အခန်း ၁၇၈
Vol. 18 Ch. 178
အခန်း (၁၇၈)
အရင်က ဖေဖေလို့ ခေါ်ဖူးတယ်၊ မလန့်သွားနဲ့နော်
ထိုအမျိုးသမီးဖောက်သည်မှာ လိမ်လည်သူတစ်ဦး ဖြစ်လေသည်။ သူမသည် နံနံပင်ကို ဓာတ်မတည့်ခြင်း လုံးဝ မရှိပေ။ ထိုသို့ပြောရခြင်း၏ အဓိကရည်ရွယ်ချက်မှာ အစားအသောက်များနှင့် ငွေကြေးများကို လိမ်လည်စား သောက်ရန်ပင် ဖြစ်သည်။
သူမ၏ နည်းလမ်းမှာ အစားအသောက်မှာယူရာတွင် မှတ်ချက်ကို ရှည်လျားစွာ ရေးသားပြီးနောက် သတိမထား မိနိုင်ဆုံး နေရာလေး၌ နံနံပင်မထည့်ရန် ရေးသားထားခြင်းပင် ဖြစ်လေသည်။
အချို့သော သတိထားမိသည့် ဈေးသည်များက နံနံပင်မထည့်ဘဲ ပို့ပေးလျှင်တောင်မှ သူမသည် အကြောင်း ပြချက် အမျိုးမျိုးရှာကာ ငွေပြန်အမ်းခိုင်းလေ့ရှိပြီး အနည်းဆုံးတော့ အလကားစားရအောင် လိမ်လည်လှည့်စား တတ်လေသည်။
အကယ်၍ နံနံပင် ပါသွားခဲ့လျှင်ကား သူမသည် ပထမဆုံး ဖုန်းဆက်၍ အပြစ်တင်မည်ဖြစ်ပြီးနောက် ငွေပြန် အမ်းရန် တောင်းဆိုကာ နံနံပင်များကို ဖယ်စားပြီးနောက် ဓာတ်မတည့်သည့် လက္ခဏာများ ပြလာသည်ဟု အကြောင်းပြ၍ မည်သည့်ငွေကိုမှ ထပ်မပေးရန် ငြင်းဆန်မည် ဖြစ်လေသည်။
ထိုသို့ အဆင့်နှစ်ဆင့်ခွဲ၍ ပြုလုပ်ရခြင်းမှာ သူမ၏ အတွေ့အကြုံအရ ဖြစ်ပေသည်။ အဘယ်ကြောင့်ဆိုသော် အစားအသောက် ထုပ်ပိုးမှုကို ဖွင့်ကြည့်လိုက်သည်နှင့် နံနံပင် ပါမပါကို သိနိုင်သောကြောင့် ဖြစ်လေသည်။ အကယ်၍သာ ဖုန်းကြိုမဆက်ဘဲ နေလိုက်ပါက ငွေညှစ်ရန် ကြိုးစားနေကြောင်း အလွန် သိသာလွန်းနေမည် ဖြစ်သည်။
ထိုသို့ အော်ဟစ်အပြစ်တင်ပြီးနောက် နံနံပင်များကို ဖယ်စားကာ ဓာတ်မတည့်ဖြစ်ရသည်ဆိုသော အကြောင်းပြ ချက်မှာ မိုက်မဲရာကျသော်လည်း အံ့ဩဖွယ်ကောင်းလောက်အောင် ထိရောက်မှု ရှိနေခဲ့လေသည်။ စီးပွားရေး လုပ်ငန်းရှင် အများစုမှာ ပြဿနာ မရှာချင်ကြသဖြင့် ငွေပေး၍သာ ဖြေရှင်းလိုက်ကြလေသည်။
သေချာပေါက်ပင် ခေါက်ဆွဲအေး ဆိုင်ရှင်ကဲ့သို့ ငွေမပေးလိုသူ အများအပြားလည်း ရှိကြပေသည်။ ထိုသို့ဆိုလျှင် မူ သူမသည် အဆိုးမြင်မှတ်ချက် ပေးလိုက်ပြီးနောက် အောင်မြင်ရန် အခွင့်အရေး ပိုများစေရန်အတွက် အစား အသောက်ပို့ဆောင်သူထံမှ ငွေညှစ်ရန် ကြိုးစားတော့လေသည်။
ဤနည်းဖြင့် စီးပွားရေးလုပ်ငန်းရှင်များနှင့် အစားအသောက်ပို့ဆောင်သူ အတော်များများမှာ သူမ၏ ငွေညှစ်ခြင်း ကို ခံခဲ့ရလေသည်။
ယခု သူမ အဖမ်းခံလိုက်ရပြီဖြစ်ရာ သူမအနေဖြင့် ပညာပေးစခန်းများတွင် နှစ်အတော်ကြာ အလုပ်လုပ်ရတော့ မည်မှာ အသေအချာပင် ဖြစ်လေသည်။
လျန်ထျန်း၏ လုပ်ရပ်များက အယ်လ်မြို့တော်အတွက် အန္တရာယ်ကောင်ကြီး တစ်ကောင်ကို အမှန်တကယ်ပင် ရှင်းလင်းပေးလိုက်ခြင်း ဖြစ်လေသည်။
ဤကိစ္စပြီးနောက် လျန်ထျန်းသည် အစားအသောက်ပို့ဆောင်သူများနှင့် ကုန်သည်များအား ပစ်မှတ်ထားသည့် ဤကဲ့သို့သော ငွေညှစ်မှုများ မည်မျှ အဖြစ်များကြောင်းကို ရဲတပ်ဖွဲ့ထံတွင်ပင် စုံစမ်းမေးမြန်းခဲ့သေးသည်။
မမေးကြည့်သရွေ့ ယုံနိုင်စရာ မရှိသော်လည်း တကယ်တမ်းတွင်မူ အလွန် အံ့အားသင့်ဖွယ် ကောင်းလှပေသည်။ အယ်လ်မြို့တော်၏ ခရိုင်တစ်ခုတည်းတွင်ပင် လစဉ်လိုလို ထိုကဲ့သို့သော ဖြစ်ရပ်ပေါင်းများစွာ ရှိနေလေသည်။
အချို့သော အစားအသောက်ပို့ဆောင်သူများဆိုလျှင် စီးကရက်များနှင့် အရက်များကို ဝယ်ယူပေးခဲ့ရပြီး ထိုအရာ များမှာ စီးကရက် ဖာပေါင်းများစွာ သို့မဟုတ် မောင်းထိုင်အရက် ပုလင်းပေါင်းများစွာကဲ့သို့သော တန်ဖိုးကြီး ပစ္စည်းများ ဖြစ်ကြလေသည်။
မမှာယူမီကမူ ပစ္စည်းရောက်မှ ငွေချေမည်ဖြစ်ပြီး ဘောက်ဆူးလည်း ပေးမည်ဟု ပြောဆိုထားတတ်သော်လည်း ပို့ဆောင်ပြီးချိန်တွင်မူ ပို့ဆောင်သူအား ဘောက်ဆူးမပေးသည့်အပြင် စီးကရက်နှင့် အရက်ဖိုးကိုပင် အပြည့်အဝ မပေးကြချေ။
အချို့သော ပို့ဆောင်သူများမှာ ရိုးသားဖြောင့်မတ်ကြလေသည်။ ထိုသို့ အကြိမ်အနည်းငယ် အလိမ်ခံရပြီး ခြိမ်းခြောက်ခံရပြီးနောက်တွင် သူတို့သည် နှုတ်ဆိတ်၍သာ ခံစားနေကြရရှာသည်။
အချို့သော ပို့ဆောင်သူများက ရဲတိုင်ကြသော်လည်း ရဲများ အိမ်တိုင်ရာရောက် လာသောအခါ ဖောက်သည်များ က မေ့သွားခြင်း သို့မဟုတ် တမင်ရည်ရွယ်ခြင်း မဟုတ်ကြောင်း ဆင်ခြေပေးတတ်ကြသည်။ ခိုင်လုံသော သက်သေအထောက်အထား မရှိသည့်အတွက် သူတို့က ငွေပြန်အမ်းပေးလိုက်ပြီးနောက် ထိုကိစ္စမှာ ပြီးဆုံးသွား ရလေသည်။
အမှားများမှ သင်ခန်းစာယူတတ်သော သို့မဟုတ် မွေးရာပါ အန္တရာယ်ကို သတိထားတတ်သော ပို့ဆောင်သူများ သာလျှင် ဖြစ်လာနိုင်ခြေရှိသော အန္တရာယ်များကို ကာကွယ်ရန်အတွက် ပစ္စည်းမပို့မီကတည်းက သက်သေအ ထောက်အထားများ စတင်စုဆောင်းလေ့ ရှိကြပေသည်။
အစမှအဆုံးတိုင်အောင် အသံနှင့် ဗီဒီယို မှတ်တမ်းများကဲ့သို့သော ပြီးပြည့်စုံသည့် သက်သေအထောက်အထား များ ရှိမှသာလျှင် ထိုရွံရှာဖွယ်ကောင်းသော လိမ်လည်သူများကို အရေးယူနိုင်မည် ဖြစ်လေသည်။
သို့ရာတွင် လိမ်လည်သူများကလည်း မမိုက်မဲကြပေ။ အကယ်၍သာ အစားအသောက်ပို့ဆောင်စဉ်တွင် ပို့ဆောင် သူက သူတို့၏ ဖုန်းဖြင့် ဗီဒီယိုရိုက်ကူးနေသည်ကို မြင်တွေ့ပါက သူတို့က မလိုချင်တော့ကြောင်း ပြောဆိုကြမည် ဖြစ်သည်။
ထိုသို့ဆိုလျှင်မူ အစားအသောက်ပို့ဆောင်သူများမှာ သူတို့ဝယ်ယူထားသော ပစ္စည်းများနှင့် သောင်တင်နေတော့ မည် ဖြစ်သည်။ အကယ်၍သာ ကုန်တိုက်ကြီးများမှ ဝယ်ယူထားသော စီးကရက် သို့မဟုတ် အရက်များ ဖြစ်ပါ က ဘောက်ချာများ သိမ်းထားခြင်းဖြင့် ငွေပြန်အမ်းနိုင်၍ ပြဿနာ မရှိနိုင်ပေ။
သို့သော် ပို့ဆောင်သူများမှာ အစားအသောက်များ ပို့ဆောင်ရန် အလုပ်ရှုပ်နေကြပြီး အမှာစာအများစုကို လမ်းဘေးရှိ ဆိုင်ငယ်လေးများမှ ဝယ်ယူလေ့ရှိကြလေသည်။
ကုန်စုံဆိုင်မှ ဝယ်ယူထားသော ထိုစီးကရက်များနှင့် သကြားလုံးများကို ပြန်အမ်းရန်မှာ လွယ်ကူလှသည် မဟုတ် ချေ။
ထို့အပြင် လိမ်လည်မှုများမှာ ပို့ဆောင်သူများအား စီးကရက်နှင့် အရက်များ သယ်ခိုင်းခြင်း တစ်ခုတည်းတွင်သာ အကန့်အသတ် ရှိနေသည် မဟုတ်ပေ။
အချို့က ပို့ဆောင်သူများထံမှ ငွေပင် ချေးငှားတတ်ကြပြီး ပြဿနာဖြေရှင်းရန်အတွက် ငွေအနည်းငယ် လိုအပ် နေကြောင်းနှင့် နောက်လတွင် အတိုးပိုပေးမည်ဖြစ်ကြောင်း ပြောဆိုတတ်ကြသော်လည်း တကယ်တမ်းတွင်မူ အရင်းကိုပင် ပြန်ဆပ်ရန် ရည်ရွယ်ထားခြင်း မရှိကြချေ။
အစားအသောက်မှာယူပြီးနောက် ပို့ဆောင်သူများအား ဂိမ်းငွေကြေးများ ဖြည့်ခိုင်းခြင်းစသည့် လိမ်လည်မှုများ လည်း ရှိနေသေးပြီး လှည့်ကွက်မျိုးစုံမှာ အဆက်မပြတ် ရှိနေခဲ့ လေသည်။
လျန်ထျန်းသည် ထူးဆန်းသော အမှာစာများစွာနှင့် ကြုံတွေ့ခဲ့ဖူးသော်လည်း ထိုအကြောင်းများကို ကြားရသော အခါ အလွန်အံ့အားသင့်သွားခဲ့ရပြီး သူ၏အပေါ်သို့ ကျရောက်မလာခဲ့သည့်အတွက် ကံကောင်းသည်ဟုပင် ခံစား လိုက်ရလေသည်။
အကယ်၍သာ ဤအဖြစ်အပျက်များ ကမ္ဘာ့ကုန်ဈေးနှုန်းများ အဆတစ်သန်း မကျဆင်းမီက လျန်ထျန်း၏ ငွေရေး ကြေးရေး အကျပ်အတည်းဆုံး ကာလတွင် ဖြစ်ပွားခဲ့မည်ဆိုပါက ဤကဲ့သို့ လိမ်လည်ခံရမည်ဆိုသည့် အတွေး ကပင် လွန်စွာ ကြောက်မက်ဖွယ်ကောင်းလှပေသည်။
ထိုလိမ်လည်သူများမှာ အမှန်တကယ်ပင် ရွံရှာဖွယ် ကောင်းလှပေသည်။ အစားအသောက်ပို့ဆောင်ရခြင်းသည် ပင် အလွန်ပင်ပန်းသော အလုပ်ဖြစ်နေပြီ ဖြစ်သော်လည်း သူတို့သည် ဤအဖွဲ့အစည်းအပေါ်သို့ သူတို့၏ ယုတ်မာ သော လက်များကို ဆန့်တန်းနေကြဆဲ ဖြစ်လေသည်။
အကယ်၍သာ ထိုသို့ လိမ်လည်ခံရပါက သာမန် ပို့ဆောင်သူတစ်ဦးအနေဖြင့် ထိုငွေကို ပြန်လည်ရှာဖွေနိုင်ရန် အမှာ စာရာပေါင်းများစွာကို ပို့ဆောင်ရမည် ဖြစ်လေသည်။
ဤအချက်က လျန်ထျန်းကို သက်ပြင်းချမိစေခဲ့ပြီး သူနှင့်မကြုံတွေ့ရသေးခြင်းက ထိုအရာများ မရှိဘူးဟု ဆိုလိုခြင်းမဟုတ်ဘဲ သူကံကောင်း၍သာ မကြုံတွေ့ရသေးခြင်းဖြစ်ကြောင်းကို နားလည်သွားစေခဲ့သည်။
ယခု သိရှိသွားပြီဖြစ်ရာ နောင်တွင် ဤကဲ့သို့သော အခြေအနေမျိုးနှင့် ကြုံတွေ့လာပါက သူ ပို၍ သတိထားရ တော့မည် ဖြစ်သည်။
ဆိုလိုသည်မှာ အမှာစာမှတ်ချက်များတွင် သယ်ဆောင်လာခိုင်းသော ပစ္စည်းများမှာ အမှာစာတန်ဖိုးထက် များစွာ ပိုမိုများပြားနေချိန်တွင် သတိထားရမည် ဖြစ်လေသည်။ ငွေချေးရန် သို့မဟုတ် ငွေဖြည့်ရန် တောင်းဆိုမှုများကိုမူ လျစ်လျူရှုထားသင့်ပေသည်။
အခြားသူများ၌ ဤကဲ့သို့ ဖြစ်ပွားသောအခါ လူအများအပြားက သူတို့အား မိုက်မဲလွန်းလှပြီး ဤမျှ အဆင့်နိမ့် သော လိမ်လည်မှုကို ခံရသည်ဟုဆိုကာ ရယ်မောတတ်ကြလေသည်။ သို့သော်လည်း အစောပိုင်းက နစ်နာသူ များထဲတွင် မည်သူကများ ကြင်နာတတ်သော နှလုံးသား မရှိဘဲ နေမည်နည်း။
သူတို့၏ အပြစ်ကင်းစင်မှု၊ လှပမှု၊ ယုံကြည်မှုနှင့် အခြားသော ကောင်းမွန်သည့် အရည်အသွေးများမှာ ထိုယုတ် မာမှုများကြောင့် တဖြည်းဖြည်းနှင့် ပျက်စီးယိုယွင်းသွားခဲ့ရလေသည်။
ဤဖြစ်စဉ်မှာ အလွန် ဝမ်းနည်းဖွယ်ကောင်းသော အဖြစ်ဆိုးတစ်ခုပင်ဖြစ်သည် မဟုတ်ပါလော။
ဤဖြစ်ရပ်ပြီးနောက် လျန်ထျန်းသည် အစားအသောက်ပို့ဆောင်ရေး ကုမ္ပဏီတစ်ခုလုံးကို ဝယ်ယူရန်နှင့် ပို့ဆောင် သူတိုင်းအား ကိုယ်ပိုင်ကင်မရာများကို အခမဲ့ တပ်ဆင်ပေးရန် ပို၍ ဆုံးဖြတ်ချက် ခိုင်မာသွားခဲ့လေသည်။
ထို့အပြင် ကနဦးတွင် ဤကင်မရာများမှာ အလွန် သိုသိပ်ရန် လိုအပ်ပြီး အလွယ်တကူ မသိသာနိုင်ရန်လည်း လိုအပ်ပေသည်။
အကောင်အထည်ဖော်သည့် အစောပိုင်းအဆင့်တွင် ဤကဲ့သို့သော လိမ်လည်သူများစွာကို ပြီးပြည့်စုံသော ဗီဒီယို နှင့် အသံအထောက်အထားများဖြင့် သေချာပေါက် ဖမ်းဆီးနိုင်မည်ဖြစ်ပြီး သူတို့ကို တစ်ချက်တည်းနှင့် ဥပဒေရှေ့ မှောက်သို့ ခေါ်ဆောင်သွားနိုင်မည် ဖြစ်လေသည်။
အနာဂတ်တွင် ပို့ဆောင်သူများအတွက် ပိုမိုကောင်းမွန်သော လုပ်ငန်းခွင်ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးနိုင်ရန် အလို့ငှာ လျန်ထျန်းအနေဖြင့် ယခုအချိန်တွင် အစားအသောက်များပို့ဆောင်ကာ ငွေရှာရန် ပိုမို ကြိုးစားအား ထုတ်ရမည် ဖြစ်လေတော့သည်။
...
ထိုနေ့တွင် လျန်ထျန်းသည် ထုံးစံအတိုင်း အမှာစာများကို လက်ခံကာ ပို့ဆောင်ပေးနေခဲ့သည်။ အမှာစာ သုံးခုကို ပို့ဆောင်ပြီးနောက် အမှာစာအသစ်တစ်ခုကို လက်ခံရယူလိုက်ချိန်တွင် ရေးသားထားသော မှတ်ချက်ကို မြင် တွေ့လိုက်ရလေသည်။
[ကျောင်းက အစားအသောက်မှာယူခွင့် မပြုဘူး၊ ကျောင်းပေါက်ဝမှာလည်း စစ်ဆေးနေတဲ့ လုံခြုံရေးတွေ ရှိတယ်...။]
[တံခါးဝကို ရောက်တဲ့အခါ ရှင်က ကျမရဲ့ မိဘအဖြစ် ဟန်ဆောင်ပေးနိုင်မလား...။ ကျမ အနားလာပြီး ရှင့်ကို 'ဖေဖေ' လို့ ခေါ်လိုက်မယ်၊ မလန့်သွားနဲ့နော်…။ အစားအသောက်တွေကို အေးအေးဆေးဆေးပဲ ကျမကို ပေး လိုက်...။]
ဤမှတ်ချက်ကို ဖတ်ပြီးနောက် လျန်ထျန်းမှာ အံ့အားသင့်သွားသဖြင့် မျက်လုံးများ ပြူးကျယ်သွားရလေသည်။
နှစ်စက္ကန့်ခန့် ရပ်တန့်သွားပြီးနောက် သူသည် ဖောက်သည်အား သီးသန့်မက်ဆေ့ချ်မှတစ်ဆင့် အလျင်အမြန် ဆက်သွယ်လိုက်လေသည်။
[မင်္ဂလာပါ၊ ကျွန်တော်က ညီမရဲ့ အမှာစာကို လက်ခံထားတဲ့ ပို့ဆောင်သူပါ…။ ညီမရဲ့ ဆက်သွယ်ရန် အချက် အလက်တွေကို သတိထားမိလိုက်တယ်၊ ညီမက ချန်ရှန် အလယ်တန်းကျောင်းက အထက်တန်းကျောင်းသူလေး မဟုတ်လား...။]
[ညီမရဲ့အဖေအဖြစ် ဟန်ဆောင်ဖို့က ကျွန်တော့်အတွက် နည်းနည်း အခက်အခဲ ရှိနိုင်တယ်...။ ဘာလို့လဲဆိုတော့ ကျွန်တော်က ညီမထက် အသက်အများကြီး မကြီးသလို အရမ်းလည်း အသက်ကြီးပုံ မပေါက်ဘူးလေ...။ ဒါကို ဘယ်လို လုပ်ကြမလဲ...။]
မကြာမီမှာပင် ဖောက်သည်ထံမှ အကြောင်းပြန်စာ ရောက်လာလေသည်။
[ရုပ်ဖျက်လာလို့ မရဘူးလား...။ ဥပမာ နှုတ်ခမ်းမွေးတု တပ်တာမျိုးပေါ့...။]
ထိုအကြောင်းပြန်စာကို မြင်လိုက်ရသောအခါ လျန်ထျန်းမှာ လဲကျလုမတတ် ဖြစ်သွားရလေသည်။
[အင်း... ညီမက ကျွန်တော့်ကို တကယ်ကို အခက်တွေ့အောင် လုပ်နေတာပဲ...။ ဒီအမှာစာကို တခြားတစ်ယောက် ဆီ လွှဲပေးလိုက်ရင်ရော ဘယ်လိုလဲ...။ နောက်ပို့ဆောင်မယ့်သူက ညီမအဖေအဖြစ် ဟန်ဆောင်ဖို့ လိုအပ်ချက် တွေနဲ့ ကိုက်ညီနေနိုင်တယ်လေ...။]
ဖောက်သည်က အလျင်အမြန် ပြန်စာပို့လာခဲ့လေသည်။
[အို... အချိန်မရှိတော့ဘူး...။ ကျမတို့ရဲ့ နေ့လယ်စာစားချိန်က အရမ်းတိုတာ...၊ ဒီလိုလုပ်ပါလား၊ ရှင် ကျမကို ဆဲလ်ဖီ တစ်ပုံလောက် ပို့ပေးပါ…။ ကျမနဲ့ပတ်သက်ပြီး ရှင် ဘာအဖြစ် ဟန်ဆောင်လို့ကောင်းမလဲ ဆိုတာကို ကျမ ကြည့်လိုက်မယ်...။]
ဤကဲ့သို့သော တောင်းဆိုမှုနှင့် ရင်ဆိုင်ရသောအခါ လျန်ထျန်းမှာ တွန့်ဆုတ်နေမိသော်လည်း တစ်ဖက်လူမှာ ဖောက်သည်တစ်ဦး ဖြစ်နေသည်ကို ထည့်သွင်းစဉ်းစားကာ အလွယ်တကူ ငြင်းဆန်၍မရသဖြင့် အမြန်ဆုံး ဆဲလ်ဖီတစ်ပုံ ရိုက်၍ ပို့ပေးလိုက်ရလေတော့သည်။
သူ၏ ဓာတ်ပုံကို မြင်ပြီးနောက် တစ်ဖက်လူက သူသည် 'အဖေအဖြစ် ဟန်ဆောင်ရန်' လိုအပ်ချက်များနှင့် မကိုက်ညီကြောင်း နားလည်သွားကာ တခြားတစ်ယောက်ထံ လွှဲပြောင်းပေးရန် အမြန် သဘောတူလိမ့်မည်ဟု သာ သူ ယခု မျှော်လင့်နေမိသည်။
*ဟူး... အခုခေတ်မှာ အစားအသောက်ပို့ရတာ တကယ်ကို ခက်ခဲတာပဲ...။ 'အဖေ' အဖြစ်တောင် ဟန်ဆောင်ပေး ရသေးတယ်...။ ဒါကို အောင်မြင်အောင် လုပ်ဖို့က သရုပ်ဆောင်စွမ်းရည် တချို့တောင် လိုအပ်နေသေးတယ်...။*
သို့သော် အံ့ဩစရာကောင်းသည်မှာ လျန်ထျန်း၏ ဆဲလ်ဖီကို မြင်ပြီးနောက် မက်ဆေ့ချ် ပြန်ပို့လာသောအခါ တစ်ဖက်လူ၏ လေသံမှာ သိသိသာသာ ပြောင်းလဲသွားခဲ့လေသည်။
[အိုး...၊ ချောမောတဲ့ အစားအသောက်ပို့ဆောင်သူလေးပဲ...။ ဒါဆိုရင် ရှင်က ကျမရဲ့ ဟိုဒင်းအဖြစ် ဟန်ဆောင်ပေး ရင်ကော ဘယ်လိုလဲ...။]
ဤသည်ကို မြင်လိုက်ရသောအခါ လျန်ထျန်းက ဘာဖြစ်နေသည်ကို ရုတ်တရက် နားလည်သွားပြီး ချက်ချင်း စာရိုက်လိုက်လေသည်။
[နားလည်ပါပြီ...။ ကျွန်တော်က ညီမရဲ့ အစ်ကိုအဖြစ် ဟန်ဆောင်ပေးရမယ် မဟုတ်လား...။ အဲ့ဒါ အကြံကောင်း ပဲ...။ အရင်က ကျွန်တော် ဘာလို့ မတွေးမိခဲ့ပါလိမ့်...။]
သို့ရာတွင် လျန်ထျန်းက သူမှန်ကန်စွာ ခန့်မှန်းနိုင်ခဲ့ပြီဟု ထင်မှတ်ထားသော်လည်း တစ်ဖက်လူက ချက်ချင်းပင် ငြင်းဆိုလိုက်လေသည်။
[မဟုတ်ဘူး...။ ရှင်က ကျမရဲ့ ချစ်သူကောင်လေးအဖြစ် ဟန်ဆောင်ပေးစေချင်တာ...။]
[ဒီလိုလုပ်...၊ အမှာစာတွေ ယူမလာနဲ့…၊ ပြီးတော့ ရှင့်ရဲ့ အစားအသောက်ပို့ဆောင်ရေး ဝတ်စုံကိုလည်း မဝတ် လာနဲ့...။ ကျောင်းရဲ့ တောင်ဘက်က တံခါးငယ်လေးဆီကို သွား...၊ အကယ်လို့ တစ်ယောက်ယောက်က ရှင့်ကို တားဖို့ ကြိုးစားရင် ရှင့်ချစ်သူကောင်မလေးဆီ အစားအသောက် လာပို့တာလို့ပဲ ပြောလိုက်...။]
[ရှင်က 'အချစ်လေး' လို့ အော်လိုက်တဲ့အခါ ကျမက 'ရှင်' လို့ ပြန်ထူးလိုက်မယ်...။]
ထိုစာကို ဖတ်ပြီးနောက် လျန်ထျန်းမှာ သူ၏ နှလုံးသားထဲတွင် လှိုင်းထန်သော ခံစားချက်များ ပြည့်နှက်လာကာ နောက်တစ်ကြိမ် လဲကျလုမတတ် ဖြစ်သွားရပြန်လေသည်။
*ဘာတွေ ဖြစ်နေတာလဲ...၊ တစ်ခြားသူရဲ့ ချစ်သူကောင်လေးအဖြစ် ထပ်ပြီး ဟန်ဆောင်ပေးရဦးမှာလား...။*
*အရင်တုန်းက ဟယ်ရှန့်နဲ့ လူဝေဝေအတွက် အကြောင်းပြချက်တချို့ကြောင့် ချစ်သူကောင်လေးအဖြစ် ဟန်ဆောင်ပေးခဲ့ရတယ်၊ ဒါပေမဲ့ အခုက အစားအသောက် လာပို့ရုံလေးနဲ့ ဘာလို့ သူတို့ရဲ့ ချစ်သူကောင်လေး အဖြစ် ထပ်ဟန်ဆောင်နေရဦးမှာလဲ...။*
စိတ်ပျက်လက်ပျက် ခံစားလိုက်ရပြီးနောက် လျန်ထျန်းသည် ဇဝေဇဝါဖြင့် အကြောင်းပြန်စာကို ရိုက်ထည့်လိုက် လေသည်။
[ဘာလို့ ချစ်သူကောင်လေးအဖြစ် ဟန်ဆောင်ရမှာလဲ...။ ညီမတို့ ကျောင်းက အစားအသောက် မှာယူတာကိုပဲ တားမြစ်ထားပြီး ရည်းစားထားတာကိုတော့ ခွင့်ပြုထားလို့လား...။ ဒါက နည်းနည်း ရယ်စရာကောင်းမနေဘူး လား...။]
သူသည် မေးခွန်းသုံးခုကို ဆက်တိုက် မေးလိုက်သော်လည်း ရှင်းလင်းသော အဖြေကို မရရှိခဲ့ပေ။ တစ်ဖက်လူက သာ ဤသို့ ပြန်လည်ဖြေကြားလာခဲ့သည်။
[အို... မေးခွန်းတွေ အများကြီး မေးမနေပါနဲ့တော့...။ ကျမရဲ့ အစားအသောက်ကို မြန်မြန် လာပို့ပေးပါ...။ မှတ် ထားနော်၊ တောင်ဘက်က တံခါးငယ်လေးပဲ ဖြစ်ရမယ်...။ အဲ့ဒီမှာ ရှင့်ကို ကျမ စောင့်နေမယ်...။]
မေးခွန်းများစွာ ရှိနေသေးသော်လည်း လျန်ထျန်းသည် သူမ၏ အစားအသောက်များကို ယူဆောင်ရန်အတွက် စားသောက်ဆိုင်ဆီသို့ ဦးတည်သွားလိုက်လေသည်။ ထိုအထက်တန်းကျောင်းသူ ဖောက်သည်နှင့် ဆက်သွယ်ရန် အချိန်အများကြီး ကုန်ဆုံးသွားခဲ့သောကြောင့် လျန်ထျန်းသည် ဤအမှာစာကိုသာ ဦးစွာ အပြီးသတ်သင့်သည်ဟု တွေးကာ အခြား မည်သည့်အမှာစာကိုမျှ ထပ်မံ လက်ခံခြင်း မပြုတော့ပေ။
ကံကောင်းထောက်မစွာဖြင့် ဤဆုံးဖြတ်ချက်က နောက်ပိုင်းတွင် သူ့ကို အပြေးအလွှား လိုက်လံလုပ်ဆောင် ရမည့် အခြေအနေမှ ကာကွယ်ပေးနိုင်ခဲ့လေသည်။ ဤအချိန်တွင် လျန်ထျန်းသည် ဤအစားအသောက်ကို ပို့ဆောင်ရခြင်း၏ အကျိုးဆက်များက သူ တွေးထင်ထားသည်ထက် များစွာ ပိုမို ရှုပ်ထွေးလိမ့်မည်ကို လုံးဝ သိရှိမထားခဲ့ချေ။
အထက်တန်းကျောင်းသူလေး၏ တောင်းဆိုချက်အရ လျန်ထျန်းသည် ချန်ရှန် အလယ်တန်းကျောင်း၏ တောင်ဘက်ရှိ တံခါးငယ်လေးအနီးသို့ ရောက်ရှိလာခဲ့လေသည်။ ထောင့်တစ်နေရာတွင် သူ၏ လျှပ်စစ် စကူတာကို ရပ်တန့်ကာ သော့ခတ်လိုက်ပြီး သူ၏ အစားအသောက်ပို့ဆောင်ရေး ဝတ်စုံကို ချွတ်လိုက်လေသည်
(ပို့ဆောင်ရေးဝတ်စုံမှာ အင်္ကျီပေါ်တွင် ထပ်ဝတ်ရသော အပေါ်ထပ်ဂျာကင်ဖြစ်သဖြင့် ဗိုက်ကြွက်သားများ ပေါ်သွားမည်ကို စိုးရိမ်ရန် မလိုအပ်ပေ)။
သူသည် အစားအသောက်များကို ထုတ်ယူကာ တံခါးငယ်လေးဆီသို့ ဦးတည်လိုက်သော်လည်း ခြေလှမ်းနှစ်လှမ်း ခန့် လှမ်းပြီးသည်နှင့် နောက်သို့ ပြန်လှည့်လာခဲ့သည်...။ သူ၏ ဦးထုပ်ကို ချွတ်ရန် မေ့လုနီးပါး ဖြစ်သွားခဲ့သော ကြောင့်ပင်။
သားပိုက်ကောင် နားရွက်များ ပါရှိသော ဦးထုပ်မှာ (ယုန်နားရွက်ဦးထုပ်ဟု မကြာခဏ အထင်မှားခံရသော်လည်း အဝါရောင်သားပိုက်ကောင် ကုမ္ပဏီမှ ဖြစ်သောကြောင့် တကယ်တမ်းတွင် သားပိုက်ကောင် နားရွက်များသာ ဖြစ် သည်။) အစားအသောက်ပို့ဆောင်သူတစ်ဦး၏ အလွန် ထင်ရှားသော သင်္ကေတတစ်ခု ဖြစ်လေသည်။
ချန်ရှန် အလယ်တန်းကျောင်းသည် အမှန်တကယ်ပင် အလွန် စည်းကမ်းတင်းကျပ်ပြီး အလုံးစုံ ပိတ်လှောင်ထား သော ကျောင်းတစ်ကျောင်း ဖြစ်လေသည်။ ၎င်းကို လူတန်းစားတစ်ရပ်အတွက် သီးသန့်ရည်ရွယ်ကာ ပုဂ္ဂလိကမှ စီမံခန့်ခွဲပြီး အစိုးရမှ ရန်ပုံငွေ ထောက်ပံ့ထားသော ဘော်ဒါကျောင်းတစ်ကျောင်းအဖြစ် ကြော်ငြာထားလေသည်။
ပွင့်ပွင့်လင်းလင်း ပြောရလျှင် ၎င်းမှာ အချို့သော လုပ်ငန်းစုကြီးများမှ ရန်ပုံငွေဖြင့် တည်ထောင်ထားသည့် ပုဂ္ဂလိက ကျောင်းတစ်ကျောင်း ဖြစ်လေသည်။ သို့ရာတွင် အလွန် ခိုင်မာတောင့်တင်းသော ငွေကြေး အရင်း အမြစ်များ ရှိနေသောကြောင့် ကျောင်းမှာ အလွန် အောင်မြင်ခဲ့ပြီး 'နာမည်ကြီး ဆရာ၊ ဆရာမများ' အား ငွေကြေး အမြောက်အမြား အကုန်အကျခံကာ ခေါ်ယူထားခဲ့လေသည်။
ဤအချက်က ထင်ရှားကျော်ကြားသော တက္ကသိုလ်များသို့ ဝင်ခွင့်ရရှိခဲ့သည့် ထူးချွန်သော ကျောင်းသား ကျောင်းသူ များစွာကို မွေးထုတ်ပေးနိုင်ခဲ့ပြီး ဂုဏ်သတင်းမှာလည်း တဖြည်းဖြည်း ကြီးမားလာခဲ့လေသည်။
အယ်လ်မြို့တော်တွင် ချန်ရှန် အလယ်တန်းကျောင်းအား 'အခွင့်ထူးခံကျောင်း' ဟု လူတိုင်းက ကွယ်ရာတွင် ပြော ဆိုကြပြီး ထိုကျောင်းသို့ တက်ရောက်နိုင်သော ကျောင်းသား ကျောင်းသူများမှာ ချမ်းသာကြွယ်ဝသော မိသားစု များမှ ဆင်းသက်လာကြသူများ ဖြစ်ကြလေသည်။ စီးပွားရေးလုပ်ငန်းများနှင့် အလုပ်ရှုပ်လွန်းသဖြင့် ကလေးများ ၏ ပညာရေးကို ဂရုမစိုက်နိုင်သော မိဘများမှာ သူတို့၏ ကလေးများကို ဤကျောင်းသို့ မကြာခဏ ပို့ဆောင်လေ့ ရှိကြပေသည်။
အတိုချုပ်ဆိုရလျှင် ငွေပေးနိုင်သရွေ့ ကျောင်းက ကလေးအတွက် အရာအားလုံးကို တာဝန်ယူပေးမည် ဖြစ် သည်။ ဤသည်မှာ 'အဆင့်အတန်းတစ်ခုရှိသည့် အုပ်စုကို ပစ်မှတ်ထားခြင်း' ၏ အဓိက အချက်ပင် ဖြစ်လေ သည်။
သို့ရာတွင် ဤကဲ့သို့သော စည်းကမ်းတင်းကျပ်ပြီး အလုံးစုံ ပိတ်လှောင်ထားသည့် စီမံခန့်ခွဲမှုပုံစံသည် အရည် အသွေးမြင့်မားသော သင်ကြားရေး အရင်းအမြစ်များနှင့် ပေါင်းစပ်လိုက်သောအခါ၊
အောင်မြင်မှု မြင့်မားသော ကျောင်းသား ကျောင်းသူများစွာကို မွေးထုတ်ပေးနိုင်ခဲ့သော်လည်း တောက်ပလှပနေ သော မျက်နှာပြင်၏ အောက်တွင်မူ ဖုံးကွယ်နေသော ဆိုးကျိုးများစွာကိုလည်း သိမ်းဆည်းထားခဲ့လေသည်...။