← Chapters

အခန်း ၁၇၆

Vol. 18 Ch. 176

အခန်း ၁၇၆

Vol. 18 Ch. 176

အခန်း (၁၇၆)

မီဒီယာ၏ စွမ်းအား

လောကတွင် မိမိဘက်က သိသိသာသာ မှားယွင်းနေသည်ကိုပင် သူတစ်ပါးအပေါ် အပြစ်ပုံချတတ်သော လူအချို့ အမြဲတမ်း ရှိနေတတ်ပေသည်။

ယနေ့တွင် လျန်ထျန်းသည် ဤကိစ္စကို ကိုယ်တိုင် မျက်မြင်ကြုံတွေ့ခဲ့ရလေသည်။ သူသည် အစားအသောက်များ ကို သေချာစွာ ပို့ဆောင်ပေးခဲ့သော်လည်း ဖောက်သည်တစ်ဦးက ပန်းများ မပို့ဆောင်နိုင်ခြင်းမှာ လျန်ထျန်း၏ အမှား ဖြစ်သည်ဟု စွပ်စွဲကာ မိန်းကလေးများကို စကားကောင်းကောင်း မပြောခဲ့၍ဟု အပြစ်တင်ခဲ့လေသည်။

ဤသည်မှာ တကယ်ကို ဆန်းကြယ်လှပေသည်။ လျန်ထျန်းသည် စကားကောင်းအနည်းငယ် ပြောလိုက်ရုံဖြင့် လူတစ်ဦးအပေါ် မူလကတည်းက မနှစ်မြို့သော မိန်းကလေးတစ်ဦး၏ စိတ်ကို နှစ်သက်လာစေရန် တကယ်ပင် ပြောင်းလဲပေးနိုင်မည်လော။

အကယ်၍ လျန်ထျန်းတွင် ထိုစွမ်းရည်မျိုး တကယ်သာ ရှိနေပါက သူသည် အစားအသောက် ပို့ဆောင်မည့်အစား အောင်သွယ်တော်တစ်ဦး လုပ်လိုက်သည်က ပိုကောင်းပေလိမ့်မည်။

ပို၍ အရေးကြီးသည်မှာ ထိုဖောက်သည်သည် ပန်းတစ်စည်းတည်းကိုပင် မတူညီသော မိန်းကလေးငါးဦးထံသို့ ပေးပို့ခဲ့ရာ အားလုံးက သူ့ကို ငြင်းပယ်ခဲ့ကြခြင်းပင် ဖြစ်သည်။

တစ်ဦး သို့မဟုတ် နှစ်ဦးဆိုလျှင် မတော်တဆ ဖြစ်နိုင်သော်လည်း ငါးဦးစလုံးက ငြင်းပယ်ခဲ့လျှင် မည်မျှပင် အသိဉာဏ်ကင်းမဲ့သူ ဖြစ်စေကာမူ ပြဿနာမှာ အဘယ်အရာ ဖြစ်သည်ကို သဘောပေါက်သင့်သည် မဟုတ် ပါလော။

သို့သော် ဖောက်သည်ဖြစ်သူ မစ္စတာထုံက ဤအချက်ကို လက်ခံရန် ငြင်းဆန်ခဲ့လေသည်။ သူသည် ပန်းများနှင့် လျန်ထျန်းကိုသာ အတင်းအကြပ် အပြစ်တင်ခဲ့ပြီး ဤကိစ္စအတွက် ပန်းဆိုင်ကို အဆိုးမြင်မှတ်ချက် ပေးခဲ့သကဲ့ သို့ လျန်ထျန်းကိုလည်း တိုင်ကြားစာ ပို့ခဲ့လေသည်။

ပန်းဆိုင်ပိုင်ရှင်မှာ အလွန်အမင်း ဒေါသထွက်ခဲ့သော်လည်း သူ တတ်နိုင်သည်မှာ ဘာမျှမရှိပေ။ သူက ဖုန်းပြန်ခေါ် ရန် ကြိုးစားသောအခါ တစ်ဖက်လူက ရိုးရှင်းစွာပင် ဖုန်းချသွားခဲ့လေသည်။

ရွေးချယ်စရာ အခြားနည်းလမ်း မရှိတော့သဖြင့် ပန်းဆိုင်ပိုင်ရှင်မှာ သက်ပြင်းချကာ ဤ အလွန် ဆန်းကြယ် လှသော အဆိုးမြင်မှတ်ချက်ကို တိတ်ဆိတ်စွာ သည်းခံရန်သာ ပြင်ဆင်ရတော့သည်။

လျန်ထျန်းမှာ ဤစော်ကားမှုကို မျိုသိပ်မထားနိုင်ခဲ့ပေ။ သူသည် ခေတ္တမျှ စဉ်းစားပြီးနောက် ပန်းဆိုင်ပိုင်ရှင်အား ပြောလိုက်လေသည်။

"သူဌေး... တကယ်ပဲ ဒီကိစ္စကို ဒီတိုင်း လွှတ်ထားလိုက်တော့မလို့လား...။"

လျန်ထျန်း၏ မခံမရပ်နိုင်ဖြစ်နေသော မျက်နှာထားကို မြင်သောအခါ ပန်းဆိုင်ပိုင်ရှင်က သက်ပြင်းတစ်ချက် ချလိုက်လေသည်။

"ဒီတိုင်း မလွှတ်ထားလို့ ဘာလုပ်နိုင်မှာလဲ...။ လူလေး မင်းကို ငါနားလည်ပါတယ်…။ ဒါပေမဲ့ ငါတို့အားလုံးက သာမန်လူတွေချည်းပါပဲ...။ ဒီလို လူယုတ်မာမျိုးနဲ့ ကြုံလာရရင် ဖားပြုတ် ကိုက်ခံရတယ်လို့ပဲ သဘောထားလိုက် ပါတော့...။"

"ဒီလောက် ကိစ္စလေးနဲ့တော့ သူ့ကို တရားစွဲလို့ မရဘူးလေ…၊ တရားစွဲရင်တောင် သူ့ဆီက ဘာမှရမှာ မဟုတ် ဘူး...။ အချိန်တွေ ငွေတွေပဲ ကုန်သွားမယ်…။ ပြီးရင်လည်း သူ့ကို ဘာမှလုပ်နိုင်မှာ မဟုတ်သေးဘူး...။"

ပန်းဆိုင်ပိုင်ရှင် ပြောသည်ကို ကြားပြီးနောက် လျန်ထျန်းက ခေတ္တမျှ စဉ်းစားလိုက်ရာ ရုတ်တရက် အကြံဉာဏ် ကောင်း တစ်ခု ထွက်ပေါ်လာခဲ့လေသည်။

"သူဌေး... ကျွန်တော့်မှာ အကြံတစ်ခုရှိတယ်…။ ဒါပေမဲ့ ခင်ဗျားရဲ့ အကူအညီတော့ လိုတယ်...။"

ထိုစကားကို ကြားသောအခါ ပန်းဆိုင်ပိုင်ရှင်မှာ နားမလည်နိုင်စွာဖြင့် မေးလိုက်လေသည်။

"ဘာအကြံလဲ...။"

လျန်ထျန်း၏ နှုတ်ခမ်းများက ပြုံးယောင်သန်းသွားပြီးနောက် ပန်းဆိုင်ပိုင်ရှင်အား တိုးတိုးလေး တစ်စုံတစ်ရာကို ကပ်ပြောလိုက်လေသည်...။

ထိုနေ့ မွန်းလွဲပိုင်းတွင် အယ်လ်မြို့တော်ရှိ နာမည်ကြီး မီဒီယာကုမ္ပဏီ အများအပြားက ဤ အဖြစ်အပျက် တစ်ခုတည်းကိုသာ စတင် သတင်းဖော်ပြလာကြလေသည်။

ယနေ့ခေတ် မီဒီယာများအားလုံးမှာ မီဒီယာသစ်များဖြစ်သော ဝီချက် တရားဝင်အကောင့်များ၊ ထိုထျောက်၊ မိုဘိုင်းဖုန်းများ၊ ခေတ်စားနေသော အကြောင်းအရာများ၊ ပေါ်လာတတ်သော ကြော်ငြာများ စသည်တို့ပင် ဖြစ်လေသည်။

ဆက်သွယ်ရေး လမ်းကြောင်းတစ်ခု ရှိနေသမျှ ကာလပတ်လုံး သတင်းစကား တစ်ခုသည် အချိန်တိုအတွင်း လူပေါင်း မရေမတွက်နိုင်အောင် မြင်တွေ့နိုင်စွမ်း ရှိလေသည်။

ဤမီဒီယာများသည် ဇာတ်လမ်းကို ဖော်ပြရန် အစွမ်းကုန် ကြိုးပမ်းခဲ့ကြပြီး လူအများ၏ အာရုံကို ဖမ်းစားနိုင် သော ခေါင်းစဉ်များ ရေးသားရာတွင် ၎င်းတို့၏ နှစ်ပေါင်းများစွာ အတွေ့အကြုံ အားလုံးကို ထုတ်သုံးခဲ့ကြ လေသည်။

[အမျိုးသားတစ်ဦးသည် မိန်းကလေးငါးဦးထံသို့ ဆက်တိုက်ဆိုသလို လက်ဆောင်များစွာ ပေးပို့ခဲ့သည်...။ ဤ သည်မှာ ကိုယ်ကျင့်တရား ပျက်ပြားမှု၏ လက္ခဏာလော သို့မဟုတ် လူ့သဘာဝ၏ ဖောက်ပြန်မှုလော...။]

[အမျိုးသားတစ်ဦးသည် ပစ္စည်းတစ်ခုကို မိန်းကလေးငါးဦးထံ ပို့ဆောင်ရန် အမှာစာပေးခဲ့သော်လည်း အားလုံးက ငြင်းပယ်ခဲ့ကြသည်... ထိုအခါ သူက ပို့ဆောင်ရေးသမားကို အပြစ်တင်ကာ ထိုပို့ဆောင်ရေးသမားသည် မိန်းက လေးငါးဦးကို ပစ္စည်းနှင့်ပတ်သက်၍ ဝန်ဆောင်မှု ကောင်းစွာ မပေးခဲ့ဟု စွပ်စွဲခဲ့သည်...။]

[မိန်းကလေးငါးဦး၏ ငြင်းပယ်ခြင်းကို ခံရပြီးနောက် ထိုအမျိုးသားသည် သူ၏ ဒေါသများကို ပို့ဆောင်ရေးသမား နှင့် လက်ဆောင်ပစ္စည်းဆိုင် ပိုင်ရှင်တို့အပေါ် ပုံချခဲ့ပြီး ၎င်းတို့အပေါ် ရိုင်းစိုင်းသော အပြုအမူတစ်ခုကို ပြုလုပ်ခဲ့ သည်...။]

ဤခေါင်းစဉ်များကို မြင်ပြီးနောက် ဝင်ရောက်မဖတ်ရှုဘဲ နေရန်မှာ တကယ်ပင် ခက်ခဲလှပေသည်။

ကံကောင်းထောက်မစွာဖြင့် ခေါင်းစဉ်များမှာ အနည်းငယ် ချဲ့ကားထားသော်လည်း အတွင်းရှိ အကြောင်းအရာ များမှာမူ အတော်လေး ပုံမှန်ပင် ဖြစ်လေသည်။

အဘယ်ကြောင့်ဆိုသော် မီဒီယာသတင်းများအနေဖြင့် အချက်အလက်များအပေါ် အခြေခံ၍ အမှန်တရားကို ရှာဖွေရမည့် မူဝါဒကို လိုက်နာရမည်ဖြစ်ပြီး အချက်အလက်များကို လိမ်လည်လှည့်ဖြားခြင်း မပြုရဟု လျန်ထျန်း က ညွှန်ကြားထားသောကြောင့် ဖြစ်သည်။

မကြာမီမှာပင် အယ်လ်မြို့တော်ရှိ လူအများစုမှာ ဤကိစ္စကို သိရှိသွားကြလေသည်။

ယနေ့နံနက်ပိုင်းတွင် ထုံ ဟူသော မျိုးရိုးအမည်ရှိ အမျိုးသားတစ်ဦးသည် မိန်းကလေးငါးဦးထံသို့ ပန်းတစ်စည်း ပို့ဆောင်ရန် အမှာစာပေးခဲ့သော်လည်း မိန်းကလေးတိုင်းက လက်ခံရန် ငြင်းဆန်ခဲ့ကြသည်...။ ထိုအခါ သူသည် ပို့ဆောင်ရေးသမားနှင့် ပန်းဆိုင်ပိုင်ရှင်တို့အပေါ် ဒေါသထွက်ကာ အဆိုးမြင်မှတ်ချက်များနှင့် တိုင်ကြားစာများ ပေးခဲ့လေသည်...။

သတင်းတွင် ပါဝင်သော အချို့သော ဓာတ်ပုံများနှင့် ဗီဒီယိုများမှာ ပန်းဆိုင်ပိုင်ရှင်၏ ထွက်ဆိုချက်များဖြစ်ပြီး ထိုမစ္စတာထုံ၏ ဆန်းကြယ်သော အပြုအမူကို ရှုတ်ချထားခြင်း ဖြစ်လေသည်။

ပို့ဆောင်ရေးသမားက အဘယ်ကြောင့် ထွက်ဆိုရန် ရှေ့ထွက်မလာသနည်းဟု မေးမြန်းသောအခါ ပန်းဆိုင်ပိုင်ရှင် က ရှင်းပြခဲ့လေသည်။

[ပို့ဆောင်ရေးသမားတစ်ဦး ဖြစ်ရသည်မှာ မလွယ်ကူပေ...။ မစ္စတာထုံ၏ အငြိုးတကြီးပေးသော အဆိုးမြင် မှတ်ချက်ကြောင့် ကြီးလေးသော ဒဏ်ကြေးငွေ ချမှတ်ခံခဲ့ရသဖြင့် သူသည် ယနေ့တွင် အမှာစာများစွာကို ပို့ဆောင်ရမည် ဖြစ်သည်...။ သို့မဟုတ်ပါက လာမည့်လအတွက် အိမ်လခကိုပင် ပေးဆောင်နိုင်မည် မဟုတ် ပေ...။]

လူအများက ဤအဖြစ်အပျက်များကို သိရှိသွားသောအခါ ပို့ဆောင်ရေးသမားနှင့် ပန်းဆိုင်ပိုင်ရှင်တို့အပေါ် ပိုမို ကိုယ်ချင်းစာလာကြပြီး မစ္စတာထုံ၏ စရိုက်ကိုမူ ပို၍ပင် ပြစ်တင်ရှုတ်ချလာကြလေသည်။

မစ္စတာထုံ၏ နာမည်အပြည့်အစုံကို မသိရသော်လည်း ထုံ ဟူသော မျိုးရိုးအမည်မှာ အယ်လ်မြို့တော်တွင် အတော်လေး ရှားပါးလှပေသည်။

ထို့အပြင် ထိုသူသည် အသက် နှစ်ဆယ့်ငါးနှစ်မှ သုံးဆယ့်ငါးနှစ်ကြားရှိ အမျိုးသားတစ်ဦး ဖြစ်ကြောင်းနှင့် ဒေါသကြီးကာ အရာအားလုံးအတွက် သူတစ်ပါးအပေါ် အပြစ်ပုံချတတ်သော စရိုက်ရှိကြောင်းကိုလည်း ခွဲခြားသိရှိနိုင်ပေသည်။

ဤအချက်အလက်များကို အခြေခံ၍ မစ္စတာထုံကို သိကျွမ်းသူ မည်သူမဆို ထိုသူမှာ သူပင်ဖြစ်ကြောင်း ကောက်ချက်ချနိုင်ပေလိမ့်မည်။

လျန်ထျန်း ဝယ်ယူထားသော မီဒီယာကုမ္ပဏီများစွာမှ ဆက်တိုက် သတင်းဖော်ပြမှုများကြောင့် ဤကိစ္စမှာ အယ်လ်မြို့တော် တစ်ခုလုံးတွင် အလျင်အမြန်ပင် ဟိုးလေးတကျော် ဖြစ်သွားခဲ့လေသည်။

မစ္စတာထုံမှာလည်း လူမှုအသိုင်းအဝိုင်းကြားတွင် မျက်နှာပျက်ရကာ အဆုံးတွင်မူ လျန်ထျန်းထံမှ ခွင့်လွှတ်မှုရရန် တောင်းပန်ရတော့သည်။

"ဟေး...၊ မင်းက ဟိုနေ့က ငါ့ဆီကို ပန်းလာပို့တဲ့ ပို့ဆောင်ရေးသမား ဟုတ်တယ်မလား...။"

မစ္စတာထုံ၏ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိသောအခါ လျန်ထျန်း၏ နှုတ်ခမ်းများက ပြုံးယောင်သန်းသွားသော် လည်း သူ၏ လေသံမှာမူ အေးစက်နေဆဲပင် ဖြစ်သည်။

"ဟုတ်တယ်...၊ ဘာဖြစ်လို့ ရုတ်တရက်ကြီး ကျွန်တော့်ဆီ ဖုန်းဆက်ရတာလဲ...။ ဟိုနေ့ကကျတော့ ကျွန်တော် ဖုန်းဆက်တာကို လျစ်လျူရှုထားခဲ့တယ် မဟုတ်လား...။"

အနည်းငယ် တုန်ရီနေသော မစ္စတာထုံ၏ အသံက ထွက်ပေါ်လာလေသည်။

"ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်းက အများပြည်သူသုံး အကောင့်တွေနဲ့ မီဒီယာကင်ပိန်းတွေ အားလုံးကို မင်းပဲ စီစဉ်ခဲ့တာလား...။"

ယခုတစ်ကြိမ်တွင် လျန်ထျန်းက ပြုံးလိုက်သော်လည်း အခြားတစ်နည်းဖြင့်သာ ပြန်ပြောလိုက်လေသည်။

"မဟုတ်ပါဘူး...။ ကျွန်တော်က သာမန် အစားအသောက် ပို့ဆောင်ရေးသမား တစ်ယောက်ပါ...။ ကျွန်တော့်မှာ ဘယ်လိုလုပ် အဲ့ဒီလို စွမ်းဆောင်ရည်မျိုး ရှိမှာလဲ...။ အမှန်တရားက အောင်ပွဲခံတယ် ဆိုတာမျိုးပါပဲ...။"

တစ်ဖက်လူက အသံဖမ်းထားမည်ကို ကာကွယ်ရန်နှင့် မီဒီယာများကို အသုံးပြု၍ တန်ပြန်တိုက်ခိုက်လာမည်ကို တားဆီးရန်အတွက် လျန်ထျန်းက ဤသို့ ပြောလိုက်ခြင်း ဖြစ်သည်။

လျန်ထျန်းထံမှ မည်သည့်အရာကိုမျှ ထုတ်ဖော်မရနိုင်သည်ကို မြင်သောအခါ မစ္စတာထုံ၏ လေသံမှာ လုံးဝ ပျော့ပျောင်းသွားတော့သည်။

"မင်းတို့တွေ ဒီကိစ္စရဲ့ နောက်ကွယ်မှာ ရှိနေတယ်ဆိုတာ ငါသိပါတယ်...။ ဒါမှမဟုတ်ရင် ဘယ်သူကများ ဒီလို အသေးအဖွဲ ကိစ္စလေးကို ဒီလောက်အထိ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်အောင် လုပ်မှာလဲ...။"

"ပန်းဆိုင်ပိုင်ရှင်ကိုလည်း ငါ ဆက်သွယ်ခဲ့ပြီးပြီ...။ သူက ငါ့ကို မင်းဆီ သွားခိုင်းတယ် ပြီးတော့ မင်းရဲ့ ခွင့်လွှတ်မှု ကို ရပြီးမှပဲ သူက ငါ့ကို ခွင့်လွှတ်မယ်လို့ ပြောတယ်...။"

"ကျေးဇူးပြုပြီး...။ ငါ မင်းကို တောင်းပန်ပါတယ်...၊ ဒီမီဒီယာတွေကို ရပ်တန့်ခိုင်းပေးပါ...။ မဟုတ်ရင် ငါ အယ်လ်မြို့တော်မှာ ဆက်ပြီး ရပ်တည်နိုင်တော့မှာ မဟုတ်ဘူး...။"

လျန်ထျန်း၏ အပြုံးက တဖြည်းဖြည်း ကျယ်ပြန့်လာသော်လည်း သူ၏ လေသံမှာ တည်ငြိမ်နေဆဲပင် ဖြစ်သည်။

"ခင်ဗျား အယ်လ်မြို့တော်မှာ မရပ်တည်နိုင်ရင်လည်း တခြားမြို့ကို ပြောင်းသွားလိုက်ပေါ့...။ အို... ဒါပေမဲ့ ဒီအတိုင်းသာ ဆက်ပြီး သတင်းဖြန့်နေမယ်ဆိုရင် တစ်နိုင်ငံလုံး သိသွားဖို့ ဆိုတာကလည်း မဖြစ်နိုင်တာတော့ မဟုတ်ဘူး...။"

"ဒါပေမဲ့ ရပါတယ်...။ ခင်ဗျား ပန်းဆိုင်ကို အဆိုးမြင်မှတ်ချက် ပေးပြီး သူတို့ရဲ့ စီးပွားရေးကို ဖျက်ဆီးခဲ့တုန်းက ပန်းဆိုင်ပိုင်ရှင်ကို ခင်ဗျားပြောခဲ့သလိုပေါ့...။ စီးပွားရေး ဆက်မလုပ်နိုင်ရင်လည်း ထွက်သွားလိုက်ပေါ့ တဲ့...။"

"ခင်ဗျားလည်း ဒီအတိုင်း လုပ်လို့ရပါတယ်...။ ဆက်ပြီး မရပ်တည်နိုင်ရင်လည်း ထွက်သွားလိုက်ပေါ့...။ ဘဝဆို တာ ဆယ်စုနှစ် အနည်းငယ်လောက်ပဲ ရှည်လျားတာပါ ဘယ်လိုပဲဖြစ်ဖြစ် မြန်မြန်ဆန်ဆန် ဖြတ်သန်းသွားမှာ ပါပဲ...။"

ထိုစကားကို ကြားသောအခါ တစ်ဖက်လိုင်းမှ မစ္စတာထုံမှာ စက္ကန့်အနည်းငယ်ခန့် တိတ်ဆိတ်သွားပြီးနောက် အလျင်အမြန် ပြန်ပြောလိုက်လေသည်။

"ငါနားလည်ပါပြီ...။ အားလုံးက ငါ့အမှားတွေပါ...၊ ပန်းဆိုင်က အဆိုးမြင်မှတ်ချက်ကို အခုချက်ချင်း သွားဖျက် လိုက်ပါ့မယ်...။ ဒီကိစ္စက ဒီထက် ပိုကြီးမားမလာအောင် တားဆီးပေးဖို့ပဲ တောင်းပန်ပါတယ်...။"

လျန်ထျန်းက သူ၏ စကားကို ဖြတ်ပြောလိုက်လေသည်။

"အဆိုးမြင်မှတ်ချက်တွေ ဖျက်ပစ်လိုက်ရုံနဲ့ တကယ်ပဲ အရာအားလုံးက ပြီးသွားပြီလား...။"

မစ္စတာထုံမှာ ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် စကားပြန်မပြောနိုင်အောင် ဖြစ်သွားရလေသည်။

"...ဪ... ငါသိပါပြီ...။ ငါ အရမ်း မှားယွင်းတဲ့ အလုပ်တစ်ခုကို လုပ်ခဲ့မိတယ်...။ အဲဒီအတွက် ငါ ပြုပြင်ဖို့ လိုအပ်တယ်...။ ငါ အကောင်းမြင် မှတ်ချက်တွေ ထပ်ရေးပေးမယ် ပြီးတော့ ငါ့အမှားကိုလည်း ဝန်ခံပါ့မယ်...။"

"ပြီးတော့ မင်းအပေါ် ပေးထားတဲ့ အဆိုးမြင် မှတ်ချက်တွေနဲ့ တိုင်ကြားစာတွေကိုလည်း ချက်ချင်း ဖယ်ရှားပေး ပါ့မယ်...။ တစ်ချိန်တည်းမှာပဲ အဲဒီအမှာစာအတွက် လျော်ကြေးအနေနဲ့ ဆုကြေးငွေ အနည်းငယ်ကိုလည်း မင်း ကို ပေးပါ့မယ်...။"

"ကြည့်ပါဦး... ငါ ဒီလောက်အထိ လုပ်ပေးပါ့မယ် အဆင်ပြေနိုင်မလား...။"

ယခုအခါ ကြောက်ရွံ့တုံ့ဆိုင်းနေသော မစ္စတာထုံ၏ အသံကို ကြားသောအခါ လျန်ထျန်းမှာ ရယ်ချင်စိတ်ကို ထိန်းချုပ်လိုက်ပြီး တည်ငြိမ်သော လေသံဖြင့် ဆက်ပြောလိုက်လေသည်။

"ကောင်းပြီ...။ ခင်ဗျား ပြောခဲ့တဲ့ အရာတွေ အားလုံးကို အရင်လုပ်လိုက်ပါ...။ ပြီးရင်တော့ ဒီကိစ္စကို ဆက်မလုပ် ဖို့ ကျွန်တော် စဉ်းစားပေးပါ့မယ်...။ ပြီးတော့ ပန်းဆိုင်ပိုင်ရှင်က ခင်ဗျားကို ခွင့်လွှတ်အောင်လည်း ဖျောင်းဖျပေး ပါ့မယ်...။"

"ဒါနဲ့... ဆုကြေးငွေ ကိစ္စကိုတော့ မေ့လိုက်ပါ...။ ကျွန်တော်က ခင်ဗျားအပေါ် အခွင့်အရေး မယူချင်ပါဘူး...။ ပြီးတော့ ကျွန်တော်က ခင်ဗျားရဲ့ ငွေတွေကို မလိုအပ်ပါဘူး...။ ဒီအဖြစ်အပျက် ပြီးသွားတဲ့အခါ ခင်ဗျား နားလည်သင့်တယ် မဟုတ်လား...။"

ထိုစကားကို ကြားသောအခါ မစ္စတာထုံမှာ ချက်ချင်းပင် မျက်ရည်ကျမတတ် ဝမ်းသာသွားလေသည်။

"ကျေးဇူးအများကြီး တင်ပါတယ်....။ မင်းက တကယ်ကို သဘောထား ပြည့်ဝတာပဲ...။ ငါ အရမ်း မှားယွင်းခဲ့ တယ်ဆိုတာကို အခု တကယ်ကို သဘောပေါက်သွားပါပြီ...။"

"ငါက မင်းကို သာမန် အစားအသောက် ပို့ဆောင်ရေးသမား တစ်ယောက်လို့ အမြဲတမ်း ထင်ခဲ့တာ...။ မင်းမှာ ဒီလောက်အထိ စွမ်းရည်တွေ ရှိနေမယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး...။"

"အခုတော့ မင်းက အစားအသောက် ပို့ဆောင်ရင်း ဘဝကို ဖြတ်သန်းနေတဲ့ လျှို့ဝှက် ပညာရှင် တစ်ဦး ဖြစ်ရ မယ်ဆိုတာ ငါ သဘောပေါက်သွားပါပြီ...။"

"ငါပေးခဲ့တဲ့ ဆုကြေးငွေ အနည်းငယ်ကို မင်း ဂရုတောင် စိုက်မှာ မဟုတ်ဘူး...။ အဲဒါတောင် မင်းက တာဝန်ကျေ ကျေနဲ့ ငါ့အတွက် ပစ္စည်းတွေကို ဆက်ပြီး ပို့ပေးခဲ့သေးတယ်...။"

"ဒီနေ့ကစပြီး ငါ တကယ်ကို နောင်တရပြီး ဘဝသစ်တစ်ခုကို စတင်ပါ့မယ်...။ ပြီးတော့ မိန်းမငယ်လေးတွေကို လိုက်ပြီး နှောင့်ယှက်တဲ့ ဖောက်ပြန်တဲ့ အလုပ်မျိုး ဘယ်တော့မှ ထပ်မလုပ်တော့ပါဘူး...။"

ထိုစကားကို ကြားသောအခါ လျန်ထျန်းက သူ၏ စကားကို ထပ်မံ ဖြတ်ပြောလိုက်ပြန်သည်။

"ကောင်းပြီ... ကောင်းပြီ...။ ဒီမှာ လာပြီး ကတိတွေ ပေးနေစရာ မလိုပါဘူး...။ စကားထက် လုပ်ရပ်က ပို အရေးကြီးတယ်...။ နောင်ကျရင် ခင်ဗျားပြောခဲ့တဲ့ အရာတွေကို လက်တွေ့ အကောင်အထည်ဖော်ဖို့ သေချာ အောင်သာ လုပ်ပါ...။"

ဖုန်းချပြီးနောက် လျန်ထျန်းက သက်ပြင်းရှည်ကြီး တစ်ချက်ချကာ သူ၏ နဖူးကို သုတ်ရင်း တီးတိုး ရေရွတ် လိုက်လေသည်။

"သူပေးခဲ့တဲ့ ဆုကြေးငွေ သုံးခါကို တကယ်ပဲ ကျေးဇူးတင်မိပါတယ်...။ ဒါပေမဲ့ သူ့ဆီက နောက်ထပ် ထပ်မယူရဲ တော့ဘူး...။"

"ကမ္ဘာလုံးဆိုင်ရာ ကုန်ဈေးနှုန်း အဆတစ်သန်း ကျဆင်းခြင်းက ဆုကြေးငွေ ပေးခြင်းအပေါ် သက်ရောက်မှု မရှိဘူးဆိုတာကို သိပြီးနောက်ပိုင်းမှာ...။ နောက်ထပ် အစားအသောက် ပို့ဆောင်ရမယ့် အမှာစာ အနည်းငယ် အတွက် ဖောက်သည်တွေဆီ ငွေအနည်းငယ် လွှဲပေးပြီး သူတို့ကနေတစ်ဆင့် ကျွန်တော့်ကို ဆုကြေးငွေ ပြန်ပေး ဖို့ ကြိုးစားခဲ့သေးတယ်...။"

"ရလဒ်အနေနဲ့ ပမာဏက များလွန်းရင် ဒါမှမဟုတ် ပေးတဲ့ အကြိမ်ရေက များလွန်းရင် စနစ်ပိုင်းဆိုင်ရာ မှားယွင်း မှု မက်ဆေ့ဂျ်တစ်ခု ပေါ်လာတတ်တယ်...။ ငွေမရောက်လာတဲ့အပြင် ကျွန်တော့်အကောင့်တောင် အပိတ်ခံရမလို ဖြစ်သွားခဲ့တယ်...။"

"ဖြတ်လမ်းကနေ သွားဖို့ ကြိုးစားတာက မကောင်းဘူး ထင်ပါတယ်...။ ကာလတို အကျိုးအမြတ်အတွက် လောဘ ကြီးတာက ရေရှည် ဆုံးရှုံးမှုတွေကို ဖြစ်ပေါ်စေနိုင်တယ်...။"

ဆုကြေးငွေများ ပေးခြင်းဖြင့် ဖြတ်လမ်းမှ သွားရန် ကြိုးစားခြင်းမှ ရရှိခဲ့သော သင်ခန်းစာများကို အကျဉ်းချုံးပြီး နောက် ယခင်က ပေးထားသော အဆိုးမြင်မှတ်ချက်များနှင့် တိုင်ကြားစာများကို ရုပ်သိမ်းသွားခဲ့ပြီး ဒဏ်ကြေးငွေ များကိုလည်း အပြည့်အဝ ပြန်လည်ရရှိခဲ့ကြောင်း လျန်ထျန်းက အလျင်အမြန် တွေ့လိုက်ရလေသည်။

မကြာမီမှာပင် ပန်းဆိုင်ပိုင်ရှင်က ဖုန်းဆက်လာကာ အဆိုးမြင်မှတ်ချက်ကို ဖျက်ပစ်လိုက်ပြီ ဖြစ်ကြောင်း၊ ထို့ အပြင် အကောင်းမြင်မှတ်ချက် အများအပြားနှင့် ထိုမစ္စတာထုံ ကိုယ်တိုင် သူ၏ အမှားကို ဝန်ခံထားသည့် စာတစ်စောင် ထွက်ပေါ်လာကြောင်း ပြောပြလာလေသည်။

မစ္စတာထုံသည် အမှန်တကယ်ပင် သူ၏ ကတိကို တည်ကြောင်း မြင်တွေ့ရသောအခါ လျန်ထျန်းက မီဒီယာ ကုမ္ပဏီများထံ ချက်ချင်း ဖုန်းဆက်၍ ပန်းပေးပို့သည့် အဖြစ်အပျက်ကို သတင်းဖြန့်ချိခြင်း ရပ်တန့်ရန်နှင့် ပို့စ်များစွာကို ဖျက်ပစ်ရန် အကြောင်းကြားလိုက်လေသည်။

လျင်မြန်စွာ ပြောင်းလဲနေသော ယနေ့ခေတ် လူ့အဖွဲ့အစည်းတွင် သတင်းဖြန့်ချိမှု ရပ်တန့်သွားသည်နှင့် တစ်ပြိုင် နက် လူတိုင်းက ဤအဖြစ်အပျက်ကို မေ့ပျောက်သွားကြရန် အချိန်ကြာမည် မဟုတ်ပေ။

သို့သော်လည်း အင်တာနက်တွင် မှတ်ဉာဏ်ရှိပြီး အနာဂတ်တွင် တစ်ဖန် ပြန်လည် တူးဖော်ခံရကာ ဗီဒီယို သို့မဟုတ် အလားတူ တစ်စုံတစ်ရာအဖြစ် ဖန်တီးခံရမည်လား ဆိုသည်ကိုမူ မသိနိုင်ပေ။

မစ္စတာထုံအနေဖြင့် အမှန်တကယ်ပင် ပြောင်းလဲမှုအချို့ ပြုလုပ်နိုင်လိမ့်မည်ဟု မျှော်လင့်ရသည်။ သို့မဟုတ်ပါ က အရှက်ကွဲစေမည့် သူ၏ ဗီဒီယိုများ ပြန်လည် ထွက်ပေါ်လာပြီး ထပ်မံ နာမည်ကြီးလာပါက ၎င်းသည် သူ့အ တွက် သတိပေးချက်နှင့် နိုးထစေမည့် အချက်ပေးခေါင်းလောင်း တစ်ခု ဖြစ်လာပေလိမ့်မည်။

ထို့ကြောင့် ဤအချက်က တစ်စုံတစ်ရာကို ရှင်းလင်းစွာ ဖော်ပြနေပေသည်။ မိမိ၏ အရှက်ရဖွယ် အခိုက်အတန့် များကို အင်တာနက်ပေါ်တွင် မည်သည့်အခါမျှ မထားခဲ့ပါနှင့်၊ သို့မဟုတ်ပါက တစ်နေ့တွင် မည်သူက ၎င်းကြောင့် နာမည်ကြီးလာမည်ကို မည်သူ သိနိုင်ပါမည်နည်း။

...

ပန်းပို့ဆောင်သည့် အဖြစ်အပျက် ပြီးနောက် လျန်ထျန်းသည် မည်သည့် ဆန်းကြယ်သော အမှာစာများကိုမျှ မကြုံတွေ့ရတော့ဘဲ ရိုးရှင်းပြီး ငြီးငွေ့ဖွယ်ကောင်းသော အစားအသောက် ပို့ဆောင်သည့် ဘဝ၏ အခြားသော အချိန်ကာလတစ်ခုကို ဖြတ်သန်းခဲ့ရလေသည်။

သို့သော် ဤနေ့တွင် သူသည် ဖောက်သည်တစ်ဦးထံမှ ဖုန်းခေါ်ဆိုမှု တစ်ခုကို ရုတ်တရက် လက်ခံရရှိခဲ့ပြီး ဖုန်းချိတ်ဆက်မိသည်နှင့် တစ်ပြိုင်နက် ထိုသူက သူ့ကို စတင် အော်ဟစ်တော့သည်။

"ငါ ဓာတ်မတည့်တာ ဖြစ်နေတယ်...၊ မင်း ငါ့ရဲ့ ဆေးဖိုးတွေကို ပေးရမယ်...။ မင်း ငါ့ကို ပြန်ပေးဆပ်ရမယ်...။"

လျန်ထျန်းမှာ ထိုအချိန်တွင် လုံးဝကို ဇဝေဇဝါ ဖြစ်သွားရပြီး အကြောင်းရင်းကို နားမလည်နိုင်စွာဖြင့် မေးလိုက် လေသည်။

"အစ်မ... ခင်ဗျား ဖုန်းမှားခေါ်မိနေပြီ...။ ကျွန်တော်က ပို့ဆောင်ရေးသမားပါ...။ ဪ...တကယ်လို့ အစား အသောက်နဲ့ ဓာတ်မတည့်တာ ဖြစ်နေရင် စားသောက်ဆိုင်ကို ဆက်သွယ်သင့်ပါတယ်...။"

သို့သော် ဖုန်းထဲမှ အမျိုးသမီးဖောက်သည်က ဆက်လက် အော်ဟစ်နေဆဲပင် ဖြစ်သည်။

"ငါက မင်းကို ငှားထားတာလေ အစားအသောက် ပို့ဆောင်ရေးသမား...။ ငါ ဓာတ်မတည့်တာ ဖြစ်ရတာ မင်းမှာ လည်း တစ်စိတ်တစ်ပိုင်း တာဝန်ရှိတယ်...။"

All Chapters