအယူတစ်ခု မဟုတ်ပါလော...။

ထို့အပြင် သူ၏ စိတ်ထဲတွင် အစီအစဉ်များစွာ ရှိနေပြီး ဤအခွင့်အရေးကို အသုံးချကာ မနေ့က ဒေါသများကို ဖြေဖျောက်ရန် ဆုံးဖြတ်ထားလေသည်။

သို့သော် စာကို ဖတ်ပြီးနောက် တို့ဟူးသည်မလေးမှာ ခေတ္တမျှ ကြက်သေ သေသွားသည်မှာ သိသာလှသော် လည်း စကားနားထောင်မည့်အစား ဒေါသတကြီးဖြင့် ပေါက်ကွဲသွားတော့သည်။

"နင့်က မနေ့က ငါ့အစားအသောက်ကို လာပို့ပြီး လမ်းပေါ် လွှင့်ပစ်ခဲ့တဲ့ ပို့ဆောင်သူ မဟုတ်လား...။"

"မနေ့က ငါ့ကို ငတ်သေအောင် လုပ်ခဲ့ပြီး အခုတော့ ငါ့လိုက်ဖ်ထဲကို လာပြီး ကာနီဗယ်လက်ဆောင်ဆိုတဲ့ စကားနဲ့ အဆိုးမြင်မှတ်ချက်နဲ့ တိုင်ကြားစာကို ရုတ်သိမ်းအောင် လာလှည့်စားဝံ့တယ်ပေါ့လေ...။"

"နင့်လို ဆင်းရဲတဲ့ အစားအသောက်ပို့တဲ့သူက ကာနီဗယ်လက်ဆောင် ပေးနိုင်ဖို့ ပိုက်ဆံ ဘယ်လိုလုပ် ရှိမှာလဲ...။ ငါ နင့်ကို နည်းနည်းလေးတောင် မယုံဘူး...။ အနံ့အသက်ဆိုးတဲ့ အစားအသောက်ပို့တဲ့သူ...၊ နင် တကယ်ပဲ ယုတ်မာလွန်းတယ်...။"

သို့သော် တို့ဟူးသည်မလေး၏ ဒေါသတကြီး အထင်အမြင်သေးစွာ အော်ဟစ်နေမှု မပြီးဆုံးမီမှာပင် စခရင်ပေါ် တွင် ဒုံးပျံတစ်ခု ကောင်းကင်သို့ ပစ်တက်သွားလေသည်။ ကြီးမားထူထဲသော ထိုဒုံးပျံကြီးကို မြင်လိုက်ရသော အခါ တို့ဟူးသည်မလေးမှာ စကားပြောနေရာမှ ရုတ်တရက် ရပ်တန့်သွားပြီး ဟာလာသော ပါးစပ်ထောင့်မှ သွားရည်များပင် ကျလာခဲ့လေသည်။

လျန်ထျန်း၏ ခန့်မှန်းချက် မှန်ကန်ပေသည်။ ဤ "တို့ဟူးအလှလေး" သည် နာမည်မကြီးလှသော သာမန် လိုက်ဖ် လွှင့်သူလေးသာ ဖြစ်သည်။ သူမသည် ကာနီဗယ်လက်ဆောင် မဆိုထားနှင့်၊ "ဒုံးပျံလေး" လက်ဆောင်ကိုပင် တစ်ခါမျှ မရဖူးချေ။

သူမအနေဖြင့် ပို့ဆောင်သူတစ်ဦးက သူမအား ကာနီဗယ်လက်ဆောင် ပေးလိမ့်မည်ဟု မယုံကြည်သောကြောင့် သာ ထိုကဲ့သို့ ရိုင်းစိုင်းသော စကားများကို ပြောဆိုခဲ့ခြင်း ဖြစ်လေသည်။ ယခု လျန်ထျန်းက တစ်ဖန်သာ တန်ဖိုး ရှိသော ဒုံးပျံကြီးကို ပေးပို့လိုက်ရာ ဤမျှ ကြီးမားသော လက်ဆောင်မျိုးကို တစ်ခါမျှ မရဖူးသည့် တို့ဟူးအလှ လေးတစ်ယောက် မက်မောလွန်း၍ သွားရည်ကျလာသည်မှာ ပုံမှန်ပင် ဖြစ်လေသည်။

လျန်ထျန်းက သူမကို လက်ဆောင်ပေးလိုက်သည်နှင့် တစ်ပြိုင်နက် တို့ဟူးသည်မလေး၏ သဘောထားမှာ လုံးဝ ပြောင်းလဲသွားပြီး ကြမ်းတမ်းသော အသံမှသည် ချွဲနွဲ့သော အသံလေးသို့ ပြောင်းလဲသွားလေသည်။

"ဟယ်... ရှင် တကယ်ပဲ လက်ဆောင်တွေ ပေးတာပဲ...။ အစကတည်းက ပြောပါတော့လား...။ မနေ့က ကျွန်မ သိပ်ပြီး ဆာနေတာ မဟုတ်ပါဘူး...။"

"အစားအသောက်ပို့တဲ့ အစ်ကိုကြီးက အစားအသောက် လာမပို့တာ အချိန်ကိုက်ပဲလေ...။ ကျွန်မ ဝိတ်ကျအောင် တောင် ကူညီပေးလိုက်သေးတယ်...။ သူ့ကို ကျေးဇူးတင်ရဦးမယ်...၊ အစားအသောက်ပို့တဲ့ အစ်ကိုကြီးတွေက အကောင်းဆုံးပဲ...။"

တို့ဟူးသည်မလေး၏ ရွံစရာကောင်းလှသော ချွဲနွဲ့မှုများ မဆုံးမီမှာပင် လျန်ထျန်းက စာရိုက်၍ ထပ်မံ ပေးပို့လိုက် လေသည်။

[စကားများနေတာ တော်တော့...၊ အစားအသောက်ပို့ဆောင်ရေး ပလက်ဖောင်းရဲ့ ဖောက်သည်ဝန်ဆောင်မှုဌာန ကို အခုပဲ ဖုန်းဆက်ပြီး မနေ့က အဆိုးမြင်မှတ်ချက်နဲ့ တိုင်ကြားစာကို ပြန်ရုတ်သိမ်းလိုက်တော့...။]

[မင်းသာ လိမ္မာရင် ငါ လက်ဆောင်တွေ ဆက်ပေးမယ်...။ မင်းမှာ သုံးမိနစ် အချိန်ရတယ်...၊ မြန်မြန်လုပ်...။ မဟုတ်ရင် ကာနီဗယ်ကနေ ဒုံးပျံ...၊ အဲ့ဒီကနေ သွားကြားထိုးတံ ဖြစ်သွားလိမ့်မယ်...။]

ထိုစာကို မြင်လိုက်ရသောအခါ တို့ဟူးသည်မလေးမှာ ချက်ချင်းပင် အသည်းအသန် ဖုန်းဆက်လေတော့သည်။ သူမတွင် ဖုန်းနှစ်လုံး ရှိပြီး တစ်လုံးမှာ လိုက်ဖ်လွှင့်ရန်ဖြစ်ကာ အခြားတစ်လုံးမှာ နေ့စဉ်သုံးရန် ဖြစ်လေသည်။

စခရင်ပေါ်တွင် တို့ဟူးသည်မလေးက အဆိုးမြင်မှတ်ချက်နှင့် တိုင်ကြားစာကို ရုတ်သိမ်းရန် ဖုန်းဆက်နေသည်ကို လျန်ထျန်း ရှင်းလင်းစွာ မြင်တွေ့နေရပြီး သူမ၏ အပြုအမူမှာလည်း အလွန်ပင် ကောင်းမွန်နေလေသည်။

တကယ်ကိုပင် ငွေကြေးက ကြီးမားသော ဩဇာလွှမ်းမိုးမှု ရှိနေလေသည်။ မနေ့က ဤတို့ဟူးသည်မလေးသည် လျန်ထျန်းအပေါ် အလွန် စိတ်မရှည်ခဲ့သလို ပို့ဆောင်သူများက သူမအား သူငယ်ချင်းအဖြစ် ထည့်သွင်းရန် အရည်အချင်း မမီကြောင်းပင် ပြောဆိုခဲ့သေးသည်။

ယနေ့တွင်ကား သူက လက်ဆောင်အချို့ကို ပေါ့ပေါ့ပါးပါး ပေးလိုက်ပြီးနောက် သူမသည် လျန်ထျန်း၏ စကားကို လုံးဝ နာခံသွားလေသည်။ အဆိုးမြင်မှတ်ချက်နှင့် တိုင်ကြားစာကို ရုတ်သိမ်းရန် ဖုန်းဆက်ပြီးနောက်တွင်ပင် သူမ က လိုက်ဖ်လွှင့်မှုထဲတွင် ချွဲနွဲ့ပြနေသေးသည်။

"ဟယ်... အစားအသောက်ပို့တဲ့ အစ်ကိုကြီး...။ ဝီချက်သူငယ်ချင်း အဖြစ် အက်ဒ်ချင် တယ်ဆို...၊ အခု အက်ဒ် လိုက်ကြရအောင်...။"

"တကယ်တော့ မနေ့က အစ်ကိုကြီးရဲ့ အသံကို ပထမဆုံး ကြားလိုက်ရတည်းက အစ်ကိုကြီးက အရမ်းသဘော ကောင်းတဲ့သူလို့ ကျွန်မ ထင်ခဲ့တာပါ...။ အဲ့ဒီတုန်းက သူငယ်ချင်းအဖြစ် လက်မခံခဲ့တာက အစ်ကိုကြီးကို စမ်းသပ်ချင်လို့ပါ...။"

"အခု အစ်ကိုကြီးက ကာနီဗယ်လက်ဆောင် နောက်တစ်ခု ထပ်ပေးမယ်ဆိုရင် စမ်းသပ်မှုကို အောင်မြင်သွားပြီမို့ လူတွေက အစ်ကိုကြီးကို ချက်ချင်း သူငယ်ချင်းအဖြစ် အက်ဒ်ကြမှာပါ...၊ ဟုတ်ပြီလား...။"

ထိုစကားကို ကြားသောအခါ လျန်ထျန်း၏ နှုတ်ခမ်းများက တစ်ဖန် တွန့်ကွေးသွားပြီး သူ၏ လက်ကလေးများက လှုပ်ရှားသွားလေသည်။

[ရွှီး…]

နေရာအနှံ့မှ ကာနီဗယ်တစ်ခု ပေါ်ထွက်လာပြီး တောက်ပလှသော အရောင်အသွေးစုံလင်သည့် ဝင်ရောက်မှုက စခရင်တစ်ခုလုံးကို ချက်ချင်းပင် ပြည့်နှက်သွားစေခဲ့လေသည်။

တစ်ချိန်တည်းမှာပင် တို့ဟူးသည်မလေး၏ စိတ်လှုပ်ရှားစွာ အော်ဟစ်သံများနှင့်အတူ သူမက လျန်ထျန်းထံမှ ဝီချက်အကောင့်ကို တောင်းခံတော့မည့်ဆဲဆဲ လိုက်ဖ်လွှင့်မှုတွင် လျန်ထျန်း ထပ်မံ၍ စာရိုက်နေသည်ကို မြင် လိုက်ရလေသည်။

[ငါ့ကို သူငယ်ချင်းအဖြစ် အက်ဒ်စရာ မလိုဘူး...၊ ငါ ခိုင်းတာကိုသာ လုပ်...။ မင်း သေချာလုပ်ရင် ငါ လက်ဆောင် တွေ ထပ်ပေးမယ်...။]

လျန်ထျန်းက လက်ဆောင်များ ထပ်ပေးမည်ဟု ပြောသည်ကို မြင်သောအခါ တို့ဟူးသည်မလေးမှာ စိတ်လှုပ်ရှား ကာ မျှော်လင့်ချက်ကြီးစွာဖြင့် ချက်ချင်းပင် ခေါင်းညိတ်ပြလေတော့သည်။

"ကောင်းပါပြီ... အစ်ကိုကြီးက လက်ဆောင်တွေ ပေးသရွေ့ အစ်ကိုကြီး လိုချင်တာ အကုန်လုပ်ပေးပါ့မယ်...။ လိုက်ဖ် ထဲက သူငယ်ချင်းတို့ရေ... ၊ ဒီအစားအသောက်ပို့တဲ့ အစ်ကိုကြီးကို ဖောလိုးလုပ်ပေးကြပါဦး...။ အခု ကစပြီး သူက ကျွန်မရဲ့ အချစ်ဆုံးလေး ဖြစ်သွားပြီ...။"

လျန်ထျန်းက လက်ဆောင်များ ဆက်တိုက် ပေးပို့နေသည်နှင့်အမျှ တို့ဟူးအလှလေး၏ လိုက်ဖ်လွှင့်မှုအတွင်း ကြည့်ရှုသူ အရေအတွက်မှာ တဖြည်းဖြည်း တိုးများလာခဲ့လေသည်။ ထိုအရာက တို့ဟူးသည်မလေးအား ပို၍ စိတ်လှုပ်ရှားလာစေပြီး နာမည်ကြီး အင်တာနက်ဆယ်လီတစ်ဦး ဖြစ်လာရန် မဝေးတော့ကြောင်း ခံစားလာရစေ သည်။ လျန်ထျန်း တောင်းဆိုသမျှ အရာအားလုံးကိုလည်း သူမက တွန့်ဆုတ်နေခြင်းမရှိဘဲ လိုက်လျောပေးလေ သည်။

အဘယ်ကြောင့်ဆိုသော် သူမ လိုက်လျောပေးသည့် တောင်းဆိုမှုတိုင်းအတွက် တစ်ဖက်လူက ဒုံးပျံကြီး သို့ မဟုတ် ကာနီဗယ်လက်ဆောင်ဖြင့် ဆုချမည်ကို သိနေသောကြောင့်ပင် ဖြစ်လေသည်။

ဒုံးပျံကြီးတစ်ခုလျှင် တစ်ဖန်ကျသင့်ပြီး ကာနီဗယ်တစ်ခုလျှင် သုံးဖန် ကျသင့်ကာ နောက်ဆုံးတွင် လက်ဆောင် တစ်ခုစီ၏ တစ်ဝက်ခန့်ကို သူမ ရရှိမည် ဖြစ်သည်။ ရိုးရှင်းစွာ တွက်ချက်ကြည့်မည်ဆိုလျှင် လျန်ထျန်းသည် လက်ဆောင်အဖြစ် ဖန်အနည်းငယ်မျှ ပေးပို့ပြီးဖြစ်ကာ ၎င်းမှာ ကမ္ဘာပေါ်ရှိ ကုန်ဈေးနှုန်းများ အဆတစ်သန်း မကျဆင်းမီက ယွမ်သိန်းပေါင်းများစွာနှင့် ညီမျှလေသည်။

ဤကဲ့သို့ လက်ဆောင်များ တဖွဲဖွဲကျလာမှုအောက်တွင် သာမန် လိုက်ဖ်လွှင့်သူလေးဖြစ်သော သူမမှာ မခံနိုင် တော့ဘဲ ပို၍ ပို၍ စိတ်လှုပ်ရှားလာကာ ဆွဲဆောင်မှုရှိသော ကိုယ်နေဟန်ထားမျိုးစုံနှင့် မြူဆွယ်သည့် လှုပ်ရှားမှု များကို ပြုလုပ်လာတော့သည်။

လိုက်ဖ်လွှင့်မှုမှာ ပရိသတ်အသစ်များဖြင့် စည်ကားလာလေသည်...

[အာဂေါက်...၊ ဒီအင်တာနက်ဆယ်လီအသစ်လေးကို မြေတောင်မြှောက်ပေးနေတဲ့ သူဌေးကြီးက ဘယ်သူများ လဲ... သူတို့က တကယ်ကို သာမန်မဟုတ်ဘူးပဲ...။]

[ဆန်းရှန်း...၊ အလှူရှင်စာရင်းရဲ့ ထိပ်ဆုံးက တစ်ယောက်က အစားအသောက်ပို့တဲ့သူ ဖြစ်ပုံရတယ်...။ အရင်က လိုက်ဖ်လွှင့်သူတစ်ယောက်က သူ့ကို အဆိုးမြင်မှတ်ချက်ပေးပြီး တိုင်ကြားခဲ့လို့ အဲ့ဒီတိုင်ကြားစာကို ပြန်ရုတ် သိမ်းအောင် လက်ဆောင်တွေ ပေးနေတာတဲ့...။]

[အင်တာနက်အသုံးပြုသူ ၀၅၂၉...၊ ဝါး... ဒါက ဘဝကို အတွေ့ကြုံယူနေတဲ့ အစားအသောက်ပို့သူ ဖြစ်ရမယ်...။ မဟုတ်ရင် အစားအသောက်ပို့တဲ့သူက ဒီလောက်များတဲ့ လက်ဆောင်တွေကို ဘယ်လိုလုပ် ပေးနိုင်မှာလဲ...။]

[အင်တာနက်အသုံးပြုသူ ၆၇၈၁၊... အစားအသောက်ပို့သူအဖွဲ့က တကယ်ကို အရည်အချင်းရှိသူတွေ စုဝေးနေ တာပဲ...။ သူတို့အားလုံးက မယုံနိုင်လောက်အောင်ကို စွမ်းဆောင်နိုင်ကြတယ်...။]

[နောက်ဆိုရင် အစားအသောက်မှာတဲ့အခါ ပို့ဆောင်သူတွေကို ပိုပြီး ယဉ်ယဉ်ကျေးကျေး ဆက်ဆံမှ ဖြစ်တော့ မယ်...၊ သူတို့က လျှို့ဝှက်သူဌေးကြီးတွေ ဖြစ်နေနိုင်တယ်လေ...။]

လိုက်ဖ်လွှင့်မှု၏ လူကြိုက်များမှု တိုးလာသည်ကို ကြည့်ရင်း တို့ဟူးသည်မလေးမှာ အတိုင်းမသိ ဝမ်းသာ ပျော်ရွှင်နေလေတော့သည်။ တစ်ချိန်တည်းမှာပင် အစားအသောက်ပို့သူအဖြစ် ဘဝကို အရသာခံနေသော ဤသူဌေးကြီးနှင့် နီးကပ်ခွင့်ရရန် အခွင့်အရေးရှာရမည်ဟု သူမ၏ စိတ်ထဲတွင် တွေးတောနေလေသည်။

သူမအနေဖြင့် အင်တာနက်ဆယ်လီတစ်ဦး ဖြစ်ချင်ရသည့် အကြောင်းရင်းမှာ အင်တာနက်ဆယ်လီ ဖြစ်လာပြီး သူဌေးကြီးများနှင့် ချိတ်ဆက်ကာ ဇိမ်ကျကျ နေထိုင်သွားသူအချို့ကို မြင်ဖူးသောကြောင့် ဖြစ်လေသည်။ ယခု အချိန်တွင် သူမသည် ချမ်းသာသော မိသားစုအတွင်းသို့ ဝင်ရောက်ကာ သက်သောင့်သက်သာနှင့် ဇိမ်ကျကျ နေထိုင်ပြီး လူတိုင်းက အားကျကာ ဖားယားရသည့် အင်တာနက်ဆယ်လီ နတ်ဘုရားမတစ်ပါး ဖြစ်လာရန် စိတ်ကူးယဉ်နေပြီ ဖြစ်လေသည်။

သူမ မသိခဲ့သောအရာမှာ စခရင်၏ အခြားတစ်ဖက်မှ လျန်ထျန်းသည် သူမအား လက်ဆောင်ပေးနေရုံသာမက စခရင်ရှော့များကိုပါ အဆက်မပြတ် ရိုက်ယူကာ သူမကို တိုင်ကြားနေခြင်းပင် ဖြစ်လေသည်။

"တို့ဟူးအလှလေး" တစ်ယောက် လိုက်ဖ်လွှင့်မှုထဲတွင် နစ်မျောနေစဉ်မှာပင် သူမ၏ အကောင့် ပိတ်ပင်ခံရ ကြောင်း အသိပေးချက်ကို ရုတ်တရက် လက်ခံရရှိလိုက်လေသည်။

အခြားတစ်ဖက်တွင်လည်း လျန်ထျန်းက လိုက်ဖ်အကောင့် ပိတ်ပင်ခံရသည်ကို မြင်သောအခါ ချက်ချင်းပင် အခြားတိုင်ကြားစာတစ်ခု ထပ်တင်လိုက်ပြီးနောက် လက်ဆောင်များအတွက် ငွေပြန်အမ်းပေးရန် ဖောက်သည် ဝန်ဆောင်မှုဌာနသို့ ဖုန်းဆက် တောင်းဆိုလိုက်လေသည်။

ငွေပြန်အမ်းရန် တောင်းဆိုသည့် အကြောင်းပြချက်မှာလည်း ယုတ္တိရှိလေသည်။ ဥပမာ - အိမ်နီးချင်း၏ ကလေး က ဖုန်းကို ယူကစားရင်း လက်ဆောင်များကို ရမ်းသန်း ပေးပို့မိခြင်းမျိုး ဖြစ်သည်။

ဖောက်သည်ဝန်ဆောင်မှုဌာနမှ အထောက်အထား တောင်းခံသော်လည်း လျန်ထျန်းက ကြိုတင် ပြင်ဆင်ထားပြီး ဖြစ်သည်။ သူက ညွှန်ကြားရေးမှူးတန်နှင့် စကားပြောခဲ့ပြီးနောက် ရဲစခန်းမှ ထုတ်ပေးသော ထောက်ခံစာတစ် စောင်ကို ပေးပို့လိုက်လေသည်။

ဤ 'အထောက်အထား' ကြောင့် ပြန်အမ်းငွေမှာ လျင်မြန်စွာ ရောက်ရှိလာခဲ့လေသည်။

ထိုအချိန်တွင် တို့ဟူးသည်မလေးမှာမူ အရိုးကြေမတတ် အလုပ်လုပ်ခဲ့ရသော်လည်း မည်သည့်အရာမျှ မရခဲ့သည့် အပြင် သူမ၏ အကောင့်ပင် ပိတ်ပင်ခံလိုက်ရလေသည်။ လွန်ခဲ့သော အခိုက်အတန့်က ပြင်းပြသော စိတ်လှုပ်ရှား မှုများမှာ အိပ်မက်တစ်ခုကဲ့သို့ ဖြစ်နေပြီး မီးခိုးငွေ့များအလား တစ်ခဏချင်းအတွင်း ပျောက်ကွယ်သွားခဲ့ရလေ တော့သည်...။

ပြန်လည်ရောက်ရှိလာသော ငွေများကို ကြည့်ရင်း လျန်ထျန်းက ပြုံးလိုက်ကာ သူ့ဘာသာ ရေရွတ်လိုက်လေ သည်။

"ဒီကမ္ဘာပေါ်မှာ အနာကျင်ရဆုံး အရာက တစ်စုံတစ်ခုကို တစ်ခါမှ မပိုင်ဆိုင်ခဲ့ဖူးတာ မဟုတ်ဘူး...။ အချိန်တို အတွင်းမှာ အများကြီး ပိုင်ဆိုင်ခဲ့ပြီး ချက်ချင်း ပြန်ဆုံးရှုံးသွားရတာပဲ...။"

"အဲ့ဒီ ဆုံးရှုံးသွားတဲ့ ခံစားချက်က တို့ဟူးသည်မလေးအတွက် အရမ်း နာကျင်ရမှာ သေချာတယ်...။ သူမ အခု ပိတ်ခံလိုက်ရတဲ့ အကောင့်ကို ကြည့်ပြီး မျက်ရည်တွေ တွေတွေကျအောင် ငိုနေလောက်ပြီ...။"

ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် လျန်ထျန်းက တစ်စုံတစ်ရာကို စိတ်ထိခိုက်သွားဟန်ဖြင့် ဆက်လက် ရေရွတ် လေသည်။

"မနေ့က သူ ငါ့ကို တိုင်ခဲ့ပေမဲ့ ဒီနေ့ ငါလည်း သူ့ကို ပြန်တိုင်လိုက်ပြီဆိုတော့ ငါတို့ ကျေသွားပြီပေါ့...။"

"ဒါပေမဲ့ ငါ ဒါကို လုပ်ခဲ့တာက သူ့ကို လက်စားချေချင်ရုံ သက်သက်မဟုတ်ဘူး...။ သူ့ရဲ့ ဉာဏ်ရည်နဲ့ဆိုရင် အင်တာနက်ဆယ်လီ လုပ်ဖို့ တကယ်ကို မသင့်တော်လို့ပဲ...။"

"တစ်နေ့နေ့မှာ သူမ ကံကောင်းလို့ နာမည်ကြီးလာရင်တောင် နောက်ဆုံးကျရင် အရာအားလုံးကို လိမ်လည်ခံရပြီး သူများအတွက် ပိုက်ဆံ လိုက်ရေပေးနေရတဲ့ အဖြစ်မျိုး ရောက်သွားနိုင်တယ်...။"

"သူမ ဒီအတွေးကို အမြန်ဆုံး စွန့်လွှတ်လိုက်ပြီး ပုံမှန်ဘဝကိုပဲ ပြန်သွားတာ ကောင်းပါတယ်...၊ ဟူး...။ လောက ကြီးက အခု တကယ်ကို ဒီလို ဖြစ်နေပြီ...။ ပတ်ဝန်းကျင်က လူတွေကို အရမ်း ဂနာမငြိမ် ဖြစ်စေတယ်...။"

"ကိုယ့်ဘာသာကိုယ် တစ်ခုခုကို လုပ်နိုင်သလားဆိုတာတောင် သေသေချာချာ နားမလည်ဘဲ အလောတကြီး ဝင်လုပ်မယ်ဆိုရင် သူတစ်ပါးရဲ့ အမြောက်စာအဖြစ်နဲ့ပဲ အဆုံးသတ်သွားလိမ့်မယ်...။"

"ဒီအတွေ့အကြုံ ပြီးသွားရင်တော့ သူမကိုယ်သူမ အသစ်တဖန် ပြန်လည် နားလည်လာနိုင်ဖို့ မျှော်လင့်ပါတယ်...။ အထူးသဖြင့် ဘဝရဲ့ အခြေခံ အသိပညာတွေနဲ့ ပတ်သက်ပြီး သူမ ပိုပြီး လေ့လာဖို့ လိုအပ်နေသေးတယ်...။"

"လက်တွေ့ဘဝမှာ လမ်းမသိရင် ဒါမှမဟုတ် လမ်းရှာမတွေ့ရင် လမ်းပျောက်သွားလိမ့်မယ်...။ ဒါပေမဲ့ ဘဝဆိုတာ ပိုပြီး ရှုပ်ထွေးပါတယ်...။ လမ်းတစ်ခါ မှားသွားပြီဆိုတာနဲ့ လမ်းပျောက်ရုံလောက်နဲ့ မပြီးသွားဘူးလေ...။"

ခေတ္တမျှ စဉ်းစားပြီးနောက် လျန်ထျန်းက ထိုအကြောင်းကို ဆက်မတွေးတော့ပေ။ အဘယ်ကြောင့်ဆိုသော် အလွန်အမင်း တွေးတောနေခြင်းက မလိုအပ်သော စိုးရိမ်ပူပန်မှုများကိုသာ ဖြစ်ပေါ်စေနိုင်သောကြောင့်ပင် ဖြစ်လေသည်။

ယခု သူ ကြိုးစားအားထုတ်ရမည့် ပန်းတိုင်နှင့် လမ်းကြောင်းတစ်ခု ရှိနေပြီဖြစ်ရာ သူ လျှောက်လှမ်းနေသော လမ်းကြောင်းအပေါ်တွင်သာ အာရုံစိုက်ပြီး ခြေလှမ်းတိုင်းကို သေချာစွာ လှမ်းရမည် ဖြစ်လေသည်။

...

ထိုနေ့တွင် လျန်ထျန်းသည် အမှာစာများ လက်ခံကာ ပုံမှန်အတိုင်း အစားအသောက်များ ပို့ဆောင်ခဲ့လေသည်။

ယနေ့ နံနက်စောစောပိုင်းကပင် ပန်းပို့ဆောင်ရမည့် အမှာစာတစ်ခုကို ရရှိခဲ့လေသည်။ အထူးလှပသော အနီ ရောင် နှင်းဆီပန်းစည်း အကြီးကြီးတစ်ခု ဖြစ်သည်။

ပန်းပို့ဆောင်သည့် အမှာစာများအတွက် ကော်မရှင်ခမှာ ပုံမှန် အစားအသောက်ပို့သည့် အမှာစာများထက် ပို၍ မြင့်မားလေသည်။ အဘယ်ကြောင့်ဆိုသော် လတ်ဆတ်သော ပန်းများကို အချိန်မီ ပို့ဆောင်ရန် လိုအပ်ပြီး မဟုတ် ပါက ညှိုးနွမ်းသွားနိုင်သောကြောင့်ပင် ဖြစ်လေသည်။ ထို့အပြင် ဤမျှ ကြီးမားသော ပန်းစည်းမှာ အတော်လေး နေရာယူပြီး အစားအသောက်ထည့်သည့် ဘောက်စ်တစ်ခုလုံး ပြည့်သွားကာ အပေါ်ဘက်ရှိ ပန်းများ မဖိမိစေရန် အဖုံးကို ဖွင့်ထားရလေသည်။

ထို့ကြောင့် ဤအမှာစာကို ရရှိပြီးနောက် လျန်ထျန်းသည် အခြားအမှာစာများကို အလျင်စလို မယူတော့ဘဲ ဤအရာကို အရင်ပို့ဆောင်ရန် စဉ်းစားလိုက်လေသည်။

လမ်းတစ်လျှောက်တွင် သင်းပျံ့သော ပန်းရနံ့လေးများကို ရှူရှိုက်ရင်း လျန်ထျန်းမှာ ခံစားချက်များ ကောင်းမွန်နေ ပြီး သူ့ဘာသာ ရေရွတ်လိုက်လေသည်။

"မနက်စောစောစီးစီး ပန်းပို့ရတဲ့ အမှာစာ ရတာ နိမိတ်ကောင်းပဲ...။ ဒီအမှာစာကို မှာတဲ့ ဖောက်သည်က အရမ်း ရိုမန်းတစ်ဆန်တဲ့သူ ဖြစ်ရမယ်...။"

"အချိန်ကို တွက်ကြည့်ရရင် ရှောင်ရို့လည်း မကြာခင် ကျောင်းပြီးတော့မှာပဲ...။"

"သူမ ပြန်လာတဲ့အခါ ကြိုဆိုဖို့အတွက် ငါ ပန်းတွေ သေချာပေါက် ပြင်ဆင်ထားရမယ်...။ အဲ့ဒီနေ့ကို တွေးရင်း အရမ်း ရင်ခုန်နေမိပြီ...။"

All Chapters