← Chapters

အခန်း ၁၇၉

Vol. 18 Ch. 179

အခန်း ၁၇၉

Vol. 18 Ch. 179

အခန်း (၁၇၉)

စည်းကမ်းချက်များကို ဖန်တီးသူများကသာ ချိုးဖောက်နိုင်သည်

လျန်ထျန်းသည် အမျိုးသမီး ဖောက်သည်လေး ပြောပြသည့် တံခါးငယ်လေးဆီသို့ ရောက်ရှိလာသောအခါ အကျယ် ခုနစ်မီတာ၊ ရှစ်မီတာခန့်နှင့် အမြင့် လေးမီတာ၊ ငါးမီတာခန့်ရှိသော သံတံခါးကြီးတစ်ခု ဖြစ်နေသည်ကို တွေ့လိုက်ရလေသည်။

သော့ခတ်ထားပြီး တင်းကြပ်စွာ ပိတ်ထားသော ထိုသံတံခါးကြီးကို မော့ကြည့်လိုက်ရုံဖြင့် ဤနေရာသည် ကျောင်းတစ်ကျောင်းမဟုတ်ဘဲ ဧရာမ အကျဉ်းထောင်ကြီးတစ်ခုနှင့် တူနေသည်ဟု ခံစားလိုက်ရလေသည်။

သံတိုင်များကြားရှိ ကွက်လပ်များမှတစ်ဆင့် ကြည့်လိုက်လျှင်ပင် အတွင်းဘက်ရှိ အဆောက်အအုံများ၊ ပတ်ဝန်း ကျင်နှင့် အသုံးအဆောင် အဆောက်အအုံများအားလုံးမှာ အလွန် သေသပ်ကောင်းမွန်စွာ တည်ဆောက်ထား ကြောင်းကို မြင်တွေ့နိုင်ပေသည်။

သို့သော်လည်း ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဤနေရာတွင် ရသတ္တတစ်ပတ် သို့မဟုတ် လပေါင်းများ စွာ ပိတ်လှောင်ခံထားရနိုင်သည်ဟူသော အတွေးက စိတ်ကို ညှိုးနွမ်းစေဆဲ ဖြစ်သည်။

လျန်ထျန်းသည် သံတံခါးကြီးအနီးသို့ ချဉ်းကပ်သွားချိန်တွင် အသက် ဆယ့်ခုနစ်နှစ်၊ ဆယ့်ရှစ်နှစ်အရွယ် ကျောင်း ဝတ်စုံ ဝတ်ဆင်ထားသော ကျောင်းသားအချို့က ရုတ်တရက် ရောက်လာကြပြီး တံခါးကြားမှနေ၍ သူ့ကို အော်ဟစ်လာလေသည်။

"ဟေး... ခင်ဗျားက ဘယ်သူလဲ...။ ကျွန်တော်တို့ ကျောင်းတံခါးရှေ့ကို အခုလိုမျိုး ရမ်းသမ်းလာလို့ မရဘူးဆိုတာ မသိဘူးလား...။"

ထိုကျောင်းသားများ၏ အလွန် ရိုင်းစိုင်းသော အမူအရာများကို မြင်လိုက်ရသောအခါ လျန်ထျန်းမှာ ဘာဖြစ်နေ သနည်းဆိုသည်ကို ချက်ချင်းပင် နားလည်သွားခဲ့လေသည်။

ထိုလူငယ်များမှာ အထက်တန်းကျောင်းသူ ဖောက်သည်လေး ပြောခဲ့သည့် 'တစ်ယောက်ယောက်က ဖမ်းဆွဲထား ရင်' ဆိုသော သူများပင် ဖြစ်ပေလိမ့်မည်။

ထို့ကြောင့် လျန်ထျန်းက အထက်တန်းကျောင်းသူ ဖောက်သည်လေး မှာကြားထားသည့်အတိုင်း ပြောလိုက်လေ သည်။

"ကျွန်တော်က ကောင်မလေးဆီကို အစားအသောက် လာပို့တာပါ...။"

ထိုစကားကို ကြားသောအခါ ကျောင်းသားများမှာ သိသိသာသာပင် အံ့အားသင့်သွားကြပြီးနောက် ခေါင်းဆောင် လုပ်သူက မျက်နှာထား တင်းမာစွာဖြင့် ပြောလိုက်လေသည်။

"ငါတို့ ချန်ရှန် အလယ်တန်းကျောင်းရဲ့ အတင်းကြပ်ဆုံး စည်းကမ်းက ရည်းစားထားခွင့် မရှိတာပဲ...။ ဒါတောင် တစ်ယောက်ယောက်က စည်းကမ်းကို သိသိကြီးနဲ့ ချိုးဖောက်ပြီး ကျောင်းပြင်ပက လူနဲ့ ရည်းစားထားရဲသေး တယ်ပေါ့...။"

"ခင်ဗျား ကောင်မလေးရဲ့ နာမည်ကို ပြောစမ်း...။ ကျောင်းသားကောင်စီ ဥက္ကဋ္ဌတစ်ယောက်အနေနဲ့ သူ့ကို ပညာ ပေးရလိမ့်မယ်...။"

ထိုစကားကို ကြားသောအခါ လျန်ထျန်းမှာ အနည်းငယ် အခက်တွေ့သွားပြီး စိတ်ထဲမှ တီးတိုး ရေရွတ်နေမိတော့ သည်။

*ဘာတွေ ဖြစ်နေတာလဲ...။ ဒီကျောင်းက အစားအသောက် မှာယူတာကို တားမြစ်တာထက် ရည်းစားထားတာကို တားမြစ်တဲ့နေရာမှာ ပိုပြီး တင်းကျပ်နေသလားပဲ...။*

*အကယ်၍သာ ဒီလိုသာဆိုရင် အဲ့ဒီကောင်မလေးက ငါ့ကို သူမရဲ့ ရည်းစားအဖြစ် ဟန်ဆောင်ပြီး အစားအ သောက် လာပို့ခိုင်းတာက ကိုယ့်တွင်းကိုယ်တူးနေတာပဲ မဟုတ်လား...။ သူမ ဘာတွေ တွေးနေတာလဲ...၊ ပြီး တော့ ငါက ဘာဆက်လုပ်ရမှာလဲ...။*

လျန်ထျန်းမှာ တွေဝေနေစဉ်အတွင်း သူ၏ ဖုန်းမှာ ရုတ်တရက် နှစ်ကြိမ် တုန်ခါသွားလေသည်။ သူ ဖွင့်ကြည့် လိုက်သောအခါ အထက်တန်းကျောင်းသူ ဖောက်သည်လေးထံမှ စာတစ်စောင် ထပ်ရောက်လာသည်ကို တွေ့လိုက်ရလေသည်။

"ကျွန်မ ပြောထားတဲ့အတိုင်း မြန်မြန် အော်ပြောလိုက်ပါ...။"

၎င်းကို မြင်လိုက်ရသောအခါ လျန်ထျန်းမှာ မည်သည့်အရာကိုမျှ ဂရုမစိုက်နိုင်တော့ဘဲ အတွင်းဘက်သို့ အသံ ကုန်ဟစ်၍ အော်ခေါ်လိုက်လေတော့သည်။

"အချစ်လေး...။"

ထင်ထားသည့်အတိုင်းပင် ကြည်လင်သော မိန်းကလေးအသံတစ်သံက သူ့ကို ချက်ချင်း တုံ့ပြန်လာခဲ့လေသည်။

"ရှင်..."

ထိုတုံ့ပြန်သံနှင့်အတူ ကျောင်းဝတ်စုံကို ဝတ်ဆင်ထားသော ချစ်စရာ အထက်တန်းကျောင်းသူလေးတစ်ဦးမှာ ခုန်ပေါက်ကာဖြင့် ရောက်လာလေသည်။

ဤအထက်တန်းကျောင်းသူလေးမှာ အသက် ဆယ့်ခြောက်နှစ်၊ ဆယ့်ခုနစ်နှစ်အရွယ်ခန့်သာ ရှိသေးပုံပေါ် သော်လည်း မွေးရာပါ အလှတရားများ ပိုင်ဆိုင်ထားသူဟု အမှန်တကယ်ပင် ဆိုနိုင်ပေသည်။

အထူးသဖြင့် သူမ၏ တစ်ကိုယ်လုံးမှ ထွက်ပေါ်နေသော ငယ်ရွယ်နုပျိုသည့် စွမ်းအင်များနှင့် ပေါင်းစပ်လိုက် သောအခါ ကျောင်းတော်တွင်းမှ အပြစ်ကင်းစင်ပြီး ဖူးပွင့်စ အချစ်ဇာတ်လမ်းလေးတစ်ခု၏ ခံစားချက်ဆီသို့ ချက်ချင်းဆိုသလို ခေါ်ဆောင်သွားစေနိုင်ပေသည်။

သေချာသည်မှာ လျန်ထျန်းက သူမကို မြင်လိုက်ရသောအခါ သူ ကျောင်းတက်စဉ်က ဝမ်ရှောင်ရို့နှင့်အတူ ရှိခဲ့ဖူးသည့် သာယာလှပသော အမှတ်တရများကိုသာ ပြန်လည်သတိရသွားခြင်း ဖြစ်ပြီး သူမအပေါ်တွင် မည်သည့် ရင်ခုန်မှုမျိုးမျှ မရှိခဲ့ပေ။

သို့သော် ဤမိန်းကလေးနှင့် ဝမ်ရှောင်ရို့တို့ကြားတွင် တူညီမှုအချို့ ရှိနေသည်ကိုမူ ဝန်ခံရပေမည်။

ထိုအတွေးများ လျန်ထျန်း၏ ခေါင်းထဲသို့ ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက် သူက အမြန်တားဆီးလိုက်ပြီး သူ့ကိုယ်သူ စိတ်ထဲမှ ကျိန်ဆဲလိုက်လေသည်။

*ငါ ဘာတွေ တွေးနေတာလဲ...၊ ရှောင်ရို့က နိုင်ငံခြားမှာ ကျောင်းတက်နေလို့ ငါ သူ့ကို မတွေ့ရတာ ကြာနေလို့ အရမ်းလွမ်းပြီး ကယောင်ကတမ်းတွေ တွေးနေမိတာ ဖြစ်မယ်...။*

မိန်းကလေး ရောက်လာပြီးနောက် သူမက ထိုကျောင်းသားများကို တွန်းဖယ်လိုက်ကာ လျန်ထျန်း၏ လက်ထဲမှ အစားအသောက်များကို တုံ့ဆိုင်းခြင်းမရှိဘဲ ယူလိုက်ပြီး ချိုသာစွာ ပြုံးပြလိုက်လေသည်။

"ကျေးဇူးအများကြီးတင်ပါတယ် အချစ်လေးရယ်...။ ရှင် ကျွန်မကို လာတွေ့တဲ့အပြင် အစားအသောက်တွေပါ လာပို့ပေးလို့ ကျွန်မ အရမ်းပျော်တာပဲ...၊ ရှင့်ကို အချစ်ဆုံးပဲ မွ...။"

၎င်းကို မြင်လိုက်ရသောအခါ စောစောက မိမိကိုယ်ကိုယ် ကျောင်းသားကောင်စီ ဥက္ကဋ္ဌဟု ကြွေးကြော်ထားသော ကောင်လေးမှာ ဒေါသထွက်သွားလေတော့သည်။

"ဝမ်ရှောင်ကျင်း...၊ နင်က ငါ့ကို တမင်သက်သက် ဒေါသထွက်အောင် ဆွပေးနေတာလား...။"

အထက်တန်းကျောင်းသူ ဖောက်သည်လေး၏ နာမည်ကို ကြားလိုက်ရသောအခါ လျန်ထျန်း၏ ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွားရလေသည်။

*ဘာတွေ ဖြစ်နေတာလဲ...၊ ဒီကောင်မလေးရဲ့ နာမည်က ရှောင်ရို့ရဲ့ နာမည်နဲ့ စာလုံးတစ်လုံးတည်းပဲ ကွာခြားပြီး သူမကလည်း ဝမ် မျိုးရိုးပဲ...။*

*သူမက ရှောင်ရို့နဲ့ တစ်ခုခု ပတ်သက်နေတာများလား ဒါမှမဟုတ် ရှောင်ရို့နဲ့ ဆွေမျိုးတွေများ ဖြစ်နေမလား...။*

လျန်ထျန်း တွေး၍မဆုံးမီမှာပင် ဝမ်ရှောင်ကျင်းက ခေါင်းလှည့်ကာ ထိုကောင်လေးကို စူးရဲစွာ ကြည့်လိုက်ပြီး နှုတ်ခမ်းဆူ၍ ဆိုလိုက်သည်။

"ငါ့မှာ ရည်းစားရှိတယ်လို့ နင့်ကို ပြောထားတာ ကြာလှပြီ နင်ကမှ တစ်ခါမှ မယုံခဲ့တာ...။ အခုတော့ နင် ယုံသင့် ပြီ မဟုတ်လား...။"

ကောင်လေးမှာ ဒေါသတကြီးဖြင့် အံကြိတ်ထားပြီး သူ၏ သွားကြားထဲမှ ခြိမ်းခြောက်သည့် အသံတစ်ခု ထွက် ပေါ်လာခဲ့လေသည်။

"ဝမ်ရှောင်ကျင်း...၊ ငါက ကျောင်းသားကောင်စီ ဥက္ကဋ္ဌဆိုတာ မမေ့နဲ့နော်...။ နင် ရည်းစားထားပြီး ကျောင်းစည်း ကမ်းတွေကို ချိုးဖောက်နေတာကို ငါ သိသွားရင် ဘာဖြစ်လာမလဲဆိုတာ နင် သိရဲ့လား...။"

ဝမ်ရှောင်ကျင်းက မျက်လုံးလှန်ကြည့်လိုက်ပြီး ပြန်ပြောလိုက်သည်။

"ရွှမ်ရှီး...၊ နင်က ကျောင်းသားကောင်စီ ဥက္ကဋ္ဌဆိုတာ နင့်ကိုယ်နင်တောင် သိရဲ့လား...။ နင်က သူများတွေကို နေ့တိုင်း ကျောင်းစည်းကမ်းတွေနဲ့ ခြိမ်းခြောက်နေပေမဲ့ တကယ်တမ်း အဲဒီစည်းကမ်းတွေထဲက ဘယ်နှခုကို နင်ကိုယ်တိုင် လိုက်နာဖူးလို့လဲ...။"

"ငါ မသိဘူးလို့ မထင်နဲ့နော်...။ နင်က ကျောင်းထဲက မိန်းကလေး တော်တော်များများနဲ့ တွဲခဲ့ပြီး သူတို့အားလုံးကို ပစ်ချခဲ့တာလေ...။ အခုတော့ ငါ့ကို အခုလိုမျိုး လာတွယ်ကပ်နေပြန်ပြီ...။"

"ပြီးတော့ ရည်းစားထားတာကို တားမြစ်တဲ့ ကျောင်းစည်းကမ်းကို တင်းတင်းကျပ်ကျပ် ချမှတ်ဖို့ ပထမဆုံး အဆို ပြုခဲ့တာက နင်ပဲလို့ ငါ ကြားထားတယ်နော်...။ နင်က တကယ်ကို သူခိုးက လူပြန်ဟစ်နေတာပဲ...။"

ဝမ်ရှောင်ကျင်း၏ ခနဲ့တဲ့တဲ့ စကားများကို ကြားပြီးနောက် ရွှမ်ရှီး အမည်ရှိ ထိုကောင်လေးမှာ ရှက်ရွံ့သည့် အရိပ် အယောင်မျှပင် မပြသည့်အပြင် အရှက်ကင်းမဲ့စွာဖြင့် ရယ်မောလိုက်လေသည်။

"ဝမ်ရှောင်ကျင်း... 'စည်းကမ်းချက်များကို ဖန်တီးသူများကသာ ချိုးဖောက်နိုင်သည်' ဆိုတဲ့ စကားကို နင် မကြား ဖူးဘူးလား...။"

"ငါက ကျောင်းသားကောင်စီ ဥက္ကဋ္ဌပဲ...။ ဒါကြောင့် ငါပြောတာ မှန်သမျှက ကျောင်းစည်းကမ်းပဲ...။"

"နင် ငါကလွဲပြီး တခြား ဘယ်သူနဲ့မှ ရည်းစားထားခွင့် မရှိဘူး...။ အဲဒါက ငါ့ရဲ့ စည်းကမ်းပဲ ဟားဟား...။"

ထိုစကားကို ကြားသောအခါ တံခါးအပြင်ဘက်မှ လျန်ထျန်းသည် နောက်ဆုံးတွင် အကြောင်းစုံကို နားလည်သွား ခဲ့လေသည်။

ဝမ်ရှောင်ကျင်းက သူ့ကို အစားအသောက် လာပို့ခိုင်းစဉ်က သူမ၏ ရည်းစားအဖြစ် ဟန်ဆောင်ခိုင်းခြင်းမှာ ရွှမ်ရှီး အမည်ရှိ ထိုကောင်လေး၏ အနှောင့်အယှက်များမှ ကင်းဝေးစေရန် ဖြစ်ကြောင်း ပေါ်လွင်သွားပေသည်။

သို့သော် ဤရွှမ်ရှီးမှာ ကျောင်းသားကောင်စီ ဥက္ကဋ္ဌဆိုသည့် သူ၏ ဂုဏ်ပုဒ်နှင့် အာဏာကို အသုံးချကာ ဝမ်ရှောင်ကျင်းကို အဆက်မပြတ် လိုက်လံနှောင့်ယှက်နေပြီး လက်လျှော့မည့် အရိပ်အယောင် လုံးဝ မပြပေ။

ဝမ်ရှောင်ကျင်း၏ နာမည်ကို ဆက်စပ်ကြည့်ခြင်းအားဖြင့် လျန်ထျန်းသည် သူမမှာ ဝမ်ရှောင်ရို့နှင့် ပတ်သက် နေနိုင်သည် သို့မဟုတ် သူမတို့ နှစ်ဦးမှာ ဆွေမျိုးများပင် ဖြစ်နိုင်သည်ဟု ယူဆမိလေသည်။

လျန်ထျန်းအနေဖြင့် ဝမ်ရှောင်ရို့နှင့် စေ့စပ်ပြီး လက်ထပ်သောအခါ ဝမ်ရှောင်ကျင်းနှင့် မလွှဲမရှောင်သာ တွေ့ဆုံ ဆက်ဆံရမည် ဖြစ်သည်။ ထို့ကြောင့် သေချာစဉ်းစားပြီးနောက် ဤကိစ္စကို သူ လျစ်လျူရှုထား၍ မဖြစ်နိုင် တော့ပေ။

ထို့ကြောင့် လျန်ထျန်းက ပြတ်သားစွာပင် ဝင်ပြောလိုက်လေသည်။

"စည်းကမ်းချက်တွေကို ဖန်တီးသူက ချိုးဖောက်နိုင်တယ်ဆိုတာ ကောင်းပါတယ်...။ ဒီနေ့ခေတ် အထက်တန်း ကျောင်းသားတွေ အားလုံးက ဒီလောက်တောင် လောကဓမ္မတာကို နားလည်နေကြတာလား...။"

"ပြီးတော့ မင်းက ရှောင်ကျင်းကို ငါနဲ့ တွဲနေတာ ရပ်ဖို့ ငါ့ရှေ့မှာတင် ရဲရဲဝံ့ဝံ့ ပြောရဲတယ်ပေါ့...။ ဖားပြုတ်က ဟင်္သာကို တပ်မက်သလိုမျိုး ရှောင်ကျင်းကို မင်းနဲ့ အတူရှိစေချင်နေတာပဲ...။"

"ဝေါ့... ဆောရီးပဲ ငါ အန်တောင် အန်ချင်သွားတယ်...။"

"ကောင်လေး...၊ ငါ မင်းကို အကြံဉာဏ်တစ်ခု ပေးပါရစေ...။ ဒီသံလှောင်အိမ်ကြီးထဲမှာ အာဏာနည်းနည်း ရှိနေ ရုံနဲ့ မင်း ကြိုက်သလို ရမ်းကားလို့ရမယ် မထင်နဲ့နော်...။"

"မင်းက ကျောင်းသားတစ်ယောက်ပဲ ရှိသေးတာမို့ လူ့အဖွဲ့အစည်းရဲ့ အလေ့အထတွေနောက်ကို အရမ်း မလိုက်ပါ နဲ့...။ ကျောင်းသားကောင်စီ ဥက္ကဋ္ဌဆိုတဲ့ ခေါင်းစဉ်ကတော့ လုံးဝ အဓိပ္ပာယ်မရှိတဲ့ အရာတစ်ခုပဲ...။"

လျန်ထျန်း၏ စကားများကို ကြားသောအခါ ရွှမ်ရှီး၏ မျက်နှာမှာ ဒေါသကြောင့် စိမ်းပုပ်သွားပြီး နောက်တစ် စက္ကန့်တွင် ဒေါသတကြီးဖြင့် ပြန်ပြောလိုက်လေသည်။

"ခင်ဗျား ပါးစပ်ကို ပိတ်ထားစမ်း…။ အပြင်လူ...၊ ဒီနေရာမှာ ခင်ဗျား ဝင်ပြောခွင့် မရှိဘူး...။"

"ကျွန်တော်တို့ ချန်ရှန် အလယ်တန်းကျောင်းရဲ့ စည်းကမ်းတွေကို ခင်ဗျား သိရော သိရဲ့လား...။ နားလည်ရဲ့လား... ။ ခင်ဗျားရဲ့ စုတ်ပြတ်နေတဲ့ ပုံပန်းသဏ္ဌာန်ကို ကြည့်ရတာ အဲဒါတွေကို သိမယ့်လူမျိုးနဲ့ မတူပါဘူးလေ...။"

"ကျွန်တော် ခင်ဗျားကို ပြောပြမယ်...။ ဒီကျောင်းထဲကို ဝင်နိုင်တဲ့သူတွေ အားလုံးက ရာထူးကြီးပြီး အဆင့် အတန်းမြင့်တဲ့ မိသားစုတွေကချည်းပဲ...။ ကျွန်တော်က ကျောင်းသားကောင်စီ ဥက္ကဋ္ဌ ဖြစ်နိုင်လို့ ဒီနေရာမှာ ထိပ်တန်း အဆင့်မှာ ရှိတယ်...။"

"ခင်ဗျားက ကျွန်တော့်ကို စော်ကားရဲတယ်ပေါ့လေ...။ ခင်ဗျားလို အောက်တန်းစား လူမိုက်ကတော့ သေဖို့သာ ပြင်ထားတော့ ယုံလား...။"

ထို့နောက် ရွှမ်ရှီးက ဝမ်ရှောင်ကျင်းဘက်သို့ လှည့်ကြည့်ကာ ဆက်ပြောလိုက်လေသည်။

"ဝမ်ရှောင်ကျင်း... နင်က ကျေးဇူးကန်းတဲ့ မိန်းမပဲ...။"

"နင့်မိသားစုက စီးပွားရေးလုပ်ငန်း ငယ်ငယ်လေးတစ်ခုကို လုပ်ပြီး ပိုက်ဆံ နည်းနည်းပါးပါးပဲ ရှိတာလေ...။ ငါက နင့်ကို စိတ်ဝင်စားတာက နင့်အတွက် ဂုဏ်ယူစရာတစ်ခုဆိုတာ နင် သိရဲ့လား...။"

"ဒါကို နင်က ငါနဲ့ အတူမနေဘဲ အမည်မသိတဲ့ ကောင်တစ်ကောင်နဲ့ တွဲချင်နေတယ်ပေါ့လေ...။ တကယ့် အချစ် ရူးမလေးပဲ...။"

ရွှမ်ရှီး၏ အနောက်မှ သူ၏ နောက်လိုက်များကလည်း သူ့စကားကို ထောက်ခံလိုက်ကြလေသည်။

"ဟုတ်တယ်... ဝမ်ရှောင်ကျင်း နင်က တကယ်ကို တွေဝေနေတာပဲ...။ ငါတို့ကျောင်းက အပိတ် စီမံခန့်ခွဲမှု စနစ်နဲ့လေ...။ ဒီနေရာမှာ အရာအားလုံးကို အစ်ကိုရွှမ်ကပဲ ဆုံးဖြတ်တာ မဟုတ်ဘူးလား...။"

"ဟုတ်တယ်... အဲဒီ လမ်းဘေးလူမိုက်တွေက နင့်ကို ဘာပေးနိုင်မှာလဲ...။ ပြီးတော့ ငါတို့ရဲ့ အစ်ကိုရွှမ်ကကော နင့်ကို ဘာတွေ ပေးနိုင်လဲ...။ ဒီလောက် ရိုးရှင်းတဲ့ တွက်ချက်မှုလေးကိုတောင် နင် စဉ်းစားလို့ မရဘူးလား...။"

"ဝမ်ရှောင်ကျင်း... တကယ်လို့ နင်က အစ်ကိုရွှမ်ရဲ့ ကမ်းလှမ်းမှုကို သဘောမတူဘူးဆိုရင် ကျောင်းထဲက တခြား မိန်းကလေး ဘယ်နှယောက်က ငါတို့ရဲ့ မရီး ဖြစ်ချင်နေကြလဲဆိုတာ နင် မသိဘူးလား...။ သတိထားနော်...၊ ဒီအခွင့်အရေးက နောက်တစ်ခါ ရလာမှာ မဟုတ်ဘူး...။"

သူတို့၏ ဆူညံသော စကားများကြောင့် စိတ်အနှောင့်အယှက် ဖြစ်သွားရသဖြင့် ဝမ်ရှောင်ကျင်းက မျက်မှောင် ကြုတ်လိုက်ပြီး သူတို့စကားကို အကျယ်ကြီး အော်၍ ဖြတ်ပြောလိုက်လေသည်။

"နင်တို့က ငါ့ရည်းစားကို 'လမ်းဘေးကောင်' လို့ အမြဲခေါ်နေကြတာပဲ...။ ဒါက နင်တို့ သူ့အကြောင်းကို လုံးဝ နားမလည်ဘူးဆိုတာ ပြနေတာပဲ...။"

"သူ့ရဲ့ အစစ်အမှန် ဂုဏ်ပုဒ်က နင်တို့ စိတ်ကူးနဲ့တောင် တွေးကြည့်လို့ မရနိုင်တဲ့ အရာပဲ...။ ပြီးတော့ အဲဒါက နင် တို့ လက်လှမ်းမမီနိုင်တဲ့ အနေအထားမှာ ရှိတယ်...။ ဒါကြောင့် ငါ့ကို လာနှောင့်ယှက်နေတာ ရပ်လိုက်တော့...။"

ထိုစကားကို ကြားသောအခါ နောက်လိုက်များမှာ တိတ်ဆိတ်သွားကြပြီး ရွှမ်ရှီးကလည်း လျန်ထျန်းကို ထူးဆန်း သော အကြည့်ဖြင့် ကြည့်လိုက်လေသည်။

သို့သော် သူ့ကို အပေါ်အောက် အကြိမ်ကြိမ် အကဲခတ်ပြီးနောက်တွင် သူက လှောင်ပြောင်လိုက်လေသည်။

"လမ်းဘေးဈေးဆိုင်က စျေးပေါတဲ့ ရှပ်အင်္ကျီကို ဝတ်ထားပြီး သူ့ကိုယ်ပေါ်မှာ နာမည်ကြီး တံဆိပ် တစ်ခုမှတောင် မရှိတဲ့ကောင်က ဘယ်လို အဆင့်အတန်းမျိုး ရှိနိုင်မှာလဲ...။"

"ဝမ်ရှောင်ကျင်း... နင်က ငါ့ကို လှည့်စားဖို့အတွက် တစ်ယောက်ယောက်ကို နင့်ရည်းစားအဖြစ် ဟန်ဆောင်ဖို့ အလွယ်တကူ ရှာလာတာတော့ မဟုတ်ပါဘူးနော်...။ နင် ဒီထက် ပိုပြီး အဆင့်အတန်းရှိတဲ့သူ တစ်ယောက်ကို မရှာနိုင်တော့ဘူးလား...။"

ရွှမ်ရှီး၏ စကားများက ဝမ်ရှောင်ကျင်း၏ လိမ်ညာမှုကို မရည်ရွယ်ဘဲ ဖော်ထုတ်လိုက်သလို ဖြစ်သွားလေသည်။ လျန်ထျန်းမှာ သူမ၏ ရည်းစားအဖြစ် ဟန်ဆောင်ကာ ရွှမ်ရှီးကို လှည့်စားရန်အတွက် သူမ စိတ်လိုက်မာန်ပါ ငှားရမ်းခဲ့သူတစ်ဦးသာ အမှန်တကယ် ဖြစ်ပေသည်။

ထို့ကြောင့် အသက် ဆယ့်ခြောက်နှစ်၊ ဆယ့်ခုနစ်နှစ်ခန့်သာ ရှိသေးသော ဤအထက်တန်းကျောင်းသူလေးမှာ အနည်းငယ် အထိတ်တလန့် ဖြစ်သွားရရှာလေသည်။

"မဟုတ်ပါဘူး...၊ မဟုတ်ပါဘူး...။ ငါ့ရည်းစားက သိုသိုသိပ်သိပ် နေတတ်လို့ သူ့ရဲ့ အဆင့်အတန်းကို ကြွားဝါဖို့ အတွက် နာမည်ကြီး တံဆိပ်တွေကို ဝတ်ဆင်ဖို့ စိတ်မဝင်စားတာပါ...။"

သို့သော် သူမ၏ စိုးရိမ်တကြီး ပြောလိုက်သော စကားများက သူမ၏ အပြစ်ရှိသလို ခံစားနေရသော စိတ်ကို သစ္စာဖောက်သွားလေသည်။ ရွှမ်ရှီးက သဘာဝကျကျပင် မယုံကြည်ဘဲ ရုတ်တရက် အော်ဟစ် ရယ်မောလိုက် လေတော့သည်။

"ဟား... ဟား... ဟား...။ ဝမ်ရှောင်ကျင်း...၊ နင့်ရဲ့ လိမ်ညာတဲ့ စွမ်းရည်တွေက တကယ်ကို ညံ့ပါလား...။ ဒါပေမဲ့ နင့်ရဲ့ အဲဒီအချက်လေးကိုပဲ ငါ သဘောကျတာ...။ နင်က ချစ်ဖို့ကောင်းပြီး တကယ်ကို ရိုးအတာပဲ...။"

ထို့နောက် ရွှမ်ရှီးက လျန်ထျန်းဘက်သို့ တစ်ဖန် ပြန်လှည့်ကြည့်ကာ အထင်အမြင်သေးသည့် လေသံဖြင့် ပြောလိုက်လေသည်။

"ကောင်းပြီလေ...၊ ဝမ်ရှောင်ကျင်းက သူ့ရည်းစားအဖြစ် ဟန်ဆောင်ဖို့ မင်းကို ဘယ်လောက် ပေးထားလဲ...။ ငါက နှစ်ဆ ပေးမယ်...။ အခု မင်း ထွက်သွားလို့ ရပြီ...။"

ထိုစကားကို ကြားသောအခါ ဝမ်ရှောင်ကျင်းမှာ ပို၍ပင် အထိတ်တလန့် ဖြစ်သွားရလေသည်။

အကြောင်းမူကား တံခါးအပြင်ဘက်မှ ထိုအမျိုးသားမှာ သူမ အစားအသောက် မှာယူထားသည့် ပို့ဆောင်ရေး သမား တစ်ဦးသာ ဖြစ်ပြီး သူက မည်သည့် ငွေကြေးမျှ ယူထားခြင်း မရှိကြောင်းကို သူမ ကောင်းစွာ သိနေသော ကြောင့် ဖြစ်ချေသည်။

ယခုအချိန်တွင် ရွှမ်ရှီးက ဤနေရာမှ ထွက်သွားစေရန် ငွေပေးမည်ဟု ပြောနေလေသည်။ ပို့ဆောင်ရေးသမား အနေဖြင့် လွယ်လွယ်ကူကူပင် ပမာဏတစ်ခုကို ပြောပြကာ ငွေများကို ဝမ်းသာအားရ ယူ၍ ထွက်သွားနိုင်ပေ သည်။

နှိုင်းယှဉ်ကြည့်မည်ဆိုပါက ဝမ်ရှောင်ကျင်းအနေဖြင့် ပို့ဆောင်ရေးသမားမှာ ငွေတောင်းရန်သာ သေချာပေါက် ရွေးချယ်လိမ့်မည်ဟု ခံစားနေရပေသည်။

သေချာသည်မှာ ပို့ဆောင်ရေးသမားက ထိုသို့ ပြုလုပ်ခဲ့လျှင်ပင် ဝမ်ရှောင်ကျင်းက သူ့ကို အပြစ်တင်မည် မဟုတ် ပေ။

မည်သို့ပင်ဆိုစေ သူက အစားအသောက် ပို့ဆောင်ရေးသမား တစ်ဦးမျှသာ ဖြစ်သည်။ သူက သူမ၏ ယခင် တောင်းဆိုမှုများကို သဘောတူခဲ့ခြင်းကပင် ကြီးမားသော အကူအညီတစ်ခု ဖြစ်နေခဲ့ပြီးဖြစ်ကာ သူမဘက်မှ ကာကွယ်၍ စကားအချို့ပင် ဝင်ပြောပေးခဲ့သေးသည်။

သူမက ကိစ္စရပ်များကို အလွန် ရိုးရှင်းစွာ တွေးတောခဲ့ပုံရပြီး တစ်ယောက်ယောက်ကို သူမ၏ ရည်းစားအဖြစ် ဟန်ဆောင်ခိုင်းလိုက်လျှင် ရွှမ်ရှီးက သူမကို ဆက်လက်နှောင့်ယှက်တော့မည် မဟုတ်ဟု ထင်မှတ်ခဲ့ခြင်းသာ ဖြစ်လေသည်။

လက်တွေ့တွင်မူ ရွှမ်ရှီးက မယုံကြည်ခဲ့သည့်အပြင် လိမ်ညာမှုကိုပါ မြင်ယောင်သွားခဲ့ပြီး အကယ်၍ ကိစ္စရပ် များက ဤအတိုင်းသာ ဆက်သွားနေပါက ပို့ဆောင်ရေးသမားကိုပါ ဒုက္ခရောက်စေလိမ့်မည်ဟု သူမ နားလည် သွားခဲ့လေသည်။

၎င်းကို တွေးမိသောအခါ သူမကိုယ်တိုင် အခက်အခဲနှင့် ရင်ဆိုင်နေရသော်လည်း ဝမ်ရှောင်ကျင်းက လျန်ထျန်းကို အကဲခတ်လိုက်ပြီး သူ့အနေဖြင့် သူမကို ဆက်၍ ကူညီပေးရန် မလိုအပ်တော့ကြောင်း အချက်ပြသည့်အနေဖြင့် ခေါင်းကို ဖြည်းညင်းစွာ ခါယမ်းပြလိုက်လေသည်။

သို့သော် လျန်ထျန်းက သူမ၏ ဆိုလိုရင်းကို နားလည်သွားပြီးနောက် အနည်းငယ် ပြုံးလိုက်ရုံသာ ပြုံးလိုက်ပြီး ရွှမ်ရှီးကို ထိပ်တိုက် ရင်ဆိုင်လိုက်လေတော့သည်။

"မင်း ရူးနေလား...။ ငါက ရှောင်ကျင်းရဲ့ ရည်းစားလေ...၊ မင်းက ငွေပေးရုံနဲ့ ငါ ထွက်သွားမယ်လို့ ထင်နေတာ လား...။"

"ပြီးတော့ ရှောင်ကျင်း ပြောတာ မှန်တယ်...။ ငါ့ရဲ့ အစစ်အမှန် ဂုဏ်ပုဒ်က မင်း ယှဉ်နိုင်တဲ့ အရာမဟုတ်သလို မင်းတို့ မိသားစုတွေလည်း ယှဉ်နိုင်မှာ မဟုတ်ဘူး...။"

All Chapters