← Chapters

အခန်း ၁၇၅

Vol. 18 Ch. 175

အခန်း ၁၇၅

Vol. 18 Ch. 175

အခန်း (၁၇၅)

မိန်းကလေးငါးဦးထံ ပေးပို့သော ပန်းတစ်စည်း

ယခင်က ဖော်ပြခဲ့သည့်အတိုင်း လျန်ထျန်းသည် နံနက်စောစောတွင် ပန်းပို့ဆောင်ရမည့် အမှာစာတစ်ခုကို လက်ခံရရှိခဲ့လေသည်။ ၎င်းမှာ ရိုမန်တစ်ဆန်သော အမှာစာတစ်ခုဟု ထင်မှတ်ခဲ့သော်လည်း အဆုံးတွင်မူ မိန်းကလေးနှစ်ဦးထံသို့ ပေးပို့ခဲ့ရပြီး မည်သူကမျှ လက်မခံခဲ့ကြပေ။

ထိုအခါ ဖောက်သည်ဖြစ်သူက တတိယမြောက် မိန်းကလေး၏ လိပ်စာကို ထပ်မံပေးပို့လာပြီး လျန်ထျန်းကို သွားရောက်ပို့ဆောင်ရန် ခိုင်းစေခဲ့လေသည်။

ဤအချိန်တွင် လျန်ထျန်းမှာ သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။ သူသည် မိန်းမရှုပ်သူတစ်ဦးနှင့် တကယ်ပင် ဆုံတွေ့နေရပြီဖြစ်သည်။ ပန်းတစ်စည်းတည်းကိုပင် တတိယမြောက် မိန်းကလေးထံ ပေးပို့နေခြင်း ဖြစ်လေ သည်။

သို့သော် လျန်ထျန်း မထင်မှတ်ထားသည်မှာ ဤတတိယမြောက် မိန်းကလေးသည် အဆုံးသတ် မဟုတ်ဘဲ အလယ်အလတ် အဆင့်မျှသာ ဖြစ်နေခြင်းပင်။

တတိယမြောက် မိန်းကလေး၏ လိပ်စာသို့ ရောက်ရှိသွားသောအခါ လျန်ထျန်းက သူလာရောက်ရသည့် အကြောင်းရင်းကို ရှင်းပြရန် ဖုန်းခေါ်ဆိုလိုက်သော်လည်း တစ်ဖက်မှ ချက်ချင်းပင် ဖုန်းချသွားခဲ့လေသည်။ ဖုန်းလိုင်း ပြတ်တောက်သွားခြင်း မဟုတ်ကြောင်း သေချာစေရန် လျန်ထျန်းက ထပ်မံခေါ်ဆိုခဲ့သော်လည်း ယခုတစ်ကြိမ်တွင်မူ ထိုမိန်းကလေးက လုံးဝ ဖုန်းကိုင်ခြင်း မရှိတော့ပေ။

ထို့ကြောင့် လျန်ထျန်းမှာ ရွေးချယ်စရာ မရှိတော့ဘဲ ဖောက်သည်ဖြစ်သူ မစ္စတာထုံထံသို့ ထပ်မံဆက်သွယ်ကာ အခြေအနေကို ရှင်းပြရတော့သည်။ ထိုအခါ မစ္စတာထုံက သူ့ကိုပင် အပြစ်တင်လာခဲ့လေသည်။

"မင်း တစ်ခုခု မှားပြောလိုက်လို့လား...။ ဒါမှမဟုတ် မင်းရဲ့ ဝန်ဆောင်မှုက ညံ့လွန်းလို့ သူတို့က ပန်းကို လက်မခံ ကြတာလား...။ ပန်းလေးတစ်စည်း ပို့ရတာကို ဘာလို့ ဒီလောက်တောင် ခက်ခဲနေရတာလဲ...။"

လျန်ထျန်းက မတတ်သာသည့်ဟန်ဖြင့် ပြန်ပြောလိုက်သည်။

"ကျွန်တော်က ပုံမှန်အတိုင်းပဲ လာပို့တာပါ မှားစရာ အကြောင်း ဘာရှိလို့လဲ...။ ဘယ်လို ဝန်ဆောင်မှုမျိုးကို မျှော်လင့်နေတာလဲ...။"

"အမြဲတမ်း ဒီလိုချည်းပါပဲ...။ ခင်ဗျားနာမည်ကို ပြောလိုက်တာနဲ့ လူတွေက ကျွန်တော့်ကို ဆဲရင်ဆဲ မဆဲရင် ရိုက်ဖို့လုပ်တယ်…။ ဒါမှမဟုတ်ရင်လည်း လျစ်လျူရှုသွားကြတာချည်းပဲ...။"

မစ္စတာထုံက လျန်ထျန်း၏ စကားကို ဖြတ်ပြောလိုက်ပြီး စိတ်မရှည်သည့် လေသံဖြင့် ပြောလာလေသည်။

"ကောင်းပြီ ကောင်းပြီ...။ နောက်ထပ် လိပ်စာတစ်ခု ပေးမယ် သွားပို့လိုက်ဦး...။ ဒီပန်းစည်းကို မပို့နိုင်ဘူးဆိုတာ ငါ မယုံဘူး...။"

လျန်ထျန်းမှာ ခေါင်းပင် မူးနောက်သွားရသော်လည်း အတင်းအကြပ် ဆက်ပြောလိုက်သည်။

"ဟိုရောက်ရင် ခင်ဗျားဆီ ဖုန်းဆက်မယ်...။ ခင်ဗျားဘာသာ ဖုန်းခေါ်ပြီး သူတို့ကို အောက်ဆင်းယူခိုင်းလိုက်ပါ... ၊ ဒါမှ ကျွန်တော် တစ်ခုခု မှားပြောမိတယ်လို့ ခင်ဗျား သံသယ မဝင်တော့မှာ...။"

"ပြီးတော့ နောက်တစ်ခေါက် ထပ်သွားရမှာဆိုတော့ ထပ်ဆောင်းပို့ခတော့ ပေးရမယ်...။"

လျန်ထျန်း၏ ဘဏ်စာရင်းထဲသို့ ဆုကြေးငွေ ဆယ်ယွမ် ထပ်မံ ဝင်ရောက်လာခဲ့သည်။ ဤမိန်းမရှုပ်သူကြောင့် သူမှာ စကားပင် မဆိုနိုင်လောက်အောင် ဖြစ်ရသော်လည်း ငွေအတွက်ကြောင့် ဆက်လက် ပို့ဆောင်ပေးရန် ထွက်လာခဲ့လေသည်။

အို ဘဝဆိုသည်မှာ ခက်ခဲကြမ်းတမ်းလှပေသည်။ ငွေကြေး၏ ဆွဲဆောင်မှုကို မည်သူကများ လွန်ဆန်နိုင်ပါမည် နည်း။

လျန်ထျန်းလည်း ချွင်းချက် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သူသည် ကုမ္ပဏီအသီးသီးတွင် ရင်းနှီးမြှုပ်နှံမှု များ ဆက်တိုက် ပြုလုပ်နေရန် လိုအပ်သောကြောင့် ဖြစ်သည်။ သူ၏ ပိုင်ဆိုင်မှုတန်ဖိုးများမှာ ပိုမိုကြီးမားလာနေ သော်လည်း လက်ငင်းငွေကြေး အခြေအနေမှာမူ ပိုမို ကျပ်တည်းလာနေလေသည်။

စတုတ္ထမြောက် မိန်းကလေး၏ လိပ်စာသို့ ရောက်ရှိသွားသောအခါ လျန်ထျန်းသည် ပြဿနာ ထပ်မံ မဖြစ်ပွားစေ ရန်အတွက် ဖောက်သည်ဖြစ်သူ မစ္စတာထုံကို ဆက်သွယ်ကာ ကိုယ်တိုင် ဖုန်းခေါ်ဆိုခိုင်းလိုက်လေသည်။

မိနစ်အနည်းငယ် ကြာပြီးနောက် မစ္စတာထုံက ဖုန်းဆက်မရကြောင်းနှင့် တစ်ဖက်လူမှာ အိမ်တွင် ရှိပုံမရကြောင်း ပြန်လည် အကြောင်းကြားလာလေသည်။

ထိုစကားကို ကြားသောအခါ လျန်ထျန်းက စိတ်ထဲမှ လှောင်ပြောင်လိုက်သည်။

*ဘာကို အိမ်မှာမရှိရမှာလဲ...။ ခင်ဗျားဖုန်းကို မကိုင်ချင်လို့ နေမှာပေါ့ ဒီမိန်းမရှုပ်တဲ့လူကြီးရဲ့...။*

*သည်မိန်းကလေးတွေက အမြင်ကျယ်တာပဲ... သူက လူယုတ်မာဆိုတာကို သိလို့ လုံးဝ စကားမပြောချင်ကြတာ နေမှာ...။*

*ဒီတစ်ယောက်ဆို လေးယောက်မြောက် ရှိနေပြီ...။ လက်တွေ့ကို ရင်ဆိုင်ပြီး ဒီကိစ္စကို အဆုံးသတ်လိုက် သင့်ပြီ...။*

သို့သော် လျန်ထျန်း၏ မျှော်လင့်ချက်မှာ အရာမထင်ခဲ့ပေ။ မစ္စတာထုံက မိန်းကလေးအသစ် တစ်ဦး၏ လိပ်စာကို ထပ်မံပေးပို့လာပြန်လေသည်။ လျန်ထျန်း ငြင်းဆန်တော့မည် ပြုစဉ် မစ္စတာထုံ ပြောလိုက်သော စကားတစ်ခွန်း ကို ကြားလိုက်ရလေသည်။

"ဒါက နောက်ဆုံးတစ်ယောက်ပဲ...။ အဆင်မပြေဘူးဆိုရင်လည်း ထားလိုက်တော့...။ ဆုကြေးငွေလည်း ပို့ပြီးပြီ ဆိုတော့ မြန်မြန်လေးသာ သွားပို့လိုက်ပါ...။"

နောက်ဆုံးတစ်ယောက် ဖြစ်သည်ဟု ကြားလိုက်ရသဖြင့် လျန်ထျန်းမှာ စိတ်မပါသော်လည်း သည်းခံလိုက်ရ လေသည်။ မည်သို့ပင်ဖြစ်စေ နောက်ဆုံးတစ်ယောက်လည်း အတူတူပင် ဖြစ်လိမ့်မည်ဟု တွေးကာ ဤကိစ္စကို မြန်မြန် အဆုံးသတ်လိုက်ရန်သာ ဆုံးဖြတ်လိုက်သည်။

သို့မဟုတ်ပါက ဤအချိန်တွင် ပြတ်ပြတ်သားသား ငြင်းဆန်လိုက်လျှင် မစ္စတာထုံ ဒေါသထွက်သွားကာ အဆိုး မြင်မှတ်ချက်နှင့် တိုင်ကြားစာ ပေးခံရနိုင်သဖြင့် ကြီးမားသော ဆုံးရှုံးမှု ဖြစ်သွားပေလိမ့်မည်။

လျန်ထျန်းမှာ ခက်ခဲပင်ပန်းမှုများကို သည်းခံရင်း နောက်ဆုံးတွင် ပဉ္စမမြောက် မိန်းကလေးဖြစ်သော နောက်ဆုံး လိပ်စာသို့ ရောက်ရှိလာခဲ့လေသည်။

ပန်းတစ်စည်းတည်းကို မိန်းကလေးငါးဦးထံ ပေးပို့ရခြင်း။ ဤသည်မှာ လျန်ထျန်း ကြုံတွေ့ဖူးသမျှ အထူးဆန်း ဆုံး အစားအသောက် ပို့ဆောင်ရေး အမှာစာပင် ဖြစ်ပေလိမ့်မည်။

လျန်ထျန်းက မစ္စတာထုံကို ထိုမိန်းကလေးထံ ဆက်သွယ်ရန် ပြောသော်လည်း မစ္စတာထုံမှာ ဖုန်းခေါ်ဆိုရန်ပင် မရဲတော့ဘဲ လျန်ထျန်းကိုသာ အတင်းအကြပ် ဆက်သွယ်ခိုင်းတော့သည်။ လျန်ထျန်းမှာ မတတ်သာသည့်အဆုံး ဖုန်းခေါ်ဆိုလိုက်ရလေသည်။

ယခုတစ်ကြိမ်တွင်မူ ပဉ္စမမြောက် မိန်းကလေးထံမှ မစ္စတာထုံ၏ စရိုက်အမှန်ကို သူ သိရှိသွားခဲ့ရလေပြီ။

"လွန်ခဲ့တဲ့ ရက်အနည်းငယ်က သူနဲ့ မျက်နှာချင်းဆိုင် တွေ့ဆုံတုန်းက သူ့ကို ရွံရှာတယ်လို့ သေချာပြောခဲ့ပြီး သားလေ...။ ဘာလို့ လာနှောင့်ယှက်နေရတာလဲ...။"

"ပထမဆုံး စတွေ့တဲ့နေ့မှာ ဟိုတယ်သွားပြီး စမ်းကြည့်ရအောင်လို့ ဘယ်သူက ပြောတတ်လဲ...။ လူယုတ်မာ...၊ အောက်တန်းစား...။"

ထိုသို့ပြောပြီးနောက် မိန်းကလေးမှာ ဒေါသတကြီးဖြင့် ဖုန်းချသွားခဲ့လေသည်။

လျန်ထျန်းမှာ မစ္စတာထုံ၏ အပြုအမူကို ရုတ်တရက် ရွံရှာသွားမိသည်။ မိန်းမရှုပ်ခြင်းမှာ ဆိုးရွားလှပြီ ဖြစ်သော် လည်း သူကဲ့သို့ ဦးနှောက်မရှိသော မိန်းမရှုပ်တစ်ဦး မည်သို့ ဖြစ်နိုင်မည်နည်း။

သို့သော် မည်သို့ပင်ဆိုစေကာမူ မစ္စတာထုံမှာ ဖောက်သည်တစ်ဦး ဖြစ်နေဆဲဖြစ်ရာ လျန်ထျန်းသည် အသက်မွေး ဝမ်းကျောင်း ကျင့်ဝတ်အရ ရလဒ်ကို ပြောပြရန် သူ့ထံ ဖုန်းခေါ်ဆိုလိုက်လေသည်။ ဤရလဒ်ကို ကြားသောအခါ မစ္စတာထုံသည် ယခုတစ်ကြိမ်တွင် မည်သည့်စကားမျှ မဆိုတော့ဘဲ ဖုန်းချသွားခဲ့လေသည်။

ငါးကြိမ်တိုင်တိုင် သွားရောက်ပို့ဆောင်ခဲ့သော်လည်း မိမိလက်ထဲတွင်သာ ရှိနေဆဲဖြစ်သော ပန်းစည်းကို ကြည့် ရင်း လျန်ထျန်းမှာ လက်မှိုင်ချကာ ခေါင်းခါယမ်းလိုက်မိပြီး ပန်းဆိုင်သို့သာ ပြန်လည်ပို့ဆောင်ပေးလိုက်ရ တော့သည်။

ပန်းဆိုင်ပိုင်ရှင်သည် လျန်ထျန်း ပန်းစည်းပြန်လာပို့သည်ကို မြင်သောအခါ အစပိုင်းတွင် အံ့သြသွားပြီးနောက် နားမလည်နိုင်စွာဖြင့် ချက်ချင်း မေးလိုက်လေသည်။

"သည်အမှာစာက ပြီးသွားတာ ကြာလှပြီလို့ မြင်လိုက်တယ်...။ ဘာလို့ ပြန်ရောက်လာရတာလဲ...။"

ထို့နောက် ပန်းဆိုင်ပိုင်ရှင်က အနည်းငယ် သတိထားသည့်ဟန်ဖြင့် ဆက်ပြောလိုက်သည်။

"ပြီးတော့ နာရီအတော်ကြာနေပြီ ပန်းပွင့်တွေတောင် ညှိုးနေပြီ ပြန်အမ်းပေးလို့ မရဘူးနော်...။"

လျန်ထျန်းက ဇာတ်လမ်းတစ်ခုလုံးကို ပန်းဆိုင်ပိုင်ရှင်အား အကျဉ်းချုံး ပြောပြလိုက်ရာ ကြားပြီးသောအခါ သူမှာ ရယ်မောခြင်းကို မထိန်းနိုင်တော့ပေ။

"ပန်းတစ်စည်းတည်းကို မိန်းကလေးငါးယောက်ဆီ ပို့တာတဲ့လား...။ ဟားဟား...၊ ဒီလူကတော့ တကယ်ကို ဆန်းကျယ်တာပဲ...။"

"ဒါပေမဲ့ ဒါက ငါတို့နဲ့ ဘာမှမဆိုင်ဘူး သူ့ရဲ့ ကိုယ်ရေးကိုယ်တာ ပြဿနာပဲ...။ အမှာစာကလည်း ပြီးသွားပြီဆို တော့ ဒီပန်းတွေကို မင်းဘာသာမင်း မယူထားလိုက်ဘူးလား...။"

"ဒါမှမဟုတ် လွှင့်ပစ်လိုက်ပေါ့...။ ငါးခါတောင် ပို့ရက်သားနဲ့ မအောင်မြင်တဲ့ ပန်းတွေဆိုတော့ နည်းနည်း ကံဆိုး စေသလို ခံစားရတယ်...။"

လျန်ထျန်းကလည်း ပြုံးလျက် ပြန်ပြောလိုက်သည်။

"ကျွန်တော်က အမှာစာတွေ လက်ခံပြီး အစားအသောက်တွေ ပို့ရဦးမှာဆိုတော့ ဒီပန်းတွေက အနှောင့်အယှက် ဖြစ်နေမှာပေါ့...။"

"ဟိုဖောက်သည်ကတော့ ဒီပန်းတွေကို ဘယ်လိုလုပ်ရမလဲလို့တောင် မမေးရသေးဘူး ရုတ်တရက် ဖုန်းချသွား တယ်…၊ ပြီးတော့ ပြန်ဆက်သွယ်လို့လည်း မရတော့ဘူး...။"

"တကယ်လို့ လွှင့်ပစ်လိုက်မယ်ဆိုရင် ဟိုဖောက်သည်က ရုတ်တရက် စိတ်ပြောင်းပြီး ပန်းတွေကို ပြန်တောင်းရင် ဘယ်လိုလုပ်မလဲ...။ သူ့သဘောအတိုင်း ဖြစ်မသွားဘူးလား...၊ ဒါကြောင့် သူဌေးဆီ ပြန်ထားခဲ့တာက ပိုစိတ်ချ ရပါတယ်...။"

ထိုစကားကို ကြားသောအခါ ပန်းဆိုင်ပိုင်ရှင်မှာ နားလည်သဘောပေါက်စွာဖြင့် ခေါင်းညိတ်လိုက်လေသည်။

"မင်းတို့ ပို့ဆောင်ရေးသမားတွေက တကယ်ကို စဉ်းစားဉာဏ်ရှိတာပဲ...။ တောကြီးရင် သစ်ပင်အမျိုးစုံ ရှိတယ် ဆိုသလိုပဲလေ...။"

"ပန်းတစ်စည်းကို မိန်းကလေးငါးယောက်ဆီ ပို့နိုင်တဲ့သူက ချက်ချင်းလှည့်ပြီး ဒီပန်းစည်းကိုပဲ ပြန်တောင်း လာမယ်ဆိုတာ ဘယ်သူက အာမခံနိုင်မှာလဲ...။"

"ကောင်းပြီ ဒီပန်းစည်းကို ငါ ခဏ သိမ်းထားပေးမယ်...။ နှစ်ရက် သုံးရက်လောက်နေလို့ ဘာသံမှ မကြားရရင် တော့ လွှင့်ပစ်လိုက်တော့မယ်...။"

"ပန်းတစ်စည်းတည်းကို မိန်းကလေးငါးယောက်ဆီ ပို့တာတောင် အမြဲတမ်း ငြင်းပယ်ခံရတယ်ဆိုတော့...။ ဒီအကြောင်းကို ကြားရတဲ့ ဘယ်သူမဆို ကံဆိုးတယ်လို့ ခံစားရမှာပဲ...။"

လျန်ထျန်းနှင့် ပန်းဆိုင်ပိုင်ရှင်တို့မှာ ချက်ချင်းပင် စကားလက်ဆုံ ကျသွားကြလေသည်။ သို့သော် လျန်ထျန်းက ပန်းများကို ထားရစ်ကာ ထွက်ခွာမည် ပြုစဉ် ပန်းဆိုင်ပိုင်ရှင်က သူ၏ ဖုန်းကို ရုတ်တရက် ကြည့်လိုက်ပြီး ပြော လာခဲ့လေသည်။

"ဟေး... လူလေး မြန်မြန်လာကြည့်ပါဦး...။ ဟိုဖောက်သည်က ငါ့ကို ဘာလို့ အဆိုးမြင် မှတ်ချက် လာပေးရတာ လဲ...။"

ထိုစကားကို ကြားသောအခါ လျန်ထျန်းလည်း ချက်ချင်း သွားကြည့်လိုက်ရာ ပန်းဆိုင်၏ မှတ်ချက်ကဏ္ဍတွင် အမှန်တကယ်ပင် မှတ်ချက်အသစ်တစ်ခုကို တွေ့လိုက်ရသည်။ ၎င်းမှာ မစ္စတာထုံ ပေးထားသည့် အဆိုးမြင် မှတ်ချက်ဖြစ်ပြီး ဤကဲ့သို့ ရေးသားထားလေသည်။

[ဒီဆိုင်က ပန်းတွေက တကယ်ကို ဆိုးဝါးလွန်းတယ်...။ ငါက ချစ်ခွင့်ပန်ဖို့ ဝယ်ခဲ့တာ ဒါပေမဲ့ ဒီပန်းတွေကြောင့် ကျရှုံးခဲ့ရတယ်...။ တကယ်ကို ဒေါသထွက်ဖို့ကောင်းတယ်...။ ဘယ်သူမှ မဝယ်ကြနဲ့ ဝယ်တဲ့သူတိုင်း ချစ်ခွင့်ပန် ရင် ကျရှုံးလိမ့်မယ်...။]

ထိုမှတ်ချက်ကို ဖတ်ပြီးနောက် ပန်းဆိုင်ပိုင်ရှင်မှာ အလွန်အမင်း ဒေါသထွက်သွားကာ မီးခိုးထွက်မတတ် ဖြစ်သွား ရလေတော့သည်။

"သူက ဒေါသထွက်နေတယ် ဟုတ်လား...။ သူကရော ငါ့ပန်းတွေကို အစကနေ အဆုံးအထိ သေသေချာချာ ကြည့်ခဲ့ရဲ့လား...။"

"ပန်းတစ်စည်းတည်းကို မိန်းမငါးယောက်ဆီ ဆက်တိုက် ပို့တာတောင် ဘယ်သူကမှ လက်မခံတာကို...။ ငါ့ပန်း တွေကို လာပြီး အပြစ်တင်နေသေးတယ်...။"

"အထူးသဖြင့် ဟိုနောက်ဆုံး စာကြောင်းက...၊ သူကိုယ်တိုင် အဆင်မပြေတာနဲ့ တခြားလူတွေကိုလည်း ဒုက္ခပေး ချင်နေတာ ထင်ရှားနေတာပဲ...။ ငါ့စီးပွားရေး ထိခိုက်အောင် တမင် သက်သက် လျှောက်ရေးနေတာ...။"

ပန်းဆိုင်ပိုင်ရှင်မှာ ဒေါသမပြေနိုင်ဘဲ ချက်ချင်းပင် ဖုန်းခေါ်ဆိုလိုက်လေသည်။ ဖုန်းဝင်သွားသည်နှင့် တစ်ပြိုင်နက် ပန်းဆိုင်ပိုင်ရှင်က ဒေါသတကြီး ပြောလိုက်လေသည်။

"ဟေး... ခင်ဗျား ရူးနေလား...။"

"ခင်ဗျား ချစ်ခွင့်ပန်တာ ကျရှုံးတာက ကျွန်တော်နဲ့ ဘာဆိုင်လို့လဲ...။ အဲ့ဒီလို မှတ်ချက်မျိုး ပေးထားမှတော့ ကျွန်တော် က ဘယ်လိုလုပ် စီးပွားရေး လုပ်စားရတော့မလဲ...။"

မထင်မှတ်ထားစွာပင် ပန်းဆိုင်ပိုင်ရှင်က ဒေါသကြီးသော်လည်း တစ်ဖက်မှ မစ္စတာထုံ၏ ဒေါသက ပို၍ပင် ကြီးမားနေလေသည်။

"ငါ့အမြင်ကို ငါကြိုက်သလို ပေးခွင့်ရှိတယ် မင်းနဲ့ ဘာဆိုင်လို့လဲ...။ စီးပွားရေး ဆက်မလုပ်နိုင်ရင်လည်း ထွက် သွားလိုက်ပေါ့...။ ဘာလို့ ငါ့ကို လာပြီး မဲနေရတာလဲ...။"

"ငါ ချစ်ခွင့်ပန်တာ ကျရှုံးခဲ့တာက မင်းရဲ့ ပန်းတွေကြောင့်လို့ ထင်တယ်...။ အဲ့ဒါ ဘာဖြစ်လဲ မရဘူးလား...၊ မင်းရဲ့ ပန်းတွေက ကံဆိုးစေတယ်...။ ကျက်သရေမရှိဘူး...၊ ဆိုင်သာ ပိတ်လိုက်တော့...။"

ဤစကားများက ပန်းဆိုင်ပိုင်ရှင်၏ ဒေါသမီးကို အောင်မြင်စွာ တောက်လောင်စေခဲ့ပြီး ပြင်းထန်စွာ တန်ပြန် တိုက်ခိုက်ရန် တွန်းအားပေးလိုက်လေသည်။

"ပန်းတစ်စည်းတည်းကို မိန်းမငါးယောက်ဆီ ဆက်တိုက် ပို့တဲ့သူကများ...။ ငါ့ပန်းတွေကို ကံဆိုးစေတယ် ကျက်သရေမရှိဘူးလို့ ပြောရဲသေးတယ်ပေါ့...။ ဒီလိုစကားမျိုး ပြောထွက်ရဲတယ်နော်...၊ ငါထင်တာတော့ ခင်ဗျားကိုယ်တိုင်က...။"

သို့သော် ပန်းဆိုင်ပိုင်ရှင် စကားမဆုံးမီမှာပင် မစ္စတာထုံက အလျင်အမြန် ဖြတ်ပြောလိုက်လေသည်။

"နေပါဦး... မင်း ဘာပြောလိုက်တယ်...။ ပန်းတစ်စည်းတည်းကို မိန်းမငါးယောက်ဆီ ပို့တယ်ဆိုတာ မင်း ဘယ်လိုလုပ် သိတာလဲ...။"

သူသည် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ရုတ်တရက် သဘောပေါက်သွားလေသည်။

"ဟိုပို့ဆောင်ရေးကောင် ပြောပြတာ မဟုတ်လား...။ တောက်...၊ သူ့မှာ အသက်မွေးဝမ်းကျောင်း ကျင့်ဝတ်ဆိုတာ မရှိဘူးလား...။ ဖောက်သည်ရဲ့ အချက်အလက်တွေကို လျှို့ဝှက်ထားရမယ်ဆိုတာ မသိဘူးလား...။"

"သောက်ကျိုးနည်း...၊ ငါ သူ့ကို အဆိုးမြင် မှတ်ချက်ပေးပြီး အခုချက်ချင်း တိုင်စာပို့ရမယ်...။ သည်ပို့ဆောင်ရေး ကောင်က ကျင့်ဝတ်နဲ့ မညီဘူး ပန်းလည်း မပို့ပေးတဲ့အပြင် ငါ့အကြောင်းကို နေရာတကာ လိုက်ဖြန့်နေတယ်...။"

မစ္စတာထုံ စကားမဆုံးမီမှာပင် လျန်ထျန်းက အလျင်အမြန် ကြားဖြတ်ပြောလိုက်လေသည်။

"နေပါဦး...၊ ဟိုအလှလေးက ခင်ဗျားရဲ့ ပန်းတွေကို လက်မခံတာက ကျွန်တော်နဲ့ ပန်းဆိုင်ပိုင်ရှင်နဲ့ ဘာဆိုင်လို့ လဲ...။"

"တတိယမြောက်ကစပြီး မိန်းကလေးတွေက ပန်းလက်မခံတော့ဘူးလို့ ခင်ဗျားပဲ ပြောခဲ့တာလေ...။ ကျွန်တော် တစ်ခုခု မှားပြောခဲ့လို့လား...။ ပြီးတော့ ဝန်ဆောင်မှု မကောင်းဘူးဆိုပြီး ကျွန်တော့်ကို လာအပြစ်တင်နေသေး တယ်...။"

"မိန်းမချောလေးတွေက ခင်ဗျားရဲ့ ပန်းတွေကို ဘာလို့ လက်မခံချင်ကြတာလဲဆိုတာကို ခင်ဗျား တကယ် သေချာ မစဉ်းစားကြည့်ဖူးဘူးလား...။"

"တကယ်ပဲ ပန်းတွေက မကောင်းလို့လား...။ ကျွန်တော်က စကားကောင်းကောင်း မပြောခဲ့လို့ သူတို့က ပန်းလက် မခံတာလား...။ ဒါက ဘယ်လို ယုတ္တိမျိုးလဲ...။"

"ပြီးတော့ ပထမဆုံးကောင်မလေးဆီ ပို့တုန်းကလည်း ကျွန်တော် ခင်ဗျားအတွက် စကားကောင်းတွေ ပြောပေးခဲ့ သေးတယ် ဒါပေမဲ့ ဘာမှ အသုံးမဝင်ခဲ့ဘူးလေ...။"

"ဒုတိယကောင်မလေးဆီ ရောက်တော့လည်း သူမက ပန်းတွေကို ယူပြီးပြီ ဒါပေမဲ့ ခင်ဗျားနာမည်ကို ကြားလိုက် တာနဲ့ ပြန်ပစ်ပေါက်လိုက်တာပဲ...။"

"အဆုံးသတ်မှာတော့ ဒီအလှလေးတွေက ပန်းလက်မခံတာဟာ ခင်ဗျားကြောင့်ပဲ...။ သူတို့က ခင်ဗျားနဲ့ ဆက်ဆံ နေတာလေ ကျွန်တော်တို့နဲ့ ဆက်ဆံနေတာမှ မဟုတ်တာ...။"

"ဒါကြောင့် ခင်ဗျားက ကျွန်တော်နဲ့ ပန်းဆိုင်ပိုင်ရှင်ကို လုံးဝ လာအပြစ်တင်လို့ မရဘူး…။ ပြီးတော့ ပန်းတွေရဲ့ အရည်အသွေးနဲ့လည်း လုံးဝ မသက်ဆိုင်ဘူး နားလည်လား...။"

လျန်ထျန်းက စကားများကို တစ်ဆက်တည်း ပြောချလိုက်ခြင်း ဖြစ်ရာ သူ တကယ်ကို ဒေါသထွက်နေကြောင်း ထင်ရှားလှပေသည်။ သို့သော် တစ်ဖက်မှ မစ္စတာထုံမှာ အကြောင်းပြချက် မခိုင်လုံဘဲ ဆက်လက် ငြင်းခုံနေဆဲ ဖြစ်သည်။

"ငါ ဂရုမစိုက်ဘူး...။ မင်း မပို့နိုင်ရင် မင်းအမှားပဲ...။ မင်း အလုပ်မပြီးရင် မင်းတာဝန်ပျက်ကွက်တာပဲ...။"

"ပြီးတော့ ဟိုပန်းတွေနဲ့ ပန်းဆိုင်ပိုင်ရှင်...။ သူတို့က ဘယ်လို ညံ့ဖျင်းတဲ့ ပန်းမျိုးကို သုံးထားတာလဲ...။ မိန်းမ တစ်ယောက်ကို မြင်မြင်ချင်း ချစ်ကြိုက်သွားအောင် မလုပ်နိုင်ဘူးလား...။"

"ငါ့ငွေ နှစ်ဖန်ကျော် အလကား ကုန်သွားတယ်...။ ရလဒ်ကတော့ တစ်ခါမှကို အောင်မြင်မှု မရှိဘူး...။ သူတို့ စောစောစီးစီး ဒေဝါလီခံရဖို့ ဆုတောင်းတယ်...။"

ထိုစကားများကို ရိုင်းစိုင်းစွာ ပြောဆိုပြီးနောက် မစ္စတာထုံသည် လျန်ထျန်းနှင့် ပန်းဆိုင်ပိုင်ရှင်တို့ကို တန်ပြန်ရန် အခွင့်အရေး မပေးတော့ဘဲ ဖုန်းချသွားခဲ့လေသည်။

ထို့နောက် မကြာမီမှာပင် လျန်ထျန်းသည် သူ၏ အစားအသောက် ပို့ဆောင်ရေး အက်ပလီကေးရှင်းတွင် အဆိုး မြင် မှတ်ချက်နှင့် တိုင်ကြားစာ တစ်စောင်ကို လက်ခံရရှိလိုက်လေတော့သည်…

All Chapters